V care serum official myanmar

V care serum official myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from V care serum official myanmar, Health/Beauty, Yangon.

23/03/2026

လမ်းတွေချော်နေပြီလား 👀

ဘယ်လိုတိုးတိုး တိုးမပေါက်တဲ့ ချစ်ဇနီးကြောင့်
အံ့ဩမနေနဲ့နော်

ဘာကြောင့်လဲဆိုရင် ဆွဲဆောင်မှုပြင်းတဲ့ လေဒီတို့ရဲ့နောက်ကွယ်မှာ V Care Serum ကရှိနေပြီလေ 🤭

လမ်းတွေချော်နေပြီဆိုရင် ခွန်အားအပြည့်နဲ့ ဆက်တိုးဖို့သာအားခဲထားတော့ ကိုယ့်လူတို့ရေ 💪🏻

▪️ 𝐕 𝐜𝐚𝐫𝐞 𝐬𝐞𝐫𝐮𝐦 - 𝟐𝟐,𝟓𝟎𝟎 𝐤𝐬

မှာယူမယ်ဆိုရင်ဖြင့်
မင်မင်တို့ရဲ့ Page Cb or
Viber - 09-789901442
ကနေတစ်ဆင့်စိတ်ကြိုက်မှာယူနိုင်ပါတယ်ရှင့်😘😘

12/01/2026

မိန်းမကိုယ်ဘာကြောင့်နံသလဲ ?

မိန်းမကိုယ်ဟာ ဘယ်လိုအမွှေးနံ့သာ သုံးသည်ဖြစ်စေ နံနေတာ ကြုံရနိုင်ပါတယ်။

အမျိုးသမီးအချို့ဟာ သဘာဝအရကို အနံ့ပြင်းများ ထုတ်လွှတ်တတ်ပြီး တချို့ကတော့ ဒီလိုမဟုတ်ကြပါဘူး။ ချွေးထွက်များခြင်း၊ အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း စတာတွေဟာ ဒီအစိတ်အပိုင်းတွေရဲ့ အနံ့ကို ယာယီ ပြောင်းလဲစေပါတယ်။ ဒါပေမယ့် မိန်းမကိုယ်မှာ ရနံ့တစ်ခုတော့ အမြဲရှိပါတယ်။

ဒီလိုဆိုရင်တော့ မိန်းမကိုယ်ရဲ့ အနံ့ပြောင်းလဲခြင်းဟာရောဂါကြောင့်လား/ သာမန်ပြောင်းလဲမှုလား ဆိုတာ ခွဲခြားသိဖို့ လိုနေပါပြီ။

မိန်းမကိုယ်ဟာ ဘယ်အခါမှာ သတ္တုနံ့ရနိုင်သလဲ ?

ဓမ္မတာကာလပြီးဆုံးချိန် ဒါမှမဟုတ် သုတ်ရည်နဲ့ထိတွေ့ပြီးချိန်မှာ သတ္တုနံ့ရတတ်ပါတယ်။ နှစ်ခုစလုံးဟာ မိန်းမကိုယ်ထဲက pH ဓါတ်ကို ဘေ့စ်ဘက်ကို ပိုများစေပါတယ်။ ဒါကြောင့် အနံ့ပြောင်းခြင်း ဖြစ်ပါတယ်။ ကိစ္စ၂ခုလုံးဟာ ယာယီပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ အနံ့ပြောင်းတာ ကြာနေမယ်ဆိုရင်၊ ယားယံနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။

ချိုအီလွန်းသောအနံ့

ရမြဲအနံ့ထက် ပိုပြီးပြင်းရှရှရတဲ့ အကြောင်းကတော့ ချွေးအရမ်းထွက်ခြင်း၊ တင်းကြပ်တဲ့ အောက်ခံဘောင်းဘီ၊ ဓါတုဗေဒနည်းနဲ့ ထုတ်ထားတဲ့ ချည်နဲ့ ရက်လုပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဘောင်းဘီတွေကြပ်ပြီး လေဝင်လေထွက် မကောင်းရင် အနံ့ပိုပြင်း တတ်ပါတယ်။ အဲ့ဒီအခါ ဆပ်ပြာခပ်ပျော့ပျော့နဲ့ ဆေးပေးခြင်း၊ အောက်ခံအဝတ် မကြာခဏလဲပေးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီမယ့် ကိစ္စတွေတော့ မလုပ်ပါနဲ့။

မိန်းမကိုယ်ဟာ ဘယ်အခါမှာ ငါးညှီနံ့ရနိုင်သလဲ ?

ကျန်းမာရေးသိပ်မကောင်းတဲ့အခါမျိုးမှာ ဒီအသုံးအနှုန်းနဲ့ သင့်တော်ပါတယ်။

သိပ်ပြီးဆိုးတဲ့အနံ့ဆိုရင် မိန်းမကိုယ်မှာ ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ vaginosis နဲ့ trichomoniasis ဆိုပြီး ၂မျိုး ရှိပါတယ်။ vaginosis ကတော့ မိန်းမကိုယ်တွင်းမှာ ဘက်တီးရီးယား ဟန်ချက်မညီခြင်းနဲ့ ဆက်စပ်နေပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတော့မဟုတ်ပေမယ့် ဆက်ဆံဖော်အသစ်တွေ့တဲ့အခါ ပိုဖြစ်စေနိုင်ပါတယ်။

တဆေးနံ့

မှိုပိုးဝင်ခြင်းတိုင်းမှာ အနံ့မရတတ်ပါဘူး။ တခြားလက္ခဏာတွေဖြစ်တဲ့ အဖြူဆင်းခြင်း၊ ယားယံခြင်းတို့ကြုံမှ သတိထားမိတတ်ပါတယ်။ တခါတရံ ပေါင်မုန့်နံ့လို ရတတ်ပေမယ့် မှိုနံ့ရတာမျိုးလည်း ရှိတတ်ပါတယ်။ အနံ့ရခြင်းတခုကပဲ မှိုပိုးဝင်ခြင်းကိုပြတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါပေမယ့် vaginosis ရောဂါဖြစ်ခြင်း၊ မိန်းမကိုယ်ကို ယားယံစေတဲ့ တခြားရောဂါပိုးဝင်ခြင်း စတာတွေနဲ့ ခွဲခြားနိုင်ပါတယ်။

ပုပ်သောအနံ့

မိန်းမကိုယ်ကနေ ပုပ်တဲ့အနံ့ကို ရုတ်တရက် ဆိုးဆိုးရွားရွား ရလာရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပြီးခဲ့တဲ့ ဓမ္မတာကိစ္စအတွက် tampon သုံးပြီး မေ့ကျန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့သားဖွားမီးယပ်ဆရာဝန်ဟာ ကြာရှည်စွာ မေ့ထားခဲ့တဲ့ tampon ကို ထုတ်ယူပေးနိုင်တာကြောင့် ချိန်းဆိုပြသဖို့ မရှက်ပါနဲ့။

မိန်းမကိုယ်အနံ့ ဖြစ်ရခြင်း အကြောင်းများ

တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း

အမျိုးသမီးတွေမှာ ပိုမိုရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေရှိပြီး အမြဲဂရုစိုက်ဖို့ မလွယ်ကူပါဘူး။ မိန်းမကိုယ်အနံ့ဟာ သန့်ရှင်းရေးကိစ္စကလွဲလို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ် ဆေးကြောဖို့ မမေ့ပါနဲ့။ အနံ့မပါတဲ့ ခပ်ပျော့ပျော့ ဆပ်ပြာကို သုံးပါ။ အိမ်သာဝင်ရင် ရှေ့ကနေနောက်ကို ဆေးကြောပါ။ ရေမချိုးဖြစ်ရင်တောင် အတွင်းခံကို နေ့စဉ်လဲပါ။

ဘက်တီးရီးယားကြောင့်ဖြစ်သော vaginosis

မိန်းမကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားတာများရင် ဖြစ်တတ်ပါတယ်။ အရည်ဆင်းခြင်းဟာ ဒီပြဿနာရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ အနံ့လည်း ရတတ်ပါတယ်။ ဒီရောဂါကို မကုခင်မှာ တခြားရောဂါ အမျိုးအစားတွေ မဟုတ်ဘူးဆိုတာ သေချာစေရပါမယ်။ ကုသမှုမှာ မိန်းမကိုယ်လိမ်းတဲ့ ဂျယ်လ်အဆီများ၊ ပဋိဇီ၀ သောက်ဆေးများ ပါဝင်ပါတယ်။

Trichomoniasis ရောဂါ

လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ကပ်ပါးပိုးကြောင့်ဖြစ်တတ်ပြီး အမျိုးသားများရော အမျိုးသမီးများမှာပါ တွေ့နိုင်ပါတယ်။ ရောဂါဖြစ်တိုင်းမှာ လက္ခဏာ မပြတတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ်က အရည်ဆင်းတာ၊ ဆီးသွားရင် အစိမ်းရောင်သမ်းပြီး အမြှုပ်တွေ ဖြစ်နေတာ၊ ဆီးသွားရင်ပူတာ၊ လိင်ဆက်ဆံစဉ် နာကျင်တာ၊ လိင်အင်္ဂါ ယားယံတာ စတာတွေ ရှိ၊မရှိ စစ်ဆေးရပါမယ်။ ရောဂါရှာဖွေခြင်းကတော့ စစ်ဆေးတဲ့နေရာမှာ ကပ်ပါးပိုး ရှိ၊မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး ကုသပြီးချိန်မှာလည်း ပြန်ဖြစ်တတ်ပါတယ်။

မိန်းမကိုယ် မှိုပိုးဝင်ခြင်း

Candida လို့ခေါ်တဲ့ မှိုကြောင့် ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ပူခြင်း၊ ရောင်ရမ်းခြင်း၊ ယားခြင်း၊ အရည်ဆင်းခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မိန်းမနဲ့ ယောက်ျားကြား ကူးစက်နိုင်ပါတယ်။ မှိုစွဲပျောက်စေတဲ့ဆေးတွေလိမ်းခြင်း၊ သောက်ခြင်းနဲ့ ကုသနိုင်ပါတယ်။

လိင်ဆက်ဆံခြင်းမှ ကူးစက်သော ရောဂါများ

Chlamydia နဲ့ Gonorrhea ၂မျိုးစလုံးဟာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်ပြီး မိန်းမကိုယ်မှာ အနံ့ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်ပိုင်းမှာ အလွယ်တကူ ကုသနိုင်ပေမယ့် သေချာမကုသရင် ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သူတို့ဟာ ရောဂါလက္ခဏာပြတာရှိသလို မပြဘဲလည်း ဖြစ်တတ်ပါတယ်။ ဆီးသွားစဉ် နာကျင်ခြင်း၊ ပြည်လို အရည်ဆင်းခြင်း စတာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီအခြေအနေ မဖြစ်အောင် လိင်မှုကိစ္စ ရှောင်ကြဉ်ခြင်း ဒါမှမဟုတ် ဆက်ဆံနေစဉ် အကာအကွယ်သုံးခြင်း စတာတွေ လိုက်နာရပါမယ်။

တင်ဆုံရိုးကွင်း အင်္ဂါများ ရောင်ရမ်းခြင်း

ဒီရောဂါဟာလည်း လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ သားအိမ်၊ မျိုးဥအိမ်၊ မျိုးဥပြွန် စတာတွေကို ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဖျားခြင်း၊ အရည်ဆင်းခြင်း၊ ဝမ်းဗိုက်နဲ့ ဆီးစပ်အောင့်ခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး မကုသဘဲထားလိုက်ရင် ဆိုးရွားတဲ့ ကျန်းမာရေးပြသနာ ဥပမာ-မြုံခြင်း ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ

HPV ဗိုင်းရပ်စ်ပိုးဟာ သားအိမ်ကင်ဆာ ဖြစ်ပွားစေပါတယ်။ ဒီကင်ဆာဟာ သားအိမ်အောက်ပိုင်းမှာ ဖြစ်တတ်ပါတယ်။ ပိုဆိုးလာတဲ့ သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေကတော့ လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း၊ အနံ့ဆိုးသော အရည်များဆင်းခြင်း၊ ဆီးစပ်နာကျင်ခြင်း စတာတွေ ဖြစ်ပါတယ်။

လိင်ဆက်ဆံဖော် အများကြီးရှိရင်၊ ငယ်ရွယ်စဉ်မှာ လိင်ဆက်ဆံရင်၊ ဆေးလိပ်သောက်ရင်၊ ကိုယ်ခံအားကျဆင်းရင်၊ တခြား လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါရှိရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွာနိုင်ခြေ များပါတယ်။ ကင်ဆာအဆင့်ပေါ် မူတည်ပြီး ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။

မိန်းမကိုယ်ကင်ဆာ

မိန်းမကိုယ်မှာ ဖြစ်တတ်ပေမယ့် ရှားပါတယ်။ စောစီးစွာသိရင် အလွယ်တကူ ကုသနိုင်ပါတယ်။ ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ပိုဆိုးလာတဲ့အခါ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ဒီလက္ခဏာတွေရှိရင် ဆရာဝန်ပြသသင့်ပါတယ်။ ကင်ဆာ စတင်ဖြစ်ပေါ်တဲ့နေရာကို မူတည်ပြီးတော့ မိန်းမကိုယ်ကင်ဆာကို လေးမျိုးခွဲခြားနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်တဲ့ဆေးတွေ သုံးတာများရင်၊ လိင်ဆက်ဆံဖော်များရင်၊ ဆေးလိပ်သောက်ရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

မိန်းမကိုယ်ကင်ဆာလို့ ရောဂါအမည်တပ်လိုက်ပြီဆိုရင် ဆရာဝန်ဟာ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။

မိန်းမကိုယ်နှင့် အူမကြီးဆက်နေခြင်း

ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်နဲ့ အူမကြီးကို ဆက်တဲ့အပေါက် ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဝမ်းသွားတဲ့အခါ၊ လေလည်တဲ့အခါ မိန်းမကိုယ်ထဲကို ရောက်သွားတတ်ပါတယ်။

ဒီရောဂါဟာ ကသိကအောက်နိုင်ပြီး ဆက်ဆံရေးပျက်ယွင်းခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်ကို ပြသဖို့ ခက်ပေမယ့် ခွဲစိတ်ဖို့ လိုအပ်တတ်တာမို့ ပြရပါမယ်။

ဒီပြဿနာရဲ့ တခြားလက္ခဏာတွေကတော့ အနံ့ဆိုးတဲ့အရည်များ မိန်းမကိုယ်မှဆင်းခြင်း၊ မိန်းမကိုယ်နေရာမှနာခြင်း၊ မကြာခဏပြန်ဖြစ်ခြင်း၊ မိန်းမကိုယ်မှ ဝမ်းသွားခြင်း၊ လေလည်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Crohn ရောဂါ၊ ဆီးစပ်နေရာတွင် ကင်ဆာကုသခြင်း၊ ခွဲစိတ်ခြင်း စတာတွေဟာ ဒီအနာကို ဖြစ်ပေါ်စေပါတယ်။


အမျိုးသမီးကျန်းမာရေး

03/01/2026

🌸ရာသီလာစဉ် မိန်းမကိုယ် ယားယံခြင်း ကင်းစေရန်🌸
🌻ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန်🌻 (အမျိုးသမီးတိုင်း ဖတ်သင့် သော စေတနာ့ ဆောင်းပါ)💖

မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး
သွေးမဆုံးမချင်း(ကိုယ်ဝန် ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်း ရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။

တစ်ကြိမ် ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ
ငါးရက်ခန့် ကြာမြင့်တတ် ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။

တချို့ အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ရက်အနည်းငယ် အလိုကတည်းက ဒီဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့အတွက် ဒါကို ရာသီအကြိုဝေဒနာ (Premenstrual Syndrome) လို့ခေါ်ပါတယ်။

ရာသီလာတဲ့ အချိန်အတောအတွင်းမှာ ခေါင်းလျှော်ရေချိုးရင် အအေးမိတတ်တယ်ဆိုတဲ့ အယူအဆကြောင့် ရေမချိုး၊ ခေါင်းမလျှော်ဘဲ မနေသင့်ပါဘူး။ တကယ်တော့ ရာသီလာချိန် နေ့ရက်တွေမှာ ပုံမှန်အတိုင်း ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းနေထိုင်ဖို့ အရေးကြီးပါတယ်။

ရာသီလာစဉ် မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း ကင်းစေရန်
👸👸
မိန်းကလေးအများစုဟာ သူတို့ရဲ့ မိန်းမကိုယ်မှ အနံ့ဆိုးထွက်နေမှာ ဒါမှမဟုတ် သူတို့ရာသီလာမှန်းတခြားသူတွေ ရိပ်မိသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ပုံမှန်အခြေအနေမှာ မိန်းမကိုယ်ကနေ ဘာအနံ့မှ မထွက်တတ်ပေမယ့် ရာသီသွေးဆင်းချိန်မှာတော့ အနံ့အသက် အနည်းငယ် ထွက်နိုင်ပါတယ်။ ဒီအခြေအနေအတွက် စိတ်မပူပါနဲ့။

ရာသီလာစဉ် အတောအတွင်းမှာ လစဉ်သုံး ဂွမ်းထုပ်ကို မကြာခဏ လဲလှယ်ပေးတာ၊ နေ့စဉ် အချိန်မှန် ရေချိုး ခေါင်းလျှော်တာ၊ ရေချိုးပြီးတိုင်း သန့်ရှင်းခြောက်သွေ့ကာ မီးပူတိုက်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံ အဝတ်အစားတွေကို ဝတ်ဆင်တာ စတဲ့ အလေ့အထတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

အဲဒီလို ပြုလုပ်ပြီးတာတောင် အချိန်ကြာတဲ့အထိ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင်၊ ပုံမှန်ထက် ပိုမိုဆိုးရွားတဲ့ အနံ့မျိုးရနေရင်၊ ဒီလိုအနံ့ထွက်တာနဲ့အတူ မိန်းမကိုယ် ယားယံတာ၊ အနာဖြစ်တာတို့ တွဲရှိရင် မိန်းမကိုယ်မှိုစွဲတဲ့ အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။
👩‍❤️‍💋‍👩👩‍❤️‍💋‍👩
မိန်းမကိုယ်ကို အလွန်အမင်း သန့်ရှင်းရေးလုပ်ခြင်းကြောင့် မထိခိုက်စေရန်👩‍❤️‍💋‍👩👩‍❤️‍💋‍👩

တချို့ မိန်းကလေးတွေဟာ ရာသီလာချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ဆေးကြောတာ၊ အနံ့ဆိုးပျောက်အောင် အနံ့မွှေးလွန်းတဲ့ ဆပ်ပြာနဲ့ တိုက်ချွတ် ဆေးကြောတာနဲ့ အမွေးနံ့သာ ဖျန်းဆေးသုံးတာ စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ဆောင်ရွက်တတ်ကြပါတယ်။

မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောတာက မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် ဓာတ်မတည့်မှု ဖြစ်တာ၊ ယားယံတာနဲ့ ကူးစက်ပိုး ဝင်တာတွေအထိတောင် ဖြစ်နိုင်ခြေရှိပါတယ်။ အမွှေးနံ့သာဖျန်းဆေးတွေ၊ အနံံ့အသက် ပျောက်ဆေးတွေကို သုံးစွဲတာကလည်း ဓာတ်မတည့်မှု၊ ပိုးဝင်တာနဲ့ ယားယံကာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေအထိ ဖြစ်တတ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ သဘာဝ သန့်စင်ဆေးကြောတဲ့စနစ် ရှိပြီးသားပါ။

ဓာတုပစ္စည်းပါဝင်တဲ့ ဘယ်သန့်စင်ရေး အသုံးအဆောင်ကိုမှ မသုံးသင့်ပါဘူး။ ရာသီလာတဲ့ နေ့ရက်တွေမှာ တခြားနေ့တွေမှာလိုပဲ အမွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့နဲ့ ကြက်သီးနွေးရေကိုသုံးပြီး မိန်းမကိုယ်အပေါ်ယံကို ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။ ဝမ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သန့်စင်ပေးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေသုံးပြီး ချိုးပေးရင် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။
👩‍❤️‍💋‍👩👩‍❤️‍💋‍👩

ရာသီလာချိန် အတောအတွင်းနဲ့ ရာသီလာပြီးချိန်တွေမှာ မိန်းမကိုယ်တစ်ဝိုက် အရေပြား ယားယံတာ၊ အဖုငယ်တွေ ပေါက်တာတွေက ဓာတ်မတည့်တဲ့ အခြေအနေပါ။ ဒီလို ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ရတာက လစဉ်သုံး ဂွမ်းထုပ်ပဝါကို လဲလှယ်သင့်တဲ့အချိန်မှာ မလဲလှယ်မိတာကြောင့်ပါ။

တကယ်လို့ အောက်ခံဘောင်းဘီမှာ ရာသီသွေး စွန်းထင်းသွားရင် ဂွမ်းထုပ်ပဝါနဲ့အတူ အောက်ခံ ဘောင်းဘီကိုပါ အသစ်လဲလှယ် ဝတ်ဆင်ပါ။ အောက်ခံဘောင်းဘီကို လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ ချည်သားဘောင်းဘီ အမျိုးအစား ရွေးဝတ်ဖို့ လိုအပ်ပါတယ်။

👩‍❤️‍💋‍👩👩‍❤️‍💋‍👩ရာသီလာစဉ် ကိုက်ခဲခြင်း ကင်းစေရန်

တချို့ မိန်းကလေးတွေမှာ လစဉ် ဓမ္မတာရာသီလာတိုင်း ကိုက်ခဲနာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် ရာသီလာမယ့် နေရက်တွေကို ကြိုတွေးပြီး စိတ်ညစ်နေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။

(၁) စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ

စိတ်ပူပင်သောကများတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သလို ရာသီမမှန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၂) အာဟာရပြည့်ဝသော အစာစားပါ

အဆီအအိမ့်စာတွေရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ အစာအာဟာရကို ပြည့်ဝမျှတအောင်စားပြီး ဝမ်းမချုပ်အောင် ဂရုစိုက်သင့်ပါတယ်။ အချိန်မှန်စားပြီး အချိန်မှန်မှန် အိပ်စက် အနားယူသင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုတွေကင်းစေပြီး ကြွက်သားတွေကို သန်စွမ်းလာစေပါတယ်။

(၄) ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် စိတ်ဖြေလျှော့ပါ

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကြောင့် ဒေါသမထွက်ပါနဲ့။ ဒေါသကြောင့် နာကျင်မှုကို ပိုဆိုးစေလို့ပါ။ အိပ်ရာထဲမှာ လဲလျောင်းအနားယူပြီး ဝင်လေ၊ ထွက်လေ မှတ်တာမျိုး၊ တရားစာ ရွတ်တာမျိုး လုပ်ဆောင်ရင်း ဝမ်းဗိုက်မှာ ရေနွေးအိတ် ကပ်ထားပေးပါ။ ကြက်သီးနွေးရေထဲမှာစိမ်ပြီး ရေချိုးပေးတာကြောင့်လည်း ဝေဒနာသက်သာပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။

(၅) ကိုက်ခဲနာကျင်နေလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ

ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် အိပ်မပျော်ပါက အကိုက်အခဲ ပျောက်ဆေး တစ်မျိုး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားပြီး သောက်ပေးနိုင်ပါတယ်။

👩‍❤️‍💋‍👩ကျန်းမာရေးအ‌ကြောင်းသိကောင်းစရာ👩‍❤️‍💋‍👩

19/12/2025

💚V-care Serum သုံးလို့ အချစ်ပိုပြီး ကန်ထုတ်နေရတယ်😮‍💨

💕Relation ship လေးကကြာလာတော့ ချစ်သူလေးကိုအလိုလိုက်မိတော့ သူ့အတွက်အမြဲရိုးနေမလားလို့ ရိုးနေတယ်လည်းထင်မိလို့
💚Oh My Zing ရဲ့ V-Care Serum ကျစ်ကျဉ်းမွှေးလေးကိုစသုံးပြီးတဲ့နောက် ဆွဲဆောင်မှုရှိတဲ့အနံ့လေးက သူ့ကိုအမြဲဆွဲဆောင်နေပြီး ကိုယ်ကိုတိုင်လည်းယုံကြည်မှု အပြည့်နဲ့ပေါ့

💚Oh My Zing V-Care Serumလေးရဲ့
အားသာချက်=ကျစ်ကျဉ်းမွှေး ယုံကြည်မှု 💯%
အားနည်းချက်=ချစ်ရသူလေးတောက်တဲ့
လိုကပ်နေလို့ ကန်ထုတ်ဖို့ အားမနာမှသုံးရမယ်နော်😘

💖အပျိုလေးလည်းမေး အအိုလေးလည်းမနှေးအမြဲမှာတဲ့
Oh My Zingရဲ့ ကျစ်ကျဉ်းမွှေး🥰


#ကျဉ်းကျစ်မွှေး

19/12/2025

အမျိုးသမီးတိုင်းအတွက် V care Serum 🍀

✓အဖြူဆင်းသက်သာ

✓ယားယံမှုကင်းဝေး

✓အနံ့ဆိုးပျောက်

✓ဆွဲဆောင်မှု၊ယုံကြည်မှု Feeling အပြည့်ပေးဆောင်ပြီး

✓အိမ်ထောင်ရှင်မမတွေ ညီမလေးတွေအတွက်
ကျစ်ကျဉ်းမွှေး အာနိသင်ကို အပြည့်အဝပေးတဲ့
Oh My Zing Vcare Serum 🌷

‼️ လက်လီလက်ကားဝယ်ယူရရှိိနိူင်ပါပြီ ‼

1 ဘူး = 22500ks


#ပြည်တွင်းပြည်ပပို့ဆောင်ပေးပါတယ်
#အမျိုးသမီးကျန်းမာရေး
#မြို့နယ်ပေါင်း300ကျော်အိမ်အရောက်ငွေခြေရ

19/12/2025

ပူစီကျစ်ကျဥ်းမွှေး
V care Serum 💚💚

🤭ရှက်စရာမဟုတ် ဘူးနော်
▪️မိန်းကလေး အများစုမှာ မိန်းမရောဂါ ပြသာနာ
ရှိမြဲပါနော်
▪️ ရာသီမလာခင် အဖြူဆင်းတာတို့
▪️ ငါးငြိ နံ့ နံ တာတို့ ၊ အနံ့ဆိုးထွက်တာတို့
▪️ တချို့ မိန်းကလေးတွေဆို
အဖြူအရမ်းဆင်းတာတို့
▪️ ယားယံ တာတို့

ခနခန ကြုံ နေရတဲ့ ပြသာနာတွေကို ဖြေရှင်းရန် နည်းလမ်းလေးရှာကြည့်ပါနော် ကြာလာရင် ကင်ဆာရောဂါ

ဖြစ်တတ်တာ မို့ အမြန်ဆုံးကုသ သင့်ပါတယ်ရှင့်

V care Serum ကိုလဲလမ်းညွန့်ပေးချင်ပါတယ်ရှင့်
သူက လွယ်ကူစွာ အသုံးပြုလဲလွယ် တာမို့

အစက် တစ်စက် ဘဲချပြီး အသုံးပြုရတာမို့
V care Serum လေးကို လမ်းညွှန်ပေးပါတယ်ရှင့်

08/12/2025

🍀သားအိမ်ကျခြင်း ရောဂါလက္ခဏာ (Prolapse Of Uterus)

🍀သားအိမ်၊ ဆီးအိမ်နဲ့ စအိုတို့ကို တွဲဆက်ထားတဲ့ အရွတ် ဆွဲဆန့်ခံရတာ များတာကြောင့် သားအိမ်ဟာ မူလ နေရာမှ အောက်ကို ကျဆင်းလာတတ်ပါတယ်။

🍀ဆီးအိမ်ဟာ မိန်းမကိုယ်ရှိရာ အနောက်ဘက်ကို အတွန်းခံရပြီး ပျော့ပျောင်းတဲ့ အလုံး Cystocele ဖြစ်လာပြီး ဆီးမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် စအိုဟာလည်း မိန်းမကိုယ်ရှိရာ ရှေ့ဘက်သို့ အတွန်းခံရပြီး Rectocele ဖြစ်တတ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်ဟာ မိန်းမကိုယ် ယောနိအထိ ကျဆင်းလာတတ်ပါတယ်။

🍀ရောဂါလက္ခဏာ🍀

-သားအိမ် ကျဆင်းလာတာ ဒါမှမဟုတ် မိန်းမကိုယ် ယောနိအဝမှာ တစ်ဆို့ဆို့ ဖြစ်နေတာလို ခံစားရခြင်း-ဆီးစပ်နေရာမှာ နာကျင်နေခြင်း-ချောင်းဆိုးရင် ဆီးမထိန်းနိုင်ခြင်း

🍀ရောဂါကြာချိန်🍀

-ကုသမှု မခံယူပါက တဖြည်းဖြည်း အခြေအနေ ဆိုးလာပါတယ်။
ဘာကြောင့် ဖြစ်သလဲ
-ကလေးများများ မွေးတာကြောင့် ဒါမှမဟုတ် ခက်ခက်ခဲခဲ ကလေးမွေးဖွားရတာကြောင့်
နောက်ဆက်တွဲပြဿနာ
-ဆီးမထိန်းနိုင်ခြင်း

🍀အိမ်မှာ ဘယ်လိုကုသမလဲ🍀

-သားအိမ်ကျလာရင် ပက်လက်အိပ်နေပါ။ သားအိမ်ကြွက်သားတွေ သန်မာအောင် ကီးဂဲလ် လေ့ကျင့်ခန်း (Kegel Exercise) လုပ်ပါ။

🍀ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ🍀

- သားအိမ်ကျတာဟာ နေ့စဉ် လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ဖြစ်ရင်-ဆီးမထိန်းနိုင်ရင်

ဆရာဝန် ဘာလုပ်ပေးမလဲ
-စမ်းသပ်စစ်ဆေးပေးပါမယ်။
-သားအိမ်ထည့်ကွင်း (pessary) ထည့်ပေးနိုင်ပါတယ်။
-ခွဲစိတ်ကုသမှု ခံယူခိုင်းပါမယ်။

🍀ဘယ်လို ကာကွယ်မလဲ🍀

-ကလေးမွေးဖွားအပြီးမှာ မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ပါ။
-ကလေးမွေးဖွားပြီး သားအိမ်ကြွက်သား သန်မာစေမယ့် လေ့ကျင့်ခန်း လုပ်ပါ။

🍀ရောဂါအခြေအနေ
-ကုသမှုခံယူရင် အလွန် ကောင်းမွန်ပါတယ်။


#လက်လီလက်ကား #ကျစ်ကျဥ်းမွှေး #မိန်းမကိုယ်ကျဥ်းဆေး #အနံ့ဆိုးကင်းစင်ပြီးနေ့စဉ်လန်းဆန်းနေစေဖို့
#ပြည်တွင်းပြည်ပပို့ပေးပါတယ်
#အမျိုးသမီးကျန်းမာရေး
#ကျန်းမာရေးဗဟုသုတရကြပါစေ

28/11/2025

⌛ မိနစ်ပိုင်းအတွင်း သိနိုင်မယ့် ရာသီနောက်ကျခြင်းရဲ့ အရေးကြီးအချက်များ!
🧐ရာသီလာ နောက်ကျတာနဲ့ ပတ်သက်ပြီး မိန်းကလေးတိုင်း သတိပြုသင့်တဲ့ အဓိက အချက်အလက် (၅) ချက်

၁။ ပုံမှန်စက်ဝန်းကို နားလည်ထားပါ 🗓️
* ပုံမှန်ကြာချိန်: ပျမ်းမျှ ၂၁ ရက် မှ ၃၅ ရက်အတွင်း တစ်ကြိမ်လာတာဟာ ပုံမှန်ပါပဲ။
* စောင့်ကြည့်ပါ: သင့်ရဲ့ ပုံမှန်စက်ဝန်းထက် ရက်အများကြီး နောက်ကျနေရင် (ဥပမာ- ၇ ရက်ထက်ကျော်ရင်) သတိထားသင့်ပါပြီ။

၂။ အဓိကအကြောင်းအရင်း (၃) မျိုး ❗
ရာသီနောက်ကျရခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းအရင်းများ-
* ကိုယ်ဝန်ဆောင်ခြင်း: လိင်မှုဘဝရှိသူတွေအတွက် အရင်ဆုံး စဉ်းစားသင့်တဲ့ အချက်ပါ။
* စိတ်ဖိစီးမှု/အစားအသောက်: ပြင်းထန်တဲ့ စိတ်ဖိစီးမှု ဒါမှမဟုတ် ကိုယ်အလေးချိန် ရုတ်တရက်ပြောင်းလဲတာတွေက ဟော်မုန်းတွေကို ထိခိုက်စေပါတယ်။
* ဟော်မုန်းမညီမျှမှု: PCOS (သားဥအိမ်အိတ်တည်ခြင်း) ဒါမှမဟုတ် သိုင်းရွိုက်ပြဿနာတွေဟာ ရာသီကို မမှန်စေပါဘူး။

၃။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ? 👩‍⚕️
ဒီအခြေအနေတွေမှာ ဆရာဝန်နဲ့ ပြသဖို့ မတွန့်ဆုတ်ပါနဲ့-
* ဆက်တိုက် ၃ လ သို့မဟုတ် ထို့ထက်ပို၍ ရာသီမလာတော့လျှင်။
* ရာသီမလာသည့်အပြင် အခြားလက္ခဏာများ (ဥပမာ- ကိုယ်အလေးချိန်ရုတ်တရက်ပြောင်းလဲခြင်း၊ ခန္ဓာကိုယ်အမွေးအမျှင်ထူလာခြင်း) တွဲပါလာလျှင်။

၄။ ပုံမှန်ဖြစ်အောင် ဘယ်လိုနေထိုင်မလဲ? ✨
* စိတ်ဖိစီးမှု စီမံခန့်ခွဲပါ: အိပ်ရေးဝဝအိပ်ပြီး စိတ်ရောကိုယ်ပါ အနားယူပါ။
* မျှတသော အာဟာရ: လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ။
* မှတ်တမ်းထားပါ: ရာသီလာရက်တွေကို မှတ်တမ်းထားခြင်းဖြင့် သင့်ကျန်းမာရေးကို စောင့်ကြည့်ပါ။

၅။ သတိပြုရန် 💖
ရာသီနောက်ကျတာဟာ သင့်ခန္ဓာကိုယ်က သင့်ကို ပြောပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကျန်းမာရေးကို အလေးထားပြီး လိုအပ်ရင် စောစီးစွာ စစ်ဆေးကုသမှု ခံယူပါ။

#လက်လီလက်ကား

20/11/2025

သားအိမ်ကျခြင်းပြဿနာဟာ အမျိုးသမီးတွေအတွက် စိုးရိမ်စရာပါ။
သားအိမ်ပတ်ဝန်းကျင် ကြွက်သားတွေနဲ့ ပန်ကန်ခွက် အောက်ခြေကြွက်သားတွေကို ကျစ်လစ်အားကောင်းလာစေဖို့ ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ် ၅-၁၀ မိနစ်လောက် အချိန်ပေးပြီး လုပ်ဆောင်ပေးခြင်းဖြင့် ၂-၄ ပတ်အတွင်း သိသာတဲ့ ရလဒ်တွေ ရရှိနိုင်မှာပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါတိုင်း အပေါ်သို့ စုစည်းညှစ်ပြီး ရှူသွင်းရှူထုတ် အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူပါ ဆိုတဲ့ နည်းလမ်းကို အဓိကထားပါ။

၁။ Kegel (ကေဂျယ်) လေ့ကျင့်ခန်း

သားအိမ်နဲ့ မိန်းမကိုယ်ကြွက်သားတွေ ကျစ်လစ်စေဖို့ အခြေခံအကျဆုံး လေ့ကျင့်ခန်းပါ။

ဆီးသွားတာကို ထိန်းထားသလိုမျိုး ကြွက်သားတွေကို ညှစ်ထားပါ။

၅ စက္ကန့်ကြာ ထိန်းထားပြီးမှ ပြန်လျှော့ပါ။

တစ်ကြိမ်ကို ၁၀-၁၅ ကြိမ်၊ တစ်နေ့ ၂-၃ ကြိမ် လုပ်ပေးပါ။

(မှတ်ချက်။ ။ ညှစ်တဲ့အခါ အသက်ကို နက်နက်ရှူသွင်းရှူထုတ် လုပ်ပေးရင် ကြွက်သားတွေ ပိုမိုမြင့်တက်အားကောင်းစေပါတယ်။)

၂။ တံတားဟန် (Bridge Pose)

ပန်ကန်ခွက် အောက်ခြေကို မြှင့်တင်ပေးပြီး ဗိုက်သားကို ကျစ်လစ်စေကာ သားအိမ်ကို မူလနေရာသို့ ပြန်ရောက်အောင် ကူညီပေးပါတယ်။

ပက်လက်လှန်ပြီး ဒူးနှစ်ဖက်ကို ကွေးကာ ခြေဖဝါးကို ကြမ်းပြင်ပေါ် ချထားပါ။

တင်ပါးကို အပေါ်သို့ မြှောက်တင်ပြီး အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူသွင်းရှူထုတ် လုပ်ပါ။

၁၀-၁၅ စက္ကန့်ကြာ ထိန်းထားပြီး ၁၀ ကြိမ် လုပ်ပါ။

(အားစိုက်လိုလျှင် တင်ပါးကို မြှောက်တင်ချိန်မှာ မိန်းမကိုယ်ကိုပါ ညှစ်ပေးနိုင်ပါတယ်။)

၃။ လိပ်ပြာယောဂါ (Butterfly Yoga)

တင်ပါးဆုံကို ဖွင့်ပေးပြီး သားအိမ်ဆီသို့ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

ပက်လက်လှန်ပြီး ဒူးနှစ်ဖက်ကို ကွေးကာ ခြေဖဝါးချင်း ပူးထားပါ။

ဒူးကို ဘေးဘက်သို့ လျှော့ချပြီး အသက်ကို ၁၀ ကြိမ် နက်နက်ရှိုင်းရှိုင်း ရှူပါ။

၄။ ခြေထောက်ကို နံရံတွင် ထောင်ထားသောဟန် (Legs-Up-The-Wall)

ဝမ်းဗိုက်နဲ့ တင်ပါးဆုံဆီသို့ သွေးနဲ့ စွမ်းအင်တွေ ပြန်လည်ဝင်ရောက်စေပါတယ်။

ပက်လက်လှန်ပြီး ခြေထောက်ကို နံရံနဲ့ ဖြောင့်တန်းစွာ ထောင်ထားပါ။

ညအိပ်ရာမဝင်ခင် ၅-၁၀ မိနစ်ကြာ ထားပေးပါ။

၅။ ဗိုက်အောက်ပိုင်းကို ညင်သာစွာ နှိပ်နယ်/ကွာရှာ(Gua Sha) ပြုလုပ်ခြင်း

သွေးနဲ့ ရေကြည်တွေ လည်ပတ်မှုကို အားကောင်းစေဖို့ပါ။

နွေးနေတဲ့ လက်နဲ့ဖြစ်စေ၊ Gua Shaကျောက်နဲ့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

ဆီးခုံရိုးကနေ ချက်အထိ ဖြည်းဖြည်းသာသာ အပေါ်သို့ ဆွဲတင်ပြီး နှိပ်နယ်ပေးပါ။

ညအိပ်ရာမဝင်ခင် ၅ မိနစ် လုပ်ပါ။

အခြား ဖြည့်စွက်ဂရုစိုက်စရာများ

ဝမ်းချုပ်ခြင်း မဖြစ်စေရန် ရေများများ သောက်ပါ။

အလေးအပင် မမပါနှင့်။

နေ့စဉ် ပုံမှန် Kegel လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။

ကော်လဂျင်နဲ့ သဘာဝ အီစထရိုဂျင် (Estrogen) များတဲ့ နှမ်းနက်၊ ပဲပိစပ်၊ ဂေါ်ဂျီဘယ်ရီ၊ ဂျင်းနက်၊ စပါးလင်ရေ၊ ပဒိုင်းရွက် တို့လို အစားအစာတွေ စားသုံးပေးပါ။
#ကျစ်ကျဥ်းမွှေး #ပြည်တွင်းပြည်ပပို့ပေးပါတယ် #လက်လီလက်ကား #မိန်းမကိုယ်ကျဥ်းဆေး

Photos from V care serum official myanmar's post 19/11/2025

အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့

✅အဖြူဆင်းခြင်း
✅ယားယံခြင်း
✅အနံ့ဆိုးထွက်ခြင်း
✅လေခိုခြင်း
✅မိန်းမကိုယ်ကြွက်သားလျော့ရဲခြင်း
✅ကျယ်ခြင်း တို့အတွက် အထိရောက်ဆုံး

ကူညီဖြေရှင်းပေးမဲ့ Vcare ကျစ်ကျဉ်းမွှေး sereum

#အမျိုးသမီးကျန်းမာရေး #မိန်းမကိုယ်ကျဥ်းဆေး #ပြည်တွင်းပြည်ပပို့ပေးပါတယ် #ကျစ်ကျဥ်းမွှေး #အနံ့ဆိုးကင်းစင်ပြီးနေ့စဉ်လန်းဆန်းနေစေဖို့
09-789901442 Viber
09-953714375

15/11/2025

☘☘Vcare serum ကျစ်ကျဥ်းမွှေး☘☘

ကျဥ်းမယ် ကျစ်မယ် မွှေးမယ် 🍄🍄

အမျိုးသမီးများအပြင် LGBTလေးတွေပါအသုံးပြုလို့ရတဲ့ Serum လေးပါရှင့် 🍑🍑

✳မိန်းမကိုယ်ပိုးဝင်ခြင်း/ အဖြူဆင်း/ ယားယံ /အနံ့ဆိုးထွက်တာတွေကို သက်သာပျောက်ကင်းစေပြီး

✳မိန်းမကိုယ်ကျယ်ခြင်း / မိန်းမကိုယ်လေထွက်ခြင်း / မိန်းမကိုယ်ယောင်ယမ်းခြင်း တွေအတွက် အထူးကောင်းမွန်စေသော Vcare serum ကျစ်ကျဥ်းမွှေး

တစ်ဗူး ၂၂၅၀၀ကျပ်
#ပြည်တွင်းပြည်ပပို့ပေးပါတယ်
#ကျစ်ကျဥ်းမွှေး #မိန်းမကိုယ်ကျဥ်းဆေး #အမျိုးသမီးကျန်းမာရေး
09-789901442

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon