Glow with me
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Glow with me, Yangon.
ညတိုင်းဖိုသံပေးပြီး နားဒုက္ခပေးတဲ့ဝတုတ်
ငါအိပ်ရေးပျက်သလိုနင်လည်းအိပ်ရေးဝမယ်မထင်နဲ့😃
25/04/2025
"Period Self-care”
Hello,
Glow with me က မင်မင်ရွှန်းပါ✌🏻
ဒီ post မှာ Menstrual Cycle နဲ့ပက်သက်ပြီး
ရွှန်းလုပ်နေကျ Period self-care routine လေးကို ပြောပြပေးမယ်နော်…
Period pain က မိန်းကလေးတော်တော်များများရဲ့အကြောက်ဆုံးအရာတွေထဲက တစ်ခုပါ Monthly struggle for me 😷
အဲ pain ကို ကြုံဖူးတဲ့မိန်းကလေးတွေအချင်းချင်းပဲ နားလည်နိုင်လိမ့်မယ်
ရွှန်းဆို ငယ်ငယ်က first day ဆိုရင် ခြေထောက်တွေခွေယိုင်ပြီး လမ်းတောင်မလျှောက်နိုင်တဲ့အထိ period pain ကိုခံရတယ် ဆေးသောက်ရင်ပိုဆိုးတယ်
ခါးတွေကိုက် ခြေဖျားတွေအေးစက်ပြီး ဗိုက်လေးတနှိပ်နှိပ်နဲ့ အဲဒီရက်ဆို ဘယ်မှကိုမသွားနိုင်ပဲ အိပ်ယာထဲပဲခွေနေရတာမို့
its too bad😣
ရွှန်းအသက် ၂၄ လောက်မှာ သားဥအိမ် ၂ ဖက်လုံးရေအိတ်တည်တော့မှ Self care သေချာလုပ်ဖြစ်သွားတာမို့ အဲဒီ Routine လေးကို sharing လုပ်ပေးမယ်နော် အခုတော့ သက်သာသွားပါပြီရှင့် 😊
အာလူးဖုတ်တာ စာရှည်သွားပြီ😬
Period self-care လေးပြောပြမယ်နော်
your period with Menstrual App
ရွှန်း Phone ထဲမှာ Flo လို့ခေါ်တဲ့ Menstrual app လေးထည့်ထားတယ်
သူက ကိုယ့်ရဲ့ Body Weight and Height ရယ်
Menstrual period မှာ ကြုံရတဲ့ Feelings ကိုပါ အတိအကျ record ယူပြီး She can predict symptoms and feelings for upcoming and during period cycle. first date ကိုပါအနီးစပ်ဆုံးခန့်မှန်းပေးနိုင်တယ်…ကိုယ်ကတော့ period date ကို App မှာ အမှန်တိုင်း Log in လုပ်ပေးဖို့လိုတာပေါ့နော်
And also ကလေးယူဖို့ကြိုးစားနေတဲ့ အိမ်ထောင်သည်မမတွေအတွက်လည်း ဘယ်နေ့က Pregnancy Chance များလည်းဆိုတာသူကပြောပြပေးတာမို့ အရွယ် ၂ ပါးလုံး Try သင့်တဲ့ app လေးနော် Flo မှမဟုတ်ဖူး တခြား Menstrual app လေးတွေလည်းရှိတာမို့ ဖုန်းထဲမှာ ဆောင်ထားသင့်တယ်
နေ့တိုင်းကိုယ့် ဖုန်းကိုခနခန ကြည့်ကြတယ်ဟုတ်? အဲဒါဆို တစ်ရက် တစ်ခါတော့ ကိုယ့်ကျန်းမာရေးအတွက် Flo app လေးထဲဝင်ကြည့်ပေးနော်😉
Menstrual cycle
Period မဖြစ်ခင် ရက်ပိုင်းအလိုမှာ ကိုယ့် body က symptoms တွေအနည်းနဲ့အများပြပါတယ်
တစ်ယောက်နဲ့တစ်ယောက်မတူကြဖူး
အများစုဖြစ်တတ်တာကတော့ စိတ်မရှည်ဖြစ်တာ ဝမ်းနည်းတာ ဝက်ခြံတွေထွက်လာတာ ခန္ဓာကိုယ်ကပူလိုက်အေးလိုက်ဖြစ်တာ Belly bloat ဖြစ်တာ မျက်နှာဖောင်းလာတာ ဆံပင်နဲ့အသားအရည်တွေမွဲခြောက်လာတာ လက်သည်းခြေသည်းတွေပျော့ပြီး ကျိုးလွယ်တာ တစ်ချို့ က 🩸အနည်းငယ်လေး ဆင်းတာ မျိုးတွေဖြစ်တတ်ပါတယ်
အဲလိုတွေ ဖြစ်လာပြီဆိုရင် Period self-care routine စလုပ်ရပါပြီနော်…
-care period time
Period စပြီဆိုတာနဲ့ ရွှန်းအောက်မှာရေးထားတာလေးတွေ Lets try 😉💪
1.Take enough sleep and wake up early morning
Period ဖြစ်နေချိန်ဆိုအိပ်ချိန်စားချိန်မှန်ဖို့လိုပါတယ် အိပ်ရေးဝမှစိတ်ကြည်မှာမို့ညဖက်အိပ်တာလည်းနောက်မကျပါစေနဲ့နော် ညဖက်တွေစောအိပ်ပြီး မနက်စောစောထ နေထွက်တာကိုကြည့်ပါ နေရောင်ခြည်ကို ခံစားပါ မနက်ခင်းနေရောင်ခြည်က Vitamin တွေပါလို့ ဆံပင်လက်သည်းအသားအရည်ကောင်းစေတယ်နော်
ကျွန်မ အခု ပိုက်ဆံမကုန်တဲ့ Skin care tips တွေရှင်တို့ကို ပြောပြနေတာနော် တန်ဖိုးရှိတဲ့ page လေး ဘာမှတ် 😌😛
2.Meditation
ဒီရက်ပိုင်းမှာတော့ စိတ်နဲ့လူနဲ့မကပ်တာလေးတွေဖြစ်တတ်လို့ စိတ်ကြည်အောင် မနက်နိုးတာနဲ့ ရေတစ်ခွက်သောက်ပြီး Meditate လေးလုပ်ပေးနော်
ရွှန်း Morning Routine post လေးကိုဖတ်ဖူးတဲ့လူဆို သိလိမ့်မယ်..အဲဒီ post လေးထဲကလိုလိုက်လုပ်ကြည့်နော်
ရွှန်းကတော့ Period symptom တွေခံစားရပြီဆိုတာနဲ့ supplement တစ်ခု ကို period မစခင် ၃ ရက်အလိုကနေ period ပြီး ၃ ရက် အထိ ၁၀ ရက်လောက် မနက်တိုင်း တစ်နေ့တစ်လုံးသောက်ပါတယ် supplement သောက်တာက Period pain ကိုလည်း တတ်နိုင်သလောက် လျှော့ချပေးသလို Cycle ကိုလည်းပုံမှန်ဖြစ်စေတာမို့ period မမှန်တဲ့ ကောင်မလေးတွေ Try ကြည့်နော်
3.Bust a move but like gently
Supplement သောက်ပြီးရင်
Yoga ကျင့်တာဖြစ်ဖြစ် Exercise လေးဖြစ်ဖြစ်လုပ်ကြည့်ပါ
ရွှန်းကတော့ Daily workout person မို့ အဲလိုရက်တွေလည်းမနားပါဖူး Gym ကိုပုံမှန်ပဲသွားတယ် ပုံမှန်ရက်တွေလိုတော့အပြင်းအထန်မလုပ်ပဲ Lightweight workout ပဲလုပ်ပါတယ်
4.Eat healthy less fried, also limit caffeine eat dark chocolate nuts and vegetables..
ကျန်းမာရေးနဲ့ညီညွတ်တာကိုစားပါ
ကော်ဖီ အစား Hot chocolate လေးသောက်ပေးနော် ကော်ဖီတွေ လက်ဖက်တွေအပူအစပ်တွေက Period မှာ မစားသင့်ဖူးနော် ချုပ်တာတို့ Period မမှန်ပဲရပ်သွားတာမျိုးဖြစ်တတ်လို့ပါ Period pain ကို relief ဖြစ်စေတဲ့ အစားအသောက်တွေစားပေးနော်
5.Wear comfy clothes and warm pad
သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားပဲဝတ်ပါ ကိုယ်ကြပ်တွေဝတ်ရင်နေရခက်ပြီးစိတ်ပိုရှုပ်ပါတယ်
ညဖက်အိပ်ရင်တော့ ရွှန်းကခြေဖျားတွေအေးတတ်တဲ့လူမို့ ခြေအိတ်လေးစွပ်အိပ်ပါတယ်
ခြေထောက်တွေအေးရင် ဗိုက်ပိုအောင့်တတ်လို့ပါ
စောင်တော့မခြုံဖူး ဒီရာသီနဲ့ စောင်ခြုံရင် မနက်ကျ ပြုတ်ပြီးသားလေးဖြစ်သွားမှာစိုးလို့
🥹🥵
Warm pad ကတော့နွေရာသီမှာရှောင်သင့်ပါတယ်
မိုးရာသီဆောင်းရာသီဆိုရင် warm pad လေးဗိုက်မှာကပ်ထားပေးပါ ကြာကြာကပ်ရင်တော့အပူလောင်တာဖြစ်မှာစိုးလို့ ဗိုက်အောင့်တဲ့အချိန် ၁၅ မိနစ်လောက်ပဲ ကပ်ပေးပါ
6.Hydrate your body
ရေများများသောက်ရမယ်ဆိုပေမယ့် အရမ်းသောက်ရင်လည်း Belly bloat ဖြစ်ပြီး နေရခက်တာမို့ ရေဓာတ်ပြည့်ရုံ နည်းနည်းနဲ့ ခနခန သောက်ပေးပါ ရေခဲရေရှောင်ပါ အယ်မ တို့🤨
ရေခဲရေသောက်ရင် ဗိုက်အောင့်တတ်ပါတယ် အိုကေနော် 👌🏼
7.Calming period stress
Reading book
Watching movie
Making handcraft
Journaling
စိတ်ကိုတည်ငြိမ်စေမယ့် နှစ်သက်ရာလေးတွေလုပ်ပေးနော် မမလေးတို့
Period stress ကစိတ်ငြိမ်ဖို့အဓိက လိုအပ်တာမို့ 😁
ကောင်လေးရှိရင်ကောင်လေးကိုရစ်ပါ 😛
ဘယ်လိုရစ်ရမလည်းတော့လာမမေးနဲ့ ယူတို့မင်မင်ရွှန်းက FA 😌
အပေါ်မှာပြောသွားတာလေးတွေက ရွှန်းလုပ်နေကျ Period self-care လေးတွေမို့ ယူတို့ လုပ်နေကျ Routine လေးတွေရှိရင်လည်း Comment မှာ sharing လုပ်ပေးသွားပါဦး
ဒီ post လေးက မိန်းကလေးတွေအတွက် အများကြီးအထောက်အကူပေးနိုင်မယ်လို့မျှော်လင့်တာမို့
Sharing လုပ်ပေးရင်တော့ Big thanks ပါ sis တို့ရေ 🥰🩷
ကျန်းမာတဲ့ဘဝကိုတူတူသွားရအောင်နော်
13/04/2025
သင်္ကြန် ဆုတောင်း🍀🙏
ထွက်ခွါသွားသူများလည်း အေးချမ်းပါစေ။
ကျန်ရစ်သူများလည်း ဘေးကင်းပါစေ။
အိမ်ဝေးငှက်တွေလည်း အိပ်တန်းပြန်နိုင်ကြပါစေ။
ဒီနွေအပူအမြန်ငြိမ်းပြီး..
မြန်မာပြည်ကြီးလည်း အမြန်ဆုံး အေးချမ်းသာယာပါစေ…
11/04/2025
Hello..
ဒီ post မှာ ရွှန်း ရဲ့ Morning Routine လေးကို sharing လုပ်ပေးမယ် နော်..
ရွှန်းက shiftwork person ဖြစ်တာမို့ ရွှန်းရဲ့ schedule ပေါ် မူတည်ပြီး sharing လုပ်တာကြောင့် အနည်းငယ်ကွဲပြားနိုင်ပါတယ်
ဘယ်လိုပဲပြောပြော ကိုယ့်ရဲ့အချိန်လေးကို manage လုပ်ပြီး try ကြည့်ပါနော်
Drink Water First
မနက်ခင်းနိုးတာနဲ့ ရွှန်း အရင်ဆုံးလုပ်ဖြစ်တာက ရေတစ်ခွက်အရင်သောက်တာပါပဲ
ရွှန်းတို့ ရဲ့ ကိုယ်တွင်း အင်္ဂါ တွေက အိပ်နေတဲ့အချိန်ထက် နိုးနေတဲ့အချိန်မှာ တစ်နေ့တာရဲ့ process တွေကို ပိုလုပ်ပါတယ်
မနက်နိုးနိုးချင်း ရေသောက်ပေးတာက ခန္ဓာကိုယ်မှာလိုအပ်တဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပြီး ဇီဝကမ္မဖြစ်စဥ် တွေကို မြှင့်တင်ပေးပါတယ် အစာချေဖျက်တာကိုလည်း အထောက်အကူဖြစ်စေပြီး စိတ်ကိုလည်းကြည်လင်စေပါတယ် ရေသောက်နော် ရေသောက်
To Do List
ဒီက Culture နဲ့ To Do List ဆိုသိပ်မရင်းနှီးကြပါဖူး
ကိုယ့်တစ်နေ့တာ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာလေးတွေပေါ့
ရုတ်တရက်ကြည့်ရင် ဘာမှမဟုတ်ဖူးထင်ရပေမယ့် To Do List ချရေး တာက လုပ်စရာရှိတာတွေကို အချိန်မဆွဲဖြစ်တော့ပါဖူး Time Management လည်းလုပ်တတ်သွားပါတယ် To Do List မှာ တစ်ခုလုပ်ပြီးလို့ အမှန်ခြစ်တစ်ခု ခြစ်လိုက်ရတဲ့ feeling က ဘာနဲ့မှမတူဖူး
တကယ်အကျိုးရှိတာမို့ လုပ်ကြည့်ကြပါနော်
Meditation
မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ ရွှန်း ဘုရားရှိခိုးပြီး ၁၀ မိနစ်
meditate လုပ်ပါတယ်
၁၀ မိနစ်လောက်တရားထိုင်လိုက်တာက တိတ်ဆိတ်မှုနဲ့ တည်ငြိမ်မှုပေးတာကြောင့် ဦးနှောက်နဲ့ အာရုံကြောတွေတစ်နေ့တာစတင်ဖို့ အထောက်အကူဖြစ်စေပါတယ်
Feel the sunshine and stretch for 15 Minutes
မနက်ခင်း၇နာရီနဲ့ ၁၀နာရီကြားမှာရတဲ့ နေရောင်ခြည်က ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ Vitamin D အပြည့်ဝဆုံးဖြစ်လို့ အဲဒီအချိန် တွေမှာ လမ်းထွက်လျှောက်တာမျိုးကအသင့်တော်ဆုံးပါပဲ
ရွှန်းကတော့ Day off တွေဆိုရင် မနက်ပိုင်း Workout လုပ်တာမို့ Gym မသွားခင် ဝရံတာ ထွက်ပြီးတော့ နေရောင်ခြည်ခံပါတယ်
အလုပ်သွားရတဲ့ရက်တွေကတော့ အပေါ်မှာရေးထားသလိုပဲ နေရောင်ခြည်ခံပြီးရေမချိုးခင် အကြောလျှော့ပါတယ်
နေရောင်ကရတဲ့ Vitamin D က ဆံပင် နဲ့ လက်သည်းခြေသည်းတွေကို လှစေတာမို့
Girls should do it naw😉
Breakfast
ရွှန်းရဲ့ မနက်စာစားချိန်က မနက် ၈နာရီပါ
ရွှန်းထင်တယ်
လူငယ်တော်တော်များများ မနက်စာလွတ်လို့ နေ့လည်စာနဲ့ပေါင်းစားကြတာ
တစ်ချို့ တွေက မနက်အလုပ်မမီလို့ မနက်စာလွတ်တာတွေ ရှိတတ်တယ်ဆိုတာ
ညနက်လို့ မနက်မထနိုင်ရင်တောင် မနက်စာစားပြီးပြန်အိပ်တာမျိုးလုပ်သင့်ပါတယ် ဒါက ပိတ်ရက်မှာပြောတာနော် weekday မှာ ပြန်အိပ်ရင်တော့ အလုပ်က အပြီးပြန်အိပ်ခိုင်းပါလိမ့်မယ် 😝
နံနက်စာ ပုံမှန်စားပေးတာဟာ တစ်နေ့တာသုံးမယ့်
Energy တွေထုတ်ပေးပြီး မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု ပိုကောင်းစေပါတယ်
ကိုယ်အလေးချိန် ထိန်းညှိပေးတဲ့အပြင် ဆီးချိုရောဂါနှင့် နှလုံးရောဂါလိုနာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာမို့ Breakfast is a must.
အလုပ်ဖွင့်ရက်တွေဆို ရွှန်းက မနက်စာ ကိုအိမ်ကနေယူသွားပြီးရုံးရောက်မှစားပါတယ် အပြင်စာတတ်နိုင်သလောက်ရှောင်ပါတယ် မနက်စာကိုတတ်နိုင်သလောက် ဆီမပါတာစားပေးပါ မနက်ခင်းစာ ဆီများတာတွေစားရင် တစ်နေ့လုံး ထိုင်းမှိုင်းနေတတ်ပါတယ်
လာမယ့် vlog တွေမှာ ၁၀မိနစ်အမြန်လုပ်လို့ ရတဲ့ healthy breakfast လေးတွေတင်ပေးမယ်နော်
မနက်ခင်း routine တွေလုပ်နိုင်ဖို့ဆို အိပ်ယာစောစောထနိုင်မှရမှာပါ
မနက်စောစောထနိုင်ဖို့ စောစော အိပ်ယာဝင်ကြဖို့ အကြံပြုရင်း post လေးကို အဆုံးသတ်ပါရစေနော်
အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာနိုင်ကြပါစေ
အခုတလော မင်မင် Vlog တင်တာတွေ နားထားတာ အတော်ကြာပါပြီ ဒါပေမယ့်…
ဒီကာလ မှာ စိတ်ရောလူပါ ပင်ပန်းနေကြတဲ့သူတွေချည်းမို့ physical and mental healthy ဖြစ်လာအောင်
Daily life မှာလုပ်သင့်တဲ့ routine လေးတွေကို မင်မင် တစ်ခုချင်းစီ အသေးစိတ်ရေးပြီး sharing လုပ်ပေးသွားမယ်နော် post လေးတွေတစ်ခုချင်းစီတင်ပေးပါမယ်
မင်မင် ကိုယ်တိုင်လည်း Healthy in life ဖြစ်လာအောင် လက်ရှိမှာအဲဒီအတိုင်း ကြိုးစားနေထိုင် တာမို့ စိတ်ရောလူပါကျန်းမာတဲ့ဘဝကိုတူတူသွားရအောင်ပါ
အားလုံး ဒီအခြေအနေတွေကို တူတူအားတင်းပြီးကျော်ဖြတ်ကြမယ်နော် 🩷
Click here to claim your Sponsored Listing.