SKINIC.bkk
100% Authentic Skincare Collection
28/05/2026
ဒီလ လကုန်မတိုင်ခင် ခပ်စောစောလေး ပစ္စည်းဝင်ပါတယ်🙆♀️မျှော်နေသူတွေ Cb မှာ Hi လိုက်လို့ရပါပြီခ🤗❤️
🌾ဆန်တိုနာတွေထဲ အပေါက်ဆုံး အရောင်းရဆုံးလေး Instock ပြန်ရောက်ထားပြီနော်🙆
✨I’m from
Rice toner (150 ml)-645 B
Rice toner (30 ml)-255 B
24/05/2026
ကိုယ်သုံးနေတာလေး ဒီထဲပါလား ဝင်ကြည့်သွားနော်🙆♀️ တကယ်ကို 🌟Honest review တွေပဲပေးလေ့ရှိတဲ့ Blogger ✔️Dan’s Diary ရဲ့ ပဲ့ကိုင်ရှင် Dan ရွေးပေးထားတဲ့ “Spf စိတ်ချရသော Sunscreen” collection မို့ ကာကာတို့ သုံးနေတာလေး ဒီ collection ထဲမှာပါတယ်ဆိုရင် ကိုယ် Sunscreen အရွေးမှန်တယ်ဆိုပြီး ပျော်လို့ရပြီနော်😉❤️
Photo Credit to Dan’s Diary
23/05/2026
🫦”မသိသူကျော်သွား..သိသူဖော်စား”လေး ပြန်ရနေပြီနော်😝 ဒါလေးက နှုတ်ခမ်းပဲ ပန်းရောင်သန်းစေတာ မဟုတ်ဘူး ကျန်တဲ့ နေရာတွေလည်းသုံးလို့ရတယ်…သိတဲ့သူတွေတော့သိမှာပါ မသိတဲ့သူကတော့ Cb မှာလာမေးပါ🤭)
သူကအရောင်ကြည့်တော့ အစိမ်းပေမယ့် ဆိုးထားရင် ပန်းရောင်လေးနော်💗
✅ နှုတ်ခမ်းသားခြောက်သွေ့ပြီးအဖတ်ကွာတာ/နှုတ်ခမ်းကွဲတာတွေပါ သက်သာတယ်
📌နဂိုအတိုင်းကို နှုတ်ခမ်းသာညိုတာ၊Chemical ပါတဲ့နှုတ်ခမ်းနီတွေ သုံးတာများလို့ ညိုလာတာ၊ဆေးလိပ်အရက်သောက်တာများပြီး ညိုတာ၊ ဓာတ်မတည့်လို့ ညိုတာ...ဘာကြောင့်ပဲညိုညို သဘာ၀အတိုင်းပန်းရောင်လေးပြန်သမ်းချင်ရင် ဒါလေး try ကြည့်နော်
Price 🛒215 B
20/05/2026
💦 တရွှီးရွှီး crazy တွေအတွက်😆💙
2026မှာ Serum mist, Cream Mistတွေ
ခေတ်စားလာတာ
ပုံမှန် hydration cooling mistတွေကနေ
“Portable Skincare Treatment “အဆင့်ထိ Updateဖြစ်သွားကြလို့ပါ
2024-25မှာ retinol တွေတအားခေတ်ထပီး
Layering အများကြီးသုံးလာကြတယ်
Exfoliation acidsတွေအလွန်အကြူးသုံးကြရင်း
Barrier ထိကုန်ကြတာလည်းပါမယ်
ခု 2026မှာတော့ Aggressive Glowကနေပီးတော့
Healthy Clam skinဘက်ကို
trendကတဖြေးဖြေးကူးလာပီ
ဒါကြောင့် mist တွေထဲမှာ —
ceramide
panthenol
centella
beta-glucan
microbiome ingredients
တွေထည့်ပြီး soothing + hydration ပေးတဲ့
serum mist တွေ boom ဖြစ်လာတယ်
အရင်ကလို hydration ခနပဲပေးတဲ့ mistတွေမဟုတ်တော့ဘူး
2026မှာတော့
* PDRN
* peptides
* collagen
* exosomes
* niacinamide
* Hyaluronic
လို active ingredients တွေပါလာပြီး
“serum in mist” concept ဖြစ်သွားတယ်
Especially Korean jelly mist ,cream mist
texture တွေက serum feel ရပေမယ့်
spray လုပ်လို့ရတာကြောင့်
convenient ပိုဖြစ်လာတယ်
Skincare stepတွေမှာလည်း
layerတွေအများကြီးလိမ်းရတာထပ်
Less Step More Results ဆိုတဲ့ basic stepနဲ့
ထိအောင်သွားလို့ရတဲ့Trendဘက်ကို
တဖြေးဖြေးဦးတည်လာတယ်
(အလုပ်ရှုပ်သက်သာတာပေါ့နော်🤣)
တဖက်ကကျိပြန်ရင်လည်း skincare priceတွေမိုးထိုးနေတဲ့ချိန် stepတွေအများကြီးမonရတာပဲ
ကျေးဇူးတင်ရမလိုလေး🤣
serum mist တစ်ဘူးနဲ့ —
* toner
* essence
* serum
* glow spray
all-in-one လုပ်နိုင်တာကို
viralပိုဖြစ်လာတယ်လို့မြင်မိတယ်
အဓိကကတော့ Makeup Friendly ပါဖြစ်လာတာ
2026နှစ်စလောက်ထဲကviralဖြစ်လာတဲ့
face mistအများစုက မိတ်ကပ်မကွက်တော့ဘူး
Dewy Glow , Hydration,makeup refresh, setting effects တွေပါ တခါထဲပါလာကြတော့
မိုးအနေနဲ့ဆို serum mistတွေကို
ပိုတောင်ဝယ်ဖြစ်လာတယ်
ရာသီဥတုအခြေအနေတွေကလည်း
skin condition changesတွေဖြစ်တာမြန်လာတော့
Easy solution ထွက်တဲ့ serum mistတွေက ရွေးချယ်စရာအကောင်းဆုံးတွေထဲက တခုဖြစ်လာတာတော့ အမှန်ပဲ
ဘာလေးအရင်သိချင်လဲ မန့်ပေးခဲ့နော်
ပျက်စီးနေတဲ့ skin barrier ကို အမြန်နှုန်းနဲ့ ကုစားပေးမယ့် moisturizer ကောင်းကောင်းလေး🤍Texture လေး video ထဲကြည့်ကြည့်နော်😍
✨Anua 100+ PDRN+Hyaluron cream(60 ml)-630 B
18/05/2026
May လရဲ့ 🔥ရောင်းအားအကောင်းဆုံးတွေထဲက တခု ✨Dove dark marks corrector (UK import စစ်စစ်လေး) Instock ပါ
‼️New Packaging မှာ အဖုံးက✔️အကြည်ရောင်လေးဖြစ်သွားပြီနော်…နဂို old packaging အဖုံးပန်းရောင်ဘူးလေးနဲ့ ပစ္စည်းတူတူပါပဲခ💕
🛒 (40 g)-255 B
☀️ဂျိုင်းချွေးနံလည်းထိန်းပေးတယ်...ဂျိုင်းမဲလည်းသက်သာတယ်....အင်္ကျီ မှာလည်းမကွက်တဲ့ Dove Ultimate Repair Dark Marks Corrector deodorant stick Review 💗
💗နွေရာသီဆို ဂျိုင်းမှာ ချွဲကျိကျိကျန်ခဲ့လို့ Roll on မကြိုက်တာ တစ်ကြောင်း... နဂိုထဲက ဂျိုင်းကဖြူမနေတာကို Roll On ကြောင့်ဂျိုင်းမဲသွားမှာကြောက်လို့ Roll On ကို တစ်နှစ်တစ်ကြိမ်တောင်သုံးခဲပါတယ်...ဝယ်လည်းမဝယ်ထားဘူး...ချွေးနံ့မဆိုးပေမဲ့ တစ်ခါတစ်လေ အစားအသောက်တွေ ချွေးတွေကြောင့် လူကြားထဲထွက်ရင်တော့အနံ့ဆိုးထွက်မှာကြောက်တော့ ဒါလေးသုံးဖြစ်နေတာ... စစချင်းကတော့အပြင်ထွက်တုန်းပဲ သုံးမယ်စဥ်းစားထားပေမဲ့ ချိုင်းဖြူတယ်လူပြောများနေတော့မနက်ရော ညပါ သုံးဖြစ်နေခဲ့တာ... ကိုယ်ကြိုက်တာကြောင့်လည်းပါတယ် 😅
💗သူကလေ ဖယောင်းခဲလေးလိုပဲ ...သုံးလိုက်ရင် စိုစို ကြီးနဲ့ ချွဲကျိကျိ ခြောက်မှာစောင့်စရာ မလိုတော့ဘူး...Matt Type လေးနဲ့
ချိုင်းရဲ့ချွေးနံကိုလည်းထိန်းပေးနေသလို Hydrate လုပ်ပေးရုံလောက်ပဲ ...အဓိကတော့ သူ့မှာ Niacimade ပါနေတာ... အာလုံးသိတဲ့အတိုင်း Nia က အသားရည်ကြည်ဖို့အထောက်ကူပြုတယ်... ဒီ New version က Niacinamide concentration ပို optimize လုပ်ထားတယ် ...ဒါကြောင့်လည်း အသားညစ်တာက်ုပိုသိသာစေတာ ...Alcohol-free ဖြစ်လို့Sensitive skin လည်းသုံးလို့ရတယ်... 48နာရီချွေးနံ့ထိန်း ပေးတယ်လို့ပြောထားပေမဲ့ သောင်းကတော့နေ့တိုင်းသုံးဖြစ်နေတော့ 24နာရီစာတော့ခံတယ်လို့ ထင်ရတော့ မဆိုးဘူးလားလို့... ဂျိုင်းမှာကွက်တာတွေလည်းလုံးဝမဖြစ်ဘူး🥰
💗ချွေးနံ့ထိန်းပေမဲ့ထင်သလောက် သူ့ရဲ့အနံကမွှေးလွန်းမနေပဲ ချိုချိုလေးပဲ...ဘာလို့ဆိုသောင်းက စျေးကြီးတာစျေးပေါတာ ကြောင့်မဟုတ်ဘဲ အနံ့ကြောင့်ခဏဏဖျားတတ်သူမို့လို့လေ 🤒
💗သတိထားမိတာ ရေချိုးတဲ့အချိန်တော့ ဂျီးပိုထွက်တယ်...skin ရဲ့သဘောတရားကိုက Hydrating ပေးတယ်...dead cells တွေဖယ် ပေးတယ်ဆို အမဲစက်အမာရွတ်တွေပါးလာမှာပဲ... ဒါကိုပဲအခြေခံတယ်...သောင်းကတော့အသားကြည်လာတာလေးကိုခံစားမိတယ်...ဒါပေမဲ့ရေရှည်မဲလာတဲ့သူမှာတော့ တော်တော်လေးအချိန်ယူရမယ်...အသိသာဆုံးကတော့ laser ပစ် ပြီး ဆက်ထိန်းပေးတာပဲ...သောင်းကတော့ laser ပစ်တာလည်း မလုပ်ဖြစ်သေးတော့ ဒီလိုလေးသုံးဖြစ်နေပါတယ်... 🤍
ဘူးကလှည့်တောင့်လေးနဲ့ လှည့်ရတော့အပြင်သွားတော့လွယ်တယ်... ဒါပေမဲ့ လှည့်ရတာနှေးတာတော့သိပ်မကြိုက်ဘူး
သူက Made in Italy 🇮🇹 UK import ပါ ဝယ်ချင်ရင်တော့
Blossom Beauty UK Authentic skincare Wholesale & Retail Page လေးမှာမှာယူလို့ရတယ်... UK / USA /Japan /Korea Products တွေလည်း သူ့ဆီမှာရတယ် 🛒
Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့ cb မှာမေးထားပေးနော် 💌
15/05/2026
‼️✨Eqqualberry serum Big Sale🚨‼️7 ရက်တိတိပဲ ချမယ့် Sale ပါ😻Eqqualberry ကို သုံးချင်ပေမယ့် စျေးမြောက်လို့မင်မင်ရေ…ဆိုပြီး ပြောကြတဲ့သူများလို့ ကိုယ့်ကာကာတွေကို သုံးချင်စေလွန်းတဲ့ မင်မင်က နဂိုစျေး 620 B ကို အခုစျေး ✔️570 B နဲ့ ✨22 ရက်နေ့ထိ စျေးချပေးသွားပါမယ်😉
7 ရက်တာ sale ဆိုပေမယ့် stock ကျန်သလောက်ပဲ ဒီ special price စျေးနဲ့ ရမှာမို့ လက်မနှေးကြဖို့ အကြံပေးပါတယ်ခ☺️❤️
Serum ငါးမျိုးထဲက ကိုယ့်အသားရေနဲ့ကိုက်တာလေး ရွေးဖို့ရာ အောက်မှာ ရှင်းပြပေးထားမယ်နော်💞
💜 Deep Cera Bakuchiol Plumping(ခရမ်းရောင်)
ကိုယ်က 𝐑𝐞𝐭𝐢𝐧𝐨𝐥 တခါမှမသုံးဖူးတဲ့သူဆိုရင် sensitive skin ကအစ သုံးလို့ရတဲ့ (retinol အစားထိုး Plant-derived ဖြစ်တဲ့) ဒီ bakuchiol serum လေးနဲ့ retinol journey ကို အစပျိုးပါ
𝐚𝐧𝐭𝐢-𝐚𝐠𝐢𝐧𝐠 𝐜𝐚𝐫𝐞 𝐬𝐞𝐫𝐮𝐦 ဖြစ်တာမို့ မျက်နှာအသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ကျဉ်းစေတယ်၊ အရေးကြောင်းမဖြစ်အောင်ကာကွယ်ပေးတယ် ၊ အသားရေ ကြည်စို တင်းရင်းစေတယ် ၊ skin barrier အားကောင်းစေတယ်
🧡 Glow Filter Vitamin illuminating(အဝါရောင်)
နေလောင်လို့ တင်းတိတ်၊အမာရွတ်၊အမဲစက် အသားရေညစ်ရင် ဒါလေးသာသုံး အသားရေညစ်နေတာတွေ ကြည်ပြီး glow သွားစေမယ် pigmentation တွေ redness တွေ လျှော့ချသက်သာစေမယ်
💙 Blue Blow Hydration Flooding (အပြာရောင်)
ရေဓာတ်အလွယ်တကူဆုံးရှုံးတတ်ပြီး အသားခြောက်လွန်းတယ် ဒါမှမဟုတ် အဆီအရမ်းပြန်လွန်းတယ်ဆိုတဲ့သူတွေက ဒါလေးကိုရွေးနော်။ ၁၂လရာသီလုံး Hydration ကောင်းကောင်းပေးနိုင်လို့ skin ကို ကြည်ကြည်စိုစိုလေး ဖြစ်စေတယ်။
Active ingredients အပြင်းစားပါတဲ့ တခြား Skincare step တွေသုံးနေတဲ့သူတွေအတွက်ဆို ဒီ serum လေးက ဘာ active နဲ့တွဲသုံးသုံး မတည့်တာမျိုးမဖြစ်စေမယ့် serum လေးပါ
💚 Green Aid aloe PDRN Calming (အစိမ်းရောင်)
Steroid ထိထားလို့ Skin Barrier အားနည်းနေတဲ့သူတွေ၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံ၊အဆီဖု ထွက်တဲ့သူတွေ၊ sensitive ဖြစ်တဲ့သူတွေ အဓိကရွေးချယ် သင့်တာလေးပါ။
Ceramide, Aloe PDRN နှစ်ခုလုံးပါဝင်တာမို့ Skin barrier ကို ပြန်အားကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ဝက်ခြံ၊အဆီဖု၊အဆီခဲ တွေ သက်သာစေပီး နီမြန်းယောင်ယမ်းတာတွေကိုပါသက်သာစေမယ် အသားရေကို တစ်ဆင့်ပို strong ဖြစ်စေမယ် skin barrier ကိုကောင်းမွန်စေမယ်
🩷LUSH BLUSH NAD+ Peptide Boosting Serum
(ပန်းရောင်)
ဒီ Peptide serum လေးက collagen ဓာတ်ဆုံးရှုံးပြီး အရေးအကြောင်းတွေ wrinkles တွေနဲ့ လျော့ရဲလာတဲ့ aging skin တွေကို တင်းရင်းစိုကြည်လာစေတယ် အသားရေကြမ်းတာကို ပြန်လည်ချောမွေ့စေပြီး texture ပွယောင်းယောင်းဖြစ်တာမျိုးတွေကိုပါ သက်သာစေပါတယ်
13/05/2026
Kendall Jenner လို 🔥Super Model တွေပါ သုံးတဲ့
Amazon web မှာ No.1 အရောင်းရဆုံး Best seller facial mist ✨
💚Anua PDRN Hyaluron Capsule Mist
သူက essence ထဲမှာ PDRN+ Hyaluronic acid capsule လေးတွေပါတဲ့ mist အမျိုးအစားပါ
Pdrn က smile lines နဲ့ anti-aging lines တွေအတွက် အရမ်းကောင်းသောနော်☺️
သူ့ထဲမှာပါတဲ့ Hydrolyzed Collagen က အောက်ခံ ✔️skin strengthen ရဲ့ ခံနိုင်ရည်အား ပိုကောင်းလာစေပြီး အသားရေကောင်းမွန်အောင် အရေပြားအတွင်းပိုင်းထဲကနေ ပြုပြင်ပေးတယ်
ဖြန်းလိုက်တဲ့ခါ 💦မြူမှုန်လို Super fine mist မှုန်လေးတွေ ဖြစ်သွားပြီး ချွေးပေါက်အနက်ရှိုင်းဆုံး layer ထိ အမြန်ဆုံး စိမ့်ဝင်စေတယ်
✔️Makeup မလိမ်းခင် skin prep အဆင့်မှာပဲသုံးသုံး/makeup လိမ်းတဲ့ sponge ကိုဖြန်းပြီး makeup ပဲ လိမ်းလိမ်း မိတ်ကပ်သား blend ရအရမ်းအဆင်ပြေတာ
✔️Setting spray လို make up လိမ်းပြီး နောက်ဆုံးအဆင့်မှာမှ ဖြန်းလို့လည်းရတယ်
🧖♀️Cooling effect ကြောင့် မျက်နှာပေါ် အေးအေးလေးနဲ့ ရေဓာတ်ပြည့်ပြီး စိုအိသွားတဲ့အပြင် Make up cakey ဖြစ်တာ အတော်လေး သက်သာတယ်
Mist ဖြန်းရတာ ရူးသွပ်တဲ့သူဆို ဒါလေးက must-have ပါ❤️🥰
🛒(100 ml)-685 B
12/05/2026
ဘယ်ဘက်ကလို တွဲသုံးမိနေရင်တော့ လွဲနေပြီ…ညာဘက်ကအတွဲကမှ “ဒီလိုလိုက်ဖက်တဲ့ဘဝ” 😉💕ဖြစ်စေတဲ့ အတွဲပါနော်🤭ကောင်းပေ့ဆိုတာတွေ ဝယ်ထားပေမယ့်လည်း skincare ဆိုတာ အတွဲညီညီသုံးတတ်မှ အာနိသင်ကောင်းရမှာမို့ ✨skincare နဲ့ ပတ်သက်တဲ့ knowledge ကောင်းလေးတွေရအောင် ဖတ်ကြည့်ပါနော်✔️
11/05/2026
🇰🇷Korea Arrival ကလည်း ရှယ်တွေချည်းပဲ🔥😎All Instock ပါရှင်…နောက်လရောက်မယ့် အသုတ်အတွက် Olive Young preorder တွေလည်း စလက်ခံနေပါပြီနော်😙💞
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok