Monywa Thar
🌿 မုံရွာရဲ့ အလှအပ၊ အထင်ကရနေရာများ၊ သမိုင်းနှင့် အမှတ်တရများကို မျှဝေပေးနေသော Page။ 📍 Monywa, Sagaing Region
ကြော်ငြာများအပ်လိုပါကလက်ခံပါသည်
29/08/2026
မုံရွာရဲ့ ညနေခင်းတွေကို လွမ်းမိတဲ့အခါ… 🌆❤️
တစ်ခါတလေ မုံရွာမြို့ရဲ့ ညနေခင်းတွေကို ပြန်သတိရမိတယ်…
အရင်တုန်းက ညနေဆိုတာ အခုလို ကိုယ့်အလုပ်၊ ကိုယ့်ဘဝတွေနဲ့ အလျင်လိုနေတဲ့အချိန်မျိုး မဟုတ်သေးဘူး။
သူငယ်ချင်းတစ်ယောက်က “ဘယ်မှာလဲ၊ ထွက်ခဲ့လေ” လို့ ဖုန်းဆက်လိုက်ရင် သိပ်မကြာခင်ပဲ ဆိုင်ကယ်လေးတွေကိုယ်စီနဲ့ ရောက်လာကြတာ။
ဘယ်ကိုသွားမယ်ဆိုတာလည်း အတိအကျမရှိဘူး…
ကျောက်ကာလမ်းဘက် လျှောက်မလား၊ လက်ဖက်ရည်ဆိုင်မှာ ထိုင်မလား၊ ညဈေးဘက် သွားမလားဆိုပြီး လမ်းပေါ်ရောက်မှ ဆုံးဖြတ်ကြတာမျိုး…။
လက်ဖက်ရည်တစ်ခွက်ကို လူငါးယောက်ခြောက်ယောက် ဝိုင်းထိုင်သောက်ရင်း
အလုပ်အကြောင်း၊ အချစ်အကြောင်း၊ အိပ်မက်တွေအကြောင်း ပြောကြ…
တစ်ယောက်ပြောတဲ့ ဟာသလေးတစ်ခုနဲ့ပဲ အားလုံးဝိုင်းရယ်ခဲ့ကြတဲ့အချိန်တွေ။
ပိုက်ဆံအများကြီးမရှိခဲ့ပေမယ့်
ပျော်စရာတွေကတော့ အများကြီးရှိခဲ့တယ်။
ဆိုင်ကယ်ဆီကုန်သွားရင်လည်း တစ်ယောက်ကတွန်း၊ တစ်ယောက်ကရယ်…
ညနက်သွားလို့ အိမ်ကဆူမှာကို သိပေမယ့်
“နည်းနည်းနေရင် ပြန်မယ်” ဆိုရင်းနဲ့ အချိန်တွေကုန်သွားခဲ့တာပဲ။
အဲဒီတုန်းကတော့ ဒီလိုညနေခင်းတွေဟာ
တစ်နေ့နေ့မှာ အမှတ်တရအဖြစ်ပဲ ကျန်ခဲ့မယ် ဆိုတာ ဘယ်သူမှ မတွေးခဲ့မိကြဘူး။
အခုတော့…
တစ်ချို့သူငယ်ချင်းတွေက အဝေးကိုရောက်သွားကြပြီ၊
တစ်ချို့က အလုပ်ကိုယ်စီနဲ့၊
တစ်ချို့က မိသားစုကိုယ်စီနဲ့…
အရင်လို “ထွက်ခဲ့လေ” ဆိုတဲ့ စာလေးတစ်ကြောင်းနဲ့ စုံစုံညီညီ တွေ့ဖို့တောင် မလွယ်တော့ဘူး။
လမ်းတွေကတော့ ရှိနေတုန်းပဲ…
ဆိုင်တွေကလည်း တချို့ရှိနေတုန်းပဲ…
ဒါပေမယ့် အရင်က အဲဒီလမ်းပေါ်မှာ အတူရယ်ခဲ့ကြတဲ့သူတွေ၊
အတူလျှောက်ခဲ့ကြတဲ့ညနေခင်းတွေကိုတော့
ဘယ်လောက်လွမ်းလွမ်း ပြန်မရနိုင်တော့ဘူး…။ ❤️
မုံရွာရဲ့ အရင်ကညနေခင်းတွေထဲမှာ
သင်အလွမ်းဆုံးက ဘယ်နေရာ၊ ဘယ်သူတွေနဲ့ ပျော်ခဲ့ရတဲ့အချိန်လဲ…? 🌙
#မုံရွာည
29/08/2026
မုံရွာ မြို့ အရင်ခေတ်..စက်ဘီးခေတ်ကပေါ့
ဘယ်လောက်ရှေးကျနေပါစေ ကို့မြို့လေးမို့လားမသိ အရမ်းချစ်စရာကောင်း..
#အရင်ခေတ် #စက်ဘီးခေတ်
29/08/2026
မုံရွာလို့ပြောလိုက်ရင်
မပါမဖြစ် တမာတန်းနဲ့ကျောက္ကာလမ်း..♥️
အမှတ်တရများရှိခဲ့မယ်ထင်ပါတယ်..♥️
#မုံရွာ #ကျောက္ကာလမ်း
29/08/2026
တချိန်က မုံရွာကန်သာယာရဲ့ သစ်သားတံတားလေး မှတ်မိကြသေးလားဗျ...💕♥️
#မုံရွာမြို့ #ကန်သာယာ
#တံတား
မုံရွာမြို့ သာသနာ့နယ်မြေ မဟာဗောဓိတထောင်ရပ်တော်မှူဘုရားကြီး ဆုတောင်းခဲ့ပါအုံး..🙏
#မုံရွာမြို့ #ဘုရား
29/08/2026
မုံရွာမြို့ ဗောဓိတထောင်ရပ်တော်မှူဘုရားကြီး ဖူးမျှော်နိုင်ကြပါစေ🙏ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံးအေးချမ်းကြပါစေ..🙏
#မုံရွာမြို့ #ဘုရား
မုံရွာမြို့ရဲ့ ညဘက်အလှ ...♥️
#မုံရွာမြို့
28/08/2026
ပြည်ပ ရောက်နေသူများအနေနဲ့ အခုလက်ရှိ kpay wave pay အကောင့်များထည်းမာလက်ကျန်ငွေများကျန်သေးတယ်ဆို အမြန်ဆုံးမြန်မာပြည်အကောင့်များထည်းသို့ လွှဲးထားကြရန် အထူးသတိပေးအပ်ပါတယ် ကျနော်ကိုလာပြောကြတာများ နေပါပီ အကောင့်တွေ OTP ကုဒ်နဲ့ပြန်၀င်ခိုင်းနေပါတယ် တစ်ယောက်မက နှစ်ယောက်မကတော့ပါဘူး ပြည်ပမာဆိုတော့ ဖုန်းsim တွေ အလုပ်မလုပ်တဲ့ခါ အကောင့်ထည်းပြန်၀င်မရတာတွေ ဖြစ်နေကြပါတယ် အားလုံးပဲးအဆင်ပြေကြပါစေ..🙏
တို့မြန်မာ တွေလည်း ရောက်လေရာဒုက္ခပါပဲး ..
ရွှေတောင်ဦးနဲ့ စစ်ကိုင်းတံတား..♥️
#ရွှေတောင်ဦး #စစ်ကိုင်းတံတား
28/08/2026
စိန်ပန်း နီနဲ့ကန်သာယာ မုံရွာ..♥️
คลิกที่นี่เพื่อเป็นสมาชิก?