Wut Yi Win

Wut Yi Win

Share

ဗုဒ္ဓံ ဓမ္မံ သံဃံ သရဏံ ဂစ္ဆာမိ

Photos from အနော်ရထာဖောင်ဒေးရှင်း's post 05/04/2026

အနော်ရထာဖာင်ဒေးရှင်း သာသနာ့အမွေခံပွဲ ဖိတ်ကြားလွှာ

26/03/2026

#ကြိုတင်သိခွင့်ရှိမည်ဆိုသင်ဘာတွေပြင်ဆင်ထားမလဲ

အသေအချာကြိုသိနိုင်တာတစ်ခုကတော့ သေချင်းတရားပဲ 🎭
အဲလိုပဲ လောကဇာတ်ခုံပေါ်မှာ 💃” က “ နေရတဲ့ “ က “ ကွက်တွေကို ကြိုသိခွင့်ရှိမည်ဆိုလျှင် “ က “ ကွက် ပြောင်းလိုက်လျှင် လောကဓံဆိုတာ ဘယ်ပေါ်လာလိမ့်မတုန်း၊ ဝဋ်ကြွေးတွေကို skip လုပ်လိုက်ကြမှာပေါ့နော် 👉👉👉

#ရွှေစျေးတွေသာ တက်လာမည်လို့ ကြိုသိလျင် ရွှေတွေကြိုဝယ်ထားကြလျှင် နောက်ဆက်တွဲ ???

#ဒေါ်လာတွေတက်လာမည်လို့ ကြိုသိခဲ့လျင်ရော 🤦‍♀️🤦‍♀️🤦‍♀️

မသိသင့်တဲ့ အရာတွေကို မသိတာက ပိုပီး အန္တရာယ်ကင်းပါတယ် လောဘ၊ မောဟ၊ ဒေါသတွေပေါ်ပေါက်မှု့ကို ဟန့်တားပေးနိုင်လို့ ကိုယ်သွားမည့်လမ်းကြောင်းပေါ် ဖြောင့်ဖြောင့်သွားနိုင်ဖို့ အကူအညီ အထောက်အပံ့များကို ရနိုင်ပါတယ်။

အားလုံးပဲ ကိုယ့်ပန်းတိုင်ကို မယိုင်မလဲ ဖြောင့်ဖြောင့်မတ်မတ် လျှောက်နိုင်ကြပါစေ။

22/03/2026

#🥰🥰🥰

21/03/2026

🙏🙏🙏

Photos from Wut Yi Win's post 21/03/2026

🪷 ရှင်အရဟံ ၇ ဂါထာ 🪷
~~~~~~~~~~~~~

၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။

၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။

၃။ သံဃံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။

၄။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။
နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။

၅။ စက္ကဝါဠေသု အနန္တေသု၊ အာကာသေ အနန္တေ တထာ၊ သတ္တနိကာ အနန္တာစ၊ သမ္ဗုဒ္ဓေ ဉာဏ အနန္တာ။

၆။အနန္တံ ဗလဝံ ဗုဒ္ဓံ၊ အနန္တံ ဂေါစရံ ဓမ္မံ၊ အနန္တံ အရိယံ သံဃံ၊ အနန္တံ ဗောဓိမုတ္တမံ။

၇။ အာဂစ္ဆေယျ သဗ္ဗေဒေဝါ၊ အာယု ဝဏ္ဏော သုခံ ဗလံ၊ သဗ္ဗသိဒ္ဓိ မဟိဒ္ဓိကာ၊ ဇယ တေဇ ဒသဒိသာ၊ ဘဝတု မမ သဗ္ဗဒါ။

( မြန်မာပြန်)

၁။ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။ နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။

၂။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။

၃။သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။ နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။

၄။- ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
- တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
- သံဃာတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။

၅။ စကြဝဠာသည် အဆုံးအပိုင်းအခြားမရှိကျယ်ပြန့်၏။

ထို့အတူ အာကာသသည် အဆုံးအပိုင်းအခြားမရှိ။

သတ္တဝါတို့၏လောကသည်လည်း အဆုံးအပိုင်းအခြားမရှိ။

မြတ်စွာဘုရား ၏ သဗ္ဗညုတဉာဏ်တော်သည်လည်း အဆုံးအပိုင်းအခြားမရှိ ကြီးကျယ်လှ၏။

၆။အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။

- မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် အဆုံးအပိုင်းအခြားရှိတော်မမူသော တန်းခိုးတော်တည်း။

- အရိယာသံဃာတော်မြတ်သည် အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။

-ဗောဓိပက္ခိယတရားတော်များသည် အဆုံးအပိုင်းအခြားမရှိ မြင့်မြတ်ပါပေ၏။

၇။ အလုံးစုံကုန်သော နတ်တို့သည်လည်းကောင်း အလုံးစုံကုန်သော သိဒ္ဓိရှင် မဟိဒ္ဓိရှင်အပေါင်းတို့သည် လာရောက်ကြကုန်သည်ဖြစ်၍ အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းတို့ကို ပေးကြပါစေသတည်း။ ငါ့အားအရပ်ဆယ်မျက်နှာမှ အောင်ခြင်းမင်္ဂလာအဖြာဖြာသည် အခါခပ်သိမ်းဖြစ်ပါစေသတည်း။

နှလုံးသွင်းတဲ့အခါ အဓိပ္ပါယ်ကို လေးလေးနက်နက်သိနားလည်ပီး ပါဠိကို အစအဆုံး ရွတ်ဆိုပြီးမှ ပုတီးတလုံးချ၍ စိပ်ရပါသည်။ နေ့စဉ် အခေါက်ရေ သက်စေ့ သို့မဟုတ် သက်စေ့ထက် တစ်ခေါက်ပိုရွတ်ပါ။ တစ်နေ့ ၁၀၈ခေါက်ရွတ်နိုင်ပါက အထူးကောင်းမွန်ပါသည်။

21/03/2026

ခင်ပွန်းကြီးဆယ်ပါးကန်တော့ 🙏🙏🙏
#ပိုင်းလော့ဆရာတော်

20/03/2026

ဒိသျှ သို့ ဝိဇ္ဇာမျိုးစေ့ ပေးခြင်းရဲ့သဘော

20/03/2026

ကမ္ဘာကြီးနှင့်တကွ၊ မိမိ အပါအဝင် အားလုံး အေးချမ်းငြိမ်းချမ်းပါစေ။ လိမ်ညာ လှည့်ပတ်ချင်းမှ ကင်းဝေးပါစေ။ သီလမရှိသူများနှင့် မတွေ့ မဆုံ မကြုံကြပါရစေ။ 🙏🙏🙏

Photos from Wut Yi Win's post 18/03/2026

(၂၄) ကြိမ်မြောက် ယောဂီသစ် တရားစခန်းပတ် ဖွင့်လှစ်ပါမည် 🙏

🔰 (၁၁-၄-၂၀၂၆) မှ (၂၅-၄-၂၀၂၆) အထိ (၁၅) ရက် တရားစခန်း ဖြစ်ပါတယ်

🔰 ကြိုတင်စာရင်းပေးသွင်း အားထုတ်နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်အပ်ပါတယ်

📣 ရိပ်သာပတ်ရက်အတွင်း ယောဂီဟောင်းကြီးများလည်း မိမိအဆင်ပြေသလို လာရောက်အားထုတ်နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်အပ်ပါတယ်ရှင်

တရားစခန်းဖုန်း- 09974125355

လိပ်စာ - ဘုရားကုန်းကွက်သစ်၊ အမှတ် ၄ သန်လျင်မြို့နယ်၊
သန်လျင်-ကျောက်တန်း ကားလမ်းမပေါ်ရှိ နတ်စင်တရာမှတ်တိုင်မှ ကွေ့ဝင်နိုင်ပါသည်။
အမှတ် (၆) လမ်းမကြီး (အရှေ့ပိုင်းတက္ကသိုလ်)၊ တညင်ပင်ကွမ်းယာဆိုင်မှတ်တိုင်မှလည်း ကွေ့ဝင်နိုင်ပါသည်။

🙏 ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု 🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon