Healthy Plates

Healthy Plates

Share

Healthy and delicious meal plan for u

17/04/2026

🌾❤️နှစ်သစ်ဆုတောင်း❤️🌾

မြန်မာ့နှစ်သစ်ကူးအခါသမယတွင်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း Healthy Plates မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ခင်ဗျာ

💌နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော Lifestyle တခုပိုင်ဆိုင်လိုပါက အစားအသောက်အတွက်ဆို Healthy Plates ကိုဆက်သွယ်ဖို့လိုမယ်နော်
☎️095419319
🏡အမှတ် (၃၁၉), (၃လွှာ) ,ကမ်းနားလမ်း နှင့် ဆင်မင်းလမ်း ထောင့် ( ကမ်းနားလမ်းမပေါ်) အလုံမြို့နယ်၊ ရန်ကုန်မြို့။(gold finger spa တိုက်၊ ဓာတ်လှေကားတွင် 3 ကိုနှိပ်ပါ)

29/03/2026

☀️အပူချိန်မြင့်တဲ့ ယခုလိုနွေရာသီမှာ ခန္ဓာကိုယ်က ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှု (dehydration) လွယ်ကူစွာ ဖြစ်‌ပေါ်တတ်ပါသည်။ ထို့ကြောင့် ရေသောက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။

🌡️အပူချိန်မြင့်ချိန်တွင် 🥤ရေသောက်ပေးပါက
၁။ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးသည်
အပူချိန်မြင့်လေလေ ချွေးထွက်လေလေ ဖြစ်ပြီး ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ electrolytes များ ဆုံးရှုံးသွားတတ်သည်။ ရေသောက်ခြင်းက ဒီဆုံးရှုံးမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်သည်။ချွေးအလွန်ထွက်ပါက electrolytes ဆုံးရှုံးမှုပိုများသဖြင့်ဓာတ်ဆားရည်သောက်ပေးသင့်သည်။
၂။ ကိုယ်အပူချိန်ကို ထိန်းညှိပေးသည်
ရေသည် ချွေးဖြင့် ကိုယ်အပူချိန်ကို လျော့ချစေပြီး heat exhaustion / heat stroke မဖြစ်စေရန် ကူညီပေးသည်။
၃။ ဦးနှောက်လုပ်ဆောင်မှုကို ထိန်းထားပေးသည်
ရေဓာတ်နည်းလာပါက ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း ဖြစ်နိုင်သည်။ ရေသောက်ခြင်းက ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေသည်။
၄။ သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်
ရေဓာတ်လုံလောက်မှုရှိပါက သွေးပမာဏ ထိန်းထားနိုင်ပြီး နှလုံးအလုပ်လုပ်ပုံကို ကောင်းမွန်စေသည်။
၅။ ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်ပေးသည်။

🤤Dehydration ဖြစ်နေသည်ဟု ပြသသည့် လက္ခဏာများ
ပါးစပ်ခြောက်ခြင်း
ခေါင်းကိုက်ခြင်း
ဆီးအရောင်မှောင်ခြင်း
မောပန်းနွမ်းနယ်ခြင်း
မူးဝေခြင်း
🥤အပူချိန်မြင့်ချိန်မှာ ရေသောက်ရန်
တစ်နေ့လျှင် ရေအနည်းဆုံး ၂.၅ – ၃ လီတာ သောက်ပါ
ချွေးထွက်များလျှင် ဓာတ်ဆား သို့မဟုတ် electrolyte ပါဝင်သော ရေသောက်ပါ
ကော်ဖီ၊ အရက်၊ soft drink များကို လျှော့ပါ (dehydration ပိုဖြစ်စေတတ်သည်)
အပြင်သွားချိန်တိုင်း ရေဘူး သယ်ဆောင်ပါ
ရေသောက်ခြင်းဟာ အပူချိန်မြင့်‌သည့်ရာသီတွင် heat stroke ကို ကာကွယ်ပေးနိုင်ပါသည်။

20/03/2026

📍Omega-3 fatty acids (အိုမီဂါ ၃ အက်ဆစ်များ) သည် ကိုယ်အလေးချိန်ထိန်းချုပ်ရာမှာ အရေးကြီး‌သောအခန်းကဏ္ဍမှပါဝင်ပါသည်။
📍Omega-3 သည်
၁။ အဆီလောင်ကျွမ်းမှုကို ကူညီခြင်း
Omega-3 သည် metabolism (ခန္ဓာကိုယ်အတွင်း စွမ်းအင်အသုံးချမှု) ကို မြှင့်တင်ပေးပြီး အဆီကိုစွမ်းအင်အဖြစ်ပြောင်းလဲသုံးစွဲရာမှာ ကူညီပေးပါသည်။
၂။ အစာစားချင်စိတ်ကို ထိန်းညှိပေးခြင်း
Omega-3 သည် appetite hormones (စားချင်စိတ်ကိုထိန်းချုပ်တဲ့ဟော်မုန်းများ) ကို ညှိပေးပြီး အလွန်အကျွံစားခြင်းကို လျော့ချပေးနိုင်ပါသည်။
၃။ အဆီစုဆောင်းမှု လျော့နည်းစေခြင်း
အထူးသဖြင့် ဝမ်းဗိုက်အဆီ (belly fat) စုဆောင်းမှုကို လျော့နည်းစေပါသည်။
၄။ အာရုံကြောနှင့် စိတ်ဖိစီးမှု လျော့ချခြင်း
Stress (စိတ်ဖိစီးမှု) ကြောင့် overeating ဖြစ်တတ်ပါတယ်။ Omega-3 သည် စိတ်ဖိစီးမှုကို လျော့ချပေးပြီး emotional eating ကို ထိန်းနိုင်ပါသည်။
၅။ အဆီမဟုတ်တဲ့ ကြွက်သားတည်ဆောက်မှုကို ကူညီခြင်း
Exercise (လေ့ကျင့်ခန်း) နဲ့ ပေါင်းစပ်လျှင် Omega-3 သည် muscle recovery ကိုကူညီပြီး lean body mass ကို ထိန်းသိမ်းနိုင်ပါသည်။
📍Omega-3 ပါဝင်သော အစားအစာများ
🐬ငါးများ (ဆာလ်မွန်၊ မက်ကရယ်၊ ဆာဒင်း)
🫘ချီယာစေ့ (chia seeds)
🫘ဖလက်စီစေ့ (flaxseeds)
🥜ဝေါလ်နတ် (walnuts)

⛔Supplement သောက်မယ်ဆိုရင် အရမ်းမများအောင် သတိထားသင့်ပါသည်။

16/03/2026

ဒီလိုလေးတွေစားပြီး weight control လုပ်ကြည့်ရအောင်❤️
💌Healthy meal လေးတွေစားရင်း ကျန်းမာလှပသော ကိုယ်ခန္ဓာများပိုင်ဆိုင်ဖို့ Healthy Plates ကိုသတိရလိုက်နော်
👍Healthy Plates မှာ မြန်မာငွေ ၁၂၀၀၀၀ မှစ၍ ၆ရက်၊၁၂ရက်၊၂၄ရက် စသည်ဖြင့် ရွေးချယ်စရာ package များစုံစုံလင်လင်ရှိပါသဖြင့် အသေးစိတ်သိလိုပါက 📞095419319

14/03/2026

🖊️အစာဆိုတာ စားတတ်ရင်ဆေး မစားတတ်ရင်ဘေး ဖြစ်နိုင်ပါတယ်
⛔ကျန်းမာရေးနှင့်မညီညွတ်သော အစာတွေနေ့စဉ်စားရာမှ ဆီးချို၊သွေးတိုး၊ကင်ဆာ စသည့်ရောဂါများကိုဖိတ်ခေါ်မှန်းမသိဖိတ်ခေါ်မိတတ်ကြပါသည်။
📍ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်ရန် မိမိကိုယ်တိုင်စီမံဖို့မအားလတ်ပါက Healthy Plates ကိုဆက်သွယ်ကြည့်လိုက်ပါ ခင်ဗျာ❤️ Weight control လည်းဖြစ်‌စေမည့် Healthy Balanced Diet meal box များကိုနေ့စဉ် စီမံပေးမည်ဖြစ်လို့ အစာနှင့်ပတ်သက်ပြီးခေါင်းရှုပ်စရာမလိုတော့ဘူးနော်

☎️095419319
🏡အမှတ် (၃၁၉), (၃လွှာ) ,ကမ်းနားလမ်း နှင့် ဆင်မင်းလမ်း ထောင့် ( ကမ်းနားလမ်းမပေါ်) အလုံမြို့နယ်၊ ရန်ကုန်မြို့။(gold finger spa တိုက်၊ ဓာတ်လှေကားတွင် 3 ကိုနှိပ်ပါ)

Photos from Healthy Plates 's post 05/03/2026

Weight control လုပ်ဖို့အရသာမရှိတာတွေစားနေတုန်းလား??
အရောင်အနံ့အရသာ ပြည့်စုံပြီး healthy balanced meal box လေးတွေနဲ့ weight control လုပ်ကြည့်ချင်တယ်ဆို Healthy Plates ကိုဆက်သွယ်လိုက်တော့နော် 📞
Customer များထံပို့ဆောင်ပေးနေသော meal box ပုံများဖြစ်ပါတယ်ခင်ဗျာ
☎️095419319
🏡No.319, corner of kannar road & sinmin street, Ahlone township,Yangon.

22/02/2026

📍Weight ချရာတွင်များသောအားဖြင့် ညစာမစားခြင်း / ညစာလျော့စားခြင်း စသည်တို့ကို အဓိကထားပြုလုပ်တတ်ကြသည်။ဒီနေ့ပြောပြပေးခြင်းတာလေးက ညစာစားခြင်း/မစားခြင်းနှင့် weight ချရာတွင်ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတဲ့ pros & cons of eating or not eating dinner in weight loss journey လေးပြောပြပေးပါမယ်
🔑ညစာစားခြင်း၏ အားသာချက်များ
1. ညသန်းခေါင် ဗိုက်ဆာခြင်း မဖြစ်စေခြင်း
ညစာကို သင့်တော်စွာစားပါက ညဘက်တွင် အလွန်ဗိုက်ဆာပြီး junk food မစားဖြစ်တော့ပါ။
2. Metabolism ကိုထိန်းညှိပေးခြင်း
Protein + Fiber ပါဝင်သော ညစာသည် ခန္ဓာကိုယ်၏ ပုံမှန်ဇီဝလုပ်ငန်းစဉ်ကို တည်ငြိမ်စေသည်။
3. ကြွက်သားထိန်းသိမ်းရာတွင် အထောက်အကူပြုခြင်း
Gym လုပ်သူများအတွက် protein ပါသော ညစာသည် muscle recovery ကိုကူညီပေးသည်။
4. အိပ်ရေးဝခြင်းအတွက် အထောက်အကူပြုခြင်း
ဗိုက်ဆာလျှင် အိပ်မပျော်နိုင်ဖြစ်တတ်သော်လည်း အနည်းငယ်စားပါက အိပ်ရေးဝစေသည်။
👉 အဓိကအချက်က– portion control နှင့် healthy food ရွေးချယ်မှု အရေးကြီးပါသည်။
🔑ညစာစားခြင်း၏ အားနည်းချက်များ
1. ကယ်လိုရီပိုဝင်နိုင်ခြင်း
ညဘက်တွင် activity နည်းသောကြောင့် အများကြီးစားပါက အဆီစုခြင်းကို ဖြစ်စေနိုင်သည်။
2. အစာမကြေခြင်း / bloating ဖြစ်နိုင်ခြင်း
အဆီများ၊ အကြော်များစားပါက အစာမကြေခြင်းနှင့် အိပ်ရေးပျက်‌စေနိုင်သည်။

🔑ညစာမစားခြင်း၏ အားသာချက်များ
1. ကယ်လိုရီလျှော့ချနိုင်ခြင်း
ညစာမစားပါက daily calorie deficit ဖြစ်ပြီး weight loss အတွက် အထောက်အကူဖြစ်နိုင်သည်။
2. Fat burning တိုးနိုင်ခြင်း
Intermittent fasting ပုံစံဖြင့် ညစာမစားပါက fat utilization တိုးနိုင်ပြီး အဆီစုမှုလျော့ချနိုင်သည်။
3. အစာကြေချိန်ပိုရခြင်း
အိပ်ချိန်တွင် digestion burden နည်းပြီး အချို့သူများအတွက် အိပ်ရေးကောင်းစေသည်။
🔑ညစာမစားခြင်း၏ အားနည်းချက်များ
1. အလွန်ဗိုက်ဆာပြီး binge eating ဖြစ်နိုင်ခြင်း
မနက် သို့မဟုတ် နေ့လယ်တွင် အလွန်အကျွံစားခြင်း ဖြစ်နိုင်သည်။
2. Muscle loss ဖြစ်နိုင်ခြင်း
Protein intake မလုံလောက်ပါက weight loss နှင့်အတူ muscle loss ဖြစ်နိုင်သည်။
3. အားနည်းခြင်း / energy ကျခြင်း
အထူးသဖြင့် gym လုပ်သူများ၊ physical work လုပ်သူများအတွက် energy မလုံလောက်ခြင်းဖြစ်နိုင်သည်။
4. Hormone imbalance (အချို့သူများတွင်)
အချို့အမျိုးသမီးများတွင် ညစာမစားခြင်းကြောင့် hormone imbalance ဖြစ်နိုင်သည်။
📍Weight loss အတွက်
✔ ညစာစားမယ်ဆို → Low calorie + High protein + Fiber (ဥပမာ - grilled chicken, salad, soup)
✔ ညစာမစားဘူးဆို → နေ့လယ်တွင် nutrition ပြည့်ဝစေရန် သေချာစားပါ

Weight loss အတွက် အဓိကက Total calorie intake + food quality + consistency အရေးကြီးပါသည်။
Healthy balanced ဖြစ်မဲ့ dinner လေးများရွေးချယ်စားသုံးပြီး weight loss journey လေးကိုအဆင်ပြေစွာဖြတ်သန်းနိုင်ပါသည်။

Photos from Healthy Plates 's post 21/02/2026

တပတ်စာပို့ပေးထားသော lunch + detox menu လေးများပါခင်ဗျာ
🥗
Healthy balanced diet ဖြစ်တဲ့ meal box များကို ဆရာဝန်များကိုယ်တိုင် ဦးစီး ထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာမှာယူစားသုံးနိုင်ပါသည်။
မှာယူလိုပါက
☎️ 095419319
🏡 No.319,corner of kannar road and sinmin street,Ahlone township,Yangon.

19/02/2026

🧋Soft Drinks များမသောက်ခြင်းဖြင့် healthy lifestyle များရရှိကြစို့
🔑အချိုရည်များရှောင်ခြင်းဖြင့်
1️⃣ကိုယ်အလေးချိန် ထိန်း / လျှော့နိုင်
Soft drinks တွင် သကြားများများပါသည့်အတွက် calorie ပါဝင်မှုမြင့်ပါတယ်။
Soft drinks များရှောင်ခြင်းဖြင့် calorie intake လျော့ချပြီး ခန္ဓာကိုယ်အတွင်းအဆီစုမှုကို လျော့ချနိုင်ပါတယ်။
2️⃣ဆီးချို (Diabetes) ဖြစ်‌မှုလျော့နိုင်
အချိုရည်များသောက်ရင် blood sugar level အတက်မြန်ပါတယ်။
အချိုရည်မသောက်ခြင်းဖြင့် insulin resistance လျော့ပြီး ဆီးချိုရောဂါဖြစ်နှုန်း လျော့စေပါတယ်။
3️⃣အစာစားချင်စိတ် လျော့ချနိုင်
အချိုရည်များသည် သကြားဓာတ်မြင့်စေပြီး hunger(အစာစားခြင်စိတ်)ကိုပိုမိုဖြစ်စေပါတယ်။
အချိုရည်များဖြတ်ခြင်းဖြင့် အစာစားလိုစိတ် လျော့‌စေပြီး diet control ပိုလွယ်စေပါတယ်။
4️⃣အရေပြားကျန်းမာရေး အတွက်အထောက်အကူပြုနိုင်
Sugar များလွန်းခြင်းက
👉 ဝက်ခြံ
👉 Skin aging
ဖြစ်စေတတ်ပါတယ်။
🍋‍🟩Soft Drinks အစား
🥤 ရေ (water)
🍋 သံပုရာရည်
🥥 အုန်းရည်
🍓 သဘာဝအသီးဖြင့်ပြုလုပ်သော အရည်
များသောက်ခြင်းဖြင့် soft drinks များ cut off လုပ်နိုင်ပြီး healthy lifestyle များရရှိနိုင်ပါသည်။

Photos from Healthy Plates 's post 10/02/2026

The Hulk Gym (၃)နှစ်ပြည့်အထိမ်းအမှတ်‌လေး တွင် လူ (၅၀) စာ Sample healthy meal box ကျွေးသည့် အစီအစဉ်လေးအတွက်ပြင်ဆင်ပေးခဲ့ပုံလေးများပါခင်ဗျာ
Healthy meal box များမှာယူလိုပါက👉
☎️095419319
🏡အမှတ် (၃၁၉), (၃လွှာ) ,ကမ်းနားလမ်း နှင့် ဆင်မင်းလမ်း ထောင့် ( ကမ်းနားလမ်းမပေါ်) အလုံမြို့နယ်၊ ရန်ကုန်မြို့။(gold finger spa တိုက်၊ ဓာတ်လှေကားတွင် 3 ကိုနှိပ်ပါ)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Ahlone
Yangon