Zin's Travel Tales

Zin's Travel Tales

Share

Wonder with Zin ���

21/03/2026

Life က တခါတလေ complicated ဖြစ်တယ်… ✨🍀💢⚡

ဒါပေမယ့် coffee + cake ရှိရင်တော့
everything feels a little better ☕🍰

Agree? 🤭

I think I’m making something soon… 👀

Photos from Zin's Travel Tales's post 20/03/2026

Something sweet is coming… ☕🤎

ဒီရက်ပိုင်း မင်မင် တစ်ခုခုကို အရမ်းစိတ်ဝင်စားပြီး ကိုယ်တိုင်လက်တွေ့လုပ်ကြည့်နေတယ် 🍰✨

Coffee lover တွေအတွက် especially… 👀

Guess what it is? 🤭

Photos from Zin's Travel Tales's post 14/03/2026

ဒီနေ့က မင်မင်ရဲ့ အချိုမြိန်ဆုံး Journey အသစ်လေး စတင်တဲ့နေ့တနေ့ ဆိုရင်လည်း မမှားဘူးနော်🍰🍰🍰🍰🍰

Tiramisu Cake Training ကို အောင်မြင်စွာပြီးဆုံးပြီး Certificate လည်း ရခဲ့တယ်။
✨✨✨✨✨

Skill အသစ်တွေ သင်ခဲ့ရတာ အရမ်းပျော်ပြီး နောက်ထပ် အရမ်းအရသာရှိတဲ့ cake တွေ လုပ်နိုင်ဖို့ ကြိုစားဦးမယ်။
❤️❤️❤️❤️❤️❤️

Photos from Zin's Travel Tales's post 13/03/2026

မင်မင့်ရဲ့သူငယ်ချင်းတို့ Morning ပါ။
မင်မင်ကတော့ စောစောစီးစီး
အလုပ်တွေ ကြိုးစားနေပါပြီ ။

Novotel Yangon Maxမှာ မင်မင်ရဲ့သူငယ်ချင်းနဲ့ ညီမလေးရဲ့ Pop up shopလေးတွေရှိပါတယ်နော်။

အနီးအနားမှာရှိရင် လာဝင်ကြည့်ပါဦးနော်။

ချည်သားအဝတ်အထည်ကောင်းလေးတွေနဲ့ Accessories လေးတွေကို ကိုယ်တိုင် စိတ်ကြိုက်ရွေးဝယ်ယူလို့ရပါတယ်ရှင် ❤️❤️❤️❤️❤️❤️

12/03/2026

နွေနေပူလာပြီဆို
သံပုရာရည်အေးအေးလေးတခွက်
မင်မင်တော့ ဆောင်ထားရပါပြီ ❤️❤️❤️

မင်မင့်သူငယ်ချင်းလေးတို့လဲ ကျန်းမာရေး ဂရုစိုက်ကြနော် 🍀🍀🍀🍀🍀🍀🍀

11/03/2026

BKK က 60bတန် ကွေ့တီယိုလေး လွမ်းလိုက်တာ ❤️❤️❤️

ကြက်သားသီးသန့်ပဲရတဲ့ဆိုင်လေး ✨✨✨

ဆိုင်ရှင်ပြောတဲ့ "60bနဲ့အဝစား" ဆိုတဲ့အတိုင်း breakfast အတွက်သူတမျိုးတည်းနဲ့တင် မနက်ခင်းတပိုင်းကတော့ လုံလောက်တယ် 😍😍😍😍😍

09/03/2026

မင်မင်တယောက် အိမ်မှာနားရင်း
ဝိတ်ချမယ့်Planကလဲ တရက်Dietလုပ်
တရက်စားသောက်နဲ့ ဟုတ်နေပြီ 😁😁😁

Photos from Zin's Travel Tales's post 03/03/2026

အပိုင်း ၄

🏔️တောင်တက်လမ်းနဲ့ပင်လယ်🌊

🚩အပိုင်း ၃ မှာ တောင်တက်လမ်းအစ ဂိတ်စခန်းလေးမှာ ခဏရပ်ပြီး စစ်ဆေးတော့ ဒီအချိန်ကြီး တောင်တက်လမ်းကို မိန်းကလေးတွေချည်းပဲမို့လို့ အံ့ဩနေကြတယ်။ တောင်စတက်ပါပြီ။ ‌မောင်းတဲ့သူကလဲဂရုစိုက်မောင်း ဘေးကနေလဲသူငယ်ချင်းက Mapကြည့်ပေးရင်း ဂရုစိုက်မောင်းဖို့ သတိကိုတချိန်လုံးပေး။ နောက်ခန်းက ညီမလေးကလဲ လမ်းကိုကြည့်ရင်း ဘယ်ကွေ့ ညာကွေ့ ဘယ်ချိုး ညာချိုးတဲ့ လိုက်ကြည့်ပေးနေတာ။ မင်မင်ကတော့ ပြောင်းဖူးပေါက်ပေါက်ဗူးကို ရင်မှာပိုက်ရင်း ဘာသံမှ မထွက်ရဲဘူး။ အသံမထွက်ဘူးဆိုတာ ကြောက်လို့တော့မဟုတ်ဘူး။ မင်မင်ဘာပြောပြော စခွီထစရာတွေချည်းပဲဖြစ်နေလို့ ။
ကားမောင်းတဲ့မင်မင့်သူငယ်ချင်းက အရယ်လွန်ပြီး တောင်ပေါ်လမ်းမှာ lever အရှိန်တင်လိုက်မှာစိုးလို့ ထိန်းနေရတာ။

👩‍❤️‍👨တောင်တက်လမ်းမှာ တယောက်လက် တယောက်တွဲလို့ လသာနေကြတဲ့အတွဲလေးတတွဲရယ် ၊ ဘီးလေးပေါ်တက် ခါးလေးကိုဖက်လို့ ‌တောကြီးမျက်မဲထဲ ချစ်နေကြတဲ့အတွဲလေးလဲမြင်ခဲ့ရသေး။

⛱️တောင်ဆင်းတောင်တက် လမ်းကွေ့လမ်းချိုးတွေပြီးတော့ မီးရောင်ပြပြလေးတွေနဲ့ မင်မင်တို့ရဲ့ငွေဆောင်ကိုရောက်ရှိလာခဲ့ပါပြီ။ ကားမောင်းရင် ဘေးဘီမကြည့်တတ်တဲ့မင်မင်တို့တသိုက် ငွေဆောင်ဈေးထဲရောက်သွားလို့ ကားပြန်လှည့် Hotelဆီရောက် အောင်မောင်းလာခဲ့ရပါသေးတယ်။
Hotelဆီရောက် အခန်းယူ ပင်လယ်ဘက်ကိုလမ်းလျှောက်ရင်း ပင်လယ်လှိုင်းသံနားထောင်ပြီး တနေ့လုံးရဲ့အမောတွေပြေလျှော့ရပြန်တယ်။

✨မင်မင်တို့ထက်စောပြီး Hotelရောက်နေတဲ့ ငွေဆောင်ချက်ပို့ချိုင့်လေးကလဲ အဆင်သင့်လေး ။ ရေတောင်မချိုးနိုင်ပါဘူး။ အရင်ဆုံး ဝါးတီးဆွဲ။ ပြီးတော့မှ အနားယူဖို့တွေပြင်ဆင်ရင်း လမ်းမှာဖြစ်ပျက်သမျှကို စမြုံ့ပြန်ကြတာပေါ့။
မအိပ်ခင်လေး နောက်ရက်ဝတ်ဖို့အဝတ်တွေရွေးရင်း ဖလှယ်ကြရင်း ပြင်ရင်းဆင်ရင်းနဲ့ပဲ စခွီထကြတာအတောမသတ်နိုင်တော့ဘူး။
တညအိပ်ခရီးလေးဖြစ်လို့ မင်မင်ကတော့ နောက်ကျတဲ့အထိတော်တော်နဲ့မအိပ်ဖြစ်ပါဘူး။

🥰 အခြားသူတွေအတွက် မထူးခြားနားတဲ့ခရီးတခုဖြစ်နိုင်ပေမယ့် မင်မင်တို့လို အိမ်ကစိတ်မချတတ်တာ စိုးရိမ်ပူပန်တတ်မှုတွေအောက်မှာ နေရတဲ့သူတွေအတွက်တော့
ဒီခရီစဉ်လေးက We can do it!!! ပါပဲ 💪 💪💪

🍀နောက်ထပ် မင်မင်ရဲ့Postလေးတွေကိုလည်း ဆက်ကြည့်ပေးပါဦးနော် ❤️❤️❤️

03/03/2026

အပိုင်း ၃

🫠ကားတံခါးသံနဲ့ မြို့အဝင်ည

⚡ အပိုင်း ၂ကို ပြန်ပြောရရင် ကားကကောင်းသွားပြီး။ ဝပ်ရှော့ဆရာကြီးကလဲပြန်ပြီ။
ခရီးစဉ်စဖို့ ကားစထွက်မယ်ဆိုရော Fuel Boxမှာ ဆီတတုံးမှမရှိနေတော့ဘူး empty ကြီးဖြစ်နေတာပေါ့။ မင်မင်တို့(၄)ယောက်သား လန့်ပြီးအော်တာပေါ့ ထုံးစံအတိုင်းတယောက်တပေါက်နဲ့ ဆောက်တည်ရာမရနေတော့ဘူး။ လမ်းကလဲပြင်နေတဲ့အချိန်မြေသားလမ်းပေါ်မှာ ကားကိုဆက်ရပ်ထားရမလိုတွေဖြစ်ရော။ ဝပ်ရှော့ဆရာဆီဖုန်းထပ်ဆက် ဆီမကျန်တော့ဘူးပေါ့ ဘာဆက်လုပ်ရမလဲပေါ့။ ရှေ့နားလေးဆက်လာခဲ့သူစောင့်နေမယ်ဆိုလို့ ရင်တထိတ်ထိတ်နဲ့ ကားကိုဖြည်းဖြည်းမောင်းနေရတယ်။ ကားစက်ထပ်ရပ်သွားမှာကို အားလုံး Trama တွေရနေကြပြီ။ ရှေ့မှာကလဲ Expressကားကြီးက မြေကြီးထဲနစ်နေလို့ မနည်းရုန်းထွက်နေရတာ။ မင်မင်တို့တွေကားရှေ့က ထော်လာဂျီတောင်တက်နိုင်ရင် ငါတို့ကားလေးလဲတက်နိုင်တယ်လို့ အားတင်းပြီးတက်ကြတာ အဆင်ပြေပြေနဲ့ လမ်းမပေါ်ပြန်ရောက်ခဲ့ပါရော။ အဲ့အချိန်မှာ Fuel Boxမှာ ဆီတွေကလည်းပြန်တက်လာပြီး အပြည့်ဖြစ်နေလို့ အားလုံးတော်ပါသေးတယ်ပြောရင်း ဝပ်ရှော့ဆရာကြီးကို ကျေးဇူးတွေတင်ရင်း ခရီးဆက်လာကြရတယ်။

🤗 စထွက်တဲ့အချိန်က ၄နာရီကျော်နေပြီ ပန်းတနော်ကနေပြန်ထွက်လာကြတာ။ လမ်းတွေကလဲ ဆိုးလိုက်တာမှလွန်ရောပဲ။ ခဲလုံးတွေ ချိုင့်တွေ ဖုန်တွေနဲ့ ။ ကားမောင်းတဲ့မင်မင်သူငယ်ချင်းက ကားမောင်းကျွမ်းတဲ့သူဆိုတော့ ကားleverကိုနင်း ကျော်တက် နောက်တယောက်က မမှောင်ခင် ငွေဆောင်တောင်တက်လမ်းကိုရောက်ချင်နေပြီ။ ‌
နောက်ခန်းမှာထိုင်တဲ့ မင်မင်နဲ့ညီမလေးကတော့ Safety First ရောက်ချင်တဲ့အချိန်မှရောက်ဆိုတဲ့သူတွေ။

🫣 အဲ့လိုနဲ့စကားတပြောပြောနဲ့ထွက်လာလိုက်တာ ညနေ ၅နာရီကျော်လောက်မှာ ကားတံခါးတွေပွင့်နေတဲ့အချက်ပြမီးပြနေရော။ ခဲလုံးညပ်နေတဲ့အသံကြားရရော ကားကိုခဏရပ် တံခါးတွေကို ပြန်စစ် ဖွင့်လိုက်ပိတ်လိုက်လုပ်တော့ အချက်ပြမီးလေးပြန်ပျောက်သွားတော့ ဆက်ထွက်ခဲ့တာပေါ့။ စိတ်ထဲတော့ စိုးရိမ်စိတ်တွေစဝင်လာပြီ။ ညနေစောင်း လမ်းမှာလဲမျိုးစုံတွေစခွီထလာကြတော့ နည်းနည်းလန့်လာတာပါတယ်။ ကားတံခါးအချက်ပြမီးကလဲ ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေပြီ။ ခဏနေတော့ မောင်းတဲ့သူဘက်ကတံခါးက ရိုက်ပြီးလှုပ်လာရော ။ ကားကိုချက်ချင်းရပ် (၄)ယောက်သားအဖြေရှာကြပြီ။ တွေ့ပါပြီ ကားလော့ချိတ်တဲ့ကွင်းမှာ မူလီတွေပြုတ်ထွက်တော့မှာမို့ လှုပ်နေတာ ။ မူလီ‌တွေကိုကြပ်ဖို့လုပ်တော့ ကြပ်စရာဘာပစ္စည်းမှမပါလာဘူ။ ဉာဏ်ကူရပြီ အိတ်ထဲဘာပါလားလဲပေါ့။ နောက်ဆုံးကပ်ကြေးအသေးတလက်ထွက်လာတာနဲ့ မူလီတွေကို ကြပ်ရပြီလေ။ အဲ့အချိန်စိတ်ထဲမှာတော့ တောစောင့်နတ် တောင်စောင့်နတ် နတ်အပေါင်းတွေကို မေတ္တာတွေစပို့ လမ်းခရီးတလျှောက်စောင့်ရှောက်ပေးဖို့ ဆုတောင်းနေပြီလေ။
လူကသာအပြုံးမပျက်တာ စိတ်ထဲမှာတော့ဘုရားစာတွေရွတ်နေပြီလေ။

⛱️ ည ၇ နာရီမှာ ပုသိမ်ကိုရောက်ပြီး ကားကိုခဏအနားပေး မုန့်ဝယ် ဆီထည့်ပြီး ငွေဆောင်ဘက်ကို ဆက်ချီတက်ခဲ့ကြတာပေါ့။
ညကလည်းမှောင် စိုးရိမ်တာလေးတွေလည်းရှိတော့ ကမ်းခြေမရောက်ဘူးလဲ တောင်တက်လမ်းမောင်းဖူးတဲ့ အ‌တွေ့အကြုံရှိတဲ့သူကို မောင်းခိုင်းရတာပေါ့။ လမ်းမှာချောင်းသာသွားတဲ့ဘက်ရောက်လို့ပြန်ကွေ့ ဆက်ထွက်လာကြတာ တောင်တက်လမ်းအစပ်ကို ရောက်လာကြပါရော။

အပိုင်း ၄ ဆက်ရန်....... 🚗🚗🚗

Photos from Zin's Travel Tales's post 02/03/2026

အပိုင်း ၂
🚗 ကားပျက်အမှတ်တရ

👭မင်မင်တို့ အခုခရီးသွားတဲ့သူတွေက

💚ကမ်းခြေကိုတခါမှမရောက်ဘူးတဲ့ ကားမောင်းကျွမ်းတဲ့ တောင်ပေါ်သူ
ရန်ကုန်က မမရယ်
❤️ငွေဆောင်ကိုအခုမှ First Timeသွားမယ့်
ကားကိုတည့်ပဲမောင်းတတ်တဲ့ မင်မင်ရယ်
💛ပြည်တွင်းပြည်ပ ခရီးတွေအမြဲထွက်ပြီး Highwayလမ်းမမောင်းဘူးတဲ့ NGOက မမရယ်
🩷အငယ်ဆုံး အချောဆုံး အလုပ်အရှုတ်ဆုံး စီးပွားရေးလုပ်ငန်းရှင် ညီမချောချော‌လေးရယ်

😅အရှေ့ကအပိုင်း ၁ ကိုပြန်ဆက်ရရင်
စခွီတွေထလာခဲ့ကြတာ ပန်းတနော်နယ်ထဲက ဗောဓိရေတံခါးနားက ဗောဓိတံတားနားမှာ လမ်းတွေပြင်နေကြတာတကြောင်း မြေသယ်ယာဉ်ကြီးက လမ်းမှာကန့်လန့်ဖြစ်ပြီး မြေထဲကျနေတာတကြောင်း လမ်းမှာပိတ်နေရော။ မင်မင်တို့ကကားကို ကုန်းအတက်လေးတခုမှာကျော်တက်ရင်း လမ်းအလယ်အ‌ရောက်မှာ အချက်ပြမီးတွေ ကားscreenပေါ်မှာ မျိုးစုံပေါ်လာပြီး စက်ရပ်သွားပါလေရော။ ကားစက်ကိုပြန်နှိုးကြည့်တာလဲ စက်ကနိုးမလာတော့ဘူး။ စဉ်းစားကြည့်ပါဦး မင်မင်တို့(၄)ယောက်လုံး ဘယ်လောက်ထိ ပူထူသွားမလဲဆိုတာ။
မင်မင်တို့ကားက အလယ်မှာဖြစ်နေတော့ ဘယ်ကားမှသွားလို့မရတဲ့အခြေအနေဖြစ်နေတာ။ မင်မင်တို့လဲ ကျားကျားယားယားမိန်းမသားတွေမလား နေပူကြီးထဲကို (၃)ယောက်သား အားရှိပါးရှိ ကားတွန်းကြတာပေါ့။ အနီးအနားကမနေသာတဲ့ ဦးလေးကြီး‌တယောက်ကလဲ လာကူတွန်းပေးလို့ ကျေးဇူးတင်မိပါတယ်။ ကားကိုလမ်းဘေးနားကပ်ရပ်ရင်းနဲ့ ဘာဆက်လုပ်ရမလဲမသိဘူး။

🤯ဘာဆက်လုပ်ရမှန်းမသိဆို (၄)ယောက်လုံးက ကားမပြင်တတ်ဘူး။ ကားဘောနက်ဖုံးဖွင့်တတ်တာကလွဲလို့ ဘာကစမှားနေမှန်းကိုမသိတာ။ ပြင်ဖို့ဆိုတာဝေးရော။ ပြင်စရာလဲ ဝက်အူလေးတချောင်းတောင် မပါလာကြဘူး။ ဒီလမ်းခရီးကို ဒီလိုပုံစံတွေနဲ့ထွက်လာတဲ့သတ္တိခဲ(၄)ယောက်

🤠စကားဆက်ရရင် ကားနောက်မှာပါလာတဲ့ ရေခဲသယ်လာတဲ့ဆိုက်တွဲဆရာကြီးကိုကျေးဇူးတင်ရမှာပဲ။ သူကနေပူကြီးထဲ ကားလမ်းကပိတ် ရေခဲတွေပျော်နေလို့စိတ်ညစ်နေရတဲ့အထဲ ဒီ‌(၄)ယောက်ကို ကူညီဖို့ဝပ်ရှော့ဆရာဆီဖုန်းဆက်ပေးရှာတယ်။
ဝပ်ရှော့ဆရာက (၃)/(၄)ဖာလုံလောက်ကနေလာရမှာ စောင့်နေလို့ပြောလို့ မင်မင်တို့လဲ တခါမှာမတွေ့ဘူးတဲ့ ဝပ်ရှော့ဆရာကို လမ်းဘေးနေပူထဲမှာထီးလေးတွေဆောင်းရင်း စောင့်နေရရော
အဲ့ချိန်မှာ ဘယ်သူမှ မစခွီနိုင်တော့ဘူးလေ။ မျက်နှာငယ်လေးတွေနဲ့ ဘေးနားက ကားအကြီးအသေးတွေကဖြစ်သွားတိုင်း မျက်နှာအမူအရာမျိုးစုံနဲ့ အချို့ကလဲ အကူအညီပေးချင်လို့မေးကြ အချို့ကြတော့လဲ ကိုယ်တွေကြောင့်ပဲ ကားပိတ်သလိုလို့ တချို့ကျတော့လဲ မိန်းကလေးတွေမောင်းတယ်ဆိုပြီး အထင်သေးသလိုလို့နဲ့ အကြည့်တွေက မျိုးစုံကြိုးခုန်ကြပါရော

😎ရောက်လာပါပြီ ကျေးဇူးရှင်ဝပ်ရှော့ဆရာကြီး။ တခုပြီးတခု ကားရှေ့မှာစစ်ကြည့်တာပေါ့။မင်မင်တို့လဲ ဘာမှနားမလည်ပေမယ့် သူ့ကိုအကူအညီပေးရမလိုလိုနဲ့ ဝိုင်းကြည့်ပေးပါတယ်။ နောက်ဘက်ကိုစစ်ရင်လဲ ဘေးကနေဝိုင်းကြည့်တယ်။ ဝပ်ရှော့ဆရာ ရှေ့သွားရင်ရှေ့ နောက်သွားရင်နောက် လိုက်ကြည့်ကြတာ မသိရင် Practical ဆင်းနေတာကြနေတာပဲ ။
နောက်ဆုံးerrorကိုရှာတွေ့တော့လဲ သူတယောက်ထဲ ခုံတွေအဖြုတ်အတတ်ကို တယောက်ထဲလုပ်နေတာ အားနာနာနဲ့ရပ်ကြည့်နေရတယ်။ မင်မင်တို့က ဘာမှမှ မလုပ်တတ်တာကို။ ဝပ်ရှော့ဆရာကြီးလဲ ချွေးတွေခြေစွန်းခေါင်းစွန်းကျ မင်မင်တို့ကလဲ တယောက်တပေါက်နဲ့နောက်ဆုံး ပစ္စည်းဝယ်ဖို့ ထွက်သွားပါရော။

🚦ကျန်ခဲ့ပါပြီ လမ်းဘေးလေးမှာ မင်မင်တို့(၄)ယောက်နဲ့ ခုံတွေဖြုတ်ထားတဲ့ကားလေး ။
ကားလမ်းတွေက အရမ်းပိတ်လာတော့
ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာကြပါတယ်
ရဲဦးလေးကြီးတွေ။ လမ်းတွေလာရှင်းပေးရင်းနဲ့ မင်မင်တို့ကို အကျိုးအကြောင်းလာမေး။ အရေးထဲ မင်မင်တို့ရပ်စောင့်တဲ့မြေလမ်းထဲကို မြေသယ်ယာဉ်အကြီးကြီးတွေလာလို့ ဖယ်ပေးရသေးတယ်။
ဆိုင်ကယ်နဲ့ ကားအနားလာရပ်တဲ့သူတွေကိုလဲ ဘုရှိုးရှိုးရသေးတယ်။ ပြီးမှ ဝပ်ရှော့ဆရာကိုခေါ်ဖို့ လာစောင့်နေကြတာ။

😍ဝပ်ရှော့ဆရာကြီး ပြန်ရောက်လာတော့မှ ပျော်လိုက်တာ ကယ်တင်ရှင်ကြီး။ ကားလေးကို လိုအပ်တာတွေပြန်ပြင်ဆင် ကားစက်နှိုးတော့ရသွားမှ ဟင်းချနိုင်တော့တယ်။ သူ့ကိုလမ်းမှာ ကားထပ်မပျက်အောင် သေချာစစ်ခိုင်းရတော့တယ်။ သူက အားလုံးOkတယ်ပြောမှ ရှင်းစရာရှိတာ‌တွေ
ရှင်း ဝပ်ရှော့ဆရာလဲပြန်ထွက်သွားတာ‌ပေါ့‌နော်။

⚡ခရီးဆက်ထွက်ဖို့ ကားပေါ်တက်စက်နှိုး တဘီးစာပဲလှိမ့်ရသေးတယ် ကားမောင်းတဲ့မင်မင်သူငယ်ချင်းဆီက အော်သံကြားရပါရော

"ဆီမရှိတော့ဘူးဟ ကားထဲကဆီတွေမရှိတော့ဘူးဟ" ဆိုတဲ့ လန့်စရာစကားသံတွေနဲ့ ... 🥲🥲🥲🥲🥲

အပိုင်း ၃ ဆက်ရန်....... 🪅🪅🪅

Photos from Zin's Travel Tales's post 02/03/2026

အပိုင်း ၁
🏝️ငွေဆောင်ခရီးစဉ်အစ

👭မင်မင်တို့သူငယ်ချင်းတွေက တွေ့ကြဆုံကြဖို့အရမ်းခက်တယ်။ ကိုယ်စီအလုပ်ကိစ္စပေါင်းများစွာနဲ့ လူစုဖို့ အရမ်းကိုကြိုးစားရတယ်။ တယောက်ကနားရက်ဆိုတယောက်က အလုပ်သွားရတယ်။ တယောက်ကပိတ်ရက်ရရင် တယောက်ကအိမ်ကိစ္စနဲ့မအားဘူး။ ဒီလိုနဲ့အလှူမှာ လူစုံကြမယ်လို့ပြောကြတာပေါ့။

🧳အလှူသွားတဲ့အချိန် အလှူရောက်စားသောက်ပြီး အိမ်အပြန်လမ်းမှာ စခွီတွေထကြရင်းက Beachကိုအခုပဲသွားကြမယ် စဖြစ်ရော။ သွားချင်စိတ်ကအပြည့် မှတ်ပုံတင်ကပါမလာကြဘူး။ အိမ်ကိုအပြေးပြန် အဝတ်အစားတွေထည့် ချက်ချင်းထွက်ကြတာ။

🪅မင်မင်တို့သူငယ်ချင်းအဖွဲ့ အလွဲတွေစတင်ပါပြီ။ ကမ်းခြေသွားမယ်ဆိုပြီး ထွက်လာကြတာ ဘယ်ကမ်းခြေသွားရမှန်း မသေချာကြဘူး။

⛱️Hotel စီစဉ်သူမင်မင်က hotelတွေစုံစမ်းရပြီ။ ချောင်းသာရော ငွေဆောင်ရော Sea view အခန်းတွေကလဲ ပိတ်ရက်ဆိုတော့ပြည့်နေပါရော။ နောက်ဆုံး ငွေဆောင်က RIA Resort က Sea view အခန်းလေးရ‌တော့ Bookingတင်လိုက်ရော။ အဲ့မှာစလွဲရော။ ကားမောင်းတဲ့ မင်မင်ရဲ့သူငယ်ချင်းက ချောင်းသာမှာ Hotel bookingတင်ထားလိုက်တယ်ထင်တာ။ တော်သေးတာ ကားပေါ်မှာစကားတွေပြောရင်းနဲ့မှ ချောင်းသာနဲ့ ငွေဆောင် မှားရောက်ကြတော့မလို့။

🚗ချက်ချင်းကြီး ထစီစဉ်လိုက်တဲ့ခရီးစဉ်က ကားလည်း ကြိုမစစ်သွားနိုင်ဘူး။ လမ်းမှာစားချင်တာတွေကို Citymart ထဲဝင်ဝယ်။
တလမ်းလုံး စခွီထတာဆိုတာ ရယ်ရလွန်းလို့ မောတောင်မောတယ်။ လမ်းမှာအေးအေးဆေးဆေးလေးမောင်းလာတာ ဆိုင်တွေဝင်ထိုင်လိုက်နဲ့ အပျော်တွေလွန်နေကြတာ။ မင်မင်ဆိုရင် တလမ်းလုံးတွေ့သမျှကို အရွှန်းဖောက်Blamerလုပ်လာတာ ကားလမ်းမှာ ကားမပျက်ခင်အချိန်အထိဘဲဆိုပါတော့။

အပိုင်း ၂ ဆက်ရန်........ 😍😍😍

02/03/2026

မင်မင်ရဲ့တညအိပ် ငွေဆောင်ခရီးစဉ်လေးအကြောင်းကို အသေးစိတ်လေးရေးပေးမယ်နော်။
စာလေးကနည်းနည်းရှည်တော့ အပိုင်းဆက်လေးတွေနဲ့ တင်ပေးမယ်နော်။
မင်မင်တကယ်ကြုံတွေ့ခဲ့ရတာလေးတွေကို ရေးတတ်သလို‌လေး ကြိုးစားရေးထားလို့ စိတ်ရှည်ရှည်လေးနဲ့ ဖတ်ပေးပါဦးနော် မင်မင်သူငယ်ချင်းလေးတို့ ❤️❤️❤️❤️❤️❤️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon