Pyae Phyo Khine

Pyae Phyo Khine

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Phyo Khine, Makeup artist, Singapore.

25/08/2026

တစ်နေကုန် လှနေတာပဲလို့ အပြောခံရတဲ့ Dior ရဲ့ နာမည်ကြီး Dior Backstage Rosy Glow 💛မိတ်ကပ်လိမ်းသူရဲ့ အသားအရေ စိုထိုင်းဆနဲ့ pH level ပေါ်မူတည်ပြီး အရောင်ကို သဘာဝကျကျ အလိုအလျောက် ပြောင်းလဲပေးတဲ့ ပါးနီကို သိပြီးသားလား။

အသားထဲ စိမ့်ဝင်သွားစေမယ့် အနုစိတ်ဆုံး Powder Formula သစ်နဲ့ ဖန်တီးထားတာကြောင့် ပါးပြင်ပေါ်မှာ ချောမွေ့ပြီး ဒုတိယအလွှာ အသားအရေလေးလိုမျိုး ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်လို့ ပြည့်ဖြိုး မိတ်ဆက်ပေးမယ်နော်။ ဒီပါးနီက ထပ်ခါထပ်ခါ လိမ်းလည်း ကွက်သွားတာမျိုးမရှိပါဘူး။ ရောင်စဉ်အနုအရင့်ကို မိမိစိတ်ကြိုက် ဖန်တီးယူနိုင်ပါတယ်။
ထူးခြားတာက ဘယ်သူပဲ လိမ်းလိမ်း မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ သဘာဝဆန်ဆန် ပါးနီရောင် (Custom/Personalized Pink) ကို ရစေလို့ သုံးလို့ကောင်းတာကြောင့် ပြည့်ဖြိုး ကြိုက်ပါတယ်။

ပါးနီလေးက Powder Texture ဖြစ်ပြီးအလွန် နူးညံ့ပြီး မှုန့်ညက်နေပါတယ်။
ကြာရှည်ခံပါတယ်။ တစ်နေ့တာလုံး အချိန်အကြာကြီး အရောင်မပျက်ဘဲ ကြာရှည်ခံတဲ့အပြင် ပါးနီက Glow ပြီး ကြည်လင်တဲ့ သဘာဝ အသားအရေ အရောင်အတိုင်းကို ပေးပါတယ်။

ဘယ်သူတွေနဲ့ တောင် လိုက်ဖက်လဲ?
• No-makeup makeup look ၊ မိတ်ကပ်မပြင်ထားဘဲ သဘာဝ အတိုင်းလေး လှနေတာမျိုး လေးဖြစ်အောင် ပြင်ဆင်ချင်သူတွေ ပါးပြင်ပေါ်မှာ သဘာဝကျကျ လတ်ဆတ်တဲ့ အရောင်လေးပဲ တင်လိုက်ရုံနဲ့ လှပါတယ်။
• မိတ်ကပ်လိမ်းရတာ သိပ်မကျွမ်းကျင်သေလည်း သဘာဝမကျဘဲ အကွက်ထင်ကျန်တာမျိုး မဖြစ်စေပါဘူး။
• "Less is more" ဆိုတဲ့အတိုင်း သပ်ရပ်သန့်ရှင်းနေပြီး ရိုးရိုးရှင်းရှင်းနဲ့ အထက်တန်း ကျကျ လှပ စေတဲ့ Dior ရဲ့ ပစ္စည်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တယ်လို့ ပြည့်ဖြိုး ထင်ပါတယ်။
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊
• ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ?
• ဘယ်ပစ္စည်းနဲ့ တွဲသုံးရင်ကောင်းလဲ? အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလုံးကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
• ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
• တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
• Singapore ရောက် ခဲ့ရင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
• ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
• Like & Share လုပ်ဖို့ မမေ့နဲ့နော်
• ချစ်တဲ့
• ပြည့် ဖြိုး

16/08/2026

နေ့တိုင်းသုံးတဲ့ Skincare Routine ထဲမှာ မဖြစ်မနေပါသင့်တဲ့ Dior UV Protection လေး…

☀️ Dior Hydrating Invisible UV Fluid SPF 50+ PA++++ 🤍

နေရောင်ကာကွယ်ရုံတင်မကဘဲ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး စိုပြေချောမွေ့နေစေတဲ့ Skincare UV Fluid တစ်မျိုးကို ရှာနေတယ်ဆိုရင် Dior ရဲ့ Hydrating Invisible UV Fluid SPF 50+ PA++++ ကို မိတ်ဆက်ပေးချင်ပါတယ်။ ✨

Dior Skincare Scientists တွေနဲ့ Dior Asian Innovation Centers တို့ရဲ့ နှစ်ပေါင်းများစွာ သုတေသနပြုမှုတွေကနေ ဖန်တီးထားတဲ့ ဒီ UV Fluid လေးမှာ—

☀️ SPF 50+ PA++++
UVA & UVB ရောင်ခြည်တွေကို ကာကွယ်ပေးဖို့ အဆင့်မြင့် UV protection system ပါဝင်ပါတယ်။

💧 Deep Hydration
Hyaluronic Acid ပါဝင်လို့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး စိုစိုအိအိ၊ နူးညံ့ချောမွေ့တဲ့ feeling ကို ပေးစွမ်းပါတယ်။

✨ Invisible Finish
လိမ်းပြီးတဲ့အခါ လေးလံကပ်စေးတာမျိုးမရှိဘဲ ပေါ့ပါးပြီး အသားအရေပေါ်မှာ သဘာဝကျကျ နေစေဖို့ ဖန်တီးထားပါတယ်။

🤍 No White Cast
နေရောင်ကာလိမ်းထားရင် မျက်နှာဖြူဖွေးဖွေးကြီး ဖြစ်ကျန်တာမျိုးမရှိဘဲ အသားအရေရဲ့ သဘာဝအရောင်အတိုင်း လှပနေစေပါတယ်။

🌿 Nymphaea Alba Root Extract
အသားအရေကို အေးမြသက်သာစေပြီး နေရောင်ခြည်ကြောင့် ဖြစ်လာနိုင်တဲ့ မသက်မသာ feeling တွေကို သက်သာစေဖို့ ကူညီပေးပါတယ်။

✨ Vitamin E
အသားအရေကို ထိန်းသိမ်းကာကွယ်ပေးဖို့ ကူညီပေးပါတယ်။

နေရောင်ခြည်က အသားအရေရဲ့ အိုမင်းရင့်ရော်မှု၊ အမဲစက်နဲ့ အသားအရေမညီညာမှုတွေ ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်လို့ နေ့တိုင်း UV Protection သုံးပေးတာက Skincare Routine ရဲ့ အရေးကြီးတဲ့အဆင့်တစ်ခု ပါ။ ☀️

ဒါကြောင့်—

“Sunscreen က လေးလံတယ်…”
“လိမ်းရင် မျက်နှာဖြူဖွေးသွားတယ်…”
“အသားအရေခြောက်သွားတယ်…”

ဆိုတဲ့သူတွေအတွက် ဒီ Dior UV Fluid လေးက စမ်းကြည့်သင့်တဲ့ Formula တစ်ခုပါ။ 🤍

Skincare ကောင်းကောင်းသုံးပြီး နေရောင်ကာကို မမေ့နဲ့နော်။
နေ့တိုင်း ကာကွယ်ပေးခြင်းက အသားအရေကို ရေရှည်လှပနေစေဖို့ အရေးကြီးပါတယ်။ ✨

🇸🇬 Singapore ရောက်တဲ့အခါ Dior Takashimaya Beauty Counter ကို လာပြီး ကိုယ်တိုင် Texture စမ်းကြည့်နိုင်ပါတယ်နော်။

ကိုယ့်အသားအရေအတွက် ဘယ် Dior Skincare ကို ရွေးရမလဲ မသေချာဘူးလား?
ဘယ် Product တွေနဲ့ တွဲသုံးရင် ပိုအဆင်ပြေမလဲ?

ဘယ်နိုင်ငံမှာရှိရှိ Messenger ကနေ လာမေးလို့ရပါတယ်။ 🤍

ပုံမှန်နေ့တွေမှာ Message တွေကို နေ့တိုင်းပြန်ပေးနေပါတယ်။ Peak Season လို အလုပ်များတဲ့အချိန်တွေမှာတော့ တစ်ပတ်အတွင်း ပြန်လည်ဖြေပေးပါမယ်နော်။

ဒီ Page လေးကတော့ ပြည့်ဖြိုးက Dior Beauty & Skincare အကြောင်းတွေကို သီးသန့်မျှဝေပေးနေတဲ့ Page လေး ဖြစ်ပါတယ်။ ✨

Like 👍🏻 & Share 🤍 လုပ်ဖို့ မမေ့နဲ့နော်။

Dior နဲ့အတူ အသားအရေကို နေ့တိုင်းလှပစွာ ကာကွယ်ကြမယ်… 🤍

ချစ်တဲ့
ပြည့်ဖြိုး

11/08/2026

အရမ်းပေါက် တဲ့ Dior Loose Powder
အသစ် 😍မိတ်ကပ်လိမ်းပြီး ခဏနေရင် အဆီပြန်တယ်၊ ချွေးပေါက်တွေ ထင်သာမြင်သာ ဖြစ်နေတယ်လား?"ဒါဆို လိမ်းလိုက်ရင် အသားအရေပေါ်မှာ ပေါ့ပါးပြီး သဘာဝဆန်ဆန် လှပစေမယ့် Dior Forever On Set Powder သုံးပါ။
Dior က အသစ် တစ်ခု ထွက်ရင် So excited " ဆိုသူတွေအတွက် ရိုးရိုးပေါင်ဒါမှုန့် မဟုတ်ဘဲ အသားအရေကို Glow စေပြီး ချွေးပေါက်တွေကို မှော်ဆန်ဆန် ဖျောက်ပေးမယ့် Loose Powder လေးဖြစ်ပါတယ်။ ၂၄ နာရီအထိ မိတ်ကပ်မပျက်အောင် Set လုပ်ပေးနိုင်တဲ့အပြင် အဆီပြန်တာကိုလည်း လုံးဝ ထိန်းပေးပါတယ်နော်။

💛အဆင့်မြင့် Ultra-Blurring Powder နည်းပညာကြောင့် မိတ်ကပ်လိမ်းထားမှန်းတောင် မသိသာစေဘဲ သဘာဝအတိုင်း ချောမွတ်လှပတဲ့ "Powderless Finish" နဲ့ တစ်နေကုန် လှနေစေမှာပါ။
အရောင်ကို Shade (5) မျိုး ထဲကနေ ရွေးပါ
အထူးညွှန်းဆိုချင်တဲ့ Shadeက "00 Translucent"က ဘယ်လိုအသားအရောင်မျိုး မဆို အဆင်ပြေပြေ သုံးနိုင်ပြီး မျက်နှာကို သဘာဝအတိုင်း ပိုမိုလင်းလက်၊ အချိုးအစားကျလှပသွားစေပါတယ်။
01 Fair: အသားဖြူလွန်းသူများအတွက် သဘာဝအတိုင်း ထင်းနင်းလန်းဆန်းသွားစေမယ့် အရောင်။
02 Light: အသားလတ်သူတွေနဲ့ ပုံမှန် အသားဖြူသူတွေအတွက် အလိုက်ဖက်ဆုံး အရောင်။
03 Medium: အသားညိုသူတွေ သို့မဟုတ် မျက်နှာကို ငယ်ရွယ်နုပျိုတဲ့ အသွင်ဆန်းပေးမယ့် အရောင်။#######
04 Tan: အသားညိုစိမ့်သူတွေအတွက် မိတ်ကပ် မကွက်ဘဲ ညီညာချောမွတ်စေမယ့် အရောင်။##########
05 Crystal Pink: ပြည့်ဖြိုးအသည်းစွဲ မျက်နှာလေးကို ပန်းရောင်သန်းပြီး ကြည်တောက်သွားစေမယ့် အရောင် ပါ။ အာရှဘက်မှာပဲ သီးသန့်ရရှိနိုင်တဲ့ (Asia Exclusive) နာမည်ကြီး Shade တစ်ခုဖြစ်ပါတယ်။
အသုံးပြုနည်း (How to Use)
မိတ်ကပ် အခြေခံလိမ်းပြီးသွားချိန်မှာ မိမိမိတ်ကပ် Set လုပ်ချင်တဲ့နေရာတွေကို Brush (သို့) Puff လေးနဲ့ ပေါ့ပေါ့ပါးပါးလေး ပုတ်ပြီး တင်ပေးရုံပါပဲ။
Shine Control ပါလို့ တစ်နေကုန် လုံးဝ မအဆီပြန်ပါဘူး။ Pores Blur ချွေးပေါက်တွေကို သဘာဝအတိုင်း ဖျောက်ပေးပြီး Filter ခံထားသလို ညက်နေစေပါတယ်။ အသားမခြောက်ဘူး: Hyaluronic Acid ပါဝင်လို့ တစ်နေကုန် အသားလေး စိုအိနေစေပါတယ်။ Ultra-fine ဖြစ်လို့ ထပ်ထပ်တင်ရင်လည်း ပေါင်ဒါမထူဘဲ သဘာဝအတိုင်း ပါးပါးလေးလှနေစေပါတယ်။
ဒါလေးကို မဖြစ်မနေ စမ်းသုံးကြည့်ဖို့ တိုက်တွန်းပါရစေနော်! လိမ်းနည်းကအစ အသေးစိတ် သိချင်တာ၊ အသားအရေနဲ့ ကိုက်ညီမယ့် ပစ္စည်း ရွေးရခက်နေတာတွေ ရှိရင် Message ကနေ အချိန်မရွေး လှမ်းမေးလို့ ရပါတယ်။ စာတွေကိုလည်း နေ့တိုင်း ပြန်ပေးနေပါတယ်နော်! စင်ကာပူ ရောက်ရင်လည်း Takashimaya Dior cosmetics counter ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ Like & Share လေးလုပ်ဖို့လည်း မမေ့ပါနဲ့ဦးနော်! ချစ်တဲ့ ပြည့်ဖြိုး

07/08/2026

🌸 အမျိုးသမီးတိုင်း အချစ်ခံချင်ကြတယ်နော်... ပြည့်ဖြိုးလည်း အချစ်ခံချင်တာပဲ! 💖

အချစ်ခံရတဲ့အခါ မွှေးပျံ့နေတဲ့ ပန်းစည်းကြီးတစ်ခု လက်ဆောင်ရလိုက်သလိုမျိုး ခံစားရစေမယ့် Miss Dior Body Cream အသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးမယ်။

လိမ်းထားလိုက်ရင် ကိုယ်နံ့လေးက အရမ်းကို သင်းပျံ့လွန်းလို့ အနားက ဖြတ်လျှောက်သွားတဲ့သူတောင် လည်ပြန်ငေးပြီး ချစ်မိသွားစေလောက်တဲ့အထိ ဆွဲဆောင်မှုရှိတယ်။ (ကိုယ်ချစ်တဲ့သူကို လက်ဆောင်ပေးရင်လည်း အမှတ်ပြည့်ရမှာ )

သိပ်ညွှန်းတာပဲလို့ မပြောနဲ့ဦးနော်! ဘာလို့ ဒီလောက် အသည်းစွဲဖြစ်ရလဲဆိုရင်...
🌹 စိတ်ဖိစီးမှုတွေ အကုန်ပြေပျောက်စေတဲ့ ပန်းရနံ့တွေ ထည့်ထားလို့။ စိတ်ကို လန်းဆန်းစေတဲ့ Peony (ပန်းပွင့်ဖတ်) ရနံ့နဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေတဲ့ Rose (နှင်းဆီ) ရနံ့တို့ ပေါင်းစပ်ထားတာပါ။

🌿 ၉၀% သဘာဝအဆီအနှစ် (Natural Formula) သစ်ပင်ပန်းပွင့်တွေကရတဲ့ အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေကို ISO16128 စံနှုန်း နဲ့ စနစ်တကျ ထုတ်လုပ်ထားပါတယ်။ Rose Water (နှင်းဆီရည်အနှစ်) ကို အဓိက သုံးထားလို့ အသားအရေကို အေးမြချောမွေ့စေတယ်။

💧 အသားထဲ ချက်ချင်းစိမ့်ဝင်တဲ့ Rich Balm အနှစ်လေးက ပျစ်ပျစ်အိအိလေးပေမယ့် လိမ်းလိုက်တာနဲ့ စေးကပ်ခြင်းမရှိဘဲ အသားထဲ ချက်ချင်း စိမ့်ဝင်သွားပြီး လေထုထဲက အစိုဓာတ်ကို အရေပြားထဲ ဆွဲယူပေးနိုင်အောင် ဖန်တီးထားတယ်။ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးတဲ့အပြင် Shea Butter နဲ့ Vitamin E ပါလို့အသားအရေက နူးညံ့အိစက်လာတယ်။
💎 အလှပြင်ခုံပေါ်က အဖိုးတန် ရတနာဘူးဒီဇိုင်းလေးအတိုင်း အမိုက်စား အေးမြတဲ့ ဖန်သားဘူးလှလှလေး နဲ့ ထည့်ထားတယ။ Matte & Silky အဖုံးလေး နဲ့ Dior ရဲ့ ထာဝရအမှတ်အသားဖြစ်တဲ့ Houndstooth အကွက် ဒီဇိုင်းလေး ထွင်းထားပါတယ်။ ခရင်မ်တွေ ကုန်သွားရင်တောင် ဘူးလေးကို ရတနာပစ္စည်းလေးတွေ ထည့်ပြီး အလှတင်ထားလို့ရတယ်။

အချစ်ခံချင်တဲ့ အမျိုးသမီးတိုင်းအတွက် Miss Dior Body Cream.လိုတယ်လို့ ပြည့်ဖြိုးထင်တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်လို့ ဖြစ်ဖြစ်၊ ချစ်တဲ့သူကို အမှတ်တရပေးဖို့ဖြစ်ဖြစ် ဝယ်ချင်စရာကောင်းတယ်လို့ ညွှန်းချင်ပါတယ်။

💌 ဘယ်နိုင်ငံမှာပဲရှိရှိ Dior Beauty နဲ့ပတ်သက်ပြီး သိချင်တာများရှိရင် Messenger ကနေ အချိန်မရွေး လာမေးနိုင်ပါတယ်နော်။

ကိုယ့်အသားအရေအတွက် ဘယ် Product က သင့်တော်မလဲ…
ဘယ် Products တွေကို တွဲသုံးရင် ပိုကောင်းမလဲ…
Skin Care Routine ကို ဘယ်လိုစတင်သင့်လဲ…

ဒီလိုမေးခွန်းလေးတွေကို ပြည့်ဖြိုး စိတ်ရှည်ရှည်နဲ့ ကူညီဖြေပေးပါတယ်။ 🤍

အခုဆိုရင် Messenger စာတွေကို နေ့တိုင်း ပြန်ဖြေပေးနေပါတယ်။ Peak Season အလုပ်များတဲ့အချိန်တွေမှာတော့ အနည်းငယ်နောက်ကျနိုင်ပေမယ့် တစ်ပတ်အတွင်း အားလုံးကို သေချာပြန်ဖြေပေးပါတယ်။

Singapore ရောက်ခဲ့ရင်လည်း Message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ပြည့်ဖြိုးက ဒီ Page ကနေ Dior အကြောင်းကို သီးသန့် Share လုပ်တဲ့ Page လေးပါနော် 💛

Like & Share လုပ်ဖို့လည်း မမေ့နဲ့ဦးနော်!

ချစ်တဲ့

ပြည့်ဖြိုး 🌹

06/08/2026

အသက် ၄၀ ကျော်လာပြီးတဲ့နောက် အသားအရေတင်းရင်းမှု လျော့လာတယ်လို့ ခံစားရလား? ဒီ Duo လေးကတော့ ပြည့်ဖြိုးရဲ့ အခုလတ်တလော အကြိုက်ဆုံး Night Routine ပါ။” 🤍

နေ့ဘက်မှာ အသားအရေဟာ နေရောင်ခြည်☀️၊ Stress၊ Air-conditioning၊ ဖုန်မှုန့်နဲ့ Pollution တွေကို တစ်နေ့လုံး ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့်…

🌙 ညအချိန်ရောက်မှ Skin က သူ့ရဲ့ Natural Repair Process ကို စတင်လုပ်ဆောင်ပါတယ်။

အဲဒီအချိန်မှာ အသုံးပြုတဲ့ Skin Care က နောက်နေ့မနက် အသားအရေရဲ့ အခြေအနေကို အများကြီး အထောက်အကူပြုနိုင်ပါတယ်။

ဒါကြောင့် ပြည့်ဖြိုး အခုတလော ကိုယ်တိုင်နှစ်သက်ပြီး အသုံးပြုနေတဲ့ Dior Prestige Duo လေးကို မျှဝေပေးချင်ပါတယ်။ 💛

💎 ဒီ Duo လေးက Dior Prestige Collection ရဲ့ အထင်ကရ (Iconic) Skin Care (7) မျိုးထဲက Products (2) မျိုးလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း Dior Skin Care ချစ်သူတွေကြားမှာ အလွန်ရေပန်းစားပြီး Dior ရဲ့ Prestige Collection ကို ကိုယ်စားပြုတဲ့ Hero Products တွေအနက်မှ Le Nectar Intégral နဲ့ Le Baume de Minuit ကို ညဘက် Routine အတွက် တွဲဖက်အသုံးပြုရတာကို ပြည့်ဖြိုး အရမ်းသဘောကျပါတယ်။

💛 Dior Prestige Le Nectar Intégral – Daily Expert Serum

Dior ရဲ့ နောက်ဆုံးပေါ် Rosa-Peptide Intégral Technology နဲ့ ဖော်စပ်ထားပြီး အသားအရေကို Firmness၊ Elasticity နဲ့ Contour Definition ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးပါတယ်။

ပြည့်ဖြိုး ကိုယ်တိုင် အသုံးပြုနေတဲ့အချိန်အတွင်း သတိထားမိတာလေးတွေကတော့…

✨ အသားအရေ ပိုပြီးတင်းရင်းသလို ခံစားရတယ်။
✨ Makeup လိမ်းတဲ့အခါ Skin Finish က ပိုပြီးလှလာတယ်။
✨ အသားအရေက Smooth ဖြစ်ပြီး Healthy Glow လေးလည်း ပိုမြင်လာတယ်။

💎 Dior Prestige Le Baume de Minuit

ဒီ Night Balm လေးကတော့ အိပ်ပျော်နေတဲ့ (၈) နာရီအတွင်း အသားအရေကို Deeply Nourish & Comfort ပေးပြီး Skin Barrier ကို အားဖြည့်ပေးပါတယ်။

မနက်နိုးလာတဲ့အချိန်…

✨ အသားအရေ Fresh ဖြစ်နေတယ်။
✨ Glow လေးက သဘာဝကျကျ ပိုလှလာတယ်။
✨ အသားအရေ နူးညံ့ပြီး Healthy Looking ဖြစ်နေတယ်။

🤍 ဘာကြောင့် Serum + Night Balm ကို တွဲသုံးသင့်တာလဲ?

🌹Serum က အသားအရေကို Intensive Care ပေးပါတယ်။
🌹Night Balm က အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ညအချိန် Skin Recovery ကို ကူညီပေးပါတယ်။
🌹တွဲဖက်အသုံးပြုတဲ့အခါ ပိုပြီး Complete Night Routine ကို ရရှိစေပါတယ်။

✨ Luxury Skin Care ဆိုတာ ဈေးကြီးတဲ့ပစ္စည်း ဝယ်တာမဟုတ်ပါဘူး…

နောင်လာမယ့် (၅) နှစ်၊ (၁၀) နှစ်၊ (၂၀) နှစ်အတွက် ကိုယ့်အသားအရေကို ရင်းနှီးမြှုပ်နှံတာပါ။

အသားအရေက နေ့တိုင်း ကိုယ့်အတွက် အလုပ်လုပ်ပေးနေတာကြောင့်…
အနည်းဆုံး ညဘက်မှာတော့ အကောင်းဆုံး Skin Care နဲ့ ပြန်လည်ဂရုစိုက်ပေးသင့်ပါတယ်။ 🤍

💌 ဘယ်နိုင်ငံမှာပဲရှိရှိ Dior Beauty နဲ့ပတ်သက်ပြီး သိချင်တာများရှိရင် Messenger ကနေ အချိန်မရွေး လာမေးနိုင်ပါတယ်နော်။

ကိုယ့်အသားအရေအတွက် ဘယ် Product က သင့်တော်မလဲ…
ဘယ် Products တွေကို တွဲသုံးရင် ပိုကောင်းမလဲ…
Skin Care Routine ကို ဘယ်လိုစတင်သင့်လဲ…

ဒီလိုမေးခွန်းလေးတွေကို ပြည့်ဖြိုး စိတ်ရှည်ရှည်နဲ့ ကူညီဖြေပေးပါတယ်။ 🤍

အခုဆိုရင် Messenger စာတွေကို နေ့တိုင်း ပြန်ဖြေပေးနေပါတယ်။ Peak Season အလုပ်များတဲ့အချိန်တွေမှာတော့ အနည်းငယ်နောက်ကျနိုင်ပေမယ့် တစ်ပတ်အတွင်း အားလုံးကို သေချာပြန်ဖြေပေးပါတယ်။

Singapore ရောက်ခဲ့ရင်လည်း Message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ပြည့်ဖြိုးက ဒီ Page ကနေ Dior အကြောင်းကို သီးသန့် Share လုပ်တဲ့ Page လေးပါနော် 💛

Like & Share လုပ်ဖို့လည်း မမေ့နဲ့ဦးနော်!

ချစ်တဲ့

ပြည့်ဖြိုး 🌹

04/08/2026

🌸 မိသားစုတစ်စုလုံး သုံးလို့ရတဲ့ Dior Cleanser ရှိတာ သိပါသလား?

မျက်နှာသစ်ပြီးတိုင်း အသားအရေ ခြောက်ကပ်နေတာ၊ Sunscreen နဲ့ Make-up သေချာမစင်မှာ စိတ်ပူနေတာမျိုး ဖြစ်ဖူးလား?

အဲဒါဆို ဒီနေ့ ပြည့်ဖြိုး အရမ်းသဘောကျတဲ့ Dior La Mousse OFF/ON Foaming Cleanser လေးအကြောင်း မျှဝေပေးချင်ပါတယ်။

ဒီ Cleanser လေးက Dior ရဲ့ 7 Iconic Products ထဲက တစ်ခုဖြစ်ပြီး၊ အသက် (၁၀) နှစ်ကျော်ကစပြီး အသုံးပြုလို့ရတာကြောင့် မိသားစုတစ်စုလုံး အတူတူ မျှဝေသုံးလို့ရပါတယ်။ ပြည့်ဖြိုးတို့ မိသားစုလည်း နေ့တိုင်း အသုံးပြုနေတဲ့ Cleanser လေးပါ။ 🤍

ဒီ Product ရဲ့ အထူးခြားဆုံးအချက်ကတော့ OFF / ON Technology ပါ။

✨ OFF – နူးညံ့စွာ သန့်စင်ပေးခြင်း

တစ်နေ့တာလုံး အသားအရေပေါ်မှာ ကပ်နေတဲ့ Make-up၊ Sunscreen၊ ဖုန်မှုန့်၊ PM2.5 နဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာတဲ့ အညစ်အကြေးတွေကို နူးညံ့စွာ သန့်စင်ပေးပါတယ်။

98% Natural-Origin Ingredients နဲ့ ဖော်စပ်ထားတာကြောင့် သန့်စင်အားကောင်းပေမယ့် အသားအရေကို မခြောက်ကပ်စေဘဲ သက်သာနူးညံ့စေပါတယ်။

✨ ON – အသားအရေကို ဆက်လက်ဂရုစိုက်ပေးခြင်း

မျက်နှာသစ်ပြီးတာနဲ့ အဆုံးမဟုတ်ပါဘူး။

Dior Garden မှ Nymphea (Water Lily)၊ Jasmine နဲ့ Niacinamide တို့ ပါဝင်တာကြောင့် Skin Barrier ကို 24 နာရီအထိ ကူညီအားဖြည့်ပေးနိုင်ပြီး၊ အသားအရေကို 6 နာရီအထိ ရေဓာတ်ထိန်းသိမ်းပေး လို့ မျက်နှာသစ်ပြီးနောက် နူးညံ့စိုပြေတဲ့ ခံစားချက်ကို ရရှိစေပါတယ်။

📊 Clinical Test Results

✨ ၁ လအတွင်း အသားအရေ 42% ပိုမိုချောမွေ့လာပါတယ်။

✨ အသားအရေ 3 ဆ ပိုမိုကြည်လင်တောက်ပလာပါတယ်။

ပြည့်ဖြိုးအတွက်တော့ ဒီ Cleanser လေးက မျက်နှာသစ်ဖို့အတွက်သာ မဟုတ်ဘဲ၊ နေ့စဉ် Skincare Routine ကို စတင်တဲ့ အရေးကြီးဆုံး Step တစ်ခုလို့ ထင်ပါတယ်။

Dior Beauty Product တွေနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် ဘယ်နိုင်ငံမှာပဲ ရှိရှိ Messenger ကနေ အချိန်မရွေး လာမေးနိုင်ပါတယ်။

✔️ ကိုယ့်အသားအရေအတွက် ဘယ် Product က သင့်တော်မလဲ?

✔️ ဘယ် Product တွေနဲ့ တွဲသုံးရင် ပိုထိရောက်မလဲ?

✔️ Dior Skincare Routine ကို ဘယ်လိုစတင်သင့်လဲ?

ပြည့်ဖြိုးရဲ့ အတွေ့အကြုံနဲ့ စိတ်ရှည်ရှည် အကြံပေးပေးပါတယ်။

💌 Messenger ကို နေ့တိုင်း ပြန်ပေးနေပါတယ်။ Peak Season အလုပ်များတဲ့အချိန်တွေမှာတော့ အနည်းငယ်နောက်ကျနိုင်ပေမယ့် သေချာပြန်ပေးပါတယ်နော်။

🇸🇬 Singapore ရောက်ခဲ့ရင် Dior Beauty Takashimaya Counter ကိုလည်း လာရောက်တွေ့ဆုံဖို့ ဖိတ်ခေါ်ပါတယ်။

ချစ်တဲ့ 🤍
ပြည့်ဖြိုး

03/08/2026

💋 “နှုတ်ခမ်းသားခြောက်ပြီး အဖတ်လှန်နေလို့ စိတ်ညစ်နေလား…” Dior Lip Maximizer ရဲ့ လျှို့ဝှက်ချက် 💋

နှုတ်ခမ်းသားတွေ အမြဲခြောက်သွေ့ပြီး အဖတ်လှန်နေလို့ Matte Lipstick ဆိုးတိုင်း မလှဘူးလို့ စိတ်ညစ်ဖူးလား?

ဒါမှမဟုတ် အသက်အရွယ်တိုးလာတာနဲ့အမျှ နှုတ်ခမ်းသားလေးက ပါးလာပြီး Lip Lines တွေ ပိုသိသာလာတယ်လို့ ခံစားရပါသလား?

ဒီလိုပြဿနာတွေရှိတဲ့သူတွေအတွက် ပြည့်ဖြိုး အမြဲယုံကြည်ပြီး နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ Dior ရဲ့ Star Product လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

💖 Dior Addict Lip Maximizer

ပြည့်ဖြိုးအတွက်တော့ Lip Gloss တစ်ခုထက်ပိုပြီး Lip Care & Treatment လို့တောင် ပြောလို့ရပါတယ်။

နေ့စဉ် မနက်ရော ညရော ပုံမှန်အသုံးပြုပေးရင် နှုတ်ခမ်းသားကို စိုပြေနူးညံ့နေအောင် ကူညီပေးပြီး၊ ခြောက်သွေ့တာနဲ့ အဖတ်လှန်တာတွေကို လျော့နည်းလာသလို ခံစားရစေပါတယ်။

💧 ဘာကြောင့် ဒီလောက် လူကြိုက်များတာလဲ?

Dior Lip Maximizer မှာ နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ Formula ပါဝင်တာကြောင့် အသုံးပြုပြီးနောက် နှုတ်ခမ်းသား ပိုမိုစိုပြေပြီး အသက်ဝင်လာသလို ခံစားရစေပါတယ်။

ထူးခြားတာကတော့ Dior ရဲ့ ဖော်ပြချက်အရ Gloss ကို ဖျက်လိုက်ပြီးနောက်မှာတောင် ၂၄ နာရီကြာ Hydration ကို ဆက်လက်ထိန်းသိမ်းပေးနိုင်ပါတယ်။

ဒါကြောင့် နှုတ်ခမ်းသားခြောက်လွယ်တဲ့သူတွေအတွက်တော့ နေ့စဉ်အသုံးပြုလို့ကောင်းတဲ့ Lip Care Product လေးတစ်ခုလို့ ပြောလို့ရပါတယ်။

✨ Lip Care လည်းရ… Makeup လည်းလှ…

ပုံမှန်အသုံးပြုပေးရင် နှုတ်ခမ်းလိုင်းလေးတွေကို ပိုမိုချောမွေ့သလို မြင်ရစေပြီး၊ နှုတ်ခမ်းသားလေးကလည်း ပိုမိုပြည့်ပြည့်ဖူးဖူးလေး ဖြစ်သယောင် မြင်ရစေပါတယ်။

Mirror Shine Gloss Finish လေးက နှုတ်ခမ်းသားကို ပိုမိုတောက်ပလှပစေပြီး၊ Formula ကလည်း ပေါ့ပါးသက်တောင့်သက်သာရှိလို့ နေ့စဉ်အသုံးပြုရတာ အရမ်းအဆင်ပြေပါတယ်။

🎨 အရောင်ရွေးချယ်စရာတွေလည်း ပိုစုံလာပြီ…

Natural Look ကြိုက်တဲ့သူတွေအတွက်ရော၊ အရောင်ရင့်လေးတွေ ကြိုက်တဲ့သူတွေအတွက်ရော၊ တောက်ပတဲ့ Shimmer Effect လေးတွေ ကြိုက်တဲ့သူတွေအတွက်ရော—

Classic • Intense • Shimmer • Holographic ဆိုပြီး Finish နဲ့ Color မျိုးစုံ ရွေးချယ်နိုင်ပါတယ်။

ပြည့်ဖြိုးကတော့ ညအိပ်ရာဝင်တိုင်း 001 Pink ကို Lip Care အနေနဲ့ မဖြစ်မနေ ဆိုးပြီး အိပ်ပါတယ်။

ပြည့်ဖြိုးကိုယ်တိုင်လည်း ဒီ Product ကို ၁၇နှစ်နီးပါး နှစ်သက်စွာ အသုံးပြုလာတာဖြစ်ပြီး၊ နှုတ်ခမ်းသားကို စိုပြေနူးညံ့နေအောင် ကူညီပေးတယ်လို့ ကိုယ်တိုင်ခံစားရတဲ့ Favorite Dior Product လေးတစ်ခုလည်း ဖြစ်ပါတယ်။ ❤️

💖 Dior Addict Lip Maximizer လေးက အခုဆိုရင် အရင်ဗားရှင်းတွေထက် အရောင်ရွေးချယ်စရာ ပိုမိုစုံလင်လာသလို၊ Texture နဲ့ Ingredients တွေလည်း ပိုမိုတိုးတက်ကောင်းမွန်အောင် Upgrade လုပ်ထားတာကြောင့် အသုံးပြုရတဲ့ Experience ကလည်း ပိုပြီး ကောင်းမွန်လာပါတယ်။ ✨

အရောင်လေးတွေကိုလည်း ပြည့်ဖြိုး လက်ပေါ်မှာ စမ်းပြထားပါတယ်နော်။

💌 ဘယ်နိုင်ငံမှာပဲရှိရှိ Dior Products နဲ့ ပတ်သက်ပြီး သိချင်တာရှိရင် Messenger ကနေ အချိန်မရွေး လာမေးလို့ရပါတယ်။

ကိုယ့်နှုတ်ခမ်းသားနဲ့ လိုက်ဖက်မယ့် အရောင်ရွေးချယ်ပေးတာ၊ Skin Tone နဲ့ အလိုက်ဖက်ဆုံး Shade ကို အကြံပေးတာ၊ ဘယ် Product နဲ့ တွဲသုံးရင် ပိုလှမလဲဆိုတာတွေကိုလည်း ပြည့်ဖြိုး စိတ်ရှည်ရှည်နဲ့ ကူညီပေးပါတယ်။

💖 ဒါဆို… ပြည့်ဖြိုး စမ်းပြထားတဲ့ အရောင်တွေထဲက ဘယ်အရောင်လေးကို အကြိုက်ဆုံးလဲ? Comment မှာ ပြောခဲ့နော်။

ပြည့်ဖြိုးရဲ့ Post တိုင်းကို အမြဲတမ်း Like လုပ်ပေးတဲ့သူ၊ Comment ရေးပေးတဲ့သူ၊ Share ပေးပြီး အားပေးနေတဲ့သူတိုင်းကို ပြည့်ဖြိုး အမြဲသတိထားပြီး မှတ်မိပါတယ်နော်။ ❤️

ဒီတစ်ခေါက်တော့ ပြည့်ဖြိုးကို အမြဲ Support လုပ်ပေးနေတဲ့သူတွေထဲက (၂) ယောက်ကို လက်ဆောင်လေး ပို့ပေးသွားပါမယ်။ 🎁

ဒါကြောင့်…
💖 Post လေးကို Like လုပ်ပေးပါ။
💬 Comment လေး ရေးပေးပါ။
Share ပေးပြီး Group တွေမှာလည်း မျှဝေပေးဖို့ မမေ့နဲ့နော်။

အမြဲတမ်း ချစ်ပြီး အားပေးနေတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ 🥰

ချစ်တဲ့ ပြည့်ဖြိုး

02/08/2026

ပြည့်ဖြိုးတို့ အသက်အရွယ်ကို မေ့ထားပြီး သဘာဝအတိုင်း တင်းရင်းနုပျိုတဲ့ အသားအရေနဲ့ နေနိုင်ဖို့ ဘာလုပ်နိုင်လဲ?
လူမှာ မွေးသက္ကရာဇ်အတိုင်း သတ်မှတ်ထားတဲ့ အသက်အရွယ် Chronological Age အပြင်၊ ဆဲလ်တွေရဲ့ ကျန်းမာရေးပေါ် မူတည်ပြီး သတ်မှတ်တဲ့ Cellular Age ဆဲလ်အဆင့် နဲ့ အသားအရေ ရဲ့ အသက်အရွယ် ဆိုတာ ရှိပါတယ်။
နေရောင်ခြည်၊ စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်တာတွေကြောင့် ဆဲလ်တွေ ယိုယွင်းလာတဲ့အခါ ဆဲလ်ရဲ့ အသက်အရွယ်က ကိုယ့် အသက်ထက် ပိုကြီးပြီး ရင့်ရော်လွယ်ပါတယ်။
Dior Prestige La Crème က ပုံမှန် ခရင်မ်တွေနဲ့ မတူဘဲ Dior ရဲ့ နှစ်ပေါင်း ၅၀ ကျော် သုတေသနပြုထားပြီး Dior ရဲ့ စိုက်ပျိုးရေးပညာရှင်တွေက နှင်းဆီမျိုးစိတ်ပေါင်း ၄၀,၀၀၀ ကျော်ထဲကမှ အထူးရွေးချယ်ထား တဲ့ အကောင်းဆုံး နှင်းဆီအမျိုးအစားကနေ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးဖို့ ဖန်တီးထားတဲ့ လျှို့ဝှက်ချက်ကို ပြည့်ဖြိုးသိသွားလို့ မိတ်ဆက်ပေးချင်ပါတယ်။
သြဂုတ်လမှာလည်း Dior Prestige La Crème အသစ်ထွက်ဖို့ရှိပါတယ်။
Rosapeptide™-3 နည်းပညာနဲ့ ရှားပါး Rose de Granville နှင်းဆီကရတဲ့ အာဟာရဓာတ် ၂၂ မျိုးနဲ့ ပေါင်းပြီး ဆဲလ်တွေရဲ့ ကျန်းမာရေးကို ကောင်းအောင် လုပ်ပေးလို့ အသားအရေက မယုံနိုင်စရာ ကောင်းလောက်အောင် ကောင်းလာတာတွေ့ရပါတယ်။
@
• ပတ်ဝန်းကျင် အညစ်အကြေးတွေ၊ လေထုညစ်ညမ်းမှု တွေနဲ့ မထိခင် မျက်နှာသစ်ပြီး သူနှင့်အတူ Dior Prestige Essense Lotion ၊Prestige Serum နှင့်အတူ မနက် တိုင််းလိမ်းပါ၊ Patented Micro-Filler™ Technology ကြောင့် လိမ်းလိုက်တာနဲ့ အရေးအကြောင်းတွေ လျော့ပါးပြီး အသားအရေက ချက်ချင်း ချောမွေ့ လာလို့ပါ။
• ခရင်မ် လိမ်းပြီး Sunscreen (နေလောင်ကာခရင်မ်) ထပ် လိမ်းပါတယ်။ စွဲစွဲမြဲမြဲ သုံးရင် သုံးသလို အသားအရေ ပိုတင်းရင်းလာပါတယ်။

• Natural-origin ingredients ၉၁% သုံးထားတာကြောင့် အသားအရေ အတွက်စိတ်ချရပါတယ်။

💖 မိမိအသားအရေနှင့် အလိုက်ဖက်ဆုံး ကို Texture ၂ မျိုးကနေရွေးချယ်နိုင်ပါတယ်–
1. La Crème Texture Essentielle: ပေါ့ပါးပြီး နူးညံ့ တယ်။ အသားအရေ အမျိုးအစားမျိုးစုံအတွက် သင့်တော်ပါတယ်။
2. La Crème Texture Riche: အာဟာရဓာတ် ကြွယ်ဝစွာ ဖြည့်တင်းပေးပြီး Normal to Dry Skin အတွက် အထူးသင့်တော်ပါတယ်။
🌿 Christian Dior Perfume Studio က ဖန်တီးထားတဲ့ နှင်းဆီပွင့်ဖတ်ရဲ့ လန်းဆန်းတဲ့ ရနံ့လေးရှိပါတယ်။ လိမ်းလိုက်တိုင်း Premium Spa တစ်ခုမှာ အနားယူနေရသလို ဇိမ်ခံစရာ အတွေ့အကြုံကို ရရှိပါတယ်။
ဆဲလ်အဆင့်အထိ နုပျိုကျန်းမာတဲ့ အသားအရေဖြစ်ဖို့ ပြည့်ဖြိုးနဲ့အတူ Dior Prestige La Crème သုံးကြည့်ပါ ✨

ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော်
ကိုယ့်အသားအရည်အတွက် ဘာရွေးရမသိ ခက် နေလား ?
ဘယ်ပစ္စည်းနဲ့ တွဲသုံးရင်ကောင်းလဲ? အဆင်ပြေရဲ့လား စသည်ဖြင့် သံ သ ယတွေ အားလုံးကို ကူညီပြီးဖြေရှင်းပေးနိုင်ပါတယ်
ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ် ၊
Singapore ရောက် ခဲ့ရင်လည်း message ပို့ထားပြီး Takashimaya Dior cosmetics counter ကို လာဖို့ဖိတ်ခေါ်ပါတယ် ၊
ပြည့်ဖြိုးက ဒီ page ကနေ Dior အကြောင်းကို သီးသန့် share လုပ်တဲ့ page လေးပါ ၊
Like & Share လုပ်ဖို့ မမေ့နဲ့နော်
ချစ်တဲ့
ပြည့် ဖြိုး

31/07/2026

အသားအရေက အတိတ်က ကြုံတွေ့ခဲ့တဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို အချိန်ကြာကြီး မှတ်သား ထား နိုင်တယ်ဆိုတာ သိလား?
နေရောင်ခြည်၊ လေထုညစ်ညမ်းမှု၊ စိတ်ဖိစီးမှုနဲ့ အိပ်ရေးမဝတာလို နေ့စဉ်ဘဝရဲ့ အချက်အလက်တွေကို သိမ်းထား လို့ အသားအရေရဲ့ လန်းဆန်း တောက်ပမှုကို ထိခိုက်စေနိုင်ပါတယ်။
အဲဒီလို ပြောင်းလဲလာတဲ့ အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်

Dior Prestige Rose-Powered Serums ရှိပါတယ်။

Dior ရဲ့ နာမည်ကြီး Prestige Collection ထဲက လူကြိုက်များတဲ့ skincare icon တစ်ခုပါ။ 🌹

အသားအရေ စိုပြေတင်းရင်း‌ ပြီး ချောမွေ့ဝင်းလက်လာ‌ဖို့ နေ့စဉ် ပြည့်ဖြိုးသုံးပါတယ်။

အသားအရေက နေ့စဉ်ဘဝရဲ့ အမှတ်အသားတွေကို တိတ်တဆိတ် သိမ်းဆည်းထားတာကို မေ့ပျောက်နိုင်အောင် ပြည့်ဖြိုး တို့ လုပ်ကြည့် ရအောင်ပါ။ 🌹

Luxury skincare ကို ရွေးချယ်တဲ့အခါ Dior Prestige က ဘာကြောင့် လူကြိုက်များနေလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ကြမယ်။

La Micro-Huile de Rose Activated Serum 🌹
• ဆဲလ်အနက်ပိုင်းအထိ စိမ့်ဝင်ပြီး အသားအရေ မှတ်တမ်းတွေကို ပြုပြင်ပေးပါတယ်။ Skin Recovery ကို ၂ ဆ ပိုမြန်စေပါတယ်။
• Formula အသစ်က Rose de Granville ရဲ့ Micronutrients အဟာရ ၂၂ မျိုး ကို ၆ ဆ ပိုမြန်မြန် အသားထဲ စိမ့်ဝင်အောင် လုပ်ထားပြီး အသားအရေကို နုပျိုစေတဲ့ Omega ၁၄ ဆ ပိုမို ပါဝင်ပါတယ်။ ဒါ့ကြောင့် အသားအရေကို ကလေးငယ်တစ်ဦးလို Fresh & Youthful ဖြစ်စေတာ တွေ့ရပါတယ်။
ပြည့်ဖြိုးလက်တွေ့ သုံးပြီးအသားအရေ ကြည်တင်းလာပြီး အရေးကြောင်းကင်းလာတာ အရမ်း smooth ဖြစ်သွားတာကို ကိုယ်တိုင် ခံစားနေရပါတယ်။
ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊ ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ? ဘယ်ပစ္စည်နဲ့ တွဲသုံးရင် အဆင်ပြေမလဲ? စသည်ဖြင့် သံ သ ယတွေ အားလုံးကို ကူညီဖြေရှင်းပေးနိုင်ပါတယ် ခုဆို စာ လည်း နေ့တိုင်းပြန် ပါတယ်။

တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ်
ချစ်တဲ့ ပြည့် ဖြိုး

27/07/2026

🌹 "တင်းတိပ်၊ ဝက်ခြံ၊ အမာရွတ်ကျန်-အသားအရေ ညစ်လာရင်.." The Magic of Rose & Sugar 🌹အသားအရေ ကြည်လင်ဖို့ နှင်းဆီနဲ့ သကြားကို မှော်ဆန်ဆန်ပေါင်းစပ်ထားတဲ့ Scrub ကိုမိတ်ဆက်ပေးမယ်။

ဒါပေမယ့် Scrub တွေက အသားကျိန်းမှာ၊ အသားခြောက်သွားမှာ သုံးရင်းစိတ်ပူတယ်မလား?
လုံးဝပူစရာမလိုတဲ့ Dior Prestige Le Sucre de Gommage လေးအကြောင်း ပြောပြမယ်နော်။ 😍
မျက်နှာသစ်ပြီးတိုင်း အသား တင်းတာ၊ ခြောက်သွေ့တာမျိုး လုံးဝမရှိဘဲ ရေဆေးချလိုက်တာနဲ့ "အသားလေးက အိဖတ်ပြီး ဝင်းခနဲ ဖြစ်သွားတာမျိုး" ကို ချက်ချင်းခံစားရမှာမို့ပါ! 😍

မျက်နှာရဲ့ အသားမနာတဲ့ Sugar Crystals (သကြားအမှုန့်လက်လက်လေးများ): မျက်နှာပေါ်တင်ပြီး ညင်သာစွာ နှိပ်နယ်ပေးလိုက်တာနဲ့ ဒီသကြားပွင့်လေးတွေက ခန္ဓာကိုယ်အပူချိန်ကြောင့် အရည်ပျော်သွားပြီး Nourishing Mask (အာဟာရမျက်နှာဖုံးခရမ်မ်) အဖြစ် ပြောင်းလဲသွားပါတယ်။ သာမန် Scrub တွေလို အမှုန်တွေခဲနေပြီး အသားကို ကျိန်းစပ်တာမျိုး မဖြစ်စေဘဲ ဆဲလ်သေ (Dead Cells) နဲ့ အညစ်အကြေးတွေကို လုံးဝ (လုံးဝ) မပွန်းပဲ့ဘဲ ဖယ်ရှားပေးပါတယ်။
🌹 Dior ရဲ့ သုတေသနခြံမှာ အထူးစိုက်ပျိုးထားတဲ့ နှင်းဆီရဲ့ အဖိုးတန် Micro-nutrients (အာဟာရဓာတ်စွမ်းအင်) တွေ ပါဝင်လို့ ဆဲလ်သေတွေကို ဖယ်ရှားနေရင်းနဲ့တစ်ပြိုင်နက် အရေပြားကို အပြည့်အဝ အာဟာရဖြည့်ပေးပါတယ်။
🤔 ရိုးရိုးမျက်နှာသစ်ဆေးနဲ့ တင်မလုံလောက်ဘူးလား?
ပြည့်ဖြိုးတို့ အရေပြားက (၂၈) ရက်တစ်ခါ ဆဲလ်အသစ်လဲလေ့ရှိပါတယ်။ ဒါပေမယ့် အသက်ရလာတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့အခါ အဲဒီဆဲလ်သေတွေက အလိုအလျောက်မကွာကျဘဲ မျက်နှာပေါ်မှာ ပိတ်ဆို့ပြီး ထပ်နေတတ်ပါတယ်။
နေ့စဉ်သုံးတဲ့ ရိုးရိုးမျက်နှာသစ်ဆေးက အဆီပို၊ ဖုန်မှုန့်နဲ့ မိတ်ကပ်တွေကိုပဲ သန့်စင်ပေးနိုင်တာမို့ အဲဒီကပ်တွဲနေတဲ့ ဆဲလ်သေဟောင်းတွေကို မဖယ်ရှားနိုင်ပါဘူး။ အဲဒီအခါ -မျက်နှာအသားအရေ ညိုညစ်ပြီး မွဲခြောက်လာတယ်။
ဒါကြောင့် နေ့စဉ်သန့်ရှင်းရေးအပြင်၊ မျက်နှာလေး ကြည်လင်ချောမွေ့ပြီး Skincare လိမ်းရင် အာနိသင် နှစ်ဆပိုထိရောက်ဖို့အတွက် Dior Prestige Gommage ကို တစ်ပတ် (၁-၂) ကြိမ် တွဲသုံးကြည့်ပါ။ 🥰
သကြားရဲ့ အာနိသင်ကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးရုံတင်မကဘဲ အရေပြားထဲက အစိုဓာတ် (Moisture) ကိုပါ တစ်ပါတည်း ထိန်းညှိပေးလို့ အသားခြောက်တဲ့သူနဲ့ အသားအရေပါးတဲ့သူတွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ သုံးပြီးရင် အသားလေးက
နူးညံ့အိစက်ပြီး ဝင်းပကြည်လင်နေတာလက်တွေ့ပါ. Dior Prestige Le Sucre de Gommage လေးကို သုံးကြည့်ပါဦး။

သူ က Dior skin care ရဲ့ 7 icons product မဟုတ်ပေမယ့် တစ်ကယ်လူကြိုက်များတဲ့ Dior ရဲ့ star product ပါ

ဘယ်နိုင်ငံမှာဘဲရှိရှိ Dior နဲ့ပတ်သတ်ပြီးသိချင်တာများရှိရင် လှမ်းသာ messenger ကနေ မေးလိုက်ပါ နော် ၊ ကိုယ့်အသားအရည်အတွက် ရွေးရခက် နေလား ? ဘယ်ပစ္စည်းနဲ့ တွဲသုံးရင် အဆင်ပြေမလဲ? စသည်ဖြင့် သံ သ ယတွေ အားလုံးကို ကူညီဖြေရှင်းပေးနိုင်ပါတယ် ခုဆို စာလည်း နေ့တိုင်းပြန် ပါတယ်။
တစ်ကယ်လို့အလုပ်မှာ မအားတဲ့ peak season အချိန်များဆို တစ်ပတ်အတွင်း စာပြန်ပေးပါတယ်
ချစ်တဲ့ ပြည့် ဖြိုး

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Singapore