Nyinyi

Nyinyi

แชร์

အမွှေးပေါက်ဆေး✅
တင်းတိပ်ပျောက်ဆေး✅
မြန်မာစားသောက်ကုန်များရရှိနိုင်ပါတယ်ခဗျ🤝

26/07/2026

အခုမှထမင်းစားစာဝယ်

Photos from Nyinyi's post 25/07/2026

တရုတ်မကိုရော အဖေတုလုပ်ပေးတဲ့ ထိုင်းကိုရော ဖမ်းလိုက်တဲ့ သတင်း(25.07.2026)

ဖြစ်စဉ်က တရုတ်မ ထွက်ဆိုချက်ပေးတာ၊ ဒီတရုတ်မက တရုတ်ထီးနဲ့ ဘိုက်ကြီးတယ်။

ထိုင်းမှာ အနှစ်20လောက် နေလာခဲ့တဲ့ တရုတ်မဟာ ၊ထိုင်း အဖေတုကို ငှါးပီး မွေးလာတဲ့ ကလေးကို ထိုင်းနိုင်ငံသား မှတ်ပုံတင် ရအောင် လုပ်ပေးလိုက်တယ်တဲ့ ခဗျ

ဒီကလေးလေးက အခုဆို လူပျိုးတောင် ဖြစ်နေပီ။

ရဲတွေ လိုက်ရင်း လိုက်ရင်းနဲ့ ဘယ်လို သိလဲဆိုတော့ ဆေးရုံမှာ တရုတ်မ ကလေးရဲ့ DNA နဲ့ ထိုင်းအဖေ DNA က မကိုက်ညီဘူး။

အဲနောက် စစ်မေးရာမှ တရုတ်မရဲ့ ထွက်ဆိုချက်က၊ သူမဟာ ထိုင်းနိုင်ငံကို ချစ်တယ်၊ ကြိုက်တယ်၊သူမကလေးကိုလဲ ထိုင်းမှတ်ပုံတင် ရစေချင်တယ်။ အဲလို အဖေတုငှါးပီး လုပ်တာ အပစ်ကြီးမှန်း သူမမသိခဲ့ဘူးတဲ့ခဗျ”

အဲနောက် သတင်းက ထိုင်းအဖေတုကို ငှါးဖို့ ဘယ်သူနည်းလမ်းပေးလဲ၊အဲလိုလုပ်ရင် မှတ်ပုံတင် ရမယ်ဆိုတာ ဘယ်လို သိလဲလို့ မေးတော့ တရုတ်မဟာ ဘာမှ ပြန်မပြောနိုင်တော့ဘူး”

နောက်ဆုံးရသတင်းကတော့ အဖေအမည်ခံပေးတဲ့ အဖေတုရော၊ လိမ်ပီး မှတ်ပုံတင်လုပ်တဲ့ တရုတ်မပါ ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။


#ขอบคุณ #ประเทศไทย

Photos from Nyinyi's post 25/07/2026

အန္တရာယ် ဖြစ်စေလို့ သတိထားကြပါ၊ ပစ္စည်းအတုတွေမှာ ဓာတုမတည့်တဲ့ အရာတွေ ပါဝင်ပီး၊ ဆက်စပ်ပစ္စည်း ကုန်းကြမ်းထည်ဟာ ကျန်းမာရေး ထောက်ခံချက် မရှိပါဘူး။

CIB ရဲတွေက 24ရက်နေ့မှာ အကြီးဆုံး အတုထုပ် စက်ရုံကြီးကို ဝင်စစ်ဆေးကြတာ ပစ္စည်းတုတွေ အများကြီးကို သိမ်းရမိပါတယ်။

ကာဖယ်တု၊ အိုဘာတင်းတုနဲ့ တခြားဟာတွေ အများကြီးပဲကို့ဟာကို ပုံထဲမှာ ကြည့်ကြပါ။

ထုတ်လုပ်တဲ့ နေရာက၊ ဆာရပူလီမြို့မှာ လုပ်ပီး၊ ဘန်ကောက်- ဖန်ထွန်ပူလီကို ပို့ပါတယ်။

ပီးတော့ အပြောချိုချို sale တွေကို ရောင်းခိုင်းပီး၊ စျေးဆိုင်တန်းတွေကို ဖြန့်ချီ ရောင်းချတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အရောင်းဝန်ထမ်းတွေက sale အတုတွေ ဖြစ်ပါတယ်။

လက်ရှိသိမ်းရမိတာ 2.2သိန်း၊ တန်ဖိုးငွေ 2.6သန်း သိမ်းရမိပါတယ်။

ဆက်လက်ပီး တာဝန်ရှိသူတွေ မှာကြားတာက ဒီအတုတွေကို စားသုံးမိရင် ထောက်ခံချက် မရှိတဲ့ ကုန်ကြမ်းနဲ့ ပြုလုပ်ထားလို့ အမြဲစားသုံးသူတွေ သတိထားကြပါ။

အန္တရာယ်ရှိတဲ့ ဓာတုပါလို့ ရေရှည်မှာ ကိုတွင်းအစိတ်ပိုင်းတွေ ထိခိုက်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်ခဗျ
မူရင်းသတင်း-อีจัน

#ขอบคุณ #ประเทศไทย

23/07/2026

မြစ်ကြီးနား ခရီးစဉ် လေယာဉ်လက်မှတ်တွေ ဝယ်ယူရခက်ခဲနေပြီး စစ်တပ်က ခုံမပါတဲ့လေယာဉ်တွေနဲ့ ဝင်ရောက်ပြေးဆွဲနေ

Connect Burma | ဇူလိုင် ၂၂

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ကို ပျံသန်းပြေးဆွဲနေတဲ့ ပြည်တွင်း လေယာဉ်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ဝယ်ယူရမှု ခက်ခဲနေပြီး စစ်တပ်က ခုံမပါတဲ့လေယာဉ်တွေနဲ့ ဝင်ရောက်ပြေးဆွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ကနေ ရန်ကုန်၊ မန္တလေး အသွားအပြန် ခရီးစဉ်တွေအတွက် လက်မှတ်ဝယ်ယူရာမှာ အခက်အခဲတွေရှိနေပြီး လက်မှတ်စျေးနှုန်းတွေလည်း အဆမတန် စျေးတင်ရောင်းချနေတယ်လို့ ဆိုပါတယ်။

ပြေးဆွဲပေးတဲ့ လေယာဉ်ခရီးစဉ်နဲ့ စီးနင်းလိုက်ပါမယ့် ခရီးသည်အရေအတွက် မမျှတတာကြောင့် လေယာဉ်လက်မှတ်အလွယ်တကူ ဝယ်ယူလို့မရတော့ဘဲ မြေပြင်မှာ လေယာဉ်လက်မှတ်မှောင်ခိုစျေးကွက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန် - မန္တလေး - မြစ်ကြီးနား ခရီးစဉ်ကို ပြည်တွင်းက လေကြောင်းလိုင်းတွေဖြစ်တဲ့ Air Thanlwin ၊ မြန်မာအမျိုးသားလေကြောင်း (MNA)၊ Myanmar Airways International (MAI) နဲ့ မန်းရတနာပုံ လေကြောင်းလိုင်းတွေက ပြေဆွဲပေးနေပြီး လေကြောင်းလိုင်း တခုကို တပါတ် ၂ရက်သာ ပြေးဆွဲဖို့ စစ်အုပ်စုဘက်က ညွှန်ကြားထာတယ်လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့ကတော့ စစ်အုပ်စု လက်အောက်ခံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လေယာဉ်လက်မှတ်စျေးတင်ရောင်းတဲ့ မည်သူမဆို ထိထိရောက်ရောက် အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ မြစ်ကြီးနားလေယာဉ်ခရီးစဉ်လက်မှတ်တစောင်ကို ငွေကျပ် သိန်း၃၀အထိပေးဝယ်ခဲ့ရတဲ့ ခရီးသည်တဦး တိုင်ကြားရာက အစပြုတာလို့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“MNA လေကြောင်းလိုင်းကနေ မြစ်ကြီးနားလက်မှတ်တစောင်ကို ခရီးသည်တိုက်ရိုက်မဟုတ်ဘဲ တဆင့်ခံရောင်းတာက သိန်း ၃၀လောက်ပေးဝယ်လိုက်ရလို့ ခရီးသည်က ဝန်ကြီးဌာနဘက်ကို တိုင်လိုက်တော့ လေယာဉ်လက်မှတ်ထုတ်ပေးလိုက်တဲ့ လေကြောင်းလိုင်းက ဝန်ထမ်း အလုပ်ထုတ်ခံလိုက်ရတာ သိရတယ်” လို့ ဆိုပါတယ်။

လေယာဉ်လက်မှတ်တွေကို သတ်မှတ်စျေးထက် ပိုပေးပြီး ဝယ်ယူခဲ့ရရင် ခရီးသည်အမည်၊ ဝယ်ယူခဲ့တဲ့ ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR လက်မှတ်အမှတ်၊ ဝယ်ယူခဲ့တဲ့ အေးဂျင့်နာမည်၊ စျေးနှုန်း စတဲ့ အချက်အလက်တွေကို သက်သေအထောက်အထား အပြည့်အစုံနဲ့ လေကြောင်းလိုင်းထံ တိုင်ကြားဖို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်လက်မှတ် စျေးနှုန်းကြီးမြင့်ရတာဟာ မှောင်ခိုရောင်းဝယ်တာတွေ၊ ကိုယ်စားလှယ်တွေက စျေးတင်ရောင်းချတာတွေကြောင့်လို့ မှတ်ယူပြီး လေကြောင်းလိုင်းတွေကို ဖိအားပေးညွှန်ကြားတာတွေ ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“လေကြောင်းလိုင်းတွေဘက်ကိုလည်း ခရီးသည်တွေကို သူတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်တွေကနေ ဦးစားပေးဝယ်စေဖို့ နဲ့ ဝန်းထမ်းတွေအနေနဲ့လည်း နီးစပ်ရာကို လက်သိပ်ထိုး ရောင်းချတာတွေမလုပ်ဖို့ တားမြစ်ထားတယ်၊ ပြီးတော့ ဌာနဆိုင်ရာအတွက် လေယာဉ်ခုံတွေ ချန်ထားပေးရမယ်လို့လည်း ပြောတယ်။ အရောင်းကိုယ်စားလှယ်တွေအနေနဲ့တောင် လက်မှတ်ဖြတ်ဖို့ ခဲယဉ်းသွားပြီဆိုတော့ ပိုကြပ်တည်းလာဖို့ဘဲရှိမယ်၊ ဝက်ဘ်ဆိုက်ကလည် ကြေညာသာထားတာ အမြဲခုံကမရှိဘူး” လို့ သူက Connect Burma ကို ပြောပါတယ်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဖိအားပေးညွှန်ကြားမှုတွေက မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ လက်မှတ်ဝယ်ယူရခက်တဲ့ အခြေအနေကို မဖြေရှင်းပေးနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။
ဒီလို အကြပ်အတည်း ဖြစ်နေချိန်မှာ စစ်တပ်က သူတို့လေယာဉ်တွေနဲ့ ခုံမပါဘဲ မှောင်ခိုလမ်းကြောင်း ပြေးဆွဲနေတယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်လေယာဉ်တွေကလည်း လူတိုင်းစီးလို့မရဘူး အရေးပေါ်သွားဖို့လိုတဲ့သူတွေကတော့ သူ့အချိတ်အဆက်နဲ့ သူရှာဝယ်ပြီး စီးရတာ စျေးကလဲ ၁၅သိန်းဝန်းကျင်ပေါက်စျေးရှိတယ်၊ ခုံလည်းမပါဘူး” လို့ သူက ပြောပါတယ်။

မြစ်ကြီးနားမှာတော့ ငွေရှိရင်တောင် လေယာဉ်လက်မှတ် ဝယ်ယူရမလွယ်ကူတာကြောင့် ခရီးသွားမယ့် ခရီးသည်တွေ လက်မှတ်ရဖို့ အချိန်ယူစောင့်ဆိုင်းရတာတွေ ရှိနေတယ်လို့ သိရှိရပါတယ်။

👉မင့်တို့အဘခေတ်ရောက်မှ

အဲလိုစီးရတယ်ဟုတ်



ဓာတ်ပုံ - လူမှုကွန်ယက်

20/07/2026

ဝမ်းသာလိုက်တာ
သူ့ရပ်ကွက်မှာရှိတဲ့မြန်မာပြည်သားတွေဆိုရင်
အခွင့်အရေးအပြည့်ဝပေးတဲ့
နခွန်နယွတ်တစ်မြို့လုံးကချစ်ခင်ကြတဲ့
အမြဲကူညီတက်ပြီးစိတ်ကောင်းရှိတဲ့
အမျိုးသမီးအုပ်ချုပ်ရေးမှူးကြီး
ထိုင်းထီပထမဆု 2 စောင် ဘတ် 12 သန်းကံထူးသွား
စေတနာကပြန်အကျိုးပေးတာပဲ
#ထိုင်းရောက်ရွှေမြန်မာ #ထိုင်းရောက်မြန်မာ #ထိုင်း #အထူးသတင်း #သတင်း

20/07/2026

အိမ်က

ဝက်မပေါက်စလေး ထမင်းနဲ့ ငပိထောင်းနဲ့

ခရမ်းချဉ်သီးနဲ့ ဆွဲနေတာ😁😁😁

20/07/2026

စားလို့သိပ်မဝင်ဘူး

၃ပန်ကန်လောက်ပဲစားလိုက်တယ်😁😁😁

20/07/2026

တကယ်ဆိုရင်
မက်ဆီ ဖလားကိုင်ရမှာကိုကွယ်😃😃😃

20/07/2026

ဒီကနေ့ဇူလှိုင်လ 19ရက်နေ့ မနက် 10:45 ထိုင်းနိုင်ငံဘန်ကောက်မြို့ ဘန်ဘူထောင် နွန်ထာဘူရီဘက် ဆေးကြောင်တဲ့အမျိုးသားတစ်ဦးသူအိပ်ယာခင်းကို မီးပြန်ရှို့ဒါကြောင့် တစ်အိမ်လုံးမီးထလောင်သွားကာ ဘေးပတ်ဝန်းကျင်အိမ် 7 အိမ်လဲပါသွား။

မစ်စတာဝီနိုင်းက မူးယစ်ဆေးဝါးသုံးဆွဲတဲ့သူတစ်ဦးဖြစ်ပြီး ခါတိုင်းလဲဆေးကြောင်တိုင်းသူအိမ်ကပစည်းတွေကိုမီးပြန်ရှို့၊ဒါမဲ့‌ေဘးပတ်ဝန်ကျင်အိမ်ကကူညီပြီးမီးပြန်ငြိမ်းရ၊ဒီတစ်ခေါက်တော့မီးအရမ်းတောက်လောင်ပြီး သူအိမ်အပါအဝင်တစ်ခြားဘေးအိမ် 7 အိမ်ထိပါသွား။

သူတို့နေတဲ့တစ်ဝိုက်ကလဲ လမ်းကကျဉ်းပြီးမီးသတ်ကားတွေလဲဝင်လာမရ၊ကယ်ဆယ်ရေးသမားအတွက်လဲအရမ်းအခက်ခဲ ၊ဒါတောင်မီးသတ်ကား 10 ကားသုံးပြီး 1နာရီနီးပါမှမီးသတ်သမားများကမီးငြိမ်နိုင်။

အိမ်ပါသွားသူ အသက် 44 အရွယ်ဘေးအိမ် ဒေါ်ဝန်ဒီကတော့ မျက်ရည်မျက်ခွက်နဲ့သ‌တင်းထောက်ကို ဝမ်းနည်းကြေကွဲမှုပြောပြ၊ကျွန်မတို့ဒီမှမိသာစုလို‌ေနကြဒါ၊အမျိုး‌တွေကြီးဘဲ၊ဆေးကြောင်သူတော့သူတို့အမျိုးမဟုတ်ဘူး၊ကျွန်မအိမ်လဲမီးထဲပါသွားပြီး၊ဘာတစ်ခုမှယူလို့မရ ဘောင်းဘီနှစ်ထည်ကလွဲ၊ခုနေစရာလဲမရှိတော့ဘူး အခန်းတွေလိုက်ငှားနေရတော့မှရမယ်ဆိုပြီး ငိုယိုပြီးပြော။

နောက်ထပ်ဘေးအိမ် အိမ်ပါသွားသူ အသက် 66 မစ်စတာစေနာကလဲဝမ်းနည်းကြေကွဲးမှုနဲ့ပြောပြ၊ကျွန်တော်ခုမှဆေးရုံကနေပြန်လာဒါ၊ကျွန်တော့အမျိုးသမီးဆေးရုံမှသွေးသွားသွင်းဒါ၊ပြန်လာတော့မီးသတ်သမားတွေမီးငြိမ်းနေဒါတွေ့၊သူအိမ်ရော်သူမောင်လေးအိမ်ပါမီးထဲအကုန်ပါသွား၊ဘာတစ်ခုမှယူလို့မရ😭။

ဆေးကြောင်တဲ့ကောင်ကခနခနဒီလိုလုပ်၊ရဲတွေဖမ်းလဲမကြာဘူးပြန်လွတ်လာ၊ခုလဲမီးရှို‌့ကောင်ကထွက်ပြေးသွားပြီး၊ခုသူတို့မှအရမ်းဒုက္ခရောက်၊နေစရာလဲမရှိ၊သွားစရာလဲမရှိ သက်ဆိုင်ရာအစိုးရလာကူညီပေးစေချင်ဟု မစ်စတာစေနာက သတင်းထောက်ကိုပြောပြ။

ထိုင်းလဲတစ်နေ့တစ်နေ့အဲဆေးကြောင်သမားတွေ
ပြသာနာတစ်မျိုးပြီးတစ်မျိုးရှာ၊ဖမ်းဆီးရတဲ့ဆေးလဲတစ်နေ့တစ်နေ့နည်းဒါမဟုတ် အဲဒါတောင်မကုန်နိုင်မခံနိုင်😳😳။

သတင်းအရင်မြစ် 🙏🙏
#ထိုင်း #သတင်း
@အမာခံပရိသတ်များ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Phuket?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Phuket
Phuket

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nyinyiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

สมัคร

เราจะแจ้งให้คุณทราบในกรณีที่มีการอับเดทข้อมูลใน Phuket.