Healthy Meal By Clean Food
Nutritious. Delicious. Balanced. We craft wholesome meal boxes packed with fresh ingredients, balanced nutrition, and love .
Suitable for busy professionals, fitness and wellness personals.
16/12/2025
အခု သကြားဖြတ်တာ ခေတ်စားနေတာ – တကယ်အလုပ်ဖြစ်ရဲ့လား? ကျန်းမာရေးအတွက်ရောကောင်းလား?
အခုခေတ်မှာ weight loss၊ skin care၊ health goal အတွက်
သကြားဖြတ်ခြင်း ကို လူတော်တော်များများ လုပ်လာကြပါတယ်။
ဒါပေမယ့် အားလုံးအတွက် တူတူကောင်းလား? ဆိုတာ သိထားဖို့လိုပါတယ်။
🔹 သကြားဆိုတာ ဘာလဲ?
• သကြား (glucose) က ကိုယ်ခန္ဓာအတွက် အားအင်ပေးတဲ့ energy source တစ်ခုပါ
သဘာဝသကြား (အသီးအရွက်၊ နို့မှရသော) နဲ့
အပြင်ထည့်သကြား (soft drink, cake, candy) ဆိုပြီး ၂ မျိုးရှိပါတယ်
🔹 သကြားဖြတ်ရင် ရနိုင်တဲ့ အကျိုးကျေးဇူးများ
✔ ကိုယ်အလေးချိန် လျော့နိုင်ခြင်း
✔ ဝမ်းဗိုက်အဆီ လျော့နိုင်ခြင်း
✔ ဆံပင်/အသားအရေ အခြေအနေ ကောင်းလာနိုင်ခြင်း
✔ ဆီးချိုရောဂါ အန္တရာယ် လျော့နိုင်ခြင်း
✔ Energy level တည်ငြိမ်လာခြင်း (sugar spike မဖြစ်တော့)
🔹 ဒါပေမယ့် သတိထားရမယ့် အချက်များ
⚠ သကြားကို အပြည့်အဝ ဖြတ်လိုက်ခြင်း က
• မောပန်းလွယ်ခြင်း
• မူးဝေခြင်း
• စိတ်ညစ်ခြင်း
• Concentration လျော့ခြင်း
တွေ ဖြစ်စေနိုင်ပါတယ်
⚠ Natural Carbohydrate source ဖြစ်တဲ့ အသီးအနှံတွေကိုပါ ဖြတ်လိုက်ရင်
Fiber၊ Vitamin တွေ မလုံလောက်တော့တာမျိုးဖြစ်တတ်ပါတယ်
🔹 အမှန်တကယ် ကျန်းမာစေတဲ့နည်းကဘာလဲ?
✅ အပြင်ထည့်သကြား (refined sugar) ကို လျော့ပါ
✅ Soft drink၊ bubble tea၊ cake စတာတွေကိုလျော့စားပါ
✅ အသီး၊ whole food (ထမင်း ဂျုံ) ထဲက သဘာဝသကြားကို လုံးဝမစားပဲမဖြတ်ပါနဲ့
✅ Portion control နဲ့ balance diet ကိုသာ ဦးစားပေးပါ
👉 သကြားဖြတ်တာက တစ်ချို့အတွက် အလုပ်ဖြစ်နိုင် ပေမယ့်
👉 လုံးဝဖြတ်တာထက် လျော့ချတာ က ရေရှည်အတွက် ပိုကျန်းမာပါတယ်
💬 သကြားဖြတ်ဖူးတဲ့ အတွေ့အကြုံရှိရင် comment မှာ မျှဝေပေးခဲ့နော်
02/12/2025
🌿 ဒီနေ့မှာတော့ ပိုပြီး ကျန်းမာဖို့အတွက် ကောင်းမွန်တဲ့ စားသောက်နည်းလေးတွေကို sharing လုပ်ပေးပါမယ်
🍎 Whole Foods တွေ ပိုစားပါ
အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ဆန်ကြမ်း ၊ဂျုံကြမ်း ၊cereals တွေ၊ အစေ့အစံမျိုးစုံတို့ကို ပိုစားပေးပြီး ပြင်ဆင်ပြီးသား readymade instant အစားအစာတွေကို လျော့စားပေးပါ။
🍽️ ပုံမှန် အရွယ်အစားလေးနဲ့ စားပါ
သင့်တင့်တဲ့ အစားအစာပမာဏက အလွန်အကျွန်မစားမိအောင် ကာကွယ်ပေးပြီး အစာခြေတဲ့ digestion ကောင်းအောင်လည်း ကူညီပေးပါတယ်။
🌾 Fiber ကို နေ့စဉ်ထည့်သွင်း စားသုံးပါ
Fiber က ဝမ်းမှန်အောင်လုပ်ပေးတဲ့အပြင်၊ ကိုလက်စထရောလ်လျော့ရန်အထောက်အပံ့ပေးပါတယ်။
🚫 Processed Food တွေ ကို လျော့စားပါ
အသားတုတွေ ၊ readymade အသားလုံးတွေ တာရှည်ခံဆေးတွေ သုံးထားတဲ့ အစားအစာတွေကို ရှောင်စားရင် ပိုကောင်းပါတယ်။
🔍 Food Labels ဖတ်ဖို့ မမေ့ပါနဲ့
sugar, salt ပါဝင်နှုန်း unhealthy fats တွေရှိမရှိ စစ်ဆေးပြီး ပိုကောင်းတဲ့ အစားအစာရွေးချယ်ူားသုံးပေးနိုင်ပါတယ်။
14/11/2025
✨ ၂၈ ရက်အတွင်း အမှန်အကန် ဝိတ်ချပေးမယ့် Total Transformation Plan ✨
ပင်ပန်းမှုမရှိစေဘဲ အချိန်တိုအတွင်း ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျစေမယ့် Total Transformation Weight Loss Plan
🔥 ဘာကြောင့် Total Transformation Plan ကို ရွေးချယ်သင့်တာလဲ?
⏳ အချိန်တိုအတွင်း ထိရောက်သော သိသိသာသာ ပြောင်းလဲမှုကို ရရှိနိုင်ပါတယ်
👩🏻⚕️ဆရာဝန်ကိုယ်တိုင် စနစ်တကျ ဆွေးနွေးပေးခြင်းနှင့် အပတ်စဉ်ဆွေးနွေးပေးခြင်း/ ဆေးထိန်းညှိပေးခြင်း စတာတွေကို ပြုလုပ်ပေးမှာဖြစ်လို့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေရမှာလည်း စိုးရိမ်စရာမလိုပါဘူး
📆တစ်ရက်စာ စားသောက်ရမဲ့ ကယ်လိုရီပမာဏကို သေချာတွက်ချက်ပြီး တစ်ဦးချင်းစီနဲ့ သင့်လျော်မဲ့ Customized Diet Plan ဆွဲပေးကြောင့် ပိုမိုထိရောက်မှုရှိခြင်း
👩🍳သေချာတွက်ချက်ပြင်ဆင်ပေးထားတဲ့ healthy meal box လေးတွေကို အိမ်တိုင်ရာရောက် ပို့ပေးခြင်း ကြောင့် လည်းအချိန်ကုန်သက်သာစေပါတယ်
👉 ယုံကြည်မှုအပြည့်နဲ့ ကျန်းမာ လှပခြင်းကိုပိုင်ဆိုင်ဖို့ ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့!
📞 +959778076931 ကို အခုပဲ ဆက်သွယ်လိုက်တော့နော်
Chat box မှာလည်း အသေးစိတ် သိလိုတာမှန် သမျှကို မေးလို့ရပါတယ်နော်
‼️လူဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ ‼️
12/11/2025
ဝိတ်လည်းကျချင်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးအတွက် healthy eating ကိုလည်း စချင်တယ်
ဒါပေမယ့်.
??? ဘာစားရမလဲ မသိဘူး…
??? ကိုယ်တိုင် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်ဘူး….
??? Diet လုပ်တိုင်း အလွယ်တကူ လက်လျော့မိနေတယ်…
စိတ်မပူပါနဲ့!
ဒီအခက်အခဲတွေ အားလုံးကို Healthy Meal By Clean Foodက ဖြေရှင်းပေးနိုင်ပါတယ် !
✅Customized Meal Plan ဆိုတာ တစ်ချင်းစီအတွက် ဆရာဝန်ကိုယ်တိုင် စစ်ဆေးမေးမြန်းတွက်ချက်ပြီး သီးသန့်စီမံထားတဲ့ diet plan ဖြစ်ပါတယ်
✅ကိုယ်ရချင်တဲ့ body weight , ကျန်းမာရေး အခြေအနေ (ဆီးချို၊ သွေးတိုး)၊ အစားအသောက် allergy နှင့် အစားအသောက်နှစ်သက်မှုတို့ကို အတိအကျထည့်သွင်းစဉ်းစားပြီး စီမံပေးထားတာပါ။
✅ကျန်းမာရေးနဲ့ညီညွတ်ရုံသာမက အရသာလည်းရှိတဲ့ မတူညီတဲ့ ဟင်းပွဲအမျိုးမျိုးကို နေ့စဉ် စားသုံးရမှာဖြစ်ပါတယ်
✅Customized meal plan အပြင် အိမ်တိုင်ရာရောက် meal box service ပါ တွဲယူလို့ရလို့ မအားတဲ့ကြားက ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေစရာ မလိုတော့ဘဲ အလုပ်တွေကို အပြည့်အဝ အာရုံစိုက်လုပ်ကိုင်နိုင်မှာပါ
နည်းလမ်းအမှားတွေနဲ့ ဝိတ်ချခြင်းထက်၊ တစ်သက်တာလုံး ကျန်းမာစွာ နေထိုင်နိုင်မယ့် စားသောက်မှုပုံစံကောင်းကို လိုက်နာနိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်
အသေးစိတ်သိချင်ရင်တော့ Customized Meal Plan လို့ Comment မှာ ရေးခဲ့လိုက်ပါနော်
Messenger မှာ အသေးစိတ်ရှင်းပြပေးသွားပါမယ်
09/11/2025
အစားအသောက်ကောင်းတွေစားရပြီးဝိတ်ကျသွားတဲ့ အချိန်လောက် ပျော်စရာကောင်းတာ မရှိလောက်တော့ဘူးမလား 😁
ကောင်းကောင်းစားပြီး ဝိတ်ချလို့ရမယ့်
စိတ်ကူးတွေ လက်တွေ့အကောင်အထည်ဖော်ချင်တဲ့သူတွေအတွက် Healthy Meal by clean food က Meal box လေးတွေရှိပါတယ် နော်
👉🏻တစ်ဦး၊တစ်ယောက်ချင်းစီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တစ်နေ့တာအတွက် စားသုံးသင့်တဲ့ calorie အတိအကျကအစတွက်ချက် ပေးပြီး Customized ပြင်ဆင်ပေးပါတယ်။
👉🏻တစ်နေ့တာမှာ နေ့လည်စာ၊ညစာ နှစ်နပ်စာအပြင် snack (fruits/fresh juice/yogurt) စသည်ဖြင့်ပါဝင်မှာဖြစ်ပါတယ်
👉🏻အစားသောက်ရဲ့သဘာဝအရသာကိုပေါ်လွင်ပြီးစားကောင်းအောင် စီမံချက်ပြုတ်ထားတာဖြစ်လို့ ကောင်းကောင်းစားပြီး ဝိတ်ချချင်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်
👉🏻အချိန်မှန်မှန်အိမ်ထိအရောက် Delivery Service လည်းရှိတယ် (ရန်ကုန်မြို့တွင်းသာ)
👉🏻ရောဂါအခံရှိသူများ ၊ Food allergy ရှိသူများအတွက်လည်း ဆရာဝန်နှင့်သေချာဆွေးနွေးပြီးမှ customized လုပ်ပေးတဲ့ meal plan ဖြစ်လို့ စိတ်ချလက်ချစားလို့ရပါတယ်
👉🏻weight loss အပြင် Muscle Gain ဖြစ်ချင်သူများ အတွက်လည်း High Protein Diet plan လည်း ရရှိနိုင်ပါတယ်
ဒါ့ကြောင့် Healthy Meal တွေစားပြီး
ပိုကျန်းမာချင်တာပဲဖြစ်ဖြစ်၊ ဝိတ်ချချင်ရင်ပဲဖြစ်ဖြစ်၊ ကြွက်သားတက်ချင်တာပဲဖြစ်ဖြစ်
ဘာပဲဖြစ်ချင်ဖြစ်ချင် Healthy Meal By Clean Foodကိုသတိရလိုက်ပါနော်
မှာယူချင်ရင် တော့ အခုပဲ cb ကို အပြေးလေးလာလိုက်တော့နော်
Phone - 09778076931
08/11/2025
🦠 Probiotic Rich Foods တွေကဘာတွေလဲ?
Probiotics ဆိုတာ သက်ရှိဘက်တီးရီးယားများဖြစ်ပြီး ဗိုက်အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေတဲ့ “ကောင်းတဲ့မိတ်ဆွေဘက်တီးရီးယား” တွေဖြစ်ပါတယ်။
အစာချေမှုနှင့် အစာစုပ်ယူမှုကိုကောင်းမွန်စေပြီး ကိုယ်ခံအားတိုးစေဖို့ပါ အထောက်အကူဖြစ်ပါတယ်။
🧡 Probiotic ပါဝင်တဲ့အစားအစာများ
1. 🥣 Yogurt -ဒိန်ချဉ်
– နာမည်အကြီးဆုံး Probiotic အဖြစ် လူအများသုံးကြတဲ့အစားအစာဖြစ်ပါတယ်။
– အစာချေမှုအတွက်ကောင်းပြီး အူလမ်းကြောင်းကို ညှိနှိုင်းပေးပါတယ်။
2. 🥬 Kimchi
– Lactobacillus လို့ခေါ်တဲ့ Probiotic အမျိုးအစားများစွာပါဝင်ပါတယ်။
– ဗီတာမင်နှင့်အသားအရေအတွက်အတွက်ပါကောင်းပါတယ်။
3. 🥒 Pickles (အချဉ်သိပ်တဲ့ထားတဲ့ အစားအစာများ)
– အချဉ်သိပ်ရာမှာ သဘာဝနည်းဖြစ်သော Fermentation နည်းဖြင့်ပြုလုပ်ထားတာဖြစ်ရင် Probiotic အများအပြားပါဝင်ပါတယ်။
4. 🧀 Certain Cheeses-အချို့သော cheese များ
– Gouda, Cheddar, Mozzarella စတဲ့ Cheese များတွင် အချို့သော Probiotic ပါဝင်နိုင်ပါတယ်။
💪 Probiotics ရဲ့အကျိုးများ
• အစာချေမှုစနစ်ကောင်းမွန်စေသည်
• အူအတွင်းမတည့်ခြင်းများလျော့နည်းစေသည်
• ကိုယ်ခံအားတိုးစေသည်
• စိတ်ဖိစီးမှုများကိုလျော့နည်းစေတတ်သည်
✨ Probiotic ပါဝင်တဲ့အစားအစာတွေကို နေ့စဉ်အစားအစာထဲမှာသုံးပါ။
ကျန်းမာသောအူလမ်းကြောင်းက သင့်ရဲ့ ကျန်းမာရေးတစ်ခုလုံးကိုကောင်းမွန်စေပါတယ်
06/11/2025
👩💼အလုပ်များလို့ ကိုယ်တိုင်မချက်နိုင် ပဲ အပြင်စာအမြဲစားနေရတဲ့ ရုံးဝန်ထမ်း များ အတွက် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရညီမျှအောင် ဆရာဝန်နဲ့ သေချာ ပူးပေါင်းဖန်တီးထားတဲ့ meal box များကို တစ်နေ့တစ်နေ့ ဘာစားရမလဲ စဉ်းစားစရာမလိုဘဲ အရသာခံစားနိုင်ပါပြီ။
✅Lunch သီးသန့် ယူချင်သူများ , office day သီးသန့်အတွက်ပဲ ယူချင်သူများအတွက်
“The Balanced Box Package” ပါ
✅ အချိုမှုန့် များတဲ့ အပြင်စာတွေ အမြဲ စားသောက်ပြီး သွေးတိုးခြင်း၊ အဝလွန်ခြင်း ကျန်းမာရေးထိခိုက်ခြင်း/ အူလမ်းကြောင်း ကင်ဆာ အန္တရာယ်၊ အစားအသောက်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ စတာတွေကို လျော့ချကာကွယ်ပေးပါတယ်။
✅ Healthy Meal By Clean Food က သန့်ရှင်း လတ်ဆတ် 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 စုံလင်ပြီး အရသာရှိတဲ့ 𝐌𝐞𝐚𝐥 𝐁𝐨𝐱 ကို အာမခံပေးပါတယ်။
✅ ကိုယ်မစားတဲ့အသား၊ မကြိုက်တဲ့ အစားတွေကိုပြောထားပြီး ရှောင်ခိုင်းလို့ရပါသေးတယ်။
✅ နေ့လည် ၁၀နာရီမှ ၁၂ နာရီ အတွင်း မိမိရုံးအရောက်၊ အိမ်အရောက် ပို့ဆောင်ပေးပါသည်။
✅လိပ်စာအပြောင်းအလဲများ၊ ကိုယ်နားချင်တဲ့ရက်များအတွက်လဲ အဆင်ပြေအောင်စီစဉ်ပေးပါသည်
💰 𝐏𝐚𝐜𝐤𝐚𝐠𝐞 𝐏𝐫𝐢𝐜𝐞 - 200000 ks
(office day -Monday-Friday)
Lunch only- 20 days
Package ထဲတွင် ဆရာဝန်နှင့် one by one consultation တစ်ကြီမ်ပါဝင်ပြီး
✅သင့်မှာရှိပြီးသားရောဂါအခံ ဥပမာ Uric acid များ ၊ food allergies ၊ အထိုင်များတာ ၊ BMI များတာ စတာတွေကိုသေချာမေးမြန်းတွက်ချက်စစ်ဆေးပြီးမှ သင်နဲ့ အကိုက်ညီဆုံး အသင့်တော်ဆုံး meal plan လေးရလာမှာပါ
🚚 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐂𝐡𝐚𝐫𝐠𝐞𝐬 မြို့နယ်အလိုက်ကျသင့်ပါမယ် (ရန်ကုန်မြို့တွင်းသာ)
✅5 ဦးနှင့် အထက် တစ်နေရာတည်းမှာဆိုလည်း delivery free လေးရဦးမှာမို့ ခုပဲ ကိုယ့်သူငယ်ချင်းတွေနဲ့ Healthy lifestyle စပြောင်းဖို့တိုင်ပင်လိုက်တော့နော်
✅ တစ်ရုံးလုံးစာ တစ်team လုံးစာအတွက် 𝐌𝐞𝐚𝐥 𝐁𝐨𝐱 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ဆိုလဲ ဖုန်းနဲ့ တိုက်ရိုက်ညှိနှိုင်းနိုင်ပါတယ်။
Phone - +959 778076931
02/11/2025
ခန္ဓာကိုယ်မှာ အဆီပိုတွေများလို့ သွယ်လျလှပချင်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့် အရသာလည်းရှိမယ့် Healthy Meal Box တွေ မှာယူနိုင်ပါပီနော် … 🥝🥦🥬🌽
အရသာရှိရှိ ဝဝလင်လင်စားသုံးပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာ အသေအချာပါပဲနော်
✅အမှန်အကန် weight ချချင်တဲ့ သူတစ်ဦးချင်းစီ အတွက် Doctor ကိုယ်တိုင် consultation လုပ်ပေးပြီး customized meal plan လေးနဲ့ အတူ meal box လေးတွေ တွဲယူလို့ရသလို
✅ကျန်းမာရေးအတွက် အလုပ်ရှုပ်မခံတော့ပဲ Healthy meal ပဲသက်သက် ပြောင်းစားချင်တဲ့သူတွေ အတွက်လည်း Health meal box service ကိုပဲသက်သက်ယူလို့လည်းရပါတယ်
🚚ရန်ကုန်မြို့အတွင်း အိမ်/ ရုံး အရောက် ပို့ဆောင်ပေးတဲ့ Delivery Service လည်းရှိတဲ့အပြင် လိပ်စာအပြောင်းအလဲများ၊ ကိုယ်နားချင်တဲ့ရက်များအတွက်လဲ အဆင်ပြေအောင်စီစဉ်ပေးတာမို့ အခုချက်ချင်းဘဲ Hello လိုက်တော့နော် 🥰
📲09778076931
02/11/2025
🌾 Brown Rice ဆန်လုံးညိုစားခြင်း ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ 🌾
Brown Rice သည် ဆန်အဖြူထက် အာဟာရဓာတ်ပိုများပြီး ကျန်းမာရေးအတွက် အထူးအကျိုးရှိတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ 🍚✨
✅ အစာခြေကောင်းစေသော ဖိုင်ဘာများပါဝင်မှု – ဖိုင်ဘာဓာတ်များလှပါ၍ အစာခြေစနစ်ကို ကောင်းမွန်စေသည်
✅ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်မှု – မဂ္ဂနီဆီယမ်ဓာတ်များနှင့် antioxidant များပါဝင်လို့ သွေးတိုးနှင့်နှလုံးရောဂါအန္တရာယ် လျှော့ချပေးနိုင်သည်။
✅ သွေးချိုနှင့် energy ထုတ်လုပ်မှုကောင်းမွန်ခြင်း – သွေးချိုကိုထိန်းညှိပေးပြီး ခန္တာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကို တဖြည်းဖြည်းထုတ်ပေးနိုင်သည်။
✅ အလေးချိန်ထိန်းညှိရာတွင်အထောက်အကူဖြစ်ခြင်း – ဖိုင်ဘာဓာတ်ကြောင့် အစာပိုခံနိုင်ပြီး နေ့စဉ်အာဟာရထဲတွင်ထည့်စားလျှင်ဝမ်းလည်းမှန်နိုင်သည်။
✅ ဗီတာမင်နှင့် သတ္တုဓာတ်များပြည့်ဝခြင်း – ဗီတာမင် B စုံ၊ သံ၊ ဇင့်နှင့် မဂ္ဂနီဆီယမ်စသည်တို့ပါဝင်သည်။
“သေးငယ်တဲ့ ပြောင်းလဲမှုလေးတစ်ခုက ကျန်းမာရေးအတွက် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်နိုင်ပါတယ်။” 💚
31/10/2025
ဝိတ်အပိုတွေကိုချပြီး ကျန်းမာတဲ့သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာလား?
ဒါဆိုရင်တော့ Balanced diet နဲ့စတင်လိုက်ပါ။
Fit ဖြစ်တဲ့ body ရဖို့ အတွက် ဘယ်လိုတွေ စားသောက်ရမလဲဆိုတာလေးတွေ ပြောပြပေးမယ်နော်
ဒီဟာက ရေတိုနည်းလမ်းတော့မဟုတ်ပါ၊ရေရှည်လိုက်နာဖို့လိုအပ်ပါတယ်
✅ Eat A 🌈 Rainbow
တစ်ရက်မှာ အရွက်တွေရောင်စုံမစားနိုင်ရင်တောင် တစ်ပတ် -၁၀ရက်အတွင်း အရွက်များများ အသီးများများ တတ်နိုင်သမျှ ရောင်စုံစားပေးနိုင်အောင်ကြိုးစားပါ။
✅Lean proteins များများစားပါ။ 🥩🍗🍖
ဥပမာ-ငါး၊ ကြက်သား
✅Refined လုပ်ထားတဲ့ grains တွေထက် whole grains တွေ ရွေးစားပါ။ 🌾
ဥပမာ-ဆန်အဖြူအစား ဆန်လုံးညိုကိုရွေးစားလို့ရပါတယ်
✅Watch your portion! 🍱
ကိုယ်စားမည့်ပမာဏကိုသတ်မှတ်ထားပါ။
ဥပမာ ပန်းကန်ဆိုဒ်ကိုသေချာရွေးချယ်ထားခြင်းဖြင့် အပိုကယ်လိုရီတွေမစားမိအောင် ထိန်းထားပါ။
✅Hydrate 💦
ရေဓာတ်ပြည့်ဝအောင်နေပါ။
တစ်နေ့ကို ရေ ၁လီတာခွဲ အနည်းဆုံးသောက်ပါ
✅Limit sugar! 🧁 🧃
သကြားဓာတ်ပါဝင်မှုများတဲ့ အချိုရည်တွေ မုန့်အချိုတွေကို လျှော့နိုင်သလောက်လျှော့စားပါ
💚ရေရှည်လိုက်နာရမယ့် စားသောက်နေထိုင်မှုပုံစံမှာက မိမိစိတ်ကျေနပ်မှုကိုလည်းပေးစွမ်းနိုင်ဖို့လည်း အရေးကြီးတာမို့ မိမိ နဲ့ လိုက်ရောညီဖြစ်ဖို့လည်းလိုအပ်ပါတယ် ၊
💚တစ်ဦးနဲ့တစ်ဦး အကြိုက်မတူတာတွေ ၊ စားသောက်မှုပုံစံတွေ မတူတာတွေ ကြောင့် ကိုယ်အဆင်ပြေတဲ့ အစားအသောက်ကနေ ရွေးချယ်တတ်ဖို့ portion control လုပ်တတ်ဖို့လည်း အရေးကြီးပါတယ်
ဒီအချက်တွေခေါင်းစားလို့မထိမ်းနိုင်ရင်တော့ Healthy Meal By Clean Food က customized meal plan လေးယူပြီး meal box လေးတွေပဲ မှာစားလိုက်ပါ😅
Phone 📞: 09778076931
Click here to claim your Sponsored Listing.