BM52
ရတနာ ဆိုင်လေးက တနင်္လာ နေ့တိုင်းဆိုင်ပိတ်ပါတယ်ရှင်
Location: t.ly/uR2M
02/09/2026
#မြိတ်ပုလဲ ကို ဈေးချိုချို #အဆောင် အနေနဲ့ အရစ်ပါတာလေးတွေ ဆောင်ချင်သူတွေ အတွက် ဒါလေး အကြောင်းရေးပေးတာပါရှင့်
လတ်တလောတော့ ရောင်းစရာ မရှိတော့ ပေမည့် လိုချင်သူရှိရင်တော့ noted 📝 မှတ်ထားပေးပါမယ်ရှင့် 🙏
Gemmology Diagnostic အရ ဒီလို အရစ်လိုင်း (Circled Rings) တွေဟာ
✅သဘာဝ ရေငန်ပုလဲ မွေးမြူမှုရဲ့
ထူးခြားတဲ့ သဘာဝလက်မှတ် (Natural Footprint) တစ်ခုဖြစ်ပြီး
Plastic သို့မဟုတ် Glass Imitation (တုပထားသော ပုလဲများ) မဟုတ်ကြောင်း သက်သေပြပေးသည့် လက္ခဏာရပ်လည်း ဖြစ်ပါတယ်။
✅သူက Golden South Sea Baroque Pearls (ရွှေဝါရောင် အလိပ်ကြောင်းပါ ပုလဲမညီ / ရေငန်ပုလဲ) အမျိုးအစား ဖြစ်ပါတယ်
ယောက်သွား (Oyster) ရဲ့ ကိုယ်ထည်အတွင်း ပုလဲဖြစ်တည်စဉ်(Nacre) အထပ်ထပ် စုတ်ယူအောက်ခံပြုရာမှာ ပုလဲစေ့ဟာ ငြိမ်မနေဘဲ တစ်ဖက်တည်းသို့ အရှိန်ဖြင့် လည်ပတ် (Rotate) နေလေ့ရှိပီး
ထိုသို့ လည်ပတ်စဉ် မုတ်သုန့်အလွှာ ပုံမှန်
မညီညာဘဲ သက်ရောက်မှုကြောင့် အရစ်လိုင်းများ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
အဝိုင်းစက် မဟုတ်ဘဲ မျက်နှာပြင် မညီညာသည့် Baroque မော်ဒယ်များ ဖြစ်ပြီး ပုလဲမျက်နှာပြင်ပေါ်တွင် အဝိုင်းကွင်း/အလိပ်ကြောင်းများ ပါဝင်သော Ringed Baroque သို့မဟုတ် Circled Baroque ပုံသဏ္ဌာန် ဖြစ်ပါတယ်။
ဒီလို ရွှေဝါရောင် ပုလဲတွေကို Custom Design မြန်မာ့လက်ရာ သီးသန့် အဆင်တန်းဆာတွေ၊
Convertible Brooch/Pendant တွေနဲ့
စတိုင်လ်ဆန်း သဘာဝဒီဇိုင်း
လည်ဆွဲ/လက်စွပ် တွေမှာ အသုံးပြုလေ့ရှိကြပါတယ်ရှင့်
"BM52"
#ပုလဲအဆောင်ရတနာ #ရေငံပုလဲ
01/09/2026
မြိတ်ပုလဲ ရွှေ ကာလာ နဲ့ စိန်
တို့ပေါင်းစပ်ပီး ဖြစ်ပေါ် လာသော ရိုးရှင်းသော် လည်း ဘယ်သော အခါ မှ ရိုး သွား ခြင်းမရှိတဲ့ အလှတရား
Gold Colour Myeik Pearl + Diamond Earrings
🫶Pearl ⚖️25.3 Rati( 2 pcs)
🧽ရွှေချိန် ⚖️5ပဲ5 ရွေး
💎⚖️0.539 Rati (58 pcs)
#မြိတ်ပုလဲ
01/09/2026
🔹စက်တင်ဘာလဖွားများ၏
အဓိက အဆောင်ကျောက် (Birthstone) ဖြစ်သည့် နီလာ (Sapphire)🔹
ရှေးယခင်ကတည်းက
✅သစ္စာတရား၊ ✅အမှန်တရား၊ ✅ပညာဉာဏ်နှင့် ✅မွန်မြတ်ခြင်းတို့၏
သင်္ကေတအဖြစ် သတ်မှတ်ခံရသည့် အဖိုးတန် ရတနာတစ်မျိုး ပါရှင်
နီလာတွေက ရှားပါးခြင်း ၊ လှပခြင်း ၊တာရှည်ခိုင်ခန့်ခြင်းတွေနဲ့ ပြည့်စုံပြီး
လူကြိုက်များကြလို့ (Precious Stone ) အဖိုးတန်ရတနာ စာရင်းဝင်ပါ။
မာဆင့် (Hardness): Mohs Scale တွင် 9 ရှိသဖြင့် စိန် (10) ပြီးလျှင်
ဒုတိယအမာဆုံး ကျောက်မြတ် ဖြစ်သည့် အတွက် နေ့စဉ် ဝတ်ဆင်မည့် ရတနာများအတွက် တာရှည်ခံမှု အလွန်ကောင်းမွန်တဲ့ ရတနာပါ
ဘာသာ ယဉ်ကျေးမှုအသီးသီးတွင်
နီလာကို ✅ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သော၊
✅စိတ်အေးချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်သော
ကျောက်မြတ်အဖြစ် ယုံကြည် ခဲ့ကြသည်။
🟥🟦နီလာနှင့် ပတ္တမြားသည်
မျိုးနွယ်တူ Corundum Family အဖွဲ့ဝင်များ ဖြစ်ကြ ပီး Corundum တွင် ခရိုမီယမ် အနည်းငယ် ပါလျှင် အနီ -ပန်းခရမ်းနီ ရောင် ဖြစ်ပီး ပတ္တမြား ဟု ခေါ်ကြပီး အခြား colouring element ဖြစ်တဲ့ Iron (Fe) Titanium (Ti) ကို part per million ဟုခေါ်တဲ့ ပမာဏ အနည်းငယ် ပါရင်တော့ နီလာ (အပြာ) ရောင် ဖြစ်ပေါ် စေပါတယ်
🎯Corundum အုပ်စုတွေထဲ အနီရောင်ရှိတဲ့ ပတ္တမြားကလွဲလို့ ကျန်တဲ့
အရောင်တွေ အကုန်လုံး ကို Sapphire ရဲ့ ခေါင်းစဉ်အောက်ထဲ ထည့်သတ်မှတ်ပါတယ် ။
🔷နီလာ (Sapphire) ထွက်ရှိမှုတွင် အရည်အသွေး၊ အရောင်အသွေးနှင့် အဝယ်လိုက်မှုတို့ကြောင့် ကမ္ဘာကျော်သည့် ထိပ်တန်းနိုင်ငံများနှင့် ဒေသများမှာ
💙ကက်ရှ်မီးယား / အိန္ဒိယ (Kashmir): ကက်ရှ်မီးယားမှ နီလာများသည် အပြာရောင် (Velvety Blue) ကြောင့် ကမ္ဘာ့အရှားပါးဆုံးနှင့် ဈေးအမြင့်ဆုံး နီလာများအဖြစ် သတ်မှတ်ခံရပါသည်။
🟦သီရိလင်္ကာ (Sri Lanka): "Cornflower Blue" ကာလာ နီလာများကြောင့် နာမည်ကျော်ကြားပြီး ကျောက်မျက်ကြည်လင်မှုမြင့်မားသည်။ ထို့ပြင် ပန်းရောင်နှင့် လိမ္မော်ရောင် စပ်နေသည့် ကျောက်မျက် ကာလာ ပဒုမ္မာကြာရောင် လို့ တင်စားကြတဲ့ နီလာ (Padparadscha) ၏ ပင်မထွက်ရှိရာ ဒေသလည်း ဖြစ်ပါသည်။
🔷မြန်မာ (Myanmar): မိုးကုတ်မြို့မှ ထွက်ရှိသည့် နီလာများသည် "Royal Blue" ကာလာ ဟု လူသိများပြီး အရည်အသွေးမြင့် တဲ့
ကမ္ဘာ့ကျောက်မျက်ဈေးကွက်တွင် ထိပ်တန်းအဆင့်အဖြစ် အသိအမှတ်ပြုခံရပါသည်။
🦋မဒါဂတ်စကာ (Madagascar): ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်းမှ နီလာများ အမြောက်အမြားထွက်ရှိလာခဲ့ပြီး လက်ရှိကမ္ဘာ့ကျောက်မျက်ဈေးကွက်သို့ အရည်အသွေးမြင့် နီလာအပြာရောင်နှင့် အရောင်စုံနီလာ (Fancy Sapphires) များကို အဓိကတင်ပို့ပေးနေသည့် နိုင်ငံဖြစ်သည်။
ဒါကတော့ ကမ္ဘာ့ ထိပ်တန်း နီလာ ထွက်ရှိရာ နိုင်ငံတွေဖြစ်ပီးအခြား နိုင်ငံများမှလည်း နီလာ များထွက်ရှိပါတယ် ရှင်
လူကြိုက်အများ ဆုံး နီလာရဲ့ အရောင်ဆိုရင် Royal Blue ဖြစ်နိုင်ပေမယ့်
အရှားပါးဆုံးနီလာရဲ့ အရောင်ကတော့
ပဒုမ္မာကြာပန်းရဲ့အရောင် ရှိတဲ့ ( Padparadscha Sapphire ) ပါပဲ။
ဒီနီလာအများစုဟာ Sri Lanka 🇱🇰 ကထွက်ရှိပါတယ် ။
ကဲ..စာလည်းအရမ်းရှည်နေပီမို့ နီလာ အကြောင်း နောက်မှ ထပ်ဆက်ကြမယ်ရှင့်
01/09/2026
အားလုံးပဲ မင်္ဂလာပါရှင်...
ဒီလ 8-12 September မှာ ကျင်းပမယ့် Bangkok Gems & Jewelry Fair ကို
သွားရောက် မှာဖြစ်လို့ Bangkok က customers များ ကိုယ့်ဆိုင်က ရတနာတွေ မှာချင်တာရှိရင် ပို့ခ မကုန်ပဲ မှာလို့ရတယ်နော် 🙏
✅သဘာဝ တွင်းထွက်အစစ်တွေကို Lab စစ်ချက်အပါ မို့ စိတ်ချစွာ ဝယ်ယူ အားပေးလို့ရသလို
✅မိမိစိတ်ကြိုက် Customized Design order လေးတွေခတ်ပြီး ဘန်ကောက်မှာ Pick Up လုပ်မဲ့ customer များလဲလိုချင်တဲ့ကျောက်လေးတွေ ပုံလေးတွေပြပြီး အော်ဒါလက်ခံပေးနေပါပြီရှင့် ။
📍ဒီပွဲကနေ လည်း ကျောက်အလွတ် နဲ့ စိန် သာမက အထည် ခတ်ပီး သား ကျောက်မျက်ရတနာ တွေကို စိတ်ကြိုက်
ရွေးချယ် ဝယ်ယူပေးမှာ ဖြစ်ပါတယ်
ဒီပွဲမှာ နိုင်ငံတကာက ပန်းထိမ်လက်ရာတွေ၊ ဆန်းသစ်တဲ့ Jewelry Designတွေနဲ့ အချောထည် ရတနာပစ္စည်းတွေ၊ အထည်ခတ်ပြီးသားစိန်ထည် / မြထည် သဘာဝ ကျောက်မျက်ရတနာ များ စွာ နဲ့
ရတနာပစ္စည်းလှလှတန်တန်လေးတွေကိုပါ မှာယူ နိုင်ပါတယ် လို့ ကြို အသိပေးထားပါရစေရှင့်
လာမယ့် 𝟕𝟒𝐭𝐡𝐁𝐚𝐧𝐠𝐨𝐤 𝐆𝐞𝐦𝐬 & 𝐉𝐞𝐰𝐞𝐥𝐫𝐲 𝐅𝐚𝐢𝐫မှာ customerတို့ အကြိုက်တွေ့ နေစေမယ့် ရတနာပစ္စည်းလေးတွေကို တိုက်ရိုက် ရှာဖွေဝယ်ယူပေးဖို့ ရှိနေပါမယ်။
ကိုယ်တိုင် ကျောက်မျက်ရတနာ ဆိုင် ဖွင့်ထား သလို FGA (London) Candidate လည်းဖြစ်ပီး DGI (YU)ရဲ့ ကျောင်းဆင်း
တဦးမို့ ရတနာ ပစ္စည်း တစ်ခုရဲ့ qualityနဲ့ ပေးရတဲ့ စျေး တန်း နဲ့
ဘလို ရတနာမျိုးကို ရွေးချယ် ပေး ရမလဲ သေချာလေးဆုံးဖြတ်နိုင်စွမ်းရှိပါတယ်ရှင်။
✅ပွဲတိုက်ရိုက် ဝယ်ယူပေးမှာဖြစ်လို့ ( September 8 ~12) အတွင်းသာ မှာယူလို့ရမယ့် အတန်ဆုံး အခွင့်အရေးတွေရရှိဖို့ Page && Tiktok accountကို စောင့်မျှော်ကြည့်ရှုပေးကြပါရှင့်
BM52 ရဲ့ Tiktok အကောင့်လေးကို
Following လုပ်ပေးပါဦး အချစ်တို့ရေ
အရမ်း update ဖြစ်မည့်
ဒီ အကောင့်လေးနော် ကျေးဇူးပါရှင့်
Please Follow❤️❤️Link or Scan Here ⬇️⬇️
https://www.tiktok.com/?_t=8rMJXLvMOyW&_r=1
သိလိုတာရှိပါက 09-257989933 && 09663567352 𝐨𝐫 CB Please
01/09/2026
#ပုလဲပွား
01/09/2026
🍀🍀Rich in Colour ,Bold in presence
Emerald elegance like no other...
🟢 ကိုလံဘီယာ 🇨🇴 နဲ့ ဇမ်ဘီယာ 🇿🇲 မြ လိုချင်သူတွေ ရှိရင် လည်း ဝန်ဆောင်မှုပေးမည့် သတင်းကောင်းလေး ည ကျ page မှာ လာတင်မယ်နော်
✈️ Reliable World wide Shipping ✈️
👑 Beauty Max 👑
09-257989933 /09663567352 𝐨𝐫 CB Please
30/08/2026
❣️ရတနာထိုက်သူဖြစ်ပြီး
ကြီးမြတ် သော ကောင်းမြတ်သော ရတနာများလည်း ထပ်မံပိုင်ဆိုင်နိုင်ပါစေ
ပြည့်စုံကြွယ်ဝ လိုတရ ပါစေရှင့်
အားပေးမှု အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏
Just click& call 📞 09257989933 /09663567352 𝐨𝐫 CB Please
゚viralシ #မြိတ်ပုလဲ
မိုးကုတ်သဘာဝ ပတ္တမြား ကို အရည်
ပန်းနီရည် quality lot အသေးလေးရှာနေရင် ဒါလေး ယူပါရှင်
Natural Mogok Ruby 6လုံးစီး ကို ကာလာ
❣️Reddish Pink to Pinkish red lot
Weight ⚖️⚖️9.10ct
Loose Stone ကျောက်အလွတ်များ ကို 🔬ကျောက်မျက်စစ်ချက် Lab Report နဲ့တကွ ရောင်းပေးပါတယ်ရှင်
🌐Reliable worldwide shipping 🛩️
💯Authentic Gemstones
09257989933 && 09663567352 𝐨𝐫 CB Please
#မိုးကုတ်သဘာဝပတ္တမြား
30/08/2026
မိုးကုတ်သဘာဝ ပတ္တမြား ကို အရည်
ပန်းနီရည် quality lot အသေးလေးရှာနေရင် ဒါလေး ယူပါရှင်
Natural Mogok Ruby 6လုံးစီး ကို ကာလာ
❣️Reddish Pink to Pinkish red lot
Weight ⚖️⚖️9.10ct
Loose Stone ကျောက်အလွတ်များ ကို 🔬ကျောက်မျက်စစ်ချက် Lab Report နဲ့တကွ ရောင်းပေးပါတယ်ရှင်
🌐Reliable worldwide shipping 🛩️
💯Authentic Gemstones
09257989933 && 09663567352 𝐨𝐫 CB Please
#မိုးကုတ်သဘာဝပတ္တမြား
🍀မြ - လေးတွေ လည်း လိုအပ်တာရှိ အားပေးပါဦးရှင့်🍀
#မြ
#ကိုလမ်းဘီယာမြ #ဇမ်ဘီယာမြ
#ကလေးမြို့ ゚viralシ
DISCLAIMER :No Copyright infringemient intended. For Resell & display purposes only. I do not own that music . All rights and credits go to rightful owner.
Click here to claim your Sponsored Listing.
Category
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 15:00 |