shabyeng shabyeng

shabyeng shabyeng

Share

���

06/07/2026

အချစ်ဆိုတာ အေးချမ်းခြင်းလို့ထင်တာ
ခုတော့ သောကကို ထမ်းဘိုးပြီး
မောဟ ပြာပူထဲမှာ
ဖိနပ် မပါပဲ ပြေးခဲ့ရတာ ပါလားလို့
နားလည် လာတယ်
✍️.7.6.2026
video

29/06/2026

မိဘတွေအတွက်
လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်တဲ့တစ်နေ့...
အိပ်မက်တွေ အကောင်ထည်ဖော်ပြီးတဲ့ တစ်နေ့...
ချစ်ရသူတွေကို နှုတ်ဆက်နိုင်တဲ့ တစ်နေ့...
လုပ်စရာ ရှိတာတွေ လုပ်ပြီးသွားတဲ့ အဲ့တစ်နေ့မှာ....
လူခြေတိတ်ပြီး သဘာဝကြီးနဲ့ ရင်းနှီးမဲ့ နေရာလးတစ်ခု၊
မြက်ခင်းလွင်ပြင်ကြီးမှာ ပတ်ပြေးပြီး
မမောနိုင်အောင် ပျော်ရမဲ့ အချိန်လေးတစ်ခု၊

အိမ်သေးသေးလေးမှာ ပန်းပင်လေးတွေ စိုက်ပြီး အေးအေးဆေးဆေး စာဖတ်နိုင်မဲ့ ရပ်ဝန်းလေးတစ်ခု၊
ချစ်ခြင်း၊မုန်းခြင်း မရှိတဲ့
ဇုန်လေးတစ်ခုကို ဖန်တီးမယ်။

အဲ့ ဒီ နေရာမှာ...
ကျွန်တော့်ကို မုန်းသူတွေလည်း မရှိဘူး…
တိုက်ခိုက်မဲ့ သူတွေလည်း မရှိဘူး…
ချွဲမဲ့ သူတွေလည်း မရှိဘူး။
အဲ့ဒီနေ့ဟာ …
တစ်ရက်ရောက်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်။


#စာတို
#မေတ္တာ

27/06/2026
22/06/2026

သံသရာတစ်ကွေ့ကွေ့မှာ ခလုတ်တိုက်ခဲ့မယ်ဆိုရင် ကျောက်တုံးလိုလူနဲ့မတိုက်ချင်တော့ဘူး သူတို့က ကြည့်ရင်လဲ မာတယ် ကိုယ်ချင်းမစာတတ်တာများတယ် အုန်းသီးလို လူ နဲ့ပဲတွေ့ချင်တယ် (ဥဗမာ : ကျွန်မလိုလူပေါ့🙈) အုန်းသီးလိုလူက အပြင်ပန်းကြည့်ရင် မာရည်ကြောရည်ဆိုပေမဲ့ နူးညံ့တယ် ကြင်နာတတ်တယ်

22/06/2026

*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်။
*အမြင့်ရောက်ဖို့အတွက် ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး။
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား။
*မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး။
တကယ်တော့ တစ်ယောက်ထဲနေလို့ အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား။
*အလိမ်အညာတွေ ခံရဖူးတယ်။
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်။
အထင် အမြင်တွေ လွဲတာခံရဖူးတယ်။
စေတနာတွေ စော်ကားခံရဖူးတယ်။
*မခံမရပ်နိုင်လို့ တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်။
"ဘာမဟုတ်တာလေးနဲ့" တဲ့။
* ဟုတ်ပါတယ် ဘာမဟုတ်တာလေးတွေပါပဲ။
* ဘာမဟုတ်တာလေးတွေ တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်။
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်။
* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ။
*အပြုံးလှလှလေးတွေကိုလည်း မ တပ် မ က် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး။
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ်။
*အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး။
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး။ မကြိုက်ရင် မကြိုက်ဘူး။
မပေးနိုင်ရင် မပေးနိုင်ဘူး။ မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ။
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင် ကိုယ့်ကိုကိုယ်တောင် မုန်းတယ်။
*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ။ ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့
ဘယ်သူဘာပြောပြော ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်။
အ ရေး ကြီးတာ က ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား။ 🐾

11/06/2026

သူတို့က ကျန်းမာနေတဲ့သူတွေပဲ အမေရယ် ဝေသနာတွေအကြောင်း ဘယ်သိပါ့မလဲ🥺

25/05/2026

"ပုဂံခေတ်က လူဝင်စားတာလား
အောက်မေ့ရလောက်အောင် ပုဂံကို တမ်းတမိတယ်။
ဘဝရဲ့ တစ်နေ့မှာ ကိုယ်ပိုင်အိမ်လေးထဲ စာအုပ်တွေအများကြီး ဝယ်စုပြီး'
ပုဂံကလွမ်းစရာ' ကို ဖတ်ရင်း အချိန်တွေကို ကုန်ဆုံးစေချင်တယ်။
အချစ်ကို အလိုမရှိတော့ဘဲ
စာအုပ်တွေ လွယ်လွယ်ဝယ်လို့ရတဲ့ နေရာမှာ အခြေချချင်မိပါရဲ့"
တစ်နေ့ကျရင်တော့ အလွမ်းဆုံးဖြစ်တဲ့ ပုဂံမြေဆီ အရောက်သွားဦးမယ်🤎📝
#မြကျေးရုံတို့ပုဂံရွှေပြည် လေး ပြန်ထွက်လာပြီနော်

Website