Fresh & Natural

Fresh & Natural

Share

ပိုမိုကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးဖော်မြူလာတွေနဲ့ ဖန်တီးပေးထားပါတယ်။

Fresh & Natural Brand ကို Korea နိုင်ငံမှာ တိုက်ရိုက်ဖော်စပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အသားအရေကို ကြည်လင်တောက်ပစေမယ့် အကောင်းဆုံးဖော်မြူလာများဖြင့် ဖန်တီးထားလို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ အလှပဆုံးသော ပုံရိပ်ကို အတူတူဖော်ဆောင်လိုက်ပါ။

14/06/2026

ကိုယ့်ဘဝနဲ့ကိုယ်ဘဲပျော်ရွှင်ကျေနပ်ပါတယ်၊

‎ကျီးကန်းတစ်ကောင်ဟာ သူ့ဘဝကိုမကျေမနပ်ဖြစ်နေတဲ့အတွက်သစ်ပင်ပေါ်မှာ ငိုနေပါတယ်၊ ထိုအချိန်မှာပဲ ရဟန်း တစ်ပါးကလည်းသစ်ပင်အောက် မှာ ထိုင်နေပါတယ်။

ကျီးကန်းရဲ့မျက်ရည်တစ်စက်ဟာ ရဟန်းရဲ့ ပါးပြင်ပေါ် ကိုကျသွားတဲ့အခါ ရဟန်းကခေါင်းမော့ကြည့်လိုက်တယ်ကျီးကန်းငိုနေတာကို မြင်လိုက်ရတဲ့ ရဟန်းကဘာကြောင့်ငိုနေတာလဲ?"လို့ မေးပါတယ်၊

ကျီးကန်းက"အိုပညာရှိရဟန်း၊ကျွန်တော်ဟာ ကျွန်တော့်ဘဝကို အလွန်မကျေနပ်ပါဘူး။ ဘယ်သူမှ ကျွန်တော့်ကိုမချစ်ကြပါဘူး လူတွေဟာကျွန်တော့်ကိုမြင်တာနဲ့အဝေးကို မောင်းထုတ်ကြပြီး ဘာမှမကျွေးပါဘူးလူတိုင်းက
ကျွန်တော့်ကို မုန်းကြပါတယ်။ ဒီလိုဘဝထက် သေတာက ပို ကောင်းပါတယ်"လို့ ဖြေပါတယ်။

‎ကျီးကန်းရဲ့စကားကိုကြားရတဲ့ ရဟန်းဟာ ကျီးကန်း အပေါ် ကရုဏာသက်ဝင်သွားပါတယ်၊ သူက"ငါတို့ဟာဘယ်လိုအခြေအနေမှာပဲရှိရှိပျော်ရွှင်တတ်ဖို့သင်ယူသင့်တယ်"လို့ ပြောပါတယ်။

ဒါပေမယ့် ကျီးကန်းဟာ ရဟန်းရဲ့စကားကို နားမလည်ဘဲ ဆက်ငိုနေပါတယ်။ ရဟန်း က "စိတ်မညစ်ပါနဲ့ ငါ့ကို ပြောပြပြပါ သင်ဘာ ဖြစ်ချင်တာလဲ? ငါ့မန္တန်နဲ့ သင်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးနိုင်တယ်"လို့ဆိုပါတယ်။
‎( ကျီးကန်းဟာ ပျော်သွားပြီး"အို၊သင့်အနေနဲ့ ကျွန်တော်ကို ကူညီချင်တယ်ဆိုရင် ကျေးဇူးပြု ပြီး ကျွန်တော်ကို ငန်းတစ်ကောင်အဖြစ် ပြောင်းပေးပါလို့ပြောပါတယ်။

ရဟန်းကကောင်းပြီ၊ငါမင်းကို ငန်းတစ်ကောင်အဖြစ် ပြောင်းပေးမယ်၊ ဒါပေမယ့် အရင်ဆုံး ငန်းတစ်ကောင်ဆီ သွားပြီး သူဟာ သူ့ဘဝနဲ့ ပျော်ရွှင်လားဆိုတာ မေးကြည့်ရမယ် မင်းသွားပြီး စုံစမ်းလာခဲ့ ၊ဒီအတောအတွင်း ငါဒီမှာ မင်းကို စောင့်နေမယ်" လို့ ပြောပါတယ်။

ကျီးကန်းဟာ ပျော်ပျော်ကြီးနဲ့ ငန်းတစ်ကောင်ဆီပျံသွားပါတယ်။ ငန်းဟာ ရေကန်ထဲမှာ ရေကူးနေတယ် ကျီးကန်းက မင်းက အရမ်းလှတယ် နို့အရောင်လို အဖြူရောင်ပဲ
လူတိုင်းက မင်းကိုချစ်ကြတယ် မင်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ ပြောပါတယ်
ငန်းကမဟုတ်ဘူးဗျာ၊
ငါမပျော်ဘူးကမ္ဘာပေါ်မှာ အရောင်စုံငှက်တွေအများကြီးရှိတယ်၊ ဒါပေမယ့် ငါ့မှာ ဘာအရောင်မှမရှိဘူးအဖြူဆိုတာ ဘာမှမဟုတ်ဘူး ကြက်တူရွေးဟာ ကမ္ဘာပေါ် မှာ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ ငါထင်တယ်လို့ပြောပါတယ်။

‎ဒါကိုကြားပြီး ကျီးကန်းဟာ ကြက်တူရွေးဆီ ကိုပျံသွားပြန်ပါတယ်"အို ကြက်တူရွေးမင်းက အရောင်စုံလို့ အရမ်းလှတယ်မင်းဟာ ကမ္ဘာ ပေါ်မှာ အပျော်ရွှင်ဆုံး ငှက် ဖြစ်မယ်"လို့ပြောပါ တယ်ကြက်တူရွေးက မဟုတ်ဘူးဗျာ၊

ငါမပျော်ဘူးလူတွေက ကြက်တူရွေးတွေကို လှောင်အိမ်ထဲထည့်ထားတယ် တစ်ယောက်ယောက်က ငါ့ကိုဖမ်းပြီး လှောင်အိမ်ထဲထည့်လိုက်မှာကို အမြဲကြောက်နေရတယ်

ဒေါင်းဟာ ငါ့ထက် အရောင် ပိုစုံလို့ သူကအပျော်ရွှင်ဆုံးဖြစ်မယ်လို့ပြောပါတယ်။
‎ဒါကိုကြားပြီး ကျီးကန်းဟာ ဒေါင်းကိုရှာဖို့ ထပ်ပျံသွားပါတယ်။
နောက်ဆုံးမှာ သူဟာတိရစ္ဆာန်ရုံထဲက လှောင်အိမ်တစ်ခုထဲမှာ ဒေါင်း တစ်ကောင်ကို တွေ့ပါ တယ်။ လူပေါင်းရာချီဟာ သူ့ကိုကြည့်ဖို့ စုရုံးနေ ကြတယ်။
လူတွေသွားပြီး တဲ့နောက် ကျီးကန်းဟာ ဒေါင်းဆီချဉ်းကပ်ပြီး"ချစ်ရတဲ့ ဒေါင်း၊ မင်းကအရမ်းလှတယ်။
လူ ထောင်ချီကမင်းကိုကြည့်ဖို့လာကြတယ်။ ငါ့ကိုကြည့် ရင်လူတွေက ချက်ချင်းမောင်း ထုတ်ကြတယ် မင်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက် ဖြစ်မယ်"လို့ပြောပါတယ်။

‎ဒေါင်းကငါဟာ ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အပျော်ရွှင် ဆုံးငှက်လို့ အမြဲထင်ခဲ့တယ်။ ဒါပေမယ့် ငါ့အလှတရားကြောင့် ဒီတိရစ္ဆာန်ရုံထဲမှာ ပိတ်မိနေတယ်။
လူတွေက အလှဆင်ပစ္စည်းတွေလုပ်ဖို့ငါ့ရဲ့အမွေးအတောင်တွေကိုနှုတ်ယူတဲ့အခါ အရမ်းနာတယ် ငါမပျော်ဘူးလို့ ပြန် ဖြေပါတယ်၊

‎ဒါကိုကြားပြီး ကျီးကန်းဟာ အံ့အားသင့်သွားပါတယ်
သူက မင်းမှပျော်ဘူးဆိုရင် ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံး
ငှက်ကဘယ်သူလဲလို့ မေးပါတယ် ဒေါင်းက "ငါဟာ တိရ စ္ဆာန်ရုံကို အသေအချာလေ့လာ ကြည့်ပြီးနောက် မင်းက တစ်ခုတည်းသော လှောင်အိမ်ထဲ အထည့်မခံရတဲ့
ငှက်ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။
လူတွေက မင်းကိုဖမ်းဖို့ မကြိုးစားကြဘူး။မကြာသေး ခင် ကအထိငါစဉ်းစားနေတာက ငါသာကျီးကန်းဖြစ်ခဲ့ရင်
ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားပြီး ပျော်နိုင်မှာ ပဲ"လို့ ဖြေပါတယ်။

‎( ဒါကိုကြားပြီး ကျီးကန်းဟာ ရဟန်းဆီပြန်လာပါတယ်။ ပထမဆုံး အကြိမ် ကျီးကန်းဟာ ကျီးကန်းဖြစ်ရတာကို ပျော်ရွှင်လာပါတယ်။
သူက "အို ပညာရှိရဟန်း၊ကျွန်တော်အခြားဘာမှမဖြစ်ချင်တော့ပါဘူးကျွန်တော်ဟာ ကျွန်တော်ဖြစ်နေတဲ့အတိုင်းပဲကျေနပ်ပါ ပြီ" လို့ ပြောပါတယ်။

‎ဒီပုံပြင်လေးကနေတစ်ဆင့် ကျွန်နော်တို့ကို ပြောပြနေတဲ့
"‎ဘဝမှာ မလိုအပ်ဘဲ အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြပြီး" ဒီအချက်ကြောင့်ပဲ လူအများစုဟာ မပျော်ရွှင်နိုင် ဖြစ်နေကြပါတယ်၊

‎ကိုယ့်မှာမရှိတာကိုကြည့်မယ့်အစား ကိုယ့်မှာရှိတာနဲ့ ပျော်ရွှင်တတ်ဖို့ သင်ယူသင့်ပါတယ် ကမ္ဘာပေါ်မှာ သင့်ထက်ပိုပြီးဉာဏ်ပညာရှိတဲ့လူ ပိုတော်တဲ့လူ ပိုချမ်းသာတဲ့လူ ပိုလှတဲ့သူဆိုတာအမြဲရှိနေမှာပါအကယ်၍ သင်ဟာအမြဲတမ်း အခြားသူတွေ နဲ့ နှိုင်းယှဉ်နေမယ်ဆိုရင်တော့ သင်ဘယ်တော့မှပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။
==============
#မူရင်းရေးသားသူအားလေးစားစွာ

08/06/2026

နုပျိုခြင်းအလှတရားကို ရေရှည်တည်တံ့စေမယ့် အကောင်းဆုံးအဖော်မွန် (၃) မျိုး 🫧🩵

အမျိုးသမီးတစ်ယောက်ရဲ့ ယုံကြည်မှုဟာ ကြည်လင်ကျန်းမာတဲ့ အသားအရေကနေ စတင်တာပါ။

အသက်အရွယ်ရလာလို့ဖြစ်စေ၊ ပတ်ဝန်းကျင်ဒဏ်ကြောင့်ဖြစ်စေ ပျက်စီးလာတဲ့ အသားအရေကို ပြန်လည်ကုစားဖို့ဆိုရင် အပြင်ပိုင်းသန့်စင်မှုတင်မကဘဲ အတွင်းပိုင်းအထိ အာဟာရဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

ဒါကြောင့် Fresh & Natural ကနေ အဆင့် (၃) ဆင့်တည်းနဲ့ ပြည့်စုံသွားစေမယ့် Young Skin Snow Series ကို ထုတ်ပေးထားတာပါရှင်

တစ်မျိုးချင်းစီရဲ့ အစွမ်းထက်ပုံကတော့ -

❄️အတွင်းပိုင်းအထိ အညစ်အကြေးကင်းစင်ဖို့ Rejuvenating Cleansing Mousse

❄️ရေဓာတ်ပြည့်ဝကြည်လင်စေမယ့် Essence Toner

❄️အသားအရေကို တင်းရင်းနုပျိုစေဖို့ Rejuvenating Serum

တစ်မျိုးတည်းသုံးတာထက် ဒီ Set လေးကို Step by Step သုံးစွဲခြင်းက တစ်ခုနဲ့တစ်ခု အစွမ်းထက်အောင် ပံ့ပိုးပေးလို့ ရလဒ်ကို ပိုမိုမြန်ဆန်စွာ မြင်တွေ့ရမှာပါရှင်

မနက်ခင်းမှာ လန်းဆန်းတဲ့အသားအရေနဲ့ နိုးထချင်ရင်၊ ညဘက်မှာ ပင်ပန်းသမျှကို ပြန်လည်ကုစားချင်ရင် Fresh & Natural ရဲ့ Snow Series က အကောင်းဆုံးရွေးချယ်မှုပါပဲနော် ❄️

𝐅𝐫𝐞𝐬𝐡 & 𝐍𝐚𝐭𝐮𝐫𝐚𝐥 — သဘာဝအတိုင်း လှပတဲ့ သင့်အတွက်

🤝အရည်အသွေးစိတ်ချရတဲ့ ကိုရီးယား 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေကို တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ မိတ်ဆွေများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ဆက်သွယ်မှာယူရန် -
📞𝟎𝟗 𝟒𝟒𝟏 𝟎𝟓𝟒 𝟗𝟎𝟕 / 𝟎𝟗 𝟒𝟒𝟏 𝟎𝟑𝟕 𝟎𝟑𝟑
💬𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐂𝐁) မှာ ကိုယ့်အသားအရေအကြောင်း လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

27/05/2026

မေပန်ချီရဲ့ အသားအရေက ဘာလို့ အမြဲလန်းဆန်းနေတာလဲ? 🌸✨
အလုပ်တွေ ဘယ်လောက်ပဲများများ၊ မိတ်ကပ်တွေ ဘယ်လောက်ပဲ အမြဲလိမ်းနေရပါစေ... မေပန်ချီရဲ့ အသားအရေက အမြဲ Fresh ဖြစ်နေတာ အားလုံး သတိထားမိကြမှာပါ။ အခုတော့ သူမရဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောပြလိုက်ပါပြီ! 📣
မေပန်ချီက သူမရဲ့ Facebook Review မှာ Fresh and Natural ကို အသုံးပြုပြီး ရလာတဲ့ ထူးခြားမှုတွေကို အားလုံးအတွက် မျှဝေပေးထားပါတယ်။ သဘာဝအတိုင်း နုပျိုကြည်လင်ချင်တဲ့ ပရိသတ်တွေအတွက်လည်း သူမကိုယ်တိုင် စိတ်ချလက်ချ ညွှန်းဆိုပေးထားတာပါ။
ချစ်ရတဲ့ Fan လေးတွေလည်း မေပန်ချီလိုမျိုး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ Fresh and Natural ကို စမ်းသုံးကြည့်ဖို့ မမေ့နဲ့နော်။ ပစ္စည်းကောင်းမှ ညွှန်းတတ်တဲ့ မေပန်ချီရဲ့ အကြံပြုချက်မို့ လက်မလွှတ်သင့်ဘူးနော်။ 😍
📍 အသေးစိတ်သိရှိလိုပါက Messenger မှာ စုံစမ်းနိုင်ပါပြီ။

17/05/2026

မျက်နှာသစ်ရုံတင်မကဘဲ အသားအရေကို နုပျိုစေမယ့် နူးညံ့တဲ့အမြှုပ်လေးများ 🫧🧼

မနက်ခင်းအိပ်ရာထချိန်နဲ့ ညဘက်အိမ်ပြန်ရောက်တဲ့အခါတိုင်း ကိုယ့်ရဲ့အသားအရေလေးကို အနူးညံ့ဆုံး သန့်စင်ပေးဖို့ Cleansing Mousse လေးရှိပါတယ်ရှင်။

သူက သာမန်မျက်နှာသစ်ဆေးတွေလို လက်နဲ့ပွတ်ပြီး အမြှုပ်ထွက်အောင် လုပ်နေစရာမလိုဘဲ နူးညံ့အိစက်နေတဲ့ Mousse အမြှုပ်လေးတွေ တိုက်ရိုက်ထွက်လာတာမို့ မျက်နှာပေါ်က အညစ်အကြေးနဲ့ မိတ်ကပ်လက်ကျန်တွေကို အသားအရေမထိခိုက်‌စေဘဲ ဖယ်ရှားပေးနိုင်ပါတယ် 🩵

Plant Extracts တွေနဲ့ ပေါင်းစပ်ထားလို့ မျက်နှာသစ်ပြီးတဲ့အခါ အသားပူတာ၊ တင်းခြောက်သွားတာမျိုး လုံးဝမရှိဘဲ ရေဓာတ်ပြည့်ဝပြီး လန်းဆန်းမှုအပြည့်‌ဖြစ်စေမှာပါ

ချွေးပေါက်ထဲအထိ သန့်စင်ပေးလို့ အသားအရေက တကယ့်ကို ပေါ့ပါးသွားသလို ခံစားရစေမှာဖြစ်လို့ Skincare Step ရဲ့ အစမှာတင် အသားအရေကို နုပျိုဖို့ ပြင်ဆင်ပေးမယ့် အကောင်းဆုံးအဖော်မွန်လေးပါနော် 🫶

𝐅𝐫𝐞𝐬𝐡 & 𝐍𝐚𝐭𝐮𝐫𝐚𝐥 — သဘာဝအတိုင်း လှပတဲ့ သင့်အတွက်

🤝အရည်အသွေးစိတ်ချရတဲ့ ကိုရီးယား 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေကို တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ မိတ်ဆွေများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ဆက်သွယ်မှာယူရန် -
📞𝟎𝟗 𝟒𝟒𝟏 𝟎𝟓𝟒 𝟗𝟎𝟕 / 𝟎𝟗 𝟒𝟒𝟏 𝟎𝟑𝟕 𝟎𝟑𝟑
💬𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐂𝐁) မှာ ကိုယ့်အသားအရေအကြောင်း လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

13/05/2026

မျက်နှာသစ်ပြီးသွားတဲ့အခါ ပျောက်ဆုံးသွားတဲ့ ရေဓာတ်ကို အမြန်ဆုံးပြန်ဖြည့်ပေးဖို့က အရေးကြီးဆုံးပါပဲ နော် 🌿💚

ဒါကြောင့် Fresh & Natural က Toner နဲ့ Essence ကို ပေါင်းစပ်ပြီး Essence Toner အဖြစ် ဖန်တီးပေးထားတာပါ။

🍃Young Skin Essence Toner လေးက အသားအရေရဲ့ pH Level ကို ပြန်လည်ထိန်းညှိပေးရုံတင်မကဘဲ Essence ရဲ့ အာနိသင်ကြောင့် အသားထဲကို နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပြီး ရေဓာတ်ကို အလွှာလိုက် ဖြည့်တင်းပေးပါတယ်။

🍃လိမ်းလိုက်တဲ့အချိန်မှာ အသားထဲကို ချက်ချင်းစိမ့်ဝင်သွားပြီး အသားအရေကို စိုပြေဝင်းပစေသလို ချွေးပေါက်လေးတွေကိုလည်း သိသိသာသာ ကျဉ်းစေပါတယ်ရှင်။

ဒီ Essence Toner လေးကို ပုံမှန်လိမ်းပေးခြင်းအားဖြင့် နောက်ထပ်လိမ်းမယ့် Serum နဲ့ Cream တွေကို အသားထဲ ပိုပြီးစိမ့်ဝင်အားကောင်းအောင် လမ်းဖွင့်ပေးမှာဖြစ်လို့ နုပျိုကြည်လင်တဲ့ Glow ကို ပိုင်ဆိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အဆင့်လေးတစ်ခုပါပဲနော် 🫶✨

𝐅𝐫𝐞𝐬𝐡 & 𝐍𝐚𝐭𝐮𝐫𝐚𝐥 — သဘာဝအတိုင်း လှပတဲ့ သင့်အတွက်

🤝အရည်အသွေးစိတ်ချရတဲ့ ကိုရီးယား 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေကို တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ မိတ်ဆွေများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ဆက်သွယ်မှာယူရန် -
📞𝟎𝟗 𝟒𝟒𝟏 𝟎𝟓𝟒 𝟗𝟎𝟕 / 𝟎𝟗 𝟒𝟒𝟏 𝟎𝟑𝟕 𝟎𝟑𝟑
💬𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐂𝐁) မှာ ကိုယ့်အသားအရေအကြောင်း လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

06/05/2026

အသက် ( ၂၀ ) ကျော်လာတာနဲ့အမျှ အသားအရေရဲ့ Coll-age-n ထုတ်လုပ်မှုက တဖြည်းဖြည်း လျော့နည်းလာတတ်ပါတယ်

ဒါကြောင့် အသားအရေ ပျော့တွဲတာ၊ အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ဖို့ဆိုရင် 𝐑𝐞-𝐣𝐮𝐯𝐞-𝐧𝐚𝐭𝐢-𝐧𝐠 လို ပြန်လည်နုပျိုစေတဲ့ အာနိသင်ရှိတဲ့ Serum မျိုးကို မဖြစ်မနေ ထည့်သွင်းအသုံးပြုပေးရပါတယ်နော်

🫧Serum သုံးတဲ့အခါ အာနိသ+င် ပိုမိုထိရောက်မှုရှိစေဖို့အတွက် Serum မလိမ်းခင် Dou+ble Clea+nsing လုပ်ပါ

🫧 မျက်နှာသစ်ပြီးပြီးချင်း အသားအရေ စိုစွတ်နေချိန်မှာ Serum လိမ်းပေးတာဟာ စုပ်ယူမှုကို ပိုကောင်းစေပါတယ်။

🫧တစ်ပတ်လောက် သုံးရုံနဲ့ မရပ်လိုက်ဘဲ ပုံမှန် Skin Care Routine ထဲမှာ ထည့်သုံးပေးဖို့လည်း လိုပါတယ်။

နုပျိုတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ဆိုရင် 𝐅𝐫𝐞𝐬𝐡 & 𝐍𝐚𝐭𝐮𝐫𝐚𝐥 ရဲ့ 𝐘𝐨𝐮𝐧𝐠 𝐒𝐤𝐢𝐧 𝐑𝐞-𝐣𝐮𝐯𝐞-𝐧𝐚𝐭𝐢-𝐧𝐠 𝐒𝐞𝐫𝐮𝐦 လေးက အကောင်းဆုံး အဖော်မွန် ဖြစ် စေမှာပါရှင်

အသားအရေကို တင်းရင်းစေပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုနုပျိုလာစေဖို့ ဒီနေ့ပဲ 𝐅𝐫𝐞𝐬𝐡 & 𝐍𝐚𝐭𝐮𝐫𝐚𝐥 နဲ့ စတင်ထိန်းသိမ်းလိုက်ရအောင်။

𝐃𝐞𝐫𝐦𝐚𝐭𝐨𝐥𝐨𝐠𝐢𝐬𝐭 𝐓𝐞𝐬𝐭𝐞𝐝 ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့် Formula နဲ့ ထုတ်လုပ်ထားတာမို့ အသားအရေ အမျိုးအစားအားလုံးအတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်

𝐅𝐫𝐞𝐬𝐡 & 𝐍𝐚𝐭𝐮𝐫𝐚𝐥 — သဘာဝအတိုင်း လှပတဲ့ သင့်အတွက်

🤝အရည်အသွေးစိတ်ချရတဲ့ ကိုရီးယား 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေကို တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ မိတ်ဆွေများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ဆက်သွယ်မှာယူရန် -
📞𝟎𝟗 𝟒𝟒𝟏 𝟎𝟓𝟒 𝟗𝟎𝟕 / 𝟎𝟗 𝟒𝟒𝟏 𝟎𝟑𝟕 𝟎𝟑𝟑
💬𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐂𝐁) မှာ ကိုယ့်အသားအရေအကြောင်း လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

29/04/2026

အရွယ်တင်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် "နေ့စဉ်လုပ်ဆောင်ရမယ့် အလေ့အကျင့်ကောင်းများ"

ပျိုမေတို့ရေ... အသားအရေ ကြည်လင်ဝင်းပပြီး နုပျိုနေဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ အဓိကကတော့ မှန်ကန်တဲ့ skincare လမ်းကြောင်းနဲ့အတူ နေ့စဉ်အလေ့အကျင့်လေးတွေကို ပုံမှန်လုပ်ဆောင်ဖို့ပါပဲ။

ဒီနေ့မှာတော့ Fresh & Natural နဲ့အတူ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် အလေ့အကျင့်ကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

🫧မျက်နှာသစ်ခြင်း

တစ်နေ့တာအတွင်း စုပုံနေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို Fresh & Natural Young Skin Rejuvenating Cleansing Mousse နဲ့ အမြုပ်ထူထူလေးနဲ့ ညင်သာစွာ သန့်စင်ပေးပါ။

🫧 အစိုဓာတ်ဖြည့်ပေးခြင်း
မျက်နှာသစ်ပြီးချိန်မှာ အသားအရေရဲ့ pH balance ကို ပြန်လည်ထိန်းညှိပေးဖို့အတွက် Rejuvenating Essence Toner ကို သုံးပေးပါ။ အသားအရေကို ကြည်လင်လာစေဖို့အတွက် အဓိက အဆင့်တစ်ခုပါနော်

🫧အသားအရေကို ပြန်လည်ပြုပြင်ခြင်း

အသားအရေကို ပိုမိုနုပျိုစေပြီး ဝင်းပစေဖို့အတွက် Rejuvenating Serum က အသားအရေကို အတွင်းပိုင်းကနေ ပြန်လည်ပြုပြင်ပေးပြီး အာဟာရဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။

🫧 ရေများများသောက်ပါ

အတွင်းပိုင်းကနေ အစိုဓာတ်ရှိဖို့အတွက် တစ်နေ့ကို ရေ (၈) ဖန်ခွက်လောက် သောက်ပေးဖို့‌တော့ မမေ့ပါနဲ့။

🫧 အိပ်စက်ချိန်ကို အလေးထားပါ

တစ်နေ့ကို (၇) နာရီကနေ (၈) နာရီအထိ အရည်အသွေးရှိရှိ အိပ်စက်ပေးတာက အသားအရေကို အကောင်းဆုံး အနားယူစေပါတယ်။

ဒီအလေ့အကျင့်လေးတွေကိုသာ နေ့စဉ် ပုံမှန်လေးလုပ်ဆောင်ပေးသွားမယ်ဆိုရင် ပိုမိုလှပပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

ကဲ... ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ Fresh & Natural နဲ့အတူ စတင်လိုက်ကြရအောင်နော်✨

𝐅𝐫𝐞𝐬𝐡 & 𝐍𝐚𝐭𝐮𝐫𝐚𝐥 — သဘာဝအတိုင်း လှပတဲ့ သင့်အတွက်

🤝အရည်အသွေးစိတ်ချရတဲ့ ကိုရီးယား 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေကို တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ မိတ်ဆွေများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ဆက်သွယ်မှာယူရန် -
📞𝟎𝟗 𝟒𝟒𝟏 𝟎𝟓𝟒 𝟗𝟎𝟕 / 𝟎𝟗 𝟒𝟒𝟏 𝟎𝟑𝟕 𝟎𝟑𝟑
💬𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐂𝐁) မှာ ကိုယ့်အသားအရေအကြောင်း လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

28/04/2026

မျက်နှာသစ်ပြီးချိန်မှာ အသားအရေက တင်းကျပ်နေသလို ခံစားရတတ်တာ အားလုံးကြုံဖူးကြမှာပါ💚

အဲ့ဒီအချိန်မှာ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Toner ကို မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုခြင်းက အသားအရေထိန်းသိမ်းမှုအတွက် အရေးကြီးဆုံးအဆင့်တစ်ခုပါပဲနော်

ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Toner ကို ရွေးချယ်နိုင်ဖို့ဆိုရင်

🫧အသားအရေခြောက်သွေ့သူတွေဖြစ်ပါက
Alcohol မပါဝင်ဘဲ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Hydrating Toner မျိုးကို ရွေးချယ်သင့်ပါတယ်။ အစိုဓာတ်ထိန်းပေးတဲ့ Ingredients တွေပါတဲ့ Toner က အသားအရေကို ပိုပြီး နူးညံ့စေပါတယ်။

🫧အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေကတော့ အသားအရေကို သန့်စင်ပေးနိုင်ပြီး ချွေးပေါက်တွေကို ကျဉ်းစေတဲ့ Toner မျိုးက ပိုသင့်တော်ပါတယ်။

ဘယ်လိုအသားအရေမျိုးမဆို အသုံးပြုနိုင်ပြီး အသားအရေကို ပြန်လည်လန်းဆန်းစေတဲ့ Essence Toner မျိုးကို အသင့်တော်ဆုံးရွေးချယ်မှုပဲဖြစ်လို့

Skin Type မရွေး စိတ်ချလက်ချ အသုံးပြုနိုင်ပြီး အသားအရေကို နုပျိုလန်းဆန်းစေမယ့် Fresh & Natural ရဲ့ Young Skin Rejuvenating Essence Toner လေးကိုသာ ရွေးချယ်လိုက်ပါနော်

Rejuvenating Essence Toner လေးက ရိုးရိုး Toner တွေထက် ပိုမိုစိမ့်ဝင်အားကောင်းပြီး အသားအရေကို ရေဓာတ်ပြည့်ဝစေပါတယ်။

မျက်နှာသစ်ပြီးတာနဲ့ ညင်သာစွာ ပုတ်လိမ်းပေးလိုက်ရုံနဲ့ အသားအရေက ဖူးဖူးအိအိလေးနဲ့ ကျန်းမာပြီး အစိုဓာတ်ပြည့်ဝတဲ့အသွင်ကို ချက်ချင်းရရှိစေမှာပါနော် ✨🫧


𝐅𝐫𝐞𝐬𝐡 & 𝐍𝐚𝐭𝐮𝐫𝐚𝐥 — သဘာဝအတိုင်း လှပတဲ့ သင့်အတွက်

🤝အရည်အသွေးစိတ်ချရတဲ့ ကိုရီးယား 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေကို တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ မိတ်ဆွေများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ဆက်သွယ်မှာယူရန် -
📞𝟎𝟗 𝟒𝟒𝟏 𝟎𝟓𝟒 𝟗𝟎𝟕 / 𝟎𝟗 𝟒𝟒𝟏 𝟎𝟑𝟕 𝟎𝟑𝟑
💬𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐂𝐁) မှာ ကိုယ့်အသားအရေအကြောင်း လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Address

Yangon