Online PDF Page

Online PDF Page

แชร์

CDM STUDENT PDF

02/10/2022

သှေးမ အေးဘူးကှ😎😎😎😎😎

16/09/2022

မအူပင်မဲဆန္ဒနယ် မှာ မကြာခင် ဒီမိုကရေစီ ပြန်လည်ရှင်သန်စေရမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးကတိပေးပြောကြား
================
စက်တင်ဘာ၁၆ရက်
မအူပင်မဲဆန္ဒနယ် မှာ မကြာခင် ဒီမိုကရေစီ ပြန်လည်ရှင်သန်စေရမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးကတိပေးပြောကြားလိုက်ပါတယ်။
စက်တင်ဘာ၁၅ရက် ဒီမိုကရေစီနေ့မှာ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးကဆိုပါတယ်။
"ကျွန်မတို့ ပြည်သူအားလုံးဒီမိုကရေစီ စနစ် မှာ လူသားတစ်ဦးချင်းစီ ကို တန်ဖိုးထားခံရမှု ရခဲ့ကြတယ်။ပျော်ရွှင်ကြ ၊လွတ်လပ်စွာ တွေးခေါ်ကြ၊ငြင်းခုန်ကြ နဲ့စုံနေတာပါဘဲ။အဓိက ကျွန်မတို့အားလုံး လူ သားတစ်ဦးလို ရှင်သန်ခွင့် ရခဲ့ ကြတယ် လေ။ဒီမိုကရေစီစနစ် ပျက်သုန်းရင် ကျွန်မတို့ ပြည်သူတွေ ဘယ်လိုထိခိုက်ခံစားရတယ် ဆိုတာ အခုချိန်မှာထွေထူး ပြောစရာ လိုမယ် မထင်တော့ ပါဘူး။ကျွန်မ ယုံကြည်နေပါတယ် ကျွန်မ ရဲ့ မဲဆန္ဒနယ် မှာ မကြာခင် ဒီမိုကရေစီ ပြန်လည်ရှင်သန်စေရမယ်"လို့ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မအူပင်မြို့နယ်ဟာ
မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့အများဆုံးလာရောက်မဲထည့်ခဲ့ကြတဲ့မြို့နယ်တစ်ခုအဖြစ်လည်းပါဝင်ပါတယ်။
joe

16/09/2022

Only a country in Myanmar

16/09/2022

စားသားက‌ြေကွဆင်း

Photos from Online PDF Page's post 16/09/2022

ယခု ပုံတွင်ပါသော ဦးဇင်းသည် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းစံပြကျေးရွာနေ
တောင်ပေါကျောင်းတိုက်မှ ဦးဇင်းတစ်ပါးဖြစ်ပါသည် 4-9-2022နေ့၌ တောင်ကြာအင်းကျေးရွာတွင်း
တိုက္ပြဲမ်ား ဖြစ်ပွာရာတွင်စစ်ကောင်စီမှ ပစ်လိုက်တော(၁၂၀)လက်နက်ကြီးတစ်လုံးမှာတောင်ကြာအင်း
ဘုန်းကြီးကျောင်းဝင်းအတွင်းရှိရေစင်ကို ထိ့မှန်၍အစများလွင့်ကာ ပုံပါဦးဇင်းအား ခြေထောက် ခြေသလုံး ကြွက်သား အကြောမ ကြီးအား ထောက်ထွက်ကာ အဓိက အကြောမကြီး ပြတ်သွားပါသဖြင့် ဆေးဆရာဝန်များပြောချက်အရ လုံးဝ ပြန်ဆက်၍ မရနိုင်ပါ ခြေထောက်ဖြတ်ထုပ်ရမည်ဟု ဝမ်းနည်းစွာသိရှိလိုက်ရပါသည် ဦးဇင်းရဲ့ မိဘေတြက ငွေရေး ကြေးရေးအဆင်မပြေသူများ ဖြစ်ပါသဖြင့် ဆေးကုသမူ့ ခြေထောက်ဖြတ်ထုတ်ရမည့် စရိတ်များအား အဆင်မပြေဖြစ်ပါ၍ လေးနက် လေးစားစွာဖြစ် အလှူခံရခြင်း ဖြစ်ပါသည်။ အကြောင်းစုံသိလိုပါက 0945584107ဖုန်းကိုဆက်သွယ်မေးမြန်နိုင်ပါသည် ဘဏ္ကေတာ
770-2-232966 ကစီကောဘဏ်
နာမည္ကေတာMYINT HTUN
ပါ ကျေးဇူးတင်ပါသည်။

14/09/2022
14/09/2022

ေဆာင်ဦးရွက် ေြကွ မအလ ေသ

Photos from Online PDF Page's post 14/09/2022

အကြမ်းဖက်စစ်ကောင်စီကို ပြေးစရာမြေမရှိအောင် စနစ်ကျ ကုလလုပ်နေပြီလား
13 Sep 2022 By MPA မြတ်နိုးသူရ (အတွေးအမြင်)
အကြမ်းဖက်စစ်ကောင်စီဟာ နောက်ပြန်မလှည့်စတမ်း သူတို့ရဲ့ ကျူးလွန်မှုတွေကို ဆက်တိုက်ပြုလုပ်နေသလို တစ်ဘက်မှာလည်း သူတို့ရဲ့ လုပ်ရှားမှုတွေအားလုံးနဲ့ လုပ်ရပ်တွေကို မျက်ခြည်မပြတ်စောင့်ကြည့်နေကြတဲ့ အခြေအနေတွေဟာလည်း ရှိနေပါတယ်။
လူသားမျိုးနွယ်အပေါ်မှာ စစ်ရာဇဝတ်မှုကို စနစ်တကျ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတိုင်းအတွက် ပြန်လည်တာဝန်ခံရမယ့် အချိန်ဟာ တဖြည်းဖြည်း နီးသထက် နီးကပ်လာပါပြီ။
ကမ္ဘာ့ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အထောက်အထား၊ အချက်အလက်တွေကို စနစ်တကျ ရှာဖွေမှတ်တမ်း တင်နေခဲ့ပါတယ်။ ဒါတွေကို အရင်က ပေါ်ပေါ်တင်တင် မတွေ့မြင်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ ခြေလှမ်းတစ်လှမ်းချင်းစီအတိုင်း လျှောက်လှမ်းနေတယ်ဆိုတာ သိသာနေပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအတွင်းက အဖြစ်အပျက်အားလုံးကို စနစ်တကျ မှတ်တမ်းတင်နိုင်အောင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကို ဖွဲ့စည်းပေးထားပါတယ်။ ဒီအဖွဲ့ဟာ မြန်မာ့အရေးကို အသေအချာ စောင့်ကြည့်နေတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းမှာ (IIMM) အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း မုဒိမ်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ အမျိုးသမီးတွေနဲ့ ကလေးသူတွေအပေါ် ပိုမိုထိခိုက်နေတယ်လို့ အစီရင်ခံခဲ့ပါတယ်။
အဲ့ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများအကြား အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ပြင်းပြင်းထန်ထန် ထိခိုက်နေပြီး ဓားစာခံဖမ်းဆီးနေမှုတွေဟာလည်း ဆိုးဝါးလွန်းတဲ့ အခြေအနေဖြစ်တယ်လို့ အသိပေးထားပါတယ်။
(IIMM) အဖွဲ့ဟာ သုံးနှစ်ကျော်အကြာ ရှာဖွေပြုစုထားတဲ့ အချက်အလက်တွေကို အခြေခံပြီး သတင်းအရင်းအမြစ် ၂၀၀ ကျော်ကနေ အချက်အလက်ပေါင်း သုံးသန်းကျော်ကို စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေရရှိအောင် လူတွေ့မေးမြန်းချက်တွေ၊ မှတ်တမ်းတွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ကောင်းကင်ကနေ မြင်ရတဲ့ ပုံရိပ်တွေနဲ့ ဆိုရှယ်မီဒီယာပေါ်က အထောက်အထားတွေ များစွာ ပါဝင်ခဲ့ပါတယ်။
အစီရင်ခံစာထွက်ထွက်လာတဲ့ အချိန်မှာပဲ (IIMM) အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ Nicholas Koumjian က ဒီလိုအထောက်အထားတွေကို ရှာဖွေသိမ်းဆည်းထားတာဟာ ကျူးလွန်သူတွေကို သိရှိဖို့ ရည်ရွယ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သူတွေဟာ အရေးယူမခံရဘဲ မနေဘူးလို့ သတိပေးခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှုတွေ စနစ်တကျ ကျူးလွန်မှုနေမှုတွေအတွက် ရရှိထားတဲ့ အချက်အလက်တွေဟာ သက်သေအဖြစ် ရှိနေမှာဖြစ်သလို တစ်နေ့မှာတော့ ဒီစာရင်းတွေကို ရှင်းလင်းရလိမ့်မယ်လို့ သတိကြီးကြီး ပေးခဲ့တာပါ။
အခုတစ်ခါမှာလည်း (IIMM) အဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီကို ချည်ပြီးတုပ်ပြီး ရိုက်လို့ရမယ့် နောက်ထပ် အချက်အလက်တွေကို ရရှိထားပြန်ပါပြီ။ ဒါကတော့ စစ်တပ်ရဲ့ရာဇဝတ်မှုတွေကို သိသာထင်ရှားစေမယ့် သန်းနဲ့ချီတဲ့ အချက်အလက်တွေကို Facebook ကတစ်ဆင့် ရရှိထားပြီလို့ အသိပေးထုတ်ဖော်လာခဲ့တာပဲဖြစ်ပါတယ်။
(IIMM) အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ Nicholas Koumjian က Facebook ကနေ ပေးပို့လာတဲ့ အချက်အလက်သန်းနဲ့ချီကို ရရှိထားပြီး ဒီအချက်အလက်တွေနဲ့ အကောင့်တွေဟာ Facebook ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီလို့ ဖြုတ်ချခံထားရတဲ့ အရာတွေဖြစ်တယ်လို့ အသိပေးထားပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဟာ မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အထောက်အထားတွေကို နိုင်ငံတကာ တရားရုံးတွေဆီ ပေးပို့ပြီး ကျူးလွန်သူတွေ စာရင်းရှင်းရအောင် ကြိုးပမ်းလှုပ်ရှားနေခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို ပြေးစရာမြေမရှိအောင် ခြေတလှမ်းချင်းလျှောက်လှမ်းနေတံါ ကုလသမဂ္ဂရဲ့ လှုပ်ဆောင်မှုတွေဟာ ပိုမိုနက်နဲလာခဲ့ပြီလို့ ဆိုရမှာပါ။
ဒါကြောင့် (IIMM) အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ Nicholas Koumjian ဆိုထားသလို “စစ်ရာဇဝတ်မှုကျူးလွန်သူတွေဟာ အရေးယူမခံရဘဲ မနေဘူး”လို့ သတိပေးထားတဲ့အတိုင်း အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ လုပ်ဆောင်ထားတဲ့ လုပ်ရပ်တစ်ခုချင်းစီတိုင်းကို စာရင်းရှင်းရတော့မယ့်အချိန်ဟာ နီးကပ်လာပြီလို့ ဆိုလိုက်ချင်ပါတယ်။
Photo – IIMM
#အကြမ်းဖက်စစ်ကောင်စီ #ကုလ

14/09/2022

“ပူတယ်လို့တော့ ပြောတယ်။ သူတို့ချက်ကျွေးတာပဲ စားရတယ်တဲ့။
အမျိုးသမီးလုံခြုံရေး ၃ ယောက်က လာလုပ်ပေးတယ် ပြောတယ်။
ထောင်ဝင်းကြီးထဲ (အဆောက်အအုံတစ်ခုမှာ) တစ်ယောက်တည်း နေရတယ်လို့ ပြောတယ်”
“မဆိုးပါဘူးတဲ့ အဆင်ပြေတယ်တဲ့။ သူကတော့ ကောင်းအောင် ပြောတာပဲ။ ခေါင်းဆောင်ဆိုတာတော့ ညည်းညူနေမှာ မဟုတ်ဘူးလေ။ သူကတော့ အဆင်ပြေတယ်ပဲ ပြောမှာပဲ”
“တရားခွင်လုပ်တဲ့တိုက်ကို ဘေးကနေပတ်ပတ်လည် ခြံစည်းရိုးတွေ ပတ်ပတ်လည်ခတ်တယ်။
ဘာမှ အပြင်ကို မမြင်ရအောင် လုပ်ထားတယ်”
အားနာမိတယ် အမေရယ် 😭😭

Photos from Online PDF Page's post 14/09/2022

[ English Below ]

တော်လှန်ပြည်သူတွေအတွက် ဇေယျာသော်ပြန်လာပြီ

12 Sep 2022 By MPA 004

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားကြိုးပေးစီရင်ခြင်းကို ခံခဲ့ရတဲ့ ကိုဇေယျာသော်ကို ဂုဏ်ပြုတဲ့အပြင် တရားမျှမှုတွေအတွက် အမှတ်တရဖြစ်အောင် End Game-Union Multiplayer ကနေပြီး ဇေယျာသော် ဂိမ်းဇာတ်ကောင်ကို ဖန်တီးလိုက်ပါတယ်။

ကိုဇေယျာသော်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားကြိုးပေးတာကို ခံခဲ့ရပေမဲ့ အခုအခါမှာတော့ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုထံကို ပြန်လည်ရောက်ရှိလာပါပြီ။ ဂိမ်းဖန်တီးသူတွေဟာ ကိုဇေယျာသော်နဲ့ ချွတ်စွပ်တူတဲ့ ဂိမ်းဇာတ်ကောင်ကို အသက်သွင်းထားပါတယ်။

“ကျွန်တော်ကတော့ ဂိမ်းကို ရေရှည်မျှော်မှန်းထားတဲ့သူဖြစ်တဲ့အတွက်ကြောင့် ဂိမ်းနဲ့ ပတ်သက်ပြီးတော့ မကြာမကြာလည်း အပ်ဒိတ်လေးတွေလုပ်ပေးသွားပါမယ်။ နောက်လည်း ဒီဂိမ်းကို ပွဲလေးတွေ Event လေးတွေလုပ်ပေးပြီး အားလုံး ဝင်ကလစ်နိုင်အောင် ဆက်ပြီးတော့ ဖန်တီးပေးသွားပါမယ်”လို့ End Game-Union Multiplayer ဂိမ်း ဖန်တီးသူတွေက MPA သို့ အသိပေးထားပါတယ်။

ဂိမ်းဖန်တီးသူတွေဟာ ကိုဇေယျာသော်ရဲ့ မျက်လုံးအောက်မှာရှိတဲ့ မှဲ့ကအစ အသေးစိတ် ဖန်တီးပြုလုပ်ထားသလို ခန္ဓာကိုယ်မှာရှိတဲ့ တက်တူးတွေကိုပါ နေ့ရောညပါ အနီးစပ်ဆုံးတူနေအောင် ကြိုးပမ်းပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ Team အနေနဲ့ ဒီဂိမ်းကို မျှော်မှန်းထားတာက လိုကယ်မှာ အစားထိုးနိုင်လောက်တဲ့ ပုံစံမျိုးပေါ့နော်။ ဥပမာ လူငယ်တွေအနေနဲ့ PUBG တွေ call of duty တွေ အဲ့ဒီလို shooter game တွေ ဆော့နေမယ့်အစား အခု ဒီဂိမ်းကို ဆော့မယ်။ သူတို့လိုချင်တဲ့ ဖျော်ဖြေမှုလည်းရမယ်။ ထောက်ပို့ပြီးသားလည်း ဖြစ်မယ်။ အဲ့ဒီအတွက်ရည်စူးပြီးကို ကျွန်တော်တို့ဘက်က ဂိမ်းကို ပိုကောင်းအောင် ကြိုးစားပေးသွားပါမယ်”လို့ အသိပေးပါတယ်။

"တော်လှန်စိတ်ဆိုတာ ဘယ်တော့မှ သတ်လို့မသေဘူး"လို့ ကိုဇေယျာသော်ရဲ့ ဇနီးလောင်း မသဇင်မြင့်အောင် ပြောထားတဲ့အတိုင်း အကြမ်းဖက်စစ်တပ် ဖြုတ်ချရေးအတွက် တော်လှန်ရေးကို အရှိန်မြှင့်ဖို့ အခုဂိမ်းက တော်လှန်ပြည်သူတွေအတွက် စိတ်လှုပ်ရှားဖွယ်ရာတွေ ပြည့်နှက်နေတဲ့အပြင်ကို ကိုဇေယျာသော်နဲ့လည်း အနီးစပ်ဆုံး ရှိနေဦးမှာဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3DzFJvR
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Photo - EndGameUnionMultiplayer

#ကိုဇေယျာသော် #ဂိမ်း #တော်လှန်ရေး #ရန်ပုံငွေ

[ English Version ]

Zayar Thaw is back for the revolutionary people

12 Sep 2022 By MPA 004

End Game-Union Multiplayer has created the game character Zayar Thaw to honour Ko Zayar Thaw, who was unjustly hanged by the terrorist SAC, as well as a memorial for justice.

Ko Zayar Thaw was unjustly hanged by the terrorist SAC, but now he has returned to the pro-democracy people of Myanmar. The creators of the game have activated a game character that looks like Ko Zayar Thaw.

"I'm a long-term visionary of the game, so I'll be making small updates about the game from time to time. After that, we will continue to create this game by holding some events so that everyone can click on it," End Game-Union Multiplayer game creators informed the MPA.

It is said that the creators of the game have made detailed creations such as the mole under the eye of Ko Zayar Thaw, as well as the tattoos on the body, so that they are as close as possible day and night.

"As our team, we expect this game to be a form that can be replaced locally. For example, instead of playing shooter games like PUBG and call of duty, young people will now play these games. They must have the entertainment they want. It must have already been sent to support. Dedicated to that, we will try to make the game better," he informed.

"Revolutionary spirit never dies," as Ko Zeya Thaw's wife-to-be Ma Thazin Myint Aung said, to speed up the revolution to overthrow the army, this game is full of excitement for the revolutionary people, and I want to say that it will be the closest to Ko Zayar Thaw.

Photos from Online PDF Page's post 13/09/2022

စစ်မှုထမ်းဟောင်း ဥက္ကဌ ဦးမောင်ယုအား PRDFတပ်ဖွဲ့မှ ရှင်းလင်းစဉ် လက်ပစ်ဗုံးနှစ်လုံး၊WYစိတ်ကြွဆေးပြားများနှင့် ကွန်ဒုံးများသိမ်းဆည်းရမိ

13 Sep 2022 By MPA 001

နန်းထိုက်အောင်စစ်ဆင်ရေး ပထမအကြိမ်အဖြစ် WYသုံးရန် အိမ်သို့ပြန်လာသည့် စစ်မှုထမ်းဟောင်း ဥက္ကဌ ဦးမောင်ယုအား PRDFတပ်ဖွဲ့မှ ရှင်းလင်းစဉ် လက်ပစ်ဗုံးနှစ်လုံး၊WYစိတ်ကြွဆေးပြားများနှင့် ကွန်ဒုံးများသိမ်းဆည်းရမိခဲ့ကြောင်း ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့​၏ ခေါင်းဆောင်တစ်ဦးကပြောသည်​။

အထက်ပါ ပုလောမြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဌ ဦးမောင်ယုကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ရက်နေ့ ညနေ ၄နာရီခန့်က ရှင်းလင်းနိုင်ခဲ့ပြီး ဖမ်းဆီးစဉ် ပြန်လည် ခုခံသဖြင့် ပုလောမြို့နယ်၊သင်္ကန်းမော်နှင့် ရွှေလုံးအော် လမ်းခုလတ်တွင် သေနတ်ဖြင့် ၈ချက်ပစ်သတ်ခဲ့ကြောင်း ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့​၏ ခေါင်းဆောင်တစ်ဦးကရှင်းပြသည်။

"ဒါက ပုလောရဲ့ ပထမဆုံးနန်းထိုက်အောင်စစ်ဆင်ရေးပေါ့။ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးလုပ်ဆောင်တာပါ။မောင်ယု တော်လှန်ရေးအစထဲက ပျူစောထီးတွေရဲ့ အကြီးဆုံးခေါင်းဆောင်ပေါ့။သူကိုယ်တိုင်လဲ ကျွန်တော်တို့ကိုလာတိုက်တဲ့အခါ လမ်းပြပေးတာတို့ ပါဝင်ကူညီတာတို့ ခနခနရှိတယ်။သူ့မှာ သေနတ်ရှိတယ်ဆိုတာသိပေမယ့် လက်ပစ်ဗုံးနှစ်လုံးပဲ သိမ်းနိုင်ခဲ့တယ်။အခင်းဖြစ်နေရာမှာပဲသေသွားပါတယ်"ဟု ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့​၏ ခေါင်းဆောင်တစ်ဦးက အသေးစိတ်ရှင်းပြသည်။

နန်းထိုက်အောင်စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် PRDFတပ်ဖွဲ့ဝင်တစ်ဦးက အုပ်ချုပ်ရေးမှုးရုံးမှ အိမ်သို့ ဆေးချရန်ပြန်လာသည့် ဦးမောင်ယုအားရှင်းလင်းပြီးနောက် စစ်ဘက်သုံး လက်ပစ်ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်း တလုံး၊ Wave i (125) ဆိုင်ကယ်အဖြူတစီး၊ ငွေသား (၉) သိန်းကျပ်၊ မှတ်ပုံတင် (၈) ခု၊စိတ်ကြွဆေးပြား(WY) ၈လုံး၊ခဲပြားတပြား(WYသုံးသည့်ခဲပတ်)ကွန်ဒုံး (၂) ခု၊ လက်စွပ် (၃) က္ငင်း၊ဆေးထိုးအပ်နှင့် ဆေးဝါးများကို သိမ်းဆည်းရရှိခဲ့ကြောင်း MPAသို့အတည်ပြုပြောကြားသည်။

"သူ့ဖုန်းကို ကျွန်တော်တို့စစ်ဆေးတဲ့အခါ စစ်ခွေးတွေဆီ သတင်းပေးတာတွေ၊PDFတွေ မဟာမိတ်တပ်ပေါင်းစုတွေအကြောင်းသတင်းပို့ထားတာတွေ့တယ်။နောက်တစ်ခု အပြာကားတွေ ရာချီတွေ့ခဲ့တယ်။သူက ပုလောမှာ ဘိသိက်ဆရာတစ်ဦးအဖြစ်နဲ့လည်းကျော်ကြားတဲ့သူပေါ့။လက်ရှိမှာ ကျွန်တော်တို့ သိမ်းဆည်းထားပြီးပါပြီ။သေနတ်ကတော့ ရှာမတွေ့ခဲ့ဘူး"ဟု နန်းထိုက်အောင်စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် PRDFတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယမန်နေ့က နန်းထိုက်အောင်စစ်ဆင်ရေးဖြင့် ရှင်းလင်းခဲ့သည့် ဦးမောင်ယုသည် အကြမ်းဖက်စစ်ကောင်စီတပ်အာဏာသုံးချိန်မှ စတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ လက်နက်ကိုင်ဆောင်နေသူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ၎င်း​၏ ထောက်ခံချက်ဖြင့် ခန့်ထားသူတစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများ​၏ ပြောဆိုချက်အရသိရသည်။

လက်ရှိမှာ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF)အနေဖြင့် လက်နက်ခဲယမ်းလိုအပ်ချက်များစွာရှိနေသဖြင့် အလှူငွေများစွာလိုပ်နေပြီး နန်းထိုက်အောင်စစ်ဆင်ရေးကို အရှိနဟုန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MPAမှ တစ်ဆင့် အသိပေးပြောဆိုသည်။

Photo - MPA

ပုံစာ -သိမ်းဆည်းရမိခဲ့သည့် လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများ။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3qAo2nS
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok