Daily Diary

Daily Diary

Share

Daily Diary ��

07/01/2026

ပန်းလေးလှနေတာကို
ငေးကြည့်မှ တန်တာ
ခူးပြီးပန်လိုက်ရင်
တန်ဖိုးကျသွားပြီ တဖြေးဖြေး
ညိုးနွမ်းသွားလိမ့်မယ်။

ပန်း=မိန်းကလေး🌱🤍

23/12/2025

နင်ဝင်လာလိုက် ပြန်ထွက်လိုက်............
.............ဒါကိုလက်ခံထားတာ ငါလူမိုက်🥹

23/12/2025

စားကြပါအုံးရှင်🤤

16/12/2025

ကိုယ့်ရဲ့ ဝါသနာတွေ‌ထဲက ဝါသနာတစ်ခု🤍🤍

16/12/2025

စာမေးပွဲစာတွေ မရသေးဘူးဆို‌နေ အဆောင်ဟင်းက ကြက်ဥတဲ့ ငင့်😬

05/12/2025

(ရှေ့အပတ်မှအဆက်)

ဒီလိုနဲ့ သူ့သားက ပါမောက္ခကြီးရဲ့
တပည့်ဖြစ်လာရော"

သူကလည်း အနီးကပ်နေပြီး သေချာလေ့လာ
သင်ယူခွင့်ရတော့ ဆေးအကြောင်း
အရင်ပိုပြီး သိရှိနားလည်လာတော့‌တာပေါ့

ဒီလိုနဲ့ ဆေးတက္ကသ်ုဝင်ခွင့် ဖြေ‌မယ့်နေ့
ရောက်လာရော သူလည်း ပြင်ဆင်ပြီး
သွားလိုက်တာပေါ့ အတွေ့အကြုံတွေရှိထားတော့
အဆင်သင့်ဖြစ်နေခဲ့တာပေါ့

ဒါမယ့် သူမသွားခင်မှာပဲ
သူ့အမေက ရောက်လာပြီး
"သား ဒီစာအုပ် ယူသွားပါ" ဆိုပြီး စာအုပ်တစ်အုပ်
ကမ်းလာတယ် သူဖတ်ကြည့်တော့
စာမေးပွဲ အဖြေစာတွေ ဖြစ်နေတယ်။

သူကလန့်ဖြန့်ပြီး
"အမေရယ် ဒါတွေမလိုတော့ပါဘူး သားမှာ အတွေ့အကြုံတွေ ရှိနေပါပြီ ဖြေနိုင်မှာပါ"လို့ ပြန်ပြောတယ်။

ဒါမယ့် အမေဖြစ်သူက လက်မခံဘူး
ဒါနဲ့ သူလည်း မလွန်ဆန်နိုင်ပဲယူခဲ့တယ်

စာဖြေရမယ့် နေရာရောက်တော့
စာဖြေဖို့စောင့်နေရင်းနဲ့
သူ့သူငယ်ချင်းက မေးခွန်းခက်မယ်လို့ ကြားထားတဲ့ အကြောင်း လာပြောပြပါလေရော။

အဲ့ချိန်မှာ သူက အမေပေးလိုက်တဲ့ စာအုပ်ကို သတိရပြီး သူငယ်ချင်းတွေနဲ့ စုကျက်လိုက်တယ်
တအောင့်နေတော့ ခေါင်းလောင်းတီးလာတော့ စာမေးပွဲ ဝင်ဖြေလိုက်သတဲ့။

ဖြေပြီးတဲ့နောက်မှာတော့
သူ့ဆရာဆီမှာပဲ တောက်တိုမယ်ရ ဆက်‌လုပ်နေတာပေါ့ အဖြေလွှာ ထွက်လာမှာကို ရင်ခုန်စွာ စောင့်ဆိုင်းရင်းနဲ့ပေါ့☺️

(ဆက်ရန်)

#ယိမ်းနွဲ့မေ

05/12/2025

အေးလာပြီ
နွေးနွေးထွေးထွေးနေပါနော
ကိုယ့်ရဲ့အချစ်တွေနဲ့
နွေးထွေးပါစေ
ချစ်သောရေ🤍🙏🏻

#ယိမ်းနွဲ့မေ

29/11/2025

Christmas 🎁
လက်ဆောင်
လက်ခံနေပြီ
ဖြစ်ပါကြောင်း
သတင်းကောင်း
ပါးအပ်ပါသည်🤭

24/11/2025

မနေ့က
Fbမှာ မေးခွန်းတစ်ခုတွေ့တယ်☺️
ဘယ်အရာကိုနောင်တအရဆုံးလဲတဲ့☺️
ကိုယ်ဖြေခဲ့တာက

"ကိုယ့်ကိုယ်ကိုမရွေးချယ်ခဲ့တာကိုပေါ့"

"ဝါသနာပါတာတွေကိုလည်း
သူများက နင်နဲ့ကိုက်မှာမဟုတ်ဘူးပြောတာနဲ့
လက်လျှော့လိုက်တာ

လုပ်ချင်မိတာ ပြောချင်မိတာတွေကိုလည်း
ရဲရဲဝံ့ဝံ့မလုပ်ရဲခဲ့တာ

ကိုယ်ကစေတနာနဲ့ကူညီမိလို့
အပြစ်တင်ခံရလည်း ငါပဲမှားတာပါလို့တွေးပြီး
ဘယ်သု့ကိုမှပြန်မပြောနိုင်ခဲ့တာ

အရမ်းနာကျင်ခံစားနေတာတောင်
သူများကိုနှစ်သိမ့်ပေးပြီး
ကိုယ့်စိတ်ဒါဏ်ရာကျ မကုသနိုင်ခဲ့တာ

သူများပြောသမျှငြိမ်ခံပြီး
ကိုယ့်သိက္ခာအတွက်မငဲ့ခဲ့မိတာ

အရာအားလူံးပဲ
အရာအားလုံးအထက်
ကိုယ့်ကိုယ်ကို မရွေးချယ်ခဲ့မိခြင်းကိုနောင်တအရဆုံးပဲ😌"လို့ဖြေခဲ့လိုက်တယ်☺️

゚viralシfypシ゚ #ယိမ်းနွဲ့မေ

24/11/2025

"သွန်သင်မှု အမှားများ"

တစ်ခါက သားအမိနှစ်ယောက်ရှိတယ်
သူ့သားက ငယ်ငယ်ထဲက ဉာဏ်သိပ်မကောင်းဘူး
ဒါကြောင့် သူ့အမေကို မေးခွန်းတွေအများကြီးမေးလေ့ရှိတယ်။
တစ်နေ့ သူ့အမေက "သား...ကြီးလာရင် ဘာဖြစ်ချင်လဲ"လို့မေးလိုက်တယ်။ သူ့သားက
"အမေ..သားက ကြီးလာရင် ဆရာဝန်ကြီးဖြစ်ချင်တာ"လို့ ပြန်ဖြေတယ်။
သူ့အမေကလည်း ငါ့သားဖြစ်ချင်တဲ့ ဆရာဝန် မဖြစ်ဖြစ်အောင် ကြိုးစားပေးမယ်လို့ စဉ်းစားလိုက်တယ်။ ‌သူ့သားကတော့ ဉာဏ်တုံးနေတုန်းပဲ
တဖြေးဖြေး သူ့သားက အရွယ်ရောက်လာတယ်။
ဆရာဝန်တော့မဖြစ်သေးဘူး။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေနေတာ ၅ခေါက်လောက်ရှိပြီ၊ မအောင်သေးဘူး။ အခုထိ။

ဒါနဲ့သူ့အမေက "သား..နင် ဒီတိုင်းဖြေနေရင် ဒီတစ်သက် ဆရာဝန်ဖြစ်တော့မှာမဟုတ်ဘူး၊ အမေပြောတဲ့အတိုင်း သေချာလိုက်လုပ်" သားကလည်း "ဟုတ်အမေ သားဘာလုပ်ရမလဲ"
အဲ့ချိန်သူ့အမေက သားလက်ဆွဲပြီး
ဆေးတက္ကသိုလ်ရဲ့ပါမောက္ခဆီသွားကြတယ်။
ပါမောက္ခရှေ့ရောက်တော့
"ဆရာ..ကျွန်မသားလေးက ဆေးပညာ အရမ်းစိတ်ဝင်စားတဲ့သူပါ၊ ဒါပေမယ့် သားက ဉာဏ်မမှီရှာဘူး ကျေးဇူးပြုပြီး ဆရာ့ဆီမှာ အနီးကပ်နေပြီး ဆရာတောက်တိုမယ်ရခိုင်းဖို့ခေါ်ထားပါလား" လို့ခွင့်တောင်းလိုက်တယ်။ ပါမောက္ခက လူငယ်လေးကို မျက်နှာတစ်ချက်ကြည့်ပြီး "ရတယ်လေ နောက်ပတ်ကနေ လာခိုင်းပါလို့‌" ပြန်ပြောလိုက်တယ်

(ဆက်ရန်)
#ယိမ်းနွဲ့မေ ゚viralシfypシ゚

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon