King of Tarot - ဆရာဗေဒကျော်

King of Tarot - ဆရာဗေဒကျော်

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from King of Tarot - ဆရာဗေဒကျော်, Kamayut, Yangon.

King of Tarot - ဆရာဗေဒကျော်
Tarot & Astrology
Viber/Telegram - 09960960294 (Kyaw Zin Thant)

Tarot ကို ယုံကြည်ပါ - မှန်ကန်မှုကို ရပါမည်
(မေးခွန်းတစ်ခု-၃၀၀၀; ငါးခု-၁၀၀၀၀)

19/05/2026

♎ Libra အတင်းလေးလာပါပြီ🤣

ကိုယ်စားပြုသော Tarot ကတ်များ —
Justice,
The Lovers,
Temperance,
Queen of Swords

အစမှာတော့ Libra တွေက လူတိုင်းအတွက် perfect လူလိုပဲ ထင်ရတတ်တယ်။
စကားပြောကောင်းတယ်။
နားလည်ပေးတတ်တယ်။
Attention ပေးတတ်တယ်။
ဘယ်သူနဲ့မဆို အဆင်ပြေအောင် နေနိုင်တယ်။

သူတို့နဲ့ရှိရင် ကိုယ်က special ဖြစ်နေသလို ခံစားရတတ်တယ်။
ဒါပေမယ့် အဲ့ဒီ နွေးထွေးမှု တွေက တကယ်တော့ “everyone gets the same treatment” ဖြစ်နေတတ်တာ အဆိုးဆုံးပဲ။ သူက ကိုယ့်အပေါ်မှ ကောင်းနေတာမဟုတ်ဘူး #လူတိုင်းအပေါ်ကောင်းနေတာ 🤭

Libra တွေက လူတိုင်းကို မျှမျှတတ ဆက်ဆံချင်တယ်။
ဒါပေမယ့် relationship မှာ “မျှတမှု” ဆိုတာ တစ်ခါတလေ အဆိပ်အတောက် ဖြစ်သွားတတ်တယ်။

ကိုယ်က သူ့အတွက် unique လို့ ထင်နေချိန်မှာ
သူကတော့ #လူတိုင်းကို ဒီလိုပဲ ဆက်ဆံနေတတ်တယ်။

Libra တွေက confrontation ကို ကြောက်တယ်။ ထိပ်တိုက်မရင်ဆိုင်ရဲဘူး။
ဒါကြောင့် မချစ်တော့လည်း #တိုက်ရိုက်မပြောဘူး။
မလိုချင်တော့လည်း မငြင်းဘူး။
မသေချာတော့လည်း မလွှတ်ဘူး။

သူတို့ရဲ့ “မနစ်နာစေချင်လို့” ဆိုတဲ့ attitude က နောက်ဆုံးမှာ လူကို ပိုနာကျဉ်စေတတ်တယ်။

မျှော်လင့်ချက်ပေးထားတယ်။
Future plan တွေ ပြောထားတယ်။
Attention တွေ ပေးထားတယ်။
ဒါပေမယ့် commitment ရောက်လာတဲ့အချိန်မှာ suddenly cold ဖြစ်သွားတတ်တယ်။

Libra တွေက လူကောင်းဖြစ်ချင်လွန်းလို့ villain မဖြစ်ရဲဘူး။
ဒါပေမယ့် villain မဖြစ်ရဲတဲ့လူတွေကပဲ တစ်ခါတလေ အဆိုးဆုံး damage ပေးသွားတတ်တယ်။

ဘာလို့လဲဆိုတော့
သူတို့က “မင်းကို မချစ်တော့ဘူး” လို့ တိတိကျကျ မပြောဘဲ
“အလုပ်ရှုပ်နေလို့”
“စိတ်တွေများနေလို့”
“ငါလည်း confused ဖြစ်နေလို့”
ဆိုပြီး relationship ကို slow death ပေးတတ်လို့။

Libra တွေက attention addict လည်း ဖြစ်တတ်တယ်။
လူတွေချစ်တာကို ကြိုက်တယ်။
လိုအပ်ခံရတာကို ကြိုက်တယ်။
ဒါကြောင့် မချစ်တော့တဲ့ relationship ကိုတောင် အရသာပြေ ဆက်ထားတတ်ကြတယ်။

သူတို့ရဲ့ problem က —
သူတို့ကိုယ်တိုင်တောင် ဘာလိုချင်မှန်း သေချာမသိတာ။ #မမဆောင်း တွေလေ။

ဒီနေ့ “မင်းမရှိရင် မဖြစ်ဘူး” ပြောပြီး
နောက်နေ့ကျ “ငါတစ်ယောက်တည်းနေချင်တယ်” ဖြစ်သွားတတ်တယ်။

လူတွေကို hurt လုပ်နေတာကို သိပေမယ့်
direct decision မချရဲလို့ situation ကို ဆွဲထားတတ်တယ်။
အဲ့ဒီ indecision ကပဲ တခြားသူအတွက် trauma ဖြစ်လာတတ်တာ။

Queen of Swords shadow ဝင်လာတဲ့ Libra တွေကတော့ ပိုဆိုးတယ်။
အစက ကြင်နာမှု တွေ ပျောက်ကွယ်သွားပြီး ရုတ်တရက် #အေးစက်သွား တတ်တယ်။

မနေ့ကထိ sweet ဖြစ်နေတဲ့သူက
ဒီနေ့ ချက်ချင်း စက်ရုပ်လို ဖြစ်သွားတယ်။
Reply တွေ အေးလာတယ်။
Distance ထားလာတယ်။
ဒါပေမယ့် “ပြတ်မယ်” လို့တော့ မပြောဘူး။

အဲ့တော့ ပတ်သက်မိတဲ့သူက
“ငါဘာမှားသွားလဲ”
“ငါ့ဘက်က မလုံလောက်လို့လား”
ဆိုပြီး ကိုယ့်ကိုယ်ကို စပြီး Psycho ဝင်လာရတယ်။

Libra တွေက intentionally cruel မဟုတ်ဘူး။
ဒါပေမယ့် သူ့ရဲ့ #မပြတ်သားတဲ့ #မရဲဝံ့တဲ့ လုပ်ရပ်တွေက တစ်ခါတလေ cruelty ထက်တောင် ပိုနာကျဉ်ရတတ်တယ်။

သူတို့က peace ကို အရမ်းလိုချင်လွန်းလို့ truth ကို ရှောင်တတ်တယ်။
Conflict မဖြစ်ချင်လွန်းလို့ honesty ကို ဖျော့ပစ်တတ်တယ်။
နောက်ဆုံးမှာတော့ လူတိုင်းကို မနာစေချင်တဲ့သူက လူတိုင်းကို နာကျဉ်စေပြီး ကိုယ်တိုင်လည်း victim လို ပြန်ခံစားနေတတ်တာ Libra တွေပါပဲ။

သူ့ကြောင့်ဖြစ်ကုန်ပြီး သူက ပြန်ပြီး #ပန်းနုသွေးပစ်တာ။

#ပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီး တွေပါ။

အစမှာ charming ဖြစ်တယ်။
နောက်ပိုင်းမှာ confusing ဖြစ်တယ်။
နောက်ဆုံးမှာတော့ emotional damage ပေးပြီး “ငါလည်း ပင်ပန်းနေပါတယ်” ဆိုတဲ့ #မျက်နှာငယ် နဲ့ ထွက်သွားတတ်တဲ့ sign တွေပါဘဲ ဗျာ။

Libra တွေ မမှားဘူး။
ပတ်သတ်မိတဲ့ ငါ့တို့မှားတာ 😩😤😤

18/05/2026

♍ Virgo အတင်းတုပ်ပြစေ 🤪

ကိုယ်စားပြုသော Tarot card များ -
The Hermit
Queen of Pentacles
Eight of Pentacles
Justice

Virgo တွေဟာ စနစ်ကျသော သေသပ်သော တိကျသော စည်းကမ်းရှိသော သူများဖြစ်တယ်။
နှလုံးသားထက် ဦးနှောက်ဖြင့် ဆင်ခြင်သုံးသပ်ပြီး လက်တွေ့ကျသော အယူအဆကို လက်ခံတယ်။
အရာရာစေ့စပ်လွန်းပြီး အမှားသေးသေးလေးကအစ မြင်နိုင်စွမ်းရှိတယ်။
Perfectionism တွေ ဖြစ်တဲ့အလျောက် မိမိ ကျွမ်းကျင်ရာဘာသာရပ်ကို ကုန်းဆုံးမြေဆုံး နှံ့စပ်အောင် လေ့လာနိုင်သူများဖြစ်ကြတယ်

Anime like energy - (Mikasa-like disciplined protector)

Virgo က အရာရာကို သေချာစီမံပြီး တိတိကျကျလုပ်ဆောင်တတ်တဲ့ အားကိုးရသူတစ်ယောက်ဖြစ်တယ်။ သူမရဲ့ဘဝက တာဝန်နဲ့ စည်းကမ်းပေါ်မှာတည်ထားပြီး ခံစားချက်တွေကို အများအားဖြင့် ဖုံးကွယ်ထားတတ်တယ်။ သူမက ချစ်ခြင်းကိုလည်း တိတ်ဆိတ်စွာကာကွယ်ပေးတတ်တယ်။

စတုပ်ပါပြီနော် 😝
Shadow:
က ဖြစ်ပြီး အရာအားလုံးကို analyze လွန်တတ်တယ်။
Perfect ဖြစ်ချင်စိတ်ကတော့ #ရူးသွပ်နေရော။ အရာရာစေ့စပ်လွန်းပြီး တစ်ယောက်တည်း မပြီးနိုင်မစီးနိုင် စိတ်တိုင်းမကျနိုင် ဖြစ်နေသူတွေပါ။
စိတ်တိုင်းကတော့ တော်ရုံမကျပါဘူး။
သူကိုယ်သူလည်း မကျ၊ ကျန်တဲ့သူတွေလည်းမကျ၊ အင်မတန် #ဇီဇာကြောင်သော sign ဖြစ်ပါတယ်။

သူ့နားနေရတာ #တကယ်ပူလောင်ပါတယ်။
အမှားသေးသေးလေးကအစ အကုန်မြင်၊ အရမ်းပြောတတ်၊ ဝေဖန်တတ်။
#ဘေးထိုင်ဘုပြော ဆရာကြီးတွေပါ။ တွေလည်း ဖြစ်ကြတယ်။
$ပြစ်ပြောဖို့ဆို သင်ပေးစရာမလို မွေးရာပါအထုံရှိပြီးသား။

သူပြောတာခံရပြီးသူတိုင်းသိတယ်၊
#အဲ့နေရာမှာတင်သေးသေးလေးဖြစ်ပြီးပျောက်ကွယ်သွားချင် လောက်အောင် သိမ်ငယ်သွားအောင် ပြောတတ်သော $မှန်းကန်းမှန်း နားမလည်ကြတဲ့ တစ်ဖက်စောင်းနင်း ဘုကလန့်တွေပါ။

လူတစ်ယောက်ကို လည်း နှလုံးသားနဲ့ ဆက်ဆံဖို့ထက် ခေါင်းစခြေဆုံး ဝေဖန်ပြီးမှ သူ့ standard နဲ့ ကိုက်မှ အဖက်ပြန်လုပ်တတ်တဲ့ #ဘဝင်ရူးတွေပါဘဲ။

Hermit energy လွန်ရင် ဖြစ်ရော။
ဖြစ်မှာဘဲလေ အဲ့လောက် ဇီဇာကြောင် သောက်ပြစ်ပြော နေမှတော့ သူ့နား #ခွေးတောင်ဖြတ်မလျောက်ဘူး။

အဲ့တော့ သနားသွားလား?
Virgo တွေကလည်း အထီးကျန်လို့ဆိုပြီး ဝမ်းမနည်းဘူး။ သူရူးနေတဲ့ အလုပ် / ဝါသနာနဲ့ နေနေရရင် အင်္ဂါဂြိုလ်မှာ တစ်ယောက်တည်း နေရလည်း အဆင်ပြေတဲ့ #အကြောတင်းတွေ။

Virgo တွေက အသန့်ကြိုက်တော့ ရုပ်ထွက်မဆိုးဘူး။ သန့်သန့်လေးနဲ့ အထီးကျန်နေတော့ လူတွေက အဖော်လုပ်ပေးချင်တယ်။ မေတ္တာနဲ့ ကုစားပေးချင်တယ်ပေါ့ကွာ။

အဲ့လို သဘောထားတဲ့ သူ့အပေါ်ကောင်းနေတဲ့ သူကိုလည်း မျက်စိထဲ ဒေါင်းမကျိုးရင် ပက်ခနဲ ပြောပစ်ဖို့ ဝန်မလေးဘူး။

တအားတွေပြောပြီး ပြီးမှ အားနာမယ့်၊ စိတ်မကောင်းဖြစ်မယ့်ထဲလည်း မပါပါဘူး။ ငါမှန်တာ ပြောတာ အနာရှိရင် စပ်ကြ ဆိုပြီး နောင်တ မရတဲ့အပြင် ခပ်ချေချေနေမယ့် လူ့ကျင့်ဝတ် နားမလည်သူတွေပါ။

ပြောရင်လည်း အများကြီး သိပ်မပြော။ တစ်လုံးဆို တစ်လုံး #နစ်နေအောင်ပြောတာ။

အဲ့လိုပြောလို့ သူတို့ကိုယ်သူတို့ မဝေဖန်ဘူးလား လို့ သံသရမရှိနဲ့။
Justice ကြောင့် အလွန်ပြင်းထန်တတ်တယ်။ သူ့ကိုသူလည်း နေ့တိုင်းဝေဖန်၊ သုံးသပ်၊ ပြင်ဆင်၊ နေတာ။

အာ့နဲ့ဘဲ တစ်ယောက်တည်း #ဆိုက်ကိုတွေရိုက် အတွေးထဲမြော၊ အထီးကျန်နေကြတာ။

Virgo ရွေးမယ် ဆိုရင်တော့ ကိုယ့်အပြစ်ကို မမြင်နိုင်တဲ့ #မျက်မမြင် ဖြစ်ဖြစ်၊ မြင်လည်း ပြောလို့မရတဲ့ #အအ ဖြစ်ဖြစ် ရှာလိုက်ပါနော်။ ဒါတောင် စာနဲ့ရေးပြီး blame မယ့် မဘလိန်းရမနေနိုင် တွေပါဘဲ ဗျာ။

18/05/2026

♌ Leo အတင်းတုပ်ပါမယ် 😁

အတင်းတုပ်ချင်တာမလို့ ကောင်းကြောင်းလေးတွေက နည်းနည်းဘဲ ပါမှာ မလို့ ကြိုပြီးတော့ ခေါ်ထိုးခ ဘီယားနဲ ပါ🤭🤭

ကိုယ်စားပြုသော ကတ်များ:
The Sun,
Strength,
King of Wands,
Six of Wands

Leo က ရောင်ခြည်ထွန်းတဲ့ energy နဲ့ ကိုယ်ပိုင်ယုံကြည်မှုအပြည့်ရှိတယ်။
လူတွေကို ဦးဆောင်နိုင်ပြီး အောင်မြင်မှု၊ ချီးကျူးမှုကို ဆွဲဆောင်တတ်တဲ့ natural leader ဖြစ်တယ်။

Anime like energy - (Naruto-like leader energy)
Leo က လူတွေကို မျှော်လင့်ချက်ပေးနိုင်တဲ့ natural-born leader တစ်ယောက်ဖြစ်တယ်။
သူ့ရဲ့အိပ်မက်က ကြီးမားပြီး လူတွေက သူ့ကိုကြည့်ပြီး စိတ်အားထက်သန်လာအောင် လုပ်နိုင်တယ်။
ဒါပေမယ့် သူ့စိတ်အတွင်းထဲမှာတော့ အမြဲတမ်း “ငါ့ကို တန်ဖိုးထားလား?” ဆိုတဲ့ မေးခွန်းတစ်ခုရှိ အမြဲရှိနေတယ်။

စတုပ်ပါပြီနော် 🤭🤭
Leo က အောင်မြင်မှုနဲ့ အာရုံစိုက်မှုကိုလိုအပ်တတ်တယ်။ #အရေးပါအရာရောက်ချင်တာ။ 😏
သူသာလျှင် #ဆရာကြီး #သူသိသူတတ် #ကိုယ်တတ်ပ၊

သူလုပ်မှ ဖြစ်။
သူဘဲဦးဆောင်။
သူဘဲစီမံ။
သူ့စကားနားထောင်
သူပြောသလိုလုပ်။
အဲ သူ့ကိုတော့ သွားပြီး ဘယ်လိုလုပ် ဘယ်ညာလုပ်သွားမပြောနဲ့နော် ရန်သူဘဲ။ သူသာ ဆရာကြီးလုပ်မှာ သူ့ကို ပြန်လုပ်ရင် လုံးဝမကြိုက်။

ဆရာ့ကို ဆရာလုပ်တာတော့ လုံးဝ မကြိုက်။ ဆရာကတော့ ဆရာလုပ်မယ်။ ဘယ်လောက်တောင်လဲဆို ဆရာ့ဆရာတွေကိုလည်း ဆရာလုပ်တယ်၊ လက်အောက်ငယ်သားလည်း လုပ်တယ်၊ သူငယ်ချင်းတွေလည်း သူ့မျက်လုံးထဲ အားလုံး တပည့်။ သက်ရှိသက်မဲ့ ဘာလာလာ သူသိသူတတ် သူစီမံမယ် ဒါဘဲ။ 😪

အာရုံစိုက်ခံချင်တာကတော့ #နိုင်းလောက်ရှိ။ တကယ်က #အတံရှည်လိုချင်တာ၊

အတံမှ အရှည်ကြီးကို လိုတာ၊
သူ့အဖက်မလုပ်ကြည့် မျိုးစုံကြိုးခုန် #ရစ်ပါလိမ့်မယ်၊ #ဟောက်ပါလိမ့်မယ်၊ #ခိုင်းပါလိမ့်မယ်၊ #ဆုံးမပါလိမ့်မယ်။

သူ့ရှေ့ တခြားတစ်ယောက်ကို ကရုစိုက်ပြလိုက်လို့ကတော့ #ပျားအုံကိုတုတ်နဲ့ထိုး တာဘဲ၊ သေအောင် တုတ်ခံရဖို့သာ ပြင်ထားလိုက်ပါတော့။

King of Wands လွန်သွားရင် ဖြစ်လာနိုင်တယ်၊ control ကတော့ ဟိုဘက်ကမ်းဘဲ၊
တစ်ဖက်လူရဲ့စိတ်ကို #ထောင်သွင်းအကျဉ်းချ
#တိုက်ပိတ်ထားသလိုကို ထားတာ။

toilet သွားတာ၊ ရေသောက်တာက အစ ခွင့်တောင်းရမယ့်အပေါက်မျိုး။

သူ့ကို ကျော်ဖို့ မဆင်းစားနဲ့နော်။ “ #ကေသီ့ကိုကျော်ဖို့မစဉ်းစားနဲ့” ဆိုတာ Leo တွေရဲ့ ဆောင်ဘုတ်။

Six of Wands ကြောင့် validation addiction ဖြစ်တတ်
တယ်။ #အမြှောက်ကြိုက်တာကိုပြောတာ။

အဲ့တစ်ပေါက်တော့ရှိတယ် သူ့ကို ပြန်ခိုင်းချင်ရင်
#မြှောက်ပြီးခိုင်း၊
#ကိုကိုရှိလို့အဆင်ပြေတာ၊ #မမဘဲအားကိုးနေရတာ၊ အဲ့လို။

ချီးမြှောက်တာ ဘယ်လောက်ခံချင်လဲဆို ကျေးဇူးတင်ပါတယ်တို့၊ ဝမ်းသာပါတယ်တို့လောက်တော့နား။

ဗိုလ်ရှုသဘင်လို #အခန်းအနားလုပ်ပြီး ဂုဏ်ပြုခံချင်တာမျိုး၊ #ကေသရာဇာခြင်္သေ့မင်းတို့ ဘာတို့ပါဘဲ

သူရှိမှ လောကကြီးက နေမင်းရဲ့ ထွန်းလင်းမှုနဲ့ လူသားတွေ အလင်းဆောင် အမှောင်ခွင်း ရတယ်လို့ကို ယူဆတာ။
သူတို့ကို သူတို့ #တန်ခိုးရှင်လိုလို၊ ဘာလိုလိုဘဲ။

ဆူဆဲအော်ငေါက်၊ ထိန်းကြောင်းဆုံးမ၊ လမ်းပြသွန်သင်၊ ခံနိုင်ရင်တော့ Leo နားနေလိုက်နော်။
တစ်သက်စာ Guide ငှါးထားသလို နေနိုင်ရင်ပေါ့ 😝

ကျတော်ကတော့ ရှောင်တယ် 😁

17/05/2026

♋ Cancer အတင်းတုပ်ပါမယ် 😜
ကိုယ်စားပြုသော ကတ်များ:
The Chariot,
Queen of Cups,
Four of Cups,
The Moon

က စိတ်ခံစားမှုနက်ရှိုင်းပြီး အိမ်၊ မိသားစုကို အလွန်တန်ဖိုးထားတတ်တယ်။
ခံစားချက်နဲ့ လမ်းညွှန်မှုကို အားထားပြီး တစ်ခါတစ်ရံ အတွင်းစိတ်ထဲမှာပဲ မြိုသိပ်ထားတတ်တယ်။

Anime like energy - (Hinata-like gentle soul)
Cancer က အလွန်နူးညံ့ပြီး လူတွေကို ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်တယ်။
သူမက အခြားသူတွေကို ကာကွယ်ပေးချင်စိတ်ပြင်းထန်ပေ
မယ့် ကိုယ့်ခံစားချက်ကိုတော့ အမြဲဖုံးကွယ်ထားတတ်
တယ်။
သူမရဲ့အတွင်းစိတ်က လှိုင်းလုံးလိုဖြစ်ပြီး ချစ်ခြင်းနဲ့ နာကျင်မှုကို တစ်ပြိုင်နက်ခံစားတတ်တယ်။

စတုပ်ပါပြီ 😁😁
Cancer က ခံစားချက်နက်ရှိုင်းလွန်းပြီး emotional mood swings ဖြစ်တတ်တယ်။ တာမှ ချာလပတ်ရမ်းအောင် swing တာ။ တကယ်က #စိတ်မမှန်တာပါ။

သူသာ #ဇာတ်နာသူ သူသာ #နစ်နာသူ သူ့လောက် ်းနိုင်တဲ့သူတော့ မရှိနိုင်တော့။ စစ်စစ်တွေပါ။

Queen of Cups energy လွန်သွားရင် over-sensitivity ဖြစ်ပြီး ဘာစားဦးမလဲ မေးတာကို #မကျွေးချင်တော့တာလား။ #ငြိုငြင်တာလား။

ဒီနေ့လျောက်လည်ရတာ ပျော်လားမေးတာကို ပျော်ရင် ပျော်တယ် မပျော်ရင် မပျော်ဘူးပေါ့။
အဲ့လိုမဟုတ်၊ မေးတဲ့သူက #မပျော်လို့မေးတာလား၊ ငါနဲ့နေရတာ #ငြီးငွေ့လာတာလား။

အမလေး ကိုရီးယားက ဇာတ်ညွှန်းရေး ဆရာတွေပါ လက်မြှောက်ရမယ်။ #နာလိုက်တဲ့ဇာတ်။

Moon energy ကြောင့် illusion, fear, insecurity တွေဖြစ်တာဆိုလည်း #ဖြစ်နေတာတွေစိုးရိမ်၊ #မဖြစ်သေးတာလည်းစိုးရိမ်၊ #ဖြစ်ပြီးသွားတာလည်း #ပြန်တွေးပြီးပြန်စိုးရိမ်၊ နောက်ဆုံး #မဖြစ်နိုင်တာတွေပါတွေးပြီးစိုးရိန်

တစ်ယောက်တည်း ဇာတ်လမ်းဆင်ပြီး စိုးရိမ် တာမှ ိုးရိမ်တာလောက်တော့ Cancer တွေက အိပ်နေသလောက်ဘဲရှိတယ်။

ပြီးတော့ လက်ဆောင်တစ်ခုပေးလိုက်မယ် မြိုသိပ်ပြီး ဘာမှ ပြန် မပြောလို့ဆိုပြီး သဘောကောင်းတယ်မထင်နဲ့ သူခံရသမျှ အပိုင်း ၁ ကနေ စပြီး အကုန် မှတ်မိတယ်။

#ဘောင်ချာစုတ်တဲ့နေ့ကျ ခရားရေလွှတ် ပြောပါလိမ့်မယ်။

သူဘာသာသူ ကြွေချင်နေတဲ့ အသီးကို ကိုယ်ထိလိုက်လို့
ကြွေရပါတယ် ဆိုပြီး ခံပြင်းရတာက တစ်မျိုး၊ ငိုချင်
ရက်လက်တို့ကို သွားမစကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေ။

ကင်ဆာတွေကို ကင်ဆာ ပေးလို့မရပါဘူးနော်။
ကင်ဆာတွေကဘဲ ကင်ဆာပြန်ပေးသွားမှာပါ။
စိတ်ကင်ဆာ မဖြစ်ချင်ရင် ကင်ဆာ ဆိုတာနဲ့ ရှောင်လိုက်ကြစို့ပါ 🤣🤣🤣

16/05/2026

♊ Gemini အကြောင်းအတင်းတုပ်ပါမယ် 🤪
ကိုယ်စားပြုသောကတ်များ:
The Lovers,
Page of Swords,
Two of Swords,
Knight of Swords

Gemini က စိတ်နှစ်မျိုး သဘောရှိပြီး ဆက်သွယ်မှုကောင်း၊ အတွေးမြန်တဲ့ လက္ခဏာဖြစ်တယ်။ ဉာဏ်ကောင်းသော၊ သူများနဲ့ မတူတဲ့ အတွေးရှိသော၊ တမူထူးခြားသော #တော်တတ်ထက်မြတ်ကိုယ်တတ်ပပါ့တို့အဖွဲ့ ပါဘဲ။

သတင်းအချက်အလက်အသစ်တွေကို မြန်မြန်ယူနိုင်ပေမယ့် ဆုံးဖြတ်ရာမှာ တစ်ခါတစ်ရံ အလွဲအချော်ဖြစ်နိုင်တယ်။

Anime like Energy (Light Yagami-like dual mind)
Gemini က အရမ်းထက်မြက်တဲ့ စိတ်အာရုံပိုင်ရှင်ဖြစ်ပြီး အမှန်တရားနဲ့ ထိန်းချုပ်မှုကြားမှာ အမြဲလှည့်လည်နေတယ်။
သူ့စိတ်ထဲမှာ လူနှစ်ယောက်လို ဖြစ်နေ ပြီး တစ်ဖက်က အေးအေးဆေးဆေးနဲ့ logic အပြည့်၊ တစ်ဖက်ကတော့ သိလိုစိတ်များခြင်း နဲ့ မတည်ငြိမ်ခြင်း အပြည့်ဖြစ်တယ်။

စတုပ်ပါပြီ 😅😅

သူ့ဆုံးဖြတ်ချက်တွေက အလင်းနဲ့အမှောင်ကြားမှာ အမြဲတည်ရှိနေတယ်။

Gemini က စိတ်နှစ်မျိုးကြောင့် မတည်ငြိမ်မှုရှိတတ်တယ်။
#ဝေခွဲမရမြေပဲမ တွေ။ #ခုတစ်မျိုးတော်ကြာတစ်မျိုး။

ပြီးတော့ #ရပ်ကွက်ထဲကCCTVအဒေါ်ကြီး တွေဆိုတာလည်း သူတို့ဘဲ။ Page of Swords လို curiosity များတယ်။ အုန်သိချင်သလို အကုန်လည်း သိန်ုင်အောင်ကြိုးစားတယ်။ တော်တယ်။ မြန်တယ်။ သတင်းထောက်၊ media၊ မှာဆို အရမ်းအားကိုးရမယ်။

ဒါပေမယ့် gossip လိုလို half-truth လိုလို ဖြစ်နိုင်တယ်။ Gemini ပြောတိုင်း လျစ်လျူရှုလို့မရသလို စုံလုံးကမ်း ယုံလို့လည်းမရဘူး။
သူ့ဟာသူတောင် အချိန်နဲ့အမျှပြောင်းလဲနေတာ သူပြောတာတွေကလည်း ဘယ်ဟာအတည်ယူရမလဲ ဆုံးဖြတ်ရခတ်တယ်။

Two of Swords က ဆုံးဖြတ်ချက် မပြတ်သားတာ ဖြစ်စေ
ပြီး Knight of Swords က စိတ်မရှည်တာ ဖြစ်စေတတ်
တယ်။ လိုပေါ့။ သူလည်း Gemini ဘဲ။ Gemini တွေ နိုင်ငံရေးလုပ်ရင် မနက်တစ်မျိုးပြော ညတစ်မျိုးပြော၊ သူတို့အကြောင်း လေ့လာရတဲ့ မီဒီယာတွေကတော့ အလုပ်နဲ့ လက် ပြတ်မှာကိုမဟုတ်ဘူး။

#တလောကလုံး ပါ ဝေခွဲမရမြေပဲမတွေ ဖြစ်အောင်ပါလုပ်ပေးနိုင်လို့ ကျေးဇူး။

သူတို့လင် သူတို့မယားလုပ်ရတဲ့သူတွေကတော့ #အရူးနဲ့နေရသလို ကိုယ်ပါမရူးအောင် ကြိုးစားရမယ့် ကိန်းပါဘဲ။

ချစ်တတ်တာလဲ သူတို့ပါဘဲ။
မျက်နှာများမှာလည်း သူတို့ပါဘဲ။
အခုချစ် အခုပစ်ထားခဲ့မှာလည်း သူတို့ပါဘဲ။
Air Sign ဆိုတော့ အတွေးမြန်သလို အပြောင်းအလဲမြန်တယ်။
သူတို့ရဲ့ အချစ်ဆိုတာ မုန်တိုင်းလိုဘဲ ခဏတာဖြတ်သန်းသွားပေမယ့် ခပ်ကြမ်းကြမ်းချစ်ပေးခံခဲ့ရသူကတော့ မုန်တိုင်းဒဏ်သင့်သလို ဒဏ်ရာဘလပွနဲ့ ကျန်ရစ်ခဲ့ရမှာပါ။

#ထားခဲ့တဲ့သူထက်ကျန်ခဲ့တဲ့သူ က ပိုခံစားရစေတဲ့ Gemini။
ရှိနေတုန်းမှာလည်း #သည်းသည်းလှုပ်ချစ်ပေး ခဲ့လို့ အပြစ်တင်ရခက်တဲ့ Gemini။
နောက်ဆုံးတော့ Gemini က ပါဘဲ 🥺🥺

Photos from King of Tarot - ဆရာဗေဒကျော်'s post 15/05/2026

၁၈ မေလ - ၂၄ မေလ ၂၀၂၆

မွေးနံ (၇)မျိုး အတွက်
အပတ်စဉ် စွမ်းအင် ဖတ်ရှုချက်

13/05/2026

♉ Ta**us တွေအတင်းတုပ်ပါမယ်
ကိုယ်စားပြုသောကတ်များ:
The Hierophant,
The Empress,
Queen of Pentacles,
Knight of Pentacles

**us က တည်ငြိမ်မှု၊ အချစ်နဲ့ လက်တွေ့ကျမှုကို ကိုယ်စားပြုတယ်။

ဘဝကို slow but steady နဲ့တည်ဆောက်တတ်ပြီး ချစ်ခင်မှု၊ စည်းစနစ်နဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အလွန်တန်ဖိုးထားတယ်။

Anime Energy - (Tohru-like calm energy)
Ta**us က အေးဆေးပြီး လူတွေကို နားလည်ပေးတတ်တဲ့ နှလုံးသားပိုင်ရှင်တစ်ယောက်ဖြစ်တယ်။

သူမရဲ့ဘဝက ရိုးရှင်းပေမယ့် ချစ်ခြင်းနဲ့ တည်ငြိမ်မှုကို အမြဲရှာဖွေတယ်။

တစ်ခါတစ်ရံ အရာရာကို မလွှတ်နိုင်လောက်အောင် စွဲလန်းတတ်ပေမယ့် သူ့အတွက် “အိမ်” ဆိုတာ အမြဲလုံခြုံမှုရဲ့အဓိပ္ပါယ်ဖြစ်တယ်။

အတင်းစတုပ်ပါပြီ 🤪
Ta**us က တည်ငြိမ်မှုကိုချစ်ပေမယ့် အပြောင်းအလဲကို ကြောက်လို့ ခေါင်းတအားမာပါတယ်။ ခံယူချက်ကို လွယ်လွယ် မပြင်ပါဘူး။

ခေါင်းမာတာမှ အဲ့ခေါင်းနဲ့ မဟာတံတိုင်းကို ဝင်ဆောင့်ရင် #မဟာတံတိုင်းသာပြိုကျမယ်။ သူတို့ခေါင်း မကွဲပါဘူး။

သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့လည်း မကြိုးစားပါနဲ့ #ကျွဲမည်းကြီး တွေလို အသေပြန်ခွေ့မှာပါ။ မဆိုင်သူလည်း ရမ်းတဲ့နေရာမှာတော့ ဆရာကြီးဘဲ။

Empress energy က စွဲလမ်းမှု ဖြစ်လာနိုင်ပြီး စွဲလမ်းပြီဆိုရင်လည်း #သီကြားမင်းဆင်းချွတ်လည်းမကျွတ်
#ရွာသာကြီးပို့လည်းဆေးပြတ်မယ့်လူစားတွေမဟုတ်ပါဘူး။

နောက်တစ်ခုက အရာရာတည်ငြိမ်အောင်လုပ်နေရင်းက တစ်ဆင့်ပြီးတစ်ဆင့် မတက်နိုင် တစ်ခုခုဆို #မပြီးနိုင်မစီးနိုင်အရီးမြိုင် တွေပါ။ ရစ်ရင်လည်း သံပတ်သာကုန်ချင်ကုန်မယ် သူရစ်စရာမကုန်ပါဘူး။

Ta**us တွေဟာ အရမ်းလည်းချစ်တတ်သလို အရမ်းရစ်တတ်ပါတယ်။ တခါတလေ စောင်းတီးသလို ညှင်သာပြီး တခါတလေလည်း ပတ်မကြီးနဲ့ တအုန်းအုန်းချပြီး ခွေးစိတ် ကျွဲစိတ် ပေါက်လာတတ်တဲ့ Ta**us တွေပါဘဲ။

Ta**us တွေနားမှာ နေမယ် ဆိုရင်တော့ အချစ်ခံရဖို့လည်း သေချာသလို အကိုက်ခံရဖို့လည်း သေချာတာမလို့ #ခွေးရူးပြန်ကာကွယ်ဆေး လေး ဆောင်ထားကြဖို့ အကြံပေးပါရစေ 🤭

12/05/2026

May လ ထဲမှာ အချစ်သစ်/ ရည်းစားရနိုင်လား?

စိတ်ထဲ ချက်ချင်း ပေါ်လာတဲ့ pile တစ်ခုကို ရွေးပေးပါ။

အဖြေကို comment မှာ ကြည့်ပါနော် -

#ဗေဒကျော် #တားရော့

12/05/2026

♈ Aries အကြောင်း အတင်းတုပ်ပါရစေ 😅

ကိုယ်စားပြုသည့်ကတ်များ:
The Emperor,
Ace of Wands,
Knight of Swords,
The Chariot

Aries က အစပြုစွမ်းအားအပြည့်ရှိတဲ့ လက္ခဏာဖြစ်ပြီး လျင်မြန်စွာ ဆုံးဖြတ်ပြီး ရှေ့တိုးတတ်တဲ့ energy ရှိတယ်။

ခေါင်းဆောင်စိတ်၊ စိတ်အားထက်သန်မှုနဲ့ စွန့်စားမှုတွေက သူတို့ရဲ့ အဓိကအားသာချက်ဖြစ်ပြီး အခက်အခဲတွေကိုလည်း တိုက်ရိုက်ရင်ဆိုင်နိုင်တယ်။

Anime Character (Eren-like energy)
Aries ဟာ စစ်မြေပြင်မှာ အမြဲရှေ့ဆုံးတန်းကနေ တိုက်ခိုက်တတ်တဲ့ လူငယ်စစ်သားတစ်ယောက်နဲ့တူတယ်။

သူ့အတွက် လွတ်လပ်မှုဆိုတာ ဘယ်အရာထက်မဆို အရေးကြီးပြီး မတရားမှုကို လက်မခံနိုင်တဲ့စိတ်က သူ့ကို မထိန်းချုပ်နိုင်တဲ့ မီးတောက်တစ်ခုလိုဖြစ်စေတယ်။

ဒါပေမယ့် အဲဒီမီးတောက်ကပဲ သူ့ကိုလည်း ဖျက်ဆီးနိုင်တဲ့အန္တရာယ်ရှိတယ်။

အတင်းစတုပ်ပါပြီ 😁
Aries က အစပြုစွမ်းအားပြင်းပေမယ့် အတ္တ နဲ့ ဒေါသ ကို မထိန်းနိုင်ရင် အလွန်ဆိုးပါတယ်။
#ဒေါသူပုန်ထတဲ့ဒေါပုံမ ဖြစ်တတ်တယ်နော်။

Knight of Swords လို စိတ်မြန်လက်မြန်ဖြစ်ပြီး အနိုင်ယူချင်စိတ်ကြောင့် အခြားသူကိုထည့် မစဉ်းစားတတ်တော့ဘူး။ အဲ့အချိန်ကျရင်တော့ နိုင်ရရင်ပြီးရော #လျှာမှာဘရိတ်ဓါးတပ်ပြီး ပက်ပက်စက်စက် ပြောနိုင်သူတွေပါ။

သွားငိုပြလို့ သနားမယ် မထင်နဲ့။ ငိုပြမှ သူနိုင်ပါပြီဆိုပြီး #အာဂပါးစပ်လူဖြစ်ကျိုးနပ် နေမှာ။

အဲ ဘာမှ မဖြစ်သလိုနေပြလိုက်လို့ကတော့ လိုတမရတဲ့ အတိုင်း တနုပ်နုပ်နဲ့ကို ဖြစ်သွားမှာ။ ဒါက Aries တွေကို အနိုင်ပြန်ပိုင်းတာ။

The Chariot energy လွန်သွားရင် ထိန်းချုပ်လိုစိတ်ဖြစ်တတ်ပါတယ်။ သူပတ်ပတ်လည်က လူတွေကို နွားကျောင်းသလို၊ အကုန် သိမ်းကျုံး ခိုင်းစေတတ်တဲ့ #ဖက်ဆစ်တစ်ပိုင်းမိန်းမရိုင်းတွေ ဖြစ်သွားကြလို့ Ariesစိတ်လန်းလောကအေးချမ်း အစစ်ပါဘဲ။

ဒါကြောင့် Aries က အလုပ်မှာ အားကိုးစရာ ဖြစ်နိုင်ပေမယ့်
Relationship မှာတော့ အချိန်မရွေး ထပေါက်နိုင်တဲ့ ဗုံး တစ်လုံးလိုဘဲ။ သတိထား ကိုင်တွယ်မှ အသက်ရှူချောင် မှာပါ ဗျာ။

11/05/2026
08/05/2026

Tarot မေးလို့ရပါတယ်

1️⃣မေးခွန်း တစ်ခု - ၃၀၀၀ ကျပ်

3️⃣မေးခွန်း သုံးခု - ၇၀၀၀ ကျပ်

5️⃣မေးခွန်း ငါးခု - ၁၀၀၀၀ ကျပ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Kamayut
Yangon