Healthy and Happy Tips by Dr.Thidar
ကျန်းမာရေးနှင့်သက်ဆိုင်သော အသိပညာ ဗဟုသုတများ မျှဝေပေးနေပါသည်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး online ကနေ ဆေးခန်းပြလိုပါကpage messenger တွင်ဆက်သွယ်နိုင်ပါတယ် ....
ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ Social Media ပေါ်မှာ Marketing လုပ်တဲ့အခါ ဒါတွေကို မဖြစ်မနေ သိထားဖို့ လိုပါတယ်နော် 🩺✨
လူနာတွေရဲ့ ယုံကြည်မှု (Trust) ကို အပြည့်အဝရရှိဖို့ ဘာတွေ ဆောင်ရမလဲ?
ဘာတွေကို လုံးဝ မလုပ်ရဘူးလဲ? 🤔
Digital Marketing နည်းလမ်းမှန်မှန်နဲ့ မိမိဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို လူသိများပြီး အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးထားတဲ့ Part 2 video လေးဖြစ်ပါတယ်💡
📌 သိချင်တာများရှိရင်လည်း ကွန်မန့်မှာ မေးလို့ရပါတယ်ရှင် ...
ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ Social Media ပေါ်မှာ Marketing လုပ်တဲ့အခါ ဒါတွေကို မဖြစ်မနေ သိထားဖို့ လိုပါတယ်နော် 🩺✨
လူနာတွေရဲ့ ယုံကြည်မှု (Trust) ကို အပြည့်အဝရရှိဖို့ ဘာတွေ ဆောင်ရမလဲ?
ဘာတွေကို လုံးဝ မလုပ်ရဘူးလဲ? 🤔
Digital Marketing နည်းလမ်းမှန်မှန်နဲ့ မိမိဆေးခန်းကို လူသိများပြီး အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးထားတဲ့ Part 1 video လေးဖြစ်ပါတယ်💡
📌 Part 2 ကိုလည်း ဆက်လက် တင်ပေးသွားမှာမို့ Follow လုပ်ထားဖို့ မမေ့နဲ့နော်!
✔️❌
လာမယ့် June လ 5,6,7 မှာ ကျင်းပပြုလုပ်မယ့် Thai Expo Yangon 2026 ပွဲမှာ HTMM Medical Services နဲ့အတူ ထိုင်းနိုင်ငံ BPK 9 International Hospital က နှလုံးအထူးကုသမားတော်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတို့နဲ့ အခမဲ့ ကျန်းမာရေးဆွေးနွေးနိုင်မယ့် အခွင့်အရေးလေးရှိပါတယ်
ဒီပွဲမှာ HTMM Medical Services နဲ့အတူ သီတာက Medical Translator အနေနဲ့ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ် 😍😍
ဒါကြောင့် ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး လာရောက်လေ့လာချင်သူများကို ဖိတ်ခေါ်ချင်ပါတယ်ရှင် 🙏🙏🙏
DISCLAIMER:No copyright infringement intended. Music used in this video belong to the rightful owners. This is for entertainment purposes only.
02/03/2026
ကြည်လင်အေးမြတဲ့ တပေါင်းလပြည့်ညမှာ စိတ်ရောကိုယ်ပါ လန်းဆန်းကြပါစေ 🙏🙏
သာယာလှပတဲ့ တပေါင်းလပြည့်နေ့မှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း Health and Happy Tips by Dr Thidar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🙏
တပေါင်းလရဲ့ သာယာတဲ့ ရာသီဥတုမှာ စိတ်ဖိစီးမှုတွေ လျော့ပါးပြီး မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံကို မမေ့မလျော့ဘဲ ဂရုစိုက်ရင်း စိတ်ချမ်းမြေ့စရာကောင်းတဲ့ လပြည့်နေ့လေး ဖြစ်ပါစေရှင် .....😊✨
#တပေါင်းလပြည့်နေ့
24/02/2026
🌫️😷 ရန်ကုန်က မီးခိုးမြူတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် (မသိမသာ) အဆိပ်ခတ်နေမိသလား? 😷🌫️
အခုတလော ရန်ကုန်ကောင်းကင်ကြီးကို ကြည့်လိုက်ရင် မြူတွေဆိုင်းနေသလိုလိုနဲ့ 🌫️ တကယ်တော့ ဒါတွေက "အဆိပ်ငွေ့တွေ" ☠️ ဖြစ်နေတာကို သတိပြုမိကြမှာပါ ....
😷 လူတိုင်းက Mask တပ်ဖို့ ပြောနေကြပေမယ့် ဒီ့ထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့၊ လူသိနည်းတဲ့အချက်များကို ဝေမျှပေးချင်ပါတယ် .... 👇👇
⃣ အဆုတ်တင်မကဘူး "နှလုံးနဲ့ သွေးကြော" ထဲအထိ ရောက်တာပါ 🫁🩺
လေထဲက အမှုန်အမွှားသေးသေးလေးတွေ (PM 2.5) က အဆုတ်ထဲတင် ရပ်မနေပါဘူး။ သူတို့က သွေးကြောထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်လို့ 🩸 သွေးခဲတာ၊ သွေးတိုးတာနဲ့ ရေရှည်မှာ နှလုံးရောဂါ 💔 ဖြစ်နိုင်ခြေကို အဆမတန် မြင့်တက်စေပါတယ်။ လေထုမကောင်းတဲ့ရက်တွေမှာ ရုတ်တရက် ရင်ဘတ်အောင့်တာ၊ မောတာမျိုး ဖြစ်လာရင် သတိထားဖို့ လိုပါမယ်။ 🚨
⃣ မနက်စောစော လမ်းလျှောက်တာက ပိုအန္တရာယ်များနိုင်တယ် 🏃♀️🚫
လူတော်တော်များများက မနက်စောစော လေကောင်းလေသန့်ရအောင် လမ်းလျှောက်ကြပါတယ်။ ဒါပေမဲ့ အခုလို Pollution များတဲ့အချိန်မှာ မနက်စောစောနေမထွက်ခင်အချိန်ဟာ လေထုအညစ်ညမ်းဆုံးအချိန် 🕰️🌃 ပါပဲ ....
အပူချိန်နည်းတဲ့အတွက် အဆိပ်ငွေ့တွေက မြေပြင်နဲ့ ကပ်နေတတ်လို့ပါ။ လေ့ကျင့်ခန်းလုပ်ချင်ရင် နေထွက်ပြီး အပူချိန်နည်းနည်းတက်လာမှ လုပ်တာ ပိုစိတ်ချရပါတယ် ..... ☀️
⃣ Skin Care ဘယ်လောက်ကောင်းကောင်း အသားအရေ ပျက်စီးနိုင်တယ် 🧖♀️🥺
ဒါကတော့ မိန်းကလေးတွေအသိဆုံးပါ ...
💁♀️ ဒီဖုန်မှုန့်တွေက ချွေးပေါက်ထဲအထိ ပိတ်ဆို့နိုင်ပြီး Skin Barrier ကို ပျက်စီးစေတာကြောင့် ဝက်ခြံထွက်တာ၊ အသားအရေ ယားယံတာတင်မကဘဲ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း (Premature Aging) 👵 ကို အဓိက ဖြစ်စေတဲ့ တရားခံပဲ ဖြစ်ပါတယ် .....
ဒါကြောင့် ညဘက်ပြန်ရောက်ရင် Double Cleansing လုပ်ဖို့ မမေ့ပါနဲ့နော် .... 🧼✨
⃣ အိမ်ထဲမှာနေတာကရော တကယ်ပဲ စိတ်ချရပြီလား? 🏠🤔
အပြင်မထွက်ဘဲ အိမ်ထဲမှာနေရင် ဘေးကင်းပြီလို့ ထင်ရပေမယ့် အိမ်ထဲမှာ အမွှေးတိုင်ထွန်းတာ၊ ခြင်ဆေးခွေထွန်းတာနဲ့ ဆီပူထွက်အောင် ချက်ပြုတ်တာတွေ ♨️🦟 က အပြင်ကလေထုထက်တောင် ပိုပြီး အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ လေထုညစ်ညမ်းနေချိန်မှာ အိမ်တွင်းလေသန့်စင်စက် (Air Purifier) မရှိရင်တောင် အမွှေးတိုင်နဲ့ ခြင်ဆေးခွေကို တတ်နိုင်သမျှ ရှောင်ပေးပါ။ 🙅♀️
ကျန်းမာရေးဆိုတာ ဆုံးရှုံးသွားမှ တန်ဖိုးရှိမှန်း သိကြတာမျိုး မဖြစ်ရအောင် အခုကတည်းက ကြိုတင်ကာကွယ်ကြရအောင်နော် 💪💖
17/02/2026
🧧 Gong Xi Fa Cai! 🧧
တရုတ်နှစ်သစ်ကူးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ။
စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားပြီး ကျန်းမာခြင်းသုခနဲ့ ပြည့်စုံနိုင်ကြပါစေလို့ Dr. Thidar မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ✨
10/02/2026
ကျန်းမာရေးလုပ်ငန်းများအတွက် Content, Design နဲ့ Marketing Solution (One-Stop Service)
ဆေးရုံ၊ ဆေးခန်း၊ ဆေးကုမ္ပဏီများနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းရှင်များရှင် ...
👩⚕️ မိမိတို့ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို လူနာတွေဆီ ထိရောက်စွာ ပျံ့နှံ့ရောက်ရှိစေဖို့ Medical Knowledge ပိုင်နိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ Content မျိုး လိုအပ်နေပါသလား?
ကျွန်မက Medical Content Writer တစ်ယောက်အဖြစ် လုပ်ငန်းရှင်များအတွက် အောက်ပါဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ အစုံလင်ဆုံး ဖန်တီးပေးနေပါတယ် ....
✅ Creative Medical Writing
ဆေးရုံ၊ ဆေးခန်း၊ Laboratory & Diagnostic Center တွေအပြင် ဆေးဝါးကျွမ်းကျင်နဲ့ သူနာပြုအကူ သင်တန်းကျောင်းတွေအတွက်ပါ လိုအပ်တဲ့ ....
📌 Promotion Post များ၊ Health Package မိတ်ဆက်ခြင်းများ
📌 ပြည်သူလူထုအတွက် Health Education (Medical Knowledge) Content များ
📌 Health Talk Video Script နှင့် TikTok Short Video Script များ
📌 Medical Translation (ဘာသာပြန်) ဝန်ဆောင်မှုအမျိုးမျိုးကို တာဝန်ယူ ရေးသားပေးပါတယ်။
✅ Professional Design Solutions
Content ကောင်းရုံသာမက လုပ်ငန်းပုံရိပ် တက်လာစေဖို့ Visual ပိုင်းကိုပါ ပံ့ပိုးပေးပါတယ်။
👉 Social Media Content Design
👉 Pamphlet Design
👉 Company Profile Book ဖန်တီးခြင်းများကိုပါ ဈေးနှုန်းသက်သာစွာဖြင့် ပြုလုပ်ပေးပါတယ်။
✅ Consultation & Marketing Expertise
လက်ရှိမှာ ဆေးရုံ၊ ဆေးခန်းတွေသာမက အမျိုးသမီးလစဉ်သုံးပစ္စည်း Page၊ ကလေး Diaper Page တွေနဲ့ "My Medicine" တို့မှာပါ Online Consultation ပြုလုပ်ပေးနေတာမို့ လူနာတွေရဲ့ လိုအပ်ချက်ကို လက်တွေ့နားလည်ထားသူ ဖြစ်ပါတယ်။
ဒါကြောင့်...
🔹 လုပ်ငန်းရှင်များအတွက် - Digital Marketing အတွက် လိုအပ်ချက်များကို ဆွေးနွေးတိုင်ပင်နိုင်သလို
🔹 လူနာများအတွက် - ကျန်းမာရေးပြဿနာများကို သက်သာသောနှုန်းထားဖြင့် Online Consultation ရယူနိုင်ပါတယ်။
ဒါဆိုရင်တော့ Content၊ Design နဲ့ Digital Marketing အားလုံးကို Medical Professional တစ်ယောက်ဆီမှာ ယုံကြည်စိတ်ချစွာ အပ်နှံဖို့ အခုပဲ ဆက်သွယ်လိုက်ပါနော် ...
ဖုန်းကြည့်ရင် ခေါင်းကြီးပဲ ငုံ့ကြည့်နေတုန်းလား?
ကြာရင် Text Neck Syndrome ရပြီး ခါးကုန်းသွားမယ်နော်။ 😱
ဒါကြောင့် ဒီ Video လေးထဲကအတိုင်း အကျင့်လေး ပြင်လိုက်ကြပါစို့။
သူငယ်ချင်းတွေထဲမှာ ဖုန်းကို ခေါင်းငုံ့ကြည့်တတ်တဲ့ "ပုစွန်ထုပ်လေး" တွေရှိရင် Comment မှာ mention ခေါ်ပေးခဲ့ပါဦး။ 😁😁
TikTok channel လေးကိုလည်း follow ပေးပါဦးနော် 👇
https://www.tiktok.com/?_r=1&_t=ZS-93ae9JRMZuP
DISCLAIMER:
No copyright infringement intended. Music used in this video belong to the rightful owners. This is for entertainment purposes only.
02/02/2026
February 6 ရက်နေ့ Health and Beauty 2026 Expo ပွဲကြီးမှာ
HTMM - Medical Services အတူရှိနေမှာမို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါရစေရှင် 🥰
HTMM- Medical Services မှာ
BPK9 International Hospital ကြီးရဲ့ Asthetic & Plastic Surgery Specialist, GI Specialist
BKK Piyavate Hospital ရဲ့ General Physician, Oncologist
အစရှိတဲ့ အထူးကုဆရာဝန်ကြီးများနဲ့ အခမဲ့ ဆွေးနွေးနိုင်မယ့်အခွင့်အရေးများလည်း ရရှိဦးမှာမို့ လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင် 🥰🥰