Beauty For you

Beauty For you

Share

13/01/2022
Photos from Beauty For you's post 15/10/2021
16/09/2021

ဝက်ခြံ အကြောင်းသိကောင်းစရာများနဲ့ ကုသနိုင်မယ့်
နည်းလမ်းကောင်းလေးများ
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
ဝက်ခြံကြောင့် Confidence မရှိတာမျိုး၊ စိတ်ညစ်ရတာမျိုးဖြစ်ဖူးကြလား⁉️
Skincare တွေသေချာသုံးလည်း ဝက်ခြံထွက် နေတုန်းပဲလား⁉️

🤦🏻‍♀️မျက်နှာပေါ်မှာရှိတဲ့ ပိုလျှံနေတဲ့ အဆီတွေနဲ့ အညစ်အကြေးတွေစုမိတဲ့အခါ ဝက်ခြံထွက်လာတတ်ပါတယ်။
ဆယ်ကျော်သက်အရွယ်တွေမှာလည်း ဟော်လ်မုန်းအပြောင်းအလဲကြောင့်ဝက်ခြံ အများဆုံးထွက်နိုင်ပါတယ်။
တစ်ခါတစ်ရံ ဟော်လ်မုန်းကြောင့်မဟုတ်ပဲ တစ်ခြားအကြောင်းတွေကြောင့်လည်းဝက်ခြံထွက်နိုင်ပါတယ်။

💁🏻‍♀️လူတိုင်းဝက်ခြံထွက်တတ်ကြပေမယ့်
Skin Type ပေါ်မူတည်ပြီး ဝက်ခြံအမျိုးအစား
တူမှာ မဟုတ်ပါဘူးနော်...

✨ဝက်ခြံအမျိုးအစား အမျိုးမျိုးရှိပြီး မတူညီတဲ့ ဝက်ခြံ (၅)မျိုးအကြောင်း ပြောပြပေးမယ်နော်...
(1)Blackheads (ဆားဝက်ခြံ)
(2)Whiteheads(အဆီဖု)
(3)Papules( ညှစ်မရတဲ့ ဝက်ခြံနီသေးသေးလေး)
(4)Pustules (သာမန်ဝက်ခြံ )
(5)Nodules (နီပြီးအဖုကြီးကြီးနဲ့ရောင်နေသောဝက်ခြံ)

💁🏻‍♀️ကဲ.....ဒါဆို ကိုယ်က ဘယ်လိုဝက်ခြံအမျိုးအစားပေါက်နေလဲဆိုတာ လေ့လာကြည့်ကြမယ်နော်

(1) Blackheads - ဆားဝက်ခြံ (သို့) အမဲဆံ လေးများဖြစ်ပြီး အရေပြားမျက်နှာပြင်မှာရှင်းလင်းစွာမြင်နိုင်တယ်။ နှာခေါင်းတစ်ဝိုက်မှာ အဖြစ်များပါတယ်။ မွှေးညင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ အဆီဂလင်းကို ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ တစ်ဝက်တစ်ပျက် ပိတ်ဆို့ပြီး အဆီခဲဝက်ခြံအနေနဲ့ တည်ရှိကာ ဆားဝက်ခြံ များဖြစ်ပေါ်တတ်ပါတယ်။

(2)Whiteheads- အဆီဖု လို့ ခေါ်တဲ့ ခပ်ဖြူဖြူအဖုလေးတွေပါ။မွှေးညင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ အဆီဂလင်းထိပ်မှာ ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ လုံးဝပိတ်ဆို့ပြီး ခပ်ဖြူဖြူအဖုလေးတွေကအဆီဖုအနေနဲ့ထွက်လာပါတယ်။
အဆီပြန်သူများအနေဖြင့် Blackheads နဲ့ Whiteheads တွေအဖြစ်များတတ်ပါတယ်။

(3) Papules - အရေးပြားပေါ် စူထွက်နေတတ်တဲ့ အနီရောင်အဖုသေးသေးလေးတွေပါ။ ယောင် တတ် နာတတ်ပါတယ်။ ပန်းရောင်သန်းသော ပြည်ကဲ့သို့အဖုသေးလေးများက နီရဲနေပြီး ယောင်နေသလိုမြင်ရကာ ညစ်၍မရသော ဝက်ခြံမျိုး ဖြစ်ပါတယ်။ အလှကုန် ပစ္စည်းများနှင့် ဓာတ်မတည့်ရာမှ ထွက်ပေါ်တတ်ပါတယ်။

(4) Pustules - အပေါ်ကပြောခဲ့တဲ့ papules ကိုမှ သန့်သန့်ရှင်းရှင်းမထားတဲ့အခါ ဖုန်နဲ့ အညစ်ကြေးတွေကြောင့်ဖြစ်ဖြစ် ပြည်တည်သွားရင်တော့ pustulesလို့ခေါ်ပါတယ်။ Papules ဝက်ခြံအမျိုးအစားကို မကုဘဲ ထားမယ်ဆိုရင်တော့ ပြည်ကဲ့သို့ အဝါရောင် (သို့) အဖြူအနှစ်လေးတွေပါရှိတဲ့ Pustule ဝက်ခြံအမျိုးအစားဖြစ်လာနိုင်ပါတယ်။

(5) Nodules - papules နဲ့ဆင်တူပေမယ့်ပိုကြီးတယ်။ သူတို့ကနာကျင်စေနိုင်ပြီးအသားအရေ အတွင်းပိုင်းထိနက်ရှိုင်းပါတယ်။ပြည်များနဲ့ ပြည့်နှက်နေသော ဝက်ခြံဖု အကြီးကြီး ဖြစ်ပြီး အဆုံးရွားဆုံး ဝက်ခြံ အမျိုးအစားပဲဖြစ်ပါတယ်။ အလှကုန် ပစ္စည်းများနှင့် ဓာတ်မတည့်ရာမှ ထွက်ပေါ်လာတတ်ပြီး ပျောက်ဖို့ခက်သလို အမာရွတ်များလဲ ထင်ကျန်တတ်ပါတယ်။

ဘယ်လိုချိန်တွေမှာ ဝက်ခြံပေါက်နိုင်လဲ⁉️
✨ကိုယ့်အသားရေနဲ့ မတည့်တဲ့ skincare ၊ cosmetics များသုံးမိခြင်းကြောင့်ပေါက်တတ်ခြင်း၊
✨မိတ်ကပ်များ အချိန်ကြာမြင့်စွာလိမ်းမိခြင်း၊
✨မိတ်ကပ်သေချာ မဖျက်မိခြင်း၊
✨မျက်နှာကို သန့်စင်စွာမထားခြင်း၊
✨အိပ်ရေးပျက်ခြင်း၊
✨စိတ်ဖိစီးမှုများခြင်း၊
✨နေထိုင်မှုပုံစံနဲ့ နေ့စဉ်စားသောက်သော အစားအသောက်တွေကြောင့်လည်းဖြစ်တတ်ပါတယ်‼️

Skincare တွေ ပုံမှန်လုပ်နေပေမယ့် ဘာကြောင့် ဝက်ခြံ ထွက်တာလဲ⁉️
Mask တွေအချိန်ပြည့် တပ်ထားမှူကြောင့်
🔺ချွေးပေါက်ပိတ်မှု၊
🔺ပုံမှန်ထက် အဆီပိုထွက်မှုများခြင်း၊
🔺Mask တစ်ခုတည်းတစ်နေကုန် သုံးတာကြောင့်ပိုးမွှားများ ပေါက်ဖွားမှု၊
🔺လေဝင်လေထွက်မရှိပဲ ပိတ်လှောင်နေမှု
တို့ကြောင့်လည်း ဝက်ခြံထွက်လွယ်တတ်ပါတယ်

Mask ကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေက💁🏻‍♀️
👉mask တစ်ခုတည်းကို တစ်နေကုန်ကြာရှည် အသုံးမပြုသင့်ပါဘူး တစ်နေ့ကို အနည်းဆုံး နှစ်ခုတော့ လဲသုံးပေးရပါမယ်
👉mask ကိုသန့်တာလေးတွေရွေးချယ်ပေးရပါတယ် တစ်ခါသုံး mask တွေကို ပြန်လျှော်ပြီးမသုံးသင့်ပါဘူး
👉ပြန်သုံးလို့ရတာလေးတွေရွေးချယ်မယ်ဆို ချည်သားနဲ့ လုပ်ထားတာလေးတွေရွေးချယ်သင့်ပါတယ်နော်
👉mask တပ်မယ်ဆို မိတ်ကပ်ထူထူကြီးတွေ မလိမ်းသင့်ပါဘူးနော်

ဝက်ခြံ ထွက်တာ သက်သာ စေဖို့ ဘယ်လိုကာကွယ်ရမလဲ⁉️
✅တစ်နေ့ကို မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်မျက်နှာသစ်ပါ။
✅အိပ်ယာခင်း ၊ ခေါင်းအုံးစွပ်ကို သန့်ရှင်းစွာ
ထားပါ။ တစ်ပတ်တစ်ကြိမ် လဲပါ။
✅နေ့တိုင်း အသုံးပြုနေသော မျက်နှာသုတ်ပုဝါကို သန့်ရှင်းစွာ ထားပါ။ တစ်ခါသုံး Tissue သုံးရင်ပိုကောင်းပါတယ်။
✅မိတ်ကပ်လိမ်းပြီးတိုင်းcleansing
သေချာလုပ်ပါ။
✅မျက်နှာနှင့် ပတ်သတ်ပြီး အသုံးပြုသော ပစ္စည်းတိုင်းကို သန့်ရှင်းစွာထားပါ။
✅Milk ပါသော skincare နဲ့ cosmetics ပစ္စည်းတွေရှောင်ပါ။ မျက်နှာကိုလက်ဖြင် ခဏခဏမကိုင်ရပါ။

💁🏻‍♀️အိမ်တွင်း ပစ္စည်းများနဲ့ ဝက်ခြံထွက်တာ ဘယ်လိုကာကွယ်ရမလဲ⁉️

✅Blackheads (ဆားဝက်ခြံ)အတွက်ကုသနည်း
🔺ရေနွေးငွေ့ခံပေးပါ။
🔺စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးပါ။
🔺အစိုဓါတ်ထိန်းတဲ့ Cream လေးလိမ်းပေးပါ

✅Whiteheads (အဆီဖု) အတွက်ကုသနည်း
🔺မျက်နှာကို (၂)ကြိမ်ကနေ (၄)ကြိမ်အထိ သန့်စင်ပေးပါ
🔺ဝက်ခြံရှိတဲ့နေရာကို မုန့်ဖုတ်ဆော်ဒါ ခပ်ပျစ်ပျစ်လေးဖျော်ပြီး အနှစ်လေးတွေက်ို လိမ်းပေးပါ
🔺မိနစ်အနည်းငယ်ထားပြီး ရေစင်အောင်ဆေးချပေးပါ

✅Papules ( ညှစ်မရတဲ့ ဝက်ခြံနီသေးသေးလေး) အတွက်ကုသနည်း
🔺မျက်နှာကို သန့်စင်ပြီး ရေခြောက်အောင်သုတ်ပေးပါ
🔺ခရမ်းချည်သီးကို ပါးပါးလေးလှီးပြီး ကပ်ပေးပါ
🔺မိနစ်(၃၀)လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ပြန်ဆေးပေးပါ

✅Pustules (သာမန်ဝက်ခြံ ) အတွက်ကုသနည်း
🔺ညအိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်အောင်သစ်ပေးပါ
🔺ရှားစောင်းလက်ပပ်အနှစ်လေးတွေလိမ်းအိပ်ပေးပါ
🔺မနက်နိုးတဲ့အခါ မျက်နှာသစ်ပေးပါ

✅Nodules (နီပြီးအဖုကြီးကြီးနဲ့ရောင်နေသောဝက်ခြံ) အတွက်ကုသနည်း
🔺မျက်နှာကို သန့်စင်အောင်ထားပါ
🔺အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါ ၊ ခေါင်းအုံးစွပ်များကို သန့်စင်စွာထားပါ
🔺ဝက်ခြံပေါ်မှာ Salicylic Acid ကိုသုံးပေးပါ

‼️ဝက်ခြံ၊ဆားဝက်ခြံနဲ့ အဆီဖုတွေ
မျက်နှာပေါ်က အဆီတွေနဲ့
ချွေးပေါက်ထဲက အညစ်အကြေးတွေကို စုပ်ယူဖယ်ရှားပေးပြီး မျက်နှာအသားအရေကို ချက်ချင်းကို
ချောမွေ့ပြီး နူးညံ့သွားစေဖို့
တစ်ပတ်ကို နှစ်ကြိမ်လောက် scrub ပုံမှန်တိုက်ပေးနိုင်ပါတယ်။ မျက်နှာသာမက ခန္ဓာကိုယ်တွေပါ scrub တိုက်နိုင်တယ်နော်။
ဒူးခေါင်း၊ တံတောင်ဆစ်၊ ချိုင်းကြားနဲ့ လည်ပင်းတွေပါ တိုက်ပေးနိုင်ပါတယ်။

ဝက်ခြံ ကင်းစင်တဲ့ မျက်နှာလေး
ပိုင်ဆိုင်နိုင်ဖို့.... Crd 🌟

(ကိုရီးယားရဲ့ ကမ္ဘာ့အကြီးဆုံး Cosmax
အလှကုန်စက်ရုံတွင်ထုတ်လုပ်သည်)

12/08/2021

သင်သိပါသလား
သင် ရဲ့ အသားအရေ အမျိူးအစား

အသားအရေ အမျိူးအစား 7မျိူး ရှိပါတယ်

၁။ အသားအရေ ခြောက်သွေ့ခြင်း
၂။ အဆီပြန်တဲ့ အသားအရေ
၃။ ပေါင်းစပ် အသားအရေ
၄။ ခြောက်သွေ့သော အသားအရေ
၅။ အာရုံခံ အသားအရေ
၆။ Acne-Prone အသားအရေ
၇။ ပုံမှန် အသားရအရေ

Photos from Beauty For you's post 11/08/2021

🙈၀က်ခြံ အကြောင်းသိကောင်းစရာ

🙈ချစ်တို့ရေ ကိုယ့်အသားအရေပေါ်မှာ ၀က်ခြံလေးတွေထွက်လာပြီဆိုရင် ဘာကြောင့် ၀က်ခြံ ဖြစ်လာသလဲ

🙈 ဝက်​ခြံလေး တွေ​မထွက်အောင် အနေအထိုင်အစားအသောက်ကို ဘယ်လို ဆင်ခြင်နေသွားရမလဲဆိုတာ ဂရုစိုက် ရအောင် ပြန် လည်မျှဝေပေးလိုက်ပါတယ်နော်
HM by KZM 💖

photo Credit

06/08/2021

ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------

ဒေါက်တာအေးမင်းထူး

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

#ဒေါက်တာအေးမင်းထူး

06/08/2021

အမေးအများဆုံးမေးခွန်းပါ
အဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?

ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်

အဆီဖုဖြစ်ရတဲ့အကြောင်းအရင်း...........................

✔︎ မိတ်ကပ်လိမ်းပြီး သေချာပြောင်အောင်မဖျက်တာ
✔︎ သနပ်ခါးလိမ်းပြီး double cleansing မလုပ်တာ
✔︎ suncream မလိမ်းပဲ အပြင်ထွက်တာ
✔︎ မျက်နှာကိုသေချာပြောင်စင်အောင်မသစ်ပဲ အိပ်ရာ၀င်တာ
✔︎ ရေသောက်နည်းတာ
✔︎ အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများတာ
✔︎ လေထုထဲကအညစ်အကြေးဖုန်မှုန့်တွေကြောင့်လဲချွေးပေါက်ပိတ်ဆို့ပြီး အဆီဖုတွေဖြစ်လာနိူင်ပါတယ်

အဆီဖု အဖြစ်အများဆုံးနေရာတွေကတော့
နဖူး မျက်လုံးအောက်ဖက်နဲ့ မေးစေ့တစ်ဝိုက်ပဲဖြစ်ပါတယ်

စိတ်ဖိစီးမှုများခြင်းကြောင့်နဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လဲ အဆီဂလင်းတွေပိုမိုပြီးအလုပ်လုပ်ရာကနေ

အဆီထုတ်လုပ်မှုများပြီးတော့ ချွေးပေါက်တွေပိတ်ဆို့ရာကနေ မျက်နှာပေါ်မှာရှိနေတဲ့ဆဲလ်သေတွေက အပြင်သို့မထွက်နိုင်တဲ့အခါ အဆီဖုတွေဖြစ်လာရပါတယ်

✔︎ အဆီဖုမှာလဲအမျိုးအစားရှိပါတယ် ထိပ်ဘက်မှာအဆံအမဲရှိတာကို ဆား၀က်ခြံအဆီဖု(𝗕𝗹𝗮𝗰𝗸𝗵𝗲𝗮𝗱) ဖြစ်ပြီးထိပ်ဘက်မှာအဆံအဖြူ လေးတွေရှိတာက(𝗪𝗵𝗶𝘁𝗲 𝗵𝗲𝗮𝗱)ပါ

✔︎ 𝗢𝗶𝗹𝘆 𝗦𝗸𝗶𝗻 တွေနဲ့ 𝗖𝗼𝗺𝗯𝗶𝗻𝗮𝘁𝗶𝗼𝗻 𝗦𝗸𝗶𝗻 𝗧𝘆𝗽𝗲 တွေမှာ
ပိုပြီးအဖြစ်များပါတယ် အဆီထုတ်လုပ်မှုများတဲ့အတွက်မျက်နှာကိုချွေးပေါက်ပွင့်အောင် မဖွင့်ပေးဘူးဆိူရင် မျကိနှာအရေပြားအောက်မှာအောင်းပြီး ၀က်ခြံ အဆီဖု ဆား၀က်ခြံတွေဖြစ်လာရတာပါ ဒါကြောင့် 𝗢𝗶𝗹𝘆 𝗦𝗸𝗶𝗻 𝘁𝘆𝗽𝗲 တွေနဲ့ 𝗖𝗼𝗺𝗯𝗶𝗻𝗮𝘁𝗶𝗼𝗻 𝗦𝗸𝗶𝗻 𝘁𝘆𝗽𝗲 တွေက 𝗖𝗹𝗲𝗮𝗻𝘀𝗶𝗻𝗴 ကို သေချာနိုင်အောင်လုပ် ပေးဖို့လိုအပ်ပါတယ်

✅ လိုက်နာရမည့်အချက်များ ✅

❤︎ မိတ်ကပ်ကိုပြောင်စင်အောင်ဖျက်ပါ မိတ်ကပ်မဖျက်ပဲ အိပ်ရာမ၀င်ပါနဲ့ ❌
❤︎ မိတ်ကပ်မလိမ်းတဲ့နေ့လဲမျကိနှာကိုသေချာသန့်စင်ပေးဖို့လိုအပ်ပါတယ် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၀င်နေနိူင်တာကြောင့် 𝗖𝗹𝗲𝗮𝗻𝘀𝗶𝗻𝗴 လုပ်ပေးရပါမယ်
❤︎ တစ်ပတ်နှစ်ကြိမ်မျကိနှာကို 𝗦𝗰𝗿𝘂𝗯 တိုက်ပေးပါ
❤︎ အပြင်သွားတိုင်း 𝗦𝘂𝗻𝗰𝗿𝗲𝗮𝗺 လိမ်းပေးပါ
❤︎ စိတ်ဖိစီးမှုလျော့ချပါ
❤︎ ရေများများသောက်ပါ
❤︎ အဆီအဆိမ့်အချိူ သကြားနို့ ရှောင်ပါ
❤︎ မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်းရှောင်ပါ
❤︎ ဆံပင်နဲ့ အိပ်ယာခင်းများကိုသန့်စင်အောင်ထားပါ

💙 အိမ်တွင်းကုသရမည့်နည်းလမ်း 💙

ရေနွေးငွေ့နဲ့မကြာခဏပေါင်းတင်ပါ။

ရေနွေးပွက်ပွက်ဆူတာကို ဇလုံတစ်ခုထဲကိုထည့်ပါ ။ထွက်လာတဲ့အငွေ့ကိုမျကိနှာအပ်ပြီးခံပါ။
အရမ်းနီးကပ်ဖို့ မလိုပါဘူး ။
ကိုယ်ခံနိုင်သလောက် အနေအထားကနေ အငွေ့အပြင်ကိုမထွက်စေဖို့ တဘတ် ခေါင်းမြီးခြုံ ပြီး အငွေ့ခံပါ။

ရေနွေ့းငွေ့ခံပြီး 𝗦𝗵𝗲𝗲𝘁 𝗠𝗮𝘀𝗸 အသုံးပြုရင် ပိုပြီးရလဒ်ကောင်းပါတယ် ပြီးရင်တော့ 𝗧𝗼𝗻𝗲𝗿 ပြန်လိမ်းပေးထားဖို့လိုအပ်ပါတယိ

အားလုံးပဲအဆင်ပြေကြပါစေ💙🙆

𝗟𝗼𝘃𝗲 𝘆𝗼𝘂 𝗮𝗹𝗹 💞💞

Crd

06/08/2021

မျက်နှာအဆီပြန်မှုကို တစ်ညတည်းနဲ့ လျော့ပါးစေမယ့်နည်းလမ်းလေးပါ😘

နေ့စဉ် သွားလာလှုပ်ရှားနေရတဲ့အခါ လေထုနဲ့ ဖုန်မှုန့်တွေက
မျက်နှာကို ကပ်ငြိပြီး အဆီပြန်မှုကို ဖြစ်စေပါတယ်။
ဒါ့ပြင် အဆီများတဲ့ အစားအစာတွေကလည်း
မျက်နှာအသားအရေကို အဆီပြန်စေနိုင်ပါသေးတယ်။
အဆီပြန်ခြင်း ကင်းဝေးတဲ့ မျက်နှာလေးရရှိဖို့ ညဘက်မှာ ပေါင်းတင်ကြည့်ရအောင်လေ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ....
နနွင်းမှုန့် (ဆနွင်းမှုန့်) လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့
ရှားဇောင်းလက်ပက်အနှစ် လက်ဖက်စားဇွန်း ၂ ဇွန်းတို့ပဲ
ဖြစ်ပါတယ်။

ဒီနှစ်မျိုးကို ခွက်တစ်ခုထဲမှာ
- သမသွားအောင် မွှေပေးရပါမယ်။

- ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးထားပါ။

- နာရီဝက်လောက် ကြာရင်တော့ ရေဆေးပြီး
မျက်နှာသစ်လိုက်လို့ရပါပြီ။

နနွင်းက အဆီပြန်မှုကို လျော့ပါးစေပြီး ရှားဇောင်းကမျက်နှာအသားအရေကို
စိုပြေစေပါတယ်။ နောက်နေ့မနက်မှာတော့
အဆီပြန်ခြင်းကင်းပြီး ဝင်းပစိုပြေတဲ့မျက်နှာလေးကို
ရရှိပြီပေါ့ရှင်..။

Pageလေးကိုlike&followလုပ်ဖို့မမေ့နဲ့နော်💖

06/08/2021

Basic Skincare Step လေးပြောပေးမရ်နော်
❗❗❗❗❗❗❗❗❗❗❗❗❗❗

1.မျက်နှာသေချာသစ်ပေးပါ။(Double Clensing လုပ်ပေးပါဗျာ။)
2.Toner သုံးပေးပါ(မျက်နှာသစ်ပြီး တိူင်း)
3. Moisturizer လိမ်းပေးပါ။
4.Suncream ပုံမှန်လိမ်းပါ။
5.တစ်ပတ် ၂ ကြိမ် Mask ကပ်ပေးပါ။
6.တစ်ပတ်တစ်ကြိမ် Scrub တ်ိုက်ပေးပါ။
7.အစား၊အသောက် ၊အိပ်ရေး ဂရာစိုက်ပေးပါ ။
8.အိပ်ယာခင်း၊ခေါင်းအုံးစွပ် ၃ရက်တစ်ကြိမ်
လျော်ပေးပါ..။
9.နို့ရည်၊ Whiteing ပါတာ ရှောင်ပါ။(ဝက်ခြံသမား)
10.မျက်နှာသုတ်ပဝါအစား tissue သုံးပေးပါ။
11.မျက်နှာကို လက်နဲ့ခဏခဏမကိုင်ပါနဲ့။
12.မျက်နှာမသစ်ခင် လက်ကိုအရင်ဆေးပါ။

Photos from Beauty For you's post 06/08/2021

ငှက်ပျောသီးအခွံနဲ့ အလှအပ🍌🍌🍌

ငှက်ပျောသီးအခွံ 🍌🍌ကို
💛မျက်နှာလေးဖြူဖို့အတွက်

💛အရေးအကြောင်းတွေ ပါးလာဖို့အတွက်

💛သွားဖြူစေဖို့အတွက်

💛အသားအရေမညီတာတွေအတွက်

💛အမာရွတ်တွေပါးဖို့အတွက်

💛မျက်ကွင်းညိုတာတွေအတွက်

💛ခြေမျက်စိမဲတာတွေ

💛ဝက်ခြံတွေအတွက် သုံးလို့ရပါတယ်။

အနည်းဆုံး နာရီဝက်ထားပေးပြီး တပတ်ကို အနည်းဆုံး ၂ ကြိမ်လုပ်ဆောင်ပေးပါ။
ပျားရည်၊ကြက်ဥအကာတွေနဲ့လည်းရောစပ်ပြီး သုံးလို့ရပါတယ်။
💁‍♀️💁‍♀️ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ၊ အနီအစက်အစက်တွေ ထွက်ပြီး ယားယံနေတယ်ဆိုရင် ငှက်ပျောခွံရဲ့ အတွင်းသားနဲ့ ယားယံတဲ့နေရာတစ်ဝိုက်ကို ပွတ်တိုက်ပေးပါ။ တစ်နေ့(၂)ကြိမ် အနဲဆုံးပွတ်တိုက်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါ့အပြင် ငှက်ပျောခွံကို ဝက်ခြံတွေကုသရာမှာလည်း အသုံးဝင်ပါသေးတယ်။ ဝက်ခြံရှိတဲ့နေရာကို သန့်စင်ဆေးကြောပြီး ငှက်ပျောခွံနဲ့ အိပ်ယာမဝင်မီ နေ့စဉ်ပွတ်တိုက်ပေးပါ။ အချိန်တိုအတွင်း သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။🤗🤗

သခွားသီးနဲ့ အလှအပ 🥒🥒🥒

သခွားသီးကို ဒီလိုနည်းလမ်းတွေအတွက်သုံးလို့ရပါတယ်

အသားအရေ တင်းပြီးပြောင်ဖို့ အတွက်
အကြောပြတ်ရာတွေအတွက်
ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ အမာရွတ်တွေ
မျက်ကွင်းညိုတာတွေအတွက်
ဆံသားတောက်ပဖို့ နဲ့
နေလောင်တာကို ပြန်ပြီးကုစားပေးဖို့ အတွက်ပါ။
အသုံးပြုပုံအနေနဲ့ကတော့
သခွားသီး ကို အကွင်းလိုက် လှီး ပြီး ကပ်လို့ရသလို
သခွားသီး ကို အရည် ရအောင်ကြိတ်ပြီး သံလွင်ဆီ ၊ အုန်းဆီ၊ ရှားစောင်းလက်ပတ်တို့နဲ့လည်းရောစပ်ပြီး လိမ်းပေးလို့ရပါတယ်။
အနည်းဆုံး နာရီဝက်ထားပေးပြီး တပတ်ကို အနည်းဆုံး ၂ ကြိမ်လုပ်ဆောင်ပေးပါ။

Thank you for reading ❤️

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Telephone

Website

Address

Singapore