ကိုကို - Ko Koo

ကိုကို - Ko Koo

Share

styling product🥥

13/06/2026

✨ ရေမွှေးနံ့ပြင်းပြင်းတွေကြားက ဇီဇဝါရနံ့သင်းသင်းလေးနဲ့ ကိုကိုဇီဇဝါရဲ့ နူးညံ့ခြင်းအနှစ်သာရ 🌺

လူတွေအများကြီးကြားထဲမှာမှ ကိုယ့်ရဲ့တည်ရှိမှုကို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ သိမ်မွေ့နေစေမယ့် ရနံ့လေးအတွက် "ကိုကိုဇီဇဝါ အုန်းဆီမွှေး" လေး ရှိနေပါတယ်ခင်ဗျာ။ 🙋‍♂️💛

🌴 သဘာဝအုန်းဆီရဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်အီး (Vitamin E) ငါးဆကို အဆင့်မြင့်ဖော်မြူလာတို့ဖြင့် စနစ်တကျ ရောနှောဖော်စပ်ထားတာကြောင့် ဆံသားကို အစိုဓာတ်ပြည့်ဝစေပြီး တောက်ပစေပါတယ်။

ဒါ့အပြင် ဗီတာမင်အီး ငါးဆရဲ့ ပါဝင်မှုက ဆံသားကို နက်မှောင်နူးညံ့စေရုံတင်မကဘဲ ဆံပင်အရင်းမှ အဖျားတိုင်အောင် အတွင်းပိုင်းအလွှာထဲထိ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ ထူးခြားတဲ့ ဇီဇဝါရနံ့ကြောင့် မွှေးရနံ့ကို ရေရှည်သင်းပျံ့စေပြီး ကိုကို့ချစ်သူလေးတို့အတွက် အလိုက်ဖက်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်မှာအသေအချာပါပဲခင်ဗျာ။ 💛✨

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ဇီဇဝါရနံ့လေး စွဲကျန်ရစ်နေစေဖို့ "ကိုကိုဇီဇဝါ" ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ ဘယ်တော့မှ နောင်တရစေမှာ မဟုတ်ပါဘူးခင်ဗျာ။ 🥥🍃
ကိုကို့ရဲ့ နွေးထွေးမှုတွေနဲ့အတူ ဇီဇဝါရနံ့လေး သင်းပျံ့နိုင်ပါစေ ကိုကိုချစ်သူလေးတို့။💛

#ကိုကိုရဲ့ဇီဇဝါနံ့သင်းပျံ့ပျံ့
#အနားနားမှာအမြဲရှိပေးပါကိုကို
ုန်းဆီမွှေး
#ကိုကိုဇီဇဝါအုန်းဆီ

10/06/2026

"ကျောင်းတုန်းက ကျစ်ဆံမြီးလေးတွေကျစ်ပြီး ခေါင်းပေါ်က အုန်းဆီစီးကျခဲ့တဲ့ အမှတ်တရတွေ ပြန်ပြောကြမယ်။💆‍♀️🤍"

​အုန်းဆီဆိုတာ ငယ်ဘဝကျောင်းတက်ရက် အမှတ်တရတွေနဲ့ အရင်းနှီးဆုံး အလှကုန်ပစ္စည်းတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ငယ်ငယ်က ကျောင်းမသွားခင် မေမေက အုန်းဆီတွေ အိုင်ထွန်းနေအောင် လိမ်းပေးပြီး ကျစ်ဆံမြီး ကျစ်ပေးခဲ့ကြတယ် မဟုတ်လား။ ကျောင်းဆင်းချိန်လောက်ဆို အုန်းဆီတွေက အရည်ပျော်ပြီး နဖူးပတ်ပတ်လည်ကနေ စီးကျလာလို့ သူငယ်ချင်းတွေက "အုန်းဆီတစ်ပုလင်းလုံး မှောက်ထည့်လာတာလား" ဆိုပြီး စနောက်ခဲ့ကြတဲ့ ပျော်စရာအမှတ်တရလေးတွေကလည်း လူတိုင်းမှာ ကိုယ်စီ ရှိကြလိမ့်မယ် ထင်ပါတယ်။

​KoKoo သုံးစွဲသူလေးတွေမှာလည်း ဒီလိုပုံစံတူ အုန်းဆီလိမ်းရင်း ရရှိခဲ့တဲ့ အမှတ်တရလေးတွေ ရှိရင် ကိုကို့ကို ပြောပြပေးခဲ့ကြပါဦး။🙌

မိုးရာသီကျောင်းတက်ရက်တွေကို ကိုကိုအုန်းဆီမွှေးနဲ့အတူ ဖြတ်သန်းရင်း မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးလိုက်ကြရအောင်။✨

#ကျစ်ဆံမြီးထက်ကအုန်းဆီနှင့်ကျောင်းအမှတ်တရများ
#အနားမှာအမြဲရှိပေးပါကိုကို
#ကိုကိုအုန်းဆီမွှေး
#အုန်းဆီတော့အုန်းဆီဘဲဗီတာမင်အီး၅ဆပါတယ်
#အုန်း_ရှားစောင်း_ဇီဇဝါရနံ့သုံးဖော်နှင့်ကိုကို

Photos from ကိုကို - Ko Koo's post 09/06/2026

🥥✨ကိုကိုအုန်းဆီမွှေးနဲ့ အန်တီမေဆွိတို့ အတူပူးပေါင်းပြီး ၉၀ ခုနှစ် Retro Vibe အပြည့်နဲ့ တင်ဆက်ခဲ့တဲ့ “ကိုကို” သီချင်းရဲ့ တစ်လတာ Campaign မှာ ပါဝင်ပေးခဲ့ကြတဲ့ ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။🙆🏻❤️

အခုဆိုရင် အားလုံး မျှော်လင့်စောင့်စားနေကြတဲ့ ကံထူးရှင် အယောက် (၅၀) ကို ရွေးချယ်ပြီးသွားပြီပဲ ဖြစ်ပါတယ်။🥳🎉

အောက်ဖော်ပြပါ ကံထူးရှင် အယောက် (၅၀) အနေနဲ့ Ko Koo အုန်းဆီမွှေး page ရဲ့ Message Box သို့ ငါးရက်အတွင်းလာရောက် ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။🙇🏻

🤩နောက်ထပ်လည်း ပျော်စရာ Campaign တွေနဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းတွေကို ဆက်လက် ပြုလုပ်ပေးသွားမှာဖြစ်လို့ Ko Koo အုန်းဆီမွှေးရဲ့ Page လေးကို Like and Follow လုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။✨

ုန်းဆီမွှေး



#အနားနားမှာရှိနေပေးပါကိုကို

06/06/2026

📚 စာတွေအရမ်းလုပ်ပြီး တွေးရတာတွေအရမ်းများလို့ ခေါင်းတစ်ခုလုံးပူတောက်၊ စိတ်တွေပူလောင်ပြီး အားအင်တွေ ကုန်ခမ်းနေပြီလား🔥?

ဒီအတွက် ကိုကိုက KoKoo သုံးစွဲသူတို့ရဲ့ ပင်ပန်းနေတာတွေအတွက် သက်သာစေချင်တဲ့ အလေးထားမှုနဲ့ ဂရုစိုက်မှုတွေကို KoKoo အုန်းဆီမွှေး ရှားစောင်းရနံ့ဘူးလေးထဲမှာ အပြည့်ထည့်ပေးထားတယ်။🥥🌵

✨🌴 သာမန်အုန်းဆီတွေလိုမဟုတ်ဘဲ ဦးရေပြားနဲ့စိတ်ကိုပါ လန်းဆန်းအေးမြသွားစေမယ့် ရှားစောင်းလက်ပတ်ရဲ့ သဘာဝရနံ့ပါဝင်မှုက ပင်ပန်းနွမ်းနယ်မှုတွေကို ဟိုးအဝေးကို လွင့်စင်သွားစေမှာပါ။

🥥KoKoo အုန်းဆီမွှေးရဲ့ သူမတူတဲ့ Vitamin E ၅ ဆ အာနိသင်က ဆံကေသာကို အရင်းမှအဖျားထိ ရေဓာတ်ဖြည့်တင်းပေးရုံတင်မကဘဲ ရှားစောင်းရနံ့ရဲ့ သဘာဝတရားဆန်ဆန်ထူးကဲတဲ့ရနံ့ကြောင့် ခေါင်းခြောက်တာတွေကို သက်သာစေပြီး ဦးရေပြားကိုလည်း အေးမြစေကာ စိတ်ကိုကြည်လင်လန်းဆန်းစေမှာ အမှန်ပါပဲ။🌊

ခေါင်းတွေပူခြောက်နေတဲ့ ဦးရေပြားအပူတွေကို KoKoo ရှားစောင်းအုန်းဆီမွှေးလေးအသုံးပြုပြီး အကုန်ဖျောက်လိုက်ကြရအောင်💆🏻။ ကိုကို့ကို ယုံကြည်ပြီး ရှားစောင်းလက်ပတ်ရဲ့ သင်းရနံ့လေးနဲ့အတူ လန်းဆန်းအောင်နေလိုက်ပါ။❤️✨

#စာတွေကျက်ရင်းပင်ပန်းမနေပါနဲ့ကိုကိုရှိနေပေးပါမယ်
#အနားနားမှာအမြဲရှိပေးပါကိုကို
ှား‌စောင်းအုန်းဆီမွှေး
#အုန်းဆီတော့အုန်းဆီပဲဗီတာမင်အီး၅ဆပါတယ်
#ရှားစောင်းအာနိသင်

05/06/2026

🌧️ မိုးရာသီရဲ့ စိုစွတ်မှုနဲ့ လေထုစိုထိုင်းဆ မြင့်မားတဲ့ အချိန်တွေမှာ ဆံကေသာဟာ ဖွာလန်ခြင်း၊ ခြောက်သွေ့ပျက်စီးခြင်းနဲ့ အားနည်းလွယ်ခြင်းတို့ကို ပိုမိုကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့် မင်းရဲ့ ကေသာအလှကို ရာသီမရွေး သေချာဂရုစိုက်ပေးဖို့ "ကိုကို" က အမြဲရှိနေပါတယ်။ 🤍
ကိုကိုအုန်းဆီဟာ အခြားသော သဘာဝအဆီများထက် ဆံသားရဲ့ Hydrophobic Property (ရေစိုခံနိုင်စွမ်း) ကို ပိုမိုမြှင့်တင်ပေးနိုင်တာကြောင့် လေထုစိုထိုင်းဆမြင့်တဲ့ မိုးရာသီမှာ ဆံသားဖွာလန်မှုကို လျော့နည်းစေပြီး ဆံနွယ်များကို နူးညံ့ချောမွေ့စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။
🥥 Ko Koo အုန်းဆီမွှေးမှာ Vitamin E ကို သာမန်ထက် ၅ ဆ ပိုမိုအားဖြည့်ထားတာကြောင့် ဆံသားအမြစ်ကို အားကောင်းစေပြီး မိုးရာသီမှာ အဖြစ်များတဲ့ ဆံပင်ကျွတ်ခြင်းနှင့် ဆံသားအားနည်းခြင်းတို့ကိုလည်း သက်သာစေဖို့ ကူညီပေးပါတယ် 🤍။
သင်းပျံ့တဲ့ အုန်းသီးရနံ့နဲ့အတူ ကျန်းမာသန်စွမ်းပြီး စနစ်တကျထိန်းသိမ်းထားတဲ့ ဆံကေသာအလှကို ပိုင်ဆိုင်နိုင်ဖို့ မိုးရာသီ Hair Care Companion အဖြစ် Ko Koo အုန်းဆီမွှေးကို ရွေးချယ်လိုက်ပါ။
ဘယ်လိုရာသီမှာမဆို မင်းရဲ့ ကေသာအလှကို တိတ်တဆိတ် ဂရုစိုက်ပေးနေမယ့် "ကိုကို" က အမြဲရှိနေပါတယ်။ 🥥✨

04/06/2026

ဟေး... ကိုကို့ရဲ့ သဲတုန်းလေးတို့ရေ💁🏻🤍

ကျောင်းစဖွင့်တဲ့နေ့ မိုးတဖွဲဖွဲရွာနေတဲ့ မနက်ခင်းမှာ ထီးလေးဆောင်းပြီး ကျောင်းဝင်းထဲ အေးစိမ့်စိမ့်နဲ့ အထီးကျန်သလိုလို ဖြစ်နေပြီမလား။☔

အဲဒီလိုအချိန်မျိုးမှာ မင်းလေးရဲ့အနားကနေ မိုးရေစက်တွေကြားထဲ စိတ်ချမ်းမြေ့စရာ ရနံ့သင်းသင်းလေးတွေနဲ့ နွေးနွေးထွေးထွေး ကာကွယ်ပေးမယ့် ကိုကို့ရဲ့ KoKoo Hair Oil လေး ရှိပါတယ်။🥥🤍

Coconut natural extract ကို Vitamin E ငါးဆအထိ ဖြည့်တင်းပေးထားလို့ မိုးရာသီရဲ့ စိုစွတ်မှုကြောင့် ဆံပင်တွေဖွာထွက်ပြီး အလှပျက်မှာကို လုံးဝပူစရာမလိုတော့ဘူးပေါ့။ စိတ်လှုပ်ရှားစရာ ကျောင်းဖွင့်ရက်တွေအတွက် အကြိုက်ဆုံး ရနံ့လေးကို ရွေးချယ်လိုက်ပါဦး။

🥥 Sweet အုန်းသီးရနံ့လေး : မိုးအေးအေးမှာ စိတ်ကို နွေးထွေးအိစက်သွားစေမယ့် ချိုအီအီရနံ့လေးကိုမှ နှစ်သက်တာလား❔

🌵 Fresh ရှားစောင်းလက်ပက်ရနံ့လေး : မိုးအုံ့လို့ စိတ်တွေ ပိတ်လှောင်မနေရအောင် လန်းဆန်းတက်ကြွသွားစေမယ့် သဘာဝရနံ့လေးကိုပဲ မြတ်နိုးတာလား❔

🌼 Elegant ဇီဇဝါပန်းရနံ့လေး : မင်းလေး ဖြတ်လျှောက်သွားရုံနဲ့ တစ်တန်းလုံးတင်မက ကိုကိုပါ လှည့်ကြည့်ရလောက်မယ့် ဂန္တဝင်ဆန်ဆန် ဆွဲဆောင်မှုရှိတဲ့ ပန်းသင်းရနံ့လေးကို ရွေးချယ်ချင်တာလား❔

ဒါဆို မိုးစက်တွေကြားမှာလည်း ဆံကေသာအလှမပျက်ဘဲ ယုံကြည်မှုအပြည့်နဲ့ လှပနေဖို့ ကိုကို့ရဲ့ KoKoo Hair Oil လေးကိုသာ အမြန်ဆုံး ရွေးချယ်လိုက်တော့နော်... 😉✨

#မိုးစက်တွေကြားမှာလည်းကိုကိုရှိနေမယ်

#အနားနားမှာအမြဲရှိပေးပါကိုကို
#အုန်းဆီတော့အုန်းဆီပဲဗီတာမင်အီး၅ဆပါတယ်
#ရှားစောင်းအာနိသင်
#ဇီဇဝါပန်းရနံ့

01/06/2026

ကိုကို့ရဲ့ အကြည့်တွေအောက်မှာ ပိုလှလာမယ့် ဆံကေသာလေးကိုလိုချင်ပါသလားဗျာ? 🙆🏻‍♀️

မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ "ကိုကို" ဆိုတဲ့ နာမည်လေးက အားကိုးရာ၊ နွေးထွေးမှုနဲ့ ချိုမြိန်ခြင်းတွေကို ဆောင်ကြဉ်းပေးတတ်သလို၊
အခုလည်း ကိုကို့သဲသဲ‌လေးတွေရဲ့ အလှကို အချိန်တိုင်းငေးမောနေမယ့် KOKO အုန်းဆီမွှေးလေးက ပျိုမေတို့ရဲ့ စိတ်အခြေအနေအလိုက် အချစ်ရနံ့ ၃ မျိုးနဲ့ ပြုစုယုယပေးတော့မှာပါ။

ရနံ့လေးအားဖြင့်လည်း အရွေးရခက်တတ်တဲ့ ပျိုမေလေးတို့အတွက် စွဲမက်စရာ ၃ မျိုးတောင် ရှိပြီး ကိုကို့ကိုရွေးရင်တော့ ဘယ်တော့မှ အရွေးမှားမှာ မဟုတ်ပါဘူး။ 😛💓

🌸 ကိုကို့ရဲ့ ပထမဆုံးစတွေ့ခါစရက်စွဲလို နှစ်သက်ဖွယ် (ဇီဇဝါပန်းရနံ့)
ချိုအေးပျံ့လွင့်နေတဲ့ ပန်းရနံ့လေးက ရည်းစားဦးနဲ့ စတွေ့တဲ့နေ့ကလိုမျိုး ရင်ခုန်သံတွေကို တဆတ်ဆတ် တုန်ခါစေမယ့် ဆွဲဆောင်မှုမျိုးပေါ့။

🌿 ကိုကို့ရဲ့ နွေးထွေးတဲ့ဂရုစိုက်မှုကို သက်သေတည်မယ့် (ရှားစောင်းလက်ပတ်ရနံ့)
ပင်ပန်းသမျှကို အေးမြသွားစေမယ့် ရနံ့လေးမို့ စိတ်ကိုလန်းဆန်းစေပြီး ဆံသားလေးတွေကို အမြဲနုပျိုနေစေမှာပါ။ 🧚🏻‍♀️

🥥 ကိုကို့ရဲ့ ရိုးရှင်းတဲ့သစ္စာကို ဖော်ကျူးမယ့် (အုန်းသီးသဘာဝရနံ့)
Classic ဖြစ်တဲ့ သဘာဝအုန်းသီးနံ့ သင်းသင်းလေးက ဘယ်တော့မှမရိုးနိုင်တဲ့ ဘေးကင်းလုံခြုံမှုနဲ့ နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။

မျက်လှည့်ပြသလို ထူးခြားတဲ့ Vitamin E (၅) ဆ အာနိသင်ကြောင့် ဆံသားလေးတွေ အိစက်ညှက်ဖောနေဖို့အတွက်ကိုကို့အနံ့ ၃ မျိုးထဲက ကြိုက်ရာကိုသာ အခုပဲ ရွေးချယ်လိုက်ကြလိုက်စို့ခဗျာ။ 🙆🏻

#အနားနားမှာအမြဲရှိပေးပါကိုကို #အုန်းဆီတော့အုန်းဆီပဲဗီတာမင်အီး၅ဆပါတယ် #ရှားစောင်းအာနိသင် #ဇီဇဝါပန်းရနံ့

27/05/2026

ခြောက်သွေ့ဖွာလန်နေတဲ့ ဆံသားတွေအတွက် အထိရောက်ဆုံး အစိုဓာတ်... 💚🌿
Aloe Vera (ရှားစောင်းလက်ပတ်) ရဲ့ အစိုဓာတ်က ဆံသားခြောက်သွေ့ပျက်စီးမှုကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးပါတယ်။ ဦးရေပြားကို အေးမြစေပြီး ဗောက်ထခြင်းနဲ့ ယားယံခြင်းတွေကိုလည်း သက်သာစေလို့ နွေရာသီမှာ အသင့်တော်ဆုံးပဲပေါ့။
❄️ ဦးရေပြားကို အေးမြလန်းဆန်းစေတယ်။
❄️ ဆံသားအစိုဓာတ်ကို ထိန်းညှိပေးပြီး ဖွာလန်ခြင်းကို ကာကွယ်ပေးတယ်။
ကျန်းမာစိုပြေတဲ့ ဆံကေသာအလှအတွက် ကိုကို ရှားစောင်းကို အခုပဲ လိမ်းကြည့်လိုက်ပါဦးနော်…✨ #အနားနားမှာအမြဲရှိပေးပါကိုကို #အုန်းဆီတော့အုန်းဆီပဲဗီတာမင်အီး၅ဆပါတယ် #ရှားစောင်းအာနိသင်

25/05/2026

တစ်နေကုန် ပန်းရနံ့လေးနဲ့ မွှေးပျံ့နေမယ့် ဆံကေသာအလှ... 🤍🌸
သဘာဝဇီဇဝါပန်းရဲ့ အဆီအနှစ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ကိုကို ဇီဇဝါအုန်းဆီက ဆံသားကို နူးညံ့ပျော့ပျောင်းစေတဲ့အပြင် စိတ်ကိုကြည်လင်စေတဲ့ သင်းပျံ့တဲ့ ရနံ့လေးကို ပေးစွမ်းနိုင်ပါတယ်။
✨ ဆံသားအရှုပ်အထွေးကင်းပြီး ပိုးသားလေးလို ချောမွတ်စေတယ်။
✨ တစ်နေကုန် ရနံ့သင်းပျံ့ပြီး လန်းဆန်းစေတယ်။
ဆံကေသာမှာ ပန်းလေးတွေ ပွင့်နေသလို ခံစားရစေဖို့ ကိုကို ဇီဇဝါကို ရွေးချယ်လိုက်ပါ။ 🌿"

#အနားနားမှာအမြဲရှိပေးပါကိုကို #ဇီဇဝါပန်းရနံ့ #အုန်းဆီတော့အုန်းဆီပဲဗီတာမင်အီး၅ဆပါတယ်

23/05/2026

စုစုပေါင်း ဆုငွေ (၈) သိန်းကျပ်အထိ ပေးမယ့် ကိုကိုအုန်းဆီ “Retro Vibe Challenge” ကြီး ရောက်လာပြီ! 🤩🔥✨
TikTok ဆော့ရုံတင်နဲ့ ဆုငွေ (၈) သိန်းကျပ်အထိ ရနိုင်မယ့် အခွင့်အရေးကြီးကို လက်လွတ်မခံဘဲ အခုပဲ ဝင်ရောက်ယှဉ်ပြိုင်လိုက်ပါ။ 👇

🔗 Challenge ဝင်ရောက်ဆော့ကစားရန် Link: [ https://vt.tiktok.com/ZSx5Ycr83/ ]
(Link ကိုနှိပ်ပြီး TikTok မှာ တိုက်ရိုက်ဝင်ဆော့နိုင်ပါတယ်…)
80s - 90s ခေတ်ရဲ့ အလန်းဆုံး Retro King / Queen ဖြစ်လာဖို့ အဆင်သင့်ပဲလား? 🕺💃 ကိုကိုအုန်းဆီရဲ့ “Retro Vibe” TikTok Effect အသစ်စက်စက်လေးနဲ့ “ကိုကိုသီချင်း” 🎵 ရဲ့ စည်းချက်အတိုင်း သင့်ရဲ့ အမိုက်စား Retro ဖက်ရှင်၊ အထာကျတဲ့ Pose တွေကို Creative ဖြစ်ဖြစ် ပြသပြီး ဆုကြီးတွေကို အခုပဲ ဝင်လုလိုက်တော့နော်။

🎁 ရင်ခုန်စရာ ဆုတွေကတော့👇
🥇 Best Retro Style Award (၁ ဆု) — ၃ သိန်းကျပ် (ခေတ်ဟောင်းvibeကို အမိအရ ဖမ်းဆွဲနိုင်သူ)
❤️ Most Popular Award (၁ ဆု) — ၂ သိန်းကျပ် (အများဆုံး အားပေးခံရသူ)
🎬 Most Creative Award (၁ ဆု) — ၁ သိန်းကျပ် (အဆန်းသစ်ဆုံး Idea ပိုင်ရှင်)
💛 Match Perfect Award (၂ ဆု) — ၅ သောင်းကျပ် (အလိုက်ဖက်ဆုံး ဖန်တီးနိုင်သူ)
✨ Special Prize (၁၀ ဆု) — ၁ သောင်းကျပ် (အထူးဆုလက်ဆောင်)
📌 ပါဝင်ယှဉ်ပြိုင်ရန် လွယ်ကူတဲ့ အဆင့် (၃) ဆင့်
1️⃣ TikTok မှာ ကိုကိုအုန်းဆီရဲ့ “Retro Vibe” Effect ကို သုံးပြီး ဗီဒီယိုရိုက်ပါ။
2️⃣ “ကိုကိုသီချင်း” Original Sound ကို မဖြစ်မနေ အသုံးပြုပါ။
3️⃣ အောက်ပါ Hashtag (၃) ခုကို ထည့်ပြီး TikTok ပေါ် တင်လိုက်ရုံပါပဲ။
👉
👉
👉
တစ်ခါမှမရဖူးသေးတဲ့ ခေတ်ဟောင်း Vibes တွေနဲ့ အခုပဲ ကင်မရာဖွင့်ပြီး အပြတ်အသတ် ပါဝင်ယှဉ်ပြိုင်လိုက်တော့နော်! 😎🔥✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00