khun mg

khun mg

แชร์

လောဂဓံ

Photos from khun mg's post 29/03/2026

အီရန်ရေနံကျွန်းကို သိမ်းရန် ပင်တဂွန်စီစဉ်၊ မြေပြင်တက်လာမည့် အမေရိကန်စစ်သားများကို မီးလောင်တိုက်သွင်းမည်ဟု အီရန်ကြုံးဝါး

29 Mar 2026 By Al Jazeera English

အမေရိကန်ကာကွယ်ရေးဌာန ပင်တဂွန်စစ်ဌာနချုပ်သည် အီရန်နိုင်ငံအတွင်း ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မည့် အကန့်အသတ်ရှိသော မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်နေပြီး ယင်းစစ်ဆင်ရေးများတွင် ခါ့ဂ်ကျွန်း (Kharg Island) နှင့် ဟော်မုဇ်ရေလက်ကြားအနီးရှိ ကမ်းရိုးတန်းဒေသများကို ဝင်ရောက်စီးနင်းမှုများ ပါဝင်နိုင်ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက အမေရိကန်အရာရှိများကို ကိုးကား၍ ဖော်ပြခဲ့သည်။

အဆိုပါအစီအစဉ်များသည် တစ်နိုင်ငံလုံးကို အလုံးစုံကျူးကျော်ဝင်ရောက်သည့် အဆင့်အထိ မရောက်သော်လည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် ပုံမှန်ခြေလျင်တပ်ရင်းများကို အသုံးပြုကာ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ယင်းကြောင့် အမေရိကန်စစ်သည်များသည် အီရန်၏ ဒရုန်းများ၊ ဒုံးကျည်များ၊ မြေပြင်ပစ်ခတ်မှုများနှင့် မြေမြှုပ်မိုင်းများ၏ အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု ဝါရှင်တန်ပို့စ်က စနေနေ့တွင် ရေးသားခဲ့သည်။

သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ယင်းအစီအစဉ်များကို အတည်ပြုမည်၊ မပြုမည်မှာ မသေချာသေးပေ။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်ကမူ စစ်သေနာပတိချုပ်ဖြစ်သူ သမ္မတအတွက် ရွေးချယ်စရာနည်းလမ်းများစွာ ရှိနေစေရန် ပြင်ဆင်ပေးရခြင်းမှာ ပင်တဂွန်၏ တာဝန်သာဖြစ်ပြီး သမ္မတက ဆုံးဖြတ်ချက်ချလိုက်ပြီဟု မဆိုလိုကြောင်း ပြောကြားခဲ့သည်။

အီရန်နှင့်စစ်ပွဲမှာ ပဉ္စမမြောက်ရက်သတ္တပတ်ထဲသို့ ရောက်ရှိလာချိန်တွင် ထရမ့်အစိုးရသည် အရှေ့အလယ်ပိုင်းသို့ မရိန်းတပ်ဖွဲ့များကို စေလွှတ်ထားသလို အမှတ် (၈၂) လေထီးတပ်မကြီးမှ စစ်သည်ထောင်ပေါင်းများစွာကိုလည်း စေလွှတ်ရန် စီစဉ်နေသည်။

စနေနေ့တွင် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က USS Tripoli စစ်သင်္ဘောဖြင့် အပိုဆောင်းစစ်သည် ၃,၅၀၀ ခန့် အရှေ့အလယ်ပိုင်းသို့ ထပ်မံရောက်ရှိလာကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ စစ်သည်များနှင့် မရိန်းတပ်ဖွဲ့ဝင်များသည် မတ်လ ၂၇ ရက်တွင် ဒေသတွင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး တိုက်လေယာဉ်များနှင့် အခြားသော စစ်လက်နက်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

ဝါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သော အရာရှိများ၏ အဆိုအရ ပြီးခဲ့သည့်လအတွင်း အစိုးရအဖွဲ့အတွင်း ဆွေးနွေးမှုများ၌ အီရန်၏ အဓိကရေနံတင်ပို့ရာဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရေးနှင့် ဟော်မုဇ်ရေလက်ကြားအနီးရှိ ကမ်းရိုးတန်းဒေသများကို ဝင်ရောက်စီးနင်းကာ ကုန်သွယ်ရေးနှင့် စစ်ဘက်သင်္ဘောများကို တိုက်ခိုက်နိုင်သည့် လက်နက်များကို ဖျက်ဆီးရေးတို့ ပါဝင်နေသည်။

ယင်းစစ်ဆင်ရေးများသည် ပြီးမြောက်ရန် ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် အများဆုံး နှစ်လခန့်သာ ကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားကြသည်။

ယခုသတင်းနှင့်ပတ်သက်၍ ပင်တဂွန်နှင့် အီရန်အစိုးရတို့က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးသော်လည်း ပါကစ္စတန်နိုင်ငံကမူ ဝါရှင်တန်နှင့် တီဟီရန်အကြား ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းနေပြီး ဆော်ဒီ၊ တူရကီနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ခေါ်ကာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ကမူ ရန်သူသည် အပြင်ပန်းတွင် ဆွေးနွေးရေးအတွက် သတင်းစကားများ ပေးပို့နေသော်လည်း တိတ်တဆိတ် မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း၊ အမေရိကန်စစ်သားများ မြေပြင်ပေါ်သို့ ရောက်လာပါက မီးလောင်တိုက်သွင်းရန် ၎င်းတို့၏ စစ်သည်များက စောင့်ဆိုင်းနေကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

၎င်းက ရန်သူ၏ အားနည်းချက်ကို သိရှိထားပြီး ရန်သူ့တပ်အတွင်း ကြောက်ရွံ့တုန်လှုပ်မှုများကို မြင်တွေ့နေရသည်ဟုလည်း ဆိုသည်။

ထို့အပြင် အီရန်ရေတပ်ဗိုလ်ချုပ် ရှာရမ် အီရန်နီကလည်း အမေရိကန်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောသည် ပစ်ခတ်မှုအကွာအဝေးအတွင်း ရောက်ရှိလာပါက အမေရိကန်က နှစ်မြှုပ်ခဲ့သော ဒေနာစစ်သင်္ဘောအတွက် လက်စားချေ တိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

ထို့အတူ အီရန်သည် ပင်လယ်နီဝရှိ ဘပ်အယ်လ်မန်ဒက် (Bab al-Mandeb) ရေလက်ကြားတွင် စစ်မျက်နှာသစ်တစ်ခုဖွင့်၍ ရန်သူကို အပြစ်ပေးရန်အတွက် အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များကလည်း အသင့်ရှိနေကြောင်း သတင်းများက ဖော်ပြထာပါသည်။

25/02/2026

🥰🥰😱😱😱

24/02/2026
23/02/2026

🤣🤣🤣

23/02/2026

ဟာသvideoများ

17/02/2026

ဆင်တူလေး🤣🤣🤣🤣🤣

Photos from khun mg's post 17/02/2026

ကျော်ကြီတောပွဲးထပ်ရပြန်ပီ ဘယ်သူနဲတောပရိတ်ဘဲခန်မှန်းကြည့်လိုက်ပ့ါ

16/02/2026

🤣🤣🤣🤣🤣

Photos from khun mg's post 14/02/2026

အိုးမိုင်ကော့😱😱😱😱🫨😱

17/01/2026

23 ့ တွဲဆိုင်းများ 4ယောက်ပါဝင်သည်💪💪💪

16/11/2025

စူပါဘုန်း တဝမ်ချိုင်အတွက် လက်စားချေပေးလိုက်ပါပီ💪💪💪

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok