Vcare Serum

Vcare Serum

Share

အမျိုးသမီးများဆွဲဆောင်မှုအပြည့်ဖြင့်ယုံကြည့်မှုရှိစေဖို့အတွက်Vcareserumသုံးမျိုးတစ်ဆက်သုံးကြစို့

15/12/2025

ဒီရက်ပိုင်းအတွင်း ကံမကောင်းဘူးလို့
ခံစားနေရသူတွေ၊ စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေပြီး တစ်ခုခုက ဖိစီးထားသလို ခံစားနေရသူတွေအတွက်
အထူးသင့်တော်ပါတယ်။

ရှေးလူကြီးတွေက “ဆား” ဆိုတာ သဘာဝအတိုင်း သန့်စင်တဲ့အရာဖြစ်လို့ မကောင်းတဲ့ စွမ်းအင်တွေ၊
စိတ်ထဲမှာ ကပ်ငြိနေတဲ့အရာတွေ၊
ထပ်ကာထပ်ကာဖြစ်နေတဲ့ ကံဆိုးမှုတွေ၊
ဒါမှမဟုတ် စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို
ဖယ်ရှားပေးနိုင်ပါတယ်။

ဒါကြောင့် ဆားရေချိုးတာဟာ “ကောင်းသောအရာတွေ ဝင်လာဖို့ လမ်းဖွင့်ပေးတဲ့” ရှေးအစဥ်အလာ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

📌 ပြင်ဆင်ရန် လိုအပ်သောအရာများ
• ဆားသန့်သန့် လက်တစ်ဆုပ်စာ (ပင်လယ်ဆား/တွင်းထွက်ဆား)
• ရေသန့် ၁ ဇလုံ သို့မဟုတ် ရေချိုးကန်ထဲက ရေ
• စိတ်ကို ငြိမ်သက်ထားပြီး မကောင်းတဲ့အရာတွေကို အပြင်ထုတ်ပစ်ဖို့ အသင့်ရှိတဲ့ စိတ်ထား

🚿 ရှေးအစဥ်အလာအတိုင်း လုပ်ဆောင်နည်း
၁။ နမော ၃ ကြိမ် ရွတ်ဆိုပါ
ပြီးနောက် ကိုယ့်ရဲ့ အမည်၊ မိဘအမည်၊ မွေးသက္ကရာဇ် တွေကို ပြောပါ။ ဒါမှ ဒီသန့်စင်မှုနဲ့ ကိုယ့်ရဲ့ “ကိုယ်ပိုင်အမှတ်အသား” ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဆားကို ရေထဲမှာ ရောမွှေပါ
ဆားတွေ အရည်ပျော်သွားအောင် ဖြည်းဖြည်းလေး မွှေပါ။ မွှေနေစဥ်မှာ “မကောင်းတဲ့အရာအားလုံး ကိုယ့်ဘဝကနေ ထွက်သွားပါစေ” လို့ ရည်ရွယ်ပါ။

၃။ ခေါင်းမပါဘဲ ပခုံးကစပြီး ရေလောင်းချပါ
ပထမဆုံး ဘယ်ဘက်ပခုံးကနေ စတင်ပြီး ညာဘက်သို့ ဆက်လောင်းချပါ။ ရှေးလူကြီးတွေက ဒါဟာ အတိတ်က ကံဆိုးမှုတွေကို ဆေးကြောတာနဲ့ ပခုံးပေါ်က လေးလံတဲ့အရာတွေကို ဖယ်ရှားတာလို့ ဆိုပါတယ်။
၄။ ရှေးအစဥ်အလာ ဆုတောင်းစာကို ရွတ်ဆိုပါ
စိတ်ထဲမှာ သို့မဟုတ် အသံတိုးတိုးနဲ့ ပြောပါ-

“အကျွန်ုပ်အား ကပ်ငြိနေသော ကံဆိုးမှုများ၊ ဆင်းရဲဒုက္ခများ၊ မကောင်းတဲ့ စွမ်းအင်အားလုံးတို့သည် အကျွန်ုပ်ထံမှ လုံးဝ ကင်းစင်သွားပါစေ။ အကျွန်ုပ်၏ ဘဝသည် ပေါ့ပါးလာပါစေ၊ တောက်ပလာပါစေ၊ ကောင်းသောအရာများ ဝင်လာဖို့ လမ်းပွင့်ပါစေ။”

၅။ ရေချိုးပြီးတာနဲ့ ရေကို ချက်ချင်း စွန့်ပစ်ပါ
ရေထဲမှာ အကြာကြီး မစိမ်ပါနဲ့။ ရေကိုလည်း သိမ်းမထားပါနဲ့။ အဘယ်ကြောင့်ဆိုသော် ထိုရေသည် မကောင်းသော စွမ်းအင်များကို လက်ခံထားသော ရေဖြစ်သည်ဟု ယုံကြည်ကြလို့ပါ။

✨ ၃ ရက် ဆက်တိုက် လုပ်ဆောင်ပါက ဘာတွေ ဖြစ်လာမလဲ။
ရှေးအစဥ်အလာ ယုံကြည်ချက်အရ...
• စိတ်ဟာ ပေါ့ပါးလန်းဆန်း လာတာကို သိသာထင်ရှားစွာ ခံစားရပါလိမ့်မယ်။
• ပိတ်ဆို့နေတဲ့ လေးနက်သော ကိစ္စများ စတင် ဖြေရှင်းလာပါလိမ့်မယ်။
• ကံကောင်းခြင်းများ သို့မဟုတ် အခွင့်အလမ်းသစ်များ ပိုမိုလွယ်ကူစွာ ဝင်ရောက်လာပါလိမ့်မယ်။
• စိတ်ဓာတ်ကျမှု လျော့နည်းပြီး အိပ်စက်ခြင်း ပိုမို ကောင်းမွန် လာပါလိမ့်မယ်။

ဒါဟာ မှော်အတတ်မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် နှစ်ရှည်လများ စုဆောင်းထားတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို စိတ်ကိုတည်ငြိမ်ပြီး ဖယ်ရှားလိုက်တာပါပဲ။ စိတ်တည်ငြိမ်သွားတဲ့အခါ ဘဝစွမ်းအင်လည်း ပြောင်းလဲလာမှာပါ။

💡 ရှေးလူကြီးများရဲ့ ပိုမိုအကျိုးရှိစေမည့် နည်းလမ်းများ
• မိုးမလင်းခင်အချိန် သို့မဟုတ် နေမဝင်ခင် ညနေခင်း (စွမ်းအင်ငြိမ်သက်တဲ့အချိန်) တွေမှာ လုပ်ပါ။
• မစတင်ခင်မှာ အိမ်တွင်းစွမ်းအင်ကို ညှိနှိုင်းဖို့အတွက် အမွှေးတိုင် (သို့) ဖယောင်းတိုင် ၁ တိုင် ထွန်းပါ။
• ရေချိုးပြီးပြီးချင်း ဒေါသထွက်တာ သို့မဟုတ် မကောင်းတဲ့ စကားတွေ ပြောတာကို ရှောင်ပါ။ ဒါဟာ ကံဆိုးမှုကို ကိုယ့်ဆီ ပြန်ဆွဲခေါ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်

ကံကောင်းကြပါစေရှင်



Crd
ချစ်စွာဖြင့် ဆရာမ မထက်👑
#ဆားရေချိုးနည်း #ကံဆိုးမှုပပျောက်ရေး

22/11/2025

Letter From 2025 🍓💛

Collective Messages

⭐ အချိန်တွေဟာ ရပ်တန့်မနေသလို မင်းရဲ့ဘဝဟာလည်း ရပ်တန့်မနေဘူးနော်။

အခုစာလေးက အရင်နှစ်ကထက် အခုနှစ်မှာ ကြုံရသမျှ ကိစ္စတိုင်းကို အလှပဆုံး အသေသပ်ဆုံး ကိုင်တွယ်နိုင်ခဲ့ကြောင်း အတည်ပြုပေးတဲ့ စာလွှာလေးပါ။ မင်းအနေနဲ့ အခုနှစ်မှာ ရလိုက်တဲ့ ဆုလာဘ်ကောင်းတွေကိုလည်း ပြောပြပေးမှာမို့ ပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားမယ်လို့ ကတိပေးပြီးမှ စာလွှာလေးကို ဆက်ပြီးဖတ်ပါ။

✨ ပထမဆုံး Jan-Febကို ပြန်သွားရအောင် , နှစ်အစမှာ မင်းရဲ့ ငယ်ဘဝက ဆန္ဒလေးတစ်ခူ ပြီးမြောက်ခဲ့တယ် သတိထားမိလား၊ မင်းဘဝမှာ ဘယ်တော့မှ မမေ့သွားစေမယ့် ကိစ္စလေးပေါ့။ တစ်ဘဝလုံးမှာ အမှတ်တရအဖြစ်ဆုံးကိစ္စလေးအဖြစ် အတိအကျ ပြန်သိမ်းလိုက်ပါ။ အဲ့အချိန်လေး အဲ့အခိုက်အတန့်လေးဟာ မင်းကို အချိန်တစ်ခုမှာ ပြန်ပြီး အကျိုးပြုဦးမှာပါ။ အဲ့ကိစ္စလေးက မိခင်၊ငွေကြေး သို့ အချစ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စလေးပါ။

💫March-Apr ကတော့ မင်းရဲ့ talentတွေကို အတိအကျ သိတဲ့ကာလ/ရှာတွေ့တဲ့ကာလနော်။ အချို့ကတော့ ကံကောင်းခြင်းတွေ အတိအကျခံစားမိတဲ့ကာလ၊ ငါက အချစ်ခံရတဲ့သူပါလား? ငါက ဒီလိုကောင်းခြင်းတွေ ရသင့်တဲ့သူပါလားလို့ ကိုယ့်တန်ဖိုးကိုယ် သေချာသိခဲ့တဲ့ ကာလပေါ့။ ( အချို့နော် အဲ့အပျော်တွေ သတိရပြီး ကြာရှည်မခံပါလားလို့ မဝေဝါးနဲ့နော်။ ကိုယ့်အတွက်ဆိုတဲ့အရာတွေက အချိန်ဘယ်လောက်ကြာကြာ ကိုယ့်ဆီ ပြန်ရောက်လာမှာ၊ ထပ်တူခြေနေ -သို့- ပိုကောင်းတဲ့ ခြေနေနဲ့ ရောက်လာမှာ ယုံပါ။ )

🌈 May - June မှာ မင်းစိတ်တွေဟာ တိမ်တွေလို လွင့်ရင်း ပေါ့ပါးမှု လွတ်လပ်မှု နဲ့ ထိုက်တန်တဲ့ မင်းကိုယ်မင်း အတိအကျတွေ့ခဲ့တယ်။ မင်းသိလား ဒါဟာ 2025ရဲ့ မင်းအတွက် ပထမ​ဆုံး ဆုလာဘ်ပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့ လမ်းအစဟာ အဲ့ကာလမှာ စတင်ခဲ့တယ်။ မင်း သွားမိသွားရာ သွားလိုက်တဲ့ လမ်းကလေး မဟုတ်ဘဲ မင်းနဲ့ ထိုက်တန်လို့ မင်းကို မရောက် ရောက်အောင် ပို့ပေးခဲ့တဲ့ ကံတရားရဲ့ ဖြတ်လမ်း တခုပေါ့။ မင်းဘဝရဲ့ တိုးတတ်မှု အစလည်း ဖြစ်တယ်။ မင်းအလုပ်အတွက် သို့ ပညာရေးအတွက် အထောက်အကူပြုတဲ့ အသုံးအဆောင် ပစ္စည်းတွေရတာ သို့ အကျိုးရှိစေတဲ့ နယ်ပယ်အသစ်ကို ရောက်တာ၊ အနားမှာ ထောက်ပံ့ကူညီသူရှိလာတာတွေ ကြုံခဲ့တယ်။

☀️July-Aug မှာတော့ မင်းဟာ ငွေကြေး၊ လာဘ်လာဘအားတွေ သိပ်ကောင်းခဲ့တယ်။ မင်းရဲ့ စိတ်ရော လူရောဟာ အတော်ကို ကျန်းမာခဲ့တဲ့လပဲ။ နယ်ဝေးရပ်ခြားကသူတွေနဲ့ ခင်မင်တာ၊ အဆက်အသွယ်ကောင်းတွေရတာ စတဲ့ အခွင့်အလမ်းတွေရပြီး 2025ရဲ့ ဒုတိယဆုလာဘ်အနေနဲ့ မင်းဟာ ကြွယ်ဝခြင်းတံခါးဆီရောက်ခဲ့တယ်။ အချို့ ထီတွေ ပေါက်လိမ့်မယ်။ အချို့ကျ ဝင်ငွေ သိပ်ကောင်းခဲ့တယ်။ အချို့ကတော့ ဝင်ငွေကောင်းစေဖို့ ပညာ​ရပ်ကောင်းတွေ လေ့လာခဲ့ရလိမ့်မယ်။ (အကယ်၍ အဲ့ကာလမှာ မင်းအနေနဲ့ မတော်တဆ ငွေကြေးဆိုင်ရာ ဆုံးရှုံးခဲ့ရင် အမြန်ဆုံး ၇လ အကြာဆုံး ၇နှစ်အတွင်း အနည်းဆုံး ၇ဆ အများဆုံး အဆ၇၀ ပြန်ရလိမ့်မယ်။)

🌕Sep-Oct မင်းအတွက် နည်းနည်း ကိုယ်ကျိုးစွန့်ခဲ့ရတဲ့ကာလလေးပဲ၊ မင်းရဲ့ အချိန်တွေကို မင်းအတွက်မင်း သုံးရတာနည်းခဲ့တယ်။ မအားမလပ်အလုပ်တွေရှုပ်နေခဲ့ပေမဲ့ ရလာဒ်ကောင်းမမြင်ရသေးတဲ့ ကာလတွေလည်း ဖြစ်ခဲ့လိမ့်မယ်။ ဘယ်အရာကမှ အချည်းနှီးမဖြစ်ဘူး ကလေးရဲ့၊ စိုးတထိတ်ထိတ်နဲ့ ကုန်ခဲ့တဲ့အချိန်တွေမှာတောင် မင်းဟာ စိတ်ကောင်း စေတနာကောင်းနဲ့ နေခဲ့တယ်။ ရိုးရိုးသားသား ကြိုးကြိုးစားစား ဖြတ်သန်းခဲ့တယ်။ ကောင်းသော ရလာဒ်တွေ ထပ်ရလိမ့်ဦးမယ်။ (စိတ်အလိုကို လိုက်ပြီး အမှားတွေ လုပ်မိတယ်လို့ ထင်တဲ့ ကိစ္စတွေ ရှိမယ်။ အချိူ့အမှားတွေက အပြစ်မဖြစ်ဘူး ကလေးရဲ့ အမှန်သိဖို့ ကြုံရတဲ့ အခိုက်အတန့်ပဲ။ )

🌑Nov မကုန်သေးတဲ့လပေါ့၊ မင်းကတော့ ​ဆုလာဘ်ကြီး ရထားပြီနော်။ မင်းရထားတဲ့ ဆုလာဘ်ကတော့ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ခြင်းပေါ့။ မင်းရဲ့အတွင်းစိတ်မှာ လစ်ဟာနေသမျှ ပြည့်တင်းစေဖို့ အကြောင်းတွေ ရမယ့်လလို့ နမိတ်လည်း ပြတယ်နော်။
အားမငယ်ပါနဲ့တော့။ တိကျတဲ့ ပြတ်သားတဲ့ ရွေးချယ်မှုတွေနဲ့ ရဲရဲကြီး ရှေ့ဆက်ပေါ့။ မင်းမှာ ရှိနေတဲ့ ခွန်အားဖြစ်စေတဲ့ အမှတ်တရကောင်းတွေ၊ ဘဝတိုးတက်ခြင်းအတွက် အထောက်အကူဖြစ်စေတဲ့အကြောင်းအရင်းတွေ၊ လာဘ်လာဘဆိုင်ရာ ကံကောင်းခြင်းတွေနဲ့ ကြိုလင့်နေတဲ့ ကောင်းသော အလှည့်အပြောင်းတွေဟာ မနည်းမနောပါနော်။

🌟မင်းကိုယ်မင်းချစ်နေသမျှ၊ ဂရုစိုက်နေသမျှ မင်းဘာကိုမှ ကြောက်စရာ စိုးရိမ်စရာ မလိုဘူးရယ်နော်။

⏳ကုန်သွားတဲ့အချိန်တွေမှ ရခဲ့တဲ့ ကောင်းခြင်းတွေဟာ အများကြီးလို့ သတိရနော်။

🔑ရှေ့လ Decမှာ မင်းအကောင်းဆုံး ဖြတ်သန်းလို့ 2025ကို ကုန်ဆုံးလိုက်တဲ့အခါ တွေ့ရမယ့် 2026မှာ ကောင်းခြင်းတွေ အလွယ်တကူ သိမ်းဆည်းနိုင်ပါစေနော်။

🔮အကယ်၍ မင်းစိတ်မှာ လေးလေးနက်နက် ဖြစ်လိုတာ ရှိရင် ခုပဲ ပွင့်ပွင့်လင်းလင်း ဆုတောင်းပေါ့။ ပြည့်လာမယ်လို့ ရာနှုန်းပြည့် အာမခံတယ်နော်။🍀 မင်းကတော့ စိတ်ရှည်ပါမယ်လို့ ကတိပေးပေါ့။ ✌️🌷

☯️အခု 2025ဟာ မင်းအနေနဲ့ လောကကြီးမှာ အပေးအယူမျှတ​ဖို့ဟာ အရေးကြီးကြောင်းနဲ့ ကြိုးစားတဲ့သူအတွက်သာ နေရာရှိကြောင်း နားလည်သွားဖို့ ကြုံရတဲ့ နှစ်အပိုင်းအခြားလေးပေါ့။

မင်းအခုစာလေးဖတ်ပြီး ဒါကိုနားလည်နေပြီလို့ ပြောနိုင်ရင်တော့ Decမှာ မင်းရမယ့် ဆု​လက်ဆောင်ဟာ ကံကောင်းခြင်း ပျော်ရွှင်ခြင်းတွေပေါ့။ မဟုတ်ရင်တော့ နောက်တလအကျော်မှာမှ မင်းရမှာပေါ့။

2025အတွက် အမှတ်တရစာလေး ချန်ပေးဦးနော်။
အတူဖြတ်သန်းခဲ့တဲ့ တနှစ်တာအတွက် စာလေးတစောင်တော့ ပေးသင့်တာပေါ့။



Pls left one message for 2025❤️
#မူရင်းရေးသားသူကိုcrdပေးပါတယ်

22/11/2025

🍀 နမိတ် 🍀
ဤ post ကိုလက်ခံရရှိတဲ့အချိန်မှာ ကိုယ်ဟာ
စိတ်ပင်ပန်းခြင်းတွေ၊သောကတွေ၊အခက်အခဲတွေ၊စိတ်မပျော်ရွှင်မှုတွေ အဲအရာတွေကနေလွတ်မြောက်ဖို့ နမိတ်ပါ 🍀

🍀
အရင်ဆုံးအသက်ပြင်းပြင်းရှူလိုက်ပါ၊ပြုံးလိုက်ပါ။
ဘဝအတွက်အမောတွေပြေတော့မယ်နမိတ်ပါ၊
မိမိအတွက်ကောင်းသောကံတွေရောက်လာမယ်။
ငွေကံ၊အလုပ်ကံ၊ပညာရေးကံ၊အချစ်ရေးမေတ္တာရေးကံ၊
မိသားစုထဲကောင်းသောနမိတ်တည်လာမယ်။
စိတ်ကူးတွေဖြစ်လာမယ်။
ဒီပုံလေး‌ကိုတွေချိန်မှာ ကိုယ့်အနားမှာ အဝါ၊အစိမ်းလေးတစ်ခုခုရှိနေမယ်၊အကြောင်းအရာတစ်ခုခုကြောင့်ကြည်နူးစိတ်ဝင်နေမယ်ဆိုရင် မကြာခင်သိသာစွာ ကံကောင်းပါမယ်။
Angel number တွေဆက်တိုက်မြင်လာလေ ကိုယ့်အတွက်ကံပြောင်းလဲကသိသိသာသာလက်ခံရရှိပါမယ်။

ကောင်းသောကံတွေလက်ခံရရှိကြပါစေ 🍀



#မူရင်းရေးသားသူကိုcrdပေးပါတယ် 🙏

17/11/2025

ကိုယ်ပိုင်အလှကို ဂရုစိုက်ခြင်းအတွက် အဓိကသော့ချက်က သန့်ရှင်းမှုနှင့် ကျန်းမာရေးပါပဲ…

အမျိုးသမီးများရဲ့ 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐀𝐫𝐞𝐚 မှာ မှိုပိုးဝင်ရောက်ခြင်းဆိုတာ ပေါ့ဆလို့မရတဲ့ ကျန်းမာရေးပြဿနာပါ။ ‼️

အနံ့ဆိုးထွက်တာ၊ ယားယံတာနဲ့ အဖြူဆင်းတာတွေဟာ ကိုယ်ခန္ဓာရဲ့ အချက်ပေးခေါင်းလောင်းသံတွေပါ။🛎️

မှိုပိုးဝင်ခြင်းရဲ့ အဓိကလက္ခဏာများမှာ-

❗️အဖြူဆင်းခြင်း ပမာဏများပြားလာခြင်း သို့မဟုတ် အဖြူဆင်းအရောင်ပြောင်းလဲခြင်း။

❗️ပြင်းထန်စွာ ယားယံခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းခံစားရခြင်း။

❗️မနှစ်မြို့ဖွယ် အနံ့အသက်များ ထွက်ပေါ်လာခြင်း။

မှိုပိုးဝင်ရောက်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ❓

✅ရေချိုးပြီးနောက် သို့မဟုတ် 𝐓𝐨𝐢𝐥𝐞𝐭 သွားပြီးနောက် 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐀𝐫𝐞𝐚 ကို စနစ်တကျ ခြောက်သွေ့အောင် သုတ်သင်ပါ။

✅လေဝင်လေထွက်ကောင်းမွန်စေပြီး အပူချိန်နဲ့ စိုထိုင်းဆကို ထိန်းညှိပေးတဲ့ချည်သား (𝐂𝐨𝐭𝐭𝐨𝐧) အတွင်းခံများကို ဝတ်ပါ။

✅𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐀𝐫𝐞𝐚 ရှိ သဘာဝ 𝐩𝐇 မျှတမှုကို ထိန်းညှိပေးတဲ့ 𝐅𝐞𝐦𝐢𝐧𝐢𝐧𝐞 𝐖𝐚𝐬𝐡 များသုံးပေးပါ။

ပူစီလေးကျန်မာနေဖို့..နေ့စဉ် V care serum လေးသုံးပါရှင့်

ီးမေမေ

15/11/2025

မင်္ဂလာ နံနက်ခင်း 🙏

🙏 မြတ်ဗုဒ္ဓ၏ မေတ္တာတရားတော်များကြောင့်
ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးပါစေ ...

🙏 စနေ သား သမီးများ၊ {၇}ရက် သား သမီး
များနှင့်တကွ ကမ္ဘာမြေကြီးပေါ်တွင် မှီတင်း
နေထိုင်ကြသော ဝေနေယျသတ္တဝါ အားလုံး ...
🙏ကျန်းမာပါစေ
🙏 ချမ်းသာပါစေ
🙏 လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ
🙏 ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်
ပါစေ ...


#မင်္ဂလာနံနက်ခင်း

12/11/2025

🌟 ပိုမို တောက်ပတဲ့ ကိုယ်ရည်ကိုယ်သွေးဆီသို့ Oh My Zing နဲ့အတူ ခြေလှမ်း

Brand တစ်ခုဟာ ထုတ်ကုန် ရောင်းချရုံသက်သက် မဟုတ်ပါဘူး။ Oh My Zing ရဲ့ ရည်ရွယ်ချက်က သုံးစွဲသူတိုင်းရဲ့ ကိုယ်ရည်ကိုယ်သွေး (Self-Esteem) ကို မြင့်မားလာစေဖို့ပါ။🙌

✨အတွင်းပိုင်း ကျန်းမာရေး V Care Serum နဲ့ Feminine Wash တို့က Private Area သန့်ရှင်းမှုနဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးလို့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ လျော့ပါးစေတယ်။

✨ပြင်ပအလှအတွက် Whitening Booster Essence က မဲညစ်ပြီးနေလောင်နေတာ အမာရွတ်တွေကို ဖယ်ရှားပေးလို့ ကိုယ့်ရဲ့အသားအရေအပေါ် ယုံကြည်မှုရှိစေပါတယ်။

✨အမျိုးသား စွမ်းဆောင်ရည် Men Spray က စွမ်းဆောင်ရည်နဲ့ ဆွဲဆောင်မှုကို မြှင့်တင်ပေးလို့ယုံကြည်မှု အပြည့်ရှိစေတယ်။

အတွင်းအပြင် လှပပြီး ကျန်းမာနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု မြင့်တက်လာပါတယ်။

Oh My Zing ဟာ သုံးစွဲသူတိုင်းရဲ့ ဘဝကို ပိုမိုကောင်းမွန်စေဖို့ အမြဲတမ်း စောင့်ရှောက်ပေးနေမှာပါ…💯

ဆက်သွယ်ရန် -
Tele ...09799585989
Viber ..0943144434

ကနေတစ်ဆင့်စိတ်ကြိုက်မှာယူနိုင်ပါတယ်ရှင့်😍

12/11/2025

📌Brazillian Wax လုပ်ဆောင်ပြီးနောက် ရှောင်ရန်နှင့် ဂရုစိုက်ရန်များ

👉ဆောင်ရန် (Aftercare)
🌬️ လေဝင်လေထွက်ကောင်းသော အဝတ်အစား ဝတ်ဆင်ပါ
💧Wax လုပ်ပြီး ၄၈ နာရီအကြာ မှစ Ingrown Hair ပေါက်ခြင်းကို ကာကွယ်ရန် အစိုဓာတ် ထိန်းသိမ်းပါ
🧼 Oh My Zing Feminine Wash သုံးပါ

❌ရှောင်ကြဉ်ရန် (Avoid)

🔹၂၄ နာရီအတွင်း ချောင်ချိသော ချည်သားဘောင်းဘီများ ဝတ်ဆင်ပါ
🔹၂၄-၄၈ နာရီအတွင်း ရေပူဖြင့် ရေချိုးခြင်း ရှောင်ပါ
🔹ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ အားကစား ပြင်းပြင်းထန်ထန် လုပ်ခြင်းကဲ့သို့ ပွတ်တိုက်မှုများ ကို ရှောင်ပါ
🔹ရေကူးကန်ရှိ ကလိုရင်း နဲ့ ဘက်တီးရီးယားများကြောင့် ပိုးဝင်နိုင်သောကြောင့် ၄၈ နာရီခန့် ရှောင်ပါ

လိုအပ်ရင် Oh My Zing ကထုတ်ထားတဲ့ Product တွေသုံးစွဲနိုင်ပါတယ်ရှင်🤗

❤𝐕 𝐜𝐚𝐫𝐞 𝐬𝐞𝐫𝐮𝐦 - 𝟐𝟐,𝟓𝟎𝟎 𝐤𝐬
❤Detox and Collagen Tea - 19500 ks
❤Whitening Booster Essence - 22500 ks
❤Feminine Wash - 22500 ks
Tele_09799585989
Viber_0943144434
ကနေတစ်ဆင့်စိတ်ကြိုက်မှာယူနိုင်ပါတယ်ရှင့်😍

09/11/2025

Money Portal Activation တနေ့လုံးမြင်နေရသော ငွေတွေ ရွှေတွေ အားလုံးအတွက် အာရုံပြုလို့လွယ်အောင်တင်ပေးလိုက်တာပါ

ဘဝ အဆက်ဆက် သံသရာ အဆက်ဆက် မိမိနှင့်ထိုက်တန်သော ရတနာ ရွှေငွေအများအပြားရရှိပိုင်ဆိုင်နိုင်ကြပါစေရှင့်

Portalများလည်းပွင့်ပါစေ

ကောင်းကျိုးလိုရာမှန်သမျှပြည့်ပါစေရှင့်

ီးမေမေ
#သမီးမေမေ
#သမီးမေမေ_ကံ့ကော်
#ရတနာ
#ရွှေ #ငွေ

09/11/2025

မင်္ဂလာ နံနက်ခင်းလေးပါရှင်...
ကုသိုလ်ဖြင့် နိုးထပြီ...
စိတ်နှလုံး ချမ်းမြေ့ကာ အဘက်ဘက်မှ ငွေဝင်ပါစေရှင့်🙏

ီးမေမေ
#သမီးမေမေ
#နံနက်ခင်း

06/11/2025

Money Portal Activation တနေ့လုံးမြင်နေရသော ငွေတွေ ရွှေတွေ အားလုံးအတွက် အာရုံပြုလို့လွယ်အောင်တင်ပေးလိုက်တာပါ

ဘဝ အဆက်ဆက် သံသရာ အဆက်ဆက် မိမိနှင့်ထိုက်တန်သော ရတနာ ရွှေငွေအများအပြားရရှိပိုင်ဆိုင်နိုင်ကြပါစေရှင့်

Portalများလည်းပွင့်ပါစေ

ကောင်းကျိုးလိုရာမှန်သမျှပြည့်ပါစေရှင့်

ီးမေမေ
#သမီးမေမေ
#သမီးမေမေ_ကံ့ကော်
#ရတနာ
#ရွှေ #ငွေ

06/11/2025

မင်္ဂလာ နံနက်ခင်း လေးပါရှင့်🙏

ီး‌မေမေ
#သမီးမေမေ
#မင်္ဂလာနံနက်ခင်း

04/11/2025

🙏🙏🙏🙏တန်ဆောင်တိုင်လပြည့် အခါတော်နေ့‌လေးမှာ 🍀

ကိုယ်လည်းကျန်းမာ၊စိတ်ချမ်းသာပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့

VcareSerum မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙏🙏🙏

ီးမေမေ
#သမီးမေမေ
#တန်ဆောင်တိုင်လပြည့်
#မေတ္တာအခါတော်နေ့

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon