IYF Cleaning Campaign
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IYF Cleaning Campaign, Health/Beauty, Insein Tsp, Nant Thar Ni Street , Nant Thar Gone Qt. , No/6D, Yangon.
28/03/2026
မတ်လ (၂၄)ရက်နေ့၊ မြစ်ကြီးနားမြို့၊ မင်းရပ်ပြည်သူ့ရင်ပြင် ကမ်းနားလမ်းတစ်လျှောက်တွင် အင်မတန် ကြည်နူးစရာကောင်းတဲ့မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ IYF (Internal Youth Fellowship)ရဲ့ volunteer လူငယ်မောင်မယ်များ၊မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်၊ပညာဘဏ်(Pyin Nyar Bank) မှကျောင်းသား၊ကျောင်းသူများ စုစုပေါင်း လူအင်အား (၄၀၀)ကျော်ဖြင့် စည်ကားစွာ ဆောင်ရွက်ခဲ့ကြတဲ့ Cleaning Campaign ပဲဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုတွင် လူငယ်များအတူတကွ စည်းလုံးညီညွတ်စွာဖြင့် အမှိုက်သိမ်းဆည်းပေးခဲ့သလို၊မြစ်ကြီးနားမြို့ရဲ့ သန့်ရှင်းသာယာရေးအတွက် ချုံနွယ်များ၊ပလပ်စတစ်၊ပုလင်းခွံ၊ဗူးခွံ၊ဆေးထိုးအပ်အန္တရာယ်များအထိ စနစ်တကျ ရှင်းလင်းနိုင်ခဲ့ကြပါတယ်။ နေပူရှိန်ပြင်းပေမယ့်လည်း''Mindset Change'' ခြင်းအားဖြင့် ပင်ပန်းမှုကို အပြုံးနဲ့ကျော်ဖြတ်ခဲ့ကြတဲ့ လူငယ်တွေရဲ့စိတ်ဓာတ်ဟာ တကယ်ကိုဂုဏ်ယူစရာပါပဲရှင့်။
ဒေသခံပြည်သူများကလည်း လူငယ်တွေကို ဖရဲသီးနဲ့အချိုရည်များ ကျွေးမွေးလှူဒါန်းခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်ကို အထင်အရှားပြသခဲ့ကြပါတယ်။ ဒါအပြင် ကချင်ပြည်နယ် စည်ပင်သာယာရေး ဒုတိယညွှန်ကြားရေးမှူးမှလဲ လူငယ်များအတွက်
1. IYF အင်္ကျီနဲ့ပေါင်မုန့်အလုံး (၈၀၀)
2. Take သောက်ရေသန့်
3. စွဲဇလုံကြီးထမင်းဆိုင် မှ ထမင်းဘူး (၄၀၀)
4. Asia အချိုရည်
5. ZORAအချိုရည် တို့ကလည်း အဘက်ဘက်ကနေ ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။
ကူညီပံ့ပိုးပေးခဲ့ကြသော လုပ်ငန်းရှင်များ၊ Company များနှင့် Sponsor လူကြီးမင်းတစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် နောင်တွင်လည်း ယခုလို အကျိုးရှိတဲ့ လုပ်ငန်းတွေမှာ အတူတကွလက်တွဲလုပ်ဆောင်နိုင်ဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။✨️🌸
IYF Volunteer လေးတွေနဲ့အတူ သကြ်န်ရေပတ်လိုက်ကြစို့နော်~~🤭🥰
21/03/2026
✨ Hmawbi Cleaning Campaign: Clean & Green 🌱
"အမှိုက်ကင်းစင်မှ မြင်ကွင်းတင့်တယ်မယ်" ဆိုတဲ့အတိုင်း ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့ မှော်ဘီမြို့၊ တပ်ကြီးကုန်းကျေးရွာရှိ ရုံးပေါင်းစုံလမ်းတစ်လျှောက်မှာ IYF လူငယ်များရဲ့ စုပေါင်းသန့်ရှင်းရေး (Cleaning Campaign) ကို တက်ကြွပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါတယ်။ 🧹✨
လမ်းမပေါ်ရှိ အမှိုက်တွေကို IYF လူငယ်များ စည်းလုံးညီညွတ်စွာနဲ့ အားရပါးရ စုပေါင်းသိမ်းဆည်းခဲ့ကြပြီးပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းသပ်ရပ်ကာ ကြည့်ရသူတိုင်း စိတ်ကြည်နူးစရာ မြင်ကွင်းလေး ဖြစ်ခဲ့ပါတယ်။။ဒေသခံပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးခွင့်ရလို့ IYFမှ အထူးဝမ်းသာပီတိ ဖြစ်မိပါတယ်ရှင့်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ လူတိုင်းရဲ့ တာဝန်ဖြစ်တာမို့ နောင်တွင်လည်း ဒီလို အကျိုးရှိတဲ့ လှုပ်ရှားမှုတွေကို IYF လူငယ်တွေနဲ့အတူ ပျော်ရွှင်စွာ ဆက်လက်လုပ်ဆောင်သွားဦးမှာပဲ ဖြစ်ပါတယ်။🤗💕
Click here to claim your Sponsored Listing.
Category
Website
Address
Yangon