Yuuka's Journal
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Yuuka's Journal, Bangkok.
30/05/2026
🇩🇪တတိယနိုင်ငံ အိမ်မက်ရဲ့ ရင်ဖွင့်စကား 💙
🐾 ဒီ တစ်ခေါက် ဘန်ကောက် က Germany အပြန်မှာတော့ သားကြီး Kudzu ကို ရအောင် ခေါ်လာဖြစ်တယ်။ သူပါလာတော့ တစ်နေ့တစ်နေ့ ပိုတော့ လုံခြုံတယ်။ ကြောက်နေသေးပေမယ့် သူ့နွေးထွေးမှူတွေက သက်သာစေတယ်။ Germany မှာနေတဲ့ Yuuka အတွက် အခက်ခဲ့ ဆုံးက အထီးကျန်တာပဲ။ သူငယ်ချင်းတွေ ၊ မြန်မာ လူမျိုး မောင်နှမတွေ ရှိပေမယ့်လည်း Yuuka မခံနိုင်ဘူး။ ကိုယ့်ကြောက်စိတ်နဲ့ ကိုယ် အထီးကျန်နေတာကို။ အဲ့ ခံစားချက် က တကယ် မလွယ်ပါဘူး။ ဒါကြောင့် အခု new semester ကျရင် လာမယ့် မောင်မယ် အသစ်တွေရော ရောက်ပြီးသား မောင်နှမ တွေအတွက် ရည်ရွယ် ပြီး ဒီ စာလေးရေးဖြစ်တာပါ။
Yuuka မနှစ်က October ၄ ရက်နေ့ က Germany ရောက်တယ်။ ဘဝမှာ တစ်ယောက်တည်း ဒီလောက်ခရီးအဝေးကြီး ကို မထွက်လာဖူးဘူး။ လက်တွဲဖော်လည်းမပါ။ မိသားစုလည်းမပါ။ သားနှစ်ယောက်လည်း မပါ။ တစ်ယောက်တည်း။ ရောက်ရောက်ချင်း အခန်းမရသေးတဲ့အတွက် temporary housing မှာ နေရတယ်။
ဒီမှာကြိုရောက်နေတဲ့ ညီမလေး နဲ့ မောင်လေးတွေက ကူပေးကြပါတယ် ဒီ အစ်မကြီးကို။ သူတို့ လာကြို လိုက်ပို့တဲ့ မေတ္တာတွေနဲ့ ပဲ ရှောရှောရှူရှူ ၁၈ ပေ ပတ်လည် အခန်းလေးထဲကို ရောက်ခဲ့တယ်။
🌙 ဘာပဲ ဖြစ် ငါရအောင်လုပ်မယ်၊ ငါ့မိသားစုအတွက် အားဖြည့်ရမယ် လို့ ကြိုးစားခဲ့တယ်လို့ ပြောချင်ပေမယ့်လည်း တကယ်တမ်းကျ Yuuka မျက်ရည် မတိတ်နိုင်ခဲ့ပါဘူး။ ညတိုင်းကြောက်တယ်။ နေ့လည်းကြောက်တယ်။ အပြင်လည်း မထွက်ရဲဘူး။ ဒါတောင် Yuuka နေတာ မြိုလည်ခေါင်မှာ။ ဘေးနားမှာ အားပေးသူတွေ ရှိပေမယ့်လည်း ပျောက်မသွားဘူး။ အထီးကျန် နေခဲ့တယ်။ ထိန်းမရသိမ်းမရ ဝမ်းနည်းခဲ့တယ်။ မရောက်ခင်တုန်းက ဒီ ကိုရောက်ရင် ရင်အေးရပြီလို့ ပြောခဲ့ပေမယ့် တကယ်တမ်းကျ နေတိုင်းနီးနီး ငို နေမိခဲ့တာ အမှန်ပါ။
နိုင်ငံ အသစ်ကို ထွက်လာရတာ က မလွယ်ပါဘူး။ တတိယနိုင်ငံ ကူးမယ်ဆိုတာ Yuuka တို့ နိုင်ငံပျောက်နေကြတဲ့ မြန်မာလူမျိုးတိုင်းရဲ့ အိမ်မက်ပဲလေ။ မလုပ်လို့မှလည်းမရတာ။ ဒါပေမယ့် တစ်ချိန်တည်း မှာ လည်း ခံရတဲ့ စိတ်ပင်ပန်းစရာတွေ၊ anxiety တွေကို အသိအမှတ်ပြုဖို့ တော့ လိုပါတယ်။ ညဘက် အခန်းတည်းမှာ နဖူးပေါ်လက်တင်ရင်း ဒါကြီး ကို လုပ်မိတာ မှားပြီလား မသိဘူးဆိုတဲ့ အတွေး က ဝင်တာပါပဲ။
💛ဒီ ခံစားချက်တွေက ကျောင်းလာတက်ကြသူတိုင်းခံစားရပါတယ်။ တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ဒီလိုအချိန်တွေမှာ အကူအညီ တောင်းဖို့ ကို ဝန်မလေးဖို့ Yuuka မေတ္တာရပ်ခံပါတယ်။ ချစ်ရတဲ့ သူတွေ၊ ကိုယ်အတွက် လုံခြုံတဲ့ သူတွေဆီက သူတို့ ပေးနိုင်မယ့် အချိန်ကို တောင်းပါ။ စကားပြောပါ။ အပြင်မထွက်နိုင်သေးရင် တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ ကိုယ့်ခံစားနေမိတာသည် အားနည်းချက် မဟုတ်ပါဘူး။ ဒါသဘာဝပါ။ ပိုက်ောင်းလာမယ်ဆိုတာကို လည်း Yuuka အားပေးပါရစေ။ ဒီဘွဲံကြီးကို ပြီး အောင် ဘယ်လိုတက်ရမလဲ ဆိုတာထက် မနက်ဖြန် ငါ ကျောင်းသွားမယ်။ ဒီပိတ်ရက် ငါနားမယ် ဆိုတာလေးနဲ့ စသွားရင် နေသားကျတဲ့ ကို ဖြည်းဖြည့်းချင်းရောက်လာမှာပါ။
🧑🤝🧑ကိုယ့်ရဲ့ မိသားစုဝင်တွေကို ဒါလေး ပေးဖတ်ဖြစ်တယ်ဆိုလည်း Yuuka အစားထိုး မေတ္တာရပ်ခံ ပေးပါရစေ။ ဒီအချိန်မှာ အကြောက်လွန် အတွေးလွန်တဲ့ အခါတွေ ရှိနေတာကို နားလည်ပေးပါ။ ခွင့်လွှတ်ပေးပါ။ မငိုနဲ့လေ လို မပြောပါနဲ့။ နဂိုကတည်းကို က ကိုယ့် ငိုနေမိတာကို အားနည်းလိုက်တာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီးသားပါ။ ထပ်ပြောတာက ပို အထိးကျန်စေတာပဲဖြစ်စေမှာပါ။ တတ်နိုင်ရင် အတူတူရှိနေပေးဖို့ကြိုးစားပါ။ ပုံမှန် routine တစ်ခု ပြန်ဆောက်ဖို့ ကူညီပေးပါ။ Online ကနေ ရုပ်ရှင်အတူတူကြည့်တာ၊ game အတူတူ ဆော့တာမျိုးပေါ့။ ပြီးတော့ သူငယ်ချင်းအသစ်တွေ မိတ်ဆွေသစ်တွေနဲ့ သွားတာလာတာကို လည်းအားပေးပါ။ လူလူချင်းထိတွေ့တဲ့ သံယော်ဇဉ် က အရမ်းအရေးကြီးပါတယ်။ နဂိုကတည်းက သွားရမှာကြောက်နေတာဖြစ်တဲ့အတွက် “ကောင်လေးပါလား” “မိန်းကလေးပါရင် မသွားနဲ့” ဆိုတာလေးတွေ လျှော့ပေးပါ။ Yuuka ကြား က မိဘတွေ Loved ones တွေကို မေတ္တာရပ်ခံပေးတာပါနော်။
🌱တစ်နှစ်နီးပါး ကြာလာတဲ့ အခုအချိန်မှာတော့ Yuuka က Germany ကို အိမ်လို့ ခေါ်နိုင်လာပါပြီ။ အစပိုင်းက နေ့တိုင်းငိုခဲ့တဲ့ သူ က တခြားသူကို အားပေးတဲ့ သူတော့ ဖြစ်လာပါပြီ။ (စိတ်ပေါက်ရင်တော့ ငိုတုန်းပါ။ ဘာဖြစ်တုန်း) သားကြီး Kudzu နဲ့ အတူတူ ကိုယ့်နေရာလေးကိုယ် ရှာတွေ့လာတယ်။
ဓာတ်ပုံလေးတွေက သားအမိ၂ယောက် အိမ်နားကပန်းခြံထဲမှာ လမ်းလျှောက်ထွက်တဲ့ပုံလေးတွေပါ။
အဲ့ဒါကြောင့် အခုလာမယ့် မောင်လေး ညီမလေးတွေကို ပြောချင်တာက ကြောက်နေလို့ ရပါတယ်၊ ဝမ်းနည်းနေလို့ ရပါတယ်၊ အိမ်လွမ်းနေလို့ ရပါတယ်။ ဒါသည် ဖျောက်ပစ် ဖိနှိပ် ပစ် ရမယ့် အားနည်းချက်တွေ မဟုတ်ပါဘူးနော်။ ပြီးတော့ ဒါက temporary ပါ။ ဒီ ခံစားချက်က အမြဲတမ်းကြီး ရှိနေမှာမဟုတ်ပါဘူး။
အရေးကြီးဆုံးက ဒီစာကို ဖတ်နေပြီး စိတ်ပင်ပန်းနေတဲ့သူ ရှိရင် သတိရပါ။
🦋မင်းတစ်ယောက်တည်းမဟုတ်ပါဘူးနော်။ You’re not alone. 🦋
—-----------------------------------
German အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ စုံစမ်းဆွေးနွေးချင်ရင် Give us a call!
Whatsapp - +66834706719
Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။
22/05/2026
🇩🇪Congratulations ပါ။ ဒီ နှစ်ပတ်သောကြာနေ့တိုင်း သတင်းကောင်းလေးတွေ ကြားနေရတယ်။🎉
Germany Visa တွေ က ဒီတစ်ခေါက် လိုတာထက်ပိုကျပ်နေပေမယ့်လည်း အခု လို Visa ရပြီဆိုတဲ့ message လေးမြင်လိုက်ရင် ရင်ထဲ ကြည်နူးသွားတယ်။🦋
😁မနက်၅နာရီထိုး ကြီး ထကြည့်ပြီး ပြုံးပြီး လှိမ့်နေမိတာမျိုး ဟီးဟီး။ ☺️
💪National D Student Visa က Strong လည်းဖြစ်သလို နောက် အလုပ်ဆက်လုပ်ဖို့ PR အထိ သွားဖို့ ကြိုးစားချင်သူတွေအတွက် လည်း အဆင်ပြေပါတယ်နော်။ 🏆
-----------------------------------
Public Uni & Visa လျှောက်တဲ့ နေရာမှာ အကူအညီလိုချင်တယ် Service အပ်ချင်တယ်ဆိုလည်း Yuuka တို့ကို ဆက်သွယ်လို့ရပါတယ်နော်။
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨
20/05/2026
🇩🇪ဒီ Winter Semester အတွက် Public Uni က ပထမဆုံး ရတဲ့ Admission letter! Congratulations ပါ။🎉
🤓Uni Assist က မရဘူး ငြင်းထားပေမယ့် ကြိုးစားရင် ရသွားတဲ့ အတွက် အရမ်းဝမ်းသာမိတယ်။🤩
⚠️ဒီ Public Uni ကို လျှောက်ချင်တယ်ဆိုရင် May 31st Deadline မို့ အရမ်းနီးနေပါပြီနော်။ အမြန်ဆုံးလျှောက်ကြပါလို့။⏰
လျှောက်တဲ့ နေရာမှာ အကူအညီလိုချင်တယ် Service အပ်ချင်တယ်ဆိုလည်း Yuuka တို့ကို ဆက်သွယ်လို့ရပါတယ်နော်။
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ German အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨
15/05/2026
🇩🇪 Uni Assist က အသိအမှတ်မပြုတဲ့ ဘွဲ့ ကို ကိုင်ထားမိလို့ လက်မလျှော့လိုက်ပါနဲ့နော်။ 💪
DAAD နဲ့ Anabin မှမပါလို့ဆိုပြီး Uni Assist နဲ့ Public Uni က နေ ငြင်းတာကို ကျောင်းလျှောက်တဲ့ သူတိုင်းကြုံဖူးလောက်ပါတယ်။ ဝေးဝေးမပြောပါဘူး။ Yuuka အမျိုးသားတောင် UK က Bsc BIT (Hons) နဲ့ France က MBA ယူထားပေမယ့် Germany Uni Assist က ငြင်းပါတယ်။ Study Center က မြန်မာနိုင်ငံ က အသိအမှတ်မပြုထားတဲ့ private study center ဖြစ်နေလို့ပါ။ 😞
🌟ဒီလို အခြေအနေမှာလည်း Public Uni ကို လျှောက်လို့ ရနိုင်ပါသေးတယ်နော်။ ဘာလို့လဲဆိုတော့ Yuuka တို့ရဲ့ ဒီ profile နဲ့ client တစ်ယောက် ပြီးခဲ့တဲ့ အပတ်ကတင်ပဲ Uni ကနေ admission letter ရသွားပါပြီ။ 🎉✨
👉ဘယ်လိုသွားရလဲဆိုတော့ - >Technology University တွေက Uni Assist ကနေ မဟုတ်ဘဲ direct လျှောက်ခွင့် ပေးပါတယ်။ Uni တွေရဲ့ portal ကနေ သွားရတာပါ။ 📨
ဒီမှာ တောင်းဆိုတာလေးတွေတော့ ရှိနိုင်ပါတယ်။
IELTS 6.5 to 7 ဖြစ်ဖြစ်
Entrance exam ရှိတာမျိုးပါ။
⚠ သတိထားရမှာက - ဒီလိုလက်ခံတဲ့ ကျောင်းတွေက ရှားပါတယ်။ ကိုယ့် subject ပေါ်မူတည်ပြီး ရှာရတာမို့ ပုံသေသက်မှတ်လို့မရပါဘူး။
ဒါကြောင့် private ကနေ ဘွဲ့တွေယူထားရလို့ဆိုပြီး Germany ကို မဖြစ်နိုင်တော့ဘူးလို့မယူဆလိုက်ပါနဲ့နော်။ Yuuka တို ဝိုင်းကူညီပြီး ရှာပေးလို့ရပါတယ်။
____________________________
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ German အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨
14/05/2026
🇩🇪Yuuka နဲ့ အတူတူ German Public University အိမ်မက်တွေ အကောင်အထည်ဖော်ခဲ့နိုင်ပြီ။🎉
🌻ဒီ Summer semester က ကျောင်းတွေဝင်ပေမယ့် ဗီဇာတွေ ကျပ်သွားတော့ အရမ်းကြိုးစားရပါတယ်။ အခုလို အပြုံးတွေမြင်ရတော့ Yuuka တို့ ပင်ပန်းရကျိုးနပ်ရပါတယ်။ 💪
အတွက် ကြိုးစားချင်သူတွေလည်း Yuuka တို့ရှိနေပါတယ်နော်။ CB ကနေ ဆက်သွယ်လို့ရပါတယ်။
-----------------------------------------
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ German အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨
ကျောင်းက ပြန်လာကတည်းက အမေခေါ်သမျှ ထူးနေသူလေး။
သူ့ညီလေးရောက်မလာသေးတော့ လွမ်းနေရှာတာ။ အရင်ကကျတော့ သူ့ညီလိုက်ဆော့ သမျှ မခံချင်လို့ ပတ်ပြေး။ တစ်ယောက်တည်းဖြစ်ပြန်တော့လည်း လွမ်း။
02/05/2026
🏡Anmeldung register ဘယ်လိုလုပ်ရမှာလဲ? 🇩🇪
📦ဒီ တစ်ပတ်က အိမ်အသစ်ရောက်ပြီဆိုတော့ Yuuka Anmeldung သွားလုပ်ဖြစ် တယ်။ သားတော်မောင် Kudzu နဲ့ နေလို့ရအောင် အိမ်အသစ်လေးပြောင်းဖြစ်သွားတာကို။ 🐈⬛
⚠️Germany မှာ နေစရာ ရလာပြီဆိုရင် Anmeldung ကိုမဖြစ်မနေလုပ်ရပါတယ်။ နေရပ်လိပ်စာကို သွား ပြီး စာရင်းသွင်းရတာပေါ့လေ။ နှစ်ပတ်အတွင်း လုပ်နိုင်ရင် အကောင်းဆုံးပါ။ ✌️
Temporary housing ယာယီအိမ်တွေမှာ နေနေသေးရင်လုပ်စရာမလိုပါဘူး။ အိမ်ငှားဖြစ်သွားတဲ့ နေ့က စ ပြီး တွက်တာပါ။
Yuuka ရောက်ရောက်ချင်းတုန်းကဆိုရင် အခန်းရှာမရလို့ တစ်လလောက်နေမှ လုပ်ရတယ်။ Yuuka က ရောက်ရောက်ပထမ ၆ရက်က AirbNb နဲ့ ကျန်တဲ့ ၂၄ရက်က private ကျောင်းသားလူငယ်အဆောင်မှာ နေရတယ်။
အဲ့ဒါတွေက temporary နေတာဖြစ်လို့ အဲ့မှာနေတဲ့ ရက်တွေကို ထည့်မတွက်ဘူး။
Permanent နေမယ့်နေရာမှာနေပြီဆိုရင်တော့ Anmeldung ကလုပ်ကိုလုပ်ရပါပြီ။
-------------------------------------
လုပ်ရမယ့် Procedere တွေကတော့
၁။ စာရွက်စာတမ်းပြင်ပါ။ 📂
ယူသွားရမယ့်စာရွက်စာတမ်းတွေက
🛂 Passport
🏠 Wohnungsgeberbestätigung - ဒါက အိမ်ရှင်ဆီကတောင်းရပါတယ်။ မရေးပေးလို့မရပါဘူး။
📄 အိမ်စာချုပ် (လိုရမရ ဆောင်သွားပါ)
၂။ ကိုယ်မြို့နယ်ရဲ့ Bürgeramt (Citizen Office) မှာ appointment (Termin) ယူပါ။ 🏢
မြို့အကြီးအသေးပေါ်မူတည်ပြီး appointment မြန်တာကြာဖြစ်နိုင်ပါတယ်။ Bürgeramter နဲ့ မြို့နယ် နာမည် Google မှာ ရိုက်လိုက်ရင် ထွက်လာမှာပါ။
🚶Yuuka ကတော့ walk-in ပဲသွားလိုက်တယ်။ Wednesday တိုင်း walk-in သွားလို့ရပါတယ်။ စောစောသွားနိုင်ဖို့တော့ လိုပါတယ်။ ရုံးက ၇ခွဲစဖွင့်တာမို့ Yuuka ကတော့ ၇နာရီလောက်အရောက်သွားပါတယ်။ အဲ့ဒါတောင်အရှေ့မှာ အယောက်၂၀လောက်ရှိတယ်။
ရုံးခန်းဖွင့်ပြီဆို Token စက်ကနေ Queue no. စာရွက်ယူပါ။ ခေါ်တဲ့ counter သွားပြီး လိုတဲ့စာရွက်ပေးပြီးလုပ်ရုံပါပဲ။ processing time က ၁၀မိနစ်လောက်ပဲရှိပါတယ်။ 🌅
၃။ Anmeldung ပြီးသွားရင် Registered စာရွက်တစ်ရွက်ပေးလိုက်ပါမယ်။ ✅
အဲ့ဒါကိုသေချာသိမ်းထားပါ။ ၂ပတ်နေရင် စာတိုက်ကနေ Tax Id စာရွက်ပို့ပေးပါလိမ့်မယ်။ မရောက်လာခဲ့ရင် Anmeldung လုပ်ထားတဲ့ရုံးမှာပဲ သွားတောင်းပါ။
--------------------------------------
ဒါဆို Anmeldung လုပ်တာ အစအဆုံးပါပဲ။ Agent တွေ ဘာတွေ တကယ် မလိုပါဘူး။ ရိုးရိုးရှင်းရှင်းပါပဲ။ Yuuka သွားတဲ့ နေ့ က Officer မမလေး ဆို သဘောအရမ်းကောင်းတယ်။ ချစ်လည်း ချစ်စရာလေး ဟီဟိ။ အစအဆုံး သူအေးအေးဆေးဆေး ရှင်းပြပေး လုပ်ပေးတာပါ။ 😊
ဒါကို အချိန်တော့ မဆွဲပါနဲ့နော်။ နှစ်ပတ်အတွင်းမလုပ်ရင် စကားပြောရတာလေးတွေ ရှိတတ်ပါတယ်။
လိုအပ်တာရှိရင်လည်း Yuuka ကို comment ထဲမှာ မေးခဲ့ပါနော်။ တတ်နိုင်သမျှဖြေပေးပါမယ်။ 💪
🇩🇪အားလုံးရဲ့ German အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ လို့ဆုတောင်းပေးပါတယ်နော်။ ✨
27/04/2026
🇩🇪“Germany Bachelor ကို English နဲ့တက်ချင်တယ်” ဆိုတာ ဖြစ်နိုင်ရဲ့လား? 💬
👍ဖြစ်နိုင်ပါတယ် ဒါပေမယ့် - Bachelor level မှာ fully English taught က တော့ တကယ်ရှားပါတယ်။ မရှိတာတော့ မဟုတ်ဘူး ရှိတယ်။ field နဲ့ Uni အပေါ် အရမ်းရွေးပါတယ်။ 👏
အားလုံးက German ပြန်သင်ရမှာ ကြောက်တော့ English ကို တန်းသွားချင်တာပေါ့နော်။ ဒီမှာ Yuuka တို့ ကူညီ sharing လုပ်ပေးပါမယ်။ ⭐
----------------------------------
🏫ဘယ်လို Program တွေရှာရမလဲ?
International focused ဘက်ကို သွားပါ။၊ နောက်တစ်ခုက STEM fied တွေ ကို ပို focused သွားရင် fully english taught program တွေ ရှာတွေ့နိုင်ပါသေးတယ်။
ဥပမာ International Business or Data Science & Artificial Intelligence, Robotics Engineering တို့ ဆို English လို သင်တာတွေရှိပါတယ်။
----------------------------------
📚ဒီတော့ သွားချင်တယ်ဆိုဘာတွေလိုမလဲ?
အကောင်းဆုံးကတော့ Business, Science, IT & Engineering နဲ့ ဆိုင်တဲ့ ဘွဲ့တစ်ခု ရှိတာပါပဲ။ တတိယ နှစ်အောင်ရင် ကို ဘွဲ့ဝင်ခွင့် ရဖို့ chance များပါတယ်။
သတိထားရမှာက English Language Certification ပါ။ MOI နဲ့ သွားတာသည် ကျောင်းတိုင်း ကမပေးပါဘူး။ စိတ်အချရဆုံးက IELTS ဖြေဖို့ပါ။
----------------------------------
⏲️ဘယ်အချိန်လျှောက်ရမလဲ
နောက်ဆုံးတစ်ချက်ကတော့ အခု Winter Semester သည် English Taught program တွေ လျှောက်လို့ အကောင်းဆုံးပါပဲ။ ကျောင်းတွေ သည် Winter မှာ အများဆုံးဖွင့်တာဖြစ်တဲ့ အတွက် တိုးဖို့ chance ပိုများပါတယ်။
❄️လာမယ့် Winter Semester မှာ ကျောင်းလျှောက်မယ်ဆိုရင်တော့ အချိန် မဆွဲကြပါနဲ့တော့နော်။
Deadline တွေက ၂လခွဲပဲ လိုတော့ တာမို့ အမြန်ဆုံး ကြိုးစားလိုက်ကြရအောင်။ 🏃
______________________
မေးချင်တာတွေရှိတယ်။ ကိုယ်နဲ့ ကိုက်မယ့် ပညာရေးလမ်းကြောင်းတွေ ရှာချင်တယ်ဆို Yuuka တို ဆီ ကို CB ကပဲ ဖြစ်ဖြစ် Email နဲ့ ပဲ ဖြစ်ဖြစ်ဆက်သွယ်လိုက်ပါနော်။
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ German အိမ်မက် တွေ အကောင်းအထည်ဖော်နိုင်ပါစေ။ ✨
25/04/2026
🔥အိမ်ရွေးမှားလို့ မီတာခ €2000 ကျော် မပေးချင်ရင် စစ်ရမယ့် အချက် ❄️
🥶Germany ဆောင်းက အေးပါတယ်။ မေးခိုက်နေအောင်အေးတာပါ။ လေကလည်းအရမ်းတိုက်တော့ ပိုဆိုး။ 🌬️
🏠ရန်ကုန်မှာ အိမ်ငှားတဲ့အခါ မိုးရာသီ မှာ သွားစစ်မှ စိတ်ချရတယ်လို့ ဆိုသလိုပါပဲ။ ဒီ ပြဿနာက ဆောင်းမှ ထိတာပါ။ နှင်းကျတာက လှပေမယ့် အေးပြီဆိုရင် layer သုံးထပ်မက ဝတ်ရပါတယ်။ Yuuka တို့က အပူပိုင်းဒေသ ကလာတာဆိုတော့ ဒီ အပြောင်းအလဲက အရမ်းသိသာတယ်။ 😖
--------------------------------
⚠️အဲလို ဆောင်းမှာ အိမ်က အပူချိန်ထိန်းတာ မကောင်းဘူး၊ heating system မကောင်းဘူးဆိုရင် အေးတာတင်မက မီတာခ ပါ ပိုထောင်းသေးတယ်။ 💸
🧥Yuuka ကျောင်းက သူငယ်ချင်း ဆို အိမ်မှာ Jacket သုံးထပ် တောင်ဝတ်ပြီးနေရတယ်။ ရှေ့နှစ်က သူအိမ်ရှင်က heating ဖိုး Euro 2000 ကျော် တောင်တောင်းတာ။ သူလည်း ကြောက်ပြီး Heater မဖွင့်ရဲတော့ဘူး။ အမှန်က အဲ့လောက် ထိ မကျရပါဘူး။ ⭐
ဒါမျိုး မဖြစ်အောင် ဘယ်လိုစစ်ရမလဲ?
--------------------------------
⚡Energy Grading ဆိုတာကို စစ်ပါ။ Energy Grading ဆိုတာက ဒီအိမ်က အပူကို ဘယ်လောက် ကောင်းကောင်း ထိန်းနိုင်လဲဆိုတာကို ပြတဲ့ system ပါ။ A ကနေ D ရှိတယ် ဆို ကောင်းပါတယ်။ 👍
🌷အိမ်က လွန်ခဲ့တဲ့ နှစ် ၃၀ အထက်ဆိုရင် တော့ E နဲ့ F ကြားမှာရှိတတ်ပါတယ်။ အဲလို့ E နဲ့ F ကြားမှာ ရောက်နေပြီဆိုရင် သေချာ ပြန်ပြင်ထားလား၊ ပြတင်းပေါက်တွေလဲထားလား၊ ဘာ heating သုံးလည်းဆိုတာလောက်ကို စစ်ပြီးမှ ရွေးပါ။ 🔍
🤔အိမ်ရှင် က Energy Grading မပြဘူးဆိုရင်ရော? မပြလို့မရပါဘူး။ ဥပဒေ အရကို က အိမ်ငှား အနေ နဲ့ တောင်းခွင့်ရှိပါတယ်။ မပြနိုင်ဘူးလို့ ဆိုရင် သတိထားပါ။ red flag ပါနော်။ ❌
--------------------------------
🔥နောက်ထပ် သိထားသင့်တာ တစ်ခုက အိမ်ရှင်တွေဟာ ဆောင်းရာသီမှာ ဥပဒေ အရ အိမ်ခန်းတွေကို ၁၈-၂၀ ဒီဂရီ Celsius ထားပေးရပါတယ်။ ရေချိုးခန်းတို့ common area တွေကိုလည်း နွေးအောင်ထားပေးရတဲ့ limit ရှိပါတယ်။ ဒါဟာ ပုံမှန် warm rent နဲ့ cover ဖြစ်ရပါတယ်။ 🤓
💔Energy Grading မကောင်းရင်က မီတာခ အရမ်းကို တက်ပါတယ်။ ဒါကြောင့် Energy Grading ကို တောင်းဖို့ အားမနာပါနဲ့နော်။ ဥပဒေအရ သူတို့ ပြောကို ပြောပေးရပါတယ်။ 💪
--------------------------------
💙ဥပဒေဆိုမှ Monday ကျရင် Contract နဲ့ Rental Terms တွေကို Yuuka အတွေအကြုံ ကို share ပေးပါဦးမယ်။📑
သိချင်တာတွေ ရှိရင်လည်း Comment ထဲမှာ Ask Yuuka နော်။ 👋
🇩🇪Germany မှာ ကျောင်းလာတက်ချင်တယ်။ ဘယ်ကနေ ဘယ်လိုစရမလဲ ဖြစ်နေတယ်ဆို ရင် Yuuka တို့ ကူညီပေးနေပါတယ်နော်။ CB မှာ လာမေးဖို့ အမြဲ welcome ပါ။
အားလုံးရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ။✨
23/04/2026
🇩🇪 Germany မှာ အခန်းပုံလေးတွေ လှတယ်ဆိုရုံနဲ့ ငှားလိုက်ရင် အလိမ်ခံရနိုင်ပါတယ်နော်။🏠✨
📦Germany မှာ ကျောင်းတက်တာရဲ့ ပထမဆုံး Challenge က နေစရာရှာရတာပဲ။
တခြားနိုင်ငံတွေလို dorm ကြိုမပေးဘူးနော် နေစရာ က ကိုယ့်ဘာကိုယ်စီစဉ်ရပါတယ်။
များသောအားဖြင့် ကတော့ website တွေ forum တွေ ကပဲ စရှာရတာပေါ့လေ။ မရောက်သေးခင် တစ်လ လောက်အနည်းဆုံး ကြိုရှာမှလည်း စိတ်ချရတယ်။ အဲ့တော့ ကိုယ်တွေလို့ ဗီဇာခက်တဲ့ နိုင်ငံ ကသွားရတဲ့သူတွေအတွက်က ဗီဇာမရခင်ကတည်းက ကြိုရှာထားရတော့မှာကို။😮💨
🤔ဒါပေမယ့် မရောက်သေးခင်ကတည်းက ရှာရတာဆိုတော့ အလိမ်တွေမရှိဘူးလား?
ရှိပါတယ်။ Yuuka ကိုယ်တိုင်လည်း အခန်းကောင်းတယ်ဆိုပြီး မျှော်လင့်ထားပြီးမှ ကျောင်းကစစ်ပေးလို့ လိမ်နေမှန်း သိခဲ့ဖူးပါတယ်။ ⚠️
ဒါဆို ဘယ်လိုစစ်ရမလဲ။ Yuuka တစ်ပုဒ်ချင်းစီတင်ပေးသွားမယ်နော်။
------------------------------
🏠Online Viewing တောင်းကိုတောင်းပါ📱
Online Viewing တောင်းတာသည် ပုံမှန်ပါနော်။ တောင်းဖို့ အားမနာပါနဲ့။ မဖြစ်မနေလိုတယ်လို့တောင် ပြောလို့ရပါတယ်။ မပြနိုင်လို့ကတော့ ❌ လုံးဝ Red Flag ပါ။
မစဉ်းစားပဲ skip လိုက်လို့ရပါတယ်။
Whatsapp ကနေ video call နဲ့ သူတို့ လိုက်ပြပေးပါတယ်။ Norm ကတော့ အခန်းအပြင်က နေ စပြီး အထဲကို တစ်ခန်းချင်းစီ ကို showing လုပ်ပေးရပါတယ်။ ဒီမှာ မေးသင့်တာတွေက:
🪑Furnishing 🛏️
Furnishing ပါတယ်ဆိုရင် ဘယ် ပစ္စည်းတွေက ကျန်မယ်၊ ဘယ်ဟာတွေက ယူသွားမယ်ဆိုတာ သေချာ မေးပါ။ Fully furnished ဆိုပြီး ခုတင်တစ်ခုပဲထားခဲ့တဲ့ case မျိုးတွေ ရှိဖူးပါတယ်။ 😅
🌳Outside Environment 🗺️
နောက်တစ်ခုက အပြင် environment ကိုပါ ပြခိုင်းပါ။ ဘယ်လိုဝင်ရလဲ၊ အနီးအနားဘာရှိလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ ပြီးရင် လိပ်စာကို Google Map နဲ့ပြန်စစ်ပြီး ဒီ listing ကတကယ်ရှိမရှိ confirm လုပ်နိုင်ပါတယ် ။ ✔️
🔥လူများစု မစစ်မိတဲ့ အချက်တစ်ခု က Heating system ပါ။ 👇
တချို့က radiator အဟောင်းတွေ သုံးပြီး electric heating တွေ ထည့်သုံးခိုင်း တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့အခါကျရင် Warm Rent (ရေမီး အပြီးအစီး) ဆိုပြီး ငှားထားပြီးတော့ မှ bill အကြီးကြီးတွေတောင်းတာမျိုး ဖြစ်တတ်ပါတယ်။
------------------------------
Heating နဲ့ ပတ်သက်တာ စနေ နေ့ ကျမှ Yuuka သေချာရေးပေးဦးမယ်။
ဒီအဆင့်နဲ့ တင် scam တော်တော်များကို စစ်ထုတ်လိုက်လို့ရပါတယ်နော်။ 💙👉 Rule တစ်ခုမှတ်ထားပါ “Too good to be true” ဆိုရင် လိမ်တာဖြစ်ဖို့များတတ်ပါတယ်။
🇩🇪Germany မှာ ကျောင်းလာတက်ချင်တယ်။ ဘယ်ကနေ ဘယ်လိုစရမလဲ ဖြစ်နေတယ်ဆို ရင် Yuuka တို့ ကူညီပေးနေပါတယ်နော်။ CB မှာ လာမေးဖို့ အမြဲ welcome ပါ။
အားလုံးရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ။✨
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Bangkok