Aung Ny Ln
ကြိုဆိုပါ၏
15/09/2026
လူတစ်ယောက်အပေါ် ကောင်းခဲ့တာတွေကို ငါနောင်တရမှာ မဟုတ်ဘူး။
အဲ့လူက ငါ့အပေါ် ဘယ်လောက်ကောင်းတဲ့လူ ဖြစ်ခဲ့လို့လား ငါစိတ်မဝင်စားဘူး။ ငါကိုယ်တိုင်က ကြင်နာတတ်တဲ့ လူတစ်ယောက်ဖြစ်နေလို့ပဲ။
တွေ့ဆုံခဲ့ရတဲ့ရေစက်တွေအတွက် ငါ့ကိုယ်ငါအပြစ်မတင်ဘူး မကောင်းတဲ့လူတွေအပေါ် ဝဋ်ကြွေးဆပ်ရတယ်လို့ မသတ်မှတ်ဘူး။
ငါကောင်းပေးနိုင်သလောက် ကောင်းပေးခဲ့တယ် ရပ်တန့်သွားတဲ့ဆက်ဆံရေးတွေနဲ့ပတ်သက်ရင် နောင်တရလို့
အောက်ဖဲလှန်တာမျိုး ငါမလုပ်တတ်ဘူး ဒါကြောင့် တချို့တွေ့ဆုံမှုတွေကို ကျေးဇူးတင်သလို တချို့ထွက်သွားခြင်းတွေကိုလည်း ကျေးဇူးတင်တယ်
ဘယ်သူမှ မရှိတော့ရင်တောင်မှ ငါကောင်းခဲ့တာတွေအတွက် ငါဟာ အအေးချမ်းဆုံး ဘဝကို ဖြတ်သန်းဖြစ်နေလိမ့်မယ်
လူကောင်းတွေဟာ နောင်တကင်းပါတယ်လေ ။
14/09/2026
ဟိုတစ်ယောက် စကားနားမထောင်ဘူး အိမ်ထဲမှာဘဲနေပါဆိုတာ ရင်ထဲမှာဘဲလာလာနေတယ်😁😁
13/09/2026
#ကမ္ဘာပေါ်မှာ ဒဏ်ရာကင်းတဲ့လူဆိုတာ
မရှိပါဘူး။
တချို့ဒဏ်ရာက မြင်သာတယ်၊
တချို့ဒဏ်ရာက အပြုံးတစ်ခုရဲ့
နောက်မှာ ပုန်းကွယ်နေတယ်။
လူတိုင်းမှာ ကိုယ်တိုင်ပဲသိတဲ့
ဝမ်းနည်းမှုတွေ ရှိတယ်။ ဘယ်သူ့ကိုမှ
မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေ ရှိတယ်။
ညအိပ်ရာဝင်တဲ့အခါ တိတ်တိတ်လေး
ပြန်တွေးမိတဲ့ အတိတ်တွေလည်း ရှိတယ်။
ဒါပေမဲ့ ဘဝဆိုတာ ဒဏ်ရာမရအောင်
ရှောင်ရှားရတဲ့ ခရီးတစ်ခု မဟုတ်ပါဘူး။
ဒဏ်ရာရပြီးတဲ့နောက် ကိုယ့်ကိုကိုယ်
ပြန်ထူထောင်တတ်လာတဲ့ ခရီးတစ်ခုပါ။
တချို့က ကိုယ့်ကို နာကျင်စေတယ်။
တချို့အဖြစ်အပျက်က ကိုယ့်ရဲ့
ယုံကြည်မှုကို ချိုးဖျက်တယ်။
တချို့ဆုံးရှုံးမှုက ကိုယ့်ဘဝကို အရင်လို
ပြန်မဖြစ်နိုင်တော့အောင် ပြောင်းလဲပစ်တယ်။
ဒါပေမဲ့ အဲဒီအရာတွေကြောင့်
ကိုယ့်ဘဝတစ်ခုလုံးကို အဲဒီနေရာမှာပဲ
ရပ်တန့်ထားဖို့ မလိုပါဘူး။
“ဖြစ်ခဲ့တာတွေကို ငါ ပြောင်းလဲလို့မရဘူး။
ဒါပေမဲ့ အဲဒါတွေပြီးတဲ့နောက်
ငါဘယ်လိုလူတစ်ယောက် ဖြစ်လာမလဲ
ဆိုတာကိုတော့ ငါကိုယ်တိုင်
ရွေးချယ်လို့ရတယ်။” လို့
တစ်နေ့နေ့မှာ ကိုယ့်ကိုကိုယ် ပြန်ပြောနိုင်လာမှာပါ။
ကုစားခြင်းဆိုတာ အတိတ်ကို
မေ့ပစ်လိုက်တာ မဟုတ်ပါဘူး။ တစ်ချိန်က
ကိုယ့်ကို နာကျင်စေခဲ့တဲ့အရာကို
ပြန်တွေးမိတဲ့အခါ အရင်လို မနာကျင်တော့တဲ့
အခြေအနေကို ရောက်လာတာပါ။
တစ်နေ့မှာ ကိုယ့်အတိတ်ကို ပြန်ကြည့်ပြီး
“အဲဒီအချိန်တုန်းက ငါ တကယ် ပင်ပန်းခဲ့တာပဲ” လို့
ပြောနိုင်လာသလို တစ်ချိန်တည်းမှာပဲ
“ဒါပေမဲ့ ငါ ဖြတ်ကျော်နိုင်ခဲ့တယ်” လို့လည်း
ပြောနိုင်လာရင် ဒါဟာ ကိုယ့်ရဲ့ အနိုင်ရခြင်းပဲဖြစ်ပါတယ်။
လူတိုင်းက ကိုယ့်ဒဏ်ရာကို မကုစားပေးနိုင်ဘူး။
လူတိုင်းက ကိုယ့်နာကျင်မှုကို
နားလည်ပေးနိုင်မှာလည်း မဟုတ်ဘူး။
ဒါကြောင့် တစ်ခါတလေ
တစ်ယောက်ယောက်ရဲ့ ကယ်တင်မှုကို
မစောင့်ဘဲ ကိုယ့်ကိုကိုယ် ပြန်ဖက်ထားဖို့ လိုပါတယ်။
အနားယူဖို့လိုရင် အနားပါ။
ငိုချင်ရင် ငိုပါ။
ပင်ပန်းရင် ခဏရပ်ပါ။
ပြီးတော့ အချိန်ယူပြီး ပြန်ထပါ။
ကိုယ့်ဘဝကို ပြန်တည်ဆောက်ဖို့
နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး။
အမာရွတ်တွေ ရှိနေလည်း ရပါတယ်။
အဲဒီအမာရွတ်တွေက ကိုယ် ဘယ်လောက်
နာကျင်ခဲ့တယ်ဆိုတာကိုပဲ မပြဘဲ
ကိုယ်ဘယ်လောက် ခိုင်ခိုင်မာမာ
ဒီနေ့အထိ ရှင်သန်ရပ်တည်လာနိုင်ခဲ့တယ်
ဆိုတာကိုပါ ပြောပြနေပါတယ်။
ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ်
ကိုယ့်ကိုကိုယ် မစွန့်လွှတ်ပါနဲ့။
နောက်ဆုံးမှာ ကိုယ့်ကို ပြန်ကယ်တင်
ပေးနိုင်မယ့်သူက ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
FacebookReelsContest
09/09/2026
အရွယ်ရောက်လာတယ်ဆိုတာ အရာတော်တော်များများကို ပိုနားလည်လာခြင်း ဖြစ်သလို
တစ်ချိန်က လွယ်လွယ်နဲ့ ပျော်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရခက်လာခြင်းလည်း ဖြစ်မယ်။
ကလေးဘဝတုန်းက လူတစ်ယောက်ကို
ချစ်ရင် ချစ်တယ်လို့ ခပ်ရဲရဲ ပြောခဲ့တယ်။
မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောတာပဲ ။
စိတ်ဆိုးရင် စိတ်ဆိုးတဲ့အတိုင်း
ဝမ်းနည်းရင် မျက်ရည်နဲ့ ပျော်ရင်လည်း
အကြောင်းပြချက်မလိုပဲ အားရပါးရ
ရယ်မောခဲ့တယ်။
ဘယ်သူက ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာ
သိပ်မတွေးခဲ့ဘူး။
သူငယ်ချင်းတစ်ယောက်က မုန့်ဝယ်လာရင် အတူခွဲစားခဲ့ကြတယ်။
တစ်နေ့က စိတ်ဆိုးထားလည်း ဒီနေ့ရောက်ရင်
ဘာမှမဖြစ်ခဲ့သလို ပြန်ကစားနိုင်ခဲ့ကြတယ်။
အဲ့ဒီအချိန်က ခင်မင်မှုတွေမှာ အကျိုးအမြတ်
မပါဘူး။
ယုံကြည်ဖို့လည်း သက်သေမလိုဘူး။
ဘဝက ရိုးရှင်းသလောက် ပျော်ရွှင်မှုတွေကလည်း လွယ်လွယ်ကူကူ ရခဲ့တယ်။
ဒါပေမယ့် ဒီနေ့မှာတော့ လူတစ်ယောက်ကို
ခင်မင်မိရင်တောင် သူ့ရဲ့သဘောထားကို အရင်စဉ်းစားရတယ်။
စကားတစ်ခွန်းပြောပြီးရင် ဘယ်လိုထင်သွားမလဲဆိုတာ ပြန်တွေးရတယ်။
စိတ်ထဲမှာ နာကျင်နေရင်တောင်
“အဆင်ပြေပါတယ်” လို့ ပြုံးပြတတ်လာတယ်။
မကြိုက်တာကိုလည်း အခြေအနေအရ တိတ်တိတ်လေး ကျော်ဖြတ်တတ်လာတယ်။
လောကကြီးကို နားလည်လာတာနဲ့အမျှ
လူတွေကို သတိထားတတ်လာတယ်။
ဘယ်သူ့ကို ယုံရမလဲ၊ ဘယ်သူ့ရှေ့မှာ ဘာပြောသင့်လဲဆိုတာ အတွေ့အကြုံတွေက
သင်ပေးလာတယ်။
အဲ့ဒီအတွေ့အကြုံတွေနဲ့အတူပဲ
တစ်ချိန်က ဘာမှမစဉ်းစားပဲ ရယ်မောနိုင်ခဲ့တဲ့
ကိုယ့်ကိုယ်ကိုယ်လည်း တဖြည်းဖြည်း လွမ်းလာတယ်။
ငယ်ဘဝကို တမ်းတမိတာက ကစားခဲ့တဲ့နေရာတွေ စားခဲ့တဲ့မုန့်တွေ၊ အတူရှိခဲ့တဲ့သူငယ်ချင်းတွေကိုသာ မကဘူး။
ကိုယ့်ခံစားချက်ကို မကြောက်ပဲ စိတ်လွတ်လက်လွတ် နေတတ်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ လွတ်လပ်မှုကိုပါ တမ်းတမိတာမျိုးပဲ။
ကလေးဘဝက မပြည့်စုံပေမယ့်
ပေါ့ပါးခဲ့တယ်။
คลิกที่นี่เพื่อเป็นสมาชิก?