Heffey Cosmetics Brand Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Heffey Cosmetics Brand Shop, Bo gyote Street, Ye.
04/08/2022
အခုတလော...အဆီဖုအကြောင်းမေးတဲ့ ညီမလေးတွေ အရမ်းများလို့ ကျန်တဲ့ညီအမတွေပါ ဖတ်လို့ရအောင် post တင်လိုက်ပါတယ်....
♠️ အဆီဖုဆိုတာ... မျက်နှာမှာ ဝက်ခြံလိုမနာပဲ ပြည်အရည်လိုမဟုတ်ပဲ.
အထဲကအခဲတွေနဲ့ အဖုသေးသေးလေးတွေပေါက်တတ်တာပါ....
ပါးနဲ့ နဖူး မေးစေ့မှာ အပေါက်များပါတယ်...
♠️ အဆီဖုလေးတွေကို ဆယ်ကျော်သက်အရွယ်ကနေ ၂၀ကျော်ထိ ပိုအပေါက်များတယ်....
♠️ အဆီဖုတွေ ဘာကြောင့်ဖြစ်လဲဆိုတော့... ဖုန်မှုန့် / အဆီတွေနဲ့ဆဲသေလ်တွေ မျက်နှာအရေပြားမှာရော ပိတ်ပိသလိုဖြစ်တာကနေ စဖြစ်တတ်ပီး
ဟော်မုန်းကြောင့် အစားအသောက်ကြောင့်လဲ ဖြစ်တတ်ပါတယ်...
♠️ အဆီဖုတွေ မဖြစ်အောင် ရှောင်ဖို့/ဆောင်ဖို့က....
⚡ ဆဲလ်သေတွေမျက်နှာက ချွေးပေါက်တွေမှာ ပိတ်ဆို့နေတာမျိုးမဖြစ်အောင် scrub / exfoliation / peeling ပုံမှန် လုပ်ပေးသင့်ပါတယ်..
⚡ Heavy moisturizersသုံးတာမျိုးက အဆီပိုတွေဖြစ်စေပီး ဆဲသေတွေကို ပိတ်ထား စုထားသလိုဖြစ်စေလို့ ရှောင်သင့်ပါတယ်..
⚡ နေလောင်ထားရင်လဲ ဆဲလ်သေတွေဖယ်ရှားရခက်တာမလို့ sunscreenနေ့တိုင်းသုံးရပါမယ်..
⚡ facial cleansing သေချာမလုပ်ရင်လဲ အဆီတွေ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေက စုပီး ပိတ်မိလာကာ အဆီဖုဖြစ်လာနိုင်ပါတယ် ..
⚡ အဆီဖုတွေကို လက်နဲ့ထိတာ ဖဲ့တာမျိုးတော့ရှောင်ရပါမယ်..
⚡ဖြစ်နိုင်ရင် cosmeticsတွေထူထူလိမ်းတာရပ်သင့်တယ်
⚡oil free cosmeticsတွေ ပိုရွေးသုံးပေးရမယ်
⚡️ ခေါင်းအုံးစွပ်နဲ့ မျက်နှာသုတ်ပုဝါကို တပါတ်တခါ အနည်းဆုံးလဲဖို့လဲ အရေးကြီးတယ်
⚡ အရမ်းကျပ်တာ ပူတာမျိူးဖြစ်တဲ့အဝတ်အစားမျိူးလဲ မဝတ်ဖို့ သတိထားပါ
⚡ မျက်နှာပေါ်ဆံပင်ကျတာတွေ ဆံပင်လုပ်တဲ့ဟာတွေနဲ့ မထိအောင် ဂရုစိုက်ပါ..
⚡ ရေများများသောက်ပါ
💞အလှတွေပို၍ ပို၍ တိုးကြပါစေ
13/07/2022
❤️ HEFFEY BRAND ❤️ PᎬᎡҒᎬᏟͲ ᏢᎡϴᎠႮᏟͲՏ
07/07/2022
နော်ဖော်နဲ့အတူ Heffey Suncream လေးသုံးကြမယ်💖
27/03/2022
22/12/2021
သင်က Online Bussiness ပြန်လုပ်ချင်တယ်
ဒါမဲ့ လူအများကြီးရောင်းတဲ့ Product
လုပ်ရင် ကိုယ်စျေးကွက်မရမှာလည်းစိုးရိမ်တယ် ❓
လူနည်းနည်းလေးရောင်းတဲ့
Product ကလည်းမရောင်းရမှာစိတ်ပူတယ်❓
ဒါဆို Heffey ရဲ့ အခုမှ အသစ်ထွက်တဲ့
တစ်ရက်တည်းနဲ့ Facebook ပေါ်မှာ Popular Now Trendဖြစ်တဲ့ နီနီရဲရဲတောက်Collagen လေးနဲ့ လက်တွဲဖို့ အကြံပေးချင်ပါတယ်🆘🆘🆘
✔️Quality / ကြေညာအား ခိုင်မာတယ်
✔️ဘယ်မှ မရတဲ့ အမြတ်System တွေခံစားရမယ်
✔️Car Bonus ကို ကိုယ်ပိုင်ခံစားခွင့်ရတယ်
✔️စျေးနှုန်းချိုသာသင့်တော်လို့ လူတိုင်းသုံးနိုင်တယ်
✔️ကုန်ကြမ်းတွေကို နိုင်ငံခြားမှ တင်သွင်းလို့ သိသာမြန်တယ်
✔️အမြတ်အပြင် Bonus တွေလစဉ်လတိုင်း ရှယ်ရတယ်
ကယ် ... စိတ်ဝင်စားရင် 🆘🆘🆘
အခုဘဲ Joinလိုက်ကြရအောင်🔴🔴🔴🔴🔴
21/12/2021
Heffey Collagen လေးဟာဆိုရင်ဖြင့်
အသားရေအတွက် အထူးသင့်တော်တဲ့
အသီးများနဲ့ လုပ်ထားပြီး Collagen ဓာတ်အား
10000mg ပါတဲ့ Collagen ဘူးလေးဘဲဖြစ်ပါတယ်‼️
Powder မှ 3000 mg ပါဝင်ပြီး သဘာဝ အသီးမှ
ဓာတ်အား 7000 mg ပါဝင်တာမလို့ သောက်သုံးတဲ့အခါမှာလည်း အရမ်း အဆင်ပြေစေတယ်နော်
( Gluta + လည်းပါဝင်တာမလို့ အသားရေကြည်လင်ချင်သူအတွက်လည်း လုံးဝ Perfect ဘဲနော် )😍
Gluta ဆိုတာနဲ့ ကျောက်ကပ်ထိမှာ မကြောက်ပါနဲ့
ဆေးတွေကို ထည့်ထားတာ မဟုတ်ဘဲ သဘာဝ ဟင်းသီးဟင်းရွက်များမှ ရရှိတဲ့ Gluta အားကို ထည့်ထားတာဖြစ်လို့ သောက်သုံးတဲ့အခါ ကျန်းမာရေးအတွက် လုံးဝလုံးဝစိတ်ချလို့ရပါတယ်နော်🖤
Ingredients များကိုလည်း Korea မှ အဓိက Import တာဖြစ်တဲ့အတွက် ဝယ်ယူသုံးစွဲတဲ့စျေးနဲ့ တန်အောင် သုံးစွဲတဲ့သူတွေအတွက် သီးသန့်ထုတ်လုပ်ပေးထားတာပါ❤️
05/12/2021
❄Skin ကို care ဖို့ မပျင်းပါနဲ့
❄Skin ကို care ဖို့ ငွေကုန်မှာ မနှမျောပါနဲ့😊😊😊
❄ပြန်မရတဲ့ အရာတွေထဲမှာ
နုပျိုခြင်းတွေလည်း ပါတယ်နော်
❄ငွေတွေရှိပြီး အိုဇာနေရင်
ကျန်ရစ်ဖြစ်သွားမယ်😁
❄အခုခေတ်မှာ လူတိုင်း
လှပ စမတ်ကျနေရမယ်ဆိုတာ နားလည်နေကြပြီ😍
❄အချိန်မှီသေးတယ်နော် ဒီနေ့ကစပြီး
ကိုယ့်အသားအရေကို ထိန်းသိမ်းကြရအောင်😍
03/12/2021
✅Heffey Luxury Shampoo လေးဟာ
Silk Protein ကို အဓိက ထားပြီး ထုတ်လုပ်ထားပါတယ်
☁️ရေဓာတ်ကို အားဖြည့်၍ ပျက်စီးနေသော
ဆံကေသာအတွက် အထူးသင့်လျော်ပြီး အီတလီ🇮🇹
နည်း ပညာဖြင့် ဖော်စပ်ထားသော Shampoo တစ်ခုဖြစ်ပါတယ်
🥚Heffey Silk Protein Shampoo အာနိသင်များ
——————————————————————-
🌸ဗောက်ထ သက်သာခြင်း၊ 🌸ဆံပင်ကျွတ် သက်သာခြင်း၊ 🌸ဆံပင် အသစ် ပြန် တိုးပွားရန်မြန်ခြင်း၊ 🌸ဆံသားအဆီပြန်မှု မှကင်ဝေးစေခြင်း၊ 🌸ဆံပင်နှစ်ခွ သုံးခွ ကြိုးကျေ မှု့များသက်သာခြင်း၊🌸ဆေးထိထားသော ဆံသားကို ပြန်လည်ကောင်းမွှန်စေခြင်း၊🌸သုံးပြီးလျှင် ဆံကေသာ အိအိလေးဖြစ်ခြင်း၊🌸သဘာဝ ပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် ကလေး/ လူကြီးမရွေး၊ကိုယ်ဝန်ဆောင်ပါမကျန် သုံးစွဲနိုင်ပါ သည်
ထဲမှာ ကမ္ဘာကျော် ရေမွှေးတံစိတ်တစ်ခုဖြစ်တဲ့ ( Channel 🇮🇹) ရေမွှေးရနံပါဝင်တဲ့အ တွက်ကြောင့် ခေါင်းလျှော်ပြီးချိန်ကစပြီး သင်းပျံ့မွှေးနံ့က စိတ်ကိုလန်း ဆန်းစေမှာပါရှင်...❤️
➡️ Heffey Hair Care မှာပါဝင်တဲ့ အဓိကကုန်ကြမ်းတွေကိုတော့ Japan , Korea တို့မှထောက်ပံ့ပေးပြီးထုတ်လုပ် မှုပိုင်း formula ကို Korea မှာရှိတဲ့ Biotechnological Co.td တို့မှထောက်ပံ့ပေးထားပါတယ် ✔️
➡️ Heffey Hair Care မှာ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေတဲ့ ဓာတုဆေးဝါးတွေ လုံးဝ(လုံးဝ) မပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ကလေးငယ်တွေမှာ ယုံကြည်စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်...🤰🤱
02/12/2021
#ဆောင်းတွင်းကိုတော့ချစ်တယ်❄️❄️
နှင်းတွေဝေတာလည်းချစ်တယ် ☃️☃️
ဒါမယ့် အသားအရေအတွက်တော့ အဆင်မပြေဘူး 🤦♀️🤦♀️🤦♀️
ဒါဆို စိတ်မညစ်နဲ့တော့ နွေ/မိုး/ဆောင်း အားလုံးအတွက် အဆင်ပြေသလို
မည်သည့် အသားအရေမဆို အသုံးပြုလို့ ရတယ့် Heffey 😍😍😍
Heffey သာ သုံးကြည့် မိတ်ကပ်မလိမ်းလည်း အဆင်ပြေသလို မိတ်ကပ်လိမ်းလည်း အဆင်ပြေ ဘာလို့ဆို
မျက်နှာလေးက စိုစိုပြေပြေနဲ့ GLOW နေလို့လေ 🥰🥰
29/11/2021
🧚♀မိန်းကလေးတိုင်းမှာ အလှတစ်မျိုးကိုယ်စီရှိပါတယ်
💨မိတ်ကပ်လိမ်းမှ လှတာမဟုတ်ပါဘူးနော်
☄️မိတ်ကပ်ကလဲ ကိုယ့်ကိုယ်ကို Confidence ရှိဖို့နဲ့ ကိုယ့်ရဲ့အလှတရား ကိုပေါ်လွင်အောင် လုပ်ပေးနိူင်တဲ့ လက်နက်တစ်မျိုးပါ
✨ဒါပေမဲ့ ကိုယ့်ရဲ့ Skin လေး မကောင်းဘူးဆိုရင် ✨မိတ်ကပ်လိမ်းလဲ သိပ်ထိရောက်မှု မရှိတဲ့အတွက်
✨ကိုယ့်ရဲ့ Skin လေး ကျန်းမာပြီး စိုပြေတင်းရင်းနေရင် ✨မိတ်ကပ်အများကြီး လိမ်းစရာမလိုပဲနဲ့ လှပနေမှာပါ
🍀အဲ့တော့ ကိုယ့်ရဲ့လှပစိုပြေတဲ့ အသားရည်လေးရရှိဖို့ Skincare ကြဖို့ မမေ့ပါနဲ့နော် 🧖♀ 🧖♀
28/11/2021
ကိုယ်ရောင်းနေလို့ ကောင်းတယ် ပြောတာမဟုတ်🥴
💁🏻♀️အစမ်းထုပ် သုံးကြည့်ပြီး သူတိုင်း ဗူးနဲ့ ဝယ်သုံးကြသလို
တစ်ချို့ဆို ကောင်းလွန်းလို့ Agent ပြန်ဝင်သွားကြတဲ့ အထိကို😍
Reviews ကောင်းများ နှင့် ရပ်တည်နေသော👍👍
Heffey Skincare & Haircare ကို စမ်းပြီးတောင် မသုံးကြည့်ရင် နောင်တ အကြီးကြီးရမှာနော်👻👻
Sample _ 1000ks
Skincare Set _ 39600ks
Haircare Set _ 39000ks
27/11/2021
တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ
၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃
Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်
[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့
Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်
AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]
၂။ 𝙍𝙚𝙩𝙞𝙣𝙤𝙡+ 𝘼𝙃𝘼/𝘽𝙃𝘼
Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တွဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....
၃။ 𝙍𝙚𝙩𝙞𝙣𝙤𝙡 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾
Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..
[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ် ရနိုင်ပါတယ်]
၄။ 𝙊𝙞𝙡 𝙗𝙖𝙨𝙚𝙙 + 𝙒𝙖𝙩𝙚𝙧 𝙗𝙖𝙨𝙚𝙙 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨
Oil based နဲ့ water based productsတွေကတော့
တွဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..
၅။ 𝙂𝙡𝙮𝙘𝙤𝙡𝙞𝙘 𝘼𝙘𝙞𝙙 + 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙
နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်
၆။ 𝙉𝙞𝙖𝙘𝙞𝙣𝙖𝙢𝙞𝙙𝙚 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 C
Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..
ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း မဖြစ်စေမှာ မဟုတ်ပါလား..ရှင်....
ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..
မင်မင်Pageထဲက အသဲလေးတွေ သိရအောင် ပြန် shareလိုက်တာပါရှင့်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Ye
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |