Ya Min Ei - မအိ
လှူဒါန်းပေးကမ်းနိုင်သော လက်တစ်စုံ ပိုင်ဆိုင်ရပါလို၏🙏🙏🙏
အားလုံးနေ့ရက်တိုင်း ကုသိုလ် ပညာ ဥစ္စာ တိုးပွားကြပါစေ 🙏🙏🙏 ���
ဘုရားဆွမ်းတော်ကပ်ပြီးလျှင် ဘာတွေလုပ်သင့်သလဲ?
ဆရာတော် မိန်ကြားချက်🙏
04/05/2026
အဘိဓမ္မာ မဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်း
🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞
ရှိခိုးဦးချခြင်း
**********
ဗုဒ္ဓံပူဇေမိ၊ ဗုဒ္ဓံမြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏
အရှင်ဘုရား။
ဓမ္မံပူဇေမိ၊ ဓမ္မံ တရားတော်မြတ်ကို ပူဇေမိ ပူဇော် ပါ၏
အရှင်ဘုရား။
သံဃံပူဇေမိ၊ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏
အရှင်ဘုရား။
ဩကာသ ကန်တော့ချိုး
******************
ဩကာသ ဩကာသ ဩကာသ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗ ဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါး တို့ ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
ငါးပါးသီလ တောင်းခံခြင်း
*****************
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိအနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိအနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိအနဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
(အာမ ဘန္တေပါအရှင်ဘုရား။)
ဘုရားရှိခိုးခြင်း
***********
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သရဏဂုံ ဆောက်တည်ခြင်း
*******************
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံ သရဏံဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံဂစ္ဆာမိ။တတိယမ္ပိ ဓမ္မံ သရဏံဂစ္ဆာမိ။ တတိယမ္ပိ သံဃံ သရဏံဂစ္ဆာမိ။
(အာမ ဘန္တေပါအရှင်ဘုရား။)
ငါးပါးသီလခံယူဆောက်တည်ခြင်း
****************
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(အာမ ဘန္တေပါအရှင်ဘုရား။)
ဘုရားဂုဏ်တော် ၉ ပါး
***********
ဣတိပိ သောဘဂဝါ၊ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊
ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊
အနုတ္တရောပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေဝမနုဿာနံ၊
ဗုဒ္ဓေါ၊ ဘဂဝါ။
တရားဂုဏ်တော် ၆ ပါး
************
သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ သိန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပနေယိုကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
သံဃာ့ဂုဏ်တော် ၉ ပါး
*************
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ
ဒသ ဘဂဝတော သာဝကသံဃော၊
အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊
အဉ္ဇလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လေကဿ။
နတ်ပင့်ခြင်း
*******
သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
(ဓမ္မဿဝန ဓမ္မဿဝနကာလော အယံ ဘဒန္တာ။ )၃ကြိမ်
မေတ္တာသုတ်တော်
**********
၁။ ယဿာ နုဘာဝတောယက္ခာ၊ နေဝ ဒဿန္တိ ဘီသနံ။ ယဉ် စေပါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မ-တန္ဒိတော။
၂။ သုခံ သုပတိ သုတ္တောစ၊ ပါပံ ကိဉ္စိ နပဿတိ။ ဧဝ မာဒိ-ဂုဏူပေတံ၊ ပရိတ္တံ တံဘဏာမ ဟေ။
၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တ ပဒံ အဘိသမေစွ။ သက္ကော ဥဇူ စ သုဟုဇူ စ၊သုဝစော စဿ မုဒု အနတိမာနီ။
၄။ သန္တုဿကော စ သု-ဘရောစ၊ ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ၊ သန္တိ န္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘာ ကုလေသွ န နုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ သုခနော ဝ ခေမိနော ဟောန္တု ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏ ဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ န၀ သေသာ။ ဒီဃာ ဝါယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုက-ထူလာ။
၇။ ဒိဋ္ဌာ ဝါယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အဝိဒူရေ။ ဘူတာ ဝ သမ္ဘ ဝေ သီဝ၊ သဗ္ဗ သတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိ မညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃ-သည၊ နာည မညဿ ဒုဂ ဒုက္ခ မိစ္ဆေယျ။
၉။ မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧက-ပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗ-ဘူတေသု၊ မာနသံ ဘာဝယေ အပရိမဏံ။
၁၀။ မေတ္တဉ္စ သဗ္ဗ လောကသ္မိံ ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အ-သမ္ဗာဓံ အ- ရ မ-သပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဿ- ဂိတ-မိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဂိဟာရ'မိဓ မာဟု။
၁၂။ ဒီဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါဒဿနေန သမ္ပန္နော။ ကာမေသု ဂိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘ သေယျ ပုန-ရေတိ။
အဘိဓမ္မာ မဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ရန် ခွင့်တောင်းခြင်း
********************
ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော်အနန္တ၊ မေတ္တာတော်အနန္တတို့နှင့်ပြည့်စုံ တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။ ဘုရားတပည့်တော်သည် ---ခုနှစ်၊---လ၊---ရက်---နေ့ ---အ အချိန်၊ ဤနေရာဌာနတွင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ်တွင် ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာ မဟာ ပဋ္ဌာန်းကျမ်းတော်ကြီးကို ရွတ်ဖတ်၍ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ကြီးအား လေးစားကော်ရော်ပူဇော်ခြင်းတည်းဟူသော ကုသိုလ်ကောင်းမှု ကို ပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ပူဇော်ခွင့် ပေးသနားတော်မူပါရန် တရားတော်၏ ပိုင်ရှင်အစစ်အမှန်ဖြစ်တော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးထံမှ ခွင့်တောင်းအပ်ပါသည် အရှင်ဘုရား။ ခွင့်ပေးတော်မူပါ အရှင်မြတ်ကြီးဘုရား
တရားတော်နာယူရန် ဖိတ်ကြားခြင်း
*****************
အဘိဓမ္မာ မဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်းကို နာကြား နိုင်သော နာကြားလိုသော အားလုံးသော စကြာဝဠာအနန္တတွင် ရှိကြကုန် သော အပါယ်ဘုံသား၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့နှင့် ဘုရားတပည့်တော်၏ ဆွေဆက်၊ မျိုးဆက်၊ ပဋ္ဌာန်းဆက်ဖြစ်သော ဆွေတော်၊ မျိုးတော်အပေါင်းတို့ တရားတော်နာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါ၏။
မနာကြားနိုင်သူများအား ခေတ္တခဏ ဖယ်ရှားခြင်း
****************
အဘိဓမ္မာ မဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာရ်နတ်၏ နောက်လိုက်နောက်ပါနတ်ဆိုးများ အားလုံးတို့ ဤ နေရာဌာနနှင့် အနီးပတ်ဝန်းကျင်၌ရှိနေပါက ခေတ္တခဏ ဖယ်ရှားပေးကြပါရန် ပန်ကြားအပ်ပါ၏။
(ခေတ္တခဏ ဖယ်ရှားပေးကြပါကုန်လော့။)၃ကြိမ်
(အဘိဓမ္မာ မဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်း)
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဖယ်ရှားထားသူများအား ပြန်လည်ပန်ကြားခြင်း
****************
ဘုရားတပည့်တော်မှ ခေတ္တခဏဖယ်ရှားပေးပါရန် ပန်ကြားထား သော အဘိဓမ္မာ မဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာရ်နတ်၏နောက်လိုက်နောက်ပါနတ်ဆိုးများ အားလုံးတို့ သင်တို့၏ နေရာဌာနအသီးသီး၊ ဘုံဗိမ္မာန်အသီးသီးသို့ ပြန်လည်ကြွမြန်း၍ နေလိုက နေနိုင်ပါပြီ။ နေလိုက နေနိုင်ပါပြီ။ နေလိုက နေနိုင်ပါပြီ။
မေတ္တာပို့ခြင်း
*********
၁။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၄။ ဝေးနေနီးနေ နှစ်ထွေများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘဝဇာတ်ဆုံး မဆုံးများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည်၊ တို၊ အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ပေး ငြိမ်းအေးကြပါစေ။
၇။ ကြီး၊ ငယ်၊ အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ၊ ကြုံ၊ အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
အမျှဝေခြင်း
*******
ဤသို့ပြုရ မြတ်ပုညကို၊ ကြီးထမြင့်ခေါင် မြင်းမိုရ်တောင်ဦး၊ မကကျူးသား ကျေးဇူး အရှင်၊ မွေးမိခင်နှင့် ဖခင်တို့အား၊ ရငြားပါစေ အမျှပေ၏။ မသွေနိစ္စ ဤကာယကို၊ စောင့်ထပေလတ် ကိုယ်စောင့်နတ်လည်း မလပ်စေရ ပေးဝေငှ၏။ မိတ္တဆွေညာ ဆရာသမား၊ ဘိုးဘွားကစ ယမရာဇာ၊ ဒေဝါယက္ခ ဣန္ဒဘုမ္မာ၊ အာကသနတ် အထူးမှတ်၍၊ မပြတ်ပုည ကုလသကို၊ ရကြပါစေ အမျှဝေ၏။ သဗ္ဗေသတ္တာ သတ္တဝါဟု၊ နာနာလောက အနန္တတွင်၊ မပြတ်စဉ်ကာ သတ္တဝါသ၊ ဘုံကိုးဝနှင့် ဂိဉာဏဋ္ဌိတိ၊ ၊ တည်ရှိခုနှစ်ပါး များစွာအလုံးစုံ ဘုံသုံးဆယ့်တစ်၊ ဝေ နေယျအား၊ အမျှကုသိုလ် ပေးဝေလို၏။ ဖြစ်ဖြစ်သမျှ ဝေနေယျအား၊ အမျှကုသိုလ် ပေးဝေလို၏။ ထိုကုသလ ဤပုညကို၊ အမျှရကြသည်ဖြစ်စေသော်။ ဝသုန္ဒရေ ဤမြေပံသု၊ သီလာထုလည်း သက်သေအမှုတည်စေသော်။
(အားလုံး ကြားကြားသမျှ အမျှ- အမျှ-အမျှ -
ယူတော်မူကြပါကုန်လော့။သာဓု-သာဓု-သာဓု။)၃ကြိမ်
နတ်ပို့ခြင်း
*******
ဧတ္တာဝတာစ အမှေဟိ ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု။ ဂစ္ဆန္တု ဒေဝတာဂတာ။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။
ကုသိုလ်ယူ မျှဝေပေးလိုက်ပါသည်...
03/05/2026
အလွန်အစွမ်းထက်သော ဂါထာကြီး (၅) ပုဒ်
*******************************
အဋ္ဌာနမေတံ ဂါထာတော်
🌼🌼🌼🌼🌼🌼
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊
ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ
ပရိနိဗ္ဗာယန္တိ၊ ဧတေန သစ္စဝဇ္ဇေန
သောတ္ထိ မေ ဟောတု သဗ္ဗဒါ
*****************************************
သိကြားမင်းသက်စောင့် ဂါထာ
🍁🍁🍁🍁🍁🍁🍁
ဝေ ဒါ သာ ကု ၊ ကု သာ ဒါ ဝေ
ဒါ ယ သာ ဒ ၊ ဒ သာ ယ ဒါ
သာ သာ ဓိ ကု ၊ ကု ဓိ သာ သာ
ကု ဒ ကု ဘု ၊ ဘု ကု ဒ ကု။
******************************************
ဒိဝါ တပတိ ဂါထာတော်
🌻🌻🌻🌻🌻🌻
ဒိဝါ တပတိ အာဒိစ္စော၊ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန၊သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။
*****************************************
ဓနသိဒ္ဓိ ဂါထာတော်
🌸🌸🌸🌸
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ။
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
******************************************
သမ္ဗုဒ္ဓေ ဂါထာတော်
🍂🍂🍂🍂🍂
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စဿတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊ ဝိနဿန္တု၊ အသေသတော။
*****************************************
ဤ ဂါထာတော် ၅ ပုဒ် အား
မိမိ စွမ်းနိုင်သလောက်...
၇ ခေါက် ၉ခေါက် ၂၇ခေါက် ၁၀၈ခေါက်
ရွတ်ဖတ်ပူဇော်နိုင်ပါသည်...
လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ 🙏
ကုသိုလ်ယူ မျှဝေပေးလိုက်ပါသည်...
02/05/2026
တရားအားထုတ်ဖို့ လိုသလား❓
-တရား၌ စိတ်မဝင်စားသူ၊
-တရားအားမထုတ်လိုသူ ၊
-တရားအားထုတ်ရမှာ ပျင်းသူများက
"တရားအားထုတ်ဖို့လိုသလားဟု"မေးတတ်ကြ ၏။
ဤ မေးခွန်းကို မဖြေမီ .…
(၁)တရားအားထုတ်တယ်ဆိုတာဘာလဲ..။
(၂) တရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ..။
(၃) တရားအားမထုတ်ရင် ဘယ်လိုဆိုးကျိုး တွေရမလဲ ဟူသော မေးခွန်း၏ အဖြေများကို ဦးစွာသိထားသင့်ပါသည်..။
(၁)တရားအားထုတ်တယ်ဆိုတာဘာလဲ..။
တရားအားထုတ်တယ်ဆိုသည်မှာ တရားသဘောကို (၀ါ) သဘောတရားကိုသိမြင်အောင်အားထုတ်ခြင်း၊ ကြိုးစားခြင်းဖြစ်၏။
သဘောတရားသည် ဖြစ်ပျက် ရုပ်နာမ် သဘောတရား၊ မဖြစ်မပျက် နိဗ္ဗာန်သဘောတရားဟုနှစ်မျိုးရှိရာ ယင်းနှစ်မျိုးလုံး သိမြင်ရေးအတွက် ကြိုးစားအားထုတ်ခြင်းကို " တရားအားထုတ်သည်" ဟုခေါ်ပါသည်။
တနည်းအားဖြင့် တရားအားထုတ်ခြင်း ဆိုသည်မှာ သဘောတရားကိုသိမြင်ရေး အတွက် ကိုယ်အား ဉာဏ်အား
ထုတ်သုံးခြင်းဖြစ်၏။
ဘုရားရှင်သည် သတ္တဝါများ နည်းမှန် လမ်းမှန် အားထုတ်နိုင်ရေးအတွက် ဓမ္မစင်္ကြာ၊ အနတ္တလက္ခဏာ ၊ မဟာသတိပဋ္ဌာနသုတ် စသည့် ကျင့်ထုံးကျင့်နည်း သုတ်ပေါင်းများစွာကို ဖော်ထုတ်ဟောကြားတော်မူခဲ့၏။
ယင်းတရားတော်များ၌ ပါရှိသည့် နည်းလမ်းများနှင့်အညီ ကြိုးစားအားထုတ်မှ သာကောင်းကျိုးတရားများကို ရရှိပါလိမ့်မည်။
(၂) တရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ..။
ရုပ်သဘောတရား နာမ်သဘောတရားတို့၏ အခြေအနေမှန်(ဖြစ်ခြင်း၊ ပျက်ခြင်း၊ ပေါ်ခြင်း၊ ပျောက်ခြင်း၊ ရှင်ခြင်း၊ သေခြင်း)တို့ကို သိမြင်အောင် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)
မြင်အောင်ကြိုးစားအားထုတ်ပါလျှင် ...
* စိတ်ဓါတ်ဖြူစင် သန့်ရှင်းခြင်း..
* မပူဆွေး မငိုကြွေးရတော့ခြင်း...
* ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ ခြင်း..
* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း..
* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း.. ဟူသောကောင်းကျိုးတရားများရရှိကြောင်းကို မဟာသတိပဋ္ဌာနသုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။
* စိတ်ဓါတ်ဖြူစင် သန့်ရှင်းခြင်း.....
သတိပဋ္ဌာန်တရားတော်နှင့် အညီ ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲခြင်း (အနိစ္စ) သဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်အောင်အားထုတ်သူ၏ စိတ်ဓာတ်သည် လိုချင်မှု့လောဘ၊ မကျေနပ်မှု့ဒေါသ၊ မသိတွေဝေမှု့မောဟ ၊ရုပ်နာမ်သဘောကို ငါဟုထင်မြင်ယူဆသည့် ဒိဋ္ဌိ အစရှိသည့် မကောင်းသော စိတ်နေစိတ်ထား= ကိလေသာများ လျော့နည်း ပပျောက် ကင်းစင်သဖြင့် ဖြူစင်မြင့်မြတ် လာ၏။
ရုပ်နာမ်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကို ငါ သူ လူပုဂ္ဂိုလ် သတ္တဝါမရှိ ရုပ်နာမ်သဘောသာရှိ၏ ဟု မိမိခန္ဓာ၌ အမြင်ရှင်းလာ၏။ အမြင်ကြည်လင် ပြတ်သားလာ၏။ တို့အတူ စိတ်ဓါတ်သည်လည်း ဖြူစင် သန့်ရှင်း ခိုင်မာလာ၏။
* မပူဆွေး မငိုကြွေးရတော့ခြင်း...
ဤသို့ခန္ဓာအမြင် ကြည်လင်လာသည်နှင့် အမျှ မိမိခင်မင်တွယ်တာ ခဲ့ ရသည့် သက်ရှိ သက်မဲ့များဆုံးရှုံးပျက်စီးသည့် အခါ စိုးရိမ်ပူဆွေးမှု့များလျော့ချနိုင်လာ၏။ ယင်းတို့၏မတည်မြဲ ကြသည့်သဘောကို နားလည်လာခြင်းကြောင့် ပင်ဖြစ်၏။ ပူဆွေး ငိုကြွေးရခြင်းတို့မှ လည်း သက်သာမှု့ရစေ၏။...စိတ်ဓာတ်တည်ငြိမ် လာသူသည်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှု့လည်းနည်းပါးလာတော့၏။
သောကဖြစ်စရာများနှင့် ကြုံတွေ့ သော်လည်း ခံနိုင်ရည်ရှိလာ၏။ ဤစိတ်ကျန်းမာမှု့ကလည်း ရုပ်ပိုင်း ကျန်းမာရေးကို အထောက်အကူ ပြုသောကြောင့် တရားအားထုတ်ခြင်းက ကိုယ်စိတ်ဆင်းရဲမှု့ကို မဖြစ်စေပဲ ကိုယ်နှင့် စိတ်ကိုရွှင်လန်းစေနိုင်၏။
* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း...
ထိုမှ တစ်ဆင့်တက်ကာ ရုပ်နာမ် သဘောကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားသော ယောဂီသည် မိမိ၏ ၀ိပဿနာဉာဏ် အဆင့်ဆင့် ကိုရင့်ကျက်အောင် အားထုတ်သွားလျှင် ဒုက္ခကို ဒုက္ခမှန်း၊ ဒုက္ခဖြစ်ကြောင်းကို ဒုက္ခဖြစ်ကြောင်းမှန်း၊ သိမြင်လာပြီး အဆင့်ဆင့် တက်ကာ အရိယာ မဂ်ဉာဏ် ကိုရရှိနိုင်ပါသည်။ သစ္စာလေးပါး အမှန်တရားကို သိမြင်နိုင်သည့် ဤမဂ်ဉာဏ် ကိုမရရှိသောကြောင့် ကျွနု်ပ်တို့ သံသရာထဲ တဝဲလည် လည်နေရတာကို လည်းနားလည်လာတော့၏။
* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း.. ..
မျက်စိနှစ်ကွင်း အလင်းမရသူသည် ပြင်ပအရာဝတ္တုများကို မသိမြင်နိုင်ပေ။ ထို့အတူ သစ္စာလေးပါး ကို မသိသူသည် နိဗ္ဗာန်ဟူသော သန္တိသုခ အငြိမ်းဓာတ်ကို မသိမြင်နိုင်ပေ။ တရားအားထုတ်ထားသူ ရရှိထားသော မဂ်ဉာဏ်ကသာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အငြိမ်းဓာတ်သဘော ကို သိမြင်နိုင်ပေသည်။
(၃) တရားအားမထုတ်လျှင် ……
ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်နေပုံ ၊ ပေါ် ပျောက်နေပုံ ၊ ရှင် သေနေပုံ၊ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ ဖောက်ပြန်နေပုံတို့ကို မသိသဖြင့် ၊ ပရမတ်အားဖြင့် အမှန်တကယ် မရှိသည့် ငါ သူ လူပုဂ္ဂိုလ် သတ္တဝါ ယောကျာ်း မိန်းမ စသည်များကို တကယ်အရှိထင်ကာ တဏှာ မာန ဒိဋ္ဌိ စသည့်တရားများ
အမြဲဖြစ်နေသောကြောင့် ....
၁။ ရုပ်နာမ် အမြင်မကြည်လင်ခြင်း၊ စိတ်ဓာတ် အားနည်းနေခြင်း၊ စိတ်ဓာတ် ညစ်ပတ်ခြင်း၊ စိတ်ဓာတ် ညစ်ထေးခြင်း၊ စိတ်ဓာတ် မကြံ့ခိုင်ခြင်း။
၂။ ထိုသို့စိတ်ဓာတ် မကြံ့ခိုင်သဖြင့် ပူစရာရှိပူရ၊ ငိုစရာရှိငိုကြွေးရ နှင့် သောကတွေ များနေတတ်ခြင်း.။
၃။ ထိုသို့ ပူဆွေးငိုကြွေးရသဖြင့် ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ် မချမ်းသာခြင်း။
၄။ ကိုယ်စိတ်ဆင်းရဲ သဖြင့် မဂ်ဉာဏ်ရရှိ ဖို့ မဆိုထားနှင့် ၀ိပဿနာဉာဏ် ရရှိရေးပင် လမ်းပိတ်သွားခြင်း။
၅။ နိဗ္ဗာန်ကိုသိမြင်နိုင်သည့် မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ၀ိပဿနာဉာဏ်ကိုမရ ရှိသည့်အတွက် နိဗ္ဗာန်ကိုသိမြင်ဖို့ရန် မျှော်လင့် ချက်မရှိတော့ခြင်း စသည့် မကောင်းကျိုးများရရှိနိုင်ပါတယ်။
ထို့ကြောင့် တရားအားထုတ်ဖို့ လိုသလား ဟု ဆိုလာလျှင်....
*ရန်သူများဝိုင်းထားခံရသူသည် ထွက်ပြေးလျှင် လွတ်မြောက်နိုင်သည့် အခွင့်အရေးကို မြင်လျှင် ထွက်ပြေးရန် လိုအပ်သည်။
*မိမိခန္ဓာကိုယ်ကြီး၌ ကျင်ကြီး ကျင်ငယ် စသည့်အညစ်အကြေးများ ပေလူးနေလျှင် ယင်းတို့ကို ရေကောင်းရေသန့်ဖြင့် ဆေးကြောသန့်စင်ရန် လိုအပ်ပေသည်.။
*မိမိမှာ အနာရောဂါစွဲ ကပ်နေလျှင် ထို အနာများကိုပျောက်ကင်းအောင် (၀ါ) ကျန်းမာအောင် ဆေးဝါးသောက်သုံးရန် လိုအပ်ပေသည်.။
ထို့အတူ..
၁။ ကျွနု်ပ်တို့၏ သန္တာန်မှာရှိသော လိုချင်မှု့လောဘ၊ မကျေနပ်မှု့ဒေါသ၊ မသိတွေဝေမှု့မောဟ ၊ ထောင်လွှားမှု မာန၊ အမြင်မှားမှု့ ဒိဋ္ဌိ၊ မနာလိုမှု့ ဣသာ၊ ဝန်တိုမှု့ မစ္ဆရိယ စသော မကောင်းသည့် အောက်တန်းစားစိတ်ဓာတ် များရှိနေသည့် အတွက် ယင်းစိတ်ဓာတ်များလျော့နည်းသွားစေရန် တရားအားထုတ်ဖို့ လိုအပ်ပါသည်။
၂။ ပူဆွေး ငိုကြွေးခြင်းမှ လွန်မြောက်ရန်၊
၃။ ကိုယ်စိတ် မဆင်းရဲစေရန်၊
၄။မဂ်ဉာဏ်ကို မရသေးလျှင် အပါယ်ကျနိုင် သဖြင့် အပါယ်လေးပါးသို့မကျရောက်ရေးအတွက် ။
၅။ ဒုက္ခပေါင်းစုံ စုဝေးရာ လက်ရှိခန္ဓာချုပ်သိမ်းပြီး အငြိမ်းဓာတ်နိဗ္ဗာန် ချမ်းသာကို သိမြင် မျက်မှောက်ပြုနိုင်ရေးအတွက် တရားအားထုတ်ဖို့ လိုအပ်ပါသည်..။
တရားအားထုတ်ရန် လိုအပ်ပုံနှင့်ပတ်သက်၍ လူနာလေးမျိုး၊ ပုဂ္ဂိုလ် လေးမျိုး ကိုတင်ပြလိုပါတယ်။
၁။ မိမိမှာ ရောဂါရှိမှန်းလည်းမသိ ၊ ဆေးလည်းမသောက်သောလူနာ.. ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ (မကောင်းသည့် စိတ်နေစိတ်ထား) ကိလေသာများရှိနေပါလျက် ရှိမှန်းလည်းမသိ ၊ တရားလည်း အားမထုတ်သော ပုဂ္ဂိုလ်။
၂။ မိမိမှာ ရောဂါရှိမှန်းသိ လျက်၊ ဆေးမသောက်သောလူနာ၊... ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းသိ နေပါလျက် ၊တရားလည်း အားမထုတ်သော ပုဂ္ဂိုလ်။
၃။မိမိမှာ ရောဂါရှိမှန်းသိ လျက်၊ ဆေးမှန်မှန်မသောက်သောလူနာ၊...ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းသိ နေပါလျက် ၊တရားမှန်မှန် အားမထုတ်သော ပုဂ္ဂိုလ်။
၄။မိမိမှာ ရောဂါရှိမှန်းလည်းသိ ၊ ဆေးလည်းမှန်မှန်သောက်သောလူနာ၊...ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းလည်းသိ ၊တရားလည်းမှန်မှန် အားထုတ်သော ပုဂ္ဂိုလ်တို့ပင် ဖြစ်သည်။
ရုပ်ပိုင်းကျန်းမာရန် လိုအပ်သလို စိတ်ပိုင်း =နာမ်ပိုင်းလည်း ကျန်းမာရန်လိုအပ်၏။ဆရာဝန်၊ သမားတော်ကြီးများ ကပေးသောဆေးသည် အများအားဖြင့် ရုပ်ကျန်းမာရေးကိုသာ အထောက်အကူပြု၏။
မြတ်ဗုဒ္ဓ ဖော်ထုတ်ခဲ့သော သီလ သမာဓိ ပညာ=၀ိပဿနာ ဆေးများကား ရုပ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေး ၊ စိတ်ချမ်းသာရေးကိုလည်း အထောက်အကူပြု၏။
မြတ်စွာဘုရားက အင်္ဂုတ္တိုရ် ပါဠိတော်၊ စတုက္ကနိပါတ်၊ ဣန္ဒြိယ ဝဂ်၊ရောဂသုတ်( အံ ၊ ၁၊ ၄၆၀) ၌ " ရုပ်ရောဂါ၊ စိတ်ရောဂါ၊ ဟုနှစ်မျိုးရှိကြောင်း ဆယ်နှစ် အနှစ် နှစ်ဆယ် အနှစ်တစ်ရာကျော်အောင် ရုပ်ရောဂါ ကင်းရှင်း၍ မဖျားမနာ ကျန်းမာနေကြသော သတ္တဝါများကို မြင်တွေ့နိုင်ကြောင်း ၊ သို့သော် ရဟန္တာ ပုဂ္ဂိုလ်များမှ လွဲ၍ တစ်အောင့် တစ်ခဏ စိတ်ရောဂါမှ ကင်းလွတ်သော သတ္တဝါများကို မြင်တွေ့ ရခဲကြောင်း" ဟောတော်မူခဲ့ပါသည်။
*** တရားအားထုတ်ကြပါစို့..........
သို့ဖြစ်၍ ကိလေသာတိုးပွားအောင် ပြုလုပ်တတ်သော ၊ စိတ်ဓါတ်စွမ်းရည် လျော့နည်းကျဆင်းအောင်ပြုလုပ်တတ်သော၊ ကိလေသာတည်းဟူသော ရောဂါရှိနေသူ ပုထုဇဉ်မှန်သမျှ သထမ ၀ိပဿနာတည်းဟူသော တရားဘာဝနာဆေးတော်မြတ်ကို တကယ်သုံးဆောင် အား ထုတ််ရန်လိုအပ်ကြောင်း မျှဝေလိုက် ရပါတယ်..။
လေးအိမ်စု အရှင်ဝိစိတ္တသာရ ရဲ့ တရားထဲမှ မျှဝေကုသိုလ်ယူထားပါတယ်.။
ကုသိုလ်ယူမျှဝေလိုက်ပါရစေရှင့်🙏
01/05/2026
နတ်ကောင်းနတ်မြတ်များ မိမိထံလာသောအချိန် နှင့်
လာသောအခါတွင် သိနိုင်သောအရာများ...
သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့သည်
****************************
ဘုရားတရား အမြဲလုပ်သောသူ၊ကောင်းမှု့အမြဲပြုသောသူနှင့် တရားဘာဝနာ ပြုလုပ်သောသူ၊ သီလမြဲသောသူတို့ထံတွင် မကြာခဏလာရောက်လေ့ရှိတတ်၏။
ထိုနတ်ကောင်းနတ်မြတ်များသည် မိမိတို့၏ အမျှဝေ မေတ္တာပို့ခြင်းကို ရလို၍သော်လည်း မိမိတို့အားစောင့်ရှောက်ပေးလို၍သော်လည်းကောင်း လာတတ်ကြ၏။
ထိုနတ်တို့လာတတ်သည့်အချိန်သည်ကား...
ညပိုင်းအချိန် မိမိတို့ ဘုရားရှိခိုးနေချိန်၊တရားထိုင်နေသောအချိန်တွင် ပို၍လာ တတ်ကြလေ၏။
ထိုနတ်ကောင်းနတ်မြတ်များသည်...
-မိမိတို့ အိမ်တွင်ရောက်လာလျှင်သော်လည်းကောင်း၊
-မိမိ၏ဘေးတွင် ရောက်နေလျှင်သော်လည်းကောင်း
-အမွေးရနံများ ရတတ်ခြင်း၊
-မျက်စိထဲတွင် အလင်းတန်းမြင်နေရခြင်း၊
-မိမိ၏ဘေးတွင် တယောက်ယောက်ရှိနေသည်ဟု ထင်ရခြင်း၊
-လူတစ်ကိုယ်လုံးကြက်သီးထတုန်လှုပ်လာခြင်းများဖြစ်လာလေ၏။
ဤသည်ကား သမ္မာဒေဝနတ်များ လာရောက်ခြင်းနှင့် နတ်များလာရောက်ပါ က သိနှိုင်သော အရာများဖြစ်လေ၏။
အိမ်မြောင်စုပ်ထိုးခြင်း နဲ့ သမ္မာဒေဝနတ်များ
*******************************
အိမ်မြောင်တို့သည်ကား...
အိမ်တွင်ရှိနေတတ်သော်လည်း စုပ်ထိုးသည့်အခါတွင် အကြောင်းမဲ့ စုပ်ထိုး ခြင်းမပြုလုပ်တတ်ပေ။
အိမ်မြောင်စုပ်ထိုးရသည့် အကြောင်းအရင်း ၂ ခုရှိလေသည်။
တစ်ခုသည်ကား မိမိအိမ်နှင့်မိမိတို့မိသားစု အရေးအကြောင်းများအတွက် သော်လည်းကောင်း၊
လာဘ်လာဘဝင်လာနိူင်သည့်အခါတွင်သော် လည်းကောင်း စုပ်ထိုး၍ နိမိတ် ပေးတတ်လေ၏။
နောက်တစ်ခုသည်ကား ဘုရားရှိခိုး အမျှဝေချိန်တွင်
အိမ်မြောင်စုပ်ထိုးခြင်း၊ ညအခါ၌ စုပ်ထိုးခြင်းများရှိတတ်လေသည်။
သမ္မာဒေဝနတ်ကောင်း နတ်မြတ်များသည်လည်း လူတို့၏ မေတ္တာပို့ အမျှဝေခြင်းကို လိုလားနှစ်သက်စွာ ခံယူတတ်လေသည်။
လူတို့၏ မေတ္တာပို့ ကုသိုလ်အမျှဝေခြင်းကိုရခြင်းကြောင့် သမ္မာဒေဝနတ် များသည် ကိုယ်ရောင်ကိုယ်ဝါပိုမိုတောက်ပလာခြင်း၊ ဘုန်းတန်ခိုးကြီးမားလာ ခြင်းများ ဖြစ်ပေါ်လာလေ၏။
ထို့ကြောင့်ဘုရားရှိခိုးချိန် အိမ်မြောင်စုပ်ထိုးခြင်းသည် မိမိတို့အား နတ်များက နှစ်သက်ကာ သာဓုခေါ်ခြင်းဖြစ်လေသည်။
ထိုအတူ ညအချိန် စုပ်ထိုးခြင်းသည်လည်း သမ္မာဒေဝနတ်များက ကောင်းမှု များ မပြတ်လုပ်ဆောင်ရန် သတိပေးခြင်းနှင့် မိမိတို့အား စောင့်ရှောက်နေ ကြောင်းကို နိမိတ်ပြခြင်းဖြစ်လေ၏။
မူရင်းရေးသားသော ဆရာအား လေးစားစွာဖြင့်
ကုသိုလ်ယူ မျှဝေပေးလိုက်ပါရစေရှင့် 🙏
01/05/2026
အဓိဌာန်ဝင်တိုင်း အောင်မြင်ဖို့ရာ အဓိဌာန်ဝင်ပုံဝင်နည်း
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
မည်သည့်အဓိဌာန်ကိုမဆို အကျိုးရှိအောင်အဓိဌာန်ဝင်နည်း
အဓိဌာန်ဆိုတာ မဝင်တတ်က "ပလိုင်းပေါက်နှင့်ဖားကောက်" နေသလိုဖြစ်ကာ ဝင်တာဝင်ပြီး အကျိုးမထူးဖြစ်တတ်၏။
ကိုယ်ဝင်လိုက်သည့် အဓိဌာန်ဟာ ကိုယ်၏ ခန္ဓာကိုယ်မှာတည်တံ့အောင် ခန္ဓာကိုယ်မှာ ပြန်ချုပ်ဖို့လို၏။
ရိုးရိုးချုပ်လို့မရပေ...သစ္စာနှင့်ချုပ်ရာ၏။
အဓိဌာန်ဝင်တော့မည်ဆိုရင်...
အဓိဌာန်ဝင်တဲ့အတောတွင်းမှာ အရက်လုံးဝမသောက်ရပါ
ကာမပိုင်ရှိ၊ပိုင်ရှင်ရှိသူကိုပြစ်မှား၊စော်ကားမှုမပြုရ၊
(အမဲသား၊ကျွဲသား၊ဝက်သား) ရှောင်ကာကောင်း၏။
မရှောင်လည်းရပါ၏။
၁။ ငါးပါးသီလကိုတောင်းခံပါ၊တည်ဆောက်ပါ။
၂။ ရုပ်နာမ်(၂)ပါး၊ခန္ဓာ(၅)ပါးကို မြတ်စွာဘုရားအားလှူပါ။
၃။ ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ပါ။
၄။ မေတ္တာဘာဝနာစီးဖြန်းပါ။မေတ္တာပို့ပါ။
မေတ္တာဓာတ် ပြန်ခံယူပါ။
၅။ သစ္စာဆိုပြီး သစ္စာအဓိဌာန်ဖြင့်အလုပ်လုပ်ပါ။
သစ္စာဆိုပုံ -
"ကျွန်တော်/ကျွန်မ သည် ဤနေ့၊ဤချိန်မှ စပြီး...
(ဥပမာ) - သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင်
ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ပါအံ့၊ခွင့်ပြုပေးတော်မူပါ အရှင်မြတ်ဘုရား။
ဤကျွန်တော်/မနေထိုင်ရာ နေရာမှာရှိကျသော အစောင့်ရှောင်နှင့်ဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း အသိပေးပန်ကြား
အပ်ပါ၏။
ခွင့်ပြုပေးကာ မည်သည့်အနှောက်ယှက်မှမရှိရလေအောင် ကူညီပေးတော်မူကျပါကုန်လော့" ဟု သစ္စာဆိုကာ
အဓိဌာန်စဝင်ပါ။
ပုတီးစိပ်နေတဲ့အချိန်မှာ အတွေးပေါင်းစုံက ဝင်နေမှာပဲ၊ ဒါပေမဲ့တစ်လုံးထိ၊တစ်လုံးသိ အသိနဲ့စိပ်ပါ။
နောက်မှာပေါ်သည်များနောက်ကိုမလိုက်ပါနှင့်။ အသိနှင့်သတိကပ်ပြီးစိပ်ပါ။
အဓိဌာန်ပြီးက ကိုယ်ပြုတဲ့ကုသိုလ်အဖို့ဖို့အား ပြန်အမျှဝေပါ။
၆။ အဓိဌာန်နောက်ဆုံးရက်မှာ ဤကဲ့သို့သစ္စာဖြင့် ခန္ဓာကိုယ်မှာ ပြန်ချုပ်ပါလေ။
"ကျွန်တော်၊ကျွန်မ သည်
(ဘယ်နေ့၊ဘယ်နေ့မှစပြီးဤကနေ့ထိ)
(ဥပမာ) - သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင်
ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
ကျွန်တော်၊ကျွန်မ၏ မှန်ကန်သောသစ္စာစကားကြောင့်
ဤ သရဏဂုံ (၃)ပါး၏ တန်ခိုးတော်၊ဟိတ်တော်များ ကျွန်တော်၊ကျွန်မ၏ ခန္ဓာကိုယ်မှာ ကိန်းအောင်းပြီး
(လိုရာဆုတောင်း) ပြည့်ရပါလို၏။" ဟု
ခန္ဓာကိုယ်မှာပြန်ချုပ်ပါလေ......
မူရင်းရေးသားထားသူအား လေးစားစွာဖြင့်
ကုသိုလ်ယူမျှဝေပေးလိုက်ပါရစေရှင့်🙏
30/04/2026
🙏ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် 🙏
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ဗုဒ္ဓဘာသာဝင်တို့၏ အထူးမြတ်ဆုံးနေ့တစ်နေ့ဖြစ်ပြီး ဂေါတမဗုဒ္ဓ၏ သက်တော်ထင်ရှားဖြစ်စဉ်ကြီး ၅ ရပ်အနက် ဖွား၊ ပွင့်၊ ဟော၊ စံ နှင့် ဗျာဒိတ်ခံယူခြင်းတို့ ကဆုန်လပြည့်နေ့တွင် တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့သည်။
ဤနေ့တွင် ဘုရားဖူးခြင်း၊ ဗောဓိပင်ညောင်ရေသွန်းခြင်း၊ တရားနာခြင်းနှင့် သီလဆောက်တည်ခြင်းတို့ ပြုလုပ်လေ့ရှိကြသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားသော ဖြစ်စဉ် ၅ ရပ်
***********************************
ဗျာဒိတ်ခံယူသောနေ့
🌿🌿🌿🌿🌿
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစတွင် သုမေဓာရှင်ရသေ့ဘဝဖြင့် ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဗျာဒိတ်ခံယူခဲ့သည်။
ဘုရားဖွားမြင်သောနေ့
🌿🌿🌿🌿🌿🌿
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့် (သောကြာနေ့) တွင် မယ်တော်မာယာမှ လုမ္ဗိနီသာမောအင်ကြင်းတော၌ ဖွားမြင်ခဲ့သည်။
ဘုရားဖြစ်သောနေ့
🌿🌿🌿🌿🌿
အသက် ၃၅ နှစ်အရွယ်၊ ကဆုန်လပြည့် (ဗုဒ္ဓဂယာ) ရှိ ဗောဓိညောင်ပင်အောက်၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်။
တရားဟောသောနေ့
🌿🌿🌿🌿🌿
ဗုဒ္ဓဖြစ်ပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဦး ဟောကြားခဲ့သည်။
ပရိနိဗ္ဗာန်စံသောနေ့
🌿🌿🌿🌿🌿
အသက် ၈၀ အရွယ်၊ ကူသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။
ကဆုန်လသည် ပူပြင်းခြောက်သွေ့သဖြင့် ဗောဓိပင်ကို အေးမြစေရန် ညောင်ရေသွန်းလောင်းခြင်းဖြင့် အေးချမ်းမှုကို ရယူသည့် ဓလေ့လည်းရှိပါသည်။
ကုသိုလ်ယူ မျှဝေးပေးလိုက်ပါရစေရှင့်🙏
29/04/2026
🌕 ကဆုန်လပြည့်နေ့ အောင်အိုး အဓိဌာန်ပြုလုပ်နည်း🌿
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ထူးမြတ်သောနေ့ ဖြစ်သည်နှင့်အညီ
ဤနေ့တွင် အောင်အိုး / ကဆုန်ညောင်ရေသွန်းအိုး
အဓိဌာန် ပြုလုပ်ပြီးလိုအင်ဆန္ဒများ ပြည့်ဝစေရန်
ဆုတောင်းနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ရှင့် ✨
၁။ လိုအပ်သော ပစ္စည်းများ
*******************
🌿 မြေအိုးအသစ် သို့မဟုတ် ကြေးအိုး
🌿 အောင်သပြေညွန့် ၉ ညွန့် သို့မဟုတ် ၁၁ ညွန့်
🌿 အမွှေးနံ့သာရည် ရောထားသောရေ
🌿 အမွှေးတိုင် / ဖယောင်းတိုင်(ရွှေ/ငွေရောင်)
🌿 ဆွမ်း၊ ပန်း၊ ရေချမ်း
၂။ အောင်အိုး ပြင်ဆင်ပုံ
*****************
၁။ မြေအိုးကို ရေစင်စင်ဆေးပြီး အမွှေးနံ့သာရည်များ
ဖြည့်ပါ။
၂။ အိုးဝတွင် အောင်သပြေညွန့်များကို လှပစွာ ထိုးစိုက်ပါ။
၃။ ဖြစ်နိုင်ပါက အိုးအပြင်ဘက်တွင် “အောင်” ဟူသော စာလုံး သို့မဟုတ် မိမိလိုရာဆုတောင်းကို စာရွက်ဖြင့် ကပ်ထားနိုင်ပါသည်။
၃။ အဓိဌာန် ပြုလုပ်နည်း
******************
ကဆုန်လပြည့်နေ့ နံနက်ပိုင်း သို့မဟုတ် ညနေပိုင်းတွင်
ဘုရားကျောင်းဆောင်ရှေ့၌ အောက်ပါအတိုင်း ဆောင်ရွက်ပါ။
🙏 ၁။ သီလယူခြင်း
ရှေးဦးစွာ ငါးပါးသီလကို စိတ်တည်ငြိမ်စွာ ဆောက်တည်ပါ။
🪔 ၂။ ဘုရားပင့်ခြင်း
မြတ်စွာဘုရားအားအမွှေးနံ့သာရည်များ ထည့်ထားသော အောင်အိုးဖြင့်.ပူဇော်ပါမည်ဟု အာရုံပြုပါ။
📿 ၃။ ဂုဏ်တော်ပွားခြင်း
“ဣတိပိသော” ဂုဏ်တော်ကို
၉ ခေါက် သို့မဟုတ် ၁၀၈ ခေါက် ရွတ်ဖတ်ပါ။
✨ ၄။ အဓိဌာန်ပြုခြင်း
ဤကဆုန်လပြည့်နေ့ ထူးမြတ်သော အခါသမယတွင်
တပည့်တော်/မ (အမည်) သည်အောင်သပြေ အောင်အိုးဖြင့်
မြတ်စွာဘုရားအား ရည်မှန်း၍ ပူဇော်ပါ၏။
ဤကောင်းမှုကံကြောင့်
တပည့်တော်/မ၏ (မိမိလိုချင်သော ဆုတောင်းတစ်ခုကို တိတိကျကျဆိုပါ)
ဥပမာ — စီးပွားလာဘ်လာဘ ပွင့်လန်းခြင်း / ကျန်းမာရေးကောင်းမွန်ခြင်း
အောင်သပြေကဲ့သို့အမြဲလန်းဆန်း တိုးတက် အောင်မြင်ပါစေသား။
၄။ ဆောင်ရန် / ရှောင်ရန်
🌿 ရေလဲခြင်း
အိုးထဲရှိရေကို အမြဲကြည်လင်နေအောင် ဂရုစိုက်ပါ။
သပြေညွန့်များ ညှိုးနွမ်းသွားပါက အသစ်လဲလှယ်ပါ။
🌿 မေတ္တာပွားခြင်း
အဓိဌာန်ပြုနေစဉ် စိတ်ကို တည်ငြိမ်စွာထားပြီး
အားလုံးအပေါ် မေတ္တာပို့ပါ။
🌿 စွန့်ကြဲခြင်း
အဓိဌာန်ပြီးနောက် ၇ ရက် သို့မဟုတ် ၉ ရက်ပြည့်လျှင်
ရေကို သန့်ရှင်းသော သစ်ပင်ခြေရင်းတွင် သွန်းလောင်းပါ။
✨ မှတ်ချက်
အောင်အိုး အဓိဌာန်သည်မိမိ၏ ယုံကြည်မှုနှင့် စိတ်စွမ်းအားပေါ်တွင် မူတည်ပါသည်။
စိတ်ကို ကြည်လင်သန့်ရှင်းစွာ ထားရှိခြင်းက အောင်မြင်မှုအတွက် အဓိကသော့ချက် ဖြစ်ပါတယ်။
ဤကဆုန်လပြည့်နေ့တွင်အောင်အိုး အဓိဌာန်ဖြင့်
သင့်လိုအင်ဆန္ဒများ အမြန်ဆုံး ပြည့်ဝပါစေ ✨
မူရင်းရေးသားသူအား လေးစားစွာဖြင့်
ကုသိုလ်ယူ မျှဝေပေးလိုက်ပါတယ်ရှင့် 🙏
28/04/2026
ကဆုန်လပြည့်နေ့သည်
****************
ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ "ဗုဒ္ဓနေ့" ဖြစ်သည်။ ဤနေ့တွင် မြတ်စွာဘုရားရှင်နှင့် ပတ်သက်သော ထူးခြားသည့် ဖြစ်ရပ်ကြီး (၄) ခု တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့သောကြောင့် "ဗျာ၊ ဖွား၊ ပွင့်၊ စံ" ဟု မှတ်သားကြသည်။
ထူးခြားချက် (၄) ရပ်
***************
ဗျာဒိတ်ခံယူခြင်း (ဗျာ) - သုမေဓာရသေ့ဘဝတွင် ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဂေါတမအမည်ဖြင့် ဘုရားဖြစ်မည်ဟု နိယတဗျာဒိတ် ခံယူခဲ့သောနေ့။
ဖွားမြင်တော်မူခြင်း (ဖွား) - မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင် သိဒ္ဓတ္ထမင်းသား အလောင်းအလျာကို ဖွားမြင်ခဲ့သောနေ့။
ဘုရားဖြစ်တော်မူခြင်း (ပွင့်) - မဟာသက္ကရာဇ် (၁၀၃) ခုနှစ်တွင် ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော် ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့။
ပရိနိဗ္ဗာန်စံတော်မူခြင်း (စံ) - မဟာသက္ကရာဇ် (၁၄၈) ခုနှစ်တွင် ကုသိနာရုံပြည်ရှိ အင်ကြင်းတော၌ ပရိနိဗ္ဗာန်စံဝင် တော်မူသောနေ့။
ရိုးရာဓလေ့နှင့် ကုသိုလ်ပွဲများ
*********************
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်သော နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ထိုနေ့တွင် ကုသိုလ်ကောင်းမှုပြုကြသူများပြားပါသည်။
ကဆုန်လပြည့်နေ့တွင် ပြုလုပ်လေ့ရှိသော အလှူအတန်းနှင့် ကုသိုလ်ကောင်းမှုများမှာ-
၁။ ညောင်ရေသွန်းလောင်းခြင်း:
ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရည်မှန်း၍ ညောင်ရေသွန်းလောင်းခြင်းသည် ကဆုန်လပြည့်နေ့၏ အဓိက အစဉ်အလာအလှူတစ်ခု ဖြစ်ပါသည်။
၂။ စတုဒိသာ ကျွေးမွေးခြင်း:
ဘုရားဖူးလာသူများနှင့် လမ်းသွားလမ်းလာများကို မုန့်ဟင်းခါး၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း စသည့် အစားအစာများဖြင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြပါသည်။
၃။ ငါးလွှတ်၊ ငှက်လွှတ်ခြင်း:
ဘေးမဲ့အလှူအဖြစ် ငါးများ၊ ငှက်များကို ဘေးကင်းရာသို့ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ယူကြပါသည်။
၄။ သီလဆောက်တည်ခြင်း:
ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းနှင့် ကျောင်းကန်ဘုရားများတွင် ဝေယျာဝစ္စ ကုသိုလ်ပြုခြင်းများ ဆောင်ရွက်ကြပါသည်။
၅။ ရေအေးလှူဒါန်းခြင်း:
ကဆုန်လသည် ရာသီဥတု အလွန်ပူပြင်းသောကြောင့်
ရေအေး၊ ဖျော်ရည်နှင့် ယပ်တောင်များကို လှူဒါန်းခြင်းသည်လည်း အလွန်မွန်မြတ်သော အလှူတစ်ခု ဖြစ်ပါသည်။
အားလုံး ကုသိုလ်ထူးများ ရရှိကြပါစေ 🙏
26/04/2026
ချစ်စရာကောင်းသော stickerလေးတွေ...
25/04/2026
ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏
မေတ္တာပို့ သံပေါက်
# # # # # # # # # # # # # # # # # # # # # # #
၁။ စုဝေးညီညာ တို့သူငါ ကျမ္မာကြပါစေ။
၂။ မိဘသားရင်း ဆွေမျိုးရင်း ဘေးကင်းကြပါစေ။
၃။ ရပ်သူရွာသား မိတ်ဆွေများ စီးပွါးတိုးပါစေ။
၄။ ယောကျာ်းမိန်းမ ဟူသမျှ ဒုက္ခကင်းပါစေ။
၅။ ရဟန်းရှင်လူ တိုင်းပြည်သူ အပူကင်းပါစေ။
၆။ သိကြားဗြဟ္မာ နတ်ဒေဝါ ချမ်းသာကြပါစေ။
၇။ လူကိုစောင့်ကြပ် အနတ်နတ် ဥပါဒ်ကင်းပါစေ။
၈။ စိုးရိမ်ကြောင်းကြ ဗျာပါဒ နေ့ညကင်းပါစေ။
၉။ မျက်နှာရွှင်လန်း ပွင့်စပန်း ဘုန်းတန်းကြီးပါစေ။
၁၀။စည်းစိမ်မပျက် ဂုဏ်သိန်တတ် အသက်ရှည်ပါစေ
၁၁။ကြောက်ထိပ်လန့်ဖွယ် အန္တရာယ် ပျောက်ပျယ်
လွယ်ပါစေ။
၁၂။ထိမယ့်ခလုတ် ငြောင့်သစ်ငုတ် ရှောင်ဆုတ်လွတ်
ပါစေ။
၁၃။ကိုယ်နှင်နီးဝေး လာမည့်ဘေး ရှောင်ပြေးလွတ်
ပါစေ။
၁၄။ကြံစည်သလောက် ခရီးပေါက် ပြီးမြောက်ကြ
ပါစေ။
၁၅။ကပ်ကြီးသုံးပါး ဘေးဆိုးများ ရှောင်ရှားလွတ်ပါစေ
၁၆။တစ်ဦးတစ်ဦး မေတ္တာကူး အထူးချစ်ပါစေ။
၁၇။ငြူစူဝန်တို ရန်မလို ကြည်ညိုနိုင်ပါစေ။
၁၈။တစ်ယောက်တစ်ယောက် ပြစ်မကောက် စောင့်
ရှောက်ကြပါစေ။
၁၉။ဆွေချင်းမျိုးရင်း ရပ်သားခြင်း နှီးရင်းကြပါစေ။
၂၀။နှလုံးစိတ်တူ ရန်မမူ ကြည်ဖြူကြပါစေ။
၂၁။ရန်တုံ့မပြန် လောကဓံ သည်းခံနိုင်ပါစေ။
၂၂။မြန်မာပြည်ကြီး ဒုက္ခမီး အပြီးအေးပါစေ။
၂၃။စပါးဆန်ရေ အထွေထွေ ရွှေငွေပေါပါစေ။
၂၄။မရှိစကား လူတို့နား မကြားရပါစေ။
၂၅။တိုင်းပြည်မြို့ရွာ ငြိမ်းချမ်းသာ ပမာရေသို့အေး
ပါစေ။
၂၆။အမျိုးဘာသာ သာသနာ ရောင်ဝါနေသို့ထွန်း
ပါစေ။
၂၇။အများလူပေါင်း ချမ်းသာကြောင်း ဆုတောင်း
မေတ္တာချွေ။
၂၈။သုံးဆယ့်တစ်ဘုံ အလုံးစုံ အကုန်ချမ်းသာစေ။
ဓမ္မရတနာ
ကုသိုလ်ယူမျှဝေပေးလိုက်ပါရစေရှင့်🙏
25/04/2026
အချစ် မှ တဆင့် နိဗ္ဗာန်သို့
🥀🥀🥀🥀🥀🥀🥀
အချစ်ဟာ ကောင်းသလားလို့ မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။
ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို
ရနိုင်ပါတယ်တဲ့။
ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။
ပဋ္ဌာန်း ဥပနိဿယ ပစ္စည်းကို အာရုံပြု ကြည့်လိုက်ပါ။
အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ
ပစ္စယေန ပစ္စယော။
အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။
အကုသိုလ်က ကုသိုလ်ကို ပြန်ကျေးဇူး ပြုတယ်ဆိုတော့
ဖတ်ရသူတွေ အဖို့ အံ့သြစရာ ဖြစ်နေ ပါလိမ့်မယ်။
အဓိပ္ပါယ် ကတော့ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး၊
ဒါနတွေ ပြုမယ်။
သီလတွေ ဆောက်တည်မယ်။
ရှစ်ပါးသီလ၊ ကိုးပါး သီလ ကိုစောင့်ထိန်းမယ်။
စျာန်ရကြောင်း သမထ ကမ္မဋ္ဌန်း တစ်ခုခုကို ပွားများမယ်။
၀ိပသနာ တရားကို ပွားများမယ်။
ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်။
အဘိညာဉ်လည်း ရနိုင်ပါတယ်။
သမာတ်လည်း ရနိုင်ပါတယ်တဲ့။
ဒီအတိုင်း ပြောရင် ရှင်းမှာ မဟုတ်ဘူး၊
ပုံ ဝတ္ထုလေးနဲ့ တွဲပြောပြလိုက်ရင် ပိုရှင်း သွားပါလိမ့်မယ်။
ဒါကြောင့် အားလုံးကြားဖူးတဲ့ သုမေဓာ ရှင်ရသေ့ ဝတ္ထုလေးကို ပြန်အာရုံ ပြုကြည့်ရအောင်။
ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမဲ့ လမ်းမှာ ၀ိုင်းပြီး လုပ်အားပေး ကြတော့ သုမေဓာ ရှင်ရသေ့လေး ကလည်း ဝင်ပြီး လုပ်အား ပေးပါတယ်။
နောက် ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော့ သူမေဓာ ရှင်ရသေ့လေးက သူတာဝန်ယူ ထားတဲ့ မြေကွက်က မပြီးသေးတာနဲ့ ခန္ဓာကိုယ်ကို တံတား အဖြစ်ခင်းပြီး လှူ လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ သုမိတ္တာ ဆိုတဲ့ အမျိုးသမီးလေးက ရသေ့လေးကို မြင်မြင်ခြင်း သံယောဇဉ် ဖြစ်ပြီး ချစ်သွားပါသတဲ့။
သုမိတ္တာ ဆိုတဲ့ အမျိုးသမီး လေးရဲ့ လက်ထဲ မှာ ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကပ်လှူဘို့ ကြာပန်း ရှစ်ခိုင်ကို ကိုင်ထားပါတယ်။
မြင်မြင်ချင်း ချစ်တဲ့စိတ် ဖြစ်သွားတာ ဆိုတော့ ကိုင်ထားတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာ ရှင်ရသေ့လေးကို “ဒီကြာပန်းလေး တွေနဲ့ မြတ်စွာ ဘုရားကို
လှူပါနော်” လို. ပြောပြီး ပေးလိုက်ပါတယ်။
သူကတော့ သုံးခိုင်ပဲ ယူထားလိုက်ပါတယ်။
ပြီးတော့ ရှင်ရသေ့ ပါရမီ ဖြည့်ကျင့်နေသမျှ ကာလ
အတော အတွင်း “ကျွန်မသည် ရှင်ရသေ့နဲ့ အတူတကွ ပါရမီဖြည့်ဘက် ဖြစ်ရပါလို့၏”လို့ ဆုတောင်း လိုက်ပါတယ်။
ဒီဘဝ အတွက် ဆုတောင်းတာ မဟုတ်ပါဘူး၊ နောင်ဘဝ နောင်ဘဝ တွေအတွက် ဆုတောင်းတာပါ။ ရသေ့ဖြစ်
နေတာဆိုတော့ ဒီဘဝ အတွက်တော့ မဖြစ်နိုင်တော့ပါဘူး ။
ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကလည်း “သုမေဓာ ရှင်ရသေ့…ဒီ သုမိတ္တာ အမျိုးသမီးလေးဟာ သင်ဘုရား ဖြစ်ဖို့ရန် စိတ်တူ ကံတူ ပါရမီ ဖြည့်ဘက် ဖြစ်လိမ့်မယ်” လို့ တစ်ခါတည်း ဗျာဒိတ် ပေးလိုက်ပါတယ်။
ဘာပဲပြောပြော ချစ်တဲ့ စိတ်ဖြစ်ပြီး ပါရမီ ဆုတောင်း လိုက်တော့ သုမိတ္တာ အတွက် မှန်ကန် အကျိုးရှိတဲ့ ဆုတောင်းတစ်ခု ဖြစ်သွားတာတော့ အမှန်ပါပဲ။
သုမိတ္တာဆိုတဲ့ အမျိုးသမီး လေးဟာ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး သံသရာမှာ ပါရမီ ဖြည့်ဘက် အဖြစ် ကျင်လည်ရင်း ၊ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ သမထ တွေပွားများ၊ နောက်ဆုံး ဘဝမှာ ၀ိပဿနာ တရားတွေ ပွားများ အားထုတ်ရင်း၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွား ပါတော့တယ်။
ဒါဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါ။ အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူး ပြုလိုက်တာပါ။
ဇနီး မောင်နှံ နှစ်ယောက် အိမ်ထောင်ပြု ကြတယ်ဆိုတာ ရာဂကို အမှီပြု ပြီးပြုကြ ရတာပါ။ ဒါပေမဲ့ ကိုယ်က ဒီရာဂ ကို အမှီပြု ပြီး ဒါနတွေ ပြုဖြစ်အောင်၊ သီလတွေ ဆောက်တည်ဖြစ်အောင်၊ ၀ိပဿနာတွေ ပွားများဖြစ်အောင် သုမေဓာ ရှင် ရသေ့နဲ့ သုမိတ္တာ အမျိုးသမီး လေးတို့ကို အာရုံပြုပြီး ကြိုးစား ရပါမယ်။
ဥပမာ- ကိုယ့်ခင်ပွန်းက အပြင်ထွက်ပြီး စီးပွားရှာ နေမယ်၊ ရှာလို့ ရလာတဲ့ ငွေကြေးတွေကို ဒါနတွေ ပြုပေးမယ်။
ခင်ပွန်း မွေးနေ.မှာ ကုသိုလ် ကောင်းမှုတစ်ခုခု ပြုပေးမယ်၊ မွေးနေ. မှာ နှစ်ယောက်အတူ ဘုရားသွားမယ်၊ တရားပွဲတွေ အတူတူ သွားမယ်၊ မင်္ဂလာ ဆယ်နှစ်မြောက်၊ ဆယ့်ငါးနှစ်မြောက်၊ အထိန်းအမှတ် အဖြစ် ဒါနတွေ ပြုမယ်။
အားတဲ့ ရက်တွေမှာ ရိပ်သာကို တလှည့်စီ ဒါမှမဟုတ် နှစ်ယောက် အတူတူ ရိပ်သာဝင် တရား အားထုတ်မယ် ၊ ဒါတွေဟာ အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။
နောက်တစ်ခုက ကိုယ့်ခင်ပွန်း အပြင်သွားပြီး အလုပ်လုပ် နေတဲ့ အချိန်မှာ ကိုယ့်ခင်ပွန်း အတွက် ဘုရားမှာ ပန်းကပ်၊ ရေကပ်ပေးမယ်။
ပြီးတော့ ဤရေ အေးမြသလို ကိုကိုလည်း စိတ်ကော ရုပ်ကော အေးမြပါစေလို့ မေတ္တာပို့ ပေး နေမယ်ဆိုရင် အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။
ပဋ္ဌာန်း စကားနဲ့ ပြောရင် ဥပနဿယ ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြု နေကြတာပါ။ ကုသိုလ် ကောင်းမှု တွေကို အတူတူ ပြုနေတဲ့ အတွက် နောင်ဘဝ နောင်ဘဝ တွေအတွက်လည်း ရေစက်ဆုံ ကြရဦးမှာပါ။
တကယ်လို့အိမ်ထောင် မပြုရသေးတဲ့ သမီးရည်းစား ဘဝမှာပဲ ရှိနေသေးတယ် ထားဦး။ ချစ်သူတို့ သဘာဝ အရ ရွှေတိဂုံ ဘုရားကို သွားမယ်၊ ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွှေသင်္ကန်း ကပ်မယ် ဘုရားရှိခိုး မယ်ဆိုကြပါစို.။
သွားတုံးက ရာဂ ကို အမှီပြု ပြီးသွားကြတာ ဒါပေမဲ့ ဘုရားပေါ် ရောက်တော့ ကုသိုလ်တွေ ပြုဖြစ်သွားပါတယ်။ ဒါဟာလည်း အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါပဲ။
သွားတုံးကတော့ ရာဂကို အမှီပြု ပြီးသွားပေမဲ့ ရာဂ အဆင့်မှာပဲ ရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသိုလ်တွေ ပြုလိုက်တော့ အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြု သွားတာပါ။
ဟယ်..ရာဂ ဆိုတာ အကုသိုလ်ကြီး ဆိုပြီး နင်းကန် အပြစ်တင် နေရမှာ မဟုတ်ပါဘူး။ အဲဒီ အကုသိုလ် ဆိုတဲ့ ရာဂ ကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်တယ် ဆိုတာ ကိုယ်က သဘောပေါက် ထားဖို့ပါပဲ။
တစ်ခုတော့ ရှိပါတယ်။ ရာဂကို အမှီပြုပြီး တစ်ဆင့် တက်ရမှာကို မတက်ဘဲ ရာဂနဲ့ပဲ ရပ်နေမယ်၊ အချစ်နဲ့ပဲ ရပ်နေမယ် ဆိုရင်တော့ ဘယ် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်မှာလဲ။
ဒီတော့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အကုသိုလ် ကနေ ကုသိုလ်ကို တစ်ဆင့်တက်တဲ့
ဥပနိဿယ ပစ္စည်းတွေ ဖြစ်နေဖို.ပဲ အရေးကြီးပါတယ်။
ပြီးတော့ ဒီ ဥပနိဿယ ပစ္စည်းတွေဟာ နောင်ဘဝ နောင်ဘဝ တွေထိလည်း လိုက်ပြီး ကျေးဇူးပြု နေဦးမှာပါ။ နောက်ဆုံး နိဗ္ဗာန် ရတဲ့ အထိ ကျေးဇူးပြု သွားမှာပါ။
နှစ်ယောက်လုံး တရားအသိ ရှိထားတဲ့ သူတွေဆိုရင် အမှားပြုဖို့လည်း ခဲယဉ်း ကြသလို၊ နှစ်ယောက် စလုံးဟာ တရား ရိပ်သာ ဝင် ထားကြ၊ တရား အားထုတ်ဖူးတဲ့ သူတွေ ဆိုရင်တော့ တရား အသိ လေးတွေနဲ့ ဆိုရင် ဘဝကို အဓိပ္ပါယ် ရှိရှိ ငြိမ်းငြိမ်း ချမ်းချမ်းလေး တည်ဆောက် သွားလို့ ရပါတယ်။
ဘာပဲပြောပြော ဇနီးမောင်နှံ နှစ်ယောက် ပဋ္ဌာန်း ဥပနိဿယ ပစ္စည်းတွေ နေ.စဉ် ဖြစ် ဖြစ်နေဖို့ပါပဲ။ ဒါဆိုရင် အမှားနည်းတဲ့ “ရာသက်ပန် ငြိမ်းချမ်းတဲ့ ဘဝလေး” ဖြစ်နေတော့မှာပါ။
ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
အလင်းတန်း ဂျာနယ်။ ၄. ၉. ၂၀၀၆
မူရင်းရေးသားထားသူအားလေးစားစွာဖြင့်
ကုသိုလ်ယူ မျှဝေပေးလိုက်ပါတယ်ရှင့် 🙏
คลิกที่นี่เพื่อเป็นสมาชิก?