Ah Su
ကျန်းမာရေးအကြောင်းလေးတွေ မျှဝေမယ်
02/01/2025
မင်္ဂလာပါရှင့်su ရဲ့ page အသစ်လေးပါရှင့်
suကကျန်းမာရေးနဲ့ပတ်သပ်တဲ့အကြောင်းအရာလေးတွေပြောပြချင်ပါတယ် ဘယ်အကြောင်းအရာကို အဓိကပြောချင်လဲဆိုတော့လည်ပင်းကြီးရောဂါနဲ့ပတ်သပ်တဲ့အကြောင်းလေးပြောချင်ပါတယ် ဒီနေရာမှာ su ကကိုယ်တိုင်ခံစားရတာလေးတွေကို ပြောပြချင်တာပါ
ပထမဆုံး စဖြစ်တုန်းက မျက်နှာမှာ ဝက်ခြံတွေအများကြီး ထွက်လာတယ် လည်ချောင်းထဲမှာလဲ တစ်ဆို့ဆို့ကြီးခံစားရတယ် နှလုံးခုန်တာတွေမြန်လာတယ် လက်ထဲမှာချွေးစေးတွေလဲပြန်လာတယ် ခန္ဓာကိုယ်ကပင်ပန်းလာတယ် အကြောင်းပြချက်မရှိစိတ်တွေရှုပ်ထွေးနေတယ် နောက်တခုက ဘယ်လောက်ပဲစားစားဝိတ်မတတ်လာဘူး အဲ့ဒီလိုမျိုးတွေခံစားခဲ့ရတယ်ပေါ့နော် အဲ့ဒါတွေရဲ့အဓိကအကြောင်းအရင်းကတော့ မိန်းကလေးတွေအများစုအဖြစ်များတဲ့ဟော်မုန်းပြောင်းလဲတာကြောင့်ပါ။ su ဘာလို့ ဒီအကြောင်းအရာလေးကို မျှဝေရလဲ ဆိုတော့ su မှာဒီလို လည်ပင်းကြီးရောဂါ စဖြစ်နေပီဆိုတာမသိခင်က အခုပြောပြသလိုမျိုးကျန်းမာရေးဆောင်းပါးလေးတခု ဖက်ဖူးတယ်အဲ့ဒါနဲ့မှ အထဲမှာရေးထားတဲ့အချက်အလက်တွေနဲ့ကိုက်ညီနေလို့ဆေးစစ်ကြည့်တော့မှအတိအကျဖြစ်နေပီဆိုတာသိရတာပေါ့နော် အဲ့ဒါကြောင့်အားလုံးကိုလဲ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Website
Address
Shah Alam
40400