MANA College BY Naung

MANA College BY Naung

แชร์

မဂ်လာပါ၊ MANN College ကို မှာယူလို့ရပါပြီး ခဗျာ�

03/12/2022

အချစ်ဆိုတာ ဘဝမဟုတ်သလို
ဘဝဆိုတာလည်း အချစ်မဟုတ်ပါ
_______________________
အချစ်ကို ဗန်းပြပြီးကလေးဆန်ရမယ့် အရွယ်လဲမဟုတ်တော့ပါဘူး

ဘဝဆိုတာကိုလဲ ကလေးဆန်ဆန်အတွေးတွေနဲ့ ဖြတ်သန်းနေသ၍တိုးတက်လာမှာ မဟုတ်ပါဘူးအချစ်နဲ့ ဘဝ ဘာကို ရှေ့တန်းတင်မလဲပေါ့

အချစ်နဲ့ဘဝထပ်တူညီဖို့ဆိုတာကလဲအင်မတန်ကို ခက်ခဲလွန်းလှပါတယ်တစ်ခုခုကိုရှေ့တန်းတင်မိရင်တစ်ခုခုတော့ နောက်ကျကျန်နေမှာအမှန်ပါပဲ

ဒါပေမယ့်ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ဘဝပါပဲ
ဘဝကို အရင်လှအောင် လုပ်မလား?အချစ်ကို အရင် ဦးညွှတ်မလား?ဆိုတာကိုတော့ ကိုယ့်ရဲ့ ရွေးချယ်နိုင်တဲ့အပေါ် မူတည်ပြီး ခံစား စံစားကြရမှာပါပဲ

ထမင်းရည်အပူ အတူသောက်ပြီးတဲအိုပျက်မှာ နေရ နေရဆိုတဲ့စကားကတစ်ကယ့်အပြင်လူ့ဘဝမှာ လွယ်ကူတာမှမဟုတ်ပဲ

တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီအများသူငါလို စားချင် သောက်ချင်ဝတ်ချင်လှချင် အရာရာကိုထိတွေ့ကိုင်တွယ်မက်မောချင်နေကြတာလဲ သဘာဝပါပဲ

မိုးမမြင်လေမမြင် ချစ်စခင်စကြင်နာစတုန်းကတော့ သူ့မျက်နှာလေးမြင်နေရရင်ကို ဗိုက်ပြည့်သွားသလိုလိုအရာရာပြည့်စုံသွားသလိုလိုနဲ့ပါပဲ

တစ်ကယ့် တစ်ကယ်အဆင်မပြေမှုတွေနဲ့လဲ ကြုံရောသူ့မျက်နှာလေးလဲ တစိမ့်စိမ့်ထိုင်ပြီးမငေးနိုင် မကြည့်နိုင်တော့ဘူးထမင်းရည်ပူ အတူမသောက်နိုင်တော့သလို တဲအိုပျက်မှာလဲ
မနေနိုင်ကြတော့ပါဘူး

အချစ်ကိုရှေ့တန်းတင်မိလို့နစ်မွန်းသွားတဲ့ဘဝတွေရှိသလိုဖြစ်ထွန်းသွားတာတွေလဲ ရှိပါတယ်
အဆင်မပြေမှုတွေကြားထဲ နားလည်မှုရှိရှိလက်တွဲသွားကြတဲ့သူတွေကတော့တိုးတက်လာနိုင်ပါတယ်ရှားတော့ ရှားတာပေါ့လေ

ဘဝကိုရှေ့တန်းတင်မိပြန်ရင်လဲအချစ်ဆိုတာကို မေ့နေတတ်ကြပါတယ်ခေါင်းထဲမှာ ကိန်းဂဏန်းတွေပဲရှိပြီးခုန်နေတဲ့ နှလုံးကလဲသွေးလေလည်ပတ်မှု တစ်ခုထဲအတွက်ပဲဖြစ်နေတတ်ပါတယ်

ဒါပေမယ့် ဘဝကိုသာအရင်လှအောင်လုပ်ကြည့်ပါအချစ်ဆိုတဲ့အရာ ဘယ်ကနေဝင်မှန်းမသိကို ဝင်လာပါလိမ့်မယ်

အဲ့ဒီတော့ဘာကို အရင်ရှေ့တန်းတင်မလဲဆိုတာကိုတော့ သေချာလေးစဉ်းစားဆုံးဖြတ်ပါ သူငယ်ချင်းအချစ်က ဘဝမဟုတ်သလိုဘဝဆိုတာကလဲ အချစ်မရှိလို့ မပြည့်စုံနိုင်ပါဘူး


Rose

30/11/2022

"ခင်ဗျား တစ်လကို ဘယ်လောက် ဝင်ငွေရှိရှိ ၊ ဒီဝင်ငွေကို ငါးမျိုးခွဲ ပြီး အချိုးကျ သုံးစွဲဖို့ လိုတာကို အမြဲ သတိရပါ"
ဒီနေ့မှာတော့ ဟောင်ကောင် က နာမည်ကျော် ဘီလျံနာ သူဌေးကြီး လီကာရှင်းရဲ့ ငွေကြေးဆိုင်ရာ အကြုံ ပြုချက်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဒီငွေသုံးစွဲမှုနည်းလမ်းဟာ လီကာရှင်းကိုဘီလျံနာ သူဌေးကြီး အဖြစ်ကိုရောက်စေခဲ့တဲ့ အမူအကျင့်နည်းလမ်းလဲဖြစ်ပါတယ်။ ဒါအပြင် ဒီနည်းလမ်းဟာ ယခု မှ လုပ်ငန်းခွင် စဝင်တဲ့ လူငယ်များအတွက် အဓိက ရည်ရွယ်တာလဲဖြစ်ပါတယ်။
သူဌေးကြီး လီကာရှင်းက လူငယ်တွေ အနေနဲ့ မိမိ မှာ ရရှိတဲ့ ဝင်ငွေတွေ ကို အပိုင်း ၅ ပိုင်းခွဲပြီး သုံးစွဲ ဖို့ တိုက်တွန်းထားပါတယ်။
ဥပမာ သင်က တစ်လကို ဒေါ်လာ ၂၀၀၀ ဝင်ငွေ ရှိတယ်ဆိုပါစို့။ ဒီဝင်ငွေကို ပထမ ဒေါ်လာ ၆၀၀၊ ဒုတိယ ဒေါ်လာ ၄၀၀ ၊ တတိယ ဒေါ်လာ ၃၀၀၊ စတုတ္တ ဒေါ်လာ ၂၀၀ နဲ့ နောက်ဆုံး ဒေါ်လာ ၅၀၀ အဖြစ် ခွဲခြား လိုက်ပါလို့ဆိုပါတယ်။
လွယ်ကူအောင် ရာခိုင်နှုန်းနဲ့ ဆိုရရင်တော့ မိမိဝင်ငွေကို ပထမ တစ်စု အဖြစ် ၃၀%၊ ဒုတိယ ကို ၂၀%၊ တတိယ ကို ၁၅ %၊ စတုတ္တ အစုကို ၁၀% နဲ့ နောက်ဆုံးအစု အဖြစ် ၂၅% ပိုင်းခြား သတ်မှတ် လိုက် ဖို့ ဖြစ်ပါတယ်။
သုံးစွဲရမယ့်နည်းလမ်းကတော့..
ပထမအစု..
ပထမ အစု ကိုတော့ Living Expenses အဖြစ် သုံးစွဲ ပါလို့ဆိုပါတယ်။ တစ်နည်းအားဖြင့်တော့ စား ဝတ် နေရေး အတွက် စားရိတ်တွေအားလုံးကို မိမိဝင်ငွေရဲ့ ၃၀% နဲ့ တင် လုံလောက်အောင်သုံး စွဲဖို့ဖြစ်ပါတယ်။
ငယ်ရွယ်နေစဉ်မှာ ကျန်းမာသန်စွမ်းနေ တုန်း အပင်ပန်းခံနိုင်တုန်းဖြစ်တဲ့အတွက် စျေးသက်သာတဲ့ အိမ်ယာ တွေ မှာ စုငှားပြီးနေတာ၊ ချွေတာစားသောက်တာတွေ ကို လုပ်ဆောင်လို့ ရတဲ့ အတွက် ဒီအားသာချက် ကိုယူ ပြီး အသုံးချပါလို့ဆိုလိုတာဖြစ်ပါတယ်။
ဒုတိယ အစု…
ဒုတိယ အစုဖြစ်တဲ့ ဝင်ငွေရဲ့ ၂၀% ကိုတော့ မိမိရဲ့ Network ကိုချဲ့ထွင်ရာမှာ သုံးပါ လို့ဆိုပါတယ်။ Networkကိုချဲ့ ထွင်ရာ မှာ သူငယ်ချင်းတွေ ဆီကိုပုံမှန် ဖုန်းဆက် စကားပြောတာ၊ ကိုယ့်ထက် ပိုပြီး အသိပညာ အတွေ့အကြုံ ရှိတဲ့ သူတွေ ကို ညစာ ဖိတ်ကျွေးတာ၊ ကိုယ့်ထက်ပိုပြီး ချမ်းသာတဲ့ ဝင်ငွေရှိသူ တွေနဲ့ တွေ့ဆုံ တာမျိုးတွေ အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေ တွေနဲ့ အဆက်အသွယ် မပြတ် ပဲ ရင်းနှီးမှုတွေ တိုးလာတဲ့အခါ အကူအညီကောင်းတွေကိုရနိုင်မှာ ဖြစ်ပြီး ကိုယ်ထက် တစ်ဆင့် မြင့်နေ သူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ အခါ ကိုယ်လဲ သူတို့လို အတွေးအခေါ် အမူအကျင့်တွေကို ရရှိလာ မှာ ဖြစ်ပါတယ်။
တတိယ အစု
ဝင်ငွေရဲ့ ၁၅% ကိုတော့ သင်ယူ လေ့လာရေး Learning အတွက် ပုံမှန်သုံးဖို့ အကြုံပြုထားတာပါပဲ။ ကိုယ့် တိုးတက်မှုအတွက် စာအုပ်တွေ ဝယ်ယူ တာ၊ သင်တန်းတွေတက်တာ၊ အတတ်ပညာ တွေ လေ့လာတာ စတာတွေ အတွက်မဖြစ်မနေ သုံး ဖို့လိုအပ်ပါတယ်။
စတုတ်တအစု..
ဝင်ငွေရဲ့ ၁၀% ကိုတော့ မိမိကိုယ့်ကို ဆု ချတဲ့ အနေနဲ့ သုံးဖို့ ပါပဲ။ အားလပ်ရက် အပန်းဖြေခရီးတွေ ထွက်တာ၊ ပိုပြီး အတွေ့အကြုံ နဲ့ အမြင်တွေ ကျယ်ပြန့်လာအောင် အခြားနိုင်ငံ တွေကိုလေ့လာ တာ စတဲ့ အခြေအနေတွေ အတွက်သုံး ဖို့ အကြုံပြုတာဖြစ်ပါတယ်။ သူဌေးကြီးက တစ်နှစ်ကို နိုင်ငံခြား ခရီးစဉ် တစ်ခု လောက် သွားသင့်ပါတယ်လို့ လဲဆိုပါတယ်။
နောက်ဆုံး အစု..
ဝင်ငွေရဲ့ ၂၅% က တော့ အရေးကြီး တဲ့ အထဲမှာပါဝင်ပါတယ်။ ဒါကတော့ small business လေးတစ်ခုခု သို့မဟုတ် Investment တစ်ခုခု စတင် နိုင်ဖို့အတွက် စုဆောင်းရခြင်းဖြစ်ပါတယ်။ ဒီ အစု ရှိနေမှာသာ ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခုကို ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစု ရဲ့ အောင်မြင်နိုင်ခြေ ဟာ အရှေ့က အစု လေး စု လုံး ကိုကောင်းမွန်စွာဆောင်ရွက်နိုင်မှာသာ အောင်မြင်နိုင်ခြေ မြင့်မား မှာ ဖြစ်ပြီးချမ်းသာ ကြွယ်ဝမယ် လို့ ဆိုပါတယ်။
ကျွန်တော့် အကြံပြုချက်..
သူဌေးကြီးလီကာရှင်းရဲ့ အကြံပြုချက်ဟာ သိပ်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံ အခြေအနေ နဲ့ မြန်မာနိုင်ငံ အခြေအနေ ကွာခြားမှုတွေ ရှိတာကြောင့် အကြံပြုထားတဲ့ ဝင်ငွေ ရာခိုင်နှုန်းတွေကို တော့အတိ အကျ မဟုတ်ပဲ အဆင်ပြေမယ့် ရာခိုင်နှုန်းတစ်ခုကို ပြင်ဆင်ချိန်ဆ ဖို့ လိုအပ်ပါတယ်။ ဥပမာ လစာ သုံးသိန်း ဝင်ငွေ ရနေသူတစ်ဦးအတွက် living expenses ၃၀% ဆိုရင် ကိုးသောင်း ကျပ်သာ သုံးစွဲနိုင်မှာ ဖြစ်လို့ လောက်ငှမှု ရှိ မရှိ အခြေအနေတွေ ကြုံနိုင်ပါသေးတယ်။
ဘယ်လိုပဲဖြစ်ပါစေ မိမိဝင်ငွေကိုတော့ သူဌေးကြီးလီကာရှင်းပြောတဲ့ အပိုင်း ၅ ပိုင်း အဖြစ် မဖြစ်မနေ ခွဲခြား ပြီး အသုံးချ ဆောင်ရွက်နိုင် ဖို့ လိုအပ်ပါကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

28/11/2022

ဆုံးရှုံးမှာကြောက်လို့ မလုပ်ပဲနေကတည်းက ဆုံးရှုံးနေပြီးသားပဲ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

တနေ့က MMA နဲ့ ပတ်သတ်တဲ့ သတင်းတစ်ပုဒ် အမှတ်မထင် ဖတ်လိုက်မိတယ်။ အဲ့ဒီထဲက ကစားသမားတစ်ယောက်ပြောသွားတဲ့စကားက တော်တော်လေး မှတ်သားစရာတွေ ပါနေလို့ ပြန်ပြီး မျှဝေပေးချင်တယ်။

သတင်းက ကစားသမားတစ်ယောက်က တခြားကစားတစ်ယောက်ကို စိန်ခေါ်တဲ့ သတင်းပါ။ စိန်ခေါ်ခံရတဲ့ ကစားသမားက MMA ကစားသမားဘဝမှာ တစ်ပွဲမှ ရှုံးပွဲမရှိဘဲ ပြီးခဲ့တဲ့နှစ်ကမှ အနားယူသွားတဲ့ ကစားသမား။

အဲ့ဒါကို သူက ဘယ်လိုစိန်ခေါ်လဲဆိုတော့....

" သတ္တိရှိရင် ကြိုးဝိုင်းထဲ ပြန်လာခဲ့ပေါ့။ သူနဲ့ ပြန်ထိုးမယ်ပေါ့။ မလာရင် ရှုံးမှာကြောက်လို့ပဲပေါ့ (ရှုံးပွဲမရှိ စံချိန်ပျက်မှာ ကြောက်တာကို ဆိုလို)။ ရှုံးမှာကြောက်လို့ ထွက်ပြေးနေတယ်ဆိုကတည်းက မပြိုင်ခင် ရှုံးနှင့်နေပြီးသားပဲပေါ့"။

ပြီးတော့ သူက ဆက်ပြောတယ်။ သူကတော့ မကြောက်ဘူးပေါ့။ တနေ့ကျရင် သေခြင်းတရားဆိုတဲ့ အရာကြီးက ငါတို့ပိုင်ဆိုင်သမျှ အရာအားလုံးကို ယူဆောင်သွားမှာပဲပေါ့။ အဲ့အခါကျရင်လည်း ဆုံးရှုံးရမယ့်အတူတူ သူကတော့ ဘာကိုမှ ကြောက်မနေဘူးလို့ ပြောတယ်။

သူအဲ့လိုပြောတာ ဖတ်လိုက်ရတော့ ကျွန်တော် တော်တော်လေး အားတက်သွားတယ်။ အရင်က ရှုံးမှာကြောက်လို့၊ လူတွေကိုယ့်ကို တစ်မျိုးမြင်မှာစိုးလို့ဆိုပြီး မလုပ်ဖြစ်တဲ့အရာတွေ ပြန်ပြီး လုပ်ဖြစ်ဖို့ သတ္တိတွေရှိသွားတယ်။

စာတွေစရေးခါစကဆိုရင်လည်း " လူတွေငါ့ကို ဘယ်လိုမြင်မလဲ၊ ငါ့စာတွေဖတ်ပြီး တစ်ရာဖိုးသုံးပုဒ်လို့ ပြောရင် ဘယ်လိုလုပ်မလဲ" စတဲ့ အတွေးပေါင်းစုံနဲ့ ရေးရင်ကောင်းမလား၊ မရေးရင်ကောင်းမလားနဲ့ အမြဲချီတုံချတုံဖြစ်ခဲ့တယ်။

တနည်းအားဖြင့် ကျွန်တော်ဟာ ကျရှုံးမှာ၊ ဆုံးရှုံးမှာကို ကြောက်နေတာပါ။ ဒီစိတ်ကြောင့် မလုပ်ဘဲနေရင် ကျွန်တော်ဟာ အလိုလို ကျရှုံးနေပြီးသား ဖြစ်နေမှာပါ။

အဲ့တော့ MMA ကစားသမားပြောသလို တနေ့သေတဲ့အခါကျရင်လည်း အရာအားလုံး ဆုံးရှုံးရမယ့်အတူတူ ကျွန်တော်ကတော့ ဘယ်အရာကိုမှ ဆုံးရှုံးမှာ ကြောက်လို့ဆိုပြီး မလုပ်ပဲ နေမှာ မဟုတ်တော့ပါဘူး။

မိတ်ဆွေတို့လည်း ဒီလိုစိတ်မျိုးမွေးပြီး ကိုယ်လုပ်ချင်တဲ့အလုပ်မှန်သမျှ၊ ဆုံးရှုံးမှာကြောက်လို့ဆိုပြီး မလုပ်ရဲတဲ့ အလုပ်မှန်သမျှကို သတ္တိရှိရှိနဲ့ လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

05/10/2022

ဘယ်ချိန်နားထောင်ထောင် အမြဲတမ်း ခွန်အားဖြစ်စေတယ်

05/10/2022

ကိုယ့်ဘဝ အောင်မြင်ဖို့အတွက် လေ့လာသင့်တာ လေ့လာပါ😊💪

Photos from MANA College BY Naung's post 15/09/2022

❗MANA GLUTA COLLEGE ❗

🍂ကိုယ်တိုင် လှဖို့ အတွက်ကို အချိန်လေးနည်းနည်းနဲ့၊
ပိုက်ဆံလေးနည်းနည်းကိုတောင် မရင်းနှိီးနိုင်ကြဘူးလား ချစ်တို့😘
ရလဒ်မြန်မြန် လိုချင်ရင်တော့ MANA College က ကူညီပေးနိုင်တယ်နော် 😍

Photos from MANA College BY Naung's post 14/09/2022

❗College ကို ဖျော်သောက်ဖို့ ပျင်းနေတဲ့ လူတွေ❗

🔥ဖျော်သောက်ဖို့ အချိန်မရှိတဲ့သူတွေအတွက်🔥

💙MANA ကထုတ်ထားတဲ့ Pro College stickလေးရှိတယ်နော်💙

💁ခန္ဒာကိုယ်ရဲ့ ဆဲလ် တွေထဲထိ စိမ့်ဝင်မူမြန်ဆန်စေပြီး ရလဒ်အမြန်ရရှိစေပါတယ်နော်🍂

Photos from MANA College BY Naung's post 12/09/2022

❗အသက်ဆိုတာ ဂဏန်း သက်သက်ဘဲဆိုတာ❗

💙Pro College စားပြီးသက်သေပြလိုက်ပါ😃

Photos from MANA College BY Naung's post 11/09/2022

😍မင်းမရှိလို့ မဖြစ်ဘူး သိလား....⛅

💙 MANA PRO COLLEGE 💙
PH-0946711023

Photos from MANA College BY Naung's post 10/09/2022

🍁College တွေအများကြီး သောက်ဖူးတယ် အကြိုးသက်ရောက်မူ မရှိဘူးလို့ ခံစားနေရတဲ့ သူတွေအတွက် 🌈
💁 MANA ကထုတ်လုပ်ထားတဲ့ College လေးကို စမ်းသောက်ကြည့်ဖို့အကြံပေးပါရစေဗျ😘

တစ်ဘူးဝယ် တစ်ဘူးက လက်ဆောင်ပေးသေး😃
😍ထိုင်းနိုင်ငံအတွင်း ပို့ခံfree နဲ့ပို့ဆောင်ပေးပါ‌တယ်

✅(ကော်ဖီနဲ့လဲအတူဖျော်သောက်လို့ရပါတယ်)😃

❗ယုံကြည်စိတ်ချစွာ မှာယူလို့ရပါတယ်ဗျ🤗

☎️0945711023

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Nonthaburi?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

14/24
Nonthaburi