Interior Costing Expert
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Interior Costing Expert, Singapore.
Learn Interior QS from scratch.
✔ 6-week Job-Ready Program
✔ Tender QS & Project QS Training
✔ Singapore Interior Design & Fit-Out Industry
✔ Practical, Industry-Focused Learning
Helping you build the skills to become an industry-ready Interior QS.
29/09/2026
Awarded Project တစ်ခု ကိုယ့်လက်ထဲ ရောက်လာပြီဆိုတာနဲ့ Project QS တစ်ယောက်အနေနဲ့ ဘာတွေကို အရင်ဆုံး လုပ်သင့်သလဲ? 🤔
Project တစ်ခု စပြီဆိုတာနဲ့ Contract, Budget Breakdown, Procurement နဲ့ Variation Control တွေကို Day 1 ကတည်းက အဆင်သင့်ဖြစ်အောင် Set Up လုပ်ထားဖို့ လိုပါတယ်။
ဒါတွေကတော့ Project အသစ်တစ်ခု ရလာပီဆိုရင် project QS အနေနဲ့ ကျွန်မ အရင်ဆုံး လုပ်လေ့ရှိတဲ့ Steps တွေပါ 👇
✅ Contract ကို အရင်နှံ့စပ်အောင် ဖတ်ပါ 📑
Project ရဲ့ Commercial Rules တွေကို မစခင်တည်းက ကြိုနားလည်ထားရပါမယ်။
• Payment Terms & Retention
• Liquidated Damages (LD) & Completion Date
• Variation / VO Procedures
• Extension of Time (EOT) & Final Account Conditions
✅ Budget Breakdown (Internal Cost) ကို ပိုင်ပိုင်နိုင်နိုင် Digest လုပ်ပါ 📊
Tender Price, Drawings နဲ့ Scope တွေကို သေချာပြန်စစ်ပြီး Cost Control လုပ်ဖို့ လိုအပ်တဲ့ Adjustments တွေ လုပ်ရပါမယ်။
"Internal Cost Breakdown ကို ကိုယ်တိုင် Digest မဖြစ်ရင် Cost Control ကို ဘယ်လိုမှ ထိထိရောက်ရောက် လုပ်လို့မရပါဘူး။"
✅ Procurement Plan ကို Timing နားလည်အောင် Review လုပ်ပါ ⏱️
Cost ကိုတင်မကဘူး၊ Procurement Timing ကိုပါ QS က ကြိုမြင်ထားရပါမယ်။
• ဘယ် Materials/Subcon တွေကို အရင် Order တင်ရမလဲ?
• Long Lead Items တွေ ဘာတွေပါလဲ?
• Supplier/Subcon Quotation တွေက ကိုယ့် Budget ထဲမှာ ဝင်ရဲ့လား?
👉 Cost + Procurement Timing = Complete Commercial Control ပါပဲ။
✅ Site Team နဲ့ Internal Kick-off Meeting လုပ်ပါ 🤝
Project စတာနဲ့ Site Team နဲ့ Commercial Objectives တွေကို Align လုပ်ထားပါ။ အားလုံးရဲ့ Scope, Responsibility နဲ့ Target တွေကို ရှင်းရှင်းလင်းလင်း သိထားမှ လုပ်ငန်းခွင်မှာ အလွဲအချော် နည်းမှာပါ။
✅ Variation Tracking Register ကို Day 1 ကတည်းက ဖွင့်ပါ 📝
Project ပြီးခါနီးမှ VO တွေ၊ Claim တွေ ပြန်လိုက်ရှာရင် အချိန်ကုန်ပြီး missed out ဖြစ်တတ်ပါတယ်။ Day 1 ကတည်းက Register တစ်ခုသီးသန့်ထားပြီး Update လုပ်ပါ။
• Site Instruction / Design Change / RFI
• Client Instruction / Cost Impact / Approval Status
Daily သို့မဟုတ် Weekly Log ပုံမှန်ရိုက်ထားတာက Project ပြီးခါနီးမှ အသည်းအသန် ပြန်စုတာထက် work load နဲ့ stress ကို အများကြီး လျော့စေပါတယ်။
💡 Project QS တစ်ယောက်ရဲ့ အဓိက တာဝန်က Cost, Contract, Procurement နဲ့ Variation တွေကို စနစ်တကျ Control လုပ်နိုင်ဖို့ပါ။
ဒီလို Practical ကျကျ Hands-on Knowledge တွေကို စနစ်တကျ သင်ယူချင်သူများအတွက် I.C.E ရဲ့ Oct 3 မှာ စမယ့် "Interior QS Job-ready Program Batch-02" လေးကို join လို့ရတာမလို့ Page Chatbox ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 👷♀️
18/09/2026
Student Feedback 💙
Thank you to all my students for sharing your feedback and experiences. Really appreciate your support and trust. 🤍
I’ll keep adding new feedback to this post as we go along. 🍀
16/09/2026
Contractor က “Variation Quantity” ဆိုပြီး Additional Cost Claim လာရင် Project QS အနေနဲ့ ဘာလုပ်မလဲ? 🤔
Project Award ရပြီး Site စတဲ့အချိန်မှာ Contractor က
“Variation Quantity မလို့ Additional Cost Claim လုပ်ချင်ပါတယ်…” ဆိုပီး ပြောလာရင် Project QS က ဘာတွေစစ်ရမလဲ?
1️⃣ Contract Type
Lump Sum လား? Re-measurement လား?
2️⃣ Scope of Work
ဒီ Item က Original Scope ထဲမှာ ပါသလား?
3️⃣ Tender Documents
ဒီ Item က Drawing / Specification / BOQ / Addendum / Clarification တွေမှာ ပါခဲ့သလား?
4️⃣ Variations ဖြစ်ရတဲ့အကြောင်းရင်း
Contractor က Quantity မှားတွက်တာလား?
ဒါမှမဟုတ် Client / Consultant ဘက်က Design Change သို့မဟုတ် Additional Requirement ဖြစ်တာလား?
5️⃣ Variation Order အဖြစ် valid ဖြစ်မဖြစ်
Original Scope / Docs ထဲမှာ မပါဘဲ နောက်ပိုင်းမှ client ရဲ့ Additional Requirement ဖြစ်လာတာဆိုရင်တော့ VO အဖြစ် သုံးသပ်နိုင်ပါတယ်။
💡 အဲ့ဒီတော့ QS တစ်ယောက်အနေနဲ့ မှတ်ထားရမယ့်အချက်က
Quantity variation = Automatic Claimable မဟုတ်ပါဘူး။
VO / Additional Cost Claim တစ်ခုရလာတိုင်း
Contract → Scope → Tender Documents → Addendum → Quantity Responsibility → Reason for Change
ဆိုပြီး တစ်ဆင့်ချင်း Review လုပ်ပါ။
Contractor ပြောတာကိုပဲ မကြည့်ဘဲ Contract က ဘာပြောလဲဆိုတာကို အရင်ကြည့်ပါ။
ဒီလို real project situations တွေကနေ QS practical knowledge တွေကို လေ့လာချင်တယ်ဆိုရင်တော့ I.C.E ရဲ့ 3rd Oct မှာစမယ့် Interior QS Job-Ready Program (Batch-02)လေး Join လို့ရပါတယ်ရှင် 🤍
15/09/2026
Looking forward to catching up with my Batch-01 students before we wrap up! 🤍
Wishing you all the best in achieving your goals soon! 🍀✨
New Batch မကြော်ငြာခင်ထဲက ကြိုပီးလာအပ်ထားတဲ့သူတွေလဲ ရှိတာမလို့ Oct 3 မှာ စမယ့် Batch-02 အပ်ချင်သူများ limited seat မပြည့်ခင် လာရောက်စာရင်းပေးလို့ရပါပီရှင် 📣
08/09/2026
Sometimes, a few words from a student remind you why you do what you do 🤍
05/09/2026
Singapore မှာ Interior QS တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ချင်လား?
Interior QS ဖြစ်ဖို့ ကြိုးစားနေသူတွေ၊ အခုမှ ID QS Career စတင်မယ့်သူတွေနဲ့ Singapore Interior Fit-Out Industry မှာ Career Upgrade လုပ်ချင်သူတွေအတွက် I.C.E ရဲ့ Job-Ready Interior QS Program - Batch 02 ကို မိတ်ဆက်ပေးချင်ပါတယ်ရှင် 😊
👩🏻🏫 Instructor Profile
Singapore Interior Fit-Out Industry မှာ ၁၃ နှစ်ကျော် အတွေ့အကြုံရှိပြီး လက်ရှိ Consultant Firm တစ်ခုရဲ့ Project Management/ Cost Consultant Manager အဖြစ် Singapore, Hong Kong, Australia နဲ့ London commercial fit-out projects များကို ဦးဆောင်လုပ်ကိုင်နေသူ Ma Thwe ကိုယ်တိုင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
💪🏻 6 Weeks အပြီးမှာ ဘာတွေ ရရှိမလဲ?
Program ကို သေချာလိုက်လုပ်ပြီး assignments တွေကိုပါ ထပ်နိုင်မယ်ဆိုရင် Interior QS တစ်ယောက်အဖြစ် ယုံကြည်မှုရှိရှိ စတင်လုပ်ကိုင်နိုင်မယ့် Practical Knowledge နဲ့ Skills တွေကို ရရှိသွားမှာပါ။
🌟 Program Highlights
✔️ Real Singapore Commercial & Residential Projects များဖြင့် သင်ကြားခြင်း
✔️ Tender Stage မှ Project Handover အထိ Complete QS Workflow
✔️ Practical Real-Project Assignment
✔️ Zoom Live Classes + Recorded Videos
✔️ International Career-Ready Skills
✔️ FREE Bonus:
-Bluebeam Revu Training
-Resume / CV Tailoring
-Interview Prep Sharing
Live Zoom Classes အပြင် Session တိုင်းရဲ့ Recorded Videos များကို ပြန်လည်ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။ Instructor နဲ့အနီးကပ် မေးမြန်းဆွေးနွေးနိုင်ပြီး Course တစ်လျှောက် Continuous Support ရရှိမှာဖြစ်လို့ ထိရောက်တဲ့ Learning Experience ကို ရရှိစေမှာပါ။
Interior QS Career ကို Singapore Standard နဲ့ စတင်ချင်တယ်ဆိုရင် အခုပဲ Page Messenger မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ 🤍
📩 Note: Limited seats for closer guidance, personalised feedback & better learning.
04/09/2026
အလုပ်ထွက်တော့မယ်ဆိုရင် ဒီ စာရွက်စာတမ်းတွေ မဖြစ်မနေ တောင်းခဲ့ပါ 📄✨
အလုပ်တစ်ခုက ထွက်တော့မယ်ဆိုရင် ဘာစာရွက်စာတမ်းတွေ တောင်းခဲ့ရမလဲ မသိလို့ဖြစ်ဖြစ်၊ မေ့ကျန်ခဲ့လို့ဖြစ်ဖြစ် မတောင်းခဲ့မိရင် နောက်ပိုင်း ကိုယ့်ရဲ့ Career Pathway၊ Education Pathway ဒါမှမဟုတ် PR/Visa တွေ လျှောက်တဲ့အခါ တကယ်ကို စိတ်ညစ်ရတတ်ပါတယ်။
Working experience ပြဖို့လိုတဲ့အခါမျိုးမှာ
ကိုယ် လုပ်ခဲ့တဲ့ ရုံးတွေရဲ့ စာရွက်စာတမ်းတွေ ပြဖို့လိုအပ်ပါတယ် docs ပြနိုင်တဲ့ ရုံးရဲ့ experience ကိုဘဲ ထည့် count တာမလို့ ကိုယ်က docs သေချာမပြနိုင်တဲ့အခါ အဲ့ဒီ experience က နှမြောဖို့ကောင်းတာပေါ့နော်
ဒါကြောင့် အလုပ်မှာ ရှိနေတုန်း၊ HR နဲ့ ဆက်ဆံရေး ကောင်းမွန်နေတုန်းမှာပဲ တောင်းထားတာ အကောင်းဆုံးပါပဲ။ ထွက်ပြီးမှ ပြန်တောင်းမယ်ဆိုရင် အရင်က ကိုယ်နဲ့ ရင်းနှီးသူတွေ အလုပ်ပြောင်းသွားတာ၊ ရုံးဟောင်းက ကူညီတောင်းရခက်တာမျိုးတွေ ကြုံရနိုင်ပါတယ်။
ဘာတွေ တောင်းရမှာလဲဆိုတော့
- အဲ့ရုံးကနေ ပထမဆုံးရတဲ့ လစာ payslip ရယ် ၊ အလုပ်ထွက်တဲ့ နောက်ဆုံးလမှာ ရတဲ့ payslip ရယ်
- Company letter head ပါတဲ့ Statement of Service (Employment letter) , ဒါကတော့ HR (or) ကိုယ့်ရဲ့ Supervisor တစ်ယောက်ယောက်က sign ထိုးပေးရတာပါ
အဲ့ docs ၂ ခုကို အလုပ်ထွက်တိုင်း ဆက်ဆက်တောင်းခဲ့မယ်ဆိုရင် ကိုယ်လိုအပ်တဲ့အခါ stress မဖြစ်ရတော့ပါဘူး
တကယ်လို့များ ပြည့်စုံတဲ့ employment letter format လိုချင်တယ်ဆိုရင် page ရဲ့ messenger ကနေ လာပြောလို့ရပါတယ် share ပေးပါမယ်ရှင့်
အားလုံး ရည်မှန်းချက်တွေ ပြည့်ဝပီး အဆင်ပြေကြပါစေရှင် 🍀🍀🍀
03/09/2026
လက်ရှိအလုပ်မှာ Interior ကို အခုမှ စပြီး တွက်ရတော့မယ့်အချိန်နဲ့ ကိုယ့်သင်တန်းကို Join ဖြစ်သွားတဲ့ အချိန်က Timing လေး ကိုက်ပီး အဆင်ပြေသွားတော့ သူလည်းပျော်၊ ကိုယ်လည်း ဝမ်းသာရတယ်🤓
ကိုယ်သင်ပေးတာတွေကို သူက တကယ်အသုံးချပြီး တဖြည်းဖြည်းနဲ့ တိုးတက်လာတာကို မြင်ရတာ ကိုယ့်အတွက်တော့ ပီတိတွေကို ဖြစ်နေရတာပါဘဲ 🤍🤍🤍
01/09/2026
Voting စနစ်နဲ့ဘဲ သွားဖြစ်တယ်တို့ ဘာတို့ 🤓🤓🤓
Click here to claim your Sponsored Listing.
Contact the business
Website
Address
Singapore
Alerts
Be the first to know and let us send you an email when Interior Costing Expert posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.