Only you
christine soung
ဒို့/
အမေ
သမီး ခိုးရာ လိုက်သွားပါပြီ။
သမီးကို မိဘတွေ ပြုစုနေရမှာ အားနာလာလို့ ပါ။
အမေတို့ ဆင်ပေးထားတဲ့ လက်စွပ် ဆွဲကြိုး လက်ကောက် တွေကို မယူချင်လို့ အိတ်နဲ့ထည့်ပြီး သမီးမှန်တင်ခုံပေါ်မှာ တင်ထားပြီးမှ သမီးတို့ စားဝတ်နေရေး အဆင်မပြေရင် အမေတို့ပဲ့ စိတ်ဆင်းရဲမှာ စိုးလို့ အကုန်ယူသွားပါပြီ။
ATM card လေးလည်း ယူသွားတယ် အမေ။
သိတယ် မဟုတ်လား။
လမ်းခရီးမှာ ငွေကိုင်တာ အန္တရယ် များတယ်လေ။
အသက်ကို ဥာဏ်စောင့် လို့ အမေတို့ သင်ပေးခဲ့တာ သမီး မမေ့ဘူး။
သမီး ချစ်သူကလည်း ရိုးရိုးသားသား ပါ။
စိတ်မပူပါနဲ့။
ယောင်္ကျားလေး ဆိုတော့လည်း နည်းနည်းပါးပါးတော့ သောက်တတ်စားတတ် တာပေါ့နော်။
အားကစားလည်း သူ ဝါသနာပါလို့ ဘောလုံးပွဲလည်း လောင်းတယ်လေ။
မကောင်းတဲ့ မိန်းမတွေနဲ့လည်း သူ မရှုပ်ဘူးတဲ့။
ကောင်းတဲ့ မိန်းမတွေနဲ့ပဲ့ ရှုပ်တာတဲ့။
ဘာပဲ့ဖြစ်ဖြစ် သမီး ကို၊ သူ ချစ်သလို သမီးကလည်း သူ့ကိုချစ်တယ်။
သူက ကြင်နာတတ်ပါတယ်။
ဂရုလည်းစိုက်တယ်။
ဟိုနေ့ကဆို သမီး ပါးမှာ ခြင်တစ်ကောင်နားနေလို့ သမီးကို ခြင်ကိုက်မှာ စိုးလို့ သူ ဖျန်းကနဲရိုက်ပလိုက်တာ သွားတစ်ချောင်း ကျွတ်တယ်။
မိဘဆိုတာ သားသမီးကို စိတ်ဆိုးလည်း ခဏ တဲ့။
ရွာဦးကျောင်းဆရာတော် ရှင်ပညာသာမိ ပြောဖူးတယ်။ မြေးမျက်နှာ မြင်ရင် အရည်ပျော်ရော တဲ့။
ဒါကြောင့်လည်း အမေတို့ မြေးချီနိုင်အောင် သမီးတို့ ကြိုးစားပါမယ်။
အမေတို့ ဒီစာကို ဖတ်နေချိန်မှာ သမီးက လေယာဉ်ကြီး စီးပြီး ဟိုး အဝေး ကို သွားနေပြီ မထင်လိုက်ပါနဲ့။
သမီး အခု စီးနေတာ နွားလှည်း ပါ။
ကျေးလက် သဘာဝ ကို သမီး ချစ်တယ်လေ။
ပကာသန တွေ မပါပါဘူး။
တစ်နေ့ကျ သမီး ပြန်လာခဲ့ပါမယ်။
သူနဲ့ကွဲရင်ပေါ့။
သမီးမိုက်...😝😝
မိုက်လိုက်တာသမီးရယ်
ရုန်ကန်ခြင်းတွေနဲ့ကြုံနေရရင်
မင်းဘေးနားရှိနေမှာ အတူဖြတ်တန်မယ်အချစ်ခွန်းအားနဲ့❤
အချိန်တွေ ကုန်တာ မြန်တယ် နော်
တကယ် မင်းမရှိတော့ ယောင်ချာချာ
ဖြစ်တဲ့နေ့ရက်တွေ မနဲတော့ဘူး လွမ်းတယ် ❤💔
27/07/2021
ဘဝဆိုတာ ထင်သလောက် မလွယ်ပါဘူး...
အဆင်ပြေရဲ့လာလို့ မေးရင်
အဆင်ပြေပါတယ်လို့ ပြောပြီး အဆင်မပြေစွာ
ဖြတ်သန်းနေရတဲ့ နေ့ရက်တွေ ရှိတယ်။
နေပျော်ရဲ့လားလို့ မေးရင်
နေပျော်ပါတယ်လို့ ပြောရင်
စိတ်ထဲမှာ ဝမ်းနည်းမှုတွေ
ဖုံးကွယ်ထားရတဲ့
အချိန်တွေရှိတယ်။
ဘဝမြာ နေတတ်ရင် ကျေနပ်စရာပါလို့
ကြွေးကြော်ရင်း
မနေတတ်ခဲ့လို့ ညဘက် အခန်းပိတ်
တစ်ယောက်တည်း
အော်ငိုခဲ့ရတဲ့ ညပေါင်များစွာတွေလည်း
ရှိခဲ့ကြပါတယ်။
သူများတွေ စိတ်ဓာတ်ကျနေလို့ ဝမ်းနည်းအားငယ်တဲ့အခါ
အားတင်းထားပါလို့ အားပေး နှစ်သိမ့်ရင်း ကိုယ်ကိုယ်တိုင်က
စိတ်အားငယ်နေလို့ ဘယ်သူမွ မမြင်အောင် မသိအောင်
တစ်ယောက်ထဲ ကိုယ့်ကိုယ်ကို အားပေး နှစ်သိမ့်နေရတဲ့
အချိန်တွေ ရှိတယ်။
ခရီးဆက်သွားရမယ် လမ်းတွေအတွက် ရှေ့ဆက်
လျှောက်လှမ်းရမယ်လို့ ကိုယ့်ဘာသာ ကြွေးကြော်
ထားပေမယ့် နောက်ပြန်ဆုတ်ဖို့ ပြင်ဆင်နေမိတဲ့
ကိုယ်ခြေထောက်တွေ ခဏခဏ ပြန်လှည့်နေရတဲ့
အချိန်တွေ ရှိတယ်။
လဲကျတိုင်း ပြန်ထနိုင်ခဲ့ပေမယ့် မထချင်တော့ပဲ
အဲ့ဒီနေရာမှာပဲ လဲကျနေချင်လောက်အောင်
ပင်ပန်း ခဲ့ရတဲ့ အချိန်တွေ ရှိတယ်။
တကယ်တော့ ဘဝဟာ အချိန်တွေကြာလာလေလေ
သိလာတဲ့ အသိနဲ့ ဘဝအတွေ့အကြုံတွေဟာ
ဘဝဆိုတာ ထင်သလောက် မလွယ်ပါဘူးဆိုတာကို
ပိုသိလာလေလေပါပဲ...ဒါကြောင့်လည်း
အရာရာကို အဆင်ပြေဖို့အတွက်
အဆင်မပြေမှုတွေနဲ့ ယဉ်ပါးနေမှ ရမယ်ပေါ့...
အောင်မြင်သူတိုင်းရဲ့ အတိတ်မှာ ကျရှုံးမှုမျိုးစုံရှိခဲ့ကြတယ်
အထူးသဖြင့် ကျွန်တော်တို့လို သာမာန်လူတန်းစားတွေအတွက်
ဘဝဆိုတာ ခက်ခဲမှုတွေ အံကြိတ်ခံနိုင်မှ
ပိုပြီကြိုးစားနိုင်မှ
အောင်မြင်မှုတွေ ရနိုင်မယ်...။။
soung
26/07/2021
{"အပြောကောင်သူထက် ဆုံမသူကို ငါပိုပြီတန်ဖိုးထားတယ်'''}
လောကမှာ နင်ကိုပြုံးပြတက်သူထက် ဆုံမတက်သူက အလွန်နည်းပါတယ်
ဘာလို့လဲဆိုတော့ လူတော်တော်များများက ကိုယ့်ကိုအမိုက်ခံပြီ လူတစ်ယောက်ကို ဆုံးမသွန်သက်ဖိုး ဝန်လေးတတ်ကြတယ်။ တချို့လူတွေက ဆုံးမသွန်သင်တာ မကြိုက်ကြဘူးလေ။
လူဆိုတာ အမှားနဲ့မကင်နိုင်သလို ပြီးပြည့်စုံတဲ့လူဆိုတာလဲ ဒီကမ္ဘာမှာ မရှိပါဘူး။ ကိုယ်ရဲ့လိုအပ်ချက်တွေ စေတနာသန့်သန့်လေ ဖြင့် ထောက်ပြသွန်သင်တတ်သူက တစ်ရာမှာတစ်ယောက်ရှိချင်မှရှိလိမ့်မယ် ။
ပြုံးပြတယ် ဆိုတာက ရင်ထဲက ပါချင်မှပါပါလိမ့်မယ် ဆုံမတာကတော့ ဘယ်လိုပဲဖစ်ဖြစ်စေတနာအပြည့် ပါပါလိမ့်မယ်လို့ ငါထင်တယ်
SOUNG
26/07/2021
"နိုင်ငံခြားဆိုတာ ထွက်လာပြီးရင် ပြန်ဖို့ခက်တဲ့အမျိုး"
နိုင်ငံခြားကို စထွက်လာတုန်က.....၃နှစ်လောက်လေး လုပ်ပြီး အရင်းအနှီးလေး ရရင် မိသာစုနဲ့ အ တူပြန်နေရင် ပျော်ရွှင်မယ်ပေါ့...။
(မြန်မာရုပ်ရှင်ကားတွေထဲကလို စိတ်ကူးယဥ်ခဲ့ဖူးတယ်)
၃နှစ်ခန့်ကြာပြီနောက်..... ~လိုပေါ့။
နှစ်လေးအနည်းငယ်အကြာ လုပ်သက်လေးရင့်လာတော့...မိသာစုအတွက် အိမ်လေးပြင် ချင်လို့...ဘာလေးလိုချင်လို့ ၁နှစ်လောက်ထပ်လုပ်လိုက်ပါဦးမယ်လေ....နဲ့နှစ်တွေကြာပြီမပြန်ဖြစ်တော့ဘူး။
"မိုးရွားတုန် ရေခံ'' ဆိုရိုးစကားအတိုင်း ရှာနိုင်တုန်လေး အရင်းအနှီးလေး ရအောင် ရှာဦးမှဟဲလို့ တဖုံ။
တဖြည်း ဖြည်း....„ဒေါ် လာငွေကြေးရဲ့ရေစီးကြောင်းနောက်စီးမျောလိုက်ပါရှေ့ဆက်တိုးရင်း.....နောက်ပြန်လှည့်ကြည့်တဲ့အခါ....ဟိုအရင်တုန်ကလို..
မိဘတွေရဲ့ နွေးထွေးတဲ့ မေတ္တာ ရင်ခွင်း ညီအကိုမောင်နှ တွေရဲ့ ချစ်ခင်မြတ်နိုးမူတွေ ဆွေမျိုးသားချင်းများရဲ့ နူးညံ့တဲ့ကြင်နာမူ.....ငယ်သူငယ်ချင်း အပေါင်းအသင်းများနဲ့ ပျော်ရွှင်ခဲ့ကြတဲ့ အချိန်ကာလတစ်ခု ပျောက်ဆုံမှန်မသိ ပျောက်ဆုံးခဲ့ပြီပြီလေး..
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် .......🙏🙏🙏
အခုလိုအချိန် အမေ့အိမ်ပြန်ဖို့ ခက်ခဲနေတဲ့ ကပ်ဘေးဆိုးကာလ တစ်ခုကျော်လွန် ပြီးဆုံး ချိန်အထိတော့....မိသာစု လက်ဆုံး ထမင်းဝိုင်းလေး'' ပြန်စားခွင့်ရအောင် ချစ်သူခင်သူ အပေါင်းနေကောင် ကျန်မားစွားနဲ့ နေကောင်း ကြပါစေလို့တိတ်တစိတ် ဆုတောင်းလေး ပြုနေရုံမှတပါး။
SOUNG
အိမ်က အမေ များ ဘယ်လောက် တောင် ကပ်သီးကပ်သတ် နိုင်လိုက်သလဲဆိုတာ
မနေ့က မိုးလေး အုံ့တုန် Spicy လေးစားချင်တယ် ပြောတဲ့ဟာကို ယံယံချဥ်းစပ်းကို ပြုတ် အရည်တွေသွန်ပစ် ငရုတ်သီးကြော်တွေထည့်နယ်လာပြီး ရော့..စားတဲ့😍
နင်ပြောတဲဲ့ခေါက်ဆွဲ ငါစားဖူးတယ်တဲ့ ချက်လဲချက်တက်တယ်တဲ့😅
အော် ကြောလန်အောင်စပ်နေတာပဲရှိတာ😖
ဘာအရသာမှမရှိဘူး စျေးကကြီတေးတဲ့ 😇
ဒါဆို $3ပဲကုန်တယ်တဲ့
သာဓုပါတော် သာဓု ပါ အမေ သာ ဒီပုံစံနဲ့ မာစတာချက် ဝင်ပြိုင်ရင် စကပ်တိုနဲ့ဘိုးတော်က
ဟင်းပွဲတင်မဟုတ်ဘူး သူ့ပါ အမိုက်ပုံးထဲထည့်ထောင်ထားလောက်တယ်။
soung
26/07/2021
တစ်ချို့က သူတို့မမှားပဲတောင်းပန်တတ်တယ် . . .
အဲ့လိုလူမျိုးကိုတန်ဖိုးထားပါ ။
မာနမထားပဲ မမှားပေမဲ့တောင်းပန်နေရင်
အဲ့တာမင်းကိုချစ်လို့ပဲ . . . ။
သံယောဇဉ်ကြိုးတွေဟာ သူလဲတင်းကိုယ်လဲတင်းရင်
ပြတ်တောက်သွားတတ်တယ်လေ . . . ။
ဒါကြောင့်အမြဲအလျော့ပေးပြီးတောင်းပန်တတ်တဲ့သူကို
တန်ဖိုးထားဖို့လိုတယ် . . . ။
ပြဿနာတစ်ခုခုဖြစ်တိုင်းအမြဲအလျော့ပေးပြီး
တောင်းပန်တတ်သူဟာ မင်းကိုမဆုံးရှုံးချင်တဲ့စိတ်နဲ့ပါ ။
အဲ့လိုလူကိုလဲအဆုံးရှူံးခံလိုက်ရတာမျိုးမဖြစ်စေနဲ့ ။
အမြဲခေါင်းငုံ့အရှုံးပေးနေကြသူတွေက ပြောင်းလဲသွားရင်
တစ်ခြားလူတွေထက် ပိုကြောက်စရာကောင်းတယ် ။
ဒါကြောင့် ကိုယ့်ဘက်ကလဲတောင်းပန်တာမျိုးလုပ်ပေးသင့်တယ် ။
သူကတော့ငါ့ဘယ်လိုလုပ်လုပ်ချစ်နေမှာပဲပြောင်းလဲမှာမဟုတ်ဘူးဆိုတာဟာ မှန်ပါတယ် ။
ဒါပေမဲ့ သည်းခံနိုင်တဲ့ အတိုင်းတာတစ်ခုအထိပဲမှန်လိမ့်မယ် ။
ဒါကြောင့် ချစ်တယ်ဆိုရင် . . .
ကိုယ်ဘက်ကမမှားလဲတောင်းပန်တတ်ရတယ် ။
အဲ့အခါကိုယ်ချစ်ရတဲ့သူက ပျော်ရွှင်ရတာမြင်ရတတ်တယ် ။
ငါကတော့လုံးဝမတောင်းပန်နိုင်ဘူးဟေ့ဆိုရင်တော့
အချိန်တန်မှမဟုတ်ဘူး အချိန်မတန်ခင်လဲပြတ်တတ်တယ် ။
မာနတွေ သိက္ခာတွေမပါတဲ့ချစ်ခြင်းမေတ္တာဟာ
သိပ်ပျော်စရာကောင်းပါတယ် . . . ။
ဒါကြောင့် မမှားပဲတောင်းပန်တတ်တဲ့သူကိုတန်ဖိုးထားပါ ။
Click here to claim your Sponsored Listing.