I'm all ears.

I'm all ears.

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from I'm all ears., Health/Beauty, Yangon.

02/02/2026

ဒီရက်တွေမှာ သေခြင်းတရားဟာ ထင်သလောက် အလှမ်းဝေးမနေဘူးဆိုတဲ့ အတွေးလေး ဝင်နေမိတယ်။ တွေးနေမိရတဲ့ အကြောင်းရင်းလေးတွေလည်း များနေတယ် ဆိုပါတော့။

မနက်ကတင် ကိုယ်နဲ့ ပြုံးပြုံးရွှင်ရွှင် စကားတွေပြောခဲ့တဲ့ ဦးလေးကြီး နေ့လည်မှာတင် ရုတ်တရက် ရောဂါနဲ့ ဆုံးသွားတာ။
အဲ့ကနေ နှစ်ပတ်ကျော်အကြာ နိုးလာတဲ့ မနက်ခင်းတခုမှာ သူငယ်ချင်းဆီကနေ ကိုယ့်အခက်အခဲ ဖြစ်နေချိန်မှာ သေချာလေး ကူညီပေးခဲ့ဖူးတဲ့ အစ်ကိုတစ်ယောက်ရဲ့ နာရေးအကြောင်း ဖုန်းဝင်လာတာ။
လွန်ခဲ့တဲ့ တစ်ပတ်ကတင် ကိုယ့်ကို ကျောင်းတက်နေတဲ့ ကာလတလျှောက် သမီးအရင်းလို စောင့်ရှောက်ပေးခဲ့ဖူးတဲ့ အဆောင်မှူးဦးလေးနဲ့ အဒေါ်မှာ ဦးလေး ဆုံးပါးသွားတာ။ (ဦးလေးနာရေးအကြောင်း သိရချိန်မှာတော့ ပိုစိတ်ထိခိုက်ရပါတယ်။ မဆုံးခင် ရက်ပိုင်းကမှ နေမကောင်းကြောင်းသိလို့ ဆက်သွယ်ဖို့ စီစဥ်နေတုန်း တကယ်တမ်းမေးရတော့ နာရေးသတင်းဖြစ်နေခဲ့တာကိုး။)

ဒီတော့ သံဝေဂရလောက်အောင် (အဆိုတော်တစ်ယောက်လို လောကီကိုစွန့်ခွာရလောက်အောင်) ကိုယ့်ပါရမီက မရင့်သန်ပေမယ့် ''ဘဝဆိုတာလေ ထင်သလောက် အချိန်မကြာဘူးရယ်'' ဆိုတဲ့ အတွေးတော့ ဝင်နေမိတယ်။ အချိန်တွေက တန်ဖိုးရှိတယ်ဆိုတာရယ်၊ ကိုယ်အပါအဝင် လူတွေဟာ အချိန်မရွေး ထွက်ခွာသွားရနိုင်တယ် ဆိုတာရယ်၊ ထွက်ခွာသွားတဲ့သူအပေါ် ကျန်ခဲ့မယ့် နောင်တက ပြန်ပြင်မရဘူး ဆိုတာရယ်လည်း သတိထားမိသွားတယ်။

ပုထုဇဥ်မို့ ဒေါသတွေ၊ မာနတွေ ကုန်စင်မှာတော့ မဟုတ်ပေမယ့် တတ်နိုင်သလောက်တော့ ထွက်ခွာချိန်၊ ခွဲခွာချိန်၊ ကျန်ရစ်ချိန်မှာ နောင်တမကျန်ရလေအောင် ​နေထိုင်သင့်တယ်လို့ တွေးမိနေတော့တာပါပဲ။
ပြီးတော့ ကိုယ့်အတွက်လည်း စစ်မှန်တဲ့ပျော်ရွှင်မှုရယ်၊ ဉာဏ်ပညာရယ်၊ ချစ်ခြင်းတရားရယ်အတွက် အချိန်ပိုသုံးသင့်ကြောင်းရယ်ပေါ့။
.

29/01/2026

ဒီနေ့တော့ အတွေးလေး တစ်ခုကို မျှဝေ ဆွေးနွေးပေးချင်ပါတယ်။
ဒီအတွေးလေးက ခဏခဏ ပြန်ကြည့်ဖြစ်တဲ့ ''3 idiots'' ဆိုတဲ့ ဇာတ်ကားလေးရယ်၊ ပါချုပ်ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်ရယ်ကနေ စတင်ပါတယ်။
ကျမက ဇာတ်ကားလည်း အများကြီး ကြည့်တတ်တဲ့သူ မဟုတ်သလို၊ ဘုရားတရား ကိုင်းရှိုင်းလွန်းတဲ့သူတော့လည်း မဟုတ်ပါဘူး။
ကြိုက်တာလေးတွေကိုတော့ ခဏခဏပြန်ကြည့်တတ်ပြီး ဆရာတော်ကြီး တရားလေးတွေကျ စိတ်ငြိမ်းအေးရာရစေလို့ တခါတလေ နာဖြစ်ပါတယ်။

ဇာတ်ကားလေးထဲက အဓိက စကားလုံးလေးက ''All is well.'' ပါ။ အဆင်ပြေသွားမယ်၊ ကောင်းသွားလိမ့်ယ်ပေါ့။ ဇာတ်ဆောင်က သူ့အတွက် စိတ်ပူပန်စရာ အခြေအနေနဲ့ ကြုံတိုင်းမှာ နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံပေါ် လက်နဲ့ဖိပြီး ရေရွတ်တဲ့ စကားလုံးလေးပါ။ ဒီလိုလုပ်လို့ ကိစ္စရပ်တွေပြေလည်သွားမယ်လို့ ကျမ မဆိုလိုပါဘူး။ ဒါပေမယ့် လူက calmဖြစ်သွားတယ်။ ဖြေရှင်းဖို့ ခေါင်းအေးအေးနဲ့ စဥ်းစားနိုင်ပြီး ရင်ဆိုင်နိုင်သွားနိုင်တာတော့ အမှန်ပဲ။ ဒါလေးကို ဒီမှာ ခဏထားပြီး ကျမတို့ ဆရာတော်ကြီးရဲ့ တရားဆီ သွားကြရအောင်။

တရားတော်မှာ ဘာပြောလဲဆိုတော့ အဆိုးလောကဓံ အကောင်းလောကဓံ ကြုံကြရတဲ့အခါ (ဒီမှာတော့ ကျမက အဆိုးလောကဓံကို အဓိကထား ပြောချင်ပါတယ်) ပြိုလဲမသွားဖို့ ရင်ဆိုင်နိုင်ဖို့က အရာအားလုံးဟာ မမြဲဘူးလို့ စိတ်နှလုံးသွင်း ဆင်ခြင်ရပါမယ်တဲ့။ အဆိုးတွေဟာ မမြဲဘူး၊ တချိန်ကျ ပြီးသွားမယ်ပေါ့။ တကယ့်တရားတော်ကတော့ ဒီထက်လေးနက်ပါတယ်။ လောကမှာ ဘယ်အရာမှ မမြဲ၊ စည်းစိမ်ချမ်းသာသည်လည်း မမြဲ၊ ရုပ်ဆင်းအင်္ဂါသည်လည်း မမြဲ၊ ဒါကို အမြဲ နှလုံးသွင်းထားရမယ်ဆိုတာပါ။ ကျမကတော့ ကျမhighlightလုပ်ချင်တာလေးကိုပဲ ပြောထားတာပါ။
နောက်တစ်ခု တရားထဲမှာပါတာက positive thinking ဆိုတဲ့ အကောင်းမြင်စိတ်ပါ။ ဆရာတော်ကြီးက ဒါကို လူတစ်ယောက်အကြောင်းနဲ့ ဟောပြောပါတယ်။
သိပ်ကို အကောင်းမြင်တတ်တဲ့ သူတယောက်ရှိတယ်။ အရာရာကို အကောင်းဘက်ကပဲ တွေးရင်း နေထိုင်နေတဲ့သူပေါ့။ တနေ့မှာ ကံမကောင်းစွာ ရထားကြိတ်ခံရာကနေ ခြေထောက်တဖက် ပြတ်ပါလေ​ရော။ ဒီအခါ မိတ်ဆွေတွေက ပြောကြသတဲ့။ ''ကဲ အမြဲ အကောင်းမြင်တဲ့ ဆရာကြီးရေ အကောင်းမြင်နိုင်သေးလား'' ဆိုတော့ သူပြန်ပြောတာလေးက ''ဟ ငါ့ကောင်တို့ရေ ငါတော့ ဖိနပ်ဝယ်ရင် တဖက်ဖိုးသက်သာပြီဟေ့'' တဲ့။

ကျမတို့ နေထိုင်ရာ ကမ္ဘာကြီးမှာ အပြိုင်အဆိုင်တွေပေါပါတယ်။ လူတွေဟာ ဒေါသ၊ မောဟ၊ လောဘတွေနဲ့ ရုန်းကန်နေရပြီး မေတ္တာတရားတွေ၊ ကိုယ်ချင်းစာတရားတွေ၊ အကောင်းမြင်စိတ်တွေ နည်းသထက်နည်းလာပြီး အရှုံးပေးလိုစိတ်တွေနဲ့ ပိုမို များပြားမွန်းကြပ်လာတာ အသေအချာပါပဲ။
လက်ခံရခက်တဲ့ လောကဓံကို ကြုံတွေ့ရလို့ ပင်ပန်းလာရင်
"All is well.''
"အရာအားလုံးဟာ မတည်မြဲဘူး။ ဒါကြောင့် ဒီအဆိုးတွေ ပြီးဆုံးတဲ့ရက် သေချာပေါက် ရောက်လာမယ်။''
လို့ တွေးတောရင်း အားတခုယူကြရအောင်။

ချစ်တဲ့
.

28/01/2026

Hello!
အသက်တွေကြီးလာလေ၊ တာဝန်တွေများလာလေ၊ စိတ်ဖိစီးမှုတွေများလာလေ​နော်။ ဒီကြားထဲမှာမှ ကမ္ဘာကြီးက အရင်လို မလှပပဲ အကျည်းတန်မှုတွေများလာတဲ့အခါ ပျော်စရာတွေ နည်းလာကြတာ အမှန်ပါပဲ။
ကိုယ်တိုင်လည်း အကြိမ်ကြိမ်ပြိုလဲခဲ့၊ ပြိုလဲဆဲဖြစ်တာကြောင့် အများကြီး စာနာမိတာမို့ ဒီနေရာလေးကို ဖန်တီးမိပါတယ်။
ဒီနေရာလေးကနေ ပြောချင်တာတွေကို private နားထောင်ပေးမယ်။ no judgeပါ။ ပြီးတော့ ကျမရဲ့ အမြင်လေးတွေကိုလည်း မျှဝေမယ်ပေါ့နော်။ ခံစားချက်ချင်း နီးစပ်သူတွေရဲ့ စိတ်ဖြေလျော့စရာ ရပ်ဝန်းလေး ဖြစ်ချင်တာပါ။ ဘယ်နှယောက်ဆိုတဲ့ အရေအတွက်ထက် စိတ်သဘောထားချင်း ကိုက်ညီမှုကို ပိုအလေးထားပါတယ်။
ခေတ်ပျက်ကြီးမှာ၊ ပျော်စရာတွေ တစတစနည်းပါးလာတဲ့ ကမ္ဘာကြီးမှာ၊ အပြန်အလှန် အပြုံးတချက် စကားတခွန်းနဲ့ တခဏတာ စိတ်ဖိစီးမှုတွေ ဖြေလျော့ကြရအောင်နော်။
ချစ်တဲ့
.

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when I'm all ears. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.