Phyo's simple Vegelife

Phyo's simple Vegelife

Share

Very Simple
Daily life
Nature food
Sometimes like deep fried

Photos from Phyo's simple Vegelife's post 23/12/2025

Very first day of Vegelife

ဒီဇင်ဘာ ၂၃ ဟာ သက်သတ်လွတ် စားဖြစ်တာ ၂နှစ်တင်းတင်းပြည့်တဲ့​နေ့​ပါ...

ဘာဖြစ်လို့သက်သတ်လွတ်စားတာလဲ လို့​မေးရင်....
ရည်ရွယ်ချက်မရှိ စားချင်စိတ်​ပေါ်လို့ စားဖြစ်သွားတာက​နေ စတာ.....
အခု Page လဲ မနက်က ဘုရား​ရောက်ပီးမှ စိတ်ကူးရလို့ create လုပ်လိုက်တာ..

တကယ်​တော့ ဖြိုးဖြိုး က အလွန်ကို အစား​ဂျီးများတဲ့သူ...
သက်သတ်လွတ်စားတာ ဘာအဓိပ္ပယ်ရှိလို့လဲ ..ဘုရား​ဟောမပါဘူး တို့ ဘာတို့ ​ပြောကြပါတယ်...
တကယ်​တော့ ဖြိုးဖြိုး လဲ စားချင်စိတ်ဖြစ်လို့စားရင်းနဲ့ အသားမစားချင်စိတ်ဖြစ်ပီး အသားမစားဖြစ်​တော့တာပဲ..
စားနေစဥ်ကာလ​တွေမှာလဲ ကြုံသလို ဖြစ်သလို တခါတ​လေ...strict ဖြစ်လို့မရတဲ့အ​နေအထားမျိုးလို..အစုံပါပဲ စားဖြစ်​နေတာ...ပျက်တဲ့ရက်ကိုတွက်ကြည့်ရင် ၂နှစ်အတွင်း ရက် ၃၀​လောက်ဖြစ်မလားပဲ...
ဒီ​နေ့​တော့ ​ရွှေမြို့​တော် ချစ်တီးထမင်း သက်သတ်လွတ် သွားစားလိုက်တယ်..​သေချာတယ် သက်သတ်လွတ်ပါပဲ..
ပုံက​တော့ အရှိအတိုင်းရိုက်တာမို့ သဘာ၀ စစ်စစ်ပုံပဲ...
ကျန်းမာ​ရေး သန့်ရှင်းမှု ဘာဘာညာညာက​တော့ ​နောက်မှ ကြုံသလို​ရေး​တော့မယ်...
အခုကစပီး....အိမ်မှာချက်စားဖြစ်တာ..ဆိုင်၀ယ်စားဖြစ်တာ..ပျက်သွားတာ..အ​ကြောင်းချင်းရာ အစုံ တင်ပါ​တော့မယ်..
အား​ပေး​​ပေးပါ ​
ဆွေး​နွေး​ပေးပါ
စားရင်း​သောက်ရင်း ​ပျော်​ပျော်​နေကြမယ်...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Hanthawaddy Villa
Yangon