Kayy
Personal blog
13/08/2023
ဘာမှမတင် ဘာမှမလုပ်ဖြစ်ပေမယ့် unlikeမလုပ်ကြလို့ ကျေးဇူးပါရှင်🥺🖤
I have reached 200 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
10/06/2023
Hi 🤚🤚
Long time no see guys✨✨✨
28/10/2021
Hello....kayyပါ🤗🥺
အကြာကြီးပျောက်သွားပြီးမှပြန်ပေါ်လာရတာsorryပါချင့်😚😚😚
Kayy ဒီ၃လလောက်အတွင်းမှာ ဝိတ်ခိုးချနေလို့ပါ ဟီး😁
Kayyက covidကာလထဲချတာမို့ ဆေးသောက်ခဲ့ပါတယ်...
Kayyသောက်တဲ့ဆေးလေးက Hope Slimming Capsule 👈 ဒါလေးပါ
❌နှလုံးရောဂါတို့ အစာအိမ်ရောဂါတို့လို ရောဂါကြီးတွေရှိရင်တော့မသောက်ပါနဲ့နော်❌
Kayyကတော့ 7လပိုင်းမှာစသောက်တယ်...သောက်ပြီး၅ရက်လောက်မှာcovidလက္ခဏာတွေစလာတော့ဆေးကိုနားခဲ့ပါတယ်....နေကောင်းသွားပြီးဆက်တိုက်နားခဲ့ပြီး 8လပိုင်း10ရက်နေ့လောက်မှပြန်စသောက်ခဲ့တာပါ...kayyရဲ့စစသောက်တုံးကပေါင်ချိန်က 210lbပါ😁
အခုဆေး2လသောက်ပြီး နောက်ဆုံးပေါင်ချိန်က180ေကျာ်ပါ🤗🤗
Kayyကတော့ထိန်းထားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်😁ဆက်မကျချင်တော့လို့ပါ🖤🖤
တကယ်ပြောချင်တာကအခုမှလာပါမယ်😁
မလှလို့ဝိတ်ချတာလားဆို no noမဟုတ်ဘူး.....
လူတွေရဲ့အတင်းဆွဲတိုင်းနေတဲ့ ပေတံနဲ့ အမြင်တွေကို ချဲ့ပေးချင်လို့ နည်းနည်း ဝိတ်ပြောင်းပေးကြည့်တာ😚😚
ပေါင်200ကျော်နေတုံးကလဲ ငါလှတယ်လို့တွေးပြီးနေခဲ့သလို အခုပေါင်20လောက်ကျပြီးသွားလည်း အဲ့အတိုင်းပဲ😝😝ပိုလှလာတယ်လို့တောင်တွေးပြီး ကွန်ဖီးဒန့်လယ်ဗယ်စိုးဟိုက် ဖြစ်လာသေးတယ်😂😂
ဇွတ်ပိန်ဖို့တော့မချဘူး😁😁
မယုံရင် ပြောင်းလဲကြည့် ကိုယ့်ပြောင်းလဲမှုထက် အနားကလူတွေရဲ့ပြောင်းလဲမှုတွေ ပိုမြင်ရလိမ့်မယ်....သူတို့ပြောင်းလဲလာတာမြင်ရင် တော့ ကိုယ်ပြောင်းလဲသွားတာသေချာလို့သာမှတ်နော်😂😂
တချို့ တချို့တွေက ဒီဖက်တီးမ/ဒီငပိန်မ ဆိုပြီးလှောင်ဖို့...သူကဘယ်လိုဆိုပြီးလှောင်ဖို့ ကိုယ့်အနားရှိနေကြတာမျိုး
သူတို့ရဲ့အခြားအခြားသော လူတွေမအားမှ ကိုယ့်ဆီရောက်လာတာမျိုးတွေ အနားမှာအများကြီးရှိနေမှန်းအဲ့အချိန်က သိသာတဲ့အချိန်ပဲ💛
🌻🌻🌻
ပုံလေးတွေကတော့Kayyရဲ့ ဆေးမသောက်ခင်ကနေ အခုလက်ရှိေဆးရပ်ထားတဲ့အချိန်ထိရိုက်ထားဖြစ်တဲ့ပုံလေးတွေပါနော်😚😚
🌻🖤
*t
🖤
19/01/2021
❗️❗️❗️
မိန်းကလေးတွေနဲ့သက်ဆိုင်တဲ့အကြောင်းအရာမို့ကျန်းမာရေးရှုထောင့်ကနေဖတ်ရှုပေးကြပါရှင့်🤗
Hello~~ဒီနေ့တော့ kayyက အကြောင်းအရာလေးတစ်ခုကိုမျှဝေရင်းပြောပြချင်လို့ပါရှင့်. . .
အဲ့ဒါကတော့. .
: Fear of Menstruation/blood
လို့ခေါ်တဲ့ Kayy တို့လစဥ်ကြုံတွေ့နေရတဲ့ Monthly period(Menstruation)ဖြစ်တာ/Menstruation blood(ရာသီသွေး)ကိုကြောက်ရွံ့စိတ် ဖြစ်နေတတ်တဲ့အကြောင်းလေးပါရှင်.. . . .
ဒါလေးကိုကြည့်လိုက်ရင်တော့ over 80% သောအမျိုးသမီးတွေက "ဒီလိုဖြစ်တတ်လို့လား" "ဘာလို့ဖြစ်ရမှာလဲ" ဆိုတဲ့အတွေးတွေတွေးနေမှာပါ. . .
But ကျန်တဲ့20% မှာပါနေတဲ့ Kayyလို အမျိုးသမီးတွေကတော့ ရင်းရင်းနှီးနှီးသိနေကြမှာပါ. . .
Kayy တို့က Menstruation ဆိုတာ ကြောက်စရာမလိုတဲ့အရာဆိုတာသိနေပြီးသားပါ. . . ဒါဆိုဘာလို့ကြောက်လဲ?????
First experience အပေါ်မူတည်ပြီး ကွဲပြားခြားနားသွားတာပါ. .
Kayyတို့ရဲ့first time မှာ good or bad experienceရှိခဲ့တာပေါ်မူတည်ပြီး ရှိတာနဲ့ မရှိတာ ကွာသွားခဲ့တာပါ. .
Kayy အကြောင်းလေးနဲ့ပဲဥပမာပေးပါမယ်. .🤗
Kayy ရဲ့ first time က grade-5 တက်ခါနီး ကျူရှင်မှာပါ. .အဲ့နေ့က ဂါဝန်လေးဝတ်ထားမိတော့ ဘယ်လိုမှဖုံးထားလို့ အခြေအနေတစ်ခုကို ကြုံခဲ့ရတယ်. . ရပ်ကွက်ထဲက ကျူရှင်လဲဖြစ် ဆရာမတွေ များတဲ့အတွက်တော့ တော်သေးပေမယ့် Kayy အတွက်ကတော့ တအားလန့်ပြီး ရှက်ခဲ့ရတယ်. အဲ့လိုအခြေအနေအတိုင်းတစ်ယောက်ထဲအိမ်ပြန်ခဲ့ရတာကပိုဆိုးသွားခဲ့တာ. . နောက်နေ့ ကျူရှင်သွားရမှာတောင် စိတ်မပါတဲ့ထိဖြစ်ခဲ့ဖူးတယ်. . .
Kayy အသက်ကြီးလာတဲ့အထိ ဒီလိုphobia တစ်ခုလိုဖြစ်သွားမယ်မထင်ခဲ့မိဘူး. . .
Kayy ရဲ့ typeက ပါ. . . .
Kayy မှတ်မိသလောက် first time ကစပြီးperiod ချိန်တိုင်း psycho တစ်ခုလိုပဲ ဖြစ်နေခဲ့တာ. . blood ကိုမမြင်ချင် မကြည့်ချင်ဘူး. . . စွန်းထင်းသွားမှာစိုးတယ်. . . ထိုင်ဖို့တောင်ခက်တဲ့အထိပဲ. .
ပြီးတော့ night use အရှည်ကြီးတွေကို daytime မှာသုံးတာမျိုး. . day use ပဲရှိခဲ့ရင် ၂ခုထပ်သုံးတာမျိုးက အခုထိ ပြင်လို့မရတော့တဲ့psychoတစ်ခုဖြစ်နေဆဲပဲ. . .
ညအိပ်ပြီး မနက်မှာ Menstruation လာတာသိရင်လည်း bedsheet မှာစွန်းမှာစိုးရိမ်စိတ်နဲ့အသည်းအသန်ဖြစ်တယ်. .ချက်ချင်းဆပ်ပြာနဲ့စိမ်ပစ်. . ရေချက်ချင်းထချိုးပစ်တာမျိုးတွေလုပ်မိ အိမ်ကလူမြင်မှာတောင်တအားစိုးရိမ်တဲ့စိတ်တွေဖြစ်မှ Kayy ကိုယ်တိုင်သတိထားမိပြီး Google မှာရှာကြည့်မိလို့ အကြောင်းသိခဲ့ရတယ်. . .
Kayyရဲ့page followerလေးတွေကို sharing လုပ်ပေးချင်လို့ kayy သိသလောက် shareလိုက်ရပါတယ်ရှင့်. . .
Kayyရဲ့စာအရှည်ကြီးကို အဆုံးထိဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်. . .Experience လေးတွေကိုလည်း Cmt မှာsharingလုပ်ခဲ့ကြပါဦးလို့😘😘😘ချစ်တယ်🧡
🤎🤎🤎🤎🤎
31/12/2020
#2021မှာပျော်ရွှင်နိုင်ပါစေချစ်သောတို့ရေ😘😗
မနာလိုခြင်း ရန်လိုခြင်း အထင်လွဲခြင်း အထင်သေးခံရခြင်း များမှကင်းဝေးပြီး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့နေနိုင်ကြပါစေရှင်🤗
🤎🤎🤎
25/12/2020
Merry Christmas ပါချစ်သောတို့ရေ❤️❤️
ပူပန်စရာတွေတအားများလာတဲ့အခါ မျက်စိစုံမှိတ် အစွမ်းကုန်ပြုံးပြီးဓာတ်ပုံရိုက်ကြည့်နော်. . .ပြန်ကြည့်မိတဲ့ခဏတော့အပြင်မှာပါပြုံးမိသွားတာပေါ့😗😗
🤎🤎🤎
23/12/2020
ဟိတ်ယူတို့💕💕
ရာသီဥတုကဒီရက်ပိုင်းအေးတယ်နော်🥶
ရေဓာတ်ဖြည့်ဖို့မေ့နေကြပြီလား??
မျက်နှာသစ်ပြီးတိုင်း ရေဓာတ်ပြန်ဖြည့်ဖို့မေ့နဲ့နော်. Moisturizer လေးတော့အတတ်နိုင်ဆုံးလိမ်း . Lip balmလေးတွေဆိုးဖို့လည်းမေ့နဲ့နော်🤗🤗🤗
🤎🤎🤎
18/12/2020
ကျွန်မတို့အားလုံးအချစ်ခံဖို့ထိုက်တန်ပါတယ်✨✨✨
ပိန်နေလို့ ဝနေလို့ မလှလို့ အသားအရည်မကောင်းလို့ ဟိုဟာမလုပ်နိုင်လို့ ဒါမဖြစ်နိုင်လို့etc. . . . ဆိုပြီးကိုယ့်ကိုကိုယ် မလုံခြုံတဲ့စိတ်. . သူများတွေအမြင်ကိုတအားဂရုစိုက်တတ်တဲ့စိတ်တွေကြောင့် ကျွန်မတို့ မပျော်ရဘူး. . အပေါ်ယံတွေဦးစားပေးတတ်တဲ့လူတွေအနားနေမိလို့ ကျွန်မတို့စိတ်မလုံခြုံတာတွေပိုဆိုးလာရတယ်. . . လူတစ်ယောက်ကိုချစ်ဖို့တောင်ခက်ခဲလာရတာမျိုး. .
ကိုယ့်ရဲ့အပေါ်ယံအပြစ်အနာအဆာတွေကိုဖော်ထုတ်ပြီးစိတ်ညစ်အောင်လုပ်နေမယ့်လူတွေထက် အတွင်းစိတ်ကိုကြည့်ပြီး မေတ္တာအမှန်နဲ့ဆက်ဆံတဲ့သူတွေအနားမှာနေဖို့ ကျွန်မတို့ရွေးချယ်လို့ရတယ်. . .
ကျွန်မတို့ရဲ့ စိတ်ထား အရည်အချင်း စိတ်ဓာတ်အဆင့်အတန်းသာမြင့်နေဖို့လိုတာပါ. . အပေါ်ယံအရေပြားတထောက်စာကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးတွေကိုမှေးမှိန်ခိုင်းဖို့မလိုပါဘူး. . ကိုယ်ဟာကိုယ်ပဲဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး နေဖို့ထိုက်တန်ပါတယ်. .
ကျွန်မတို့ရဲ့ အရည်အသွေးတွေကိုမြင်နိုင်တဲ့ တန်ဖိုးထားတတ်တဲ့လူတွေရဲ့ချစ်ခြင်းမေတ္တာကိုလက်ခံဖို့လည်းထိုက်တန်ပါတယ်🤍🤍
🤎🤎🤎
Click here to claim your Sponsored Listing.