Visit Malaysia V-days
မလေးရှားရောက်မြန်မာများအကြောင်း
25/04/2026
UNHCR ၏ Email 101: Learn the Basics မိတ်ဆက်ပေးခြင်း။
ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ မလေးရှားနိုင်ငံရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေနေသူများကို လုံခြုံစွာ email အသုံးပြုနည်းနှင့် email အကောင့်ဖွင့်နည်းများကို သိရှိနိုင်စေရန် ဖြစ်ပါသည်။
မကြာမှီ လ များအတွင်း Digital Gateway platform ကို မိတ်ဆက်မည်ဖြစ်ပြီး၊ ၎င်းသည် email ကို အခြေခံထားသော self-service platform ဖြစ်ကာ UNHCR နှင့် ဒုက္ခသည်များကြား အဆက်အသွယ်ပြုလုပ်ရာတွင် email ကို အသုံးပြုရမည်ဖြစ်သည်။
Digital Gateway အကောင့်ဖန်တီးရန်နှင့် အသုံးပြုရန်အတွက်
email လိပ်စာ လိုအပ်ပါသည်။
မလေးရှားရောက် မြန်မာဒုက္ခသည်များ အားလုံး Email အကောင့်
ဖွင့် ရန်လိုအပ်လာပြီဖြစ်၍ Email အကောင့်ဖွင့်နည်းနှင့် လုံခြုံစွာ
အသုံးပြုနည်း တို့ ကို အောက်ပါ ရုပ်ပြ ပုံများဖြင့်
ACR မှ ဘာသာပြန် တင်ပေးလိုက်ပါသည်။
ACR Info
13/03/2026
UNHCR နှင့်မလေးရှားရှိဒုက္ခသည်အဖွဲ့စည်းခေါင်းဆောင်များ ယနေ့အစည်းပြုလုပ်
******************************************************************************
မတ်လ ၁၂၊ ၂၀၂၆ (ကြာသပတေနေ့)
UNHCR ၏ပြောကြားချက်များ -
• လက်တလောနိုင်ငံတကာမှ အကူညီရရှိမှုရပ်တန့်မှုများကြောင့် ရုံးအတွင်း အလုပ်သမားအင် အား ၆၅ % ထိလျှော့ချရပြီဖြစ်သည်။ သို့သော် ဒုက္ခသည်များ ပြည်တွင်း (မလေးရှားနိုင်ငံ အတွင်း)လုံခြုံမှုများရရှိနိုင်ရန်သက်ဆိုင်ရာဌာနနှင့်အဖွဲ့စည်းများစွာနှင့်ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ပြီးကြိုးစားသွားပါမည်။
• DPP နှင့် ပတ်သက်ပြီး UNHCR ဘက်မှ တိကျသေချာသောအချက်လက်များရရှိခြင်းမရှိသေးပါ။ သို့သော် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အစိုးရနှင့်အနီးကပ်အတူတကွဆက်လက်အလုပ်လုပ်နေပါ သည်။
(၁) လူသစ်မှတ်ပုံတင်ကဒ်ပေးခြင်းနှင့်ပတ်သက်ပြီးအောက်ပါအချက်များကိုသာဦးစားပေးစဥ်းစားပေးပါသည် -
• ကျန်းမာရေးအခြေနေအရ အသက်အန္တရာယ်စိုးရိမ်ရသူများ၊ လုံခြုံရေးအရ အသက် အန္တရာယ် ရှိသူများနှင့်
• နှစ်ကြာလူသစ်မှတ်ပုံတင်ခြင်းနှင့်မိသားစုတွဲကဒ်လျှောက်ထားပြီးစောင့်ဆိုင်းနေသောသူများ (၂၀၂၂ ခုနှစ်အထိ)
(၂) လူသစ်မှတ်ပုံတင် UNကဒ်ပေးခြင်းရက်ချိန်းများကိုအောက်ပါအချက်များအပေါ်အခြေခံပြီးပေးနေပါသည် -
• လူသစ်မှတ်ပုံတင်လျှောက်ထားသည့်ရက်စွဲကိုအခြေခံပြီး
• UNHCR Hotline ဖုန်းနံပါတ်ကိုခေါ်သည့်အပေါ်အခြေခံပြီး
• UNHCR အသိမှတ်ပြုအဖွဲ့စည်းရုံးများမှပေးအပ်သည့် စာရင်းကိုအခြေခံပြီး
(၃) ထို့အပြင်၂၀၂၆ ခုနှစ်ကုန်ပိုင်းမှစပြီး လက်ရှိ အသုံးပြုနေကြသည့် UNHCR Website ကို ရုပ်သိမ်းပြီးကိုယ်ပိုင်အီးမဲလ်ဖြင့်ဆက်သွယ်သည့် စနစ်ဖြင့်အစားထိုးသွားမည်ဖြစ်သည့်အတွက် ဒုက္ခသည်လျှောက်မည့်သူများအနေဖြင့် အီးမဲလ် အသုံးပြု နည်းများကို တတ်ကျွမ်းထားရန်လို အပ်ပါသည်။ သို့သော် မိမိအဖွဲစည်းမန်ဘာများ၏ အခြေနေကိုသုံးသပ်ပြီး နောက်ပိုင်းအဆင်မပြေမှုများရှိခဲ့သော်လွယ်ကူစွာဖြေရှင်းနိုင်ရန် အတွက်ဒုတိယ ဆက်သွယ်မည့် အီးမဲလ် အနေဖြင့်အဖွဲ့စည်းရုံး အီးမဲလ်ကို လက်ခံပေးရန် ACR မှတင်ပြခဲ့ရာ UNHCR အရာရှိမှပြန်လည်စဥ်းစား ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
(၄) ဆက်သွယ်ရန်ခက်ခဲသည့်ပြဿနာ -
• လူသစ်မှတ်ပုံတင်လျှောက်ထားသူများထဲမှ ဆက်သွယ်မရသူများစွာရှိနေကြသည်။
• ထို့ကြောင့် မိမိဖုန်းနံပါတ်များအပြောင်းလဲရှိပါက ချက်ချင်းအဖွဲ့စည်းရုံးမှ update များပြု လုပ် ကြရန်အလွန်အရေးကြီးပါသည်။
(၅) RSD/RST အင်တာဗျုးခေါ်ဆိုခြင်းနှင့်ပတ်သက်ပြီး -
• RSD နှင့် RST အင်တာဗျိုးခေါ်ဆိုခြင်းများသည်မလေးရှားရောက်ရှိသော နှစ်ကာလ ကြန့်ကြာချိန် များနှင့် မသက်ဆိုင်ဘဲ မိမိအမှုတွဲခြေနေပေါ်မူတည်ပြီး ရွေးချယ်ခေါ်ဆိုသွားခြင်းဖြစ်ပါသည်။
(၆) လတ်တလောတတိယနိုင်ငံပို့ဆောင်ခြင်းနှင့်ပတ်သက်ပြီး -
• ၂၀၂၆ ခုနှစ်တွင် တတိယနိုင်ငံပို့ဆောင်ခြင်းအစီစဥ်ဖြင့် Australia, Canada နှင့် New Zealand အားလုံးပေါင်း ဖြင့်မလေးရှားမှ ဒုက္ခသည်ဦးရေ ၁ ရာခိုင်နှုန်းသာပို့ဆောင်ပေးနိုင်တော့မည်ဖြစ် ပြီး ၂၀၂၆ ခုနှစ်အတွင်း လူဦးရေ ၁၀၀၀ ခန့်မျှသာ တတိယနိုင်သို့ ထွက်ခွာနိုင်တော့မည်ဟုမျှော် လင့်ထားပါသည်။
• ထို့အပြင်ဒုက္ခသည်များတတိယနိုင်ငံပို့ဆောင်ခြင်းသည် မလေးရှားနိုင်ငံတွင် နှစ်မည်မျှကြာကြာ နေထိုင်ခဲ့သည်ဆိုသည့်ပေါ်အခြေမခံဘဲတစ်ဦးချင်း၏ဒုက္ခသည်အမှုတွဲနှင့်သာသက်ဆိုင်ပါသည်။
မှတ်ချက်။ ။အဖွဲ့စည်းရုံးများမှသာစာပို့ကြရန်လည်းပြန်လည်တိုက်တွန်းထားပါသည်။
ACR Info
13/02/2026
UNHCR Malaysia ကို ဆက်သွယ်နိုင်မည့် Gmail/Email လိပ်စာများမှာ သင်ဆက်သွယ်လိုသည့် အကြောင်းအရာအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
အောက်ဖော်ပြပါ လိပ်စာများကို အသုံးပြုနိုင်ပါသည်-
အထွေထွေ စုံစမ်းမေးမြန်းမှုများ (General Queries): [email protected]
ဒုက္ခသည်အဆင့် သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ (RSD Unit - Appeals/Reopening): [email protected]
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ (Media & Information): [email protected]
အလှူငွေ ထည့်ဝင်ခြင်းဆိုင်ရာ (Donations): [email protected]
Resettlement တတိယနိုင်ငံ ပြန်လည်နေရာချထားရေးကိုလည်း ဒီက …
Email လိပ်စာ: [email protected] (ဒါဟာ အထွေထွေ စုံစမ်းမေးမြန်းမှုတွေအတွက် အဓိက လိပ်စာဖြစ်ပါတယ်)
အကြံပြုချက်: Resettlement အတွက် သီးသန့် Gmail မရှိပေမဲ့ အထက်ပါ လိပ်စာကိုပဲ ပေးပို့ပြီး မိမိရဲ့ အခက်အခဲကို ရှင်းပြရပါမယ်။
ဒီ post linkကနေ လည်းကူညီပေးပါတယ်
👇🏻👇🏻👇🏻
https://www.facebook.com/share/p/1KHUehYc82/?mibextid=wwXIfr
ိုmailပို့မယ်
30/01/2026
📢 မှတ်ပုံတင်ခြင်း Hotline ဖုန်းခေါ်ဆိုချိန် ပြောင်းလဲသတ်မှတ်ခြင်း
၂ ရက် ဖေဖော်ဝါရီလ ၂၀၂၆ မှစတင်၍ အွန်လိုင်း မှတ်ပုံတင်ခြင်း (သို့) ၁ ဇန်နဝါရီလ ၂၀၂၃ မတိုင်မှီလျှောက်ထားပြီး ရက်ချိန်းမရရှိသေးပါက အောက်ပါ သတ်မှတ်ထားချိန်တွင် မှတ်ပုံတင်ခြင်း Hotline ဖုန်းနံပါတ် သို့ ဆက်သွယ်နိုင်ပါသည်။
📞 017-6143810 (ဖုန်းခေါ်ဆိုမှုများသာ — WhatsApp ခေါ်ဆိုမှုများမရှိပါ)
🕑 ဗုဒ္ဓဟူးနေ့တိုင်း (Every Wednesday) နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိသာ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
✅မခေါ်ဆိုမီ သတိပြုထားသင့်သော အချက်များ
👉🏻သင်၏ Refugee Malaysia website ရည်ညွှန်းနံပါတ် (Referance Number) အဆင်သင့်ရှိထားရန်။
👉🏻Hotline သည် 1 Jan 2023 မတိုင်မီ တင်သွင်းလျှောက်ထားသူများအတွက်သာ ဖြစ်ပါသည်။
👉 ဗုဒ္ဓဟူးနေ့တိုင်း နေ့လည် 2 နာရီမှ ညနေ 4 နာရီအတွင်းသာ ဖုန်းခေါ်ဆိုမှုများကို လက်ခံသွားမည်ဖြစ်ပါသည်။
👉🏻UNHCR သည် သင်၏အွန်လိုင်းလျှောက်လွှာနှင့် အရည်အချင်းပြည့်မီမှုအပေါ်အခြေခံ၍ ဖုန်းခေါ်ဆိုမှု၊ SMS နှင့် အီးမေးလ်မှတစ်ဆင့် ရက်ချိန်းပေးသွားမည်ဖြစ်သည်။
👉Hotline သည် ရက်ချိန်းရယူရန် တစ်ခုတည်းသောနည်းလမ်းမဟုတ်ပါ။
KRC Office
Source: UNHCR Malaysia
24/01/2026
♥ မလေးရှားနိုင်ငံရှိ UNHCR လမ်းကြောင်းမှ တစ်ဆင့် ပြင်သစ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ အခြေချနေထိုင်ရန် ( Resettlement ) လုပ်ငန်းစဉ် အဆင့်ဆင့်ကို လိုရင်းတိုရှင်း ၊ အဆင့်လိုက် ရေးသား မျှဝေထားပါသည်။
🇲🇾 #မလေးရှားUNHCRမှပြင်သစ်သို့ပြောင်းရွှေ့အဆင့်များ
1️⃣ အရည်အချင်း စစ်ဆေးခြင်း ( Eligibility Assessment )
👉 UNHCR Malaysia မှ သင်သည် RSD အင်တာဗျူး ( Refugee Status Determination ) ဖြေဆိုအောင်မြင်ထားသူ ဖြစ်ရမည်။
👉 ပြန်လည် ၊ နေရာချထားရေး RST Interview ( Resettlement ) အတွက် ရွေးချယ်ခံသူ ဖြစ်ရန် အသက်အန္တရယ် လုံခြုံစိတ်ချမှု အတွက် ခြိမ်းခြောက်ခံရသူ ဖြစ်ကြောင်း ခိုင်မာစွာ တင်ပြနိုင်သူ ဖြစ်ရမည် ။
👉 ပြင်သစ်အစိုးရ အနေဖြင့် Vulnerable cases ( e.g. torture survivor , single mother , LGBTQ , medical cases ) ဖြစ်လျှင် ဦးစားပေး စဉ်းစားသည်။ 👈
2️⃣ Case Submission to France
UNHCR က သင့် Case ကို ပြင်သစ်အစိုးရ ( OFII /Ministry of Interior ) ဆီသို့ တင်သွင်းသည်။
အများအားဖြင့် Dossier များကို DIPS ( Direction de l’Immigration Professionnelle et Scolaire ) သို့တင်သည်။
3️⃣ သံရုံး အင်တာဗျူး ( French Embassy Interview )
ပြင်သစ် သံရုံး ( မလေးရှား ) မှ ဆက်သွယ်လာပြီး ( Biometrics ) အင်တာဗျူး ခေါ်သည် ။ လဝက အရာရှိများ မှ မိသားစုဝင် တစ်ဦးချင်းကို ပြန်လည် စစ်ဆေး ၊ မေးမြန်းခြင်း အပြင် မိမိ၏ မူရင်းနိုင်ငံသို့ ပြန်၍မဖြစ်သည့် အကြောင်းအရာများ ၊ ခြိမ်းခြောက်မှု အခြေအနေများကို စစ်ဆေးပါမည် ။
4️⃣ ဆေးစစ်ခြင်း ( Medical Check-up )
IOM သို့မဟုတ် သတ်မှတ်ထားသော ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးခံရမည် ။
ထိုအခါ ကူးစက်ရောဂါများ ၊ မူးယစ်ဆေး သုံးစွဲမှု စသည်ဖြင့် စစ်ဆေးခံရမည် ။ လိုအပ်သည့် ကာကွယ်ဆေးများ လည်း ထိုးရမည် ။
5️⃣ ခရီးစဉ် စီစဉ်ခြင်း ( Pre-departure & Orientation )
မဖြစ်မနေ ပြင်သစ် ယဥ်ကျေးမှု ( IOM pre-departure orientation ) သင်တန်း တက်ရမည်။
ပြင်သစ်နိုင်ငံ ရောက်လျှင် ဘယ်နေရာမှာ နေရမယ် ၊ ဘယ်အဖွဲ့အစည်းက ကူညီမယ်ဆိုသည့် အရေးကြီး လိုအပ်သော အချက်အလက်များ ( Briefing ) ရမည်။
6️⃣ ထွက်ခွာခြင်း ( Departure )
IOM သို့မဟုတ် ပြင်သစ်အစိုးရ က ခရီးစရိတ်ပေးသည်။
မိသားစုဝင်အားလုံး ပြင်သစ် သို့ ပျော်ရွှင်စွာ ထွက်ခွာရ ပါတော့မည် ။
7️⃣ ပြင်သစ် ရောက်ပြီးနောက် ( Post-arrival in France )
OFPRA ( Office français de protection des réfugiés et apatrides ) မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေး အတွက် ဆက်လုပ်ဆောင်ရမည် ။
OFII ( Office Français de l'Immigration et de l'Intégration ) မှနေ၍ လိုအပ်သော အခြေခံ လူမှုဝန်ဆောင်မှုများ ( နေစရာအိမ် ၊ ဘဏ်စာရင်း ၊ ကျောင်း ၊ ကျန်းမာရေး စောင့်ရှောက်မှု medicare... ) ဆောင်ရွက်ပေးသည် ။
မိတ်ဆွေများ လိုအင်ဆန္ဒများ ပြည့်ဝ၍ ငြိမ်သက်ခြင်း ရှိကြပါစေ ။
Âgapê Joy Ful
24-1-2026
21/01/2026
အစိုးရ၏ဒုက္ခသည်များမှတ်ပုံတင်ခြင်း အစီစဥ်(DPP)ကို လဝကအကျဥ်းထောင်ရှိ အဖမ်းခံ ရိုဟင်ဂျာဒုက္ခသည် များမှစတင်ပြုလုပ်နေပြီဖြစ်ပါသည်
*******************************************************************************************************************************************
အစိုးရ၏ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီစဥ်(DPP )ကို ဇန်နဝါရီ ၁ ရက်နေ့မှစပြီး တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လဝကအကျဥ်းထောင် ၁၆ ခုတွင်ထိန်းသိမ်းခံရသည် ရိုဟင်ဂျာဒုက္ခသည်များကို စတင်ပြုလုပ်နေခဲ့ပြီးဖြစ်ပါသည်။
ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က ဤ DPP အစီစဥ်သည် မြန်မာနိုင်ငံသားများကိုသာအာရုံစိုက်သွားဦးမည်ဖြစ်ပြီး လဝကဌာနမှကြီးကြပ်ထားသည် ကလေးငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာများရှိကလေးငယ်များကိုလည်းထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ကလေးငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာများတွင် လဝကအကျဥ်းထောင်များအတွင်းမွေးဖွားကြသည့် အသက် ၁၀နှစ်အောက်ကလေးငယ်များ (သို့) တရားမဝင်နိုင်ငံခြားသားများကိုစီးနင်းဖမ်းဆီးသည့်အချိန် မိဘများဖမ်းဆီးခံရသောကြောင့်စောင့်ရှောက်သူမဲ့ကလေး ငယ်များကိုလဝကဌာနမှထိန်းသိမ်းစောင့်ရှောက်သည့်နေရာဖြစ်ပါသည်။
“ဒီဒုက္ခသည်တွေကို Bidor, Perak ဒေသမှာရှိတဲ့ ဒုက္ခသည်နှင့်ယာယီခိုလှုံသူတွေအထူးထိန်းသိမ်းမယ့် စင်တာကိုပို့မှာဖြစ်ပြီးတော့ သူတို့ရဲ့ ဒုက္ခသည်အမှုတွဲတွေကိုစစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ အကျဥ်သား ၂၆ ယောက်လောက်ကို ပထမဆုံးအဖွဲ့အဖြစ်အောင်မြင်စွာပြုလုပ်အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါတယ်” ဟုဆိုပါသည်။
Saifuddin က သူတို့အစိုးရဌာန အနေဖြင့် ယခုချိန်ထိ အကျဥ်းထောင်ရှိ အကျဥ်းသား ၄၀၀၂ ဦးခန့်ကိုစာရင်းပြုစုခဲ့ပြီဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့ပါသည်။
သူ က အစိုးရအနေဖြင့် ဒုက္ခသည် နှင့် ယာယီခိုလှုံသူများ၏လူဦးရေ အရေတွက်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန်အတွက် ဒုက္ခသည်များအားလုံးအစိုးရတွင်မှတ်ပုံတင်ပြီးအစိုးရ၏အသိမှတ်ပြုထောက်ခံစာများကိုကိုင်ဆောင်ရတော့မည်ဖြစ်သည်ဟုဆိုပါသည်။
အင်တာဗျူးထားပြီးသည့်သူများ၏ဒုက္ခသည်အမှုတွဲများကို ဒုက္ခသည်အဖြစ်လက်ခံသင့်မခံသင့်ကို ဖွဲ့စည်းထားသည့် အထူးကော်မတီမှ ပြန်လည်သုံးသပ်ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။
“DPP ထောက်ခံစာကိုင်ဆောင်တဲ ဒုက္ခသည်တွေကို သူတို့ရဲ့နောက်ဆုံး အစီစဥ်များပြုလုပ်တဲ့အချိန် (တတိယနိုင်ပို့ဆောင်တဲ့ချိန်) ထိ ဒီနိုင်ငံအတွင်းမှာယာယီနေထိုင်ခွင့်ပေးမှာဖြစ်တယ်” ဟုဆက်လက်ပြောကြားခဲ့ပါသည်။
ဤ DPP အစီစဥ်သည် ဒုက္ခသည်များကိုကိုင်တွယ်နေသည့် UNHCR ၏ တာဝန်လုပ်ငန်းများကိုအစားထိုးလွှဲယူရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။
အစိုးရမှ UNHCR ၏ဒုက္ခသည်များကိုင်တွယ်ခြင်းသည် အစိုးရပါဝင်ခြင်းမရှိသည့် တစ်ဖက်သတ် ဆန်ဆန်ပြုလုပ် ခြင်းဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးအတွက် အန္တာရာယ်ရှိသည်ဟုစွပ်စွဲပြောဆိုထားပါသည်။
#[ACR မှပြန်လည်ဘာသာပြန်ထားပါသည်]
Link: https://www.freemalaysiatoday.com/category/nation/2026/01/21/govt-starts-registering-refugees-starting-with-rohingya-detainees?fbclid=IwY2xjawPd0iVleHRuA2FlbQIxMQBzcnRjBmFwcF9pZBAyMjIwMzkxNzg4MjAwODkyAAEewyZT7lt5JaUK3Hcn-03ddo8aQIRexQS4dwEvhFUTA1GBLCWsqgeAuPgWnV0_aem_3D0zhLi-S_E9JZ7j_zBcHQ
Info
21/01/2026
လိုအပ်သူများ Save ထားနိုင်ပါတယ်
မိမိကိုဆက်သွယ်လာတဲ့ဖုံးနံပါတ်တွေကို အလွယ်တကူခွဲခြားနိုင်အောင် contact list ထဲမှာ UNHCRအမှတ်အသားပေးပြီး မှတ်ထားစေချင်ပါတယ် ဒါမှ ကိုယ့်ကိုခေါ်လာရင် အလွယ်တကူ သိနိုင်ပါလိမ့်မယ်။
UNHCR ( REG Unit / မှတ်ပုံတင်ဌာန )
UNHCR-017 6143 810
UNHCR-017 540 4267
UNHCR-018 249 9088
- UNHCR (Appoinments /ရက်ချိန်းပေးရန်
အတွက် )
03-2118 4800
03-2117 1400
03-2141 1322
03-2141 1780
19/01/2026
မလေးရှားရောက် မြန်မာများ သတိပြုရန် - UNHCR ရုံးရှေ့ လူစုလူဝေးကို မလေးရှား
အဖွဲ့အစည်းများက စောင့်ကြည့်ဝေဖန်နေပါတယ်"
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က UN ရုံးရှေ့မှာ လူစုလူဝေးဖြစ်နေတာနဲ့ ပတ်သက်ပြီး မလေးရှားအမျိုးသားရေးလှုပ်ရှားသူ Sophian Mohd Zain က ဗီဒီယိုရိုက်ပြီး ဝေဖန်ထောက်ပြနေပါတယ်။
Sophian Mohd Zain က အဓိကအားဖြင့် မလေးရှားနိုင်ငံအတွင်းက ဒုက္ခသည်တွေနဲ့ UNHCR ရဲလုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ထောက်ပြနေတာ ဖြစ်ပါတယ်။
သူပြောသွားတဲ့ အချက်အလက်တွေက
၁။ UNHCR ရုံးရှေ့က အခြေအနေ
သူဟာ ကွာလာလမ်ပူမြို့မှာ ရှိတဲ့ UNHCR ရုံးရှေ့ကို ကိုယ်တိုင်သွားရောက်ပြီး အဲဒီမှာ တန်းစီစောင့်ဆိုင်းနေတဲ့ ဒုက္ခသည်အမြောက်အမြားကို ရိုက်ကူးပြသနေတာပါ။ ဒုက္ခသည်တွေဟာ ညကတည်းက လာရောက်အိပ်စက် တန်းစီနေကြတာကို သူက မလေးရှားပြည်သူတွေကို သိစေချင်တာ ဖြစ်ပါတယ်။
၂။ ဒေသခံတွေရဲ့ အခက်အခဲ
အဲဒီလမ်းတလျှောက်မှာရှိတဲ့ ကျောင်းတွေ၊ အစိုးရရုံးတွေနဲ့ ဒေသခံတွေဟာ ဒီလိုလူစုလူဝေးကြောင့် သွားလာရခက်ခဲတာ၊ သန့်ရှင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရတာတွေကို သူက အလေးပေးပြောဆိုပါတယ်။ "ဒါဟာ မလေးရှားနိုင်ငံသားတွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်" ဆိုတဲ့ သဘောမျိုးကို အဓိကထား ပြောလေ့ရှိပါတယ်။
၃။ UNHCR ကတ်အပေါ် ဝေဖန်မှု
သူဟာ UNHCR ကတ် ကိုင်ဆောင်ထားသူတွေကို မလေးရှားအစိုးရက ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဖို့ တောင်းဆိုလေ့ရှိပါတယ်။ ဒီကတ်ရှိရုံနဲ့ မလေးရှားမှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရနေတာကို သူက မကျေနပ်သလိုမျိုး ပြောဆိုတတ်ပါတယ်။
၄။ အစိုးရကို တောင်းဆိုချက်
လူဝင်မှုကြီးကြပ်ရေး (Immigration): ဒီပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။
နိုင်ငံခြားသား ထိန်းချုပ်ရေး: နိုင်ငံခြားသားတွေ၊ အထူးသဖြင့် ဒုက္ခသည်တွေဟာ မလေးရှားရဲ့ ဥပဒေအထက်မှာ ရှိမနေသင့်ဘူးလို့ သူက ယူဆပါတယ်။
သူဟာ "မလေးရှားနိုင်ငံသားတွေရဲ့ အခွင့်အရေးကို အရင်ကာကွယ်ရမယ်" ဆိုတဲ့ အမျိုးသားရေးဝါဒ (Nationalism) ဘက်ကနေ ရပ်တည်ပြီး ဒုက္ခသည်တွေ များပြားလာတာကို ဆန့်ကျင်ကန့်ကွက်နေတာ ဖြစ်ပါတယ်။
မှတ်ချက်: သူ့ရဲ့ ပြောဆိုချက်တွေဟာ မလေးရှားမှာရှိတဲ့ ဒုက္ခသည်တွေအပေါ် တင်းကျပ်တဲ့ သဘောထားမျိုး ဖြစ်တဲ့အတွက် လူမှုကွန်ရက်မှာ အငြင်းပွားစရာတွေလည်း ဖြစ်လေ့ရှိပါတယ်။
Sophian Mohd Zain က အဓိကအားဖြင့် မလေးရှားနိုင်ငံအတွင်းက ဒုက္ခသည်တွေနဲ့ UNHCR ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ထောက်ပြနေတာ ဖြစ်ပါတယ်။
၁။ "ဒါဟာ မလေးရှားနိုင်ငံလား၊ နိုင်ငံခြားတိုင်းပြည်လား"
သူက UNHCR ရုံးရှေ့မှာ တန်းစီနေတဲ့သူတွေဟာ မလေးရှားနိုင်ငံသားတွေထက်တောင် များနေတာကို ပြပြီး "ဒီနေရာဟာ မလေးရှားနိုင်ငံနဲ့တောင် မတူတော့ဘူး၊ နိုင်ငံခြားသားတွေက ဒီနယ်မြေကို သိမ်းပိုက်ထားသလို ဖြစ်နေပြီ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
၂။ "UNHCR ကို ပိတ်ပစ်ဖို့ သို့မဟုတ် ပြောင်းရွှေ့ဖို့"
ဒီရုံးကြီးက မြို့လယ်ခေါင်မှာ ရှိနေတဲ့အတွက် လူစုလူဝေးတွေ ဖြစ်နေရတာလို့ သူက ယူဆပါတယ်။ ဒါကြောင့် ဒီရုံးကို မြို့ပြင်ကို ရွှေ့ပစ်ဖို့ ဒါမှမဟုတ် ဒီပြဿနာကို မဖြေရှင်းနိုင်ရင် UNHCR ရဲ့ လုပ်ပိုင်ခွင့်တွေကို အစိုးရက ပြန်ရုပ်သိမ်းဖို့သူက ထပ်ခါတလဲလဲ ပြောဆိုလေ့ရှိပါတယ်။
၃။ "ဥပဒေစိုးမိုးရေး (Law Enforcement) အားနည်းချက်"
မလေးရှား အာဏာပိုင်တွေအနေနဲ့ ဒီလောက် လူအများကြီး လမ်းပေါ်မှာ အိပ်နေတာ၊ တန်းစီနေတာကို ဘာလို့ ခွင့်ပြုထားတာလဲလို့ မေးခွန်းထုတ်ပါတယ်။ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးကို "မျက်စိမှိတ်မနေပါနဲ့၊ ဥပဒေအတိုင်း အရေးယူပါ" လို့ သူက ဖိအားပေးပါတယ်။
၄။ "နိုင်ငံသားတွေရဲ့ လုံခြုံရေး"
အနီးအနားမှာ ရှိတဲ့ ကျောင်းက ကလေးတွေနဲ့ ဒေသခံတွေဟာ ဒီလို လူစိမ်း အမြောက်အမြားကြားမှာ ဖြတ်သန်းသွားလာရတာ "မလုံခြုံတော့ဘူး" လို့ သူက ပြောပါတယ်။ မလေးရှား လူမျိုးတွေက ကိုယ့်နိုင်ငံထဲမှာ ကိုယ်ကြောက်နေရတဲ့ အခြေအနေမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
သတိပြုရန်- ဒီဗီဒီယို ပြန့်ပြီးနောက်ပိုင်းမှာ UNHCR ရုံးရှေ့မှာ လုံခြုံရေးတွေ ပိုချတာ၊ လူစုလူဝေးကို လူစုခွဲတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အဲဒီနားကို သွားဖို့ ရှိတယ်ဆိုရင် စာရွက်စာတမ်း အပြည့်အစုံ ပါဖို့နဲ့ အသွားအလာ အထူးဆင်ခြင်ဖို့ လိုအပ်ပါတယ်။
မြန်မာတွေ အချင်းချင်း သတိရှိဖို့လိုပါတယ် 😌
မူရင်း Viedo link👇🏻👇🏻👇🏻👇🏻
https://www.facebook.com/share/v/1Bw4y1xPMb/?mibextid=wwXIfr
Card
18/01/2026
ဗဟုသုတပေါ့
မလေးရှားနိုင်ငံမှာ
ပြည်နယ် (၁၃) ခု ရှိပါတယ်
Johor (ဂျိုဟိုး)
Kedah (ကဒါ့)
Kelantan (ကလန်တန်း)
Melaka / Malacca (မလက်ကာ)
Negeri Sembilan (န
ဂရီ ဆင်ဘီလန်း)
Pahang (ပါဟန်း)
Perak (ပဲရက်)
Perlis (ပါလစ်စ်)
Pinang / Penang (ပီနန်)
Sabah (ဆာဘာ့)
Sarawak (ဆာရာဝက်)
Selangor (ဆလန်ဂေါ)
Terengganu (တရင်ဂါနူး)
အုပ်ချုပ်ရေးနယ်မြေ ၃ ခု
Kuala Lumpur
(ကွာလာလမ်ပူ)
Putrajaya
(ပူသရာဂျာယာ)
Labuan
(လာဘွမ်း)
ဘယ်ပြည်နယ်မှာ
ရောက်နေကြလဲ
ကိုပြည်နယ်ရဲ့ထူးခြားမှု
လေးတွေလည်း
ပြောသွားကြပါအုံး....
Click here to claim your Sponsored Listing.