𝐒𝐀𝐖'
Give return what they par for!
01/08/2026
သပ်သပ်ရပ်ရပ်
ရှပ်အိင်္ကျီတစ်ထည် ဝတ်ခဲ့ပါတယ်။
အချစ်ရေးမှာတော့
ငါတို့ဟာ ပုံပျက်ပန်းပျက်ပါပဲ။
#ဂန္ဓမာ
01/08/2026
စိတ်ပင်ပန်းပေမယ့် ကြိုးစားနေတုန်းပဲ။
မလွယ်ကူပေမယ့် ရှေ့ဆက်နေတုန်းပဲ။
ဒီအတိုင်း ငါကရပ်နေမှာမဟုတ်ဘူး။
နည်းနည်းချင်းပဲဖြစ်ဖြစ်၊ တဖြည်းဖြည်းပဲဖြစ်ဖြစ်
ငါလိုချင်တဲ့နေရာကိုတော့ ရောက်အောင်သွားမှာ။
ငါဖြစ်ချင်တာကိုတော့ ရအောင်ယူမှာ။
သူများတွေလို မြန်ချင်မှ မြန်လိမ့်မယ်။
ဒါပေမယ့်ငါဟာ ငါ့နှုန်းအတိုင်းပဲ ငါသွားတယ်။
01/08/2026
တစ်ခါတစ်လေ ငြိမ်ငြိမ်လေးထိုင်ပြီး
ကိုယ့်ရဲ့ အဆင်မပြေမှုတွေကို
ပြန်လည်တွေးတောရတာ
ပျော်စရာကောင်းလှပါတယ်။
01/08/2026
စိတ်ဒဏ်ရာ ဟူသမျှဆိုတာ
ရန်သူတွေဆီက
ဘယ်တော့မှ မလာဘူး
ဤနိယာမတရားကို
ချစ်ရသူတွေချည်းသာ
ထပ်တလဲလဲ
သင်ပေးသွားကြတယ် ။
#ခွန်ဟိဏ်း( ရေစကြို )
01/08/2026
ချစ်ခြင်း မေတ္တာကို ယုံလား လို့မေးရင်
“အင်း”လို့ပဲ ကျွန်တော်ဖြေမိမှာပါ။
ဒါပေမဲ့
ကျွန်တော် တကယ် မယုံပါဘူး
ကျွန်တော်တို့ဟာ တစ်ဖက်လူက
ကိုယ့်ကို တကယ် ချစ်တာလား
မချစ်တာလား မသိနိုင်ဘူးလေ
ပါးစပ်က ချစ်တယ်လို့ တစ်ဖွဖွ ပြောနေပေမယ့်
တကယ်တမ်းကျ မချစ်တာလည်း ဖြစ်နိုင်တာပဲ ။
- ဖရော်ဆန်
31/07/2026
မသိတတ်တဲ့ လူတစ်ယောက်ဆီက သိတတ်မှုကို
မျှော်လင့်ရတာ သိပ်ပြီးပင်ပန်းရတယ်
ကျွန်တော်တို့ရဲ့ နေ့စဉ်ရက်များဟာ
ဒဏ်ရာနဲ့ရက်များချည်းပါပဲ။
ချစ်ခြင်းမေတ္တာရဲ့ ဟိုဖက်မှာ ဘာများရှိပါသလဲ
#မောင်ချောနွယ်
31/07/2026
ကမ္ဘာကြီးကိုကယ်တင်ဖို့ထက်
ကိုယ့်ကိုယ်ကိုယ်ကယ်တင်ဖို့ဟာ
ပိုခက်ခဲတယ်။
#ဂန္ဓမာ
31/07/2026
အခုတလော
ဆေးလိပ်တွေ ပြန်သောက်ဖြစ်နေတယ် ။
အခိုးအငွေ့တွေကို သဘောကျလို့
ဖမ်းဆုတ် မရနိုင်တာတွေ ။
လွင့်စင်နေတဲ့ စိတ်အာရုံတွေ ။
မျောလွင့်နေတဲ့ ဘဝ အပိုင်းအစတွေ ။
#မယ်ညို
31/07/2026
တချို့လူတွေ ဘဝထဲဝင်လာတာ
အတူရှိနေဖို့ မဟုတ်ဘူး
မှတ်မိနေဖို့ပါ။
#အောင်ချိမ့်
31/07/2026
မသေချာလှပါဘူး။
ဒီလို လောကသေးသေးလေမှာပင်
လွဲနိုင် ၊ ချော်နိုင်
ကွဲနိုင် ၊ ရှနိုင်တာ မဟုတ်လား။
ပြင်ပြီး ဖျော်တဲ့ လက်ဖက်ရည်ဟာ
သောက်လို့ မကောင်းတော့ပါဘူး။
#အောင်ချိမ့်
คลิกที่นี่เพื่อเป็นสมาชิก?