Phyu Beauty Life
ဘဝသစ်
16/03/2026
ဒီမနက်
မနက်စာစားဖို့ ဇွန်း ခရင်း ရှာနေတဲ့ထိုင်းလူမျိုးအစ်မတစ်ယောက်ကိုတွေ့တယ်။ လာနေကျဟုတ်ဟန်မတူတော့ နေရာမတွေ့ဘူး ဖြစ်နေတာ။
(အမှန်က mall ထဲမှာ ဧည့်သည်တွေအတွက် ဇွန်း ခရင်း ထားပေးတဲ့နေရာ 3 နေရာလောက်ရှိပါတယ်။)
ဒါနဲ့သူ့မှာ ပန်းကန်လေးကိုင်ပြီး ယောင်လည်လည်ဖြစ်နေရော
ကိုယ်ကလဲ မနက်စာစားမလို့ ဇွန်းခရင်း သွားယူရင်း တလက်စတည်း သူ့အတွက်ပါ ယူလာပေးလိုက်တာ
ကျေးဇူးတင်ပါတယ်ဆိုပြီး မနက်စာ သူ့အမျိုးသားနဲ့ စားကြပါရော(ဖြစ်ချင်တော့ သူက ခေါက်ဆွဲပန်းကန်ကိုင်ထားတာတွေ့လို့ ကိုယ်က လိုလိုမယ်မယ် ဟင်းရည်သောက်ဇွန်းတစ်ချောင်းနဲ့ဇွန်းခရင်းတစ်စုံယူလာပေးလိုက်တာ အဆင်ပြေတာနဲ့စားပါစေပေါ့ကွယ် ကွက်တိ နှစ်ယောက်စာရသွားတာ)
ကိုယ်လဲ မနက်စာ စားအပြီး Toilet ထဲ ခဏ သွားလိုက်တာ 5မိနှစ်မကဘူးထင်တယ် 😛 Toilet ထဲ ကထွက်လာတော့ အဲ့အစ်မက ဒီမုန့်တွေနဲ့ထိုင်စောင့်နေတာပါပဲ။
ခပ်ခွန်းခ ခပ်ခွန်းခနဲ့ အတင်းထိုးပေးတာ လက်ကာပြလဲ မရဘူး အားနာလိုက်တာမှ 😁
ကိုယ်လဲ လက်အုပ်လေးချီပြီး ခပ်ခွန်း န ခ လို့ပဲ
ပြန်ပြောလိုက်ရတော့တယ်။
ကူညီတာက သေးသေးလေးပေမယ့် အသိအမှတ်ပြုလို့ ရတဲ့ခံစားချက်ကတော့လေ။😊😊😊😊😊
Morning 🥰
ကိုယ့်ကို အမြဲနာကျင်လေးလံစေတဲ့သူကို
လွှတ်ချလိုက်တာ အကောင်းဆုံးပါပဲ။
15/02/2026
Morning 🥰
ကြာပန်းတွေရဲ့သဘာဝကို သဘောကျတယ်။
သူကတနေရာမှာ မြဲမြံပြီအမှတ်နဲ့
အစွမ်းကုန်ပွင့်တယ်။ ဖူးတယ်။ သူ့အလှတွေကို
ကန်တပြင်လုံးကျယ်ပြန့်အောင် လှနေကာမှ သူ့ကိုသဘောကျလို့ တနေရာရွေ့ပြီး ပြန်စိုက်ဖို့
သယ်သွားတဲ့အခါမှာ နေပူထဲဖြတ်လျှောက်ပြီး
စိုက်ပျိုးချင်တဲ့သူရဲ့လိုရာလို လိုက်ရတာပါပဲ။
ကြာပန်းစိုက်တဲ့အခါမှာလဲ ရွှံညွှန်ထဲ ထိုးနှစ်ပြီး
စိုက်ပျိုးခြင်းခံရတယ်။
ရေပေါ်မှာ လှပစွာ မဖူးပွင့်နိုင်ခင်က
ရွှံ့နွံထဲက ရုန်းထဖို့ သူအတော်ကြိုးစားရပါတယ်။
ရွှံ့နွံထဲ ရုန်းနေချိန်မှာ ဘယ်သူမှ မမြင်ပေမဲ့
ရေပေါ် ပေါ်လာချိန်မှာတော့ ခူးလိုသူ တွေနဲ့
အလှကြည့်ချင်သူတွေနဲ့ ကိုယ့်လို ပုံရိုက်ချင်သူတွေ
ဝိုင်းဝိုင်းလည်နေပေါ့။သူ့သဘာဝကို သတိထားမိတဲ့သူမရှိသလောက်ရှားတယ်။သူ့ရဲ့ရုန်းထနေတဲ့အချိန်ကို မသိသလောက်ရှားတယ်။
ခု ကိုယ်ရိုက်လာတဲ့ကြာပန်းလေးကရော ဘယ်အရပ်ဒေသကနေ ရွေ့ပြောင်းပြီး အလှစိုက်ခံရဖို့ ရောက်လာတာပါလိမ့်။
သူခုလို လှပရှင်သန်ဖို့ ဘယ်လောက်တောင်ဖြတ်ကျော် ရုန်းထခဲ့ရပါလိမ့်။
လှပနေရင်သာ ဝန်းရံကြတာပါ။ခက်ခဲနေတဲ့အချိန်မှာ အားပေးဖော် ဝန်းရံဖော် ဆိုတာ လောကမှာ အင်မတန်ရှားပါးပါတယ်။
အဲ့လိုလူတွေကို မိတ်ဆွေကောင်းလို့ခေါ်ပါတယ်။
မိတ်ဆွေကောင်းတွေကို နှုတ်ဆက်လိုက်ပါတယ်။
မင်္ဂလာမနက်ခင်းပါရှင်🙏🥰
14/02/2026
၁။ ဘာအကြောင်းပြချက်ပေးပေး မင်းကို မရွေးချယ်ဘူးဆိုကတည်းက အကြောင်းပြချက်က မင်းဖြစ်နေလို့ပါ။
၂။ ငွေမက်တယ်ပြောရင် မကြိုက်ကြပေမယ့် မင်းမှာငွေမရှိရင်လည်း အမျိုးရင်းတွေတောင် လူရာမသွင်းပါဘူး။
၃။ မင်း စကားပြောမအောင်တာ မဟုတ်ဘူး။ မင်းမှာ ငွေနဲ့အောင်မြင်မှုဆိုတဲ့ ဩဇာတွေလိုနေလို့ပါ။
၄။ မိန်းကလေးတွေ ငွေရှာပါ။ ပိုက်ဆံရှိရင် အသက်ကြီးတဲ့အထိ တစ်ကိုယ်လုံးလှလို့ရတယ်။
၅။ ရိုးသားလို့ လွတ်ပေးလိုက်မယ်ဆိုတဲ့ လူလိမ်မရှိဘူး။ ရိုးသားလေ ပိုလိမ်ညာခံရလေပဲ။
၆။ ရင်းနှီးတိုင်း ရင်မဖွင့်ပါနဲ့။ အတွင်းရေးတွေပေါက်ကြားတယ်ဆိုတာ အတွင်းလူတွေဆီကပဲ လာတာပါ။
၇။ ငွေမက်ပါ။ ငွေမမက်ရင် ငွေမရှိတဲ့မင်းအနားမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။
💐🍀🕊🌿
14/02/2026
ကိုယ်ပိုင်အလုပ်မလုပ်ခင်က ဝန်ထမ်းလုပ်ခဲ့တဲ့တလျှောက်လုံး အကောင်းဆုံးတာဝန်ယူ အကောင်းဆုံးကြိုးစားခဲ့တော့ ကိုယ်မလုပ်ချင်ရင် အလုပ်ကို ကိုယ်ကပဲဖြုတ်ချခဲ့တာ
CDM လုပ်ခဲ့တုန်းကလဲ
CDM လို့ မသိခင်တည်းက ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့အလုပ် ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ယူနီဖောင်း
ကိုယ်တိုင်ပဲ အရင်ထားပစ်ခဲ့တာ😌😔
အာဏာသိမ်းတာ 1.2.2021 ရက်နေ့
4 .2.2021 ရက်နေ့တည်းက ရုံးမသွားတော့ဘူး
ဦးမင်းကိုနိုင် CDM ကြော်ငြာတာက 8.2.2021
2024 ရှမ်းမြောက်စစ်ဆင်ရေးအပြီး
စစ်အတွင်းကြားကာလမှာလဲ ဆရာမဝင်လုပ်ခဲ့တာပါပဲ။ စီမံခန့်ခွဲတာကို မကြိုက်လို့ ကိုယ့်ဘာသာထွက်လာတာ(တချို့တွေသိဖို့ ကြောက်လို့ရှောင်တာမဟုတ်ဘူး ရွံလို့ရှောင်တာ 😎)ထိုင်းထိ သတင်းကရသေးတယ် သူတို့ပြေးကုန်ပြီတဲ့ 🤭😂
ဪ တစ်ချက်ပြောဖို့မေ့နေတာ ရုံးမှာစီမံခန့်ခွဲရေး ဌာန အတွေ့အကြုံ 6နှစ် လုပ်ခဲ့ဖူးပါတယ်။အပြင်အလုပ်တွေနဲ့ပေါင်းရင် 10နှစ်ကျော် 😊
ခုထိုင်းရောက်လို့ တစ်ကပြန်စတော့လဲ အရင်းအနှီးမရှိ ဘာသာစကားမတတ်သေး အထောက်အထား မခိုင်မာသေးတော့ ဝန်ထမ်းကပြန်စရတာပါပဲ။ ဒါပေမဲ့ ကိုယ်တာဝန်ယူလို့ရတာ ကိုယ်သိတာကို အကောင်းဆုံးကြိုးစားတယ်။ကိုယ်တတ်ထားတဲ့စကေးတွေကိုလဲ ပြောပြထားတယ်။
အလုပ်ရှင်ဘက်လဲ မျှတွေးတယ် ကူညီနိုင်တာကို
ကူညီပါ့မယ်လို့လဲ ပြောထားတယ်။😊
အူပါးကို ဈေးရောင်းစကေး သင်ပေးပြီးတော့
နောက်လူသစ်တွေကိုလဲ အစ်မပဲ သင်ပေးပါတဲ့
စိတ်ချပါ ဈေးရောင်းတဲ့အတွေ့အကြုံက 10 တန်းအောင်တည်းက ရှိခဲ့တာရော Online ခေတ်ထတော့
Online ပေါ်မှာ 2015 တည်းက ဈေးရောင်းခဲ့လို့
အတွေ့အကြုံက 10နှစ်ကျော်ပါပြီ။
Experience Level So Hight ဖြစ်နေပါပြီ
တတ်နိုင်တဲ့ဘက်ကနေ အပြန်အလှန်ကူညီပါ့မယ်လို့
Marketing, Communication, Service, Online business, Live, Video, Content,Accounting Experience 18 year, Education က ဆယ်တန်းအောင် 17နှစ်တည်းက မို့ အသက် 40နားနီးပေမဲ့ အလုပ်တစ်ခုရဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပါတယ်။
ဘာရယ်ဟုတ်ဘူး ဈေးရောင်းရင်းမအားတဲ့ကြားက
ရေးလိုက်တာ ။😁
အယ် Page နဲ့မှားပြီး ရေးလိုက်ပြီ။ပြန်မဖျက်တော့ဘူး။ Block ချင်လဲ block နိုင်ပါတယ်ရှင်။နောက်လဲ
မှားပြီး ရေးမိအုံးမှာမို့ပါ ။😝
ပုံက ဘဲကြီးကို VCall နဲ့ လှမ်းကော
အဲလေ ဟုတ်ပါဘူး လှမ်းပြော 🤭😂
ကိုယ်လှရင်ပြီးရော တင်လိုက်ပြီ 🫣🤭😂
ကိုယ့်နိုင်ငံရဲ့အနေအထားကို စပြီး သုံးသပ်မိတဲ့အချိန်က 2024 ခုနှစ် အောက်တိုဘာလ ရှမ်းမြောက်မှာ စစ်တွေစဖြစ်တဲ့အချိန် အရမ်းတော့မဆိုးဝါးသေးပေမဲ့ ရှေ့မျှော်ကြည့်လိုက်တော့ အနာဂတ်က ဝေဝါးနေတယ်။
ကိုယ်ကျွမ်းကျင်ပြီး အခြေချထားတဲ့အလုပ်နဲ့က တစ်နေ့ ဒုက္ခတွေ့မယ်ဆိုတာကို စိတ်ခံစားချက်က သိနေတာမို့ ဘေးလွတ်ရာ သွားဖို့ ရည်ရွယ်ပြီး ဆက်သွယ်လို့ရသမျှ စုံစမ်းရင်း တစ်နှစ်ကျော်လာခဲ့တယ်။
ကူညီနိုင်မဲ့သူကို ဆက်ပြီး စုံစမ်းတော့လဲ သူများနိုင်ငံမှာ ဆရာမတို့မလုပ်နိုင်ပါဘူးတဲ့ ဒီနိုင်ငံမှာလို မနက် 9နာရီရုံးတက် ညနေ 4နာရီရုံးဆင်း မဟုတ်ဘူး အရမ်းပင်ပန်းပါတယ်တဲ့။ဟုတ်ကဲ့ပါပေါ့။
ဒါနဲ့ပြည်ပထွက်ဖို့ ခဏမေ့ထားပြီး ဆရာမအလုပ်လေးအားတင်းပြီး ဆက်လုပ်ခဲ့ပါတယ်။ကိုယ်တွေဆိုတာကလေ မှားနေရင် မှားနေတယ်လို့ ပြောလိုက်ရမှ အမှန်ကိုသိသိနဲ့ အမှားနောက်ဆက်မလိုက်ချင်တဲ့လူစားမျိုးဆိုတော့ ဆရာမအလုပ်မှာလဲ အထက်က လုပ်ပုံတွေမမှန်တော့ ထပ်ဆင့်ကွမ်း CDM လုပ်မိပြန်တယ်။
ဒါနဲ့ပဲ စိတ်လေပြီး ရှမ်းမြောက်တခွင် ပြဲပြဲစင်အောင် ဆိုင်ကယ်တစ်စီးနဲ့လှိမ့်နေမိတာ။အမှန်ကိုပြောရင် မကြိုက်တဲ့လူစားတွေကို မပတ်သက်ချင်တော့တာလဲ ပါတာပေါ့။
ဒါနဲ့ပဲ မြန်မာနိုင်ငံနဲ့ရေစက်က ပါးလာတော့ ထိုင်းကို အကူအညီပေးမဲ့သူ (သူ့အကျိုးလဲ ပါပါတယ်။)ကြောင့် ရောက်လာခဲ့ပါတယ်။ ဆောက်လုပ်ရေးပိုင်းမှာ သန့်ရှင်းရေး အိမ်သာဆေး ကြမ်းတိုက်ကို အိမ်အလုပ်တွေ လုပ်ရင်း နှစ်လလောက် သည်းခံပြီး လုပ်ခဲ့ပါတယ်။
ကိုယ့်ကံကလဲ တစ်ခုရှိတယ်။ရွေးချယ်မှုနဲ့လဲဆိုင်မှာပေါ့။ငယ်တည်းက ပင်ပန်းဆင်းရဲဒဏ်ခံခဲ့ရဖူးတော့ အသက်လေးရလာလေ ပညာတွေသင်ချင်လေ ပညာနဲ့ပဲအလုပ်လုပ်ချင်လေပါပဲ။
ဒါနဲ့ပဲ သန့်ရှင်းရေးအလုပ်ကနေ ထွက်လာပြီး အလုပ်ထပ်ရှာရတာပါပဲ။သူများနိုင်ငံမှာ အလုပ်တစ်ခုရရှိရေးဆိုတာ ငါးတကာပါးစပ်ထဲက အစာလိုပါပဲ။ရဖို့မလွယ်ပါဘူး။သူများနိုင်ငံဆိုတော့ သူတို့နိုင်ငံသားတွေမလုပ်ချင်တဲ့အလုပ်ကိုပဲ လုပ်ကြရတာပါ။
ဒီနေရာမှာ စာရေးဆရာ မောင်သာချိုရဲ့ဟောပြောပွဲထဲက ဗဟုသုတလေးကို ပြောပြချင်ပါတယ်။ငါ့လူတို့တဲ့ သူများနိုင်ငံကို ရောက်ရင် သူတို့နိုင်ငံသားတွေမလုပ်ချင်တဲ့ ညစ်ပတ်တဲ့အလုပ် ၊အန္တရာယ်ရှိတဲ့အလုပ်၊ ခက်ခဲတဲ့အလုပ်တွေကိုပဲ တခြားနိုင်ငံကလူတွေက ရတာတဲ့။
(ဒီနေရာမှာ တစ်ခုတော့ ပြောစရာရှိပါတယ်။ငွေသုံးနိုင်ပြီး ခေါင်းမသုံးပဲ ဉာဏ်ရှိသလောက် လုပ်မယ်ဆိုရင်တော့ မှန်ပါတယ်။ဒါပေမဲ့ ဒီဘက်ခေတ်မှာ ကိုယ့်နိုင်ငံရဲ့အုပ်ချုပ်သူမကောင်းလို့ တခြားနိုင်ငံတွေမှာ ခိုလှုံကြရတဲ့မြန်မာနိုင်ငံသားတွေထဲမှာလဲ ပညာတတ်တွေ ၊ တော်တဲ့သူတွေ ၊ထက်မြက်တဲ့သူတွေလဲ ရှိပါတယ်။)
ကိုယ်က တခြားနိုင်ငံရောက်တာတော့ဟုတ်ပါပြီ ချဉ်းကပ်မိတဲ့သူက ဘယ်လိုလူလဲ ဘာအလုပ်လုပ်လဲ ဆိုတဲ့အပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ကွဲပြားသွားပါတယ်။ဒါကိုလဲ ကိုယ်တွေက အများကြီး အတွေ့အကြုံရှိခဲ့ဖူးလို့သာ သုံးသပ်ပြနိုင်တာပါ။
ဒါကြောင့် ပညာဆိုရင် ဘယ်ပညာဖြစ်ဖြစ် သင်သာသင်ထားလိုက်ပါ။အသုံးမတည့်တဲ့ပညာဆိုတာမရှိပါဘူး။ထပ်လောင်းပြောပါရစေ ပညာဆိုတာ စာသင်မှ မဟုတ်ပါဘူး ကိုယ်မသင်ဖူးတဲ့နယ်ပယ်က အရာအားလုံးဟာ ပညာပါပဲ။သင်သာသင်ယူထားပါ။အခက်အခဲကြုံလာတဲ့အခါ အသုံးဝင်ကိုဝင်ပါတယ်။သင်ယူလေလေ ဉာဏ်ထက်လေပါ။ဒီနေ့တော့ ဒီလောက်ပါပဲရှင်။ဈေးရောင်းလိုက်ပါအုံးမယ်။
#ထိုင်းရောက်မြန်မာ
#တတ်သည့်ပညာမနေသာ
23/01/2026
နေရာလွဲခြင်း
🍀🍀🍀🍀
မိဘဆိုတာလဲ မိဘနေရာနေမှ မိဘလိုကျင့်သုံးပါမှ မိသားစုဆိုတာ စိတ်ချမ်းသာ ပျော်ရွှင်ရတာပါ။
ထို့အတူပါပဲ အိမ်ထောင်ဦးစီးဆိုတာလဲ အိမ်ထောင်ကို အမြဲရှေ့က မားမားမတ်မတ်ဦးဆောင်နေမှသာ ဇနီးနဲ့သားသမီးတွေ စိတ်ချမ်းသာပျော်ရွှင်ရတာပါ။
ကိုယ်တာဝန်ယူထားတဲ့နေရာကိုမှ တာဝန်ကျေအောင် မနေနိုင်ရင် မိသားစုဆိုတာ ဘယ်တော့မှ ပြည့်စုံ စိတ်ချမ်းသာမှုကို မရနိုင်ပါဘူး။
အိမ်ထောင့်တာဝန်မှာ မိသားစု စားဝတ်နေရေး ကျန်းမာရေး ပညာရေး ပျော်ရွှင်ရေး စတာတွေ ဟန်ချက်မညီလာတော့ဘူး ဆိုရင် တဖြည်းဖြည်းနဲ့
ပျော်ရွှင်မှုဆိတ်သုန်းသွားတာပါပဲ။
မိသားစုထဲမှာ ရေသာခိုတဲ့စိတ်ရှိသူ တစ်ယောက်ယောက်ရှိလာရင် မိသားစုတိုင်းမှာ ဝန်ပိုဖြစ်တတ်ပါတယ်။မိသားစုဘဝအားလုံး ပျော်ရွှင်ကြပါစေ။
အထှာကျချင်ရင်
🍀🍀🍀🍀🍀🍀
အရွယ်နဲ့မလိုက်တဲ့အတွေ့အကြုံတွေကြောင့် လူက အရွယ်နဲ့မလိုက်အောင်မာကျောကြံ့ခိုင်နေပါတယ်။
တခါတလေတွေးမိတယ်။ငါဘာလို့များ အခက်အခဲတွေကို ဒီလောက်ရင်ဆိုင်နိုင်တာလဲပေါ့ မမှီခိုချင်တဲ့စိတ်နဲ့ မခံချင်စိတ်ကလူကိုအများကြီး တွန်းအားပေးသလို ပိုပြီး သန်မာစေတာပါ။
ငါ့အတွက်ဘယ်သူရှိမှဖြစ်မယ်ဆိုတာထက် ငါ့အတွက် ငါရှိတယ်။ငါသန်မာမှဖြစ်မယ်ဆိုပြီး လဲကျတိုင်း ပြန်ထလိုက် အားစိုက်ပြီး ပြန်လျှောက်လိုက်နဲ့ဘဝရဲ့အနာတွေကို Drama ခင်းပြဖို့တောင် အချိန်မရပါဘူး။
ဒီနေ့တစ်ရက်ကုန်ရင် နောက်နေ့တစ်ရက်အတွက် အားမွေးပြီး ရှေ့ဆက်မယ်။ဘဝဆိုတာ တစ်ရက်ပြီး တစ်ရက် သန်သန်မာမာ ရှေ့ဆက်နိုင်ရင်ပဲ အထှာကျနေပါပြီ။
#ထိုင်းရောက်မြန်မာ
20/01/2026
မနေ့က ဘတ်ရိုက်ဖို့ လက်ဗွေသွားနှိပ်တော့ မြန်မာပြည်ပြန်ရောက်သွားသလိုပါပဲ။
ကိုယ့်နိုင်ငံကလူတွေကြည့်ပဲမို့ပါ 😔
ကိုယ်လုပ်တဲ့ပွဲစားနဲ့တောင် လူပေါင်းရာထောင်ချီတယ်။ထိုင်းမှာက ဘတ်ရိုက်ပေးတဲ့ပွဲစားတွေဆိုတာ ရိုက်t- တ်လို့မကုန်ဘူး။သဘောပြောတာနော် 😁
ပွဲစားတစ်ဖွဲ့မှာတောင် လူပေါင်းထောင်ချီရင် ကိုယ့်နိုင်ငံမှာ လူငယ်လူရွယ်တွေ (လူ့စွမ်းအားရင်းမြစ်တွေ)ဘယ်လောက်တောင်ဆုံးရှုံးနေရလဲ တွေးကြည့်ပြီး မအလ ကိုထပ်ပြီး ကိုင်တုတ် ဆော်ကဲပစ်လိုက်မိတယ်။🤬
စစ်မှုမထမ်းချင်လို့ ရှောင်လာကြတာမှ လူမျိုးပေါင်းစုံ တကယ့်အရွယ်ကောင်းတွေ နှမျောလိုက်တာမှပြောမပြတတ်ဘူး။
ဒါတောင် ကိုယ့်နိုင်ငံအနာဂတ်အတွက် ပေးဆပ်နေတဲ့ တို့ကလေးတွေရဲ့စွန့်လွှတ်ခြင်းများစွာကလဲ
ရေတွက်လို့မကုန်ဘူး ။🥺
တကယ့်လူငယ်လေးတွေ ခံယူချက်မတူလို့ ကစဉ့်ကလျားဖြစ်ကြရပေမဲ့ လူလတ်ပိုင်းဖြစ်တဲ့ကိုယ်တွေက CDM လေးတစ်ခုသာ ခိုင်ခိုင်မာမာပြတ်ပြတ်သားသား (ရန်ငါပါပြတ်တာနော်😎)လုပ်နိုင်တာလေးပဲရှိလို့ တခါတလေ ကိုယ့်ဘာသာအားမလိုအားမရဖြစ်မိတယ်။😔
ခုချိန်များ အမေလွတ်လာပြီး( မအလ က သော်ကေကိုသော်ကေရမှာ😏)နိုင်ငံကို ပြန်ဦးဆောင်မယ်ဆိုရင် ချက်ချင်းကိုယ့်နိုင်ငံပြန်ပြေးလာပြီး အရင်လိုပြည်သူ့ဝန်ထမ်းစစ်စစ်ဘဝနဲ့တိုင်းပြည်အတွက်တထောင့်တနေရာကနေ အလုပ်အကျွေးပြန်ပြုအုံးမှာပါ။
လတ်တလောတော့ ကိုယ့်ရပ်တည်ရေးကို ကြိုးစားရုန်းကန်ရင် အမေ ကျန်းမာပါစေလို့သာ ဆုတောင်းချွေရင်း အားတင်းရှေ့ဆက်နေပါတယ်။
#နည်းနည်းမှသွေဖယ်မသွားဘူး