𝙰𝚕𝚕-𝙸𝚗 𝚅𝚒𝚋𝚎𝚜
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก 𝙰𝚕𝚕-𝙸𝚗 𝚅𝚒𝚋𝚎𝚜, Bangkok.
26/04/2026
ထိုင်းနိုင်ငံက တစ်ယောက်ယောက်နဲ့ တူနေတဲ့
လုံခြုံရေး ဦးလေး အလုပ်လက်မဲ့ဖြစ်သွားပြီး
ရဲတွေလာရောက် ပုံနဲ့ဗီဒီယိုတွေကို ဖျက်ပစ်ရန်
ဖီအားပေးခံနေရ🫢
TikTok ပေါ်တွင် လူပုဂ္ဂိုလ်တစ်ဦးနှင့်
ရုပ်ချင်းဆင်တူလွန်းသဖြင့် ကြည့်ရှုသူသန်းနှင့်ချီကာ နာမည်ကြီးနေသည့် လုံခြုံရေးဝန်ထမ်း (ရုံးစောင့်)
“ဘန်လာ” သည် အခြားသူများက သူ၏ပုံကို အလွဲသုံးစားလုပ်ကာ သရော်စာများ ပြုလုပ်ခဲ့ကြသည့်အတွက် နောက်ဆက်တွဲဒဏ်ကို အလူးအလဲ ခံနေရပါသည်။
သူကိုယ်တိုင် ပြုလုပ်ခြင်းမဟုတ်ဘဲ အခြားသူများ၏ ပြုပြင်ဖန်တီးမှုများကြောင့် ယခုကဲ့သို့ ထိခိုက်မှုများ ဖြစ်လာရခြင်းဖြစ်ပါသည်
ရဲတပ်ဖွဲ့ဝင်များက သူ၏အလုပ်ခွင်အထိ လာရောက်ကာ သူ၏ channel ရှိ ဗီဒီယိုအားလုံးကို ဖျက်ပစ်ရန် ဖိအားပေးခဲ့သည်။
ရုပ်ချင်းဆင်တူမှုကို ပြောင်းသွားရန် ဆံပင်ကို စကင်ဟတ် ပုံစံ ညှပ်ပစ်ရန် အမိန့်ပေးခံနေရပါတယ်
အကယ်၍ Live လွှင့်မည်ဆိုပါက မျက်နှာကို Mask ဖြင့် ဖုံးအုပ်ထားရမည် ဆိုတဲ့အချက်တွေ လိုက်နာရမည်ဖြစ်ကြောင့် ပြောကြာထားပါတယ်လိုပြောပါတယ်
26/04/2026
ထိုင်းဆုန်ခရန် (သင်္ကြန်) ပွဲတော်အတွင်း စိတ်ထားဖြူစင်တဲ့ ထိုင်းသမီးပျိုလေးတစ်ဦးအဖြစ် ထိုင်းလူမှုကွန်ရက်နှင့် မီဒီယာများတွင် ကြည့်ရှုသူ သန်းနှင့်ချီကာ ရေပန်းစားနေသည့် ဗီဒီယိုဖိုင်မှ အမျိုးသမီးငယ်ဟာ ရန်ကုန်မြို့၊ လှိုင်သာယာမှ မြန်မာအမျိုးသမီးငယ်တစ်ဦးသာ ဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်မှာ ရေပက်မယ့် ကလေးငယ် အဆင်ပြေစေဖို့ လမ်းတွင် ဖြတ်သွားတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦးက ဒူးထောက်ပြီး ရေပက်ခံခဲ့တဲ့ ချစ်စရာမြင်ကွင်းကို တွေ့ခဲ့ရတာပါ။
ဒီလုပ်ရပ်အပေါ် ထိုင်းမီဒီယာများက ထိုင်းသမီးပျိုလေးရဲ့ ငယ်သူကို ညှာတာတတ်တဲ့ စိတ်ထားပိုင်ရှင်အဖြစ် ဖော်ပြခဲ့ကြသလို၊ ထိုင်းသင်္ကြန်ရဲ့ ချစ်စရာမြင်ကွင်းအဖြစ် ထိုင်းမီဒီယာတွေက ပရိုမိုးရှင်းဆင်းနေကြတာပါ။
ငယ်သူကို ညှာတာမှုပြခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ သင်္ကြန်အကြတ်နေ့တုန်းက ရန်ကုန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းမှာ ဖြစ်ပွားခဲ့တာပါ။ ရေပက်တဲ့ ကလေးငယ်က အသက် ၂ နှစ်အရွယ် မေသဇင်အောင် ဖြစ်ပြီး၊ ကလေးငယ် ရေပက်နိုင်ရန် ဒူးထောက်ပေးခဲ့သူက မွန်ပြည်နယ်၊ ကင်းချောင်းကျေးရွာဇာတိ မနှင်းစုဝေ ဖြစ်ပါတယ်။
မနှင်းစုဝေက ကျောင်းသူတစ်ဦးဖြစ်သလို ကျောင်းမပြီးသေးတာကြောင့် မိဘများက ဖုန်းပေးမသုံးသေးလို့ သူမရဲ့ ဗီဒီယိုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံအထိ ပျံ့နှံ့ကာ နာမည်ကြီးနေတာကို ကိုယ်တိုင်တောင် သိမယ်မထင်ကြောင်း သူမနဲ့ နီးစပ်သူများက မှတ်ချက်ပေးထားကြပါတယ်။
#ထိုင်း
#သင်္ကြန်
#ဝါ့ပါမစ်
26/04/2026
စစ်မှုမထမ်းလိုသူများကို PDF နှင့် EAOs တွေ အဖြစ် သရုပ်ဆောင်ခိုင်း
သမ္မတရူး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ဗမာပြည်သူအများစုရဲ့ ထောက်ခံမှုကို ရရှိနေတဲ့ ဗမာစစ်တပ်ဟာ အချိန်တိုအတွင်း စစ်ရှုံးခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါသည်။ စစ်ဗိုလ်ချုပ်များသည် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို အသုံးပြုကာ ဗမာအများစုကိုးကွယ် ယုံကြည်တဲ့ ဗုဒ္ဓဘာသာ မှာ ရေပန်းစားတဲ့ အတိတ်ကုသိုလ်ကံကြောင့် ဝဋ်ကြွေးတွေဆပ်နေရတာတွေကို ဟောပေးခဲ့ကြပါသည်။
အများစုကလည်း ကိုးကွယ်ရာ ဘာသာကို မဆန့်ကျင်ရဲကြဘူး။ အာဏာရှင်တွေဟာ သူတို့အတိတ်ကုသိုလ်ကံကြောင့် ဒီဘဝမှာ ကံကောင်းနေကြသလို ထင်ယောင်ထင်မှား ဖြစ်အောင်ဖော်ပေးနေရသည်။ စနစ်ဆိုးကို တော်လှန်မည့်အစား အတိတ်ကုသိုလ်ကံကို ပုံချနေကြတာကို တွေ့နေရသည်။
မြန်မာနိုင်ငံ မတိုးတက်လာပေမယ့် ကမ္ဘာ့ကြီးက တိုးတက်လာတော့ ယနေ့ခေတ်လူငယ်တွေဟာ မမြင်ရတဲ့ အရာထက် လက်တွေ့ကျမှုကို အလေးပိုထားလာကြပါသည်။ စစ်ဗိုလ်ချုပ်များ အတိတ်ကုသိုလ်ကံကောင်းမှု ဆိုတာကို ဒီခေတ် GZ ကလေးတွေက အယုံအကြည် လုံးဝ မရှိကြတော့ပါ။
ဒါကြောင့် စစ်အာဏာရှင်ကို တော်လှန်ဖို့ဆိုရင် သူတို့လို လက်နက်ကိုင်မှ ရတော့မည်ဟု ယုံကြည်ချက်ဖြင့် တော်လှန်နေကြခြင်း ဖြစ်သည်။ လူငယ်များရဲ့ တော်လှန်ခြင်းခံခဲ့ရသည့် အသက်ကြီးများစွာနဲ့ ဖွဲ့စည်းထားတဲ့ မင်းအောင်လှိုင် တပ်သားတွေဟာ လူငယ်တွေကို မယှဉ်နိုင်ဘဲ အလူးအလဲ စစ်ရှုံးနေရသည်။
အဲ့ဒီလူငယ်တွေကို စိတ်ဓာတ်ရေးရာ ရိုက်ချိုးဖို့ မြို့ပြတွေမှာ အပျော်အပါးတွေ ဖန်တီးပေးနေသည်။ မြို့စွန်ဖြားတွေမှာတော့ စစ်မှုထမ်းတွေ အရမ်းဖမ်းနေပါသည်။ စစ်မှုထမ်းတွေဟာ အများအားဖြင့် ဆင်းရဲသားတွေ ဖြစ်ပြီး ဖမ်းဆီးခံရပြီး ပြန်မရွေးနိုင်သူတွေ ဖြစ်သည်။ စစ်မှုထမ်းပြီးရင် အလုပ်ကောင်းကောင်း ပေးမည်ဟု မက်လုံးပေးကြသည်။ စစ်မှုထမ်းမပြည့်ခင် တချို့က 6သရွာသွားကြ၊ တချို့က ကိုယ်လက်အင်္ဂါမပါလာကြတော့ပါ။
အလင်းဝင်သရုပ်ဆောင်တဲ့ နေရာမှာ အခုခေတ်လူငယ်တွေကို လိမ်လို့မရတဲ့ အတွက် ဒီနေ့လုပ်တာ အလိမ်အညာတွေ ချက်ချင်းပေါ်နေတဲ့ အတွက် မင်းအောင်လှိုင်က အလိုမကျဘူး။
"အလင်းဝင်လာသူတွေ အဖြစ်လုပ်ဆောင်တဲ့အခါ ပီပီပြင်ပြင်လုပ်ကြပါ။ မင်းတို့လုပ်တာတွေက ရိုးလွန်းပြီ။ ဒီနေ့လုပ်တယ် မနက်ဖြန်ချက်ချင်းပေါ်တယ်။ ခင်ဗျားတို့ လုပ်ခိုင်းသူတွေကိုလည်း သေချာမှာထားကြပါ။ သူတို့ကပဲ အဖြစ်အပျက်တွေ ပြန်ပြောကြမှာ။ သူတို့ပြောလို့ ပြည်သူတွေက သိတာ ဖြစ်မည်။ ဒါတွေကို စနစ်တကျ လုပ်ဖို့လိုသည်။"
စစ်မှုမထမ်းလိုသူများကို pdf များ အလင်းဝင်လာသည်ဟု သရုပ်ဆောင်ရမည် ဟု ခေါိနေကြပါသည်။ စစ်ရှုံးအကြမ်းဖက် စစ်တပိဟာ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို မျိုးသုဉ်းအောင် လုပ်ပြီး နောက်မျိုဆက်တွေကို တပ်မတော်က နိုင်ငံကျောက်ထဲကျခါနီ ကယ်တင်လိုက်တာပါ ဆိုပြီး ဂျင်းသမိုင်းမွေ ပေးကြအုံးမည်။
#မင်းအောင်လှိုင်
#သမ္မတတုမအလ
#ပြည်ထောင်စုမြန်မာနိုင်ငံ
#ထိုင်း
21/04/2026
အဖေ့ နောက်ဆုံး ဆန္ဒပြည့်ဝစေဖို့ အသုဘမှာ ဆက်စီ အကမယ်တွေနဲ့ ဖျော်ဖြေပေးတဲ့ မိသားစု
ထိုင်းနိုင်ငံ၊ Nakhon Si Thammarat ပြည်နယ်၊ Ron Phibun ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ထူးထူးခြားခြား နာရေးသတင်းတစ်ခုက အွန်လိုင်းမှာ အတော်လေး လူပြောများနေပါတယ်။ အသက် ၅၉ နှစ်အရွယ် Vinit Nuphat ရဲ့ နောက်ဆုံးခရီးမှာ မိသားစုဝင်တွေက ဝမ်းနည်းပူဆွေးမှုတွေအစား ပျော်ပျော်ပါးပါး ဖြစ်စေဖို့အတွက် ဆက်စီ အကမယ် ၃ ဦးကို ငှားရမ်းပြီး အခေါင်းရှေ့မှာ ကပြဖျော်ဖြေခိုင်းခဲ့တာဖြစ်ပါတယ်။ ဧပြီ ၂၀ ရက်နေ့ညက ကျင်းပတဲ့ အဲဒီနာရေးမှာတော့ တရားနာလာတဲ့ ဧည့်သည်တွေလည်း ဝမ်းနည်းဖို့ မေ့သွားပြီး ဖုန်းကိုယ်စီနဲ့ ဗီဒီယိုရိုက်ကြတာကြောင့် ပွဲကတော့ တကယ့်ကို စည်ကားလို့နေပါတယ်။
ဒီလိုလုပ်ရတာဟာ နောက်ပြောင်တာမဟုတ်ဘဲ ကွယ်လွန်သူ Vinit Nuphat ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတာလို့ မိသားစုဝင်တွေက ပြောပါတယ်။ သူ မရှိတော့တဲ့အခါ နာရေးမှာ မျက်ရည်တွေ၊ ဝမ်းနည်းမှုတွေနဲ့ မရှိစေချင်ဘဲ လူတိုင်းကို ပျော်ပျော်ပါးပါးနဲ့ပဲ သူ့ကို နှုတ်ဆက်စေချင်ခဲ့တာပါ။ ဒါကြောင့် မိသားစုဝင်တွေကလည်း ဖခင်ဖြစ်သူ ကောင်းကင်ဘုံကို ပျော်ပျော်ရွှင်ရွှင် တက်လှမ်းနိုင်အောင် ဆိုပြီး အခုလို တေးဂီတတွေနဲ့ ကခုန်နှုတ်ဆက်တဲ့ အစီအစဉ်ကို စီစဉ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ နာရေးဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီးနောက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ အတော်လေး စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ အချို့ကလည်း ဒါဟာ လူကြီးမိဘရဲ့ နောက်ဆုံးဆန္ဒကို အကောင်းဆုံး ဖြည့်ဆည်းပေးတဲ့ သားသမီးတွေရဲ့ လုပ်ရပ်အဖြစ် ချီးကျူးနေကြသလို၊ အချို့ကလည်း ထူးဆန်းတဲ့ နာရေးပွဲအဖြစ် မှတ်ချက်ပေးနေကြပါတယ်။ အခမ်းအနားတွေအပြီးမှာတော့ Vinit Nuphat ရဲ့ ရုပ်အလောင်းကို ဒီကနေ့ (ဧပြီ ၂၁ ရက်) မွန်းလွဲပိုင်းမှာ Wat Thepphanom Cheuat ဘုန်းကြီးကျောင်းကို ပို့ဆောင်ပြီး မီးသင်္ဂြိုဟ်လိုက်ပြီ ဖြစ်ပါတယ်။
Ref : Today.line.me
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း #ဆက်စီအကမယ် #အသုဘ
တစိမ့်စ်မ့်ကြည့် 🎶💥
သူ့ ရင်ခုန်သံက တမျိူးလေး🤭🙊
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Bangkok