THU FitHub

THU FitHub

Share

Health & Fitness

09/11/2025

🎯 သင့်ရဲ့အလှအပကို "ဖျက်ဆီးနေတဲ့" အလေ့အကျင့် ၅ ခုကို အခုပဲ ရပ်လိုက်ပါ 💔

🌹အလှအပကြိုက်တဲ့ ပျိုမေတို့ရေ

တချို့နေ့စဉ်အလေ့အကျင့်လေးတွေဟာ ကိုယ်ခန္ဓာကျန်းမာရေးရော၊ အသားအရေအလှအပကိုပါ မသိလိုက်ဘဲ ထိခိုက်စေနိုင်တယ်ဆိုတာ ပျိုမေတို့ သိပါရဲ့လား။ပျို‌မေတို့ရဲ့ အလှအပကို တိတ်တဆိတ် ဖျက်ဆီးနေတဲ့ အောက်ကအလေ့အကျင့် (၅) ခုကို ယနေ့ကစပြီး ရပ်တန့်လိုက်ပါနော်။

၁။ 🌙 အိပ်ရေး ဝဝ မအိပ်ခြင်း

အိပ်စက်နေစဉ်မှာ ခန္ဓာကိုယ်ဟာ ဆဲလ်တွေကို ပြန်လည်ပြုပြင်‌ပေးပါတယ်။ အိပ်ရေးမဝတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) မြင့်တက်လာပြီး ဝက်ခြံပိုထွက်လာမယ်၊ ကိုယ်အလေးချိန်တက်လာမယ်၊ မျက်ကွင်းညိုခြင်းနှင့် အသားအရေ လျော့ရဲလာနိုင်ပါတယ်။
🚨လိုက်နာရန် ~ ညတိုင်း ၇ နာရီ သို့ ၈ နာရီ ပြည့်ဝစွာ အိပ်စက်ပါနော်။

၂။ 🍬 အချိုများသော အစားအစာများကို အလွန်အကျွံစားခြင်း

အချိုများတဲ့ အစားအစာတွေ စားသုံးခြင်းဟာ သွေးထဲက အချိုဓာတ်ကို မြင့်တက်စေပြီး အသားအရေရဲ့ Collagen ကို ပျက်စီးစေပါတယ်။ ဒီဖြစ်စဉ်ကို Glycation လို့ခေါ်ပြီး အရေးအကြောင်းတွေနဲ့ အသားအရေ လျော့တွဲတာကို ပိုမိုမြန်ဆန်စေပါတယ်။
🚨 လိုက်နာရန် ~ သဘာဝသစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပြီး အချိုများတဲ့ အသင့်စား စားသောက်ကုန်တွေကို လျှော့ချလိုက်ပါနော်။

၃။ 🧴 နေကာခရင်မ် (Sunscreen) လိမ်းရန် မေ့လျော့ခြင်း

နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) ဟာ အလှအပကို ဖျက်ဆီးတဲ့ အဓိကတရားခံပါ။ ဒါ့အပြင် အရေးအကြောင်းများ၊ အမည်းစက်များ၊ တင်းတိပ်များနှင့် အသားအရေ ကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။
လိုက်နာရန် ~ အိမ်ထဲမှာနေသည်ဖြစ်စေ၊ အပြင်သွားသည်ဖြစ်စေ SPF 30 နှင့်အထက် ပါဝင်တဲ့ နေကာခရင်မ်ကို မျက်နှာနဲ့ လည်ပင်းအပါအဝင် နေရောင်ထိတွေ့နိုင်တဲ့ နေရာတိုင်းမှာ နေ့စဉ် မပျက်မကွက် လိမ်းဖို့ မမေ့နဲ့နော်။

၄။ 🧘‍♀️ လှုပ်ရှားမှုမရှိဘဲ တစ်နေကုန် ထိုင်နေခြင်း

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း (Sedentary Lifestyle) ဟာ သွေးလည်ပတ်မှုကို နှေးကွေးစေပြီး ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံစေပါတယ်။ ဒါဟာ ကိုယ်အလေးချိန် တက်စေရုံသာမက အသားအရေကိုလည်း ညစ်နွမ်းဖျော့တော့စေပြီး ကျန်းမာရေးပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
လိုက်နာရန် ~ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ အိမ်မှုကိစ္စလုပ်ခြင်း သို့မဟုတ် အားကစားလုပ်ခြင်းဖြင့် ပုံမှန် လှုပ်ရှားပေးကြပါစို့။

၅။ 😡 စိတ်ဖိစီးမှုကို စနစ်တကျ မဖြေရှင်းဘဲ စုထားခြင်း

ရေရှည် စိတ်ဖိစီးမှု (Chronic Stress) ဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတွေကို ဖြစ်ပေါ်စေပြီး ဝက်ခြံ၊ နှင်းခူ၊ psoriasis စတဲ့ အသားအရေပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
လိုက်နာရန် ~ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ ဝါသနာပါရာ လုပ်ဆောင်ခြင်း သို့မဟုတ် စာအုပ်ဖတ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဖြေလျှော့လိုက်ရအောင်။ လိုအပ်ရင်တော့ ကျွမ်းကျင်သူနှင့် တိုင်ပင်နိုင်ပါတယ်နော်။

ပျိုမေတို့ရဲ့အလှအပကို ဖျက်ဆီးနိုင်တဲ့ ဒီအချက် (၅) ချက်ကို ပြင်ဆင်လိုက်မယ်ဆိုရင် ကျန်းမာပြီး ပိုမိုလှပတဲ့ စိတ်နဲ့ခန္ဓာကို အလွယ်တကူ ပိုင်ဆိုင်နိုင်လာမှာပါနော်။

💐ကဲ ပျိုမေတို့ရေ စိတ်နဲ့ခန္ဓာကျန်းမာလှပဖို့ ဂရုတစိုက်နေထိုင်ကြပါစို့🌹

08/11/2025

🏵️အလှအပ နဲ့ ယုံကြည်မှု
ခွဲခြားလို့မရတဲ့ စွမ်းအားကြီး နှစ်ခု

🚨ပျိုမေတို့အတွက် ဘယ်ဟာက
ပိုအရေးကြီးတယ် ထင်ပါသလဲ

🤔သိချင်တယ်ဆိုရင် အဆုံးထိ ဖတ်ကြည့်ရအောင်

💫 အလှအပက ယုံကြည်မှုကို မွေးဖွားပေးတယ်

ဆံပင် အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးဝတ်ပြီး မိတ်ကပ်လေးတွေပြင် သနပ်ခါးလေးတွေ လိမ်းထားတဲ့နေ့ဆို စိတ်ကလေး လန်းဆန်းပြီး အားအင်ပြည့်နေတာမျိုး
ကျန်းမာတဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းကြောင့်ကျန်းမာကြံ့ခိုင်တဲ့ စိတ်နဲ့ ခန္ဓာ ရရှိလာတဲ့ အခါမျိုး
ဒီလိုအချိန်တွေမှာ ကိုယ့်ကိုယ် ယုံကြည်လေးစားမှုတွေ မြှင့်တက်နေသလို "လောကကြီးမှာ ငါအလှဆုံး"ဆိုတဲ့ ခံစားချက်က ယုံကြည်မှု ကို တိုးလာစေပါတယ်

💥ယုံကြည်မှုကလည်း အလှအပကို တောက်လောင်စေပါတယ်

ယုံကြည်မှုရှိတဲ့ ပျိုမေတို့ရဲ့ ပြုံးရွှင်တဲ့ အမူအရာ တည့်မတ်နေတဲ့ ခန္ဓာကိုယ်အနေအထား
တည်ငြိမ်တဲ့ စကားပြောဟန်ဆိုဟန်
စိန်ခေါ်မှုတွေ ရင်ဆိုင်ရဲတဲ့ သတ္တိ
ကိုယ့်အားသာချက် အားနည်းချက်ကို လက်ခံပြီး ကိုယ်စွမ်းရှိသ‌ ‌‌လောက် ကြိုးစား‌ နေတဲ့အချိန်
ဒီအချိန်မျိုးမှာ ယုံကြည်မှုတွေမြှင့်တက်နေတဲ့
ပျိုမေတို့ရဲ့ အလှအပဟာ တောက်ပနေပါတယ်

👌ဒါကြောင့် ယုံကြည်မှုနဲ့ အလှအပဟာ ခွဲခြားလို့မရတဲ့ စွမ်းအားကြီး နှစ်ခုပါ

📢ပျိုမေတို့ရဲ့ ပြီးပြည့်စုံတဲ့ အလှအပနဲ့ ယုံကြည်မှု တွေ ရရှိဖို့ သင့်ကိုယ်သင် ဂရုစိုက်ခြင်း( self care )
သင့်ကိုယ်သင်ချစ်ခြင်း (self love )
ကနေ စတင်လိုက်ဖို့ အကြံပေးပါရစေ🫶

04/10/2025

💟ပျိုမေတို့ရေ

🤔တနေ့က မေးခွန်းလေးတွေဖြစ်တဲ့
၁။တနေ့တာမှာ ကိုယ်ဘာတွေ အများဆုံး စားသောက်မိနေလဲ
၂။ကိုယ် ဘယ်လိုတွေ လှုပ်ရှားပြုမူနေလဲ
၃။ကိုယ်ဘာတွေ အများဆုံးတွေးဖြစ်နေလဲ
ဒါလေး‌တွေအတွက် အချိန်ပေးစဉ်းစားပြီး ချရေးဖြစ်ကြရဲ့လား

✍️ရေးဖြစ်ကြတယ်ဆိုရင်... ကျွန်မပြောပြပေးချင်တဲ့အ‌ကြောင်းအရာလေးတွေနဲ့ ဘယ်နှစ်ချက်တူလဲ ဆန်းစစ်ကြည့်ရအောင်နော်

🍄၁။ တနေ့တာမှာ အသား အသီးအရွက် ဥ ပဲ စတဲ့ အာဟာရဓာတ် စုံအောင် စားသုံး ဖြစ်ကြရဲ့လား
အသင့်စား အစာတွေ အစား သဘာဝအသီးအနှံ အစေ့အဆံတွေ အဓိက စားသုံးဖြစ်ရဲ့လား
ရေဆာရင် ရေမသောက်မိဘဲ အချိုရည်တွေ ကော်ဖီ လက်ဖက်ရည်တွေ သောက်မိနေလား
ရေကို အနည်းဆုံး ၂လီတာ ကနေ ၃ လီတာထိ သောက်သင့်တာမို့ ကိုယ်က သောက်ဖြစ်နေလား

🚶၂။ တနေ့တာမှာ မိနစ် ၃၀ လောက် အချိန်ပေးပြီး လမ်းလျှောက်တာ အကြောတွေဆန့်ထုတ်တာမျိုးတွေ ဓာတ်လှေခါးအစား လှေခါး သုံးတာမျိုး အိမ်အလုပ်ကို သွက်သွက်လုပ်တာမျိုးတွေ လုပ်ပေးဖြစ်ရဲ့လား အနည်းဆုံး ခြေလှမ်း ၅၀၀၀ ကနေ ၁၀၀၀၀ လောက် လမ်းလျှောက်သင့်တာမို့
ကိုယ်က ဘယ်လောက် လျှောက်မိနေလဲ

🧘၃။ မနက်ခင်းတိုင်းမှာ မိမိကိုယ်ကို အားပေးတဲ့စကား( Affirmation) လေးတွေ ပြောပေးဖြစ်ရဲ့လား
ကျေးဇူးတင်ချင်တဲ့ သက်ရှိ / သက်မဲ့လေးကို နေ့စဉ် ကျေးဇူးတင်ဖြစ်ရဲ့လား
၁၀ မိနစ်ပဲဖြစ်ဖြစ် တရားထိုင်တာ သို့ ဝတ်ပြုတာမျိုး ပြုလုပ်ပေးဖြစ်ရဲ့လား
Deep breathing လိုမျိုး အသက်ရှူ လေ့ကျင့်ခန်းလေးတွေကော လုပ်ပေးဖြစ်လား
ကိုယ်မလုပ်ပေးနိုင်တဲ့ အရာတွေကို Say No ပြောဖြစ်ရဲ့လား
🛌အရေးကြီးဆုံးက တနေ့တာမှာ ကောင်းမွန်စွာအိပ်စက်အနားယူဖြစ်ရဲ့လား( တနေ့တာ အနည်းဆုံး ၇ နာရီလောက်အိပ်သင့်ပါတယ်)

ဒီအ‌ပေါ်ကအချက်လေးတွေနဲ့ ချိန်ထိုးပြီး ဆန်းစစ်ကြည့်ပါနော် ကိုယ်လုပ်နိုင်တာလေးကို (၁ )မှတ်ကနေ (၁၀ )မှတ်ပေးကြည့်‌ ဘယ်နှစ်မှတ်လောက်ရလဲ

👏သေချာလိုက်လုပ်ဖြစ်တယ်ဆိုရင်တော့ ပျိုမေတို့ လိုချင်တဲ့ အပျိုတုန်းကလို body mind တွေ ပြန်လည်ရရှိလာမှာပါ😊

🧠မလုပ်ဖြစ်ဘူးဆိုတဲ့သူတွေ ကိုယ့်ကို challenge လေးခေါ်ပြီး ပြောင်းလဲလိုက်ဖို့
ဒီနေ့ ဒီအချိန်က အကောင်းဆုံးအချိန်ပါ

Challenge to me လုပ်မယ်ဆိုရင်
comment မှာ 'Yes'လို့ မန့်ခဲ့ပေးပါ

🍀စာအရှည်ကြီးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

နောက်နေ့မှာ ပြန်ဆုံကြပါမယ်
See you tomorrow

04/10/2025

💟ပျိုမေတို့ရေ

🩷ငယ်ငယ်တုန်းကပုံလေးတွေ ပြန်ကြည့်တဲ့အခါ
ဪ ငါလေး ပိန်ခဲ့ လှခဲ့ဖူးပါလား လို့ တွေးမိကြပါသလား

❤️ဟင်း ခုများတော့ဆိုပြီး အားမလိုအားမရတွေဖြစ်ပြီး
ပြန်မရနိုင်တဲ့အတိတ်ကပုံလေးတွေကို ပြန်တမ်းတမိကြတယ်လို့ပြောရင် မှန်မယ် ထင်တယ်နော်

🏋️ဝိတ်ကလည်း ချတာပဲ ဘယ်လိုချရမှန်းမသိ
ချတိုင်းလည်း မကျလာဘူးဆိုပြီး
စိတ်ညစ်နေကြပြီဆိုရင်တော့
မိမိကိုယ်ကို
ဒီမေးခွန်းလေး (၃)ခု ပြန်မေး‌စေချင်ပါတယ်
၁။တနေ့တာမှာ ကိုယ်ဘာတွေ အများဆုံး စားသောက်မိနေလဲ
၂။ကိုယ် ဘယ်လိုတွေ လှုပ်ရှားပြုမူနေလဲ
၃။ကိုယ်ဘာတွေ အများဆုံးတွေးဖြစ်နေလဲ
ဒါလေးတွေကို စာရွက်တစ်ရွက်မှာ အရင်ချရေးပြီး မေးကြည့်ပါ

🧠၁။ တနေ့ ကော်ဖီဘယ်နှစ်ခွက်
အချိုရည်က ဘယ်လောက်
ထမင်းကို ဘယ်လိုဟင်းမျိုးနဲ့စားတာ
၂။ အိမ်အလုပ်က ဘယ်လိုလုပ်တာ
ရုံးအလုပ်ဆို အထိုင်များတာ
၃။တနေ့တာမှာ ကောင်းတာနဲ့ ဆိုးတာ ဘာတွေ အများဆုံးတွေးဖြစ်လဲ
ကိုယ်ရေးချင်တာရေးပါ

🍀နောက်နေ့ကြရင် ကျွန်မနဲ့အတူ ပြန်ဆွေးနွေးကြည့်ရအောင်နော်

ဒါဆို မနက်ဖြန် ပြန်ဆုံကြပါမယ်
See you tomorrow

04/10/2025

💟ပျိုမေတို့ရေ

🩷ငယ်ငယ်တုန်းကပုံလေးတွေ ပြန်ကြည့်တဲ့အခါ
ဪ ငါလေး ပိန်ခဲ့ လှခဲ့ဖူးပါလား လို့ တွေးမိကြပါသလား

❤️ဟင်း ခုများတော့ဆိုပြီး အားမလိုအားမရတွေဖြစ်ပြီး
ပြန်မရနိုင်တဲ့အတိတ်ကပုံလေးတွေကို ပြန်တမ်းတမိကြတယ်လို့ပြောရင် မှန်မယ် ထင်တယ်နော်

🏋️ဝိတ်ကလည်း ချတာပဲ ဘယ်လိုချရမှန်းမသိ
ချတိုင်းလည်း မကျလာဘူးဆိုပြီး
စိတ်ညစ်နေကြပြီဆိုရင်တော့

🍀မိမိကိုယ်ကို
ဒီမေးခွန်းလေး (၃)ခု ပြန်မေး‌စေချင်ပါတယ်
၁။တနေ့တာမှာ ကိုယ်ဘာတွေ အများဆုံး စားသောက်မိနေလဲ
၂။ကိုယ် ဘယ်လိုတွေ လှုပ်ရှားပြုမူနေလဲ
၃။ကိုယ်ဘာတွေ အများဆုံးတွေးဖြစ်နေလဲ
ဒါလေးတွေကို စာရွက်တစ်ရွက်မှာ အရင်ချရေးပြီး မေးကြည့်ပါ

🧠၁။ တနေ့ ကော်ဖီဘယ်နှစ်ခွက်
အချိုရည်က ဘယ်လောက်
ထမင်းကို ဘယ်လိုဟင်းမျိုးနဲ့စားတာ
၂။ အိမ်အလုပ်က ဘယ်လိုလုပ်တာ
ရုံးအလုပ်ဆို အထိုင်များတာ
၃။တနေ့တာမှာ ကောင်းတာနဲ့ ဆိုးတာ ဘာ. အများဆုံးတွေးဖြစ်လဲ
ကိုယ်ရေးချင်တာရေးပါ

နောက်နေ့ကြရင် ကျွန်မနဲ့အတူ ပြန်ဆွေးနွေးကြည့်ရအောင်နော်

ဒါဆို မနက်ဖြန် ပြန်ဆုံကြပါမယ်
See you tomorrow

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Kyimyindaing
Yangon