Royal Crowns and Tiaras
We care your beauty
31/08/2026
The Crown of Princess Blanche
ဥရောပအလယ်ခေတ် သမိုင်းကြောင်းတွင် ရွှေထည်လက်ရာအဆန်းပြားဆုံးနှင့် အနုပညာမြောက်ဆုံး အမွေအနှစ်များထဲမှတစ်ခုကတော့ မင်းသမီး Blanche သရဖူ Crown of Princess Blancheဟာထိပ်ဆုံးမှပါဝင်ပါလိမ့်မယ်။Palatine Crownသို့မဟုတ်Bohemian Crownဟုလည်း လူသိများသည့် ဒီသရဖူဟာအင်္ဂလန်နိုင်ငံတွင် တည်ရှိခဲ့ဖူးသမျှ တော်ဝင်သရဖူများအနက် သက်တမ်းအကြာဆုံး ကျန်ရှိနေသည့်သရဖူလည်းဖြစ်ပါတယ်။၁၃၇၀–၁၃၈၀ခုနှစ်များအတွင်း တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသော Gothicခေတ်မှပန်းထိမ်နှင့် ကျောက်မျက်စီခြယ်မှု အထွတ်အထိပ်လက်ရာကိုပြသနေပါတယ်။ ဒီသရဖူကို မူလက အင်္ဂလန်ဘုရင် Richard သို့မဟုတ်မိဖုရား Anne of Bohemiaရဲ.ပိုင်ဆိုင်မှုဖြစ်ခဲ့သည်ဟုယူဆရသော်လည်း၊ ၁၄၀၂ ခုနှစ်တွင် အင်္ဂလန်ဘုရင် HenryVI သမီးတော် မင်းသမီးPrincess BlancheဟာPalatineမင်းသား Louis IIIနှင့် ထိမ်းမြားစုံမက်ခဲ့စဉ် ဒီသရဖူကိုလက်ဖွဲ့အဖြစ်ပါဝင်ခဲ့သည့်အတွက် ထိုအချိန်မှစ၍ သရဖူသည် ဂျာမနီဒေသရှိ Wittelsbach တော်ဝင်မိသားစုလက်ဝယ်သို့ ရောက်ရှိသွားခဲ့ပါတယ်။ရတနာဒီဇိုင်းနှင့် ဗိသုကာအရ ဤသရဖူသည် အကဲဖြတ်သူများက "ဂေါသစ်ခေတ် ရွှေထည်လက်ရာများအနက် အပြောင်မြောက်ဆုံးသော အနုပညာ" ဟု တင်စားရသည်အထိ ထူးခြားဆန်းပြားပါတယ်။သရဖူအမြင့်နှင့် အချင်းမှာ ၁၈ စင်တီမီတာ (၇.၁ လက်မ)ရှိကြပြီး အောက်ခံအဝိုင်းတွင် ခြောက်ထောင့်ပုံစံ ရွှေပန်းပွင့်ကွက် ၁၂ ကွက်ဖြင့် ဖန်တီးထားပါတယ်။ ပန်းပွင့်ကွက်အလယ်တွင် ဖောက်ထွင်းမြင်ရသော နီလာ သို့မဟုတ် ပတ္တမြားကျောက်ဖြင့်စီခြယ်ထားပြီး နောက်ခံပေါ်အဖြူရောင် ကြွေEnamelပန်းပွင့်လေးများ အလှဆင်ထားပြီး၊ ယင်းတို့၏ ဗဟို၌ ပန်းနုရောင်စပ် နီလာတစ်လုံးစီ တပ်ဆင်ထားပါတယ်။ နှင်းပန်း (Fleur-de-lys) ပုံစံ ရွှေရိုးတံ အချွန် ၁၂ ခုသည် အရွယ်အစားနှင့် အမြင့် ကွဲပြားလျက်တလှည့်စီ စီတန်းတည်ရှိကာ၊ စိန်များ၊ ပတ္တမြားများ၊ မြများနှင့် ပုလဲများဖြင့်အသေးစိတ်စီခြယ်ထားပါတယ်။ ရှေးခေတ်ခရီးသွားလာရာတွင် လွယ်ကူစွာ သယ်ဆောင်နိုင်ရန်အတွက် နှင်းပန်း ရိုးတံများကို ဖြုတ်တက်ပြုလုပ်နိုင်အောင် ဖန်တီးထားပြီး၊ အောက်ခံအဝိုင်းကိုလည်း ခေါက်သိမ်းနိုင်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားပါတယ်။ ပြန်လည်တပ်ဆင်သည့်အခါ အလွယ်တကူ မှန်ကန်စေရန် ပန်းပွင့်ကွက် တစ်ခုစီတွင်နံပါတ် ၁ မှ ၁၂ အထိ အမှတ်အသားပြု နံပါတ်တပ်ထားပါတယ်။ ၁၉၂၅ ခုနှစ်တွင်အချို့သော ပုလဲများကို ပြန်လည်မွမ်းမံ ပြုပြင်ခဲ့ရသော်လည်းမူလလက်ရာနှင့်ရှေးဟောင်းအနုပညာတန်ဖိုးမှာလျော့ပါးမသွားခဲ့ပေ။
၁၇၈၂ ခုနှစ်မှစ၍ ယနေ့ထက်တိုင် ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ Residenz နန်းတော်ရတနာတိုက်Treasury of the Munich Residenz တွင် စနစ်တကျ ထိန်းသိမ်းပြသထားပါတယ်။

25/08/2026
ရုရှားတော်ဝင်မိသားစုတွင် "Diadem of Ancient Pearls" ဟု လူသိများသလို Alexandra Feodorovna’s Pearl Drop ဆိုတဲ့သရဖူကို၁၉ ရာစု အစောပိုင်း၁၈၄၀ ပြည့်လွန်နှစ်များတွင် ရုရှား နန်းတွင်း ကုမ္ပဏီ House of Bolin က ဖန်တီးခဲ့ခြင်း ဖြစ်နိုင်ပြီး ရိုမန်နော့ဗ် (Romanov) တော်ဝင် စုဆောင်းမှုများအနက် အလှပဆုံးနှင့် အခန့်ငြားဆုံး ရတနာများထဲမှ တစ်ခု ဖြစ်ပါတယ်။ ပလက်တီနမ်ဖြင့်ပြုလုပ်ထားပြီးစိန်လုံးသေးများဖြင့်သရဖူတစ်ခုလုံးစီခြယ်ထားကာဘရာဇီးစိန် ၄၂၄ ပွင့်နှင့် ရှားပါး ရှေးဟောင်းသဘာဝပုလဲများ ပါဝင်ပါတယ်။အထက်သို့ စောင်းတက်သွားသော အနားသတ် ပုံသဏ္ဌာန်ရှိပြီး၊မိုးရေစက်ပုံပုလဲလုံးရှဉ်များကိုဇောက်ထိုးအနေအထားဖြင့်အနားသတ်ထားပါတယ်။ထို့အပြင်သရဖူအလယ်တွင်ရှိသောစိန်မှာ ၁၀ ကာရက် အလေးချိန်ရှိ နှလုံးပုံစံစိန်ဖြစ်ပြီး ဇောက်ထိုးပုံစံဖြင့်ရှိနေပါတယ်။ပတ်လည်တွင် တွဲလဲဆွဲထားသည့်ပုလဲလုံးများ ပါဝင်ပြီးဖြုတ်တပ်ပြောင်းလဲရလွယ်ကူသော နည်းပညာကြောင့် ပုံစံမျိုးစုံ ပြောင်းလဲ ဝတ်ဆင်နိုင်ပါတယ်။ ရုရှားနောက်ဆုံး မိဖုရားကြီးAlexandra Feodorovnaရဲ.အနှစ်သက်ဆုံး သရဖူ ဖြစ်ပြီး ၁၉၀၆ ခုနှစ် ပထမဆုံးအကြိမ် နိုင်ငံတော် ဒူးမားလွှတ်တော် ဖွင့်ပွဲ အပါအဝင် အခမ်းနားဆုံး နန်းတွင်း ပွဲလမ်းသဘင်များတွင် ဝတ်ဆင်ခဲ့သဖြင့် ပန်းချီကားများနှင့် ပုံတူကားများစွာ၌ မြင်တွေ့ရပါတယ်။၁၉၁၇ ရုရှားတော်လှန်ရေးအပြီးတွင် နိုင်ငံပိုင် ပစ္စည်းအဖြစ် သိမ်းဆည်းခံခဲ့ရရပြီး ၁၉၂၂ ခုနှစ်တွင် ကျောက်မျက်ရတနာ ပညာရှင် A.E. Fersman က စာရင်းကောက်ယူရာ၌ ရိုမန်နော့ဗ် စုဆောင်းမှုများအနက် အဆန်းပြားဆုံးရတနာအဖြစ် ချီးကျူးခဲ့ပါတယ်။ သို့သော် ထို ၁၉၂၂ အောက်တိုဘာတွင်စာရင်းကောက်ယူပြီးနောက် ပျောက်ဆုံးသွားခဲ့ရာ ပုလဲနှင့် စိန်များကို ခွဲထုတ်ရောင်းချခြင်း သို့မဟုတ် အရည်ကြိုပစ်ခြင်း ခံခဲ့ရသည်ဟု သမိုင်းပညာရှင်များက ယူဆကြပါတယ်။

09/08/2026
ဥရောပတော်ဝင်မျိုးနွယ်မှအလှပဆုံးတော်ဝင်အမျိုးသမီးလို့တင်စားကြတဲ့Empress Elisabeth of Austria(Elisabeth Amalie Eugenie) မှာတော့လှပသောသရဖူများနဲ.ရတနာစုဆောင်းမှုများစွာရှိခဲ့ပြီးအထင်ရှားဆုံး ပစ္စည်းများမှာ စိန်ကြယ်ပွင့်များ Diamond Starsပင် ဖြစ်ပါပါတယ်။ ၁၈၅၄ ခုနှစ်တွင် SiSiဟာ Emperor Franz Josephနှင့် ထိမ်းမြားလက်ထပ်သောအခါ သတို့သားထံမှ စိန်ကြယ်ပွင့် သရဖူ Diamond Star Tiaraတစ်ခုကို လက်ဆောင်ရရှိခဲ့ပါတယ်။ ဒီသရဖူကို အရီးတော်သူDowager Empress Caroline Augusta က ကြည့်ရှုနေစဉ် သူမဇာပဝါဟာ စိန်ကြယ်ပွင့်တစ်ခုနှင့် ငြိသွားခဲ့ရာ လူတိုင်း ထိတ်လန့်သွားကြလျက် သရဖူမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည့်အတွက်နောက်ပိုင်းတွင် အိမ်ထောင်ရေးအတွက် နိမိတ်မကောင်းသည့် အရာအဖြစ် ရှုမြင်ခဲ့ကြပါတယ်။လက်ထပ်ပြီး မကြာမီတွင် SiSi နန်းတွင်း ရတနာဆရာKöchertထံမှ ပုလဲနှင့် စိန်ကြယ်ပွင့် အနည်းဆုံး ၂၇ ပွင့်ကို မှာယူခဲ့ပါတယ်။ ထိုကြယ်ပွင့်များကို ၁၈၆၅ ခုနှစ်တွင် Franz Xaver Winterhalterမှ ကြယ်ပွင့်များဖြင့် အလှဆင်ထားသော Worth ဂါဝန်ကြီး ဝတ်ဆင်ထားသည့်Sisiရေးဆွဲခဲ့သည့်အတွက် ထိုပန်းချီကားသည်Sisiအထင်ကရ ရုပ်ပုံလွှာ ဖြစ်လာခဲ့ပြီး ဥရောပတစ်ခွင်တွင် စိန်ကြယ်ပွင့်များကို ရေပန်းစားသွားစေခဲ့ပါတယ်။Empress Sissiသည် နန်းတွင်း ရတနာဆရာဟောင်း Rozet & Fischmeisterမှ ဖန်တီးထားသော စိန်ကြယ်ပွင့် ၂၇ ပွင့်ပါ အစုံကိုလည်း ပိုင်ဆိုင်ခဲ့ပြီး ၁၈၆၅ ခုနှစ်တွင် မောင်တော် Duke Karl Theodorနှင့် Princess Sophie of Saxonyလက်ထပ်ပွဲ၊နန်းတွင်း ကပွဲအပါအဝင် အခမ်းအနား အမြောက်အမြားတွင် စိန်ကြယ်ပွင့်များကိုဝတ်ဆင်ထားကြောင်း ဖော်ပြခြင်း ခံခဲ့ရပါတယ်။ SiSiအသက်ကြီးရင့်လာချိန်တွင် ဓာတ်ပုံrsm; နည်းပါးသွားခဲ့သော်လည်း စိန်ကြယ်ပွင့်များမှာ သူမလက်ဝယ်တွင် ဆက်လက်ရှိနေခဲ့ပါတယ်။ သို့သော် ၁၈၉၈ ခုနှစ်တွင် ဝမ်းနည်းဖွယ်ရာ လုပ်ကြံခံခဲ့ရပြီးနောက် အချို့ကို သူမအပျိုတော်များထံ ပေးအပ်ခဲ့ပြီး ကျန်ရှိသည်များကို မိသားစုဝင်များထံ အမွေပေးခဲ့ပါတယ်။စိန်ကြယ်ပွင့် အချို့ကိုSiSi အကြီးဆုံး သမီးတော်Archduchess Giselaက အမွေရရှိခဲ့ဟန်တူပြီး သူမသမီးကြီးPrincess Elisabeth Marie of BavariaကCount Otto of Seefried and Buttenheimနှင့် လျှို့ဝှက် လက်ထပ်ခဲ့ပြီး နှစ်ပေါင်းများစွာအကြာ ၁၉၁၀ ခုနှစ်ခန့်ကရိုက်ကူးခဲ့သောဓါတ်ပုံအတွင်း စိန်ကြယ်ပွင့်များကိုဆင်မြန်းထားပါတယ်။ အိမ်ရှေ.စံမင်းသားPrince Rudolf၏ တစ်ဦးတည်းသော သမီးတော်နှင့် Archduchess Elisabeth Marie of Austriaသည် ၁၉၀၂ ခုနှစ်တွင်Prince Otto of Windisch-Graetzနှင့် လက်ထပ်သောအခါ မင်္ဂလာလက်ဆောင်များထဲတွင် ကွယ်လွန်သူ ဘွားတော်ထံမှ ရရှိသည်ဟု ယူဆရသော စိန်ကြယ်ပွင့် ၂၇ ပွင့်ပါဝင်ခဲ့ပါတယ်။ ထိုစိန်ကြယ်ပွင့်များကို ဘဏ္ဍာရေး အခက်အခဲ ဖြစ်ပေါ်ချိန်တွင် သူမ၏ သားသမီးအချို့ထံ ပေးလိုက်ခြင်း သို့မဟုတ် ရောင်းချလိုက်ခြင်း ဖြစ်နိုင်သော်လည်း ၁၉၆၃ ခုနှစ်တွင် Archduchess Elisabeth Marie of Austria ကွယ်လွန်ချိန်၌ Austriaနိုင်ငံတော်ထံ လွှဲပြောင်းပေးခဲ့သည့် အမွေအနှစ် ပစ္စည်းများထဲတွင် မပါဝင်ခဲ့ပေ။၁၉၉၈ ခုနှစ်တွင် Elisabeth of Austriaရာပြည့်အထိမ်းအမှတ်အဖြပြပွဲဗီယင်နာမြို့ရှိ Schönbrunn နန်းတော် ၌ ပြုလုပ်သော ပြပွဲတစ်ခုအတွက် ပုဂ္ဂလိကပိုင်ရှင်တစ်ဦးက နောက်ဆုံး ကျန်ရှိသည်ဟု သိရသောKöchertပုလဲနှင့် စိန်ကြယ်ပွင့်များထဲမှ တစ်ခုကို ခဏတာ ငှားရမ်းပေးခဲ့ချိန်တွင် Gerald Blanchardဆိုသူက စိန်ကြယ်ပွင့်ကို ခိုးယူခဲ့ပြီး အမှတ်တရ ပစ္စည်းအရောင်းဆိုင်မှ ဝယ်ယူထားသော ပုံတူအရုပ်ဖြင့် အစားထိုးခဲ့ရာ ထိုခိုးယူမှုကို နှစ်ပတ်တိုင်တိုင် မသိရှိခဲ့ကြပေ။ Blanchardက ပါဝင်ပတ်သက်မှုကို ထုတ်ဖော်ပြောကြားပြီးဘွားတော် အိမ်အောက်ထပ်သို့ ရဲတပ်ဖွဲ့ကို ခေါ်ဆောင်သွားချိန်မှသာ ခိုးယူမှုကို အများပြည်သူသို့ ထုတ်ပြန်ခဲ့ပါတယ်။ ကနေဒါ ရဲတပ်ဖွဲ့က Köchertပုလဲနှင့် စိန်ကြယ်ပွင့်ကို ပြန်လည်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် Austriaသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုစိန်ကြယ်ပွင့်ကို ယခုအခါ Schloß Schönbrunn Kultur- und Betriebsgesellschaft m.b.H. က ပိုင်ဆိုင်ထားပြီး ၂၀၁၀ ပြည့်နှစ်မှစ၍Hofburg နန်းတော် ရှိSisi ပြတိုက်တွင် ရိုဇတ်နှင့် ဖစ်ရှ်မိုင်းစတာ ရတနာအလုပ်ရုံမှ ငှားရမ်းထားသော စိန်ကြယ်ပွင့် အကြီးတစ်ပွင့်နှင့် အသေးနှစ်ပွင့်ပါအမြဲတမ်း ခင်းကျင်းပြသထားခဲ့ပါတယ်။စိန်ကြယ်ပွင့် အချို့မှာ မင်းမျိုးမင်းနွယ် စုဆောင်းမှုတွင် ဆက်လက် ကျန်ရှိနေဆဲဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် Archduchess Maria Beatrice of Austria-Esteနှင့် Count Riprand of Arco-Zinneberg တို့သမီးတော် Countess Anna Theresa von und zu Arco-Zinneberက Schloss Moos ရှိမိသားစုစံအိမ်၌ကျင်းပသောမင်္ဂလာဧည့်ခံပွဲအတွက် Empress Elisabeth ရဲ.စိန်ကြယ်ပွင့်များကို ဝတ်ဆင်ခဲ့ပါတယ်။

01/08/2026
ထိုင်နိုင်ငံမိဖုရားကြီးQueen Sirikitဟာ နှစ်ပေါင်း ၇၀ နီးပါးမျှ လူချစ်လူခင် များလှသောထိုင်းမိဖုရားအဖြစ်မှသည် လေးစားကြည်ညိုခံရသော မယ်တော်ကြီးအဖြစ်သို့ ရောက်ရှိလာသည့် စတိုင်လ်ကျလှသော မင်းသမီးကြီးတွင် အံ့မခန်းဖွယ်ရာ ရတနာစုဆောင်းမှုများ ရှိပါတယ်။ဒီအထဲမှ ၁၉၆၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် မိဖုရားကြီးဟာစိန်များခြယ်ထားသည့်ကြီးမားလှသော နီလာဆွဲသီးကြီးတစ်ခုကို စတင် ဆင်မြန်းခဲ့ပြီး ဒီဆွဲသီးကိုတော့Van Cleef & Arpelsရတနာတိုက်မှ ဝယ်ယူခဲ့ခြင်း ဖြစ်နိုင်ပြီး၊ ၁၉၆၀ ပြည့်နှစ် ဘုရင်Bhumibol Adulyadej နှင့် မိဖုရားကြီးသိရီခေတ်တို့ သမိုင်းဝင် ဥရောပခရီးစဉ်အတွင်း ဒိန်းမတ်နိုင်ငံ၌ ပြုလုပ်ခဲ့သော ပွဲတစ်ခုတွင် စတင် ပွဲထွက် ဆင်မြန်းခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များသို့ ရောက်သောအခါ ထိုနီလာဆွဲသီးကို ဖြုတ်တပ်၍ရသော ဆွဲသီးပါလည်ဆွဲအဖြစ် နားကပ်တစ်စုံနှင့် လက်စွပ်၊လက်ကောက်ပါဝင်သည့် ပိုမိုကြီးမားသော နီလာတစ်ဆင်စာနှင့်အတူ စတင် ဆင်မြန်းလာခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် အီရန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်နှင့် ၁၉၇၂ ခုနှစ် ဗြိတိန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်တို့တွင် မိဖုရားကြီးသည် ဒီရတနာတစ်ဆင်စာကို Diamond Fringeသရဖူသို့မဟုတ် Diamond Necklace သရဖူတို့နှင့်အတူ တွဲဖက် ဆင်မြန်းခဲ့ပါတယ်မိဖုရားကြီး သီရိခေတ်ဟာ ၁၉၈၀ ပြည့်လွန်နှစ်များ၊ ၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ်များအထိနီလာရတနာတစ်ဆင်စာကိုဆက်လက် ဆင်မြန်းခဲ့ပြီး၊ ၁၉၉၁ ခုနှစ် ဂျပန်နိုင်ငံမှထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်နှင့် ၁၉၉၆ ခုနှစ် ဗြိတိန်နိုင်ငံမှထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်တို့တွင် ထင်ရှားစွာ ဝတ်ဆင်ခဲ့ပါတယ်။သူမကွယ်လွန်ချိန်မှစပြီး ဒီရတနာတစ်ဆင်စာကိုမတွေ.ရသေးသော်လည်း မကြာမှီကကျင်းပပြုလုပ်ခဲ့သော ဗြိတိသျှဘုရင် Charles IIIနှင့် မိဖုရား Camilla နန်းတက်ပွဲတွင် ပွဲတက်ခဲ့သော မိဖုရားကြီး Suthidaဟာ ဒီနီလာရတနာတစ်ဆင်စာကို စိန်လက်ကောက်များနှင့်အတူ တွဲဖက် ဆင်မြန်းခဲ့ပါတယ်။

28/07/2026
သူမသည် ဟာဝိုင်အီတော်ဝင်Keawe-a-Heuluမျိုးနွယ်မှဆင်းသက်လာသော Analea Keohokālole နှင့် Caesar Kapaʻakea တို့သမီးဖြစ်ပြီး Abner Pākī နှင့် Laura Kōnia တို့၏ မွေးစားခြင်းကို ခံခဲ့ရကာ ခရစ်ယာန်ဘာသာဝင်အဖြစ်ခံယူ၍ထီးနန်းဆက်ခံခွင့်ရှိသော အခြားမှူးမတ်မျိုးနွယ်ကလေးများနှင့်အတူ Royal School တွင် ပညာသင်ကြားခဲ့ပါတယ်။။ ၁၈၆၂ ခုနှစ်တွင် အမေရိကန်လူမျိုး John Owen Dominis နောက်ပိုင်းတွင် Oʻahu ၏ မြို့တော်ဝန်ဖြစ်လာသူ နှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး မွေးစားသားသမီးအချို့ ရှိခဲ့သော်လည်း ရင်သွေးအရင်း မရှိခဲ့ပါ။ မောင်တော် King Kalākaua ထီးနန်းတက်ပြီးနောက် အင်္ဂလိပ်ထုံးစံများအတိုင်းမင်းသမီးအဖြစ် တင်မြှောက်ခြင်းခံရပြီး ၁၈၇၇ ခုနှစ်တွင် ညီမတော် ကွယ်လွန်ပြီးနောက် ထီးနန်းဆက်ခံမည့် အိမ်ရှေ့မင်းသမီး ဖြစ်လာခဲ့ပါတယ်။ ၁၈၈၇နှစ်တွင် ကျင်းပသည့် ဗြိတိန်ဘုရင်မ ဝိတိုရိယဘုရင်မကြီးရဲ. ရွှေရတုပွဲတော်တွင် ဟာဝိုင်ယီကို ကိုယ်စားပြုတက်ရောက်ခဲ့ပြီး အောင်မြင်သော စာရေးဆရာမနှင့် တေးရေးဆရာမတစ်ဦးလည်း ဖြစ်ကာ အကျော်ကြားဆုံး ဟာဝိုင်ယီတေးသီချင်းအချို့ (ဥပမာ- "Aloha ʻOe") ကို ရေးစပ်ခဲ့သူပါ။ မောင်ငယ်ဘုရင်သေဆုံးပြီးနောက် ကိုးရက်အကြာတွင် ဘုရင်မ Liliʻuokalani သည် ၁၈၉၁ ခုနှစ်တွင် ထီးနန်းတက်ခဲ့ပြီး အခြေခံဥပဒေသစ် ရေးဆွဲရန် ကြိုးပမ်းခဲ့ရာမှ ၁၈၉၃ ခုနှစ်တွင် အမေရိကန်လိုလားသော ပုန်ကန်မှုကြောင့် နန်းချခြင်းခံခဲ့ရပါတယ်။ ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုက ဟာဝိုင်ယီကို ပြည်နယ်အဖြစ်သိမ်းပိုက်ခြင်းသို့ ရောက်ရှိခဲ့ပါတယ်။ ဘုရင်မသည် ၁၈၉၃ မှ ၁၈၉၅ ထီးနန်းစွန့်လွှတ်ရချိန်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် သာမန်ပြည်သူတစ်ဦးအဖြစ် နေထိုင်ကာ ၁၉၁၇ ခုနှစ်တွင် မကွယ်လွန်မီ"Hawaii’s Story by Hawaii’s Queen" အမည်ရှိ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ထုတ်ဝေခဲ့ပါတယ်။ ဟာဝိုင်အီဘုရင်မ Liliʻuokalani ဟာ လှပသောလက်ဝတ်ရတနာများစွာရှိသည့်နောက် သူမကွယ်လွန်ပြီးအချိန်တွင် မိဘမဲ့ဂေဟာ တည်ထောင်ရေးနှင့် ထိန်းသိမ်းရေး ရန်ပုံငွေအတွက် ၁၉၂၄ခုနှစ်တွင်လေလံတင်ရောင်းချခဲ့ပါတယ်။ ဆိုင်ယမ် (ထိုင်း) ဘုရင်က ဘုရင်မ Liliʻuokalani ထံ ပေးအပ်ခဲ့သည့် လက်ဆောင်တစ်ခုဖြစ်သော ကျားလက်သည်း လည်ဆွဲ (Tiger Claw Necklace) ကို Filigreeအလုံး ၇ လုံးမှတွဲလဲကျနေပြီးဇာပန်းချိတ်တို့မှ ဆွဲချထားသည့် ကျားလက်သည်း ၉ ခု ပါဝင်သော ရွှေကြိုးလိမ်ဖြင့် ပြုလုပ်ထားပါတယ်။ ထိုလည်ဆွဲကို ၁၉၂၄ ခုနှစ် လေလံပွဲတွင်ရောင်းချခဲ့ရာ အိုဟိုင်းယိုးပြည်နယ်၊လူတစ်ဦးက ဝယ်ယူခဲ့ပြီး၁၉၂၇ ခုနှစ်တွင် Mrs. F. Walbridge ဆိုသူက ဒီလည်ဆွဲကို Honolulu Museum of Art သို့ လှူဒါန်းခဲ့ပြီး၊ အဆိုပါ ပြတိုက်က 'Iolani နန်းတော်သို့ ငှားရမ်းပေးခဲ့သဖြင့် ၂၀၀၀ ပြည့်နှစ်မှစတင်ကာ နန်းတော်တွင် ပြသထားခဲ့ပါတယ်။ သူမရဲ.လက်ဝတ်ရတနာစုဆောင်းအတွင်းလော့ကတ်သီးများ၊ဆွဲသီးများ၊လက်စွပ်၊လက်ကောက်များပါဝင်လျက်ရှိသလို စုဆောင်းမှုအချို.ကို 'Iolani နန်းတော်တွင်ပြသထားလျက် သီးသန်.ဝယ်ယူသွားသောရတနာများအကြောင်းကိုတော့မသိရတော့ပါဘူး။
28/07/2026
သူမသည် ဟာဝိုင်အီတော်ဝင်Keawe-a-Heuluမျိုးနွယ်မှဆင်းသက်လာသော Analea Keohokālole နှင့် Caesar Kapaʻakea တို့သမီးဖြစ်ပြီး Abner Pākī နှင့် Laura Kōnia တို့၏ မွေးစားခြင်းကို ခံခဲ့ရကာ ခရစ်ယာန်ဘာသာဝင်အဖြစ်ခံယူ၍ထီးနန်းဆက်ခံခွင့်ရှိသော အခြားမှူးမတ်မျိုးနွယ်ကလေးများနှင့်အတူ Royal School တွင် ပညာသင်ကြားခဲ့ပါတယ်။။ ၁၈၆၂ ခုနှစ်တွင် အမေရိကန်လူမျိုး John Owen Dominis နောက်ပိုင်းတွင် Oʻahu ၏ မြို့တော်ဝန်ဖြစ်လာသူ နှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး မွေးစားသားသမီးအချို့ ရှိခဲ့သော်လည်း ရင်သွေးအရင်း မရှိခဲ့ပါ။ မောင်တော် King Kalākaua ထီးနန်းတက်ပြီးနောက် အင်္ဂလိပ်ထုံးစံများအတိုင်းမင်းသမီးအဖြစ် တင်မြှောက်ခြင်းခံရပြီး ၁၈၇၇ ခုနှစ်တွင် ညီမတော် ကွယ်လွန်ပြီးနောက် ထီးနန်းဆက်ခံမည့် အိမ်ရှေ့မင်းသမီး ဖြစ်လာခဲ့ပါတယ်။ ၁၈၈၇နှစ်တွင် ကျင်းပသည့် ဗြိတိန်ဘုရင်မ ဝိတိုရိယဘုရင်မကြီးရဲ. ရွှေရတုပွဲတော်တွင် ဟာဝိုင်ယီကို ကိုယ်စားပြုတက်ရောက်ခဲ့ပြီး အောင်မြင်သော စာရေးဆရာမနှင့် တေးရေးဆရာမတစ်ဦးလည်း ဖြစ်ကာ အကျော်ကြားဆုံး ဟာဝိုင်ယီတေးသီချင်းအချို့ (ဥပမာ- "Aloha ʻOe") ကို ရေးစပ်ခဲ့သူပါ။ မောင်ငယ်ဘုရင်သေဆုံးပြီးနောက် ကိုးရက်အကြာတွင် ဘုရင်မ Liliʻuokalani သည် ၁၈၉၁ ခုနှစ်တွင် ထီးနန်းတက်ခဲ့ပြီး အခြေခံဥပဒေသစ် ရေးဆွဲရန် ကြိုးပမ်းခဲ့ရာမှ ၁၈၉၃ ခုနှစ်တွင် အမေရိကန်လိုလားသော ပုန်ကန်မှုကြောင့် နန်းချခြင်းခံခဲ့ရပါတယ်။ ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုက ဟာဝိုင်ယီကို ပြည်နယ်အဖြစ်သိမ်းပိုက်ခြင်းသို့ ရောက်ရှိခဲ့ပါတယ်။ ဘုရင်မသည် ၁၈၉၃ မှ ၁၈၉၅ ထီးနန်းစွန့်လွှတ်ရချိန်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် သာမန်ပြည်သူတစ်ဦးအဖြစ် နေထိုင်ကာ ၁၉၁၇ ခုနှစ်တွင် မကွယ်လွန်မီ"Hawaii’s Story by Hawaii’s Queen" အမည်ရှိ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ထုတ်ဝေခဲ့ပါတယ်။ ဟာဝိုင်အီဘုရင်မ Liliʻuokalani ဟာ လှပသောလက်ဝတ်ရတနာများစွာရှိသည့်နောက် သူမကွယ်လွန်ပြီးအချိန်တွင် မိဘမဲ့ဂေဟာ တည်ထောင်ရေးနှင့် ထိန်းသိမ်းရေး ရန်ပုံငွေအတွက် ၁၉၂၄ခုနှစ်တွင်လေလံတင်ရောင်းချခဲ့ပါတယ်။အိမ်ရှေ့မင်းသမီးသည် ၁၈၈၇ ခုနှစ်တွင် ကျင်းပသည့် ဝိတိုရိယဘုရင်မရွှေရတုပွဲတော်အတွက်ယောင်းမတော်မိဖုရား Kapiʻolani နှင့်အတူ လိုက်ပါသွားစဉ်အတွင်း စိန် ၁၅၉ ပွင့်နှင့် ပတ္တမြား မျက်လုံးသေးသေးလေး နှစ်လုံး ပါဝင်သော စိန်လိပ်ပြာရင်ထိုး တစ်ခုကို ဝယ်ယူခဲ့ပါတယ်။ ထိုရင်ထိုးကို လှုပ်ရှားသည့်အခါ လိပ်ပြာတောင်ပံများ တုန်ခါလှုပ်ရှားနိုင်ရန်အတွက် တုန်ခါမှုစနစ် (en tremblant) ဖြင့် ပြုလုပ်ထားပါတယ်။ ဘုရင်မ Liliʻuokalani သည်ထင်ရှားလှသောဓာတ်ပုံတစ်ပုံတွင် ဒီရင်ထိုးကို သူမ၏ ဆံပင်တွင် ဆင်မြန်းခဲ့ပြီး၊ ၁၈၉၁ ခုနှစ် ထီးနန်းတက်ပွဲ ဓါတ်ပုံတွင်လည်း စိန်လည်ဆွဲအထက်တွင် အဆင်တန်ဆာ (Aigrette) အဖြစ် ဆင်မြန်းခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်တွင် လေလံတင်ရောင်းချခံခဲ့ရသည့် ထိုလိပ်ပြာရင်ထိုးကို 'Iolani နန်းတော်က ပြန်လည်ဝယ်ယူ စုဆောင်းနိုင်ခဲ့ပြီး၊ ယခုအခါ ပြတိုက်တွင် ပြသထားသည့် ရတနာများထဲတွင် အထင်ရှားဆုံးအဖြစ်တည်ရှိနေပါသည်။
Click here to claim your Sponsored Listing.