Wint's Motif

Wint's Motif

แชร์

By our trust in the divine beauty in every person we develop that beauty in ourselves ✨

Photos from Wint's Motif's post 12/12/2025

Sephora 12:12 sale မှာ up to 50% မလို့....
အမြန်ရွေးပြီး အပြေးဝယ်လိုက်ဖို့ လက်တို့လိုက်ပါတယ် 📣
အတန်ဆုံးလေးတွေနဲ့ အမိုက်စားလေးတွေ Wint's pick လုပ်ပေးထားတယ်နော် 💗

03/11/2025

Medicube one brand review ✨

💙 review ရေးပြီးသား exosome 2000 shots ဘူးကတော့မရှိတော့လို့ ပုံထဲမပါဘူး၊ full review အောက်က link မှာဖတ်ပါ
https://www.facebook.com/share/p/1AePX7oAei/
💙 သူ့ရဲ့ cleansing oil ကတော့ ကိုယ်နဲ့အဆင်မပြေလို့ ပုံပါအတိုင်းကနေ ဆက်မသုံးဖြစ်တော့ပါဘူး
💗 Pdrn pink peptide serum, moisturizer လည်းကောင်းတယ်ဆိုပေမယ့် အရမ်းထူးခြားပြီး ဒါပဲရွေးရလောက်အောင် ကောင်းနေတာမျိုး မတွေ့သေးတာမလို့ တခြားဟာတွေသုံးတာရပ်ပြီး နောက်အသစ်တစ်ပုလင်းကိုသေချာစွဲသုံးကြည့်ပြီးမှ review ရေးပါတော့မယ်
💗 Pdrn pink cica soothing toner - မဆိုးပါဘူး
But K-skincare line မှာ ဈေးနှုန်းတူပြီး သူ့ထက်ကောင်းတဲ့ brand တွေရှိတာမလို့ personally I won't repurchase this again!
💗 jelly cream နဲ့ collagen wrapping mask က 3ဘူး‌မြောက်ရှိပြီ ကြိုက်လို့ဆက်သုံးမယ် , btw ရွှေရောင်ဘူး Kojic acid turmeric mask က ကိုယ်နဲ့မကိုက် 🫠
🤍 Age r glutathione glow capsule cream နဲ့ deep lifting cream ကတစ်ဘူးကုန်အောင်သုံးကြည့်ဦးမယ်
🤍 သူ့ရဲ့ pdrn pink collagen gel mask လည်းကောင်းတယ် ကြိုက်တယ်

review အပြည့်ရေးချင်တာ မရေးနိုင်သေးလို့ သိချင်တာရှိရင်မေးလို့ရပါတယ် 💗
medicube ဆိုသုံးထားသမျှဒါပါပဲ!

Photos from Wint's Motif's post 15/10/2025

Aestura ato barrier 365 repair cream review 📢

Olive young ရဲ့ skincare line မှာဗိုလ်ဆွဲထားပြီး ဆုတွေလည်းရထားတာတွေ့လို့ ဒါကိုစသိပြီး try ဖြစ်ခဲ့တာ အခုဆို one of my essential 🌿

ဝင့်က dehydrated-combination-စန်းစန်းတင့် 🥹

ဒီကောင်က dehydrated, dry, sensitive, mature, eczema, irritated, inflamed or barrier damaged skin တို့အတွက် holy grail ✨

ဒါပေမယ့် အခြား skin type သမားတွေ မကျော်သွားပါနဲ့❗

သူ့ရဲ့ all skin type ok မယ့် lotion & gel type moisturizer ကလည်းအရမ်းကောင်း 💙
Fragrance, texture , finish, dermatologically tested... all fine တဲ့ clean brand တစ်ခုပါ 💯

သူ့ရဲ့ brand background ကိုပြောရမယ်ဆိုရင်... 🤔

k-beauty မှာနာမည်ကြီးတဲ့ "ILLIYOON" moisturizer ကိုထုတ်တဲ့ same mother 'AmorePacific' ကပဲ Aestura ကိုထုတ်ထားတာ၊ ဒါပေမယ့် Aestura က illiyoon ထက် များစွာပိုကောင်းတယ်

AmorePacific ဆိုတာ South Korea ရဲ့ largest cosmetics company တစ်ခုဖြစ်တဲ့အပြင် Sulwhasoo, Laneige, Cosrx, Hera , Innisfree, Etude, Espoir, IOPE နဲ့ အခြားသော k-beauty brand ပေါင်း 20 ကျော်ကိုထုတ်လုပ်နေတဲ့ company ဖြစ်လို့အထင်တော့မသေးစေချင်ဘူး
sorry for လျှာရှည် 😅 စေတနာဖြင့်သိစေချင် 💖

တကယ့် Review 👇🏽

အရေပြားက ပါးပါတယ်ဆိုမှ skincare မျိုးစုံစမ်း၊ တစ်ခါတလေ night out & alcohol overload ကြောင့် super dehydrated ဖြစ်၊ မျက်နှာမှာ allergies, redness, itching, inflammation တွေဖြစ်ပြီး ဘယ် skin care မှမကယ်နိုင်ပဲ အရေပြားဆေးခန်းရောက်သွားတယ် 🥴

ဆရာဝန်က toner တောင်မသုံးခိုင်းတော့ပဲ mild cleanser နဲ့ Dr.ညွှန်းတဲ့ moisturizer ပဲ၊ ဆေး 1လသောက်ခဲ့ရတယ်၊ ဆေးသောက်ရင်းသက်သာလာပေမယ့် allergy ကအရှင်းမပျောက်ဘူးး၊ skin barrier damage ဖြစ်‌နေတုံးပဲ။ နောက်ပိုင်းအရေပြားတွေနီပြီး အဖက်လန်တာမျိုးမရှိတော့လို့ ဆေးသောက်တာရပ်ရပြီး moisturizer ပဲများများဆက်သုံးခိုင်းတယ်

‌အရေပြားက recovery ဖြစ်တာအရမ်းနှေးပြီး 2လ ကြာတာတောင် နဂိုအတိုင်းပြန်မဖြစ်ပဲ ပွန်းနေသလို၊ ယားယံတာမျိုးလည်းရှိနေဆဲပဲ၊ လိုနေတာ Aestura 💙

🚨 နောက်ဆုံးပုံမှာ စဖြစ်တဲ့အချိန်ကနေ ၂လအကြာ ဆေးသောက်ပြီးသက်သာလာတဲ့ skin အနေအထားကိုပြထားပါတယ်၊ နဂိုအတိုင်းမြန်မြန်ပြန်ဖြစ်ဖို့တော်တော်မလွယ်တာပါ

🌟 Performance & Results

▫️စဖြစ်တဲ့အချိန်မှာထဲက ဒီ Aestura ato barrier 365 repair cream ကို try မယ်ဆိုပြီးမှာထားတာ လက်ထဲရောက်လာတော့ ချက်ချင်း try ဖြစ်ခဲ့ပြီး 2 weeks အတွင်း skin barrier သိသိသာသာတိုးတက်လာတာတွေ့ရတယ်

▫️deep moisturizing ပေးနိုင်လို့ မျက်နှာကကြည်ကြည်စိုစိုလေးဖြစ်လာတယ်၊ အရေပြားကို မြန်မြန် heal လုပ်ပေးတယ်
အခုဆို ညဘက်‌သေချာလူးပြီး မနက်မှန်ကြည့်တိုင်း baby skin လို smooth & plump ဖြစ်နေလို့ အရမ်းစိတ်ကျေနပ် 🥰

▫️nourishing အရမ်းကောင်းလို့ night cream အနေနဲ့တော့စွဲသုံးဖြစ်မှာပါ
မိတ်ကပ် base အနေနဲ့လည်းတော်တော် fine တယ်, other products နဲ့ layered လုပ်ရင် pilling မဖြစ်ဘူး!

🚨 Retinol သုံးတဲ့သူတွေနဲ့ laser treatment ယူတဲ့သူတွေလည်း hydration & barrier support အတွက် recommend 💙

Best for 👍🏽
✅ Deep moisture & nourishment
✅ Strengthens the skin barrier
✅ Soothes irritation and redness

🧪 Key Ingredients & Technology

🔸 The heart of this cream က " Triple lipid complex " ဆိုတဲ့ ceramides, fatty acids နဲ့ cholesterol တို့ရဲ့ပေါင်းစပ်မှု၊ ဒါကအရေပြားမှာသဘာဝရှိရမယ့်အဆီနဲ့ အလားတူဖွဲ့စည်းထားတာကြောင့် external irritant တွေမှကာကွယ်ပြီး skin barrier ကိုသန်မာစေတယ်
🔸 Vitamin E နဲ့ Squalane လည်းပါဝင်လို့ nourishing နဲ့ antioxidant effect ရတယ်
🔸 Colorant & Fragrance - free, dermatologist tested and non-comedogenic ( ချွေးပေါက်မပိတ်စေဘူး )

💧 Texture & Application

▫️ cushiony texture , creamy consistency ရှိပြီး thick & rich ဖြစ်တယ်၊ ceramide အစိသေးသေးလေးတွေကို cream ထဲမှာမြင်ရမှာဖြစ်ပြီး လိမ်းလိုက်တာနဲ့‌ စေးကပ်ခြင်းမရှိ နူးညံ့စွာ စိမ့်ဝင်တယ်
▫️ deep moisturizing ဖြစ်လို့ aircon အခန်းထဲမှာအမြဲလိုလိုနေတဲ့သူတွေအတွက်‌ အထူးသင့်တော်တယ်
▫️ နွေရာသီလိုမျိုးအရမ်းပူတဲ့အချိန်မှာတော့ ဒီကောင်ထက် light weight ဖြစ်မယ့် gel type ကို‌သုံးဖြစ်ပါမယ်
▫️ ideal for night use or dry seasons
▫️ weather ကြောင့် skin tight & flaky ဖြစ်တာ or over-exfoliation ကြောင့် skin damaged ဖြစ်တာတွေအတွက်ဆိုအကောင်းဆုံးဖြစ်မှာပါ

✨ Skin Type Guide

Aestura ရဲ့ Atobarrier 365 line မှာ skin type အလိုက် ၃ မျိုး ရွေးချယ်စရာရှိတာမလို့ အောက်မှာသေချာဖော်ပြထားပါတယ် 👇🏽

🔹 Wint ကတော့ dehydrated - combination - sensitive skin ဖြစ်ပြီး barrier damaged ဖြစ်ထားတာ‌ကြောင့် repair cream ကိုသုံးဖြစ်တာပါ
လိုအပ်တဲ့ ပါးနှစ်ဖက်ကိုများများလူးပြီး t-zone ကို လက်ကအကျန်သာလူးဖြစ်ပါတယ်

🔹 dry, sensitive, barrier damaged skin 👉🏽 Repair cream

🔹 normal, slightly dry,
dehydrated-combination 👉🏽 Lotion

🔹 combination, acne prone, oily, dehydrated-oily or sensitive-oily skin တွေအတွက်တော့ 👉🏽 Hydro soothing cream (gel-cream type) ကိုသုံးကြည့်ဖို့အကြံပေးပါတယ် 💡

🔹 သူ့ရဲ့ moisturizer 3 မျိုးစလုံးမှာ common points က
▫️ irritation ကို clam လုပ်ပေးတယ်
▫️ sensitivity ကိုလျော့ချပေးတယ်
▫️ skin barrier ကိုသန်မာစေတယ်

⚠️ Fungal acne safe မဖြစ်ပါ ❌

With 💗 Wint

Aestura 에스트라

31/08/2025

ဝင့်က hand cream ပုံမှန်သုံးတဲ့သူထဲမှာမပါဘူး လက်အရမ်းဆေးတော့ dry ဖြစ်တဲ့အခါသုံးဖို့ဆောင်ထားရင်း ကြုံသလိုပဲသုံးဖြစ်တာ
Hand cream တွေက brand မျိုးစုံရှိပေမယ့် ဒီ 3 မျိုးကိုတော့ mini တွေ့တိုင်း အမိအရဝယ်ဖြစ်တယ်၊ မယုံရင် try ကြည့် တကယ်ကောင်းတာ!

1. Moroccanoil hand cream
သူ့ရဲ့နာမည်ကြီး hair oil ကိုတော့သိကြတယ်မလား၊ ဒီ hand cream ကလည်း luxurious feeling & scent ကိုရလို့တော်တော်ကြိုက်မိတယ်၊ အစိုဓာတ်ကောင်းပြီး စိမ့်ဝင်လွယ်တဲ့ သူ့ရဲ့ silky, lotion-like texture ကို အရမ်းကြိုက်တယ်၊ lightweight ဖြစ်ပြီး စေးကပ်မှုမရှိဘဲ အိဖက် ကြည်ဝင်းသွားစေတယ်၊ စိမ်းပြာရောင်က unisex ကြိုက်တဲ့ အနံ့မလို့ ‌အရမ်းမွှေးတာမကြိုက်တဲ့သူတွေအတွက်အနှောင့်အယှက်မဖြစ်စေဘူး၊ နေရာမရွေး အဆင်ပြေ 🌿
Moroccanoil ရဲ့ hand cream မှာ အရောင် 8ရောင်တွေ့ရပြီး အနံ့ 8မျိုးရှိတယ်၊ ဝင့်က အဲ့အထဲက မှ Fragrance Originale စိမ်းပြာရောင်ဘူး ( သူ့ရဲ့ signature hair oil အနံ့ ) နဲ့ Oud Minéral - ခဲရောင်ဘူး ( Mediterranean sea salt နှင့် Charred cedarwood ပေါင်းထားတဲ့အနံ့ ) အဲ့ 2 မျိုးကို လက်ဆောင်ရလို့ try ဖြစ်ခဲ့တာ
personally စိမ်းပြာရောင်ရဲ့ အနံ့ကိုပိုကြိုက်တယ်၊ full size က ဖောက်ထားပြီး မသုံးပဲ ကြာကြာပစ်ထားရင် အနံ့မကောင်းဘူးလို့ခံစားရလို့ 40 ml size တွေပဲပိုဝယ်ဖြစ်တယ်၊ ပြီးတော့ ဝင့်က mood အလိုက် အနံ့စုံအောင်သုံးချင်‌တော့ ဟိုဟာဖောက် ဒီဟာဖောက်နဲ့ မကုန်ဘူး 🤣
စွဲစွဲမြဲမြဲ သုံးမယ်ဆို full size ဝယ်ပါနော် ပိုတန်ပါတယ်

2. Estee Lauder hand cream
အရမ်းမွှေး၊ gentle ဖြစ်ပြီး girly ဆန်တယ် ၊ elegant & refined feeling မျိုးရတယ်၊ စိတ်ကိုရွှင်လန်းရွှင်လန်း‌စေတယ်၊ အေးချမ်းတဲ့ floral အနံ့၊ ပန်းခင်းထဲ‌ရောက်သွားသလိုပဲ၊ ဒါလိမ်းပြီး လက်လေးကို ဝှေ့ယမ်းပြီး ကနေလိုက် အရမ်းမိုက် 😅
perfume hand cream မို့ အနံ့ကလက်‌ဆေးပြီးရင်တောင်စွဲနေတုံး၊ date နဲ့ special event တွေရှိရင်သုံးချ 😉
ဝင့်သုံးတာ Beautiful Magnolia ၊ သူ့ရဲ့ ရေးမွှေးအနံ့အတိုင်းပဲ
အနံ့ပဲကောင်းတာမဟုတ်ဘူး၊ nourishing hand cream လို့သူ့မှာ‌ရေးထားတဲ့အတိုင်း moisturizing ဖြစ်ချက်က ဒါလိမ်းရင်လက်နှစ်ချောင်းထိပ်ကိုချန်လိမ်းရတဲ့အထိပဲ ph နဲ့ ipad ကိုင်ရင် screen က အရာတွေချည်းဖြစ်ကုန်လို့ 🫠
သူလည်း 30 ml ပဲဝယ်ဖြစ်တယ်၊ ဈေးနှုန်းကတော့ 2‌0000 လောက်မို့
တအားတန်!

3. L'occitane Amande hand cream ( Almond Delicious Hands )
သူ့ကို ဝင့်က ညအိပ်ချိန်သုံးဖြစ်တယ်၊ မွှေးမွှေးလေးနဲ့ အီပြီးမြန်မြန်အိပ်ပျော်အောင်လို့ 🤣
cozy, warm & comforting feeling မျိုးရတယ် 🛋️ ☕
အနံ့က sweet, powdery almond, subtle woody, vanilla softness ဖြစ်တယ်၊ သူ့ကိုအရမ်းကြိုက်တဲ့တစ်ချက်က လိမ်းလိုက်ရင်အလွယ်တကူစိမ့်ဝင်သွာပြီး ချောမွေ့ စိုပြေသွား‌ပေမယ့် လက်မှာအဆီများတယ်လို့လုံးဝမခံစားရဘူး၊ အဲ့တော့ နေ့ဘက်လည်း အလုပ်ထဲမှာသုံးဖို့တော်တော်သင့်တော်ပါတယ်
30ml ကို 3သောင်းလောက်တော့ရှိတယ် ၊ ဝင့်ပြထားတဲ့ ပုံထဲမှာက 10ml ပါ၊ သုံးနေကျ 30ml ကကုန်သွားလို့ပြစရာမရှိတော့ဘူး
ဒါကိုဝယ်ရင် အနည်းဆုံး 30ml size ကိုဝယ်ပါနော်

With 💗 Wint

11/07/2025

Glow ချင်တိုင်း Glow စေမယ့် d'Alba ✨

k-beauty မှာ spray ဆိုရင် Khai ကမြန်မာပြည်မှာ‌ တော်တော် best seller ဖြစ်ခဲ့တာ! ဝင့် အခုပြောပြမယ့် d'alba the first serum spray ကတော့ khai စံချိန်ကိုချိုးခဲ့တဲ့အပြင် 🇰🇷 Korea မှာသာမက world wide မှာပါ sales, popularity, quality နဲ့ performance အရ တော်တော် popular ဖြစ်နေတဲ့ spray ပါပဲ!

ဒီကောင်ကို K-pop Idols တွေ၊ Korea နဲ့ Thai က makeup artists တော်တော်များများသုံးတာတွေ့လို့စသိခဲ့ရာ Amazon နဲ့ Olive Young မှာလည်းဆု‌တွေရပြီး hype ဖြစ်နေလို့ ဝယ် try ဖြစ်ခဲ့တာပါ
သူကပုလင်းမှာ မြင်ရသလို dual layer အနေနဲ့ရှိနေမှာဖြစ်ပြီး
1st layer - moisturizing oil နဲ့ 2nd layer - nourishing essence တို့ပေါင်းစပ်ထားတဲ့ serum mist ဖြစ်တယ်

💗 Wint's Personal Experience

✔️ d'alba ကို ဝင့်အနေနဲ့ ဒုတိယဘူးသုံးနေတာ ဖြစ်ပါတယ်၊ သေချာသုံးကြည့်ပြီး တစ်ဘူးကုန်မှ review ရေးဖြစ်တာပါ

✔️ ဝင့် ပထမဆုံး ဒါကိုစသုံးတဲ့အခါ အနံ့ကအနည်းငယ်ပိုကဲတယ်လို့မြင်မိတယ်၊ အနံ့ကကောင်းပါတယ်၊ သို့သော် ဝင့်ကမျက်နှာပေါ်သုံးတဲ့ skincare တွေမှာ အနံ့နည်းနည်း (သို့) အနံ့မရှိတာကိုပိုကြိုက်တဲ့သူဖြစ်တယ်၊ နောက်ပိုင်းတော့ ကျင့်သားရသွားပြီး spray တစ်ခုအနေနဲ့ ဒီအနံ့ကိုလက်ခံလို့ရသွားပါတယ်

✔️ သူ့ spray head ကိုကြိုက်တယ်၊ fine mist ထွက်တယ်၊ ထွက်လာတဲ့ ရေမှုန် မွှားမွှားလေးတွေက ညီညီညာညာပြန့်ကျဲကျပြီး မျက်နှာပေါ်မှာ များသွားတာမျိူးမဖြစ်လို့ တော်တော်အဆင်ပြေတယ်

✔️ highlighter မသုံးပဲ skin ကောင်းသလို shiny & glossy ဖြစ်ချင်သူများအတွက် အသဲစွဲဖြစ်လိမ့်မယ်၊ သူကမျက်နှာကို ကြည်ကြည်တင်းတင်းလေးနဲ့ အတွင်းကအသားအရေကောင်းသလိုမျိုးစိုပြေစေတယ်၊ သူ့ရဲ့ glow တဲ့ပုံစံက အပြောင်၊ အလက်၊ အမှုန်ငယ်လေးတွေပါဝင်ခြင်းမရှိပဲ ရေဓာတ်ပြည့်ဝပြီး glow တဲ့ပုံစံ၊ makeup ကောင်းလို့ မိတ်ကပ်သားတက်လာပြီး ကြွေလို glow တဲ့ effect မျိုးကိုပေးလို့ ဝင့်ကတော့သဘောကျတယ်

✔️ လိမ်းထားတဲ့ makeup/concealer တွေထူသွားရင် d'alba လေးဖြန်းပြီး sponge လေးနဲ့ပြန်ညှိလို့ရသလို၊ powder တွေများပြီး cakey ဖြစ်သွားရင်လည်း ဒါလေးသားဖြန်းလိုက် natural look ပြန်ရတယ်

✔️ ပွဲတက်မိတ်ကပ်တွေလိမ်းတဲ့အခါ အမြဲထည့်သုံးဖြစ်မှာပါ ဒါ့အပြင် အေးတဲ့ ရေ၊ မြေ၊ ရာသီဥတု or aircon နဲ့အနေများတဲ့အခါမျိုးမှာဆောင်ထားဖြစ်ပါတယ်

✔️ ဝင့်ကတော့ full makeup ပြင်တဲ့အခါ သူ့ကို primer step အပြီး makeup မလိမ်းခင်တစ်ကြိမ်၊ makeup အားလုံးပြီးရင်လည်း နောက်တစ်ကြိမ်ထပ်ဖြန်းပါတယ်

✔️ setting spray သုံးတဲ့သူတွေကလည်း ကိုယ်သုံးတဲ့ setting spray က glow look မရဘူးဆိုရင် ဒါကိုသုံးပြီးမှ setting spray ဖြန်းရင် ပိုသဘာဝကျတဲ့ glow ကိုရပါတယ်

🌿 Performance & Benefits

💧 instant hydration
✨ radiant glow
🌱 soothing
🌬️ refreshing
💪🏽 improve skin elasticity
💄 makeup friendly

💁🏽‍♀️ Suitable Skin Types

best for
🔹 dry
🔹 dehydrated
🔹 normal
🔹 dehydrated-combination
can be used for
🔸 combination (အခန်းအေးတဲ့ပတ်ဝန်းကျင်မှာ)

🧪 Key Ingredients

▪️White truffle extract from Italy - rich in antioxidants and nutrients
▪️Niacinamide - brightening, even skin tone, oil control
▪️Chia seed extract - soothing
▪️Avocado oil - nourishing
▪️Vitamin E - antioxidant

🕰️ ဘယ်အချိန်မှာသုံးမလဲ ❓

▫️toner / essence အဆင့် (skin care mist)
▫️makeup မလိမ်းခင် – preparation spray
▫️makeup လိမ်းအပြီး – finishing spray
▫️အသားအရေခြောက်သွေ့တယ်၊ တင်းတယ် ခံစားရတိုင်း ထပ်မံအသုံးပြုနိုင်

အသုံးပြုပုံ🧴

🫧 shake well first
🫧 မျက်လုံးမှိတ်ပြီး မျက်နှာမှ 7-8 လက်မအကွာမှဖြန်းပါ
🫧 skin care အနေနဲ့သုံးတယ်ဆိုလျှင် ဖြန်းပြီး စိမ့်ဝင့်မှု‌ကောင်းအောင် လက်ဖြင့်ညင်သာစွာပုတ်ပေးပါ

⚠️ မဝယ်သင့်တဲ့အကြောင်းအရင်းများ

🚫 fungal acne safe မဖြစ်ပါ
🚫 acne-prone skin, oily skin, super sensitive
🚫 fragrance-sensitive skin – rose/citrus essential oil scent ပါဝင်
🚫 long-lasting makeup lock မလုပ်နိုင် – setting spray မဟုတ်
🚫 skin recovery or treatment ပေးတဲ့ spray မဟုတ် – moisturizing & glow ဖို့အတွက်သာ

💰 sale နဲ့ရတဲ့ online shop တွေက 6-7 သောင်းဝန်းကျင်ရောင်းကြပြီး sale မရှိတဲ့အချိန် order မှာရင်တော့ တစ်သိန်းစွန်းစွန်းရှိပါတယ်

❣️ ဒီထက်ပိုပြီး beauty tips တွေသိချင်ရင် page ကို Like or Follow လုပ်ဖို့မမေ့ပါနဲ့နော် ❣️

With 💗 Wint

22/06/2025

ကိုယ့်ကိုယ်ကို ချစ်ဖို့... ဒီလိုလေးတွေ စမ်းကြည့်ဖူးပြီလား❓
ပျော့‌ပြောင်းနူးညံ့တဲ့ cuticle, တောက်ပြောင်တဲ့ nails ✨

Nail polish မတင်တဲ့နေ့တွေမှာတောင် လှနေဖို့ကတော့...
Muji Nail Care Oil နဲ့ Cuticle Oil လေးတွေကိုသုံးကြည့်ဖို့ ဝင့်ကအကြံပေးလိုက်ပါတယ် 💅🏽
ဝင့်ကတော့ 2 မျိုးစလုံးကို တစ်လှည့်စီသုံးနေတာ ခုဆိုရင် 3ဘူးရှိသွားပါပြီ

လက်သည်းတွေ အားနည်းပြီး ပျော့တာ၊ ကျိုးတာ၊ Gel/Press on တွေကြောင့် လက်သည်း ကွဲတာ၊ ပျက်ဆီးတာတို့ဖြစ်နေရင်ဖြစ်စေ၊ အမြဲလှလှလေးနဲ့ gel nail ဆိုးချင်သူများအတွက် မရှိမဖြစ်လေးနော်! 🌿

🇯🇵 Japan brand ဖြစ်ပြီး ဈေးနှုန်းကတော့ 3သောင်းခွဲဝန်းကျင်
သူ့ရဲ့ design ကြောင့် အလေအလွင့်မရှိ‌စေပဲ တစ်ခါဝယ်ထားရင် အရမ်းအကုန်မမြန်တဲ့အတွက် အသုံးခံပါတယ်
ဝင့်ကတော့ Needed Me ကဝယ်ပါတယ် 💜

✅ Performance & Results
✔️ Nail Care Oil - လက်သည်းကိုအဓိကအားဖြည့်ပေးတယ်
✔️ Nail Cuticle Oil - လက်သည်းတဝိုက် ညိုမဲခြင်း၊ အသားမာတက်ခြင်းနဲ့ လက်စွယ်ငုတ်ခြင်းတို့ကိုကာကွယ်ပေးပြီး
Dry ဖြစ်‌နေတဲ့ cuticle တဝိုက်မှာ ဖြစ်လာတတ်တဲ့ အဖြူရောင်များကို သုံးလိုက်တာနဲ့ချက်ချင်းစိုပြေနူးညံ့သွားစေပြီး လက်သည်ဘေးက အသားအရောင်‌လေးက အရမ်းကြည့်လို့ကောင်းသွားတယ် ✨
✔️ Light weight, စိမ့်ဝင်လွယ်, အနံ့မရှိ, စေးကပ်ခြင်းမရှိ
✔️သယ်လွယ် သုံးလွယ်, Pen type design, Applicator ပါပြီးသားမလို့ အမြဲအိတ်ဆောင်ထားလို့ရ
✔️ Hygienic & perfect for a quick touch-up on the go
✔️ Alcohol free, Mineral oil free, Paraben free

🌼 Key Ingredients
Chamomile flower extract, Jojoba seed oil, Shea butter , Apricot kernel oil , Rosehips oil, Olive oil, Sodium hyaluronate , Vitamin E

ညမအိပ်ခင်... 💤
လက်သည်းနဲ့ cuticle လေးတွေကို Muji oil နဲ့ massage သေချာလုပ်ပေးလိုက်ရင်တော့...
နောက်နေ့ မနက်ခင်းမှာ တောက်ပြောင်သန့်ရှင်းတဲ့ nails လေးတွေကြောင့် confidence ပိုရှိ‌စေမှာနော်! ✨

လှပမှုက polish 💅🏽 မလုပ်လည်း glow နေတတ်တယ် 💖

With 💗 Wint
Muji Nail Care Oil Review

Photos from Wint's Motif's post 13/06/2025

Trend ဖြစ်နေတဲ့ Medicube Exosome needle 💉 shots
မနေနိုင်လိအရဲစွန့်ပြီးစမ်းလိုက်တာ...
🚨လိုအပ်တဲ့နေရာမှာတော့ထိရောက်ပေမယ့် အသားအရမ်းပါးတဲ့ ပါးနှစ်ဖက်ကတော့ irritated ဖြစ်သွားပါတယ် 🫠

dehydrated-combination-sensitive skin ပါ ဝင့်က
အရင်ဆုံးပြောချင်တာက သူက 2000 shots နဲ့ 7500 shots 💉 ဆိုပြီး 2မျိုးထွက်တယ်
Chemical peeling ‌တွေ၊ Laser treatment တွေ Aesthetic clinic မှာလုပ်နေကြသူများကတော့ 7500 ကိုသုံးနိုင်ပေမယ့်၊ beginners တွေနဲ့ sensitive skin ပိုင်ရှင်များကတော့ 2000 မှစပြီး သုံးသင့်ပါတယ် ၊ ဝင့်သုံးတာကတော့ 2000 shots ပါ

သူက ဘာနဲ့တူလည်းဆို ပုလင်းထဲမှာ micro အပ်‌သေးသေးလေးတွေ ထည့်ထားတဲ့ပုံစံပါဘဲ အပ်အစစ်တော့မဟုတ်ပေမယ့် အပ်နဲ့အလားတူတဲ့ molecules လေးတွေမှာ Exosome, AHA, BHA စသည်ဖြင့် attached လုပ်ပြီးပေါင်းထည့်ထားတယ်
သူ့ကိုအသုံးပြုတဲ့အခါ အဲ့အပ်အချွန် molecules လေးတွေကအရေပြားမှာရှိတဲ့ open pores ချွေးပေါက်လေးတွေကနေတစ်ဆင့် အရေးပြားရဲ့အတွင်းဆုံး layer ထဲထိဝင်ရောက်ပြီးပြုပြင်ပေးတဲ့ effect ကိုရစေတယ်။ Texture က light weight ဖြစ်ပါတယ်

🤔 ဘာအတွက်သုံးသင့်တာလဲ❓
အရေပြားမညီညာခြင်း၊ အဆီဖုသေးသေးလေးများ ကြာစူးကဲ့သို့ရှိသူများ၊
အဆီပြန် ချွေးပေါက်ကျယ်ခြင်း၊ နားခေါင်းတစ်ဝိုက် blackheads, whiteheads ရှိသူ၊ အရေပြား elasticity အားကောင်းလိုသူများ၊ အမဲစက်တင်းတိတ်ရှိသူ၊ ဝက်ခြံသမားများနှင့် ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့အမာရွတ်များ ကိုကုသရန်အတွက်သင့်တော်ပါတယ်
Aesthetic clinic တွေသွားရတာမကြိုက်ဘဲ အိမ်မှာပဲ ကိုယ်တိုင် skin care ပြီး exosome ကို try ချင်သူများအတွက်သင့်လျော်ပါတယ် 😇

💁🏽 Personal Experience 💉
ဝင့် ဒါကိုစ try တုံးက နာခေါင်းတဝိုက်၊ မေးစေ့ နဲ့ နဖူး မှာစပြီးအသုံးပြုကြည့်တာပါ အဲ့နေရာကိုပဲ treatment ယူချင်လို့ပါ၊ ပါးနှစ်ဖက်က အရေပြားပါးပြီး sensitive ဖြစ်တာကြောင့်ရယ် သုံးဖို့မလိုအပ်သေးဘူးလို့ခံစားရတာကြောင့်မသုံးသေးတာကို နောက်ပိုင်းမထူးဘူး စမ်းကြည့်မယ် elasticity အားကောင်းမလားဆိုပြီး concern မရှိပဲသုံးကြည့်လိုက်တာ ကိုယ့်ရဲ့ skin barrier ကမခံနိုင်တာကြောင့် blemish & irritated ဖြစ်ခဲ့တာ၊ ထပ်ပြီးမထိရဲတော့ပါ❗

သူကတော့ 2000shots ကိုညစဉ်သုံးလို့ရတယ်ပြောထားပေမယ့် ကိုယ့်အရေပြား‌အခြေအနေပေါ်လိုက်ပြီးလိုတိုး ပို‌လျော့သုံးတာအကောင်းဆုံးပါ
စူးတဲ့ sensation ကိုရပါတယ် သူ့အပေါ်ကနေ နောက်ထပ် skin care or moisturizer ထပ်လိမ်းတဲ့အခါ သိသိသာသာ စူးတာကိုပိုခံစားရတယ် သို့ပေမယ့် ဒါက bearable ပမာဏမျှသာမလို့အဆင်ပြေပါတယ်၊ နောက်ပိုင်းသုံးတာများလာရင် အစပိုင်းလောက်မစူးတော့ပါဘူး

နောက် ဝင့် period ကာလမှာ ဝက်ခြံအကြီးကြီးပေါက်တာ ယောင်နေတာဘဲ ပွဲကလဲသွားစရာရှိတယ် ပွဲမတိုင်ခင်နှစ်ရက်အလိုမှာ အဲ့နားကို‌ သေချာလိမ်းပေးလိုက်တာ ချက်ချင်းတော့မပျောက်သွားပေမယ့် တော်တော်သိသာတယ် အယောင်ကျပြီး ချပ်သွားပါတယ် 👍🏽

💙 results ကတော့ ချွေးပေါက်ကျဉ်းလာမယ်၊ နှာခေါင်းထိပ်က blackheads, whitehead တွေ ပျောက်လုဆဲနီးနီးအထိ size သေးလာတယ်၊ ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့အမာရွတ်က မြန်မြန်ပါးသွားတာ တွေ့ရတယ် 👍🏽

❓ သူကိုဘယ်လို skin type တွေအသုံးပြုနိုင်လဲဆိုရင်❓
all skin type including sensitive & acne prone ကအစ safe ဖြစ်တယ်လို့ပြောထားပေမယ့် ဝင့် ရဲ့ အရေပြားပါးတဲ့ sensitive skin ကတော့ ပါးနှစ်ဖက်မှာအဆင်မပြေပါဘူး
But T-zone ဖြစ်တဲ့ targeted area မှာ 3ရက်တစ်ကြိမ် သုံးတာကအဆင်ပြေပါတယ်

🔹 Combination, Oily skin & Acne Scar ရှိတဲ့သူတွေက‌တော့ တော်တော်အဆင်ပြေမှာပါ
🔹Normal, Dehydrated Combination ကချင့်ချိန်သုံးပါ
🔹Slightly Dry skin အနေနဲ့ကတော့ concern ရှိမှသုံးသင့်ပြီး safe ဖြစ်အောင် အခြား soothing, moisturizing အားကောင်းတဲ့ products တွေနဲ့ တွဲသုံးပေးစေချင်ပါတယ်
🔹Dry & Super Sensitive ဆို မသုံးသင့်ပါ ❌

Ingredients အရကြည့်မယ်ဆိုရင် 🧪
💧 Exosome-Coated Spicules (Hydrolyzed Sponge) – micro အရွယ်အစားဖြင့်ထုတ်လုပ်ထားတာကြောင့် အရေပြားထဲကို လွယ်ကူစွာဝင်ရောက်နိုင်ပြီး collagen နှင့် elastin ထုတ်လုပ်မှုကိုမြှင့်တင်ပြီး အရေးအကြောင်းများကို လျှော့ချပေးနိုင်တယ်

💧Lacto Exosome – Medicube ရဲ့ အထူးသီးသန့် ingredient ဖြစ်ပြီး Peptides, Amino Acids, Glutathione နှင့် Vitamins တို့ပါဝင်တဲ့အတွက် အရေပြားကို ပြန်လည်ပြုပြင်ပေးပြီး နေလောင်ဒဏ်များကြောင့် ထိခိုက်သောအရေပြားကို ပြန်လည်စိုပြေနိုင်စေတယ်

💧Niacinamide (Vitamin B3) – အရေပြားတောက်ပမှုနှင့်အားကောင်းမှုကိုတိုးစေပြီး အသားအရောင်မညီညာမှုများကို လျှော့ချပေးနိုင်တယ်

💧Panthenol (Provitamin B5) – အရေပြားအတွင်းပိုင်းအထိ အစိုဓာတ်ကို တိုးမြှင့်ပေးတယ်

💧AHA, BHA, PHA – အရေပြားအပေါ်ယံလွှာကဆဲလ်အဟောင်းများကိုဖယ်ရှားပေးပြီး skin renewing အရေပြားအသစ်ပြန်လည်ဖြစ်‌ပေါ်စေတယ်

✅ ဆောင်ရန်
✅ ဒါကိုသုံးပြီးရင် အနောက်ကနေ peptide, cerimide နဲ့ soothing ဖြစ်တဲ့ serum, ampoule or cream နဲ့တွဲသုံးပေးရင်ပိုကောင်းပါတယ်
✅ သုံးနေကျ or Hydration သေချာပေးနိုင်တဲ့ Moisturizer ကောင်းကောင်းတစ်ခုနဲ့ တွဲသုံးပေးရင်ပိုအဆင်ပြေပါမယ်
✅ နောက်နေ့မှာ protection အပြည့်အဝပေးနိုင်တဲ့ SPF 50+ sunscreen ကောင်းတာသုံးပေးပါ

❌ ရှောင်ရန်
❌ AHA/BHA/PHA, Retinol, Vit-C - အလားတူ Active Ingredients/ Peeling/ Scrub တွေနဲ့တွဲသုံးပေးလို့မရပါဘူး
❌ နေရောင်နဲ့ ကြာကြာတိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ရပါမယ် (eg. ဒါလိမ်းပြီး နောက်နေ့ အမိုးအကာ‌အောက်မှာမဟုတ်ဘဲရေကူးတာ၊ hiking သွားတာမျိုးမလုပ်သင့်ပါဘူး)

Photos from Wint's Motif's post 11/01/2025

ဘယ်လောက်ကောင်းကောင်း ဒီလောက်မကောင်းဘူး 🥰✨

Eye cream ကမထူးပါဘူး၊ ဘာသုံးသုံး အသက် 30ကျော်ရင် မထိ‌ရောက်တော့ဘူးလို့ထင်တဲ့သူတွေဒါကိုသုံးပါ 💯
မကျော်သေးလဲကြိုတင်ကာကွယ်ချင်ရင်သုံး 😉

ဝင့် ဒါကိုသုံးဖြစ်လာတာကတော့ 1နှစ်‌ကျော်ရှိပါပြီ၊ အခုအချိန်ထိသုံးဖူးသမျှ affordable eyecream အားလုံးထဲမှာ‌တော့ သူက‌တော့ပထမနေရာယူထားဆဲပါ အသစ်တွေလဲစမ်းသုံးနေတာရှိပေမယ့် ဒီလောက်မကြိုက်ဘူးရှင် ဝင့်က eye cream မသုံးလို့မရအောင်ကို အနေအထိုင်မဆင်ခြင်တာမလို့ eye cream ကူပေးမှ တော်ကာကျတဲ့အထဲမှာပါ ပါတယ် အလုပ်ကြောင့် screen time အရမ်းများတာရယ်၊ ညဆိုလဲတစ်ညလုံးမအိပ်ဘဲ movie ကြည့်တာတွေ၊ night out တဲ့သူတွေဆို ဒါနဲ့ အဆင်‌ပြေလိမ့်မယ်

သို့သော် Retinol eye cream တွေနဲ့တော့ compare မလုပ်ပါဘူးနော်၊ ဝင့်ကိုယ်တိုင်လဲ eye cream ကို retinol မပါတာထဲကဆိုဒါကိုအကြိုက်ဆုံးပါ၊ ဘာလို့ဆို retinol သုံးရင် ဆောင်ရန်/ရှောင်ရန်တွေ (retinol after care) တွေသတိထားပြီးလိုက်မလုပ်ဖြစ်မှာဆိုးလို့ရယ်၊ retinol ကိုနေ့ဘက်သုံးဖို့စိတ်ထဲမှာ ဘဝင်မကျတာရယ်ကြောင့် နေ့/ည အချိန်မရွေးအသုံးပြုလို့ရတဲ့ ဒါကိုလက်သာတယ်

👁️ အခြားသော eye cream/serum မျိုးစုံကိုလဲသုံးကြည့်ပေမယ့် သူ့လောက်မကြိုက်လို့ ဒါကိုတော့ အမြဲမပြတ်အောင် သုံးလက်စအပြင်‌ နောက်တစ်ဘူးပါအပိုထပ်ဆောင်ဖြစ်ပါတယ်
👁️ ပိစိလေးလိမ်းပြီး မသိသာဘူးမလုပ်ရဘူးနော် သင့်တော်တဲ့ပမာဏ လိမ်း‌ပေးရပါမယ်
👁️ All skin types ok ပါတယ်နော် ဝင့်လို sensitive ဖြစ်လွယ်တဲ့သူတောင်အဆင်ပြေပါတယ်

✨ အရေပြားကို တင်းရင်းအောင်လုပ်ပေးပြီး အရေးအကြောင်းများလျှော့ချပေးတယ် anti-aging fighter ပါ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ fine lines တွေကို recovery တကယ်လုပ်ပေးတယ်နော်
✨ မျက်ကွင်းညိုတာနဲ့ မျက်စိတဝိုင်းမှာဖြစ်သော မညီညာသောအရောင်အဆင်းများကိုသက်သာစေတယ်
✨ moisturizing အားကောင်းတယ်၊ အရေပြားကို အားဖြည့်ပေးပြီး စိုပြေစေတဲ့အတွက် မျက်လုံးထောင့်က crows feet နဲ့ smile lines တွေကသိပ်မသိသာတော့ဘူး အဓိကအစိုဓာတ်ပြည့်ဝနေစေလို့ပေါ့
✨ Sunscreen တို့ makeupတို့ အပေါ်ကထပ်လိမ်းတဲ့အခါမှာ လိမ်းထားတဲ့ eyecream ကြောင့် layer ထူပြီး crease ဖြစ်တာမျိုးမဖြစ်စေဘူး
✨ Makeup အောက်မှာ eye base အနေနဲ့ကောင်းကောင်းအလုပ်လုပ်တယ်၊ makeup, concealer ထပ်လိမ်းလို့ ကွက်မသွားဘူး
✨ Texture အရလဲ butter လေးအတိုင်းဘဲ နူးနူးညံ့ညံ့ အိအိလေး ၊ စေးကပ်တာမျိုးမဖြစ်လို့ ကြိုက်ပါတယ် ❣️

Texture က comment မှာပြထားပါတယ် 🧈

Grand Rose Extracts ပါဝင်မှုကြောင့် အရေပြားပြန်လည်ထူထဲစေပြီး အသားအရေကို ပိုမိုကျန်းမာစေတယ်၊ Fine Line Reducer အာနိသင်ဖြင့် အသားအရေကို frim ဖြစ်စေပြီး အရေးအကြောင်းများလျှော့ချပေးတယ်၊ အမြန်စိမ့်ဝင်လွယ်သော formula ကြောင့် အသုံးပြုပြီး အမြန်ဆုံးစိုပြေပြီး fine lines တွေကို blur ဖြစ်စေတယ်

💡 20ml full size ကဈေးများပါတယ်၊ mini size 5ml (4)ဘူးဆို full size ဝယ်တာ‌ထက် သက်သာပါတယ်
ဈေးနှုန်းအရ mini size က 30000 - 35000 ကြားဘဲရှိတာမလို့ မဆိုးဘူးလေနော်

✅ mini size ရဲ့အားသားချက်က Hygiene အရ ပို‌ကောင်းတယ်၊ သူ့ဘူးက နှိုက်သုံးရတာဆိုတော့လေ
✅ Shelf life or expired date အရကြည့်မယ်ဆိုလဲ mini က fresh ပိုဖြစ်တယ်လို့ခံစားရလို့ mini size ဘဲသုံးဖြစ်ပါတယ်

🚨 ကောင်းတာလေးတွေသုံးနေကြရင်လဲ ဝင့်ကို comment မှာပြန်လည် sharing လုပ်ကြပါဦးလို့ပြောချင်ပါတယ် ✌🏽

With 💗 Wint

Lancome absolute eyecream
Lancôme

01/01/2025

Here’s to new beginnings and brighter tomorrows... Happy New Year to all! 🕊️✨💗

Photos from Wint's Motif's post 26/12/2024

"A December to Remember..." 🎄🕊️❣️

May you be merry, your heart light, and your soul peaceful⛄✨❄️

📸 Aung JueLu

Photos from Wint's Motif's post 17/11/2024

Under the moonlit floor 🌙✨

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok