Aung's Daily life

Aung's Daily life

Share

ပေါက်ပေါက်ရှာရှာ ရခိုင်သားချေပါ

Photos from Aung's Daily life 's post 16/02/2026

Deep Ocean ngapli 🧜🏻🐬
ရေသူမတွေကအရင်ကရှိခဲ့ဖူးတေလို့ဆိုစမှတ်ပြောခဲ့ပါတေ
အစဲဲပြု၍စိတ်ကူးပုံဖော်ရေးဆွဲထားပါတေ
-ဒီရေသူမလေးဆိုရင် ရခိုင်ပြည်ငပလီရှိ ရေသူမကိုကိုယ်စားပြုထားတာပဲဖစ်ပါတေ
အပေါ်ပိုင်းတွင် ငါးအမြီးကိုဆွဲထားပြီး အလယ်တွင်ဟောင်းနွမ်းနေသောပုလဲကိုကုံးထားပါတေ
-နားပေါ်တွင် ငါးဆူးတောင်ကိုဆွဲထားပါတေ
-လက်ပေါ်မှာ ရေလျှံဝိုင်းနေသောအတွန့်ကိုထည့်ဖော်ထားပါတေ
-ထမီကို အကြွေးခံနှင့်ပုလဲကိုသာအဓိကထားပါတေ
ထမီအစွန်ဆုံးတွင်ငါးအမြီးကိုထညိ့ဆွဲထားပါတေ
မြန်မာရိုးရာဝတ်စုံကိုမညိုးနွမ်းစေဘဲ အဆန်းသစ်ဖြစ်အောင်ပုံဖော်ထားတာပါ

16/02/2026

Deep Ocean Ngapli 🧜🏻🐬
#လိုအပ်နေဆဲပါပဲ ကြိုးစားမူများစွာဖြင့်💪🏻

Photos from Aung's Daily life 's post 12/02/2026

သာလီစွပါ

:Rekhine national consume
:ဒီconsumeကို *လိပ်ပြာ* အသွင်ယူပြီးမှကြိုးစားပြီးဆွဲထားပါတေ
ရခိုင်သူတွေရဲ့မြတ်နိုးပန်ဆင်တတ်သော သဇင်ပန်းခတ်ရယ်
မိန်းမပျိုလေးပုံဝင်အောင် ပန်းနုရောင်အောက်ခံကိုမှ အနီရင့်ရောင်နဲ့ ပန်းခရမ်းလေးကိုစပ်ဆွဲပေးထားပါတေ
အချိတ်ကရခိုင်ချိတ်အစား ပုလဲလုံးရယ် စိန်လုံးရယ်နဲ့စီပေးရမယ့်ထမီအမျိုးအစားပါ
အဆန်းအပြားနည်းနည်းဖြစ်အောင် *လိပ်ပြာ* ကိုဆွဲပေးထားပါတေ
မြောက်ဉီးခေတ်က consumeပါ
သာမန်designဆွဲသူမို့ လိုအပ်ချက်များစွာရှိပါတေ

Photos from Aung's Daily life 's post 09/02/2026

"​မြင့်မြတ်ဒေဝီ မိဖုရား မြသန္တာ"
မိဖုရားကိုအခြေခံပြီးကေ Traditional Consume ဆွဲထားစွာပါ
:👉🏻Traditional consumeကို မိဖုရားပုံစံယူပြိီး ဆွဲထားပါရေ
:👉🏻ပုံမှန် စလွယိပုဝါကိုဖြုတ်ပြီးကေ လေးမြို့ခေတ်က အပေါ်ဝတ်ထည့်ပီးထားပါရေ
:👉🏻မိဖုရားအမှန်ကိုင်ထားရေ ပန်းကို နှင်းဆီပန်းကြီးကို​ အစားသွင်းထားပါရေ
:👉🏻 မြောက်ဉီးခေတ်စတိုင်မဟုပဲ ၄မြို့လုံးကိုကိုးကားဆွဲ​ထားပါရေ

မိဖုရားအကြောင်းကိုလည်း​​ ​ရေးထားရေလူတစ်ယောက်ပက copyကူပြီးတင်ထားပါရေ
ဖတ်ကြည့်ပါအကျိုးဖို့ထင်လို့ပြန်တင်ပေးစွာပါ

သက္ကရာဇ်(၁၁၄၆) ခုနှစ်မှာ
ဗမာမင်း မှော်ဆရာဗဒုံမင်း မောင်ဝိုင်း (ငဝိုင်း)
ရခိုင်နိုင်ငံကို မတရားကျူးကျော်ပြီးသောအခါရခိုင်ဘုရင် မဟာသမ္မတရာဇမင်းကို ဖမ်းပြီး
မိဖုရားမြသန္တာကိုလည်း ဖမ်းယူ အကျဉ်းချတယ်....

ပြီးတော့ ဗဒုံမင်း မောင်ဝိုင်းက
ရခိုင်မိဖုရားမြသန္တာကို
ဒီမှာ မိဖုရားမြသန္တာ
သင့်ကို ငါမိဖုရားမြှောက်မယ် ဆိုရင်
သင်အသက်ဘေးမှလွတ်မည်
သင်လက်ခံမည်လားဟု မေးသောအခါ ........

ဒီနေရာမှာ သာမန် စိတ်ဓာတ်နဲ့
မိဖုရားတစ်ပါးဆိုရင် လက်ခံလိမ့်မယ့်
အသက်ဘေးကလည်းလွှတ်မယ်ပြောတယ်ရှင့်....ဘုရင်ရဲ့ မိဖုရားလည်းဖြစ်အုန်းမယ်ဆိုတော့
လက်ခံစရာပေါ့......

သို့သော် ရခိုင်မိဖုရားမြသန္တာ ပြောလိုက်တဲ့စကားက
စံပြုထိုက်တယ်......👏👏👏

"ဟေး....မိစ္ဆာမျိုးခြား ပျူအောက်သား
ငါရေ ရခိုင်ပြည်ကြီးရဲ့ မိခင်ဖြစ်ရေ.....
ငါရို့ ဘိုး ဘေး ဘီ ဘင် လက်ထက်ကဘင် ရခိုင်ရေ ရခိုင်ကိုရာ ယူပြီး‌ကေ အိမ်ထောင်ပြုရေ
လူမျိူးခြားကိုမယူဖူး
ငါရာ သင့်ကိုယူလိုက်ကေ ငါ့၏နောင်လာ နောင်သားသမီး၊ ရခိုင်ပြည်သူများလည်း လူမျိုးခြားကိုယူကတ်ဖို့ယာ ယကေ
ကမ္ဘာမြေမှာ ရခိုင်လူမျိုးတိပျောက်ကွယ်လားလီဖို့ ".....✔✔✔

အဲအတွက်နဲ့ ငါသည်
အသက်ကိုသာ အသေခံမည်
သင့်ကို ငါမယူ ဟု
ရခိုင့်အာဇာနည် စိတ်ဓာတ်နဲ့
ကိုယ့်အိမ်ထောင်ရေးမှာ သစ္စာရှိရှိ
ရခိုင်ဘုရင်မ မိဖုရားမြသန္တာ
ရဲရဲတောက်တောက် ပြောလိုက်ပါသည်😲 .မိဖုရားစိတ်ဓာတ်ကိုကြိုက်လို့ Traditional Consumeဆွဲဖစ်စွာပါ
လိုအပ်ချက်ရှိကေလည်းcmမှာပြော@ပေးပါလို့တောင်းဆိုပါရေ
Crd
Photo : Crd

30/12/2025

#တညင်းကုန်းစျေး ကိုအလည်လားကတ်ပါတေ
အားလုံးသာလီစွပါ
🙏🏻
ပထမvdဖြစ်လို့ အမှားလည်းပါပိုင် မထည့်လိုက်ရရေ အခန်းလည်းပါပါရေ
Vdရှည်လို့ပါ ထပ်ထည့်ကေ🙏🏻


Aung Lin Htoo
Kurmi Hana

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No(19) 4 Layers Kyaukyetwin Street
Yangon
112233