Zin Zin Aye Min

Zin Zin Aye Min

แชร์

May you all be happy ☘️☘️☘️

05/05/2026

လောကကြီးမှာ အခမဲ့ရတာဆိုလို့ “သင်ခန်းစာ”ပဲရှိတယ်
အဲဒါတောင် “ပေးဆပ်မှု” နဲ့
ဝယ်ရတာ

30/04/2026

အချစ်ဆိုတာ ရင်းနှီးမြှုပ်နှံမှု တစ်ခု မဟုတ်ပါဘူး ငါက ဒီလောက်ပေးဆပ်ရင် ငါ့ကို ဒီလောက် ပြန် ချစ်ရမယ် ဆိုတဲ့ မျှော်လင့်ချက်ထက် ကိုယ့်ဘက် က ပေးဆပ်ခဲ့တဲ့ မေတ္တာဟာ စစ်မှန်ဖို့ပဲ အရေးကြီးပါ တယ်။
အဆုံးသတ်မှာ လမ်းခွဲရသည်ဖြစ်စေ လက်တွဲရ သည်ဖြစ်စေ... ကိုယ်ကတော့ လူပီသစွာနဲ့ အကောင်း ဆုံး ချစ်ခဲ့ပြီးပြီဆိုတဲ့ အသိက နောက်ပိုင်းမှာ ကိုယ့် အတွက် ဂုဏ်ယူစရာ ဖြစ်လာမှာပါ။
လူတိုင်းက ကိုယ့်ဘဝထဲကို အခြေချဖို့ ရောက်လာ ကြတာ မဟုတ်ပါဘူး တချို့က ကိုယ့်ကို ပျော်ရွှင် မှုပေးဖို့ တချို့က ကိုယ့်ကို ရင့်ကျက်စေဖို့ တချို့ ကတော့ ကိုယ်ဘယ်လောက်ထိ တောင့်ခံနိုင်လဲဆိုတာ စမ်းသပ်ဖို့ ခေတ္တလာလည်ကြတဲ့ ဧည့်သည်တွေပါ။
သူတို့ပြန်သွားတဲ့အခါ အိမ်ရှင်ဖြစ်တဲ့ ကိုယ့်ဘဝဟာ ပြာပုံအတိုင်း ကျန်ခဲ့တာမျိုး မဖြစ်စေဘဲ သူတို့ ချန် ထားခဲ့တဲ့ သင်ခန်းစာတွေကို ယူပြီး ကိုယ့်ဘဝကို ပိုလှ အောင် ပြန်ပြင်ရမှာပါ။
ဒါက လက်ခံရခက်ပေမဲ့ အမှန်တရားပါ အချစ်တစ် ခုတည်းနဲ့တင် ဆက်ဆံရေးတစ်ခု မခိုင်မြဲနိုင်ပါဘူး နားလည်မှု၊ ယုံကြည်မှု၊ သည်းခံမှုနဲ့ ဘဝအမြင် တူညီ မှု တွေက အချစ်ထက်တောင် ပိုအရေးကြီးပါတယ်။
အဲ့ဒီ အစိတ်အပိုင်းတွေ မပြည့်စုံတဲ့အခါ ဘယ်လောက်ပဲ အရမ်းချစ်ချင်နေပါစေ၊ အက်ကြောင်းကတော့ ပေါ်လာမှာပဲလေ။
သူတစ်ပါးကို ပေးခဲ့တဲ့ အချစ်တွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးကြည့်ပါ လူတစ် ယောက်ကို အဆုံးရှုံးခံနိုင်ပေမဲ့ ကိုယ့်ရဲ့ တန်ဖိုးကို တော့ အဆုံးရှုံးမခံပါနဲ့ဗျာ။
သူ မရှိရင် မဖြစ်ဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ကျွန်တော်တို့က ကိုယ့်ဘဝမှာ ကိုယ်ရှိနေသရွေ့ အားလုံးက အဆင်ပြေသွားမှာပါ။

29/04/2026

စွဲပစ်လိုက်
ဒါမျိုးတော့ ဘာမှ အားနာမနေနဲ့ 😆

26/04/2026

မှန်ကွဲစပေါ်က သက်သေ

26/04/2026

ဘဝလက်တွဲဖော် သိပ်ကို အရေးကြီးတယ်နော်။
နည်းနည်း နောက်ကျလို့ ကိစ္စမရှိပါ။
ဒါပေမယ့် စစ်မှန်တဲ့သူဖြစ်ရမယ်....

ဘာလို့လဲ သင့်ဘဝမှာ အကြီးဆုံး ဆုံးဖြတ်ချက်ရတဲ့အရာတစ်ခု ဘဝလက်တွဲဖော် ရွေးချယ်တာပဲ။
မကြိုက်လို့ မလိုချင်လို့ စွန့်ပစ်လို့ရတဲ့အရာ မဟုတ်ဘူး။

ရွေးချယ်ပြီးမှ အလွယ်တကူ စွန့်ပစ်ရင်
ဒါဟာ လူ့ကျင့်ဝတ် မသိတာဘဲ.....
ကိုယ်ချင်းစာ စိတ် မရှိတာဘဲ သေချာတာပေါ့
လက်တွဲဖော်ဆိုတာ လုံးဝ ပြည့်စုံတဲ့သူကို ရွေးချယ်ချစ်ရတာ မဟုတ်ဘူး။

ဒါပေမယ့် ရှိသင့်ရှိထိုက်တဲ့အချက်တွေရှိရမယ်။
သင်ရွေးချယ်မဲ့သူက မိဘ သွန်သင်မှု ရှိရဲ့လား။
တာဝန်ယူစိတ် ရှိရဲ့လား....ဒေါသထွက်လာတဲ့အခါ

ဘယ်လို တုန့်ပြန်တတ်လဲ။
စကားပြောပုံနဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းလဲ။
စိတ်ဓာတ်ရေးရာ အကျင့်စရိုက် ဘယ်လိုရှိလဲ။
ပညာအရည်အချင်း ဘယ်လောက်ထိ ရှိလဲ။
ဒါတွေဟာ အဓိက ကျတဲ့အချက်တွေပဲ။

နောက်တစ်ချက် လုပ်ရည်ကိုင်ရည်ရှိရဲ့လား။
ဘဝကို ထမင်းရည်သောက်ပြီး ဖြတ်သန်းလို့ မရဘူး။
ဒီလိုဘဝထဲ ခုန်ဆင်းဖို့ အားမပေးဘူး။
ဒါဟာ တကယ်မချစ်တာ မဟုတ်ပါဘူး။

သင့်ဘဝရဲ့အသည်းတစ်ခြမ်းက ကျန်ရှိနေတဲ့သင့်ဘဝနေ့ရက်တွေရဲ့ အလင်းရောင်ဖြစ်တယ်။
ကောင်းကောင်းဆိုးဆိုး သစ္စာမပျက် အတူယှဥ်တွဲကာ ရှေ့ဆက်ရမယ်။

လက်ထပ်ခြင်းရဲ့အနှစ်သာရ
ဆိုတာ ဝမ်းနည်းပင်ပန်းလာတဲ့အခါ
သင့်ကို မှီစရာ ပခုံးတစ်စုံဖြစ်ပေးတယ်။
လမ်းပျောက်တဲ့အခါ သင့်အတွက်
မီးအိမ်ကလေးထွန်းကာ လမ်းမြင်အောင် ပြပေးတယ်။
ခက်ခဲချိန်မှာ အတူကြိုးစား ကျော်ဖြတ်ပေးတယ်။

26/04/2026

အေးတာကိုပဲ ယူတတ်ပါစေ

ကိုယ့်မှာ မာနခံနေရင်
ခွင့်လွှတ်နိုင်ဖို့ ခက်ခဲတတ်ပါတယ် ။

မိမိတို့ရဲ့ဘ၀မှာ
မခေါ်လည်းရတယ် ဆိုတဲ့စိတ်ကြောင့်

မိတ်ဆွေကောင်းတွေလည်း
ကိုယ့်နားမရှိတော့တာ မဆန်းပါဘူး ။

မရှိလည်းရတယ် ဆိုတဲ့စိတ်ကြောင့်
ကိုယ့်ရသင့် ရထိုက်တာတွေလည်း
မရတာဟာ သိပ်မဆန်းပါဘူး ။

ကိုယ့်ရဲ့ မရှိမာနကြောင့်
အခွင့်အရေးကောင်းတွေကိုလည်း
လက်လွတ်လိုက်ရတာ မဆန်းပါဘူး ။

ခွင့်လွှတ်ပေးလိုက်ခြင်းဟာ
ကိုယ့်မှာ ကုသိုလ်လည်းရသလို
လက်ရှိဘ၀လည်း အေးချမ်းရပါတယ် ။

ဘယ်သူတွေ
ကောင်းမကောင်းကို လိုက်မကြည့်ပါနဲ့
ကိုယ်ကောင်းဖို့ပဲ အဓိကကျပါတယ် ။

ဘယ်သူ့စိတ်တွေ ဘယ်လိုထားထား
ကိုယ့်စိတ်ထား မြတ်ဖို့လိုပါတယ် ။

ဘယ်သူကပဲ ပူတာတွေယူယူ
ကိုယ်က အေးတာပဲ ယူဖို့လိုပါတယ် ။


#ဦးအောင်သင်း_စာပေ_hein_n

26/04/2026

" အသိတရားခြင်း မတူကြတဲ့အခါ "

​ကိုယ်ကောင်းပေမယ့် ကိုယ့်အပေါ် ပြန်မကောင်းတာဟာ
သူ့မှာ ကိုယ့်လောက် အသိတရား မရှိလို့ပါပဲ။

​ကိုယ်မကောင်းတာတောင် ကိုယ့်အပေါ် ပြန်ကောင်းနိုင်တာဟာ သူ့မှာ ကိုယ့်ထက် အသိတရား ရှိလို့ပါ။

​အသိတရားချင်း မတူညီကြတော့ တုံ့ပြန်ပုံချင်းလည်း တူမှာမဟုတ်ပါဘူး။ စိတ်ချမ်းသာမှုကို လိုချင်တယ်ဆိုရင်တော့ အသိတရားမရှိသူတွေရဲ့ တုံ့ပြန်မှုတွေကို နားလည်ခွင့်လွှတ်ပေးလိုက်ပါ။
​အသိတရားရှိသူတွေရဲ့ လမ်းစဉ်ကို လိုက်နိုင်အောင် ကြိုးစားပါ။

"လူတိုင်းက ကိုယ့်လိုမဟုတ်ဘူး" ဆိုတာကို အမြဲနှလုံးသွင်းထားပါ။


#ဦးအောင်သင်း_စာပေ_hein_n

26/04/2026

" လောက " မှာ..

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း " ကိုယ်ပါပဲ "

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း " ကိုယ်ပါပဲ "

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း ကိုယ်ပါပဲ "

ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း " ကိုယ်ပါပဲ "

" အဓိက " က ကိုယ့်ရဲ့ " စိတ် " ပါပဲ စိတ် ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်။

" စိတ် "ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ " ဆေးတစ်ခွက် " ဖြစ်နိုင်ပြီး

မကောင်းတဲ့ " စိတ် "တွေ ထားမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ " ဘေး " အန္တရာယ် တစ်ခု ဖြစ်သွားနိုင်ပါတယ်

ကဲ့ အဲတော့ အရေးအကြီး ဆုံးက မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့နဲ့ တန်ဖိုး ရှိအောင်နေထိုင်ဖို့ပဲ မဟုတ်လား

ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ

ကိုင်ထားကြည့်လိုက်ပါ သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ " အပူဒဏ် "ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ

သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ်

ဒီလိုပဲ သင့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေး နေသ၍ စိတ်ညစ်စရာတွေဟာ ပိုကြီးထွားလာပြီး သင်ဆက်ပြီး
စိတ်ဆင်းရဲနေရဦးမှာပါ

ဒါတွေကို မတွေးတော့ပဲ ဖြေရှင်းဖို့နည်းလမ်းရှာမှ သာ အဆင်ပြေမှာပါ

တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ်
တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက် အစရှိတယ် စိတ်ညစ်မှုမျိုးစုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ

ကိုယ့် ကို ကိုယ်

" ပြစ်ဒ-ဏ် " ပေး အကျဉ်းချနေတာပါ " အဓိက " ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်း လမ်းရှာဖို့ပါပဲ

* အကျိုးရှိရင် အကြောင်းရှိသလို "

အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမဲ့ နည်းလမ်းဆိုတာ ရှိစမြဲပါ

သင်တို့လွန်ခဲ့တဲ့ ၂/၃ နှစ်တုန်းကလည်း စိတ်ညစ် ဖူးမှာပါ

ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ
ဖြစ် သွားတာပဲလေ

အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။

" လောက " ကြီးက " စိန်ခေါ်မှု" တွေ
အရမ်းများတယ် ဆုံးရှုံးမှုဒ-ဏ်တွေ / ဝမ်းနည်းကြေကွဲမှုဒဏ် တွေ ကို သင်မခံနိုင် ရင် " စိန်ခေါ်မှု့" တွေ များတဲ့ * လောက" ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မ လဲ ??? စဉ်းစားပါ

" ကိုယ့် ကို ကိုယ် " T၊H၊A၊Yကြောင်းကြံတဲ့ နည်းနဲ့ ဖြေ ရှင်းမှာလား ??

ဒါဆို သင် " လုံလောက်တဲ့ " ရင့်ကျက်မှုမရှိသေး လို့ဆိုတာ
မမေ့ပါနဲ့

" လုံလောက်တဲ့ " ရင့်ကျက်မှုရှိသူတိုင်းဟာ " ကိစ္စ တိုင်း ကို ထည့်တွက်မနေကြပါဘူး

" ပူလောင်မှု" ကိုခံစားနေရတယ် ဆိုတာ "မေတ္တာ"
စိတ်မရှိလို့ပါ

ပြီးတော့ "အတ္တ" စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို "ရှေ့တန်း တင်ပေးနေတာ ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာ တွေနဲ့ ဝေးသွားအောင် ဒီလိုစိတ်ထားကြည့်ပါ

{ ၁ )ခွင့်လွှတ်နားလည်ပေးကြည့်ပါ

( ၂ )ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ

(၃ )အကောင်းမြင်စိတ်လေးနဲ့ ကြည့်ပါ

အရင်ဆုံး ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ " အမှား "ကို မေ့ပစ်ခြင်းဟာလည်း အကောင်းဆုံး "ဂလဲ့စား ချေခြင်းတစ်မျိုးပါပဲ

" ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ " တဲ့ မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး ( သူလည်းအားချင်မှအားမှာလေ )

smile emoticon

* မုန်တိုင်း " ပြီးရင်တော့ " လေပြေ " ရောက်လာစမြဲပါ

* အကောင်းဆုံး "တွေ လာဖို့ အဆိုးတွေ
အရင် လာလည်တာပါ

" နေရိပ် " ကို လိုချင်လို့နေပူထဲ ရပ်စောင့်နေရပါ လားလို့အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ

ငါ " ပေ " ဖြစ်နေလို့ခံနေရတာ " တူ "ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ..

လူ့ဘဝ ဆိုတာ တစ်ကယ်တော့ " ခဏတာ " လေး ပါ
အဲ့ထဲမှာ သင်က ထမင်းစားဖို့အသက်ရှင်နေတာလား ? အသက်ရှင်ဖို့ ထမင်းစားနေတာလား ?

ဆိုတာ အရင်တွေးပါ.

"ကာဗွန် " ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့

တန်ဖိုးရှိတဲ့ " စိန် " ပဲ ဖြစ်အောင်ပဲကြိုးစားပါ

သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာ ပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ /

ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ " ပရဟိတ " တွေများများလုပ်ပါ

များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်း ထားပါ / "ရိုးသားစွာ" ကြိုးစားပါ

ကဲ့ ဒါဆို သင့် ဘဝတစ်ခုလုံးအတွက် "တန်ဖိုး" ရှိ စွာနေထိုင်နိုင်တဲ့ " လူ " တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။


#ဦးအောင်သင်း_စာပေ_hein_n

26/04/2026

ကိုယ်ကျင့်သိက္ခာနဲ့ လုပ်ရပ်က သင့်တန်ဖိုးပဲ

ငွေရဲ့တန်ဖိုးက
ဖေါ်ပြထားတဲ့ ကိန်းဂဏန်းတွေမှာ ရှိတယ်။
လူရဲ့တန်ဖိုးက
ကိုယ်ကျင့်သိက္ခာနဲ့ လုပ်ရပ်တွေမှာ ရှိတယ်။

လူတစ်ယောက်ရဲ့တန်ဖိုး ဆိုတာ
ငွေရှိခြင်း ၊ မရှိခြင်းနဲ့ မသက်ဆိုင်ဘူး။

လူ့တန်ဖိုးကို ငွေနဲ့ ဝယ်လို့မရဘူး
ရိုးသားမှုကို ငွေနဲ့ ဝယ်လို့မရဘူး
ကိုယ်ကျင့်သိက္ခာကို ငွေနဲ့ဝယ်လို့မရဘူး။

သစ်ပင်ကောက်တာကို မြင်ရလွယ်ပေမယ့်
လူ့အတွင်းစိတ်တွေ မဖြောင့်တာကို
လွယ်လွယ်နဲ့ မမြင်နိုင်ဘူး။

လူတချို့က
သူတို့ရဲ့မကောင်းတဲ့ အတွင်းစိတ်ကို
လူတွေ မမြင်အောင်
ဟန်ဆောင် လုပ်ရပ်တွေနဲ့
ဖုံးကွယ် တတ်ကြတယ်။

တကယ့် ရိုးသားမှု စစ်စစ်က
အတွင်းစိတ်က လာတယ်။
တကယ့် ကိုယ်ကျင့်တရား စစ်စစ်ကို
အတွင်း စိတ်က မွေးဖွားပေးတယ်။

အတွင်းစိတ် သန့်ရှင်းနေခြင်းက
ကိုယ်ကျင့်သိက္ခာနဲ့ ယှဉ်တဲ့ လုပ်ရပ်တွေကို
လိပ်ပြာလုံစေတယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့
တကယ့်တန်ဖိုးရှိတဲ့နေရာဟာ အတွင်းစိတ်ပါပဲ။
အတွင်းစိတ်လေး ကြည်လင်ရှင်းသန့်နေသူတွေဟာ
ကိုယ်ကျင့်တရား ကောင်းမွန်သူများ ဖြစ်ကြပါတယ်။

သူတပါးအပေါ် မနာလိုစိတ် မထားခြင်း
သူတပါးအပေါ်
မကောင်းတဲ့စိတ် မထားခြင်းဖြင့်
သင့်စိတ်လေးကို ကြည်လင်လိုက်ပါ....။

#ဦးအောင်သင်း_စာပေ_hein_n

21/04/2026

😝

🫩

21/04/2026

🫶

လူကောင်းတွေက နှစ်ခါပြန်မလာဘူး
ဘာလို့ဆို နောင်တမရှိလို့ သူရဲ့ကောင်းမွန်တဲ့
စိတ်သဘောထားဟာ ဘယ်နေရာမှာ
ဘယ်သူနဲ့ရှိရှိ လှနေမယ်ဆိုတာ သိနေလို့ပဲ။
ကိုယ်ဟာ လူကောင်းတစ်ဦးလား...
ဒါဆို ကိုယ့်ရဲ့စိတ်သဘောထားနဲ့
မတန်တဲ့သူကို နှစ်ခါပြန် အခွင့်ရေးမပေးနဲ
အဲဒီလူဆီ ထပ်မသွားနဲ့။
ဒါမှမဟုတ် ကိုယ်ဟာ မကောင်းတဲ့သူလား
ဒါဆို လူကောင်း တစ်ဦးကို မဆုံးရှုံးခင်
အပြုအမူတွေပြင်ပါ။
ဆုံးရှုံးနေပြီဆိုရင်လည်း သူများဘဝကို
သွားမရှုပ်နဲ့တော့ ကိုယ့်အပြစ်ကိုသာ
ပြန်သုံးသပ်ပြီး ပိုကောင်းတဲ့သူဖြစ်လာဖို့
ကြိုးစားပါ။
ဘဝမှာ လူကောင်းတွေ အများကြီး
မရှိတတ်တာကို သတိရပါ လူကောင်းတွေဟာ
လေ.... တစ်ခါလွဲရင် တစ်သက်လုံးပဲ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bang Rak?
คลิกที่นี่เพื่อเป็นสมาชิก?

ที่อยู่

Bang Rak