Daily Health Fix -2 USA/Aussie supplements store
USA / Aussie /Japan direct ဖြစ်သောကြောင့် စစ်မှန်မှု့ 100%အာမခံပါသည် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါသည်
09/04/2026
🦈Cod Liver Oil
Cod Liver Oil ငါးကြီးဆီသည်Vitamin A,D,E ,
Omega-3 Eicosapentaenoic acid(EPA) နှင့်
Docosahexaenoic acid (DHA)
တို့ပါဝင်တာကြောင့် နှလုံးကျန်းမာရေး၊ အရိုးကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်၊
Cod Liver Oil တွင် ပါဝင်သည့် EPA နှင့် DHA တို့သည် သွေးတွင်း ကိုလက်စထရော ပမာဏကို လျှော့ချပေးပြီး နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါတယ်၊
Cod Liver Oil ငါးကြီးဆီမှရရှိနိုင်မည့်အကျိုးကျေးဇူးများ-
-အာရုံကြောစနစ်ရဲ့ ဆဲလ်တွေတည်ဆောက်ခြင်းကို အားပေးတယ်
-နှလုံးကြွက်သားတွေ အားကောင်းစေတယ်
-ခုခံအားစနစ်ကို ကောင်းမွန်စေတယ်
-လိုအပ်တဲ့ အာဟာရတွေစုပ်ယူတဲ့နေရာမှာ ကူညီပေးနိုင်တယ်
-ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးဖို့အတွက် အဓိကထောက်ပံ့ပေးနိုင်တယ်
-အရိုးကျန်းမာရေး ကောင်းမွန်စေတယ်
-ကိုယ်ဝန်ဆောင်များ (သို့) မွေးကင်းစ ကလေးများအတွက် များစွာအထောက်အကူပြုနိုင်တယ်
-အသည်းအဆီဖုံးခြင်းကို လျှော့ချပေးနိုင်ပါတယ်။
Vitamin D ,Vitamin A နှင့် Vitamin E တို့ပေါင်းစပ်ပါဝင်မှုကြောင့်ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်ရန် ကူညီပေးပြီး အရိုးများ၊ သွားများနှင့် အရိုးအဆစ်များ သန်စွမ်းစေရန် ထောက်ပံ့ပေးသည်၊ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါကူးစက်မှုများကို ကာကွယ်ပေးနိုင်ပါတယ်၊နှလုံးနှင့်မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပြီး အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်ရှင့်။
မှာယူလိုပါက messenger or 095028513ကိုဆက်သွယ်ပါရှင်
သဘာဝတရားကြီးကို ဆန့်ကျင်ကြသည့် ဥပမာလေးတစ်ခု
သဘာဝက အစာအိမ်ထဲမှာ အက်စစ် ထည့်ထားပေးတယ်။
လိုအပ်လို့ ထည့်ထားပေးတာ မဟုတ်ပါလား?
ပြင်ပမှ အစာနဲ့အတူ ဝင်လာသည့် ဥပါဒ်ပြုပိုးတွေကို နှိမ်နင်းဖို့
အသားတွေကို အစာချေနိုင်ဖို့
Vitamin B12 ကို သဘာဝ အသားတွေကနေ ရနိုင်ဖို့
အခြားအစာချေရည်တွေ ကောင်းမွန်စွာ ထုတ်ပေးနိုင်စွမ်းရှိဖို့ စသည်ဖြင့် ဖြစ်ပါတယ်။
ဘာလုပ်ကြသလဲဆိုတော့
အက်စစ်တွေကို မထွက်လာနိုင်အောင် ဆေးတွေသောက်ကြတယ်။
အက်စစ်အထွက်နည်းလာကြတယ်
ပိုးမျိုးစုံနဲ့ စခန်းသွားနေကြရတယ်
အစာမချေနိုင်ကြတော့ဘူး
Vitamin B12 လျော့နည်းလာကြတယ်
အခြားအစာချေရည်တွေ ကောင်းမွန်စွာ မထွက်နိုင်တော့ပြန်ပါ။
ဗိုက်နေမကောင်း / လေပွ / အစာမကြေ/ လေအန်/ ဗိုက်နာ စသည်ဖြင့်
ပြဿနာမျိုးစုံက နောက်ဆက်တွဲတွေပါပဲ။
crd To A better health
09/04/2026
Calcium / Magnesium ဟန်ချက်မညီခြင်း
ယခုခေတ်မှာ အရိုးပါးတယ်ဆိုပြီး Calcium ကို သောက် လေ့ရှိကြပါတယ်။
နွားနို့သောက် / calcium သောက်ပေါ့။
သို့ပါသော်လည်း Magnesium နဲ့ အချိုးအဆအားဖြင့် ဟန်ချက်ညီနေဖို့ လိုပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်သည့် အချိုးအစားက ဘယ်လောက်ပါလဲ?
Calcium : Magnesium ratio = 2:1
ဆိုလိုချင်တာက calcium 1000mg သောက်နေရင် Magnesium က 500mg လောက်နဲ့ လိုက်ဖက်ရမှာ ဖြစ်ပါတယ်။
Key Health Consequences of Imbalance:
ဟန်ချက်ညီညီမျှမျှ မရှိဘူးဆိုရင် —-
နှလုံးနဲ့သွေးကြောများ —— calcium များနေရင် သွေးကြောနံရံ ကျစ်လစ်ခြင်း
နှလုံးရောဂါ ဖြစ်နိုင်ပါတယ်။
နှလုံးအဆို့ရှင်မှာ ကျောက်တည်နေခြင်း
သွေးကြောနံရံမှာ ကျောက်တည်ခြင်း
Oxalates တွေပါ များများထည့်သွင်း စားလိုက်ရင် အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။
Magnesium ဟာ သွေးကြောတွေကို တောင့်တင်းခြင်းမှ လျော့ပေးစေပါတယ်။
အခြားခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ကျောက်တည်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။
အရိုး
Calcium များနေရင် အရိုးက ဆပ်နေတတ်ပါတယ်။
ကျိုးလွယ်ပါတယ်။
သတိပြုရမှာက အရိုးဆိုတာ calcium တစ်မျိုးတည်းနှင့် ဖွဲ့စည်းထားတာ မဟုတ်ပါ။
သတ္တုဓာတ်မျိုးစုံ ပါနေပါတယ်။
ဦးနှောက်နဲ့ အာရုံကြော/ ကြွက်သားများ
Magnesium ပမာဏ နည်းနေရင်
ကြွက်တက်မယ်
ကြွက်သားတွေ တုန်ခါနေတတ်တယ်
နွမ်းလျနေမယ်
စိတ်လှုပ်ရှားမှု ပိုဖြစ်တတ်ပါတယ်။
ဇီဝဖြစ်စဉ် ကျန်းမာရေး / နာတာရှည်ရောဂါများ ဝင်မလာရေးအတွက်
Calcium များပြီး Magnesium လျော့နည်းနေမယ်ဆိုရင်
ခန္ဓာကိုယ်ရောင်ကိုင်းခြင်း နဲ့အတူ insulin ယဉ်ပါးခြင်းပါ လိုက်လာတတ်ပါတယ်။
Vitamin D ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ သင့်တင့်လျောက်ပတ်သည့် Magnesium ပမာဏ လိုအပ်ပါတယ်။
Calcium ကို လိုအပ်လို့ သောက်မယ်ဆိုရင် Magnesium ပါ လုံလုံလောက်လောက် ရှိနေစေရန် သတိပြုစေချင်ပါတယ်။
crd..To A better health
09/04/2026
လေး တွေ အလွန်တန်သောဈေးနဲ့ Discount ရပါမယ်
Daily probiotic + prebiotic + digestive
60billion -84000k.2026.5.31ထိ
Normal prize- 115000k
save 31000k
ရေခဲသေတ္တာထဲ ထည့်စရာမလိုပါ
တလစာ -22000k only
Doctor's way probiotic with prebiotic
90- 110000k normal prize
discount -75000k
save 30000k
တလစာ -26000k
အရေအတွက်အနည်းငယ်ပဲပါတာမိူ့ အမြန်လေးမှာပေးပါရှင်
မှာယူလိုပါက messenger or 095028513ကိုဆက်ပါရှင်
အဆီအားလုံး တူညီတာ မဟုတ်ပါ။
ယနေ့ခေတ်မှာ လူအများက အဆီကို ကြောက်နေကြပါတယ်…
ဒါပေမယ့် ပြဿနာက အဆီတင်မဟုတ်ပါဘူး။
ခန္ဓာကိုယ်အတွက် မကောင်းတာဟာ အဆီရှိလို့ မဟုတ်ပါဘူး —
အဆီက နေရာအမှားမှာ စုနေလို့ပါ။
ဘာတွေ ဖြစ်နေပါသလဲ?
လူတွေက အဆီကို ကြောက်လို့ ရှောင်နေကြပြီး သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပိုစားလာကြပါတယ်။
ဒီတော့ကာ ——
သွေးတွင်းသကြားတက်
အင်ဆူလင်တက်
အသည်းက အပိုသကြားကို အဆီအဖြစ် ပြောင်းလဲပစ်ပါတယ်။
အဲဒီအဆီတွေဟာ အတွင်းအင်္ဂါတွေမှာ စုပုံသွားတယ်။
ဒီဟာကို ဝမ်းဗိုက်အတွင်းအဆီ (Visceral fat) လို့ခေါ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။
တဖက်မှာတော့—
အသားအောက်ရှိ အဆီ (Subcutaneous fat) က
ခန္ဓာကိုယ်အတွက် လုံခြုံသော သိုလှောင်ရာနေရာ ဖြစ်ပါတယ်
အမှန်တရားကတော့ ——
“အဆီစားလို့ အဆီတက်တာ မဟုတ်ပါဘူး —
ခန္ဓာကိုယ်က သကြားကို မကိုင်တွယ်နိုင်လို့ အဆီဖြစ်လာတာပါ”
အရင်းခံအမြင်အားဖြင့်ဆိုရင် (Root Cause View)
Āhāra (အာဟာရ) → သကြားအပိုက အဆီဖြစ်စေတယ်
Utu (မက်တာဘောလစ်/အပူဓာတ်) → လောင်ကျွမ်းမှုကို ထိန်းချုပ်တယ်
Citta (စိတ်/ဖိစီးမှု) → အင်ဆူလင်နဲ့ သိုလှောင်ပုံကို သက်ရောက်တယ်
ဒီအရာတွေ မညီမျှရင်
အဆီက မတော်တဆ စုနေတာ မဟုတ်ဘူး — နေရာအမှားမှာ သွားစုနေတာ ဖြစ်ပါတယ်။
သိသင့်တာကတော့ —-
“အဆီက ပြဿနာ မဟုတ်ပါဘူး —
မက်တာဘောလစ် မညီမျှမှုက ပြဿနာပါ”
ဓမ္မဆိုင်ရာ ဆင်ခြင်ချက်
ဓမ္မအရလည်း
အရာဝတ္ထုကြောင့် မဟုတ်ပါဘူး —
အခြေအနေ (ပစ္စယ) ကြောင့်ပါ
အခြေအနေ မမှန်ရင် → မညီမျှမှု ဖြစ်တယ်
အခြေအနေ မှန်ရင် → ညီမျှမှုဖြစ်တယ်
နားလည်ခြင်းဖြင့် ကြောက်ရွံ့မှုကို အစားထိုးစေပါစေ။
ပညာက လမ်းညွှန်ပါစေ။
သတ္တဝါတွေအားလုံး ချမ်းသာပါစေ။
Sharing health and Dhamma — one noble thought at a time
credit To A better health
ကျွန်မရဲ့ စာဖတ်ပရိသတ်က ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေမှာ အတော်လေး ရလာကြပါပြီ။
အထူးသဖြင့် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ Vitamin D အကြောင်းပါပဲ။
အခုလဲ Insulin အကြောင်းကို စပြီး နားလည်လာကြပါပြီ။
နားငြီးနေအောင် အထပ်ထပ်အခါအခါ ပြောပြနေတာပါ။
စာဖတ်ပရိသတ် တစ်ဦးက စာရေးလာပါတယ်။
ရင်သားကင်ဆာ ခွဲစိတ်ထားရသူပါ။
Vitamin D 5000 IU Daily
Magnesium
K2 ကို ပါတွဲ သောက်နေသူဖြစ်ပါတယ်။
Every 6 months follow up
သွေးဖောက်ကြည့်တော့ Vitamin D level 75ng/ ml
Calcium 9.7 mg/ dl ပုံမှန်ပါပဲ။
သောက်နေတာတွေ အားလုံးကို ၆လ ရပ်ခိုင်းလိုက်ပါသတဲ့။
ကျွန်မနဲ့အတူ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားကြည့်ကြရအောင်နော်။
ပညာပေးအနေနဲ့သာ ဖြစ်ပါတယ်။
အခြားဘာရည်ရွယ်ချက်မှ မရှိပါ။
25-OH Vitamin D = 75 ng/mL ဖော်ပြပါ vitamin D level ဟာ
That is:
• ❌ NOT toxic အဆိပ်သင့်သည့် ပမာဏ လဲ မဟုတ်ပါ
• ❌ NOT excessive လွန်လွန်ကြူးကြူးလဲ များမနေပါ
• ❌ NOT dangerous အန္တရာယ်လဲ မရှိပါ
It is physiologically optimal, especially for:
ဇီဝကမ္မဖြစ်စဉ်ဘက်ကနေ ကြည့်ရင် အကောင်းဆုံးအနေအထားမှာ ရောက်နေတာ ဖြစ်ပါတယ်
• Cancer survivors ကင်ဆာလူနာတွေအတွက်
• Post-surgical immune recovery ခွဲစိတ်ပြီးခါစလူနာတွေအတွက်
• Bone health after mastectomy ရင်သားခွဲစိတ်ထားသူအတွက်
• Inflammation control ရောင်ကိုင်းခြင်းကို ထိန်းချုပ်ဖို့အတွက်
Most functional and integrative oncology references consider:
များသောအားဖြင့်
• 40–60 ng/mL = minimum protective ရောဂါတွေမှ ကာကွယ်ရန်
• 60–80 ng/mL = optimal for immune surveillance ခုခံအားတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်
ဖော်ပြပါ ပမာဏ ရှိသင့်ပါတယ်
Toxicity concerns generally begin above 200ng/mL
200 mg/ mL ကျော်သွားရင်တော့ ဥပါဒ်ပေးနိုင်တာကြောင့် တစ်မျိုးပေါ့။
Magnesium & K2 — the silent heroes တိတ်ဆိတ် သူရဲကောင်းများ
Stopping Vitamin D alone would already be questionable.
Stopping Magnesium and K2 makes it worse.
Vitamin D သာမက Magnesium and K2 ကိုပါ ရပ်ခိုင်းတယ်ဆိုတော့ သိပ် ဟန်မကျလှပါ။
Because: ဘာကြောင့်ပါလဲ?
• Magnesium is required to activate Vitamin D
Vitamin D ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ Magnesium အကူ လိုပါတယ်။
• K2 directs calcium away from arteries and soft tissue
K2 ဟာ calcium တွေကို မလိုအပ်သည့်နေရာတွေမှ အရိုးထဲကို ပြန်ဝင်စေတယ်
• Together they reduce, not increase, risk
ဖြစ်ပေါ်လာနိုင်သည့် ပြဿနာတွေကို ဝိုင်းကူ ဖြေရှင်းပေးသလိုပါပဲ။
This is basic biochemistry, not alternative medicine.
အခြေခံ ဇီဝဓာတု ဖြစ်စဉ် Biochemistry ပါပဲ။
Vitamin D ရဲ့ half life is 2-3 weeks
ဆိုလိုချင်တာက ၂-၃ weeks မသောက်ဘဲနေရင် ပမာဏ တဝက်ကျဆင်းသွားမှာ ဖြစ်ပါတယ်။
၆ လ မသောက်ဘူးဆိုရင် စဉ်းစားကြည့်လို့ ရပါတယ်နော်။
ကျွန်မစာဖတ်ပရိသတ်တွေက သိပြီးသားတွေပါ။
ဗဟုသုတရှိဖို့ လိုပါတယ်နော်။
credit To a Better health
ကျန်းမာရေးဗဟုသုတ ကဏ္ဍ-
ကြွက်တက်ခြင်း (muscle cramps)
တနေ့လုံး မတ်တတ်ရပ်နေရတဲ့အတွက် ညဘက် အိပ်နေစဉ် အညောင်းဆန့်လိုက်တာ ခြေသလုံး ကြွက်တက်တာ ကြုံဖူးကြမှာပါ။ အားကစားသမားတွေ ပြေးရင်းလွှားရင်း ကြွက်တက်တယ်ဆိုပြီး လှဲချလိုက်ကြတာ မြင်ဖူးကြမှာပါ။
ကြွက်တက်ခြင်းဆိုတာ ဘာလဲ (What are Muscle Cramps?)
ကြွက်တက်ခြင်းဆိုတာ သင့်ကြွက်သားတွေ ရုတ်တရက် အလိုအလျောက် ကျုံ့သွားပြီး နာကျင်မှုဖြစ်စေတဲ့ အခြေအနေကို ပြောတာပါ။ ဒါဟာ စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်အထိ ကြာမြင့်နိုင်ပြီး ဘယ်ကြွက်သားမှာမဆို ဖြစ်နိုင်ပေမယ့် ခြေသလုံး၊ ပေါင်နဲ့ ခြေဖဝါးကြွက်သားတွေမှာ အဖြစ်များပါတယ်။ ညဘက်အိပ်နေရင်း ဖြစ်တတ်တာများပြီး "ညဘက်ကြွက်တက်ခြင်း" (Nocturnal leg cramps) လို့လည်း ခေါ်ကြပါတယ်။
ကြွက်တက်ခြင်း ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းများ (Main Causes of Muscle Cramps)
ကြွက်တက်ခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့်တော့-
- ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)
ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ ကြွက်သားတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ ကြွက်တက်နိုင်ပါတယ်။
- သတ္တုဆားဓါတ် electrolyte မညီမျှခြင်း (Electrolyte Imbalance)
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ် (sodium)၊ ပိုတက်ဆီယမ် (potassium)၊ ကယ်လ်စီယမ် (calcium) နဲ့ မက်ဂနီဆီယမ် (magnesium) စတဲ့ သတ္တုဓာတ်တွေ နည်းပါးသွားတဲ့အခါ ကြွက်သားတွေ ပုံမှန်လုပ်ဆောင်မှုမှာ ပြဿနာရှိလာပြီး ကြွက်တက်နိုင်ပါတယ်။ ချွေးအများကြီးထွက်တဲ့အခါ ဒါမျိုးဖြစ်တတ်ပါတယ်။
- ကြွက်သား အလွန်အကျွံ အသုံးပြုခြင်း (Overuse of Muscles)
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ အချိန်ကြာကြာ ရပ်နေတာ ဒါမှမဟုတ် လမ်းလျှောက်တာမျိုးတွေကြောင့် ကြွက်သားတွေ ပင်ပန်းနွမ်းနယ်ပြီး ကြွက်တက်တတ်ပါတယ်။
- သွေးလည်ပတ်မှု မကောင်းခြင်း (Poor Circulation)
ကြွက်သားတွေမှာ သွေးစီးဆင်းမှု မကောင်းတဲ့အခါ ကြွက်တက်နိုင်ပါတယ်။
- အာရုံကြောဆိုင်ရာ ပြဿနာများ (Nerve Problems)
အာရုံကြောတွေ ထိခိုက်မှုရှိတဲ့အခါ ဒါမှမဟုတ် ကြာကြာဖိမိတဲ့အခါ ကြွက်တက်နိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်ခြင်း (Pregnancy)
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်သဘာဝ အပြောင်းအလဲတွေကြောင့် ကြွက်တက်ခြင်းကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။
- ဆေးဝါးအချို့ (Certain Medications)
ဆီးဆေး (diuretics)၊ ပန်းနာရင်ကျပ်ဆေးအချို့ စတဲ့ ဆေးဝါးအချို့ကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။
- ကျန်းမာရေး အခြေအနေများ (Underlying Medical Conditions)
ဆီးချို (diabetes)၊ သိုင်းရွိုက် (thyroid) ပြဿနာ၊ ကျောက်ကပ်ရောဂါ (kidney disease) စတာတွေလို အခြား ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။
ကြွက်တက်ခြင်းကို ဘယ်လို သက်သာအောင် လုပ်မလဲ (How to Relieve Muscle Cramps?)
ကြွက်တက်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။
- ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ (Gently Stretch the Muscle)
ကြွက်တက်နေတဲ့ ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ။ ဥပမာ- ခြေသလုံးကြွက်တက်ရင် ခြေဖဝါးကို ကိုယ့်ဆီပြန်ကွေးတာမျိုး လုပ်ပေးပါ။
- နှိပ်နယ်ပေးပါ (Massage)
ကြွက်တက်နေတဲ့ နေရာကို ညင်သာစွာ နှိပ်နယ်ပေးတာ၊ အပူပေးတာ ဒါမှမဟုတ် ရေနွေးအိတ် ကပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။
- ရေဓာတ်ဖြည့်တင်းပါ (Rehydrate)
ရေ ဒါမှမဟုတ် ဓါတ်ဆား electrolyte ပါဝင်တဲ့ ဖျော်ရည်တွေ သောက်ပေးပါ။
ကြွက်တက်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ (How to Prevent Muscle Cramps?)
ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။
- ရေဓာတ် ပြည့်ဝစွာ နေပါ (Stay Well-Hydrated)
တစ်နေ့တာလုံး ရေ၊ အရည် လုံလောက်စွာ သောက်ပေးပါ။
- ဆားဓါတ် electrolyte ပြည့်ဝပါစေ (Ensure Adequate Electrolytes)
ငှက်ပျောသီး၊ ထောပတ်သီး၊ အရွက်စိမ်း စတာတွေလို ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ် စတဲ့ ဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးပါ။
- ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ (Regular Exercise)
ကြွက်သားတွေကို ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးတိုင်း ကြွက်သားတွေကို ဆန့်ထုတ်ပေးပါ။
- ညအိပ်ရာမဝင်ခင် ကြွက်သားဆန့်ထုတ်ပါ (Stretch Before Bed)
ညဘက် ခြေသလုံးကြွက်တက်တတ်ရင် အိပ်ရာမဝင်ခင် ခြေထောက်ကြွက်သားတွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပါ။
- သင့်တော်တဲ့ ဖိနပ်စီးပါ (Wear Appropriate Footwear)
သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုး ရွေးချယ်စီးပါ။
- အရက်နဲ့ ကဖိန်းဓာတ် လျှော့ချပါ (Limit Alcohol and Caffeine)
အရက်နဲ့ ကဖိန်းဓာတ်က ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေနိုင်တာကြောင့် လျှော့သောက်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ (When to See a Doctor?)
အကယ်၍ ကြွက်တက်ခြင်းက မကြာခဏ ဖြစ်နေမယ်၊ ပြင်းထန်ပြီး နာကျင်မှုအရမ်းများမယ်၊ ကြွက်သားအားနည်းတာ ဒါမှမဟုတ် ခြေထောက်တွေ ဖောရောင်တာမျိုးလို တခြား လက္ခဏာတွေနဲ့ တွဲပြီး ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး အကြောင်းအရင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ
-Dr. Myint Thein (18 July 2025)
03/04/2026
Selenium သတ္တုဓာတ် ဗဟုသုတကဏ္ဍ
၁.Thyroid hormone T4 ( inactive hormone )ကို T3 ( active hormone )အသွင်ပြောင်းရာမှာ လိုအပ်သလို
၂.ခန္ဓာကိုယ်ထဲမှာ Mercury ကို စွဲစွဲမြဲမြဲ ချည်နှောင်ထားလိုက်ပြီး ဘေးဥပါဒ် မပေးနိုင်တဲ့ အသွင်သို့ ပြောင်းလိုက်တယ်ဆိုတာကိုတော့ သိသူနည်းပါတယ်။
၃.ခန္ဓာကိုယ်ရဲ့ Master antioxidant ဖြစ်သည့် Glutathione ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ Selenium ကို လိုအပ်ပြန်ပါတယ်။
ဒီတော့ကာ ပတ်ဝန်းကျင်အဆိပ်တွေ အလွန်များပြားလာသည့်ကာလမှာ
Glycineရယ် / NAC ရယ် / Selenium တွေဟာ လက်တွဲဖော်တွေ ဖြစ်နေပါတယ်။
ဦးနှောက် / အသည်း / ကျောက်ကပ် / အဆုပ်တို့ကို အကာအကွယ် ပေးထားတာ ဖြစ်ပါတယ်။
၄.ခန္ဓာကိုယ် ရောင်ကိုင်းခြင်းကိုလဲ ထိန်းထားပေးပြန်ပါတယ်
နာတာရှည်ရောဂါများမှ သက်သာလာစေရာမှာလဲ အသုံးဝင်ပြန်ပါတယ်။
Antivirus သတ္တိလဲ အထိုက်အလျောက် ရှိနေပြန်ပါတယ်။
Dosage က 200 microgram ပါပဲ။
credit ဆရာမကြီး Dr khin nwe win
03/04/2026
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဆိုတာ မီးဖိုချောင်မှာ သုံးတဲ့ ဟင်းချက်ပစ္စည်းပါ။ အိမ်သုံးဆေးဝါးအနေနှင့်လည်း သုံးလို့ရပါတယ်။ ပန်းသီးရှာလကာရည်မှာ ပိုးသတ်နိုင်စွမ်းရည် ( antimicrobial) နှင့် ဓာတ်တိုးဆန့်ကျင်စွမ်းရည် (antioxidant) ရှိပါတယ်။
ပန်းသီးရှာလကာရည်ရဲ့ အဓိက ပါဝင်ပစ္စည်းက acetic acid ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်မှာ 5–6% acetic acid ပါဝင်ပါတယ်။ အော်ဂဲနစ်ဖြစ်ပြီး မစစ်ယူရသေးတဲ့ ပန်းသီးရှာလကာရည်မှာ mother လို့ခေါ်တဲ့ ပစ္စည်းတစ်ခု ပါဝင်ပါတယ်။ ပန်းသီးရှာလကာရည်ရဲ့ mother မှာ ပရိုတိန်း၊အင်ဇိုင်း၊ နှင့် အကျိုးပြု ဘက်တီရီးယားအချို့ပါဝင်ပြီး နောက်ကျိတဲ့ အရည်ဖြစ်လာစေပါတယ်။
ပန်းသီးရှာလကာရည်ရဲ့ mother က ကျန်းမာရေးကောင်းကျိုးပြုတယ်လို့ ယုံကြည်ကြပေမည့် ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မရှိသေးပါ။ ပန်းသီးရှာလကာရည်ူမှာ ဗိုက်တာမင် နှင့် သတ္တုဓာတ် အများကြီး မပါဝင်ပါ။ ပိုတက်ဆီယမ် အနည်းငယ်တော့ ပါဝင်ပါတယ်။ အရည်အသွေးကောင်းတဲ့ ACV တွေမှာတော့ အမိုင်နိုအက်ဆစ်အချို့ နှင့် antioxidants တွေပါဝင်ပါတယ်။
ကျွန်တော်တို့ မိဘတွေလက်ထက်တုန်းက ရှာလကာရည်ကို လက်သည်းပိုးဝင်ခြင်း ကုသဖို့ အသုံးပြုပါတယ်။ ခေါင်းပေါ်က သန်းတွေ၊ ကြွက်နို့တွေ နှင့် နားမှာရောဂါပိုးဝင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ ဆေးပညာဖခင်ကြီး Hippocrates က ရှာလကာရည်ကိုအနာဆေးကြောဖို့ သုံးတယ်ဆိုပါတယ်။ E. coli ကဲ့သို့သော အစားအစာကို ဖျက်စီးတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အစားအစာတွေကို အထားခံအောင် ပန်းသီးရှာလကာရည် အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူတော်တော်များများက ပန်းသီး ရှာလကာရည်က ဝက်ခြံကုသမှုအတွက် ကောင်းတယ်ပြောပါတယ်။
သုသေတနတွေအရ ပန်းသီး ရှာလကာရည်က insulin sensitivity ကို 19-34% မြင့်တက်ကောင်းမွန်လာစေပါတယ်။ သွေးချိုပမာဏကို 31.4% ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုအမှတ် 2 ရောဂါအတွက် အကျိုးပြုတယ်လို့ရေးပါတယ်။ ခိုင်မာတဲ့ သုသေတနတွေလိုပါအုန်းမည်။
ဆီးချိုရောဂါသည်တွေအနေနှင့် ပန်းသီးရှာလကာရည်ကိုအားကိုးပြီး ဆီးချိုဆေးမသောက်ပဲ မနေသင့်ဘူး လို့ The National Centers for Complementary and Integrative Health (NCCIH) က ဆိုပါတယ်။ ဆီးချိုဆေးသောက်နေလျှင် ပန်းသီးရှာလကာရည်ကို သတိထားသောက်ရမည်ပြောပါတယ်။
ပန်းသီးရှာလကာရည်ကို ဇီဝလုပ်ငန်းမြှင့်တင်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက သုံးခဲ့ပါတယ်။ အဆီကို လောင်ကျွမ်းစေပြီး အပူထုတ်ပေးတာကြောင့် ပန်းသီးရှာလကာရည်ကို "thermogenic” ထုတ်ကုန်တစ်ခုအနေနှင့် လူသိများပါတယ်။ ဗီဇဆဲလ်တွေကို အဆီမစုမိအောင်၊အဆီမသိုလှောင်နိုင်အောင် ပြောင်းပေးတယ်လို့ ရေးကြပါတယ်။ အစာမစားခင်သောက်ပေးခြင်းဖြင့် ဗိုက်ပြည့်နေတယ်လို့ခံစားရလို့ ပိုစားမိဖို့အခွင့်အရေးနည်းပါတယ်။
သုသေတနတွေအရ ပန်းသီးရှာလကာရည်မှာပါတဲ့ acetic acid က complex carbohydrates ကို အကုန် မချေဖျက်အောင် တားပေးနိုင်ပါတယ်။ အစာအိမ်အက်ဆစ်ကို များလာစေပြီး အစာလမ်းကြောင်းတစ်လျှောက်အစာချေခြင်း နှင့် အစာလှုပ်ရှားမှုကို ကူညီပါတယ်။ ခန္ဓာကိုယ်က သတ္တုဓာတ်စုပ်ယူမှုကို ကူညီပေးတယ်။ ပန်းသီးရှာလကာရည်သောက်ပေးခြင်းက ဗိုက်အဆီတွေကျစေတယ်ဆိုတဲ့ လေ့လာမှုရှိတယ်။
ပန်းသီးရှာလကာရည်ကို အရေပြားခြောက်သွေ့ခြင်း နှင့် နှင်းခူအတွက် သုံးနိုင်တယ်ရေးပါတယ်။ အရေပြားရဲ့ pH ကိုလည်း မျှတစေတယ်။ အရေပြားပေါ်ကပိုးကို သတ်ပေးနိုင်ပြီး အစက်အပြောက်ထွက်ခြင်းက ကာကွယ်ပါတယ်။ ရေမရောထားတဲ့ ရှာလကာရည်ကိုတော့ အရေပြားပေါ်မလိမ်းသင့်ပါ။
ဒေါက်တာ ဖြိုးမောင်မောင်
မှာယူလိုပါက 095028513 or messenger ကိုဆက်ပါရှင်
သိုင်းရွိုက်ကျန်းမာရေး နှင့် အဟာရများ
1. အိုင်အိုဒင်း ( Iodine )
သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟိုမုန်းထုတ်ဖို့ အိုင်အိုဒင်းလိုအပ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အိုင်အိုဒင်း ပုံမှန်ရှိဖို့ အတော်အရေးကြီးပါတယ်။ အိုင်အိုဒင်း လျော့နည်းလျှင်ဖြစ်ဖြစ်၊ အိုင်အိုဒင်းများသွားလျှင်ဖြစ်ဖြစ် သိုင်းရွိုက်လုပ်ဆောင်ချက် ချို့ယွင်းသွားတတ်ပါတယ်။ အိုင်အိုဒင်း အမြောက်အမြားပါဝင်တာက ပင်လယ်ထွက် စားစရာတွေပါ။
2. Selenium
Selenium က 5-deiodinase အင်ဇိုင်းကို ထိန်းချုပ်ပြီး သိုင်းရွိုက်ဟိုမုန်း T 4 ကို T3 ပြောင်းပေးတယ်။ သိပ်အသုံးမဝင်တဲ့ rT3 ဖြစ်တာကို
တားနိုင်တယ်။ သိုင်းရွိုက် antibodies တွေကို နည်းသွားစေတယ်။ Selenium ချို့တဲ့လျှင် ခုခံစွမ်းအား ကျဆင်းသွားပြီး ကင်ဆာ နှင့် အော်တိုအင်မြူးရောဂါတွေ ဖြစ်နိုင်ပါတယ်။ Selenium ကြွယ်ဝတဲ့ အစားအစာတွေစားပေးခြင်းဖြင့် သိုင်းရွိုက်ဟိုမုန်းလုပ်ငန်း ပိုမိုကောင်းလာနိုင်တယ်။ သိုင်းရွိုက် ရောင်ရမ်းခြင်း လျော့နည်းသွားနိုင်တယ်။သိုင်းရွိုက်ဆဲလ် ပျက်စီးတာကို ပြုပြင်ပေးနိုင်တယ်။ Brazil nuts၊ ကြက်ဆင်၊ ဆာဒင်း နှင့် ဥအမျိုးမျိုးမှာ seleniumတွေပါပါတယ်။ အစားအစာကနေ selenium လုံလောက်အောင် မရနိုင်ဘူးဆိုလျှင် selenium supplements သောက်ဖို့လိုပါလိမ့်မည်။
3. Zinc
ဥအမျိုးမျိုး၊ ကြက်သား၊ ဆော်လမွန်ငါး ၊ အမဲသား၊ ဖရုံစေ့ နှင့် ဟင်းနုနွယ်တွေမှာ zinc ပါဝင်ပါတယ်။ သိုင်းရွိုက်ဟိုမုန်း ထုတ်လုပ်မှုမှာ zinc ပါဝင်ပြီး zinc ချိုတဲ့လျှင် hypothyroidism ဝေဒနာခံစာရပြီး အရေပြားခြောက်သွေ့ခြင်း၊ ဆံပင် ကျွတ်ခြင်း ၊ အားနည်းခြင်း၊ အရသာပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ Zinc supplement သောက်လိုက်လျှင် ရောဂါလက္ခဏာတွေ သက်သာသွားတတ်ပါတယ်။
4. အဆီမှာ ပျော်ဝင်သော ဗိုက်တာမင်များ ( Fat Soluble Vitamins )
သိုင်းရွိုက်ဟိုမုန်း လုပ်ငန်းတွေမှာ ဗိုက်တာမင် A, E, D နှင့် K2 က အတော်လေး အရေးပါပါတယ်။
သိုင်းရွိုက်ဟိုမုန်း တည်ဆောက်ခြင်း နှင့် ဖြန့်ဖြူးခြင်းမှာ ဗိုက်တာမင် A ပါဝင်လုပ်ဆောင်ရပါတယ်။ TSH ပမာဏကိုထိန်းပေးခြင်း နှင့် သိုင်းရွိုက်ဟိုမုန်း T4 ကို T3 ပြောင်းလဲပေးခြင်း မှာလည်း ဗိုက်တာမင် A ပါဝင်ပတ်သတ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အိုင်အိုဒင်းစုပ်ယူမှုကို ဗိုက်တာမင် A က ကူညီပေးပါတယ်။ ဝါသော အသီး နှင့် စိမ်းသောအရွက်တွေမှာ ဗိုက်တာမင် A ကြွယ်ဝစွာပါဝင်ပါတယ်။
သွေးတွင်း ဗိုက်တာမင် D ချို့တဲ့ခြင်းက အော်တိုအင်မြူးသိုင်းရွိုက်ရောဂါများ နှင့် ဆက်စပ်နေတယ်ရေးပါတယ်။ ဒါကြောင့် ဗိုက်တာမင် D မချိုတဲ့အောင်နေဖို့ လိုပါတယ်။ Hyperthyroidism ကြောင့်ဖြစ်တဲ့ အရိုးပွခြင်းကို ဗိုက်တာမင် D နှင့် K2 က သက်သာပျောက်ကင်းစေပါတယ်။
ဗိုက်တာမင် E မှာ antioxidant အစွမ်းရှိပြီး အော်တိုအင်မြူး သိုင်းရွိုက်ရောဂါတွေအတွက်အကျိုးရှိပါတယ်။
5. Iron
rT3 လို့လူသိများတဲ့ reverse T3 များများမထွက်အောင် iron က တားဆီးပေးပါတယ်။ သံဓာတ်ချို့တဲ့ တဲ့ လူနာတွေမှာ T3, T4 လျော့နည်းသွားသလို T4 ကနေ T3 လည်း သိပ်မပြောင်းနိုင်တော့ပါ။ဒါကြောင့် သံဓာတ်ချို့တဲ့သောလူနာတွေမှာ hypothyroid အဖြစ်များပါတယ်။
6. ဗိုက်တာမင် B များ
ဗိုက်တာမင် B6 က သိုင်းရွိုက်ဟိုမုန်း ထုတ်လုပ်ခြင်းကို ကူညီပေးပြီး hypothyroid ရောဂါကို သက်သာစေပါတယ်။ ဗိုက်တာမင် B12 နှင့် B2 ချို့တဲ့မှုက သိုင်းရွိုက်ရောဂါတွေ ပိုဖြစ်စေတယ်ဆိုပါတယ်။
7. Tyrosine
အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့လျှင်
သိုင်းရွိုက်ဟိုမုန်း သာမက dopamine ပါနည်းသွားတတ်ပါတယ်။ သိပ်ပင်ပန်းတဲ့အခါ အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့သောသူဟာ အာရုံစိုက်လို့မရတော့သလို လှုပ်ရှားမှုနှေးသွားပြီး ခန္ဓာကိုယ်ကျန်းမာရေးကျဆင်းလာတတ်ပါတယ်။ အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့လျှင် သိုင်းရွိုက်ကျန်းမာရေးပါ ကျဆင်းလာတတ်ပါတယ်။
8. Vitamin C
ဗိုက်တာမင် C က သိုင်းရွိုက်ဟိုမုန်းများခြင်းကြောင့်ဖြစ်တဲ့ ဆဲလ်တွေရဲ့ ဒဏ်ရာကို ကုသပေးနိုင်တဲ့ အပြင် adrenal ဂလင်း ကျန်းမာရေးကို ကောင်းစေတယ်။ Adrenal ဂလင်း ကျန်းမာရေးကောင်းလာလျှင် သိုင်းရွိုက်ဂလင်းပါကျန်းမာရေးကောင်းလာပါတယ်။ ဗိုက်တာမင် C ကို ခြောက်လလောက်သောက်ပေးလျှင် T3/T4 နှင့် TSH ပမာဏတွေ တိုးတက်လာတယ်ဆိုတဲ့ သုသေတနတစ်ခုရှိပါတယ်။ ( ref - https://www.ncbi.nlm.nih.gov/pubmed/24601693 )
9. Omega-3 Fatty Acids
ဆဲလ်နံရံတွေကို သန်စွမ်းစေပြီး ဆဲလ်တွေက သိုင်းရွိုက်ဟိုမုန်းကို လွယ်ကူစွာ လက်ခံအသုံးချလာနိုင်ပါတယ်။ တစ်ချို့လေ့လာမှုတွေမှာ Omega 3 က ဆဲလ်တွေရဲ့ T3 လက်ခံနိုင်မှုကို တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ Omega 3 က အူလမ်းကြောင်းကို ကျန်းမာသန်စွမ်းစေပြီး leaky gut ကို ကောင်းမွန်စေလို့ အော်တိုအင်မြူးသိုင်းရွိုက်ရောဂါတွေအတွက်ကောင်းပါတယ်။
1. https://www.ncbi.nlm.nih.gov/pmc/articles/PMC4049553/
2. https://www.ncbi.nlm.nih.gov/pmc/articles/PMC3746228/
3. https://www.ncbi.nlm.nih.gov/pmc/articles/PMC2647704/
4. https://www.ncbi.nlm.nih.gov/pmc/articles/PMC4276677/
5. https://ods.od.nih.gov/factsheets/Selenium-HealthProfessional/
6. https://www.ncbi.nlm.nih.gov/pubmed/17607078
7. https://www.ncbi.nlm.nih.gov/pubmed/16500878
8. https://www.ncbi.nlm.nih.gov/pmc/articles/PMC4798095/
9. https://www.ncbi.nlm.nih.gov/pmc/articles/PMC4798095/
10. https://ods.od.nih.gov/factsheets/Selenium-HealthProfessional/
11. https://journals.viamedica.pl/endokrynologia_polska/article/viewFile/25263/20092
-Dr.Phyo Maung Maung
31/03/2026
Probiotic အကျိုးကျေးဇူးများ
(၁) ပဋိဇီဝဆေး (ပိုးသတ်ဆေး) ကြောင့် ဝမ်းလျောခြင်းကို ကာကွယ်ကုသပေးသည်။
(၂) ကျန်းမာကောင်းမွန်သော ကိုလက်စထရောကို အားပေးသည်။
(၃) စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ကို ကင်းဝေးစေသည်။
(၄) ကိုယ်ခံအားကို တိုးတက်စေသည်။
(၅) ဝမ်းဗိုက် နာခြင်း၊ အောင့်ခြင်း (အူသိမ်အူမ ရောဂါ လက္ခဏာများ) ကိုသက်သာစေသည်။
(၆) ကိုယ်တွင်း ပြည်တည်နာဖြစ်ခြင်းကို အမြစ်ဖြတ် သုတ်သင်သည်။
(၇) ဆီးချိုရောဂါ မဖြစ်အောင် တားဆီးပေးသည်။
(၈) ဒိုင်ဝါတီခရူလာ ရောဂါ (အူတွင်း၌ အိတ်ငယ်ကလေးများ ဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့ရောင်ရမ်းခြင်း (သို့) သွေးယိုခြင်း) ကိုထိန်းချုပ်ပေးသည်။
(၉) ပိုနေသော ဝမ်းဗိုက်အဆီကို လျော့ကျစေသည်။
(၁၀) အစာကြေညက်စေသည် ဝမ်းမှန်စေသည်။
(၁၁) အကျိုးပြုပိုးများ ပြန်လည်ဖြည့်တင်းပေး၍ ရောင်ရမ်းမှုကို ထိန်းချုပ်ပေးသည်။
(၁၂) မှိုရောဂါ ကူးစက်ဖြစ်ပွားမှု ပမာဏကို လျော့ကျစေသည်။
(၁၃) ဗိုက်တာမင်များအား စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှု စွမ်းရည်ကို တိုးမြှင့်ပေးသည်။
Probiotic ကို ဝယ်သည့်အခါမှာ ပိုးအမျိုးအစား များများ ပါသော တံဆိပ်ကို ဝယ်သင့်ပါတယ်။ ဘူးမှာ ရေးထားတဲ့ Probiotic 10 ဆိုတာ ပိုးအမျိုးအစား ၁၀ မျိုး ပါတာကို ပြောတာပါ၊ 20 billion, 30 billion ဆိုတာ serving size မှာ ပါတဲ့ ပိုးကောင်ရေကို ပြောတာပါ၊
အသက်အလိုက် သောက်ရမည့်နှုန်း
1 နှစ် 2 billion
2 နှစ် 4 billion
4 နှစ် 8 billion
10 နှစ် 12 billion
16 နှစ် 15 billion
16 နှစ်အထက် 20 billion
အစာမရှိချိန် (Empty Stomach) သောက်ပါ လို့ ရေးထားတာ ရှိသလို အစာနဲ့အတူ (with meal) လို့ ရေးထားတဲ့ အမျိုးအစားလဲ ရှိပါတယ်
ပိုးသတ်ဆေး (antibiotic) သောက်ရင်တော့ ၄ နာရီ ခြားပြီး သောက်ရပါတယ်
Credit-To a better health and Original writer
မှာယူလိုပါက message box or 095028513ကိုဆက်ပါရှင်
30/03/2026
Collagen tablets 390 -158000k
collagen tablets 360-160000k.
( ကော်လဂျင်) ဆိုတာ တည်ဆောက်ရန်အသုံးပြုတဲ့ ပရိုတိန်း ( structural protein ) ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးပုံတစ်ပုံသော ပရိုတိန်းတွေက ကော်လဂျင် တွေဖြစ်ပါတယ်။ အရိုး၊အရေပြား၊ကြွက်သား၊သွေးကြော နှင့် အစာခြေအဖွဲ့အစည်းတွေမှာတွေ့နိုင်ပါတယ်။ Animal kingdom မှာ ကော်လဂျင် အမျိုးအစား 28 မျိုးရှိတယ်လို့ဆိုပါတယ်။
အသက် 25 နှစ်ကျော်လာတဲ့အခါ ခန္ဓာကိုယ်က ကော်လဂျင် ထုတ်လုပ်မှု လျော့နည်းလာပြီး အရေပြားတွန့်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ကြွက်သားနာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်ဆိုလျှင် ကော်လဂျင် ဖြည့်စွက်စာတွေ ( collagen supplement ) စသုံးသင့်တယ်လို့ရေးပါတယ်။ ကော်လဂျင် ဖြည့်စွက်စာတွေ ကို အရွယ်တင်နုပျိုဖို့အတွက်၊ အရိုးကျန်းမာရေးအတွက် ၊ အနာကျက်စေရန် နှင့် ကိုယ်အလေးချိန်လျော့ချဖို့ အသုံးပြုနိုင်ပါတယ်။ မနက်စာ ကော်ဖီမှာဖြစ်ဖြစ်၊အသီးဖျော်ရည်မှာဖြစ်ဖြစ် ထည့်စားလို့ရပါတယ်။
ကော်လဂျင်က အရေပြား နှင့် ဆံပင် ကောင်းမွန်စေတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံပင်အတွက် ကော်လဂျင် သတ္တုဓာတ်များ နှင့် Keratin ဆိုတဲ့ ပစ္စည်းသုံးမျိုးလိုပါတယ်။ ဒါကြောင့် ကော်လဂျင် ဖြည့်စွက်စာ အသုံးပြုလျှင် ဆံပင်ရှည်ပြီး သန်လာနိုင်ပါတယ်။ အရေပြားကောင်းမွန်ပြီး ပါးရေတွန့်တာသက်သာစေတယ်။ လက်သည်း၊ခြေသည်း သန်မာစေပါတယ်။ အကြည့်ရဆိုးပြီး ပျောက်ဖို့ခက်တဲ့ အရေပြားမှာ cellulite ဖြစ်ခြင်းကို လျော့ချပေးတယ်။
ကော်လဂျင် ချို့တဲ့ခြင်းကြောင့် လမ်းလျှောက်တဲ့အခါ အဆစ်အမြစ် နာကျင်နိုင်ပါတယ်။ ကော်လဂျင် ဖြည့်စွက်စာ သောက်ပေးခြင်းက ကော်လဂျင် ချို့တဲ့ခြင်းကြောင့် ဖြစ်လာတဲ့ အဆစ်အမြစ် နာကျင်ခြင်းတွေကို သက်သာနိုင်ပါတယ်။ ကော်လဂျင်က အရိုးပွခြင်းကို သက်သာစေတယ်။ ဇီဝဖြစ်စဉ်မြှင့်တင်ပေးပြီး ကြွက်သားကြီးထွားစေပါတယ်။ ကော်လဂျင်က အူနံရံကို ပြန်ဆောက်ပေးတာကြောင့် အသုံးဝင်တယ်ပြောပါတယ်။ ဟိုမုန်းကို မျှတစေပြီး ဝက်ခြံကို ပျောက်ကင်းစေတယ်။
1 လူခန္ဓာကိုယ်အတွက် type 1 ကော်လဂျင်ကို ငါး ကော်လဂျင်၊ bovine ကော်လဂျင် နှင့် အရိုးပြုတ်သောက်ပေးခြင်းဖြင့် ရနိုင်ပါတယ်။ လူခန္ဓာကိုယ်ရဲ့ 90% သော ကော်လဂျင်တွေက type 1 ကော်လဂျင်တွေပါ။ Type 1 ကော်လဂျင်ကို အရေပြား၊ အရိုး နှင့် သွေးကြောနံရံတွေမှာ တွေ့ရပါတယ်။ Type 1 ကော်လဂျင်က အနာကျက်မြန်စေတယ်လို့ လေ့လာမှု အချို့မှာ ဖော်ပြပါတယ်။
Cellulite ဆိုတာ လက်မောင်း၊ ပေါင်ကျောဘက်၊ ဒူးခေါင်း နဲ့ တင်ပါးတွေမှာ အများအားဖြင့် တွေ့နိုင်တဲ့ အဆီပြင်တွေ ဖြစ်ပါတယ်။ ဝတဲ့သူတွေအပြင် ပိန်တဲ့သူတွေမှာလည်း ရှိပါတယ်။ မညီမညာ အထပ်ထပ်နဲ့ အကြည့်ရဆိုးလွန်းပါတယ်။ Type 1 ကော်လဂျင်တွေက cellulite တွေကိုလျော့ချပေးနိုင်ပါတယ်။ အရွယ်တင် နုပျိုချင်လျှင် type 1 ကော်လဂျင်သောက်ပါ။ အရေပြားက အရေးအကြောင်းကို လျော့ချပေးတယ်။ အရေပြားရေဓာတ်ကို ထိန်းပေးပါတယ်။
2 အရိုးပြုတ်၊ ကြက်သား နှင့် အချို့ပရိုတိန်းအမှုန့်တွေမှာ Type 2 ကော်လဂျင်ပါဝင်ပါတယ်။ အရိုးအဆစ်ကျန်းမာရေး နှင့် အစာလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုပါတယ်။ Type 2 ကော်လဂျင်ကို skincare နှင့် cellulite အတွက် မညွှန်းကြပါ။ UC II ဖြည့်စွက်စာတွေမှာ Type 2 ကော်လဂျင်ပါဝင်ပြီး အရိုးအဆစ်ကျန်းမာရေး အတွက် အသုံးပြုနိုင်ပါတယ်။
3 Type 3 ကော်လဂျင်ကို ကြက်ဥအကာ၊ ငါး ကော်လဂျင်၊ bovine ကော်လဂျင် နှင့် အရိုးပြုတ်သောက်ပေးခြင်းဖြင့် ရနိုင်ပါတယ်။ ကြွက်သားတည်ဆောက်ရေးကို မြှင့်တင်ပေးပါတယ်။ Type 3 ကော်လဂျင်ကို အူလမ်းကြောင်းတစ်လျှောက်အများကြီးတွေ့ရတယ်ဆိုတာ တစ်ချို့သုသေတနတွေက သဘောမတူကြပါ။ Type 3 ကော်လဂျင်က လေ့ကျင့်ခန်း စွမ်းဆောင်ရည်မြင့်တက်စေပါတယ်။ Type 3 ကော်လဂျင်က သွေးကြောဖွဲ့စည်းမှုမှာ ပါဝင်ပြီး Type 3 ကော်လဂျင် ချို့တဲ့ခြင်း အရမ်းဆိုးဝါးတဲ့အခါ သွေးကြောတွေ ပေါက်ကွဲနိုင်ပါတယ်။
4 5 Type 4 ကော်လဂျင် ဖြည့်စွက်စာဆိုပြီး သီးသန့်မရှိပါ။ Type 4 ကော်လဂျင်က အနာကျက်မြန်စေပါတယ်။ လေ့လာမှုတွေလိုနေသေးပေမည့် Type 4 ကော်လဂျင်က အစာလမ်းကြောင်းအတွက် ကောင်းတယ်ပြောပါတယ်။ Type 5 ကော်လဂျင် ကို အချင်းမှာ အဓိကတွေ့ရပါတယ်။ မျက်ကြည်လွှာမှာလည်း ပါတယ်ပြောပါတယ်။ Type 5 ကော်လဂျင် ချို့တဲ့ခြင်း အမြင်အာရုံထိခိုက်နိုင်ပါတယ်။ အဆုတ်အစားထိုးကုသမှုမှာလည်း Type 5 ကော်လဂျင် ကအရေးကြီးပါတယ်။
ဒေါက်တာ ဖြိုးမောင်မောင် ( ဆေး-2)
မှာယူလိုပါက 095028513 ကိုဆက်ပါရှင်
Click here to claim your Sponsored Listing.