Dr. Thiri
Helping your skin healthy and reach your skin goals by providing skin health related knowledges.
ပေါင်ခြံမည်းတာ… မသန့်ရှင်းလို့ပဲလား? 🤔
Let’s talk with Dr. Thiri 🎙️💬
Dark Area Q&A — Part (1)
#ပေါင်ခြံမဲ
A little glimpse of my clinic day 🥼🩺👩⚕️
Wearing arfi Myanmar
23/08/2026
🛍️ Skincare ဝယ်တဲ့အခါ ဈေးကြီးရင် ပိုကောင်းမယ်လို့ ထင်မိကြလား?
တကယ်တော့ ဒေါက်တာကိုယ်တိုင်လည်း packaging လှလှလေးတွေ၊ သုံးလိုက်ရင် luxury ဆန်တဲ့ feeling ပေးတဲ့ skincare တွေကို သဘောကျပါတယ် 🤍
သုံးရတဲ့ experience ကောင်းတာလည်း product value ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။
‼️ ဒါပေမယ့် ဈေးကြီးတာနဲ့ဘဲ အသားအရေအတွက် ပိုကောင်းသွားစေတာမျိုးတော့ မဟုတ်ပါဘူး။
Skincare တစ်ခုရဲ့ဈေးနှုန်းထဲမှာ ingredients တင်မဟုတ်ဘဲ packaging၊ brand name၊ marketing နဲ့ product experience တွေလည်း ပါနေပါတယ်။
ဒါကြောင့် ဈေးနှစ်ဆကြီးတိုင်း result နှစ်ဆပိုကောင်းမယ်လို့တော့ မဟုတ်ပါဘူး။
❔ဒေါက်တာ skincare ဝယ်တဲ့အခါ ဈေးနှုန်းထက် ပိုစဉ်းစားတဲ့အရာတွေက..
👉ဒီ product က ကိုယ့်ရဲ့ဘယ်အသားအရေပြဿနာ ဖြေရှင်းပေးမှာလဲ?
👉လိုအပ်တဲ့ active ingredient ပါလား?
👉ကိုယ့် skin type နဲ့ ကိုက်နိုင်လား?
👉ပြီးတော့ result မြင်ဖို့လိုတဲ့အချိန်အထိ ပုံမှန်ပြန်ဝယ်သုံးနိုင်မလား?
တစ်ခါတလေ ဈေးကြီးတဲ့ serum တစ်မျိုးဝယ်ထားပြီး sunscreen ကိုတော့ ပုံမှန်မလိမ်းဖြစ်ဘူးဆိုရင် ပိုက်ဆံကုန်သလောက် အကျိုးမရှိနိုင်ပါဘူးနော်။
Luxury skincare သုံးတာ မမှားပါဘူး။
အဲ့အတွက်သုံးလိုက်ရတဲ့ပွေပမာဏက ကိုယ့်အတွက် burden မဖြစ်ဘဲ သုံးရတာပျော်တယ်ဆိုရင် သုံးလို့ရပါတယ် no problem ပါ။
ဒါပေမယ့် ဈေးကြီးလို့ ပိုကောင်းမယ်ဆိုပြီး ဝယ်တာနဲ့ ကိုယ့်အသားအရေလိုအပ်ချက်ကိုသိပြီး ဝယ်တာကတော့ မတူပါဘူး။
✅ တကယ်ကောင်းတဲ့ skincare ဆိုတာ အမြဲတမ်း ဈေးအကြီးဆုံးတစ်ခုမဟုတ်ဘဲ
ကိုယ့်အသားအရေနဲ့ကိုက်ပြီး ရေရှည်ပုံမှန်သုံးဖြစ်တဲ့တစ်ခုပါနော်…
With love,
Dr. Thiri 🤍
22/08/2026
📣 Hello..ဒီစာလေးကတော့ အခု hot news ဖြစ်နေတဲ့ Medicube PDRN နဲ့ပတ်သက်ပြီး ပြောချင်တာလေးပါ..
ဒီရက်ပိုင်း Medicube PDRN skincare ကို
“အဆိပ်ဖြစ်စေတဲ့ ingredient ပါလို့ ban လိုက်ပြီ”
ဆိုတဲ့သတင်းတွေ တော်တော်များများတွေ့နေရတယ်။
ကြားလိုက်တာနဲ့ စိတ်ပူသွားတဲ့သူတွေလည်းရှိမယ်။
ကိုယ်သုံးနေတဲ့ product များလားဆိုပြီး ကြည့်မိတဲ့သူတွေလည်းရှိမယ်။
👩⚕️ ဒါကြောင့် တကယ်ဘာဖြစ်နေတာလဲ၊ ဘာဆက်လုပ်သင့်လဲဆိုတာကို ဆရာဝန်တစ်ယောက်အနေနဲ့ အလွယ်ဆုံးရှင်းပြပေးချင်ပါတယ်။
အရင်ဆုံး သိထားရမှာက PDRN ကို banned လုပ်လိုက်တာမဟုတ်သလို Medicube ရဲ့ PDRN skincare အားလုံးလည်းမဟုတ်ပါဘူး။
👉 “Medicube PDRN Pink Collagen Capsule Cream”
ဆိုတဲ့ product တစ်မျိုးကိုပဲ ရည်ညွှန်းထားတာပါ။
⚠️ Hong Kong Customs က ဈေးကွက်ထဲက product နမူနာကို စစ်ဆေးတဲ့အခါ cosmetic products တွေမှာ အသုံးပြုခွင့်မရှိတဲ့ Sudan Red ဆိုတဲ့ အနီရောင်ဆိုးဆေးတစ်မျိုးကို တွေ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအချက်ကို သေချာခွဲသိထားစေချင်ပါတယ်။
‼️PDRN ingredient ကြောင့် ပြဿနာဖြစ်တာမဟုတ်ပါဘူး။
စစ်ဆေးခဲ့တဲ့ product နမူနာထဲမှာ မပါဝင်သင့်တဲ့ Sudan Red တွေ့ခဲ့တာပါ။
ဒါကြောင့်
* Medicube brand တစ်ခုလုံး banned ဖြစ်တာမဟုတ်ပါဘူး။
* Medicube PDRN products အားလုံးမှာ Sudan Red ပါတယ်လို့ မဆိုနိုင်ပါဘူး။
* PDRN skincare အားလုံး အန္တရာယ်ရှိတယ်လို့လည်း မဆိုလိုပါဘူး။
Sudan Red ကို ဘာကြောင့် စိုးရိမ်ကြတာလဲ?
Sudan Red က ပစ္စည်းတွေကို အနီရောင်ဖြစ်စေဖို့ အသုံးပြုတဲ့ synthetic dye တစ်မျိုးဖြစ်ပြီး cosmetics တွေမှာ အသုံးပြုခွင့်မရှိပါဘူး။
အရေပြားယားယံခြင်း၊ allergy ဖြစ်ခြင်းတို့နဲ့ ဆက်နွယ်နိုင်သလို အချို့ Sudan dyes တွေမှာ DNA ကို ထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေနဲ့ ဆက်စပ်တဲ့ စိုးရိမ်မှုရှိတာကြောင့် regulators တွေက တင်းတင်းကျပ်ကျပ်တားမြစ်ထားတာပါ။
ဒါပေမယ့် အရင်က ဒီ cream ကို လိမ်းဖူးတာနဲ့
“ငါ့မှာ ကင်ဆာဖြစ်တော့မလား”
ဆိုပြီး ထိတ်လန့်နေဖို့ မလိုပါဘူး။
အန္တရာယ်ဘယ်လောက်ရှိနိုင်လဲဆိုတာက ပါဝင်တဲ့အမျိုးအစားနဲ့ ပမာဏ၊ ဘယ်လောက်ကြာကြာအသုံးပြုထားလဲ၊ အသားအရေအခြေအနေ စတဲ့အချက်တွေပေါ် မူတည်ပါတယ်။ လက်ရှိထုတ်ပြန်ချက်မှာလည်း တွေ့ရှိရတဲ့ပမာဏနဲ့ affected batch ကို တိတိကျကျ မဖော်ပြထားသေးပါဘူး။
ဒါဆို အခု ဘာလုပ်သင့်လဲ?
အကယ်၍ သုံးနေတဲ့ product က PDRN Pink Collagen Capsule Cream ဖြစ်တယ်ဆိုရင် စုံစမ်းစစ်ဆေးမှု ပိုရှင်းလင်းလာတဲ့အထိ ယာယီရပ်ထားဖို့ အကြံပြုချင်ပါတယ်။
ဗူး၊ ဘူးခွံ၊ batch number နဲ့ ဝယ်ယူထားတဲ့အထောက်အထားတွေကိုလည်း မပစ်သေးဘဲ သိမ်းထားပါ။
သုံးပြီးနောက်
👉နီရဲလာခြင်း
👉 ယားယံခြင်း
👉ရောင်ရမ်းခြင်း
👉အဖုအပိန့်ထွက်ခြင်း
တွေရှိလာရင်တော့ မဆက်သုံးဘဲ ချက်ချင်းရေဆေးချပြီး လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်စေချင်ပါတယ်။
ဒါပေမယ့် သုံးဖူးရုံနဲ့ ဆေးသောက်တာ၊ သွေးစစ်တာတွေအထိတော့ မလိုအပ်ပါဘူး။
📰 Medicube ဘက်ကတော့ Sudan Red မတွေ့ဘူးလို့ ပြန်လည်ထုတ်ပြန်ထားပါတယ်။
Medicube ဘက်က Korea မှာ third-party laboratory နဲ့ စစ်ဆေးထားတဲ့ sample မှာ Sudan Red မတွေ့ခဲ့ဘူးလို့ ပြန်လည်ထုတ်ပြန်ထားပါသေးတယ်။
❓Lab နှစ်ခုရဲ့အဖြေ မတူရတဲ့အကြောင်းကတော့
👉 စစ်ဆေးထားတဲ့ batch မတူတာ
👉 စမ်းသပ်တဲ့နည်းလမ်းနဲ့ detection limit မတူတာ
👉 Raw material သို့မဟုတ် production process မှာ contamination ဖြစ်တာ
👉 ဈေးကွက်ထဲက product အစစ်အတုပြဿနာ
စတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်တာပေါ့နော်။
လက်ရှိအချိန်မှာ ဘယ်အချက်ကြောင့်လဲဆိုတာ အတိအကျ မဆုံးဖြတ်နိုင်သေးတာကြောင့် ဒေါက်တာကတော့ brand ကိုချက်ချင်းအပြစ်မတင်သေးဘဲ official investigation မရှင်းလင်းသေးခင်မှာ ဒီ cream ကို ဆက်သုံးဖို့လည်း မတိုက်တွန်းချင်ပါဘူး။
ဒါဆို ဘယ် PDRN skincare ကို ရွေးသင့်လဲ?
“ဘယ် brand က ၁၀၀% safe လဲ” ဆိုတဲ့မေးခွန်းကိုတော့ ဆရာဝန်တစ်ယောက်အနေနဲ့ အလွယ်တကူ brand name တစ်ခုတည်းပြောပြီး အာမခံမပေးချင်ပါဘူး။
✅ Rejuran ကတော့ PDRN နဲ့ပတ်သက်ပြီး လူသိများတဲ့ established brand တစ်ခုဖြစ်ပြီး လက်ရှိ Medicube cream နဲ့ပတ်သက်တဲ့ Sudan Red သတိပေးချက်ထဲမှာ Rejuran products မပါဝင်ပါဘူး။
ဒါပေမယ့် Rejuran ဖြစ်ရုံနဲ့ မျက်စိမှိတ်ရွေးဖို့တော့ မဟုတ်ပါဘူး။ ဘယ် brand ကိုပဲရွေးရွေး
👉 ကိုယ်နေထိုင်ရာနိုင်ငံမှာ မှန်ကန်စွာတင်သွင်းထားသလား
👉 Official seller ဆီက ဝယ်တာလား
👉 Full ingredient list နဲ့ manufacturer အချက်အလက် ရှင်းလင်းသလား
👉 Batch number နဲ့ expiry date ပါသလား
👉 ကိုယ့်အသားအရေနဲ့ ကိုက်ညီသလား
ဆိုတာတွေကို အရင်စစ်ကြည့်စေချင်ပါတယ်။
‼️ နောက်တစ်ချက်က PDRN cream ဒါမှမဟုတ် serum လိမ်းတာဟာ clinic မှာ PDRN/PN ကို အရေပြားထဲထိုးသွင်းတဲ့ treatment နဲ့ မတူပါဘူး။ အရေပြားအပေါ်ယံမှာလိမ်းတဲ့ PDRN ရဲ့ အရေပြားအတွင်းထဲကိုဖောက်ဝင်နိုင်စွမ်း နဲ့ anti-aging effect အတွက် အထောက်အထား က ဆေးထိုးတဲ့treatment လောက် မခိုင်မာသေးပါဘူး။
ဒါကြောင့် viral ဖြစ်နေလို့ ဈေးကြီးပေးဝယ်ရမယ့် မဖြစ်မနေသုံးသင့်တဲ့ skincare ingredient တစ်မျိုးတော့ မဟုတ်ပါဘူး။
နောက်ဆုံးပြောချင်တာက…
Skincare သတင်းတစ်ခုတက်လာတိုင်း အားလုံးကိုကြောက်ပြီး ပစ်လိုက်ဖို့လည်းမလိုပါဘူး။
Brand ရဲ့ explanation တစ်ခုတည်းကိုယုံပြီး ဆက်သုံးနေဖို့လည်း မလိုပါဘူး။
🔎 အရင်ဆုံး သတင်းထဲမှာပါတဲ့ product အတိအကျကို စစ်ပါ။
Official information ကို စောင့်ကြည့်ပါ။
သတိပေးခံထားရတဲ့ product ဖြစ်ရင် အဖြေရှင်းလင်းလာတဲ့အထိ ရပ်ထားပါ။
တစ်ခါတလေ ကိုယ့်အသားအရေကို ကာကွယ်ပေးနိုင်တာက မဝယ်ခင် မှန်မှန်ကန်ကန် သေချာစစ်ဆေးဆုံးဖြတ်နိုင်ခြင်းပါပဲနော်။
With love,
Dr. Thiri 🤍
Wuth
အသားအရေ စိုပြည်နူးညံ့ပြီး Glow နေဖို့… Moisture ဖြည့်ပေးတာက အခြေခံအကျဆုံးပါ 👩⚕️🧴
Skincare နဲ့ အလှကြိုက်တဲ့ ဒေါက်ာတို့လို မိန်းကလေးတွေအတွက်တော့ တကယ့် Girl’s Paradise လေးပါပဲ 🛍️💗
Korean brands တွေရော International နာမည်ကြီး brands တွေရော၊ လတ်တလော trending ဖြစ်နေတဲ့ products အသစ်လေးတွေပါ တစ်နေရာတည်းမှာ အစုံအလင်ကြည့်ရှုရွေးချယ်လို့ရတဲ့ GLOVA by R&P ✨
လက်နဲ့ ကိုယ်ခန္ဓာအရောင်က ပုံမှန်ပဲ… မျက်နှာတစ်ခုတည်း ပိုမဲနေတာ ဘာကြောင့်လဲ? ဘယ်လိုပြန်သက်သာအောင် လုပ်လို့ရမလဲ? 🤔
ကိုယ့်အသားအရေအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အသုံးဝင်မယ့် Skin Tips တွေကို Dr. Thiri page ကနေ ဆက်ပြီးမျှဝေပေးသွားဦးမှာမို့ update တွေမလွတ်သွားရအောင် Follow လုပ်ထားနော် 🤍
#မျက်နှာမဲခြင်း #အသားအရေထိန်းသိမ်းမှု
အသားအရည်ကောင်းဖို့ Dr အမြဲစားဖြစ်တဲ့ vegetable 🥔🫛🥬🍟🍒
အပူလောင်သွားပြီဆိုအမာရွတ်မကျန်စေဖို့ 🔥👩⚕️
#အပူလောင်
Pink day 🌸💞
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
10400