E MYAT H
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก E MYAT H, Bangkok Yai.
18/12/2025
#မိန်းမချင်းတူတယ်စိတ်ဓာတ်နဲ့စရိုက်ကွာတယ်
အမျိုးသားတိုင်းဆိုလိုချင်းမဟုတ်ပါ တစ်ချို့အမျိုးသားတွေ ပြောကြတယ် မင်းတို့ မိန်းမတွေက အကုန်တူတူဘဲတဲ့ အဲ့စကားလေးကို လုံးဝ လက်မခံနိုင်ဘူး ဘာလို့ဆို မိန်းမတွေကတူတယ် စိတ်
ဓာတ်ကွာတယ် စရိုက်ကွာတယ်
(1) ပထမက ဖန်သားစလိုမိန်းမ
မင်းနဲ့ ရည်းစားဖစ်တယ် rs သဘာဝ တွေ့မယ် ဖက်တယ် နမ်းတယ် မင်းကိုအဆင်ပြေရဲ့ ယလား တစ်ခွန်းမမေးဘူး မင်းနဲ့ဖုန်းတွေပြောကြတယ် တနေ့တာဘယ်လိုဖြတ်သန်းလာလဲ စိတ်ပင်ပန်းနေပြီလား မိသားစုအဆင်ပြေလား မင်းရောအဆင်ပြေနေရဲ့လား တစ်ခွန်းမမေးဘူး သူဖစ်ချင်တာတွေပြောမယ် သူလုပ်ချင်တာတွေပြောမယ် သူလိုချင်တာတွေတောင်းမယ် မင်းဘက်သူမကြည့်ဘူး
မင်းရဲ့ဖြေရှင်းချက်တွေ အချင်းချင်းထားရမယ့် Respect မရှိဘူး မင်းဘက်မှာ ရှိမနေဘူး သူ့ဘက်ကနေလည်း ဘာမဆို မင်းကိုတောင်းဆိုရဲမယ် မင်းဘက်ကနေ တောင်းနေသမျှကိုလဲ သူမငြင်းဘူး
မင်းဆန္ဒ မင်းရှေ့ရေး မင်းပျော်ရွှင်မှု အားလုံးကို သူနဲ့မဆိုင်သလိုနေမယ် သူလဲ လုပ်ချင်တာလုပ် ငါလဲနေချင်သလိုနေမယ်ဆိုတဲ့မိန်းမ
မင်းလုပ်နေတာမှားလား မှန်လား မဝေဖန်ဘူး မင်းကိုချစ်လို့လိုလိုက်နေတာမဟုတ်ဘူး မင်းဘဝက သူနဲ့မဆိုင်လို့ဘဲ တစ်ချို့မိန်းကလေးတွေက ယောကျ်ားတစ်ယောက်နားကပ်ရင် ပိုက်ဆံရှိလို့ ရယ်
(2) မိခင်လို မိန်းမ
အဲ့မိန်းမကကြ ချစ်ရသူနဲ့ စကားတွေပြောရင် တောင်ပင်ပန်းနေပြီလား အရင်မေးမယ် အလုပ်ထဲမှာအဆင်ပြေရဲ့လား ပြသနာတွေရှိနေလား မင်းကိုအရိပ်တ ကြည့်ကြည့်နဲ့ စိတ်ပူပေးမယ်
သူနဲ့မင်းစကားပြောရင် ချစ်လားကြိုက် လား မေးနေမှာမဟုတ်ဘူး မင်းဘဝ ဘယ်လို ကောင်းအောင်လုပ်မယ် မင်းဘဝလေးပိုပြီး ပျော်ရွှင်လာအောင်ကူညီပေးမယ် မင်းပင်ပန်းလာရင် ဖခုံးတစ်ဘက်ပေးမယ် မင်းဝမ်းနည်းရင်နှစ်သိမ့်ပေးမယ်
သူဆန္ဒဟာ မင်းဆန္ဒရဲ့ အနောက်မှာ သူ့ဘဝဟာ မင်းဘဝရဲ့ ဦးတည်ချက်ထဲမှာ
မင်းကိုရိုရိုသေေသ ဆက်ဆံမယ် တခုခု ဆို တိုင်ပင်မယ် အသိပေးမယ် ဦးစားပေးတဲ့ အဲထဲမှာ မင်းဟာပထမ ရှေ့ရေးအတွက် plan တွေချမယ် အတူနေဖို့ထက် မင်းအတွက်ပိုအဆင်ပြေစေချင်တယ်
မင်းကိုပိုက်ဆံတွေစုဖို့ တိုက်တွန်းမယ် အလုပ်ကြိုးစားဖို့ ပြောမယ် မင်းအမြင် မှာ ပွစိ ပွစိ နဲ့ပေါ့ တကယ်တွေးကြည့်ရင် မင်းအတွက်ကြည့်ပါဘဲ
ပိုက်ဆံစုဖို့ပြောတာ မင်းချမ်းသာမှ သူယူမယ် ယဆိုလိုတာမဟုဘူး မင်းကိုပြည့်စုံပြီးတန်ဖိုးရှိတဲ့ ယောက်ကျားဖြစ်စေချင်လို့ သူနဲ့လွဲခဲ့တောင် မင်းဘဝလေးလှပဖို့အတွက်ပါ
မိန်းမတယောက် တကယ်ချစ်ရင် သူရဲ့ပထမဦးစားပေးမှုက သူမြတ်နိုးတဲ့ ယောက်ကျားဘဲ ပထမမိန်းမကို လူတိုင်းတွေဘူးကြတယ် လူတိုင်းယူလို့လွယ်တယ် ဒုတိယမိန်းမကိုတော့ လူတိုင်းလည်းမတွေ့ဘူးသလို ယောကျ်ားတိုင်းလည်းမရပါဘူး
မိန်းမချင်းတူတယ် စိတ်ဓာတ်ကွာသလို စရိုက်လဲ ကွာတယ် ရောမချပါနဲ့
ဥေပက္ခာနဲ့ တန်ဖိုး
အကောင်းဆုံးတွေ လုပ်ပေးခဲ့တာ တောင်မှ ကိုယ့်ကို အကောင်းမမြင်တဲ့ သူကို ဥပေက္ခာဆိုတဲ့ အရာသာ ပေးခဲ့လိုက်ပါ
ကိုယ်လောက် ဘယ်သူမှကောင်းဖို့မလွယ်အောင် အစွမ်းကုန်ကောင်းခဲ့တာကို တန်ဖိုးမထားဘူးဆိုရင် ဝမ်းနည်းနေမယ့်အစား မေ့ပျောက်နိုင်အောင်ကြိုးစားပါ
ကိုယ်လောက် သူ့အပေါ် အကောင်းဆုံး နားလည်ပေးပြီး တန်ဖိုးထားခဲ့တာတောင်မှ တန်ဖိုးမထားတတ်ဘူးဆိုရင် မဖက်တွယ်သင့်ပါဘူး
တခါတလေမှာ ကိုယ်က ဘယ်လောက်ပဲ ကောင်းတာတွေးပေးပေး တန်ဖိုးသိသူနဲ့သာ တန်ဖိုးမြင့်မားလာတာမျိုးပါ
တစ်ခါတစ်လေ ကျတော့လဲ သူတောင်းစားဆိုတာ နန်းတော်မှာမပျော် တတ်သလို ဝက်မြှီးဆိုတာကလည်း မရရအောင်ဖြောင့်နေလို့ရတဲ့ နေရာမျိုး မဟုတ်ဘူးလေ
အကောင်းဆုံး ၊ အတတ်နိုင်ဆုံး တန်ဖိုးထားပြီး နားလည်မှုတွေ ပေးနေပါ လျက်နဲ့ တန်ဖိုးမထားသူကို " ဥပေက္ခာ" ပြု နိုင်အောင်ကြိုးစားပါ
တကယ်၍ မပြတ်သာနိုင်ခဲ့ဘူး ဆိုရင် သေချာပါတယ် သင့်တန်ဖိုးလည်း အလကား ဖြစ်သွားနိုင်သလို နာကျင်မှုက လည်း အဆမတန်ပါပဲ
နေကြာပန်းတွေ မပျော်တာဟာ ဥယျာဉ်မှူးညံ့တယ်လို့ ဘယ်ပြောလို့ရမလဲ“သူတို့မျှော်နေတာ နေကိုလေ”
#မဂ်လာမနက်ခင်းပါအမျိုးတို့
#တရားတော်များ #ဓမ္မဒါန
#တရား
"အလွမ်း" ဆိုတာ ကျိုးနေတဲ့ နံရိုးတစ်ချောင်းလိုပါပဲ အပြင်ပန်းက မမြင်ရပေ မယ့် အသက်တခါရှူလိုက် တိုင်း အသက်ထွက်မတတ်နာတယ်
မဂ်လာမနက်ခင်းလေးပါ အမျိုးတို့
#တရား #ဓမ္မဒါန
17/11/2025
အရင်က သိမ်ငယ်ခဲ့ဖူးတယ်
ကျောင်းသွားရင် မုန့်ဖိုးမပါတဲ့မနက်ခင်းတွေမှာ သိမ်ငယ်ခဲ့ဖူးတယ် မုန့်စားချင်ရင်တောင် မစားခဲ့ရတဲ့ နေ့ရက်တွေရှိခဲ့
ဖူးတယ် ငွေကြေးနဲ့ပတ်သက်ရင် ချို့တဲ့ခဲ့တဲ့ ငယ်ဘဝမှာ ဝမ်းနည်းအားငယ်ခဲ့ရတယ် ငွေရှိတဲ့လူတွေကြားမှာမျက်နှာငယ်ရတဲ့ ကာလတွေကို ကိုယ်ဟာ မနှစ်သက်ခဲ့တာ အမှန်ပါပဲ နုတ်ကထွက်ကျလာတဲ့ စကားလုံးချင်းတူနေရင်တောင် ငွေရှိတဲ့သူရဲ့ စကားက ပိုမှန်တယ်လို့ ထင်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်စိတ်ဟာ နာကျင်ခဲ့ရဖူးတယ်။
အငြိုးထားတာတော့ မဟုတ်ဘူး တချိန်ကျရင် ငါပြန်ချေပမယ်ဆိုတဲ့စိတ် ဖြစ်တည်ခဲ့ဖူးပါတယ်
13/11/2025
Shout out to my newest followers! Excited to have you onboard! Ti Zar, Chneneng Haokip, AU NG, Soe Lwin Oo, Ko Ko Lin Maung, Sarah Hafsah, Aung U Tin, David Van Lian Thang, Thae Thae Phoo, Aye Sandar Lwin, Khaing Win Thu, Say Pwe Phaw, Ÿŭ Ÿŭ Lãÿ, ပျော်ရွင်တဲ့ မိသားစုလေး, Daw Khaing EI Phyo, Moe Myat Nwe, Khun Maung San, Pyae Pyae, Thadar Cho
ရှိနေတုန်းမှာ တန်ဖိုးထားတတ်ကြပါစေ
#တရားတော်
15/10/2025
ဖြစ်ချင်တဲ့ အရာတွေဆီ တစ်လှမ်းချင်းပဲ ဆက်လှမ်းသွားပါမယ် ဘဝရဲ့ right person ဆီလည်း တစ်လှမ်းချင်းပဲ လှမ်းသွားမှာပါ ဘယ်အရာကမှ သိပ်ပြီး နောက်ကျသွားတယ်ဆိုတာ မရှိပါဘူးလေနော် ခုချိန်မှာ ကိုယ်မပိုင်ဆိုင်ရသေးရင် လက်ခံဖို့ အဆင်သင့်မဖြစ်သေးလို့ဆိုပြီး ခံယူထားပါတယ် ကိုယ် လက်ခံဖို့ အဆင်သင့်ဖြစ်တဲ့အခါ ဘဝက လိုချင်တာတွေ တန်းစီပေးပါလိမ့်မယ် လျှောက်လှမ်းဖြစ်တဲ့ ခြေလှမ်းတိုင်းဘယ်တော့မှ အလဟဿ ဖြစ်မှာမဟုတ်ပါဘူးေလဘဝရဲ့အချိန်တွေက အမြဲမှန်တယ် နောက်ကျတာလည်း မရှိသလို စောတာ လည်း မရှိဘူး စိတ်ရှည်စွာ စောင့်ရမယ် စောင့်ရကျိုးလည်း နပ်ပါလိမ့်မယ်
#ခွန်အားဖြည့် #စိတ်ခံစားချက်
သူများပြောတိုင်း လိုက်ခံစားနေရင် သင်ဟာ သူများစိတ်နဲ့ အသက်ရှင်တဲ့သူ ဖြစ်သွားမယ်
ကြိုက်တဲ့သူက ကောင်းတာပြောမယ်၊မကြိုက်တဲ့သူက မေကာင်းတာပြောမယ် ဒါသဘာဝပဲလေ
သင်လုပ်စရာရှိတာပဲ ဆက်လုပ်ပါ
#စိတ်ခံစားချက်
คลิกที่นี่เพื่อเป็นสมาชิก?