Tera

Tera

Share

Nature and Pure

15/08/2026

🌿 𝗔 𝗠𝗶𝗻𝘂𝘁𝗲 𝘄𝗶𝘁𝗵 𝗧𝗲𝗿𝗮 | 𝗦𝘂𝗻𝘀𝗰𝗿𝗲𝗲𝗻 𝗨𝘀𝗲𝗿𝘀 ☀️

“Sunscreen ပဲလိမ်းတာပါ…
Makeup မလိမ်းထားတော့ ညဘက် မျက်နှာသန့်စင်စရာ မလိုဘူးမလား?” 🤔

ဒီလိုတွေးဖူးရင်… ဒီနေ့ Tera ကို တစ်မိနစ်လောက် အချိန်ပေးကြည့်ပါဦး 🧡

Makeup မလိမ်းထားပေမယ့် Sunscreen လိမ်းထားတဲ့နေ့မှာလည်း ညဘက် gentle cleansing လုပ်ပေးဖို့ လို​သေးတယ်နော်

☀️ တစ်နေ့တာအတွင်း Sunscreen လိမ်းထားတဲ့အပြင် ချွေး၊ အဆီပို၊ ဖုန်မှုန့်နဲ့ ပတ်ဝန်းကျင်က အညစ်အကြေးတွေကလည်း အသားအရေပေါ်မှာ စုဆောင်းလာနိုင်ပါတယ်။

ဒါကြောင့်…

“Makeup မလိမ်းထားလို့ မျက်နှာသစ်စရာမလိုဘူး” ဆိုတာ မဟုတ်ပါဘူးနော်။ 🧡

ညဘက်ရောက်တဲ့အခါ
နူးညံ့တဲ့ Cleanser လေးနဲ့ တစ်နေ့တာအတွင်း မျက်နှာပေါ် စုဆောင်းလာတာတွေကို သန့်စင်ပေးပြီး အသားအရေကို အနားပေးလိုက်ပါ။ 🌿

✨ Sunscreen in the morning.
✨ Gentle cleansing at night.

Makeup မလိမ်းတဲ့နေ့တွေမှာတောင် အသားအရေကို သန့်စင်ပေးဖို့ မမေ့နဲ့နော်။ 🧡

🌿 နေ့စဉ် gentle cleansing အတွက် Tera Hydrating Olive Facial Cleanser

နူးညံ့စွာ သန့်စင်ပေးပြီး နေ့စဉ် skincare routine ထဲမှာ ထည့်သုံးလို့ရတဲ့ cleanser လေးပါ။

📩 Tera ကို စမ်းသုံးကြည့်ချင်ရင် Message ပို့ပြီး မှာယူနိုင်ပါတယ်ရှင့်။

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮 🌿

12/08/2026

𝗛𝗼𝘁 𝗪𝗮𝘁𝗲𝗿 𝘃𝘀 𝗖𝗼𝗹𝗱 𝗪𝗮𝘁𝗲𝗿 —မျက်နှာသစ်တဲ့အခါ ရေပူသုံးရမလား? ရေအေးသုံးရမလား?🤔

🔥 Hot Water - ရေပူနဲ့ မျက်နှာသစ်ရင် ဘာဖြစ်နိုင်လဲ
သန့်ရှင်းသွားသလို ခံစားရနိုင်ပေမယ့် အရမ်းပူတဲ့ရေကို မကြာခဏအသုံးပြုတာက အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။
အထူးသဖြင့် အသားအရေခြောက်တတ်သူတွေမှာ ပိုပြီး မသက်မသာဖြစ်နိုင်ပါတယ်။

🧊 Cold Water - ရေအေးနဲ့သစ်တာက မျက်နှာအတွက် ကောင်းတာလား
ရေအေးက ခဏတာ လန်းဆန်းသလို ခံစားရစေနိုင်ပါတယ်။
ဒါပေမယ့် ရေအေးက pores တွေကို ပိတ်သွားစေတယ်၊ အညစ်အကြေးတွေကို ပိုကောင်းကောင်းဖယ်ရှားပေးနိုင်တယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

🌿 So, What's Better?
Lukewarm water ရေနွေးနွေးလေးနဲ့ မျက်နှာသစ်တာက နေ့စဉ် cleansing အတွက် ပိုသင့်တော်ပါတယ်။
ရေနွေးနွေးလေးက အရေပြားပေါ်က အညစ်အကြေးနဲ့ အဆီပိုတွေကို cleanser နဲ့အတူ သန့်စင်ပေးရာမှာ ထိရောက်မှုရှိစေပြီး၊ အရမ်းပူတဲ့ရေလို အသားအရေကို ခြောက်သွေ့သွားစေမယ့် အလားအလာလည်း နည်းပါတယ် 🤍
ဒါပေမယ့် ရေအပူချိန်တစ်ခုတည်းက အရေးကြီးတာ မဟုတ်ဘူးနော်။

✨ Gentle cleanser + lukewarm water + နူးညံ့စွာ သန့်စင်ပေးခြင်း
ဒါကြောင့် မျက်နှာသစ်တဲ့အခါ အရမ်းပူတာ၊ အရမ်းအေးတာထက် ရေနွေးနွေးလေးနဲ့ Gentle Cleanser လေးသုံးပြီး နူးညံ့စွာ သန့်စင်ပေးဖို့ မမေ့နဲ့နော်။ 🧡🌿
သင်ကရော ဘယ်လိုရေနဲ့ မျက်နှာသစ်တတ်လဲ?
🔥 ရေပူ
🧊 ရေအေး
🌿 နွေးနွေးလေး

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮 🌿

08/08/2026

🧡 Healthy Habits Start Small

အသားအရေကို ဂရုစိုက်တယ်ဆိုတာ…

တစ်ရက်တည်းနဲ့ ပြောင်းလဲသွားဖို့ မဖြစ်နိုင်ပါဘူး။

နေ့တိုင်း မျက်နှာကို နူးညံ့စွာ သန့်စင်ပေးတာ၊ Moisturizer လိမ်းပေးတာ၊ Sunscreen မမေ့မလျော့သုံးတာ…

ဒီလို အလေ့အကျင့်သေးသေးလေးတွေကပဲ Healthy-looking skin အတွက် အခြေခံတွေပါ။ 🤍

Perfect routine ရှိဖို့ထက်…
နေ့တိုင်း မှန်မှန်လုပ်နေတဲ့ routine က ပိုအရေးကြီးတယ်နော်။

🌿 Your simple daily routine

🧡 Step 1 — Gentle Cleanse
တစ်နေ့တာအတွင်း စုဆောင်းလာတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေကို နူးညံ့စွာ သန့်စင်ပေးပါ။

🧡 Step 2 — Moisturize
အသားအရေလိုအပ်တဲ့ အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါ။

🧡 Step 3 — Sunscreen
နေ့ခင်းဘက်မှာ နေရောင်ခြည်ကနေ အသားအရေကို ကာကွယ်ပေးဖို့ မမေ့ပါနဲ့။

နေ့စဉ် skincare routine ကို Step 1 ကနေ စတင်ချင်တယ်ဆိုရင်…

🌿 Tera Hydrating Olive Facial Cleanser

နူးညံ့စွာ သန့်စင်ပေးပြီး နေ့စဉ်အသုံးပြုနိုင်တဲ့ gentle cleanser လေးတစ်ခုပါ။

💚 100 ml — MMK 29,000

📩 Tera ကို စမ်းသုံးကြည့်ချင်ရင် Message ပို့ပြီး မှာယူနိုင်ပါတယ်ရှင့်။

Healthy habits start small.
Start with one gentle step. 🤍

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮 🌿

07/08/2026

🌿 𝐀 𝐌𝐢𝐧𝐮𝐭𝐞 𝐰𝐢𝐭𝐡 𝐓𝐞𝐫𝐚 | 𝐌𝐚𝐤𝐞𝐮𝐩 𝐋𝐨𝐯𝐞𝐫𝐬 𝐄𝐝𝐢𝐭𝐢𝐨𝐧 💄
Makeup Lovers တွေအတွက်...
Makeup look လှလှလေးတစ်ခုရဖို့... Healthy-looking skin က အရေးကြီးတဲ့ အစပါပဲ🧡
✨ မနက်ပိုင်းမှာ...
🧡 Makeup မလိမ်းခင် အသားအရေကို နူးညံ့စွာ သန့်စင်ပေးပါ။
🧡 သန့်ရှင်းလန်းဆန်းတဲ့ အသားအရေက Makeup လိမ်းတဲ့အချိန်မှာလည်း ပိုအဆင်ပြေစေပါတယ်။။
✨ ညပိုင်းမှာ...
🧡 Makeup ကို သေချာဖျက်ပြီးနောက် Gentle Cleanser နဲ့ မျက်နှာကို သန့်စင်ပေးပါ။
🧡 တစ်နေ့တာလုံး ထိတွေ့ထားတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြီး အသားအရေကို ပြန်ဂရုစိုက်ပေးဖို့ မမေ့နဲ့နော်။
နေ့စဉ် skincare routine က ရှုပ်ထွေးဖို့ မလိုပါဘူး။
မနက်ရော ညရော Gentle Cleanser လေးနဲ့ ကိုယ့်အသားအရေကို ဂရုစိုက်ပေးလိုက်ပါ။ 🧡
𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮 🌿

05/08/2026

🌿 𝐌𝐚𝐝𝐞 𝐟𝐨𝐫 𝐄𝐯𝐞𝐫𝐲𝐝𝐚𝐲, 𝐍𝐨𝐭 𝐉𝐮𝐬𝐭 𝐟𝐨𝐫 𝐓𝐨𝐝𝐚𝐲.

Skincare trends တွေက အမြဲပြောင်းလဲနေပါတယ်။

ဒါပေမယ့် နေ့တိုင်း အသားအရေကို ဂရုစိုက်ပေးတဲ့ routine ကတော့ ဘယ်တော့မှ မဟောင်းသွားပါဘူး။ 🤍

Tera Hydrating Olive Facial Cleanser က နေ့တိုင်း စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ gentle facial cleanser တစ်ခုပါ။

🧡 မျက်နှာသစ်ပြီး ခြောက်ကပ်တင်းကြပ်တဲ့ feeling မဖြစ်အောင် ကူညီပေးတယ်။

🧡 Olive Oil Extract ပါဝင်လို့ အသားအရေကို စိုပြေနူးညံ့စေဖို့ ကူညီပေးတယ်။

🧡 နူးညံ့စွာ သန့်စင်ပေးတယ်။

🧡 နေ့စဉ်အသုံးပြုဖို့ သင့်တော်ပြီး All Skin Types အသုံးပြုနိုင်ပါတယ်။

🤍 နေ့စဉ်အသုံးပြုနိုင်တဲ့ gentle facial cleanser ရှာနေတယ်ဆိုရင် Tera ကို စမ်းသုံးကြည့်ပါ။

📩 Order တင်ရန် သို့မဟုတ် အသေးစိတ်မေးမြန်းလိုပါက Message ပ်ို့နိုင်ပါတယ်ရှင့်။

Skincare trends come and go.

But a simple daily routine that cares for your skin never goes out of style. 🤍

Tera Hydrating Olive Facial Cleanser is a gentle facial cleanser thoughtfully made for everyday use.

🧡 Helps cleanse your skin without leaving it feeling tight or stripped.

🧡 Enriched with Olive Oil Extract to help keep your skin feeling soft, smooth, and hydrated.

🧡 Gently removes dirt, excess oil, and daily impurities.

🧡 Suitable for all skin types and designed for everyday use.

🤍 Looking for a gentle facial cleanser you can use every day with confidence? Give Tera a try.

📩 Send us a message to place your order or if you have any questions—we’re happy to help.

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮 🌿

03/08/2026

🌿 𝟑 𝐒𝐈𝐆𝐍𝐒 𝐘𝐎𝐔𝐑 𝐒𝐊𝐈𝐍 𝐁𝐀𝐑𝐑𝐈𝐄𝐑 𝐌𝐀𝐘 𝐍𝐄𝐄𝐃 𝐄𝐗𝐓𝐑𝐀 𝐂𝐀𝐑𝐄

အသားအရေက တစ်ခါတလေ “အကူအညီလိုနေပြီ” လို့ တိတ်တိတ်လေး ပြောနေတတ်ပါတယ်။ 🤍

ဒီလိုလက္ခဏာတွေ သတိထားမိဖူးလား?
⚠️ မျက်နှာသစ်ပြီးတိုင်း တင်းကြပ်နေတတ်တာ
မျက်နှာသစ်ပြီး သန့်ရှင်းသွားတာနဲ့အတူ အသားအရေက သက်တောင့်သက်သာ မဖြစ်ဘဲ အသားပတ်သလို တင်းကြပ်နေတယ်ဆိုရင် Skin Barrier က ဂရုစိုက်ဖို့ လိုနေတဲ့ အချက်ပြတစ်ခု ဖြစ်နိုင်ပါတယ်။

⚠️ အသားအရေက အရင်ထက် Sensitive ဖြစ်လာတာ
အရင်က အဆင်ပြေခဲ့တဲ့ skincare တွေတောင် ယားယံတာ၊ စပ်တာမျိုး ခံစားရတတ်ပါတယ်။

⚠️ Moisturizer လိမ်းလည်း ခြောက်သွေ့နေသလို ခံစားရတာ
အသားအရေက အစိုဓာတ်ကို ကောင်းကောင်းမထိန်းထားနိုင်တဲ့အခါ ဒီလိုဖြစ်နိုင်ပါတယ်။

🌿 Healthy-looking skin starts with a healthy skin barrier.

Skin Barrier ကို ဂရုစိုက်တယ်ဆိုတာ အဆင့်များတဲ့ skincare routine မလိုပါဘူး။

နူးညံ့တဲ့ Cleanser တစ်ခု၊ Moisturizer နဲ့ Sunscreen…

ဒီရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေနဲ့ပဲ အသားအရေကို နေ့တိုင်း ဂရုစိုက်ပေးနိုင်ပါတယ် ✨

နေ့စဉ် skincare routine ကို gentle cleansing နဲ့ စတင်ပြီး အသားအရေကို နူးညံ့စွာ ဂရုစိုက်ပေးလိုက်ပါ 🧡

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮 🌿

02/08/2026

[English Version Below]

🌿 Now Available at The Lantern House

Tera Hydrating Olive Facial Cleanser ကို ယခုအခါ The Lantern House တွင် ဝယ်ယူရရှိနိုင်ပါပြီ။ 🧡

အသားအရေကို နူးညံ့သန့်ရှင်းစွာ နေ့စဉ်ဂရုစိုက်ချင်သူတွေအတွက် အခုဆိုရင် လူကိုယ်တိုင် လာရောက်ကြည့်ရှုပြီး အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။ 🌿

📍 The Lantern House
Gate 6 အနီး၊ ဝန်ကြီးများရုံး၊ ဗိုလ်အောင်ကျော်လမ်း

🗓️ ဆိုင်ဖွင့်ရက် – စနေ၊ တနင်္ဂနွေ

Experience the gentle care of Tera Hydrating Olive Facial Cleanser, now available at The Lantern House. 🧡

You can now visit the store, explore the product in person, and bring home your new skincare essential.

📍 The Lantern House
Near Gate 6, The Secretariat Yangon , Bo Aung Kyaw Road.

🗓️ Open on Saturdays & Sundays only

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮 🌿

31/07/2026

🌿 𝐀 𝐌𝐢𝐧𝐮𝐭𝐞 𝐰𝐢𝐭𝐡 𝐓𝐞𝐫𝐚 | 𝐎𝐟𝐟𝐢𝐜𝐞 𝐖𝐨𝐫𝐤𝐞𝐫𝐬

💼 𝗪𝗼𝗿𝗸 𝗛𝗮𝗿𝗱. 𝗖𝗮𝗿𝗲 𝗚𝗲𝗻𝘁𝗹𝘆.

Meeting တွေ၊ Deadline တွေနဲ့ အလုပ်ရှုပ်နေတဲ့နေ့တွေမှာ ကိုယ့်အတွက် အချိန်ပေးဖို့ မေ့သွားတတ်ပါတယ်။

အလုပ်က ဘယ်လောက်ပဲ အလုပ်များများ… ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့တော့ မမေ့နဲ့နော်။ 🤍

Skincare က အချိန်အများကြီး မလိုပါဘူး။

တစ်နေ့ကို မိနစ်အနည်းငယ်ပဲ အချိန်ပေးပြီး အသားအရေလေးကို နူးညံ့စွာ ဂရုစိုက်လိုက်ပါ။ 🌿✨

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮

29/07/2026

[English below]
နေ့စဉ် အသားအရေကို ဂရုစိုက်တယ်ဆိုတာ သန့်ရှင်းစေရုံတင် မဟုတ်ဘူးနော်။ 🤍

တစ်နေ့တာလုံး ထိတွေ့ထားတဲ့ ဖုန်မှုန့်၊ အဆီပိုနဲ့ အညစ်အကြေးတွေကို နူးညံ့စွာ သန့်စင်ပေးရင်း၊ အသားအရေလေးကို သက်တောင့်သက်သာနဲ့ လန်းဆန်းတဲ့ ခံစားချက် ရရှိစေဖို့လည်း အရေးကြီးပါတယ်။ ✨

🌿 Tera Hydrating Olive Facial Cleanser

✨ နူးညံ့စွာ သန့်စင်ပေးပြီး အသားအရေကို ခြောက်သွေ့မသွားစေဘူး။

✨ Olive Oil Extract ပါဝင်လို့ အသားအရေကို စိုပြေနူးညံ့စေဖို့ ကူညီပေးတယ်။

✨ နေ့စဉ်အသုံးပြုဖို့ သင့်တော်ပြီး All Skin Types အသုံးပြုနိုင်ပါတယ်။

🧡 အသေးစိတ်မေးမြန်းချင်တာ၊ မှာယူချင်တာရှိရင် Messenger ကနေ အချိန်မရွေး မေးမြန်းနိုင်ပါတယ်ရှင့်။

Taking care of your skin isn’t just about cleansing. 🤍

Give your skin the gentle care it deserves. Gently cleanse away excess oil, dirt, and daily impurities while leaving your skin feeling fresh, soft, and comfortable. ✨

🌿 Tera Hydrating Olive Facial Cleanser

💚 Gently cleanses without leaving your skin feeling dry.

💚 Enriched with Olive Oil Extract to help keep your skin soft and hydrated.

💚 Suitable for daily use and all skin types.

🧡 Have any questions or would like to place an order? Feel free to send us a message via Messenger.

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮 🌿

28/07/2026

☔ Rainy Outside. Fresh Inside. 🌿

မိုးရွာတဲ့နေ့ဆိုပေမယ့်လည်း…
အလုပ်ကတော့ သွားရဦးမယ်၊ ကျောင်းကတော့ တက်ရဦးမယ်။ မလုပ်မဖြစ် လူမှုရေးကိစ္စတွေကြောင့် အပြင်ထွက်ရဦးမယ် ☔

မိုးရာသီမှာ စိုထိုင်းဆမြင့်တာကြောင့် အသားအရေက စေးကပ်ကပ်ဖြစ်လွယ်ပြီး အဆီပိုထွက်တတ်ပါတယ်။ တစ်နေ့တာအတွင်း ထိတွေ့ထားတဲ့ အညစ်အကြေးတွေကိုလည်း နူးညံ့စွာ သန့်စင်ပေးဖို့က အရေးကြီးပါတယ်။ ✨

တစ်နေ့တာအစနဲ့အဆုံးမှာ…
မျက်နှာလေးကို သန့်ရှင်းလန်းဆန်းအောင် မျက်နှာသစ်လိုက်တာက skincare routine ရဲ့မပါမဖြစ် အဆင့်တစ်ခုပါ💚

🌿 Tera Hydrating Olive Facial Cleanser

🧡 အသားအရေကို နူးညံ့စွာ သန့်စင်ပေးတယ်

🧡 Olive Oil ပါဝင်လို့ အသားအရေကို စိုပြေနူးညံ့စေဖို့ ကူညီပေးတယ်

🧡 မျက်နှာသစ်ပြီးနောက် လန်းဆန်းပေါ့ပါးတဲ့ ခံစားချက်ကို ပေးစွမ်းတယ် 🍐

မိုးရွာတဲ့နေ့တွေမှာလည်း… အသားအရေလေးကို ဂရုစိုက်ဖို့ မမေ့နဲ့နော်။ ☔✨

𝓣𝓮𝓻𝓪 – 𝓝𝓪𝓽𝓾𝓻𝓮 𝓪𝓷𝓭 𝓟𝓾𝓻𝓮

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon