SCM NAN HLA
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก SCM NAN HLA, สุขภาพ/ความงาม, Chiang Mai.
01/11/2023
စေသနာဆိုတာ လူတိုင်းနဲ့ မတန်ဘူး ။စေသနာဆိုတာ ပေးသင့်ပေးထိုက်တဲ့ လူကို ပေးမှ တန်ဖိုးထားတက်မှလေ စေသနာအစစ် အမှန် နဲ့မတန်တဲ့ထဲမှာ မင်းလဲပါ။
05/07/2023
အောင်မြင်ဖို့အတွက် သင့်ဆီမှာ ရှိသင့်တဲ့ အချက်ငါးချက်🎯
-----------------------------------------------------------------------------------
၁။ ပထမအချက်🎯
အိပ်မက်ရှိရမယ်။✅
ရည်မှန်းချက် အိပ်မက်ကြီးကြီးမက်ပါ။ ရဲရဲမက်ပါ။
ဘဝတစ်ခုလုံး ပြောင်းလဲနိုင်လောက်အောင်မက်ပါ။
အရင်က သင်မမက်ရဲတဲ့ မမက်ဖူးတဲ့ အိပ်မက်ကို
ဒီနေ့ပဲ မက်လိုက်ပါ။
ရည်မှန်းချက် အိပ်မက် မက်တဲ့နေရာမှာ
လက်ရှိဘဝကို ခဏမေ့ထားပါ။
သင် အမှန်တကယ်ဖြစ်ချင်တဲ့ဘဝမျိုး
သင်အမှန်တကယ် လိုချင်တဲ့ဘဝမျိုး
သင်အမှန်တကယ် ရောက်ချင်တဲ့ဘဝမျိုး ဖြစ်ဖို့လိုပါတယ်။
၂။ ဒုတိယအချက်🎯
ယုံကြည်ရမယ်။✅
သင်တကယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ အိပ်မက်ကို
သင်တကယ်သိပြီဆိုရင် သိရုံနဲ့မရသေးဘူး။
ငါ အဲ့ဒီအိပ်မက်ကို ဖြစ်ကိုဖြစ်စေရမယ်လို့ ယုံကြည်ရမယ်။
သင့်ကိုယ်သင်မှ မယုံကြည်ရင် မယုံကြည်ရဲရင်
အခြားသူက သင့်ကို ဘယ်လိုယုံကြည်မလဲ။
အခြားသူယုံယုံ မယုံယုံ သင့်ကိုယ်သင် ယုံကြည်ဖို့လိုတယ်။
သင်ဖြစ်ကိုဖြစ်ရမယ်လို့ အပြည့်အ၀ ယုံကြည်လိုက်ပါ။
၃။ တတိယအချက်🎯
သင်ယူရမယ်။✅
သင့်ကိုယ်သင် ယုံကြည်ရုံနဲ့ မရသေးဘူး။
သိသင့်သိထိုက်တာ လေ့လာသင့် လေ့လာထိုက်တာ
သင်ယူရမယ်။
Little knowledge is very dangerous ဆိုသလိုပဲ
မသင်ယူပဲလုပ်ရင်တော့ ချောက်ထဲကျမှာသေချာတယ်။
ဒါကြောင့် တတိယအချက်ဖြစ်တဲ့ သင်ယူမှုအပိုင်းကို
အပြည့်အဝ သင်ယူပါ။
၄။ စတုတ္ထအချက်🎯
လုပ်ဆောင်ပါ။✅
သင်ယူတတ်မြောက်ရုံနဲ့လည်းမရသေးဘူး။
သိတဲ့အတိုင်း မနားမနေလုပ်ဆောင်ရမယ်။
ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုရင်
မအောင်မြင်မချင်း တရက်မှငါမနားဘူးဆိုတဲ့ စိတ်နဲ့လုပ်ပါ။
နာရီ တစ်သောင်း (တစ်ရက် ၁၀နာရီ ၃နှစ်)
တစိုက်မတ်မတ်လုပ်ရမယ်။
လောကမှာ အလုပ်လုပ်ပြီး သေသွားတဲ့သူမရှိဘူး။
အလုပ်မလုပ်ပဲ ဆင်းဆင်းရဲရဲ ဘဝဖြတ်သန်းရမှသာ
အဲ့ဒီဆင်းရဲခြင်းကသာ သင့်ကို သတ်လိမ့်မယ်ဆိုတာ
မှတ်ပြီးလုပ်ပါ။
၅။ ပဉ္စမအချက်🎯
ပြန်လည်သုံးသပ်ပါ။✅
လုပ်ဆောင်နေရုံနဲ့ မအောင်မြင်သေးဘူးဆိုရင်
ပြန်လည်သုံးသပ်ပါ။
ကိုယ့်ရဲ့လုပ်ဆောင်ချက် ဘာချွတ်ယွင်းနေလဲ။
ဘာမှားနေလဲ ပြန်သုံးသပ်ပါ။
အားနည်းတဲ့အပိုင်း ချွတ်ယွင်းနေတဲ့ အပိုင်းကို
ပြန်လည်ပြုပြင်ပါ။ အောင်မြင်သူတွေကို ပြန်မေးပါ။ နည်းလမ်းတွေကိုပြန်သုံးသပ်ပါ။
အားနည်းနေရင် ပြောင်းလဲဖို့ လုံးဝ မတွန့်ဆုတ်ပါနဲ့။
🔰 ဒီအချက် ၅ချက် သင့်မှာရှိပြီဆိုရင်🔰
👉 သင်အောင်မြင်ဖို့လုပ်နိုင်ပြီ💪
05/07/2023
📣အောင်မြင်မှုရဲ့ အချက်(7)📣
--------------------
(1)..ပန်းတိုင်ချမှတ်ပြီး ပန်းတိုင်ကိုမြင်ရမယ်...
(2)..အခက်အခဲအတားအဆီးတေကို နားလည်ထားရမယ်...
(3)..သံသယစိတ်တေကိုရှင်းလင်းပါ..
(4)အကောင်းမြင်စိတ်ကိုဖန်တီးပုံဖော်ပါ..
(5)...စိန်ခေါ်မှုတေကို လက်ခံရင်ဆိုင်ပါ...
(6)..လမ်းကြောင်းပေါ်မှာရှိနေပါ..
(7)..ကိုယ်တိုင်လုပ်ဆောင် နိင်ကြောင်း ကမ္ဘာကိုလက်ခံလာအောင်ပြပါ.....
လူတိုင်းမှာ မတူညီတဲ့အရည်အချင်းတေရှိနေတဲ့အတွက် ဖလှယ်ပါ...
05/07/2023
ငါပြုပြင်နိုင်ဖို့
ငါ ညံ့ရင်
ငါခံရမယ်
သူများကို အပြစ်မတင်ဘူး။
ငါ လဲရင်
ငါ ထရမယ်
တွဲထူမယ့်သူလဲ မမျှော်ဘူး။
ငါ ပျင်းလို့
ငါ ဖျင်းတာ
ကြိုးစားတဲ့သူကို မနာလိုမဖြစ်ဘူး။
ငါ မလေ့လာလို့
ငါ မတတ်တာ
သူများနှိမ်လဲ မနာဘူး။
ငါ့ လိုအပ်ချက်
ငါ ဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လဲ မမြင်ဘူး။
ငါ ကောင်းအောင်
ငါ နေရမယ်( ငါမကောင်းတဲ့ အခါ)
အပေါင်းသင်းကြောင့်လို့ ခေါင်းစဉ်မတပ်ဘူး။
ငါ့ အကြောင်းကို
ငါ သိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ်။
မိဆွေများအားမဂ်လာပါရှင်
คลิกที่นี่เพื่อเป็นสมาชิก?