QUINN Perfume & Decant
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from QUINN Perfume & Decant, Health/Beauty, Yangon.
QUINN PERFUME & DECANT 41k page လေးပျက်သွားလို့ ဒီ page လေးမှာ admin တို့ရှိပါမယ်နော် 😘😘😘 100% authentic branded perfumes များအား 3,5,10,20,30ml decants ခွဲရောင်းပေးပါတယ်ရှင် 🫶 VIBER - 09261253199, Yangon, Myanmar.
20/08/2026
🤎🤎🤎Donna Intense~သင်းပျံ့တဲ့ Amber Vanilla ရနံ့ကြောင့် ဆွဲဆောင်မှုရှိပြီး အားလုံးကြားမှာ ပေါ်လွင်စေပါတယ်။ ညှို့အားကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ Look ၊ Night Out နဲ့ Dinner Date တွေအတွက် Perfect ပါပဲ။
🩷🩷🩷Kate Spade New York~သစ်သီးနဲ့ ပန်းရနံ့ ပေါင်းစပ်ထားလို့ တက်ကြွလန်းဆန်းစေတဲ့ ပေါ့ပါးချိုမြိန်တဲ့ ရနံ့။ ရုံးတက်၊ ကျောင်းတက်နဲ့ နေ့စဉ် ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားတဲ့နေရာတွေမှာ သုံးဖို့ အလွန်သင့်တော်ပါတယ်။
20/08/2026
🤎✨️Kayali Vanilla 28 🤎✨
“အင်း… Vanilla အနံ့လေးပဲနေမှာပါ”
လို့ ကိုယ့်စိတ်ထဲမှာ အေးအေးဆေးဆေးထင်ထားမိတယ်။ ဒါပေမယ့် ကိုယ်တိုင်ဆွတ်ကြည့်ပြီး ခဏလောက်ကြာလာတော့ “ဟယ်… ငါထင်ထားတာနဲ့ မတူပါလားဟ” ဆိုပြီး ကိုယ့်အထင်ကိုယ် ပြန်ရုပ်သိမ်းလိုက်ရတယ်။
အစမှာတော့ Brown Sugar ရဲ့ နွေးနွေးချိုချိုလေးက အရင်ဆုံး လာနှုတ်ဆက်တယ်။ နောက်ကနေ Vanilla ရဲ့ နူးနူးညံ့ညံ့၊ creamy ဖြစ်တဲ့အနံ့လေးက တဖြည်းဖြည်းဝင်လာတော့ ချိုတယ်… ဒါပေမယ့် ရိုးရိုး “Vanilla အနံ့” လောက်နဲ့ မပြီးဘူး။ အဲဒီအချိန်မှာ ကိုယ်က “အနံ့ဆွတ်ထားတာလား… လူကပါ နည်းနည်းချိုလာတာလား?” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် သံသယဝင်လာတယ်။ 😂🤎
နည်းနည်းကြာလာတော့ Tonka Bean နဲ့ Amberwood လေးတွေ ပေါင်းလာပြီး အနံ့က ပိုနွေးလာတယ်၊ ပိုရင့်ကျက်လာတယ်။ အစကလို သကြားချိုချိုလေးတင်မဟုတ်တော့ဘဲ နူးညံ့ပေမယ့် အရမ်းမပျော့တဲ့၊ ချိုပေမယ့် အရမ်းကလေးဆန်တဲ့ vibe လေးရလာတယ်။
နောက်ဆုံး Bourbon Vanilla နဲ့ Musk လေးတွေ ကျန်လာတဲ့အချိန်မှာတော့… ချိုတယ်။ နူးညံ့တယ်။ နွေးထွေးတယ်။ ဆွဲဆောင်မှုရှိတယ်။ ပြီးတော့ အရေးကြီးဆုံးက... အဆင့်အတန်းရှိတယ်။ ✨
ဒီအနံ့က “Vanilla ဆိုရင် ကိတ်မုန့်ဆိုင်ထဲ ဝင်လာသလိုဖြစ်မှာပဲ” ဆိုတဲ့ ချိုခြင်းမျိုးမဟုတ်ဘူးနော်။ အနံ့က တိတ်တိတ်လေးနဲ့ ကိုယ့်အနားမှာ လာထိုင်နေသလိုမျိုး။
တစ်ခါဆွတ်ပြီးရင် ကိုယ့်အနံ့ကိုယ် ပြန်စစ်နေမိတဲ့ perfume ဆိုရင် Vanilla 28 ကို မေ့ထားလို့မရဘူး။ 🤎✨
အဆုံးမှာတော့…
“Vanilla ကြိုက်လို့ဆွတ်တာ” ကနေ
“Vanilla 28 ကို ကြိုက်သွားတာ” ဖြစ်သွားနိုင်တယ်။ 😂🤎
19/08/2026
တိတ်တဆိတ်နဲ့ နီးကပ်လာပြီး၊ နီးကပ်လာလေပိုမိုစွဲလမ်းလာစေတဲ့ ရနံ့ ❤️
တိတ်တဆိတ်နဲ့ နီးကပ်လာပြီး၊ နီးကပ်လာလေ ပိုမိုစွဲလမ်းလာစေတယ်…
❤️Dior Hypnotic Poison❤️ကတော့ ရနံ့တစ်ခုထက်ပိုပါတယ်။ မြင်တွေ့ရုံနဲ့ မလုံလောက်ဘဲ… ခံစားကြည့်မှ သိနိုင်တဲ့ ဆွဲဆောင်မှုမျိုးပါ။
ပထမဆုံး ဖြန်းလိုက်တဲ့အချိန်မှာ Plum,Apricot ရဲ့ နက်ရှိုင်းပြီး ချိုအီအီ ရနံ့က နွေးထွေးစွာ လွှမ်းခြုံလာပါတယ်။ အချိုဆိုပေမယ့် ပေါ့ပါးပြီး အပြစ်ကင်းတဲ့ အချိုမျိုး မဟုတ်ပါဘူး။ ချိုမြိန်မှုနောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုကို ဝှက်ထားသလို ခံစားရပါတယ်။
ခဏအကြာမှာတော့ Bitter Almond (ဗာဒံစေ့ခါး) ရဲ့ ခါးစိမ့်စိမ့်အရသာနဲ့ Jasmine ၊ Tuberose တို့ရဲ့ ယစ်မူးဖွယ် ပန်းရနံ့တွေက တစ်လှိုင်းပြီးတစ်လှိုင်း ရောယှက်လာပါတယ်။ ဒီအချိန်မှာ Hypnotic Poison ရဲ့ အလှက ပိုပြီး ထင်ရှားလာပါတယ်။
ရိုးရိုးမိန်းမ ဆန်တဲ့ပန်းရနံ့မျိုးမဟုတ်ဘဲ…
ကိုယ့်အကြောင်းကို အကုန်မပြောပြချင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ တိတ်တဆိတ် ယုံကြည်မှုမျိုး...
ငေးကြည့်နေရုံနဲ့တင် ဘာကြောင့်မှန်းမသိ ရင်ခုန်သွားစေတဲ့ ဆွဲဆောင်မှုမျိုး...
အချိန်ကြာလာတာနဲ့အမျှ ရနံ့ဟာ အသားအရေနဲ့ တဖြည်းဖြည်း တစ်သားတည်းဖြစ်လာပြီး Vanilla ရဲ့ နွေးထွေးတဲ့ ချိုမြိန်မှုနဲ့ Sandalwood ရဲ့ နက်ရှိုင်းပြီး နူးညံ့တဲ့ သစ်သားရနံ့တွေက အရေပြားပေါ်မှာ ငြိတွယ်ကျန်ရစ်ပါတယ်။
ဆောင်းညတစ်ညမှာ နွေးထွေးတဲ့ အနွေးထည်အိအိလေးကို ခြုံထားရသလို…တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကို ပိုမိုခန့်ညားပြီး ပိုမိုဆန်းကြယ်လာစေတဲ့ ခံစားချက်မျိုးပါ။
19/08/2026
🍏🪵Bleu De Chanel EDP~ "သန့်ရှင်းသပ်ရပ်ပြီး ခန့်ညားတဲ့ Confidence ကို ပေးစွမ်းနိုင်မယ့် Classic Fresh & Clean Scent..."
🪵🔥Replica - By the Fireplace~
ဆောင်းရာသီ မီးဖိုဘေးက နွေးထွေးတဲ့ အငွေ့အသက်နဲ့ Sweet Woody ရနံ့ဆန်းကို နှစ်သက်သူတွေအတွက်..."
🍐Jean Paul Gaultier - La Belle~
"ချိုမြိန်ဆွဲဆောင်မှုအပြည့်နဲ့ လူတိုင်း ငေးကြည့်သွားစေမယ့် Baddie Vibe Sweet Scent..."
Marc Jacobs - Decadence~(Original)~
🫒"ဆန်းပြားနက်ရှိုင်းပြီး Luxury ဆန်တဲ့ High-End Mystery ရနံ့..."
💯 Authentic~Perfume အမျိုးအစား ၁၀၀ကျော် မင့်ဆီ 3,5,10,20,30ml decant ခွဲဝယ်လို့ရပါတယ်ရှင့်❣️❣️❣️
19/08/2026
“ဒီအနံ့က မိန်းမတစ်ယောက်ကို ပိုမိုက်သွားစေတယ်…”
🖤🖤🖤Black O***m🖤🖤🖤 က ကော်ဖီနံ့ သက်သက်ကြီး အသားပေးထားတာမဟုတ်ဘဲ coffee ရဲ့ ခပ်ခါးခါး vibe ကို vanilla နဲ့ floral တွေထဲ ရောပြီး ချိုနွေးနွေး၊ ဆွဲဆောင်မှုရှိတဲ့ feminine scent အဖြစ် ပြောင်းပေးထားတာမျိုး။
☕️ ကော်ဖီချစ်သူဆို ပိုသဘောကျနိုင်တယ်…
☕️ ကော်ဖီမကြိုက်သူဆိုလည်း “ဒီကော်ဖီတော့ သောက်ကြည့်လို့ရတယ်” ဆိုတာမျိုးပေါ့။ 😂🖤
စစချင်းမှာ အနံ့က နည်းနည်းလန်းတယ်၊ နည်းနည်းထက်တယ်ပေါ့။ ဒါပေမဲ့ ၅ မိနစ်၊ ၁၀ မိနစ်လောက်ကြာလာတာနဲ့ အနံ့က တဖြည်းဖြည်း ငြိမ်သွားပြီး Coffee နဲ့ White Flowers လေးက အရမ်းလှတဲ့ Balance တစ်ခုဖြစ်လာတယ်။ အဲ့ဒီအချိန်က Black O***m ရဲ့ တကယ့် Charm စတယ်လို့ ခံစားရတယ်။
ကိုယ်လှုပ်ရှားလိုက်တိုင်း အဝတ်အစားကြားကနေ အနံ့လေးပြန်တက်လာတယ်… 🖤
ဒီအနံ့ကို ဆွတ်ထားတဲ့အခါ Feeling က
“ဒီနေ့ ဘာဖြစ်ဖြစ်… ငါ့ကိုယ်ငါ ယုံကြည်တယ်” ဆိုတဲ့ Main Character Energy ရလာတယ်။
ရာသီဥတုအေးအေးလေး၊ A/C ခန်းထဲမှာဆို Black O***m ရဲ့ Vanilla + Coffee vibe က ပိုပြီး ထိမိတယ်။ နေပူထဲမှာတော့ နည်းနည်းသတိထားရမယ်…☕🍦
Black O***m ကို တစ်ကြောင်းတည်းနဲ့ပြောရရင်— Coffee ရဲ့ ခပ်မိုက်မိုက်ခါးသက်မှုနဲ့ Vanilla ရဲ့ ချိုချိုနွေးနွေးဆွဲဆောင်မှုကို ပုလင်းထဲမှာ ထည့်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ “I know I'm attractive” vibe ပါ။ 🖤
19/08/2026
✨💚နှစ်ခုလုံးမှာ Decadence ရဲ့ luxury vibe ရှိပေမယ့် Original က ပို dark & sexy
Divine က ပို bright & feminine
ဆိုတဲ့ကွာခြားချက်ကို ကိုယ်တိုင်သုံးကြည့်ရင် တော်တော်သိသာတယ်။
18/08/2026
Today’s Exclusive Selection ✨️
🌸🍓Delina EDP — ပန်းနံ့ချိုချိုလေးနဲ့ သစ်သီးရနံ့လေးပါရောပြီး ချစ်စရာကောင်းတဲ့ princess vibe လေး
💐✨Chance Eau Splendide — ပန်းစည်းလေးတစ်စည်းကို လက်ထဲကိုင်ထားသလို သန့်သန့်ရှင်းရှင်းနဲ့ တော်တော်လေး feminine ဆန်တယ်
🍋🌿Chance Eau Fraîche EDP — လန်းဆန်းပြီး သန့်ရှင်းတဲ့ citrus ရနံ့လေးနဲ့ ပေါ့ပေါ့ပါးပါး classy ဖြစ်တာမို့ နေ့တိုင်းဆွတ်ဖို့ကွက်တိ
18/08/2026
💐Flowerbomb💣
မိုးလင်းခါစ ပန်းခြံထဲမှာ ပန်းပွင့်ပေါင်း သန်းနဲ့ချီပြီး တစ်ပြိုင်နက်တည်း “ဟေး… ဒီနေ့လည်း လှကြရအောင်!” ဆိုပြီး ပွင့်အာဝေဆာလာသလိုမျိုး… 🌸
ရွှင်လန်းတက်ကြွတယ်၊ လန်းဆန်းတယ်၊ ချိုမြိန်တယ်… ပြီးတော့ နည်းနည်းတော့ “ငါ့ကို သတိထားမိကြပြီလား?” ဆိုတဲ့ ပန်းတွေရဲ့ confidence လေးပါ ပါသေးတယ်။ 😌
ဘယ်သူ့ကိုမှ “ငါဒီမှာရှိတယ်နော်” လို့ ထပ်ပြောစရာမလိုအောင် ပန်းတွေ အများကြီးကို တစ်ခါတည်း စုထည့်ပြီး “ကဲ… မွှေးကြည့်လိုက်!” ဆိုပြီး ပစ်ပေါက်ခံရတဲ့ခံစားချက်မျိုး 💐💣 ဒါကရိုးရိုး “ပန်းနံ့လေး မွှေးတယ်” ဆိုတဲ့အဆင့်မှာ ရပ်မနေပါဘူးနော်။ နုပျိုမှု၊ မိန်းမဆန်မှု၊ ချိုမြိန်မှုနဲ့ လှပတင့်တယ်မှုတွေ အားလုံးကို ပန်းတွေအများကြီးနဲ့ တစ်ခါတည်း လာတိုက်ခိုက်တာမျိုးပါ။ 😂🌸
Viktor&Rolf Flowerbomb ကို စဖြန်းလိုက်တဲ့ ပထမဆုံးစက္ကန့်မှာတင် Bergamot ရဲ့ လတ်ဆတ်တဲ့ အသီးရနံ့နဲ့ Tea ရဲ့ အေးမြသင်းပျံ့တဲ့ အငွေ့အသက်က စိတ်ကို ချက်ချင်း လန်းဆန်းသွားစေပါတယ်။
အဲ့ဒီအချိန်မှာ ကိုယ့်စိတ်ထဲကလည်း—“အင်း… ဒီနေ့တော့ mood ကောင်းမယ့်နေ့ပဲ”လို့ အလိုလိုတွေးမိနိုင်ပါတယ်။ ဒါပေမယ့် ခဏအကြာမှာတော့…
သင့်အထင်နဲ့အမြင် တက်တက်စင်အောင် လွဲသွားပြီဆိုတာ စတင်ခံစားမိလာပါလိမ့်မယ်။ 😆 တစ်ချက်ဖြန်းထားရုံနဲ့ ပန်းခြံတစ်ခုလုံး ကိုယ့်နောက်က လိုက်လာသလိုမျိုး… Flowerbomb ရဲ့ နာမည်နဲ့အညီ ပန်းရနံ့ဗုံးကြီး တကယ်ပေါက်ကွဲပါပြီ။ 💣🌷
Sambac Jasmine ၊ Freesia နဲ့ Centifolia Rose တို့ရဲ့ ပန်းရနံ့တွေက တစ်ခုနဲ့တစ်ခု ရောယှက်ပြီး အမွှေးအကြိုင်ပန်းဥယျာဉ်ကြီးတစ်ခုထဲကို ရုတ်တရက် ရောက်သွားရသလို ယစ်မူးဖွယ် မွှေးပျံ့လာပါတယ်။
အစမှာတော့ ပန်းတွေက “ငါတို့လာပြီနော်!” ဆိုပြီး အားနဲ့အင်နဲ့ ဝင်လာပေမယ့်… နောက်ဆုံးမှာတော့ အသားအရေပေါ်မှာ နွေးနွေးထွေးထွေးနဲ့ ချိုချိုမွှေးမွှေးလေး ကျန်ခဲ့ပါတယ်။ “That’s all.” 😌
16/08/2026
Bombshell အကြောင်းတစေ့တစောင်း
Today's orders လေးနဲ့အတူ
"Bombshell ကို Admin မရောင်းဖြစ်တော့တာ တော်တော်လေးကြာပါပြီရှင့်။
Bombshell EDP နောက်ပိုင်းပုလင်းတွေက စဝယ်ဝယ်ချင်းဆို Alcohol Burst လိုက်ထွက်ပြီး အနံ့ပြင်းလွန်းလို့ မရောင်းတော့ဘဲ နားထားတာပါ။ Alcohol နံ့ ငြိမ်သွားအောင် (၂/၃) လလောက် Macerated သေချာ လုပ်ပေးပြီးမှ အနံ့က အဆင်ပြေသွားပါတယ်။ ခုရောင်းပေးတဲ့ ပုလင်းကလဲ Admin ကိုယ်တိုင် သေချာ အနံ့နှပ်ပြီး သုံးနေတာမို့ အနံ့အရမ်းငြိမ်ပြီး အဆင်ပြေနေလို့ရော customer မေးတာကြောင့်ရောခွဲရောင်းပေးလိုက်တာပါရှင့်။ ပြန်ရောင်းရမလား မရောင်းရမလားတော့ ခုချိန်ထိ admin ကိုယ်တိုင်လဲ ဝေခွဲမရ မြေပဲမ ဖြစ်နေတုန်းပါလို့ 🥹
Today's customer selections ရနံ့လေးတဖြတ် 🤍🤍🤍
Click here to claim your Sponsored Listing.