Daw Myat Mon Kyaw
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Myat Mon Kyaw, Beauty, cosmetic & personal care, .
09/08/2025
01/11/2024
ကိုယ့်အဆင်မပြေတဲ့အချိန်လေးမှာ ကိုယ့်ကဘာမပြောပဲအလိုက်တသိနဲ့ စားစရာတွေဝယ်လာပေးခဲ့တယ် ကိုယ့်ကတူမတွေပြန်ဝယ်ပေးရမှာကို အခုတော့ပြောင်းပြန်ဖြစ်နေတယ် ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးတယ်ပါတယ်နော် အားနာနာနဲ့ ဒီနေ့အတွက်လည်းကျေးဇူးထင်ပါတယ် ဒေါလေးအဆင်ပြေတဲ့အချိန် တစ်လှည့်ပြန်ကူညီမယ်နော် တစ်သက်မမေ့ဘူးနော် Ro Salyn
15/08/2024
မင်း လုပ်နိုင်တယ်
မင်းဟာ စိန်တစ်ပွင့်လိုနေရင် မင်းကို
ဘယ်အရာကမှ ဖျက်စီးလို့ မရဘူး
ဖန်ခွက် တစ်လုံးလို နေရင်တော့
နည်းနည်းထိတာနဲ့ မင်း တစစီ
ကြေမွပျက်စီး သွားမှာပဲ.
လောကမှာ မင်းသာ ကံအဆိုးဆုံး
ထင်တယ်ပေါ့. No No No...
မင်းထက်ဆိုးတဲ့သူတွေ တပြုံကြီး
မင်းဘဝကို ကံဆိုးမုန်တိုင်း တိုက်ပါစေ
ကံဆိုးမိုးမပြတ် ရွာနေပါစေ..
မပူနဲ့ ဘယ်လောက် အချိန်ကြာအောင် သဲကြီးမဲကြီး ရွာပါစေ..
အချိန်တန်ရင် တိတ်မှာပဲ ...
အချိန်တစ်ခုပဲ လိုမှာ..
အားငယ်စရာ မလိုဘူး...
တွေးပူတတ်တဲ့ အလေ့အကျင့်ထဲက ရုန်းထွက်လိုက်တော့....
မင်း ရဲရင့်ရမယ့် အချိန်ကျပြီ...
အမြဲတမ်း တစ်ယောက်တည်း
ဖြစ်နေတတ်လို့ စိတ်အားငယ်တာလား..
တစ်ကောင်ကြွက် ဘဝကို ခံယူထားရင် စိတ်ဓာတ်ကို အမြန်ပြန်ပြင်ဆင်တော့
တစ်ကောင်တည်းဆိုလဲ မင်း ခြင်္သေ့ပဲ ဖြစ်ရမယ်..
မင်းလျှောက်လှမ်းနေတဲ့ လမ်း
ဘယ်လောက်ကြမ်းကြမ်း
စိတ်မာမာနဲ့ ဇွဲကောင်းရင်
လမ်းဆုံးရင် အောင်မြင်မှုရဲ့
အသီးအပွင့်ကို မင်းခံစားရလိမ့်မယ်
လမ်းတစ်ဝက်က လှည့်ပြန်လာရင်
မင်းပိုရှုံးတယ် အချိန်ရော စိတ်ပိုင်းဆိုင်ရာရော ပေါ့....
မင်းရည်မှန်းချက် မင်းအိမ်မက္ကို
မင်းစိတ်ကြိုက် ပုံဖော်ခွင့် ရှိတယ်..
ရည်မှန်းချက်တို့ အိမ်မက္တို့ဆိုတာ
ဒိတ်ကုန်ရိုး ထုံးစံမရှိဘူး....
အမြဲ မှန်မှန်လေးသာ ကြိုးစား..
မင်းလုပ်နိုင်တယ်....
မင်းလုပ်နိုင်တယ်....
မင်းသာ အတော်ဆုံးပဲ...
#ဘဝရဲ့ခရီးသည်
:
16/07/2024
မှတ်မှတ်ရရဒိတ်လှလှ🙂🙂🙂泰国
08/06/2024
အနင်းခံရတဲ့ မြက်တွေဆိုတာ
ရှင်သန်လာပြီဆိုရင်
သာမန်အပင်တွေထက် ပိုသန်မာကြပါတယ်။
ဘဝက အဖိအနှိမ်ခံနဲ့
တစ်သက်လုံး နေသွားရမှာမှမဟုတ်တာ။
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေအောက်မှာ
စိတ်ဓာတ်ကျသွားတာထက်
စိတ်နာတတ်အောင် လေ့ကျင့်ယူရမှာပါ။
ဒီနေ့အဆင်မပြေဘူးဆိုပြီး
ပြိုလဲသွားဖို့မလိုပါဘူး။
မနက်ဖြန်တွေမှာ ပြန်ရပ်တည်နိုင်ဖို့
အခွင့်အလမ်းတွေရှိပါသေးတယ်။
လောကဓံက ကြမ်းတယ်ဆိုတာ
ဘဝတွေသန်မာဖို့အတွက်
အဆင့်အဆင့် သင်ခန်းစာတွေပါပဲ။
မုန်းတိုင်းပြီးရင်
လေပြေဆိုတာ လာစမြဲပဲမဟုတ်လား။
အတွေးနွံထဲမှာပဲ စိတ်နှစ်မနေနဲ့။
ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါ။
လူတိုင်းက သန်မာနေလို့တော့ ဘယ်ဟုတ်မလဲ။
လဲကျသွားမှာစိုးလို့
တောင့်ခံရင်း ရုန်းကန်းနေကြရတာပါ။
ဘဝက ခက်ခဲချင် ခက်ခဲမယ်
ကြမ်းတမ်းချင် ကြမ်းတမ်းမယ်။
ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။
29/05/2024
ကျွန်မက ကျွန်မ ပါ ပဲ
လူတွေက ကံချင်းမတူကြလို့ ဘယ်သူ့ကိုမှ
တုပြီး လိုက်အားကျ မနေတတ် ပါဘူး။
သူ့မှာလည်း သူကံတရားလေး နဲ့သူ
အကောင်း အဆိုး ရှိသလို
ကျွန်မ လည်း
ကျွန်မ ကံတရားနဲ့ ကျွန်မ ပဲလေ"
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး
အချစ်ခံရသည် ဖြစ်စေ ပစ်ချခံရသည် ဖြစ်စေ
ဘယ်သူနဲ့မှ ပြိုင် မငြင်း ချင်ဘူး"
ဘယ်လို ဒုက္ခတွေ အခက်အခဲတွေနဲ့ပဲ
ကြုံကြုံ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်
ထားပြီး ရင်ဆိုင် ဖြေရှင်း တယ်"
ကျွန်မက ဘယ်လို နာကျင်မှု မျိုးကိုမှလည်း
အလေးအနက်ထားပြီး အချိန်ကြာကြာ
မခံစား တတ်ဘူး"
လောကကြီးက ကိုယ်ဖြစ်ချင်သလို
မဖြစ်လာလည်း ~~
နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်လေးပဲ
ဖြတ်သန်း လိုက်တယ်"
စိတ်ဓာတ်ကျရှုံးရင် အရာအားလုံး
ဆုံးရှုံးတတ်တာမို့ ။ စိတ်ဓာတ်ကျစေမယ့်
အကြောင်း အရာ တွေကို သိပ်မတွေးဘူး"
တခြားလူတွေနဲ့ နှိုင်းယှဉ်ပြီးတော့
ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်အောင်
တန်ဖိုးကျအောင်လည်း မလုပ်ဘူး"
အတိတ်အကြောင်း တွေကို
ပြန်မတွေးပဲ နေတယ်"
အနာဂတ်"အတွက်လည်း အဝေးကြီးတွေးပြီး
ပူဆွေး သောကတွေ မဖြစ်ဘူး"
ရှင်သန်နေရတဲ့ ဒီအခိုက် အတန့်လေးကိုပဲ
ကျွန်မ သေချာလေး အာရုံစိုက်ပြီး
စိတ်ပေါ့ပေါ့ပါးပါးနဲ့ စိတ်ပျော်အောင်
နေလိုက်တယ်"
ကျွန်မ လဲကျခဲ့တဲ့ အချိန်တွေရှိခဲ့ဖူး သလို
လှဲချခံရတဲ့ အခါတွေလည်း ဘဝမှာ အခါခါ ပါပဲ"
ကျွန်မ စိတ်ရင်းကို
ဖျက်စီးသွားတဲ့ သူတွေရှိတယ်"
ကျွန်မ အိမ်မက်တွေကို တစ်စစီ
ရိုက်ချိုးပစ်သွားတဲ့ သူတွေရှိတယ်"
ကျွန်မကို မျော်လင့်ချက်မဲ့အောင်
လုပ်တဲ့ လူတွေထဲမှာ တရင်းတနှီး
ပတ်သက်ခဲ့ဖူးတဲ့ သူတွေလည်း ပါတယ်"
အဲဒါကြောင့်..ထင်ပါရဲ့
အခုနောက်ပိုင်း အချိန်တွေ ကြာလာလေ~
လောကဓံ"တရားတွေ ကိုလည်း
ကျွန်မ မကြောက်တတ် တော့ဘူး
လူတချို့ကိုလည်း သိပ်ပြီး
ဂရုစိုက် မနေတတ် တော့ဘူး"
မကျေနပ်စရာတွေနဲ့လည်း
ခေါင်းစား မခံချင် တော့ဘူး
ကျွန်မ အကြောင်း ကောင်းဖို့သာ
တစိုက်မတ်မတ် ကြိုးစားနေလိုက်တယ်"
ကျွန်မ ဖြစ်တည်မှုလေးကို ကျေနပ်စွာ
လက်ခံပြီး မလိုအပ်တဲ့ အရာတွေရဲ့
ခပ်ဝေးဝေးမှာ နေဖြစ်လာတယ်"
ကျွန်မက အမြဲတမ်းကြီး ပြုံးရယ်
မနေနိုင်ရင်တောင် ဘဝကို ပျော်အောင်
နေတတ်ဖို့တော့ သင်ခန်းစာတွေ
ကျွန်မ အများကြီး ရခဲ့ ပါပြီ"
Happy Birthday to me
20/05/2024
ကျွန်မ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နိုင်တဲ့ မိန်းမတစ်ယောက်မို့လို့
ယောက်ျားတစ်ယောက်ကို ပိုက်ဆံအတွက်နဲ့ ဘယ်တုန်းကမှ မလိုအပ်ခဲ့ဖူးဘူး
ပိုက်ဆံအတွက်နဲ့ ဘယ်တုန်းကမှ ယောက်ျားတစ်ယောက်အနားမှာ တွယ်ကပ်မနေဖူးဘူး
ပိုက်ဆံအတွက်နဲ့ ဘယ်တုန်းကမှ ယောက်ျား
တစ်ယောက်ကို အောက်ကျခံ ခယပြီး မဆက်ဆံဖူးဘူး
ကျွန်မ relationship တစ်ခုကိုတည်ဆောက်ပြီဆိုရင် - အဲ့ဒီယောက်ျားဘယ်လောက်ချမ်းသာလည်း ကျွန်မ မကြည့်ဘူး - ကျွန်မအပေါ်မှာ
သူဘယ်လောက်မေတ္တာရှိလည်းဆိုတာကိုပဲ
အဓိကကြည့်တယ်
အဲ့ဒီယောက်ျား ဘယ်လောက်ပညာတတ်လည်း ကျွန်မ မကြည့်ဘူး - ကျွန်မအပေါ် သူဘယ်လောက် ငဲ့ညာမှုရှိလည်းဆိုတာရယ် ဘယ်လောက်သည်းခံနိုင်စွမ်းရှိလည်းဆိုတာကိုပဲ အဓိကကြည့်တယ်
အဲ့ဒီယောက်ျား ဘယ်လောက်ချောတယ်ဆိုတာကို ကျွန်မ မကြည့်ဘူး - ကျွန်မအပေါ်မှာ သူဘယ်လောက်ကြင်နာတတ်လည်း - ဘယ်လောက်နွေးထွေးမှုပေးနိုင်လည်း - ဘယ်လောက်စိတ်လုံခြုံမှုပေးနိုင်လည် - သူဘယ်လောက်ကိုယ့်အပေါ် သစ္စာရှိလည်းဆိုတာပဲ အဓိကကြည့်တယ်
ယောက်ျားတစ်ယောက်ဟာ...
ကျွန်မအတွက်အရမ်းချမ်းသာနေဖို့မလိုပါဘူး -
မချမ်းသာရင်နေပါ အလုပ်လုပ်ချင်စိတ်ရှိဖို့ရယ်
ကြိုးစားချင်တဲ့စိတ်ရှိဖို့ပဲ လိုတယ်
ယောက်ျားတစ်ယောက်ဟာ...
ကျွန်မအတွက် အရမ်းရုပ်ချောနေဖို့မလိုပါဘူး
ငဲ့ညာတတ်တဲ့စိတ်ရယ် နွေးထွေးကြင်နာတတ်ပြီး သစ္စာရှိပြီးစိတ်လုံခြုံမှုအပြည့်ပေးနိုင်တယ်ဆိုရင် - လူစိတ်ရှိတယ်ဆိုရင် ရပါပြီး...။
17/05/2024
"မမှီတဲ့ပန်းကို လှမ်းပြီးမခူးချင်ပါနဲ့''
''အရည်အချင်းရှိသော မိန်းကလေး
တစ်ယောက်ဖြစ်အောင် နေပါ"
မိန်းကလေးဆိုတဲ့အတိုင်း အနည်းဆုံးတော့
အစားအသောက်ချက်ပြုတ်တက်ရမယ်။
ဘာလာလာ မချက်တက်ဘူးဆိုရင်တောင်
ကိုယ့်ဗိုက်ပြည့်ဖို့အတွက်တော့ ချက်တက်
ပြုတ်တက်ရပါမည်။ နောက်နောင်
ကိုယ်အိမ်ထောင်ပြုသွားရင် ကိုယ်ချစ်တဲ့
သူတွေကိုချက်ပြုတ်ကျွေးလို့ရတာပေါ့။
အစားအသောက်မချက်တက်တာ
ဘာမှ မဖြစ်ဘူးဆိုပေမယ့် မိန်းကလေးမှန်ရင်
ထမင်းဟင်း ချက်တက်ရမည်။ ဒါဟာ
ကိုယ့်တန်ဖိုးကို မြင့်တင်ခြင်းသာဖြစ်တယ်။
ကိုယ့်ဘဝကို မှီခိုဖို့အတွက်နဲ့ ယောကျာ်း
တစ်ယောက်ကို လက်မထပ်ပါနဲ့။
အနည်းဆုံးတော့ ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်မှ အိမ်ထောင်ပြုပါ။
ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့
မိန်းကလေးသည် အလှဆုံးမိန်းကလေး
ဖြစ်တယ်။
ယောကျာ်းတကာနဲ့ မိတ်ဆွေမဖွဲ့ပါနဲ့။
ကိုယ့်တန်ဖိုးကို လွယ်လွယ်
အောက်ကျမခံပါနဲ့။ ယောကျာ်တိုင်း
မရနိုင်တဲ့ မိန်းကလေးဖြစ်တဲ့အထိ
တန်ရှိးထားပြီး နေပါလေ။
အပြင်ပန်းအလှထက် စိတ်အတွင်းပိုင်းအလှကို
ပိုလှအောင် ကြိုးစားပါ။စကားတစ်ခွန်း
ရှိတယ်မလား "စိတ်ထားလှရင် ရုပ်က
အလိုလိုလှတယ်"တဲ့လေ။
Inner beauty is a real beauty.
ကိုယ့်သူငယ်ချင်းဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ်
သူတို့နဲ့ ပတ်သက်ခဲ့ဖူးသော ယောကျာ်းတွေနဲ့
ကိုယ်က ပြန်ပြီး မပတ်သက်မိစေနဲ့။
မထင်မှတ်လို့ ချစ်မိသွားရင်တောင်
ကိုယ့်စိတ်ကို ထိန်းချုပ်ပါ။ ဒါဟာ
လူမှုရေးကြားမှာ ပါးစပ်က မပြောလည်း
ကိုယ်က သိရမယ့် စည်းတစ်ခုပါ။တခြားသူအပေါ် Mutual Respect ရှိတာ အကောင်းဆုံးပါ။
ကိုယ်ပိုင် branded တည်ဆောက်ပါ။ ဥပမာ
ကိုယ့်ကို လူတွေ မြင်လိုက်တာနဲ့ သူကလား
စိတ်သဘောအရမ်းကောင်းပြီး အရမ်းတော်တဲ့ မိန်းကလေးတစ်ယောက်လေ ဆိုတဲ့ brandedမျိုး
ဖြစ်တဲ့အထိ ကြိုးစားပါ။
ပတ်ဝန်းကျင်က လူတွေ အသင်မိန်းကလေး
ဘာကားစီးနိုင်တယ်၊ ဘာဖုန်းကိုင်နိုင်တယ်၊
ဘယ်သူနဲ့ တွဲနေတယ်၊ နောက်ဆုံးပြောရရင်
သင်ရင်ကိတ်မကိတ် သူတို့လုံးဝ စိတ်မဝင်စားပါ။
စိတ်ဝင်စားလည်း အနည်းငယ်ပေါ့။
အဓိက ကိုယ်က ဘယ်လိုမျိုး ရပ်တည်ပြီး
ဘယ်လိုမိန်းကလေးဖြစ်နေတယ်ဆိုတာပဲ
သူတို့စိတ်ဝင်စားတာပါ။ တစ်ခုပဲ ကိုယ့်ကို
မနာလိုတဲ့ သူတွေက ကိုယ်ဘာတွေ ဝတ်ပြီး
ဘာဖုန်း ကိုင်နေတယ် ဘယ်သူနဲ့တွဲနေတယ်
ဘာညာဆိုပြီး စိတ်ဝင်စားနေမှာ အမှန်ပင်။
တန်ဖိုးရှိတဲ့ မိန်းကလေးကို ဘယ်သူကမှ
လွယ်လွယ်အထင်မသေးရဲကြဘူးလေ။
အထူးသဖြင့် ယောကျာ်းလေးတွေ အလိုလိုနေရင်း
ရှိန်သွားတတ်တယ်။
ဘဝဆိုတာ အမြဲတမ်းတော့ နေပျော်မှာ
မဟုတ်ဘူး။စိတ်ပင်ပန်းလာတဲ့အခါ
ခဏလောက် အနားယူပါလေ။ပြီးရင်တော့
ခုကိုယ်ရောက်နေတဲ့ အခြေအနေမှာ
အကောင်းဆုံး ကြိုးစားပြီး အသန်မာဆုံး၊
အလှပဆုံး၊ အရည်အချင်းအရှိဆုံး
မိန်းကလေးဖြစ်အောင် ရှင်သန်သွားပါကွယ်။
"You're the Queen of your life.
Stay strong and beauty."
ချစ်ခြင်းများစွာဖြင့်
နူးနူးအောင်
17/05/2024
တန်ဖိုးထားရင်
တန်ဖိုးများတာပါပဲ
အမျိုးသားပဲ ဖြစ်ဖြစ်
အမျိုးသမီး ဖြစ်ဖြစ်ပေါ့
တန်ဖိုးထားပီး အချစ်ခံရရင်
လူတွေဟာ ပျော်ရွှင်ပီး တောက်ပကြတာပဲ
တန်ဖိုးထားတဲ့ ဥယျာဥ်မှူးဆီမှာ
ပန်းလှလှကလေးတွေ
ပိုပွင့်တာ ဘာများဆန်းသလဲ
15/05/2024