Daw Ei Myat Mon

Daw Ei Myat Mon

Share

လူသားအားလုံးကျန်းမာလှပဖို့
လင်းလက် သဘာထုတ်ကုန်သုံးကြစို့

30/01/2026

ခဏခဏ အပူကန်တတ်သူနှင့် အစာအိမ်ပူ၍ ဗိုက်အောင့်ဗိုက်ကယ် ဖြစ်တတ်သူများ ဒါလေးအရင်စမ်းကြည့်ပါ

ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဝမ်းဗိုက်ထဲက ပူလောင်တာ၊ လေပွတာနဲ့ နေရထိုင်ရ ခက်ခဲတာမျိုး ခံစားရရင်...

ဒါမှမဟုတ် ခဏခဏ အပူကန်လို့ ပါးစပ်ထဲ အနာပေါက်တာ၊ လျှာကွဲလို့ စားမဝင်သောက်မဝင် ဖြစ်နေရင်...

လူကြီးတွေ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အိမ်တွင်းကုထုံးလေးတစ်ခု ရှိပါတယ်။

ရှားစောင်းလက်ပတ်

အနှစ်ကိုယူပါ: အတွင်းထဲက ကြည်လင်တဲ့ အသားဖတ်လေးကိုပဲ သီးသန့်ထုတ်ယူပါ။

စင်ကြယ်အောင်ဆေးပါ: အပြင်ခွံကိုနွှာပြီး အဝါရောင်အစေးတွေ ကုန်စင်သွားအောင် သေချာဆေးကြောပါ။

မှန်မှန်စားပေးပါ: တစ်နေ့ (၂) ကြိမ် (မနက်နှင့် ည) လတ်လတ်ဆတ်ဆတ် စားသုံးပေးပါ။

ပမာဏ: တစ်ခါစားရင် ထမင်းစားဇွန်း (၁) ဇွန်းမှ (၂) ဇွန်းခန့် စားပေးရပါမယ်။

ဒါလေးကို စမ်းကြည့်သူအများစုရဲ့ မှတ်ချက်ကတော့ -

အစာအိမ်နဲ့ အူလမ်းကြောင်းက ပူလောင်မှုတွေ ငြိမ်သက်သွားတယ်။

ဗိုက်ကယ်တာ၊ လေပွတာတွေ သိသိသာသာ သက်သာသွားတယ်။

အပူကန်တာနဲ့ ပါးစပ်ထဲက အနာတွေ ပိုမိုမြန်မြန် ပျောက်ကင်းသွားတယ်။

ဒါကတော့ ကိုယ့်ပတ်ဝန်းကျင်မှာတင် အလွယ်တကူရှိတဲ့ ရှေးလူကြီးတွေရဲ့ ဆေးနည်းကောင်းလေးပါပဲ။

အထူးသတိပြုရန်: အဝါရောင်အစေးတွေ ကုန်စင်အောင် ဆေးကြောဖို့တော့ လုံးဝမမေ့ပါနဲ့နော်။

24/01/2026

မိန်းကလေးတွေမှာ ရာသီသွေးကျန်ပြီး ပုံမှန်တစ်လတစ်ခါ မဆင်းတော့တာ (Amenorrhea) ကို အချိန်ကြာကြာထားမိရင် အောက်ပါလို ရောဂါဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ် 👇
⚠️ ဖြစ်တတ်တဲ့ ဆိုးကျိုးများ
1️⃣ ဟော်မုန်းမညီမျှမှု
ခန္ဓာကိုယ်ဟော်မုန်းစနစ် ပျက်ကွက်ပြီး
မျက်နှာအသား‌ ရေမကောင်းခြင်း၊ ဝက်ခြံထွက်၊ ဆံပင်ကျွတ်ခြင်း
စိတ်အပြောင်းအလဲမြန်ခြင်း၊ အိပ်မပျော်ခြင်း ဖြစ်နိုင်ပါတယ်
2️⃣ မိခင်ဖြစ်ခွင့် ပြဿနာ
အရင်အချိန်မှာ သားအိမ်အလုပ်မလုပ်တော့ဘဲ
မဖြစ်နိုင်သေးတဲ့ ကိုယ်ဝန်မရခြင်း၊ အချိန်ကြာလျှင် မီးယပ်ခက်ခဲနိုင်ပါတယ်
3️⃣ သားအိမ်အတွင်း သွေးကျန်ရောဂါ
ရာသီမဆင်းတာကြောင့် သားအိမ်အတွင်း သွေးကျန်နေပြီး
ဝမ်းဗိုက်နာ၊ နောက်ပိုင်း ရာသီလာချိန် အလွန်နာကျင်ခြင်း ဖြစ်တတ်ပါတယ်
4️⃣ အလေးချိန်ပြောင်းလဲခြင်း
ဝလာခြင်း၊ အရမ်းပိန်သွားခြင်း
အသည်း၊ သွေးချို၊ သွေးဖိအား စတဲ့ ရောဂါတွေ ဖြစ်နိုင်ခြေမြင့်လာနိုငိပါတယ်
5️⃣ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
စိတ်ဖိစီးမှု၊ စိတ်ညစ်၊ စိတ်လွန်ကျူးမှုများလာခြင်း
အလုပ်လုပ်ရတာ မတည်မငြိမ် ဖြစ်လာနိုင်ပါတယ်
💡 သတိထားရန်
ရာသီသွေး ၂ လ–၃ လ ထက်ပိုပြီး မဆင်းဘူးဆိုရင်
👉 ဆရာဝန်နဲ့ စစ်ဆေးကုသသင့်ပါတယ်
👉 စားသောက်မှု၊ အိပ်စက်မှု၊ စိတ်ဖိစီးမှု လျော့ချခြင်းလည်း အရေးကြီးပါတယ်
မိန်းကလေးကျန်းမာရေးက အလှအပထက် ဘဝအရေးကြီးဆုံး အချက်တစ်ချက် ဖြစ်ပါတယ် 💕
သတိထားစောင့်ရှောက်ပါနော်။
💚 မိသားစုအတွက် ယုံကြည်စိတ်ချရတဲ့ သဘာဝထုတ်ကုန်များ
Daw Ei Myat Mon
လင်းလက် သဘာဝထုတ်ကုန်များ
📞 09756551315

19/01/2026

သွေးလေးဖက်နာဝေဒနာ ခံစားနေရသူများအတွက် ဝေဒနာသက်သာပျောက်ကင်းစေမည့် ကိုယ်တိုင်ဖော်စပ် အသုံးပြုနိုင်သော ဆေးနည်းကောင်းတစ်လက်ကို ပြန်လည်မျှဝေပေးလိုက်ပါသည်။
ရှေးမြန်မာဆေးကျမ်းလာ ဆရာကြီးများ၏ နည်းလမ်းများကို အခြေခံထားခြင်းဖြစ်၍ ယုံကြည်စိတ်ချစွာ စမ်းသပ်ဖော်စပ်ကြည့်နိုင်ပါသည်။
💡 လိုအပ်သော ပါဝင်ပစ္စည်းများ
• ထန်းလျှက်မဲ - ၁ ပိဿာ
• ဇီးဖြူသီး - ၁ ပိဿာ
🏡 အိမ်တွင် ကိုယ်တိုင်ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဇီးဖြူသီးများကို ပြုတ်ပြီးနောက် အစေ့ထုတ်ကာ ညက်နေအောင် သေချာစွာ ထောင်းပါ။
၂။ ထန်းလျှက်မဲကို ရေအနည်းငယ်ဖြင့် ကျိုချက်ပြီး အရည်ကို စစ်ယူပါ။
၃။ စစ်ထားသော ထန်းလျှက်ရည်ထဲသို့ ထောင်းထားသည့် ဇီးဖြူသီးများ ရောထည့်ပါ။
၄။ ယင်းအရောကို မီးအေးအေးဖြင့် မွှေရင်း အနှစ်ရသည်အထိ ဂရုတစိုက် ချက်ပေးပါ။
၅။ ရလာသော ဆေးအနှစ်ကို ဘူးသန့်သန့်တစ်ခုတွင် ထည့်၍ သိမ်းဆည်းပါ။
🥄 မည်သို့ စားသုံးရမလဲ?
မနက်တိုင်း၊ အစာမစားမီ၊ တစ်နေ့လျှင် တစ်ဇွန်း (ဟင်းစားဇွန်း) စားသုံးပေးပါ။
သွေးလေးဖက်နာ ဝေဒနာရှင်များအားလုံး စေတနာအပြည့်ဖြင့် သက်သာပျောက်ကင်းပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မိမိကိုယ်ကိုယ် ချစ်သကဲ့သို့ သင်ချစ်ခင်ရသော မိတ်ဆွေများကိုလည်း ဤကျန်းမာရေးဗဟုသုတလေးအား ပြန်လည်မျှဝေပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်နော်။

19/01/2026

အမျိုးသမီးတွေမှာ အများဆုံးဖြစ်လေ့ရှိတဲ့ ရောဂါတွေကတော့—
❌ ကိုယ်တွင်းအပူတက်ခြင်း
❌ ရာသီမမှန်ခြင်း
❌ ဝမ်းချုပ် / ဝမ်းလျှော မကြာခဏဖြစ်ခြင်း
❌ ကိုယ်တွင်းမသန့်ရှင်းမှုကြောင့် ယားယံ၊ အနံ့မကောင်းခြင်း
❌ အားနည်းလွယ်၊ မောပန်းလွယ်ခြင်း
ဒီလိုပြဿနာတွေဟာ
အစားအသောက်မမှန်ခြင်း၊ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်လေ့ရှိပါတယ်။
👉 အဲဒီအချိန်မှာ လင်းလက် ရဲ့ ရှားစောင်းလက်ပတ်ယို က
အမျိုးသမီးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ် 🌿
✨ ရှားစောင်းယို ကောင်းကျိုးများ
✅ ကိုယ်တွင်းအပူကို လျော့ချပေးတယ်
✅ အစာချေစနစ်ကောင်းစေတယ်
✅ ကိုယ်တွင်းသန့်ရှင်းရေးကို ထောက်ပံ့ပေးတယ်
✅ ဝမ်းချုပ်၊ ဝမ်းလျှောကို ညှိပေးတယ်
✅ ကိုယ်ခံအားကောင်းစေပြီး အားအင်ပြန်ဖြည့်ပေးတယ်
သဘာဝရှားစောင်းလက်ပတ်နဲ့ ပြုလုပ်ထားလို့
နေ့စဉ် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ် 💚
အမျိုးသမီးတိုင်းအတွက်
ကိုယ်တိုင်ကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့
လင်းလက် ရဲ့ ရှားစောင်းလက်ပတ်ယို ကို ရွေးချယ်လိုက်ပါနော် 🌸

Myat Mon❤️လင်းလက်♥️:❤myat.lay5398❤
🧑‍⚕️ရန်ကုန်မြောက်ဒဂုံ/အရှေ့ဒဂုံကိုယ်စလှယ်ပါရှင့်
🚍မြို့နယ်စုံအိမ်အရောက်ပို့ပေးပါတယ်ရှင့်
🛵4ဘူးယူ delefreeအိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင့်
10ဘူးမှကိုယ်စလှယ်ဝင်လိုသူများကို သင်ကြားပေးပြီးလက်တွဲးခေါ်ယူပေးပါတယ်ရှင့်🤝
☎️phone09756551315( Viber/ telegram)

14/01/2026

မနက်ခင်းအလင်းရောင်နဲ့အတူ
စိတ်နှလုံးအေးချမ်းစေမယ့် မေတ္တာပို့သတဲ့ ဆုတောင်းတစ်ခု ✨
ဒီနေ့ကို ကျွန်ုပ်အတွက်သာမက
မိသားစု၊ မိတ်ဆွေများနဲ့ လူသားအားလုံးအတွက်
ကျန်းမာချမ်းသာခြင်း၊ စိတ်အေးချမ်းခြင်းတွေ ပြည့်ဝပါစေ 🙏
စိတ်ကောင်း၊ စကားကောင်း၊ အလုပ်ကောင်းတွေကို
နေ့တစ်နေ့လုံး လက်တွဲနိုင်ပါစေ
အခက်အခဲတွေကိုလည်း မေတ္တာနဲ့ ဖြတ်သန်းနိုင်ပါစေ 🌸
မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေ ☀️

13/01/2026

✨ လှပတဲ့ မျက်နှာအသားအရေ ရရှိဖို့ သိထားသင့်တဲ့ ဗဟုသုတများ ✨
မျက်နှာအသားအရေက လူတစ်ယောက်ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သလို
နေ့စဉ်စောင့်ရှောက်မှုမှန်ကန်ရင် ပိုပြီးလှပတောက်ပလာနိုင်ပါတယ် 💖
🔹 မျက်နှာသန့်ရှင်းရေး နေ့စဉ် မနက်၊ ည မျက်နှာသစ်ပေးခြင်းက
အဆီညစ်၊ ဖုန်မှုန့်တွေကို ဖယ်ရှားပေးပြီး ဝက်ခြံဖြစ်တာကို ကာကွယ်ပေးပါတယ်
🔹 အသားအရေအမျိုးအစားကို သိထားပါ အဆီပြန် / ခြောက်သွေ့ / ပုံမှန် / ပေါင်းစပ်
ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်ကိုသာ အသုံးပြုပါ
🔹 ရေများများသောက်ပါ ရေသောက်ပမာဏ လုံလောက်ရင်
အသားအရေ စိုပြေဝင်းလက်လာပြီး အရေးအကြောင်းလည်း လျော့နည်းစေပါတယ်
🔹 နေလောင်ကာကွယ်ရေး နေရောင်ခြည်က မျက်နှာအသားအရေကို မည်းညိုစေပြီး အိုမင်းစေတတ်တာကြောင့်
နေရောင်ကာကွယ်ရေးကို မမေ့ပါနဲ့ ☀️
🔹 သဘာဝပစ္စည်းများကို ဦးစားပေးပါ ဓာတုများလွန်းတဲ့ ထုတ်ကုန်တွေထက်
သဘာဝအခြေခံထားတဲ့ မျက်နှာသစ်၊ မျက်နှာလိမ်းတွေက
အသားအရေအတွက် ပိုပြီး နူးညံ့အဆင်ပြေပါတယ် 🌱
💬 လှတဲ့ မျက်နှာအသားအရေဆိုတာ မိတ်ကပ်ကြောင့် မဟုတ်ဘဲ
နေ့စဉ်စောင့်ရှောက်မှုကြောင့် ဖြစ်ပါတယ်နော် 💕
💚 မိသားစုအတွက် ယုံကြည်စိတ်ချရတဲ့ သဘာဝထုတ်ကုန်များ
အိမြတ်မွန် | လင်းလက် သဘာဝထုတ်ကုန်များ
📞 09756551315

12/01/2026

📌 ဆံပင်ကျွတ်တာ ဘာကြောင့်ဖြစ်လဲ?
✔️ စိတ်ဖိစီးမှုများခြင်း
✔️ အိပ်ရေးမဝခြင်း
✔️ ခေါင်းရေမသန့်ရှင်းခြင်း
✔️ ဗီတာမင်ဓာတ်ချို့တဲ့ခြင်း
👉 နေ့စဉ်ခေါင်းသန့်ရှင်းစွာထိန်းသိမ်းပြီး သဘာဝဆံပင်ထိန်းသိမ်းပစ္စည်းတွေ သုံးပေးဖို့လိုပါတယ်။
📌 ဆံပင်ခြောက်သွေ့၊ မွဲခြောက်နေရင်?
🔹 ဆံပင်ကို မကြာခဏ အပူနဲ့မထိတွေ့ပါနဲ့
🔹 ခေါင်းလျော်ပြီးတိုင်း ဆံပင်ခြောက်အောင် သေချာထားပါ
🔹 သဘာဝအဆီများပါဝင်တဲ့ ဆံပင်အာဟာရကို အသုံးပြုပါ
👉 ဆံပင်မှာလည်း အာဟာရလိုအပ်ပါတယ်နော် 🌿
📌 ဆံပင်ထူထဲစေဖို့ သိထားသင့်တာ
💡 ခေါင်းအရေပြားကျန်းမာမှ ဆံပင်ကောင်းမယ်
💡 ခေါင်းကို သွေးလည်ပတ်အောင် နှိပ်ပေးပါ
💡 ဓာတုပစ္စည်းများလွန်းတဲ့ ဆံပင်ဆေးတွေကို ရှောင်ပါ
📌 ခေါင်းပူ၊ ခေါင်းယားဖြစ်နေရင်?
⚠️ ခေါင်းဦးပြားထဲမှာ ဘက်တီးရီးယားများနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်
⚠️ ဆံပင်မခြောက်သေးဘဲ အိပ်ခြင်းကို ရှောင်ပါ
⚠️ သဘာဝအခြေခံ ခေါင်းလျော်ရေကို ရွေးချယ်ပါ
📌 ဆံပင်ကို နေ့စဉ် ဘယ်လိုထိန်းသိမ်းမလဲ?
✅ မနက်/ည ခေါင်းသန့်ရှင်းစွာ ထားပါ
✅ ဆံပင်ကို မအရမ်းဆွဲမချည်ပါနဲ့
✅ အစားအစာမှာ အာဟာရပြည့်ဝအောင် စားပါ
✨ မှတ်သားရန်
ဆံပင်က အလှအပသာမက ကိုယ့်ကိုယ့်ယုံကြည်မှုပါ ဖြစ်ပါတယ်
နေ့စဉ် သေချာဂရုစိုက်ပေးရင် ဆံပင်လည်း လှလာမှာပါနော် 💖

💚 မိသားစုအတွက် ယုံကြည်စိတ်ချရတဲ့ သဘာဝထုတ်ကုန်များ
EMM | လင်းလက် သဘာဝထုတ်ကုန်များ
📞 09756551315

07/01/2026

🛁 အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့်ခေါင်းလျှော်နည်း”

🔴အပူငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက ပြောချင်တယ်။ ရေကို စနစ်တကျ သုံးပါလို့ ပြောချင်တယ်။ ရေဟာ ဘာကို ငြိမ်းစေသလဲ။ အပူကို ငြိမ်းစေတာပါ။ ရေကို အထင်မသေးလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။

🔴ရှေးအခါက ပြောခဲ့တဲ့ စကားလုံးတစ်လုံးကို ဆရာကြီးက အခုဒီမေးခွန်းတွေ ပြန်ဖြေရင်း ပြန်ဖြေရင်းနှင့် တန်ဖိုး ပိုထားတတ်လာတယ်။ ဒီစကားလေးနော်။ ဟယ် .. ရေတိမ်မှာ နစ်တာပဲလို့ ပြောတယ်နော်။ ရေတိမ်မှာ နစ်တယ်ဆိုတာ တကယ်တမ်းတော့ တင်စားပြီးပြောတာ။ ရေတိမ်မှာ နစ်တယ်ဆိုတော့ ဘယ်သေနိုင်ပါ့မလဲ။ ဥပမာ – ခြောက်လက်မလောက်ရှိတဲ့ လေးလက်မလောက်ရှိတဲ့ ရေတိမ်လေးထဲ နစ်လို့တော့ မသေနိုင်ပါဘူး။

🔴ပြောချင်တဲ့အနှစ်သာရက ကိုယ့်အိမ်ထဲမှာ ရှိတဲ့ရေကို စနစ်တကျ မသုံးစွဲတတ်တာ။ စနစ်တကျ မသောက်တတ်တာ။ စနစ်တကျ မချိုးတတ်တာ။ ဒါကြောင့် အလကားရတဲ့ရေကို တန်ဖိုးနည်းတယ်ဆိုပြီး တန်ဖိုးလျှော့မတွက်ပါနှင့်။ တန်ဖိုးကို ချမတွက်ပါနှင့်။ အသုံးတည့်အောင် သုံးပေးပါလို့ ပြောချင်ပါတယ်။

🔴ဘယ်လို သုံးရမယ်လဲဆိုတာလေး ပြောချင်တယ်နော်။ ဒါလေးက ် … “မသိရင် ကျယ်ပါတယ်။ သိရင် လွယ်ပါတယ်။ မသိသူက ကျော်သွားတာ၊ သိသူက ဖော်စားတာပေါ့။” ဒါလေးတော့ ညွှန်းပြောချင်တယ်နော်။ “ရေမှ တစ်ပါး ဆေးမရှိ” လို့ ။ အဲဒီရေကို ဘယ်လို သုံးရမှာလည်းလို့မေးရင် ရေချိုးနည်းလေး ပြောပြပါမယ်။

ရေချိုးနည်း————

🔹ရေမချိုးခင် ရေကို ပါးစပ်ထဲမှာ ငုံမယ်။ ပြန်ထွေး ထုတ်မယ်။ ဘာတွေ ပါသွားမယ်ထင်လဲ။ အပူတွေပါသွားမယ်။ ပြီးရင် လက်ခုပ်ထဲမှာ ရေလေး ထည့်မယ်။ မျက်လုံးလေးကို အဲဒီလက်ခုပ်ထဲမှာ ကျင်းပေးမယ်။ မှိတ်လိုက် ဖွင့်လိုက်ပေါ့။ မျက်လုံးထဲက အပူတွေ ပါသွားမယ်။ အပူတွေရော၊ အညစ်အကြေး ဖုန်တွေရော ပါသွားမှာပေါ့နော်။

🔹ဒါတွေပြီးလို့ ခန္ဓာကိုယ်ကို ရေလောင်းတော့မယ်ဆိုလည်း အရမ်းမလောင်းလိုက်ပါနဲ့။ စနစ်တကျ ဘယ်ခြေထောက်ကို ရေအရင်လောင်းကြည့်ပါ။ ပြီးရင် ညာဘက်လက်ကို လောင်းပါ။ ဘယ်ခြေညာလက် လောင်းတာကလည်းပဲ နောင်အခွင့်သာရင် အကျယ်ပြောမယ်နော်။ လောင်းတာချင်းအတူတူ အဲသလို လောင်းကြည့်ရင် အပူ သိသိသာသာ လျော့စေပါတယ်။

🔷ဥပမာ- အပူချိန် ( ၁၀၃ – ၁၀၄ ) လောက်ဖြစ်လို့ တက်တော့မယ့်ကလေးလည်း ဘာမှ မလုပ်နှင့်။ သနပ်ခါးရေကျဲကျဲလေးကိုသာ ဘယ်ခြေ၊ ညာလက် နှစ်ကျော့လောက် လိမ်းကြည့်လိုက်။ အလိုလို အပူချိန်က ငြိမ်ပြီး ကျလာမယ်။ သွေးသိပ်တိုးနေတဲ့သူ ဘာဆေးမှ မသောက်နဲ့။ ဘယ်ခြေ၊ ညာလက်ကို ရေလေးလောင်းပြီးတော့ သနပ်ခါးသာ လိမ်းကြည့်လိုက်။ ပြန်ပြီး တိုင်းကြည့်လိုက်ပါ။

🔴အခုက ဘာအကြောင်းပြောနေလဲဆို ရေအသုံးအကြောင်း ပြောနေတာနော်။ သူ့ရဲ့ အပူတွေငြိမ်းဖို့အတွက်ပါ။ ပြီးတော့မှ ဖြည်းဖြည်းလေးချင်း လက်ဖျား၊ တံတောင်ဆစ်၊ လက်မောင်း၊ ခြေအစွန်၊ တံတောင်ဆစ် အဲသလို အေးအေးဆေးဆေးနဲ့ ရေလောင်းပြီး ချိုးပေးလို့ရှိရင် ဒေါ်ထွေးကြည်ရဲ့ ကျန်းမာရေးဟာ ရေမှ တစ်ပါး ဆေးမရှိပါဘူးလို့ အဲဒီအပူကို လျော့ချင်ပါတယ်ဆိုရင် မေးခွန်းတစ်ခု လှမ်းမေးကြည့်ချင်တယ်။

🔴ငယ်ငယ်က ငရုတ်သီးထောင်းလို့ မျက်စိထဲ ဝင်သွားရင် အမေ (သို့ ) အဒေါ်ရေ . . . သား/သမီး တော့ မျက်စိထဲ ငရုတ်သီးဝင်သွားပြီဆိုရင် အမေတို့၊ အဒေါ်တို့ ဘယ်ကို ရေလောင်းခိုင်းလဲ။ ခြေမကို ရေလောင်းခိုင်းတယ်။ သိပ်ကို အဓိပ္ပာယ်ရှိတယ်။ အပူရဲ့သဘာဝက လျှောက်သွားတယ်၊ စီးသွားတယ်၊ ဟတ်သွားတယ်။ ကိုယ့်မှာ အရိုးတွေ ရှိတယ်။ သွေးတွေ အသားတွေ ရှိတယ်။

🔴အရိုးတွေထဲ အပူလျှောက်လာမယ်။ သွေးတွေ သားတွေထဲ အပူစီးလာမယ်။ ဒါကြောင့်မို့ ခြေထောက်ကို ရေလောင်းလိုက်ရင် အပေါ်ကပူတာ သက်သာမယ်။ ဒါအပူတွေ အောက်ကို ဆင်းတာ။ မေးခွန်းလေးက မခံမရပ်နိုင်အောင် ပူနေတာဆိုတော့ အဲဒီအပူတွေ အောက်ကို တစ်ချက်လှည့်ပေးရမှာပေါ့နော်။

🔷ခေါင်းလျှော်နည်း————

🔹ရေချိုးတာနှင့် ခေါင်းလျှော်တာအပေါ်မှာ တစ်ခုသတိထားရပါမယ်။ ခေါင်းလျှော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနှင့်။ ရေချိုးပြီးမှ ခေါင်းလျှော်ပါ။ နောက်တစ်ခုက ရေချိုးခါနီးလေးမှာ ခြေဖဝါးကို ဆားပွတ်ပြီးမှ ရေချိုးပါလို့ ပြောချင်ပါတယ်။ ဆားက ဘာလဲဆို အပူစုပ်တယ်။အဲဒီဥပမာကို ယူသောအားဖြင့် ဆားနဲ့ ခြေဖဝါးကို ပွတ်ရင် အပူ ဘယ်ကိုလာစုလဲ။ အောက်ဘက်ခြေဖဝါးကို လာစုတာပေါ့။

🔹အခိုးတွေ အောက်ကို လှည့်သွားတာပေါ့။ရေကို တစ်နေ့ကို သာမန်ဖန်ခွက် ( ၅ ) ခွက်ကနေ ( ၇ )ခွက်လောက်ထိ သောက်မယ်။ ရေကို စနစ်တကျ ချိုးမယ်။ ရေကို ငုံမယ်ဆိုရင် အပူအကြောင်းခံပြီးဖြစ်နေတဲ့ရောဂါတွေ ပျောက်မှာပါလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်....
ကျန်းမာပျော်ရွှင်ကြပါစေ...
ပြန်လည်မျှဝေ.... ကုသိုလ်ယူနိုင်ပါတယ်....

#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

28/12/2025

ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း
သိကောင်းစရာ လေးများ

လူ့ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သား
နှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။ ဥပမာ
ခြေ နှင့် လက်တို့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို...
့ပြုလုပ်ချိန်မှာ သုံးနိုင်သည့်ကြွက်သားကို ထိန်းချုပ်နိုင်သောကြွက်သားဟု
ခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သော
ကြွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို့ခေါ်ပါတယ်။
ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်မှာ ကြွက်တက်ခြင်း(သို့မဟုတ်)
အကြောဆွဲခြင်းတို့ ဖြစ်လာရပါတယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု(သို
့မဟုတ်)ကြွက်သားအုပ်စုတစ်စုကို ရုတ်တ တရက် ကျုံ့သွားစေတာမျိုးပါ။

ကြွက်တက်တဲ့အခါ စက္ကန့်အနည်းငယ်(သို့မဟုတ်)မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း
ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊
သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည် ပတ်မှုနှေးကွေး သွားတာကြောင့်
ကြွက်တက်နိုင်သလို၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ ကိုယ်၀န်သက်တမ်း
ဒုတိယသုံးလပတ် ကာလအတွင်း ကိုယ်အလေးချိန်ပိုလာတာကြောင့် ခြေ နှင့်လက်တို့မှာ
ကြွက်တက်လေ့ရှိပါတယ်။ *ကြွက်တက်ရသော အကြောင်းရင်း…

* ရေဓာတ်အနည်းငယ်
ဆုံးရှုံးမှုနဲ့ အတူ ဆား (Na) ဓာတ် ဆုံးရှုံးမှုတွေရဲ့အကျိုးဆက်အဖြစ် ခြေသလုံး
ကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာ
လူအများစုခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ ပင်
ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ် နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ
ပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်း
သွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။

လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်း
အချိန်အကြာကြီးရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့မ
ဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ခြင်း၊
ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန့်ခြင်း၊ ခပ်ပြင်းပြင်း
လေ့ကျင့်ခဏ်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့်ကြွက်
တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်(သို့မဟုတ်)ပိုတက်စီယမ်(သို
့မဟုတ်)မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ အာရုံကြော(သို
့မဟုတ်)ကြွက်သားများဒဏ်ရာရခြင်း၊ ကြွက်သားများမှာ သွေးလည်ပတ်မှု အားနည်းခြင်း၊
ကျောက် ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ထို့ပြင် အယ်လဇိုင်းမား(ခေါ်)ဇရာ ကြိုရောဂါကု ဆေးဝါး၊
ခြေတုန်လက်တုန်(ခေါ်)ပါကင်န်ဆဲန်ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊
ကိုလက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသန္ဓေတားဆေး၊ steroids စတဲ့
ပဋိဇီဝဆေးများရဲ့ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

>
(၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တက်တဲ့ခြေထောက်ကို
အနားယူဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက
ဦးစွာထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့်ကွေးထားပေးပါ၊
ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက် ၏ ခြေချောင်းလေးများကို
လက်ဖြင့်ကိုင်၍ချိုးပေးပါ(ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သား
တင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်)

< နောက်တနည်း > မတ်တတ်ရပ်နေစဉ်
ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို
ဖြည်းဖြည်းခြင်းဆန့်တန်း၍ ထိုနံရံ ကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန့်၂၀
လောက် ကန်ထားခြင်းဖြင့် ကြွက် သားတွေ သူ့အလိုလိုပြန်ကျသွားပါလိမ့်မယ်။

(၂)
အကယ်၍ ခြေထောက်ကွေးထားစဉ်မှာ လက်ဝဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို့။
ဦးစွာ လက်ယာဖက်ခြေထောက်ကို ဆန့်တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်ဝဲဖက်ခြေထောက်ကို
ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်ထောက်၍
ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန် မကျမချင်း
ဤနည်းအတိုင်းလုပ်ပေးပါ။

(၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို
အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက်
ဖျော်ရည်တွေ သောက်သုံးပေးပါ။

(၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ
(သို့မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို
့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။

(၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ့
တန်ပြန်ဓာတ် သက်ရောက်မှု ကြောင့် ကြွက်သားတွေကို စက္ကန့်အနည်းငယ်အတွင်းမှာပင်
ပြေလျော့သွားစေပါတယ်။ *

(မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ် ခံခြင်းက
သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကို
ပိုမိုဆိုးရွားသွားစေနိုင်လို့ သတိပြုပါ)*

>

(၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန့်လက်ဆန်
့လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို့ဖြင့်
ကြွက်တက်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(၂) ဆိုဒီယမ်(ခေါ်)ဆားအငံဓာတ်
လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လဲ၊ အာရုံခံအင်္ဂါအဖွဲ့အစည်းများ
နှင့် ကြွက်သားများ ကောင်းစွာအလုပ်လုပ်စေနိုင်ဖို့ အတွက် သင့်တင့်သော
ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏကြွက်တတ်လေ့ရှိသူများ နှင့်
ချွေးထွက်သန် သူများအဖို့ ဥပမာ အငံဓာတ်ပါရှိသော မုန့်အငံစားပါ(သို
့မဟုတ်)သစ်သီးကို ဆားရည်အနည်းငယ်စိမ်၍ စားပါ။

(၃) the University of Maryland
Medical Center မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ
တစ်ဦးရဲ့ တစ်နေ့တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ်
ဖြစ်ပြီး၊ ထိုဓာတ်ချို့တဲ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို
့ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်၀တဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊
ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို
့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊
ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ရေငံငါး အမျိုးမျိုး၊ ၀က်သား၊
သိုးသား တို့စားပေးပါ။

(၄) the National Institutes of Health မှ
ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦး၏တစ်နေ့တာ
ကယ်လ်စီယမ် လိုအပ် ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့ တဲ့ပါက
ကြွက်သားများ ကျုံ့သွားစေနိုင်ပါတယ်တဲ့။ နွားနို့၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄
မီလီလီတာ ရရှိနိုင်မှာဖြစ်သလို၊ ကယ်လ်စီယမ်ဓာတ်ကြွယ်၀တဲ့ အရိုးပါဝါးစားလို
့ရတဲ့ ငါးသေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ စားပေးပါ။

(၅) အားနည်းခြင်း၊
ကြွက်တက်ခြင်း နှင့် ကြွက်သားများကျုံ့ခြင်းတို့ဟာ
မဂ္ဂနီစီယမ်ဓာတ်အားနည်းတဲ့ လက္ခဏာများဖြစ်ကြပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေ
မှာ မဂ္ဂနီစီယမ်ဓာတ်လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွယ်၀တဲ့
အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့်
ကညွတ် ဟင်းနုနယ်ရွက် ကိုက်လံတို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို
့စားပေးပါ။

(၆) ညဘက် ကြွက်တက် လေ့ရှိသူများအဖို့ quinine ဓာတ်ပါရှိသော
အားဖြည့်ရေကို သောက်ပါ (သို့မဟုတ်) quinine ဓာတ်ပါရှိသော Qualaquin
ဆေးကိုမှီဝဲပါ။

(၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာ
ကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို့ သတိပြုသင့်ပါ တယ်။

(၈) တစ်နေ့တာလုံးရေ
သောက်နဲခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ့ ဘက်မှာရေ
များများသောက်ပေးပါ။

(၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊
ညအိပ်ယာမ၀င်ခင် ခြေသလုံးကြွက်သား အကြောများကို
ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။

(၁၀) Primrose oil (ခေါ်)အဝါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို့၍
ကြွက်တက်ခြင်းအတွက် အသုံး၀င်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ် ထားတဲ့
အဝါရောင်ဆေး အဆီလုံး (Primrose oil) ကို ညအိပ်ယာမ၀င်ခင် သောက်ပါ။

Credit: Pauk Pauk
#ကျန်းမာရေးဗဟုသုတရကြပါစေ #ကျန်းမာရေးဗဟုသုများ

25/12/2025

ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာနဲ့ ထိပ်ပြောင်တာတွေက အခုခေတ်မှာ လူငယ်လူကြီးမရွေး ကြုံတွေ့နေရတဲ့ ပြဿနာတွေဖြစ်ပါတယ်။ သင့်ရဲ့ ဆံကေသာကို အမြစ်ကနေစပြီး ခိုင်မာလာစေဖို့နဲ့ ဆံပင်ဖြူတာတွေကို သက်သာစေဖို့အတွက် လိုက်နာသင့်တဲ့ အချက် (၁၀) ချက်ကို ဝေမျှပေးလိုက်ပါတယ်။
💡 ဆံကေသာ ကျန်းမာခိုင်ခံ့စေမယ့် နည်းလမ်းကောင်းများ
၁။ အာဟာရပြည့်ဝအောင်စားပါ - ဆံသားအတွက် အဓိကလိုအပ်တဲ့ Vitamin B12၊ သံဓာတ် (Iron)၊ ဇင့် (Zinc) နဲ့ ကြေးနီဓာတ် (Copper) ကြွယ်ဝတဲ့ အစားအစာတွေကို ဂရုစိုက်စားပေးပါ။
၂။ စိတ်ဖိစီးမှုလျှော့ချပါ - စိတ်ဖိစီးမှုဟာ ဆံပင်ဖြူခြင်းနဲ့ ဆံပင်ကျွတ်ခြင်းရဲ့ အဓိကတရားခံဖြစ်ပါတယ်။
၃။ အိပ်ရေးဝဝအိပ်ပါ - ခန္ဓာကိုယ်အနားရမှ ဆံပင်အမြစ်တွေကို သွေးလည်ပတ်မှု ကောင်းမွန်စေမှာပါ။
၄။ ဆံပင်ဖြူကို အတင်းမနှုတ်ပါနဲ့ - ဆံပင်ဖြူနှုတ်ခြင်းက မွေးညင်းပေါက်ကို ပျက်စီးစေပြီး အသစ်ထွက်လာတဲ့ဆံသားကို ပိုမိုအားနည်းစေပါတယ်။
၅။ ခေါင်းခဏခဏမလျှော်ပါနဲ့ - ခေါင်းခဏခဏလျှော်ခြင်းက ဦးရေပြားကို ခြောက်သွေ့စေပြီး အမြစ်ကို အားနည်းစေပါတယ်။
၆။ ရေနွေးနဲ့ ခေါင်းမလျှော်ပါနဲ့ - ရေနွေးက ဆံသားကို ကြမ်းတမ်းစေပြီး ဦးရေပြားရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။
၇။ ဓာတုဗေဒပစ္စည်း ပြင်းထန်တာတွေ ရှောင်ပါ - ခေါင်းလျှော်ရည် ရွေးချယ်တဲ့အခါမှာ နူးညံ့တာကို ဦးစားပေးပါ။
၈။ ဦးရေပြားကို နှိပ်နယ်ပေးပါ - သွေးလည်ပတ်မှုကောင်းစေဖို့ လက်ချောင်းလေးတွေနဲ့ ပုံမှန်နှိပ်နယ်ပေးသင့်ပါတယ်။
၉။ ဟော်မုန်းကို ထိန်းညှိပါ - အထူးသဖြင့် အမျိုးသားတွေမှာ DHT ဟော်မုန်းကြောင့် ဆံပင်ကျွတ်တတ်လို့ သတိထားဖို့ လိုပါတယ်။
၁၀။ အစိုဓာတ် ထိန်းသိမ်းပါ - ဦးရေပြား ယားယံတာနဲ့ ဗောက်ထတာတွေကို အချိန်မီ ကုသပါ။
ဆံပင်ကျန်းမာဖို့ဆိုတာ ပြင်ပကပြုစုရုံတင်မကဘဲ အတွင်းပိုင်း အာဟာရနဲ့ နေထိုင်မှုပုံစံကလည်း အင်မတန် အရေးကြီးပါတယ်။
#ဆံပင်ကျန်းမာရေး #ဆံပင်ကျွတ်ခြင်း #ကျန်းမာရေးဗဟုသုတ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

ရန်ကုန်
Yangon